← Chapters

မြွေစွတ်ကြောင်း

Vol. 1 Ch. 5

မြွေစွတ်ကြောင်း

Vol. 1 Ch. 5

"ဂျောက်...ဂျောက်..."

ရဲမှုးချန်၏ပစ္စတိုမှာကျည်မထွက်ပဲ တစ်ဂျောက်ဂျောက်အသံများသာထွက်ပေါ်လာသည်။

အနက်ရောင်အရိပ်တစ်ခုက လျှပ်စီးကဲ့သို့ပြေးထွက်လာပြီး အနီးသို့ရောက်လျင်ရုတ်တရက်ခုန်လွှားလိုက်ပြီး ကြောက်စရာကောင်းသည့် အစွယ်များဖြင့်ပြည့်နေသည့် သွေးရောင်လွှမ်းနေသောပါးစပ်ကြီးဖြင့် ရဲမှုးချန်၏လည်ပင်းကို ကိုက်ဖြတ်ရင်ကြိုးစားလိုက်သည်။

ရဲမှုးချန်၏မျက်နှာမှာပျက်ယွင်းသွားပြီး သူ့ထံသို့ ခုန်အုပ်လာသော တောကြောင်ကိုကြည့်ကာ ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်း၍ ကြက်သေသေ သွားလေသည်။

ထိုအချိန်တွင်လော်ယွမ်ကသည်ကြောင်နေရာမှ ရုတ်တရက်အရှိန်မြှင့်လိုက်ပြီး ခြေတစ်လှမ်းဖြင့် ပြေးဝင်ကာ တောကြောင်၏ကိုယ်လုံးကို သူ့ပုခုံးဖြင့် အားကုန်ဝင်တိုက်ချလိုက်သည်။ထိုအချိန်တွင်တောကြောင်မှာ လေထဲတွင်ရှိနေသေးသည့်အတွက် တိုက်ချက်ကိုမထိန်းနိုင်ပဲ ၁၅ပေခန့်အကွာသို့လွင့်စင်သွားလေသည်။၎င်းကမြေပြင်တွင်သုံးလေးပါတ်လိမ့်သွားပြီးနောက် မတ်တပ်ထရပ်ကာ ခေါင်းကိုခါယမ်းလိုက်၏။အနည်းငယ်မူးဝေနေသေးသည့်ပုံပင်။

လော်ယွမ်ကတောကြောင်ကိုတုံ့ပြန်ချိန်မပေးပဲ ဓားကိုကိုင်ကာ ခြေလှမ်းကျဲဖြင့် ပြေးတက်သွားသည်။၁၅ပေခန့်အကွာအဝေးက မျက်စိတစ်မှိတ်အတွင်းမှာတင် ရှောက်ရှိသွားပြီး ဓားကိုမြှောက်ကာ တောကြောင်၏ခါးကို ခုတ်ပိုင်းချလိုက်သည်။

တောခုတ်ဓားမရှည်မှာ လေးလံမာကြောပြီး ခုတ်ပိုင်းရလွယ်ကူသည်။၎င်းကထက်မြက်မှုသိပ်မရှိသော်လည်း ထိခိုက်နိုင်စွမ်းမှာမူ အလွန်မြင့်မားသည်။"ဒုတ်"ဟူသောအသံနှင့်အတူ ကျောရိုးဆစ်မှာ ကျိုးပြတ်သွားပြီး ဓားကသူ့အရှိန်အတိုင်း ဆက်လက်ပိုင်းဖြတ်ကာ တစ်ကိုယ်လုံးနှစ်ပိုင်းပြတ်သွားလေတော့သည်။

"ခွီး"

ခါးလယ်မှပြတ်သွားသော တောကြောင်သည် နာကျင်စွာဖြင့်အဆက်မပြတ်အော်ဟစ်နေပြီး မတ်တပ်ထရပ်ရန် ကြိုးစားရုန်းကန်နေသည်။သူ၏ရှေ့ခြေနှစ်ချောင်းမှာ ရှေ့သို့အဆက်မပြတ်သွားရန်အားထုတ်နေပြီး အူနှင့်ကလီစာများမှာမူ ထက်ပိုင်းပြတ်သွားသော ကိုယ်ထဲမှ အဆက်မပြတ် ထွက်ကျနေကာ လေထုထဲတွင် သွေးညှီနံ့များဖြင့် ဖုံးလွှမ်းသွားလေတော့သည်။

"ဒိုင်း" "ဒိုင်း" ကျောက်ချင်းက သတိပြန်ဝင်လာပြီး ချက်ချင်းပင် အဆက်မပြတ် သေနတ်ဖြင့်ပစ်ခက်လိုက်သည်။

"သောက်တိရိစာ္ဆန်ကောင်"

တောကြောင်၏ခေါင်းကို ကျည်နှစ်တောင့်ထိမှန်သွားပြီး တစ်ချက်တုန်သွားကာ နောက်ဆုံးတွင် ငြိမ်သက်သွားတော့သည်။

"ဝေါ့"

ဟွမ်ကျားဟွေသည် အော်ဂလီဆန်စရာမြင်ကွင်ကိုကြည့်ကာ မျက်နာမှာဝါထိန်သွားပြီး သူမရင်ထဲမှပြို့တက်လာလေသည်။သူမကဆက်ပြီးမထိန်းထားနိုင်တော့ပဲ မြက်တောထဲသို့သွားကာ ပြင်းထန်စွာအန်ချလိုက်တော့သည်။

လော်ယွမ်လည်း မအီမသာခံစားရေသည်။ထိုစဉ်က စိတ်လိုက်မာန်ပါဖြင့်သာပြေးဝင်သွားခဲ့ပြီး သူစဉ်းစာချိန်ပင်မရလိုက်ပေ။ယခုပြန်တွေးကြည့်တော့မှ သူအနည်းငယ်ကြောက်ရွံ့လာမိသည်။

သူ၏လက်မှာယခုအချိန်တွင် တဆတ်ဆတ်တုန်ခါနေပြီး တစ်ကိုယ်လုံးလည်း အ

နည်းငယ်တုန်ယင်နေသည်။ဓားရိုးကိုသာ အားကုန်ဆုပ်ကိုင်မထားပါက ယခုအချိန်တွင် ဓားမှာ မြေပေါ်သို့လွတ်ကျသွားလောက်ပြီဖြစ်သည်။

ငါဘယ်တုံးကအဲ့လောက်သတ္တိကောင်းသွားတာလဲ...

ထိုအချိန်တွင် ဝမ်ဖေးကသူ၏ညာဘက်ပါးကိုလက်ဖြင့်အုပ်ကာ ဆူးခြုံတွေကြားမှ ဖြည်းဖြည်း ချင်းတွားသွားထွက်လာပြီး ထိတ်လန့်နေသောမျက်နှာဖြင့် "ရဲမှုးချန်ဒီနေရာကအရမ်းအန္တရာယ်များတယ်...ကျွန်တော်တို့လက်ရှိရဲအင်အားကအရမ်းနည်းနေတယ်...တောကြောင်တစ်ကောင်နဲ့တင်အခုလိုမျိုးဖြစ်နေတာ...ရှေ့ဆက်သွားရင်ဘာကောင်တွေထပ်ကြုံရဦးမလဲတောင်မသိဘူး...လူရှာတာဒီနေရာလောက်ဆိုတော်လောက်ပြီလို့ထင်တယ်...ပျောက်သွားတဲ့သူတွေကိုရှာတွေ့ဖို့ကတော့...မဖြစ်နိုင်လောက်တော့ဘူး"ဟုဆိုလိုက်သည်။

ထိုးစကားထွက်လာသည်နှင့် အားလုံး၏မျက်နှာတွင် ပြန်လှည့်လိုသော အရိပ်အယောင်များထွက်ပေါ်လာသည်။

လော်ယွမ်မျက်နာပျက်သွားသည်။သူမတွေးချင်သောအဆိုးဆုံးအခြေအနေမှာရောက်လာပြီပင်။သူကချက်ချင်းပင်ဦးအောင်ပြောလိုက်သည်။ "ကျွန်တော်ကတော့အလောင်းမတွေ့မချင်း ခဲအိုသေပြီလို့မယုံဘူး...အနည်းဆုံးတော့တောင်ထိပ်ထိတက်ကြည့်မှဖြစ်မယ်"

"ဟေ့ကောင်ဒါမင်းဝင်ပြောရမယ့်နေရာမဟုတ်ဘူးကွ...မင်းရှာချင်ရင်ကိုယ့်ဖာသာသွားရှာ...ငါတို့ကိုလာဆွဲမထည့်နဲ့"လော်ယွမ်၏စကားကိုကြားတော့ ဝမ်ဖေးကပေါက်ကွဲကာဆိုလိုက်သည်။

လော်ယွမ်ကဝမ်ဖေးကိုကြောင်ပြီးကြည့်နေမိသည်။ဝမ်ဖေးသူ့ကိုအဘယ်ကြောင့်ရုတ်တရက်ဒေါသထွက်သွားမှန်း စဉ်းစား၍မရချေ။ဤမတိုင်ခင်သူနှင့်ဝမ်ဖေး ပြဿနာဖြစ်ခဲ့ခြင်းလည်းမရှိတာသေချာသည်။

လော်ယွမ်ချက်ချင်းဒေါသထွက်သွားပြီး သူ၏လေသံမှာ တင်းမာလာသည် "မင်းကြောက်ရင်လဲပြန်ချင်ပြန်ပေါ့...မင်းလိုက်လာလဲအသုံးဝင်တာမှမဟုတ်တာ"

လော်ယွမ်၏စကားကဝမ်ဖေး၏မခံချင်စိတ်ကို ဆွပေးလိုက်သကဲ့သို့ဖြစ်သွား၏။သူ့မျက်နာမှာနီရဲတက်လာပြီး သေနတ်ကိုထုတ်ကာ လော်ယွမ်ကိုချိန်ရွယ်လိုက်ပြီး "ကိုမေ...မင်းထပ်ပြောရဲရင်ပြောလိုက်စမ်း"

"မလုပ်နဲ့"ဟွမ်ကျားဟွေကထိတ်လန့်စွာဖြင့်အော်ဟစ်လိုက်သည်။ပုံမှန်အားဖြင့် ရည်မွန်၍ရိုးသားဟန်ရှိသောဝမ်ဖေးမှာ ဤကဲ့သို့သောလူစားမျိုးဖြစ်လိမ့်မည်ဟု ဘယ်သောအခါမျှ မထင်မိခဲ့ပေ။စကားမတိုက်ဆိုင်ရုံနှင့်သေနတ်ဖြင့်ချိန်ခြင်းမှာ အလွန်စိတ်လိုက်မာန်ပါနိုင်လွန်းသည်ပင်။

"ဝမ်းဖေး...မင်းရပ်လိုက်စမ်း"ရဲမှုချန်းကမှုန်မှိုင်းနေသောမျက်နာဖြင့် အော်ဟစ်လိုက်သည်။

ရဲမှုးချန်၏တားမြစ်သံကိုကြားသောအခါ ဝမ်ဖေးကအနည်းငယ်ကြောက်ရွှံ့သွားပြီး တုံ့ဆိုင်းသွားလေသည်။သို့သော်သူ၏တလွဲမာနစိတ်က ရပ်တန့်ရန်ငြင်းဆန်နေသည်။သူကနီရဲနေသောမျက်နာဖြင့်အသံကျယ်ကျယ်အော်ဟစ်လိုက်သည်"ရဲမှုးချန်ကျွန်တော်ရဲမှုးအမိန့်ကိုလွန်ဆန်တာမဟုတ်ဘူး...သူကျွန်တော့်ကိုပြန်တောင်းပန်စေချင်တာ"

တစ်ခဏအတွင်းမှာပင် လော်ယွမ်၏စိတ်ထဲ၌ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားလေသည်။လူတစ်ယောက်သည် သေနတ်ဖြင့်အချိန်ခံရပါက မကြောက်ဟုဆိုလျင် လိမ်ရာကျပေမည်။မည်းနက်နေသောသေနတ်ပြောင်းဝကိုမျက်နာမူရင်း လော်ယွမ်က သူ၏နှလုံးခုန်နှုန်းအလွန်မြန်ဆန်လာသည်ဟုခံစားလိုက်ရသည်။ယနေ့ခေတ်လူများအပေါ် သေနတ်၏ခြိမ်းခြောက်နိုင်စွမ်းမှာ ရှေးခေတ်ဒုတ်ဓားလက်နတ်များထက် အစမတန် သာလွန်သည်။သူက အတွေးများပင် ခဏမျှရပ်တန့်သွားသကဲ့သို့ခံစားလိုက်ရသည်။

သေခြင်းတရားကအလွန်နီးကပ်နေပြီး မျက်စိရှေ့တွင်ရောက်နေဘိသကဲ့သို့ပင်။

သူဒူးထောက်အသနားခံပြီးတောင်းပန်ချင်စိတ်ပင် ဖြစ်ပေါ်လာမိသည်။

သို့သော်သူ့ရင်ထဲမှဒေါသက သူ့ကိုစိတ်တင်းထားစေခဲ့သည်။သူကသာမန်အားဖြင့် ဦးညွတ်နိုင်သော်လည်း သေနတ်ပြောင်းဝအောက်တွင် တော့ ဘယ်တော့မှဦးညွတ်မည်မဟုတ်ပေ။ဤသည်မှာ သူ့အားစော်ကားခြင်းပင်သာတည်း။

ထိုအတွေးများက သူ့ခေါင်းထဲတွင် တစ်ခဏသာ ဖြတ်ပြေးသွားပြီး အနည်းငယ်တည်ငြိမ်သွားကာ အခြေအနေမှာသူထင်ထားသလောက် မဆိုးရွားမှန်း တွေးမိလိုက်သည်။အသိစိတ်ရှိနေသေးသော ဝမ်းဖေးသည် လူပုံအလယ်တွင် သူ့ကိုပစ်ရဲလိမ့်မည်ဟု မယုံကြည်ပေ။

ထို့အပြင် သူနှင့်ဝမ်ဖေးကြားတွင်သုံးပေကျော်ခန့်သာကွာဝေးသည်။မိမိ၏လှုပ်ရှားမှုသာလုံလောက်အောင်လျှင်မြန်ပြီးပြတ်သားမည်ဆိုပါက တစ်ဖက်လူမတုံ့ပြန်နိုင်ခင်မှာပင် သူ့လက်မောင်းကိုခုတ်ပိုင်းနိုင်ပြီး သူ့ကိုပင်အသေသတ်နိုင်သေးသည်။သို့သော်၎င်းမှာဉာဏ်ရှိသောလုပ်ရပ်မဟုတ်ပဲ အခြေအနေသာပိုဆိုးရွားသွားနိုင်သည်။

မိမိတွင်ပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိသည်ကို စဉ်းစားမိသောအခါ သူလုံးဝတည်ငြိမ်သွားလေသည်။

သူကခဏစဉ်းစားလိုက်ပြီး "မင်းငါ့ကိုပြန်တောင်းပန်စေချင်ရင်...သေနတ်ကိုအရင်ချလိုက်...ရဲမှုးချန်ကြောင့်သာမဟုတ်ရင်...စောစောထဲကမင်းသေနေလောက်ပြီ...အခုမှကြောက်ပြနေလို့အလကားပဲ...ရဲမှုးချန်ရဲ့စကားကိုငါနားထောင်မယ်...သူကပြန်လှည့်မယ်လို့ပြောရင်ငါဘာမှထပ်မပြောတော့ဘူး"

ဤစကားမှာအနည်းငယ်ပါးနပ်လှ၏။ဝမ်ဖေးကို တသီးခြားဖြစ်အောင်လုပ်လိုက်သကဲ့သို့ဖြစ်ပြီး ရဲမှုးချန်ကယ်တင်ခဲ့သည်ကိုလည်း မထင်မရှားထောက်ပြကာ ရဲသားများတစ်စုတစ်စည်းထဲဖြစ်မသွားအောင် တားဆီးလိုက်ခြင်းပင်ဖြစ်သည်။

ရဲမှုးချန်၏မျက်နာမှာချက်ချင်းမဲမှောင်သွားလေသည်။သူကစောစောက လက်မတင်လေးလွတ်မြောက်ခဲ့သည်ကို ပြန်သတိရမိသွားသည်။လော်ယွမ်သာအချိန်မီဝင်မကယ်လျင်ယခုလောက်ဆိုသူမြေပြင်တွင်လဲလျောင်းနေလောက်ပြီဖြစ်သည်။တစ်ယောက်မှာသူ့အသက်ကယ်ထားသူဖြစ်ပြီးနောက်တစ်ယောက်မှာ ဘာအကူအညီမှမရသည့်အပြင် သူ့ကြောင့်ပင်သေကာနီးနီးဖြစ်ခဲ့ရသည်။သူ၏စိတ်ကသဘာဝအတိုင်းလော်ယွမ်ဘက်သို့ယိမ်းယိုင်သွားပြီး ဝမ်ဖေးအပေါ်အနည်းငယ်စက်ဆုပ်မိသလိုခံစားလိုက်ရသည်။

"ဝမ်ဖေး...ငါမင်းကိုသေနတ်ချဖို့အမိန့်ပေးနေတယ်...မင်းငါပြောတာကိုကြားလား"သူကလေသံမာမာဖြင့်ဆိုလိုက်သည်။

"ရဲ...ရဲမှုးချန်...ကျွန်တော်က"ဝမ်ဖေးကစကားထစ်နေလေသည်။

"ရှောင်ဝမ်...မင်းသေနတ်ကိုချလိုက်"ကျောက်ချင်းကလည်းတိုက်တွန်းလိုက်သည်။သူသည်လည်းအပြောပဲရှိပြီး လက်တွေ့ဘာမှအသုံးမကျသောဝမ်ဖေးကို သိပ်သဘောမကျပေ။

နောက်ဆုံးကြိုးတစ်မျှင်ပြတ်သွားသည့်အလား ဝမ်ဖေးကလော်ယွမ်ကိုမသာမယာဖြင့်ကြည့်ကာ

စိတ်ပျက်လက်ပျက်ဖြင့်သေနတ်ကိုချလိုက်လေသည်။

လော်ယွမ်ကသူ့ကိုတစ်ချက်မျှပင်မကြည့်ဘဲ ရဲမှုးချန်ရှေ့သို့သွားကာ ရိုးသားစွာဖြင့် "ရဲမှုးချန်..စောစောကကျွန်တော်စိတ်လိုက်မာန်ပါဖြစ်သွားတယ်...အဲ့ဒီအတွက်တောင်းပန်ပါတယ်"

ဟုဆို၏။

ရဲမှုးချန်၏မျက်နာအမူအရာမှာ အနည်းငယ်ပြေလျော့သွားပြီး လေးနက်သည့်လေသံဖြင့် "မင်းရဲ့ခံစားချက်ကိုငါနားလည်ပါတယ်...ကိုယ့်ဆွေမျိုးတစ်ယောက်ပျောက်သွားတာဆိုတော့...ဘယ်သူမဆိုခုလိုမျိုးခံစားရမှာပဲ...ဒါပေမဲ့ဒီမှာအန္တရာယ်တော်တော်များတာတော့အမှန်ပဲ...တောင်ပေါ်ရောက်တဲ့ထိငါတို့ရှာမတွေ့ရင်တော့...စခန်းပဲပြန်ကြတာပေါ့...ဟုတ်လား"

၎င်းမှာစောစောကအသက်စွန့်ကယ်တင်ခဲ့ခြင်း၏အကျိုးသက်ရောက်မှုပင်။သို့မဟုတ်ပါက ယခုကဲ့သို့ပြောရလွယ်ကူမည်မဟုတ်ပေ။ဝမ်ဖေးကိုတောင်းပန်ရမည့်ကိစ္စမှာမူ မည်သူမျှအရေးမလုပ်တော့ပေ။

"ဟုတ်ကဲ့ပါ"လော်ယွမ်ကလေးလံသောအသံဖြင့်ဆိုလိုက်သည် "ကျွန်တော်လည်းမျှော်လင့်ချက်နည်းမှန်းသိပါတယ်...ဒါပေမယ့်နည်းနည်းတော့မျှော်လင့်လို့ရသေးတယ်မလား...ကျွန်တော်တို့မရှာပဲလှည့်ပြန်သွားမယ်ဆိုရင်...ဘာမျှော်လင့်ချက်မှရှိမှာမဟုတ်တော့ဘူး"

ဟွမ်ကျားဟွေလည်းလျှောက်လာပြီးသူ့ကိုနှစ်သိမ့်လေသည်။"နင်ဘာမှမဖြစ်ပါဘူးနော်...ဝမ်ဖေးကရဲဖြစ်တာသိပ်မကြာသေးတော့နည်းနည်းမထိန်းချုပ်နိုင်ဖြစ်နေတာ...အလေ့အကျင့်နည်းတာလည်းပါတယ်...စိတ်ထဲမထားနဲ့နော်"

"ရပါတယ်အမဟွေ...ကျွန်တော်ကစိတ်ထဲမထားတတ်ပါဘူးဗျ"

"သေနတ်နဲ့အချိန်ခံရတာဘယ်လိုနေလဲကွ"ကျောင်ချင်းကလျှောက်လာပြီးပါးစပ်ကိုဖြဲရယ်ရင်းဆို၏။

"အခုထိကျွန်တော့်ခြေထောက်တွေခွေယိုင်နေတုံးပဲ"လော်ယွမ်ကမချိတင်ကဲပြုံးရင်းဆိုလိုက်သည်။

ကျောက်ချင်းကလက်မထောင်ပြလိုက်ပြီး အလွန်လေးစားမိသွားသည်။ပုံမှန်အချိန်တွင် မောက်မာနေပြီးသေနတ်ဖြင့်အချိန်ခံရသည်နှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသူများကို အတော်များများတွေ့ခဲ့ဖူးသည်။အသနားခံပြီးဒူးထောက်တောင်းပန်လျင်ပင် တည်ငြိမ်သည်ဟုပြော၍ရသည်။အကြောက်လွန်ပြီးချေးသေးများထွက်ကျခြင်းသည်ပင်လျှင် မရှားပေ။လော်ယွမ်ကဲ့သို့သတ္တိကောင်းသူကိုမူ တစ်ခါမျှမမြင်ဖူးခဲ့ပေ။

လော်ယွမ်နားတွင်စည်ကားနေသည်နှင့်နှိုင်းယှဉ်လျှင် ဝမ်ဖေးကိုမူကား မည်သူမျှဂရုမစိုက်ကြချေ။သူကတစ်ယောက်တည်း မလှမ်းမကမ်းတွင်ရပ်နေပြီး စိတ်ထဲတွေ ဒေါသ၊မုန်းတီးစိတ်၊ နောင်တ၊ ကြောက်စိတ်၊ မနာလိုစိတ်တို့ဖြင့် ခံစားချက်ပေါင်းစုံရောထွေးလျှက်ရှိ၏။

သူတို့ခေတ္တမျှနားနေပြီးနောက် ပတ်ဝန်းကျင်တွင် တရှပ်ရှပ်အသံများထွက်ပေါ်လာသည်။ပြီးနောက်ကြွက်ကြီးတစ်ကောင်ကမြက်တောထဲမှဦးဆုံးထွက်လာပြီး သူတို့အဖွဲ့ကိုသတိဖြင့်ကြည့်လိုက်သည်။ပြီးနောက်ထက်ပိုင်းပြတ်နေသည့်တောကြောင်အလောင်းကိုတစ်ချက်ကြည့်ရင်း အနည်းငယ်တုံ့ဆိုင်းနေလေသည်။

ရဲမှုးချန်ကမတ်တပ်ထရပ်ပြီးသတိပေးစကားဆိုလိုက်သည်။"သွားမယ်...ငါတို့ဒီမှာနားနေလို့မဖြစ်ဘူး...သွေးညှီနံ့ကတောကောင်တွေကိုဆွဲဆောင်နိုင်တယ်"

"ရဲမှုးချန်ကျွန်မတို့တောင်တစ်ဝက်လောက်ရောက်ပြီဆိုတော့...အော်ခေါ်ကြည့်ရင်မကောင်းဘူးလား...တစ်ယောက်ယောက်ကြားရင်ပြန်ထူးမှာပဲ"ဟွမ်ကျားဟွေကအကြံပြုလိုက်သည်။

"ဒီနေရာကနေနည်းနည်းဝေးမှအသံပြုကြည့်တာပေါ့...ဒီနားမှာအော်ရင်တစ်ခြားတောကောင်တွေကိုအချက်ပေးလိုက်သလိုဖြစ်သွားမယ်"ရဲမှုချန်ကဆို၏။

လော်ယွမ်၏ခန္ဓာကိုယ်မှာအားအင်မပြည့်သေးတော်လည်း ခဏနားလိုက်သောကြောင့် သိပ်မပင်ပမ်းတော့ပေ။သူကဓားကိုဝှေ့ယမ်းကာရှေ့သို့ဆက်သွားလိုက်သည်။သွေးညှီနံ့ကြောင့်သူတို့ပါတ်လည်တွင် တောကောင်များ များပြားလာသော်လည်း အများစုမှာအလိုလျောက်ရှောင်ပြေးသွားကြပြီး တစ်ကောင်မှ တမင်တကာဝင်တိုက်ခိုက်ခြင်းမရှိကြပေ။

ပေ၄၀ခန့်လျှောက်ပြီးနောက်သူတို့အဖွဲ့လည်ချောင်းကွဲမတတ်အော်ဟစ်လိုက်ကြသော်လည်း မည်သည့်တုံ့ပြန်သံမျှမကြားရချေ။

လော်ယွမ်၏စိတ်ထဲတွင်လည်းစိုးရိမ်ပူပမ်လာသည်။ချန်ဝေချင်းတစ်ကယ်သေသွားမှာကိုသူစိုးရိမ်မိ၏။

"ဟင်...ဟိုဘက်မှာအကျီအစလေးလား"ထိုအချိန်တွင် ဟွမ်ကျားဟွေကရုတ်တရက် ဘယ်ဘက်ပေ၃၀ခန့်အကွာမှ အဝတ်စလေးတစ်ခုကိုညွှန်ပြကာဆိုလိုက်သည်။

လော်ယွမ်ကစိတ်ဓာတ်တက်ကြွသွားပြီးချက်ချင်းပင် ဟွမ်ကျားဟွေညွှန်ပြသောနေရာသို့ကြည့်လိုက်သည်။ "ဟုတ်တယ်ထင်တယ်...ဟိုဘက်မှာဖြတ်သွားထားတဲ့လက္ခဏာနည်းနည်းတွေ့တယ်...ကြည့်ရတာသူတို့တောင်ပေါ်ကိုအဲ့ဘက်ကနေတက်သွားတဲ့ပုံပဲ...ကျွန်တော်တို့သွားကြည့်ရင်မကောင်းဘူးလား"

"ဟုတ်ပြီဒါဆိုလည်းသွားကြည့်ကြတာပေါ့"ရဲမှုချန်းကဆိုသည်။

လော်ယွမ်ကချက်ချင်းပင်ဦးတည်ရာကိုပြောင်းလိုက်သည်။၁၀မိနစ်ခန့်အကြာတွင်သူတို့အဖွဲ့ဟွမ်ကျားဟွေညွှန်ပြသောနေရာသို့ရောက်ရှိလာကြသည်။

ဤသည်မှာလမ်းကျဉ်းလေးတစ်ခုဖြစ်ပြီးဘေးနှစ်ဘက်ရှိသစ်ပင်များမှာ ဟိုသည်ပြိုလဲနေကြသည်။တစ်စုံတစ်ခုက တွန်းတိုက်ဖျက်စီးသွားသည့်အလားပင်။ရှပ်အကျီလက်တစ်ဖက်သည် လမ်းဘေးမှသစ်ကိုင်းတစ်ခုတွင်ချိတ်နေပြီး သွေးကွက်များစွန်းထင်းနေ၏။ထိုအကျီလက်ပိုင်ရှင်မှာ အခြေအနေမကောင်းနိုင်မှန်းထင်ရှားသည်။

"ဒီသွေးကွက်ကလတ်လတ်ဆတ်ဆတ်ပဲဆိုတော့...နှစ်ရက်ထက်မကျော်သေးတာသေချာတယ်...အဲ့တာမြို့တော်ဝန်ရှတို့အဖွဲ့ဆီကဖြစ်နိုင်ခြေများတယ်"ရဲမှုချန်းကဆိုပြီးနောက် ခါးကိုကိုင်းကာ ဘေးပတ်ဝန်းကျင်ကို သေသေချာချာစစ်ဆေးလိုက်သည်။ "မြေကြီးမှာလဲသွေးကွက်တွေရှိတယ်...သူတို့တောကောင်တိုက်ခိုက်တာခံခဲ့ရတဲ့ပုံပဲ...သူတို့ဒီလမ်းအတိုင်းအလန့်တကြားနဲ့တောင်အောက်ပြေးဆင်းသွားတာဖြစ်နိုင်တယ်...ငါတို့ဒီလမ်းအတိုင်းလိုက်ဆင်းကြည့်ကြမလား"

လော်ယွမ်ကခေါင်းညိတ်လိုက်သည်။အဆင်းလမ်းမှာအသင့်ရှိသေသောကြောင့် သူတို့အဖွဲ့၏အမြန်နှုန်းမှာ များစွာမြန်ဆန်လာသည်။သို့သော် ပေလေးဆယ်ခန့်လျှောက်ပြီးသောအခါတွင် သွေးကွက်များရုတ်တရက်ပျောက်ကွယ်သွားပြီး တစ်ပေခန့်ကျယ်သော လမ်းခွဲတစ်ခုပေါ်လာသည်။ထိုလမ်းခွဲမှာချောမွတ်နေပြီးထူးဆန်းသည်မှာ အကွေ့တိုင်းသည် တိကျစွာတိုင်းထားသကဲ့သို့ တိကျနေသည်။

ထိုလမ်းခွဲလေးကိုကြည့်ရင်းလော်ယွမ်တစ်စုံတစ်ခုကိုရုတ်တရက်သတိရမိလိုက်ပြီးချက်ချင်းပင် ကြောရိုးထဲစိမ့်သွားလေသည်။

"သေစမ်း..ဒါမြွေစွတ်ကြောင်းတော့မဟုတ်ဘူးမလား"ကျောက်ချင်းလည်းမှတ်မိသွားကာ သေနတ်ကို အလျင်အမြန်ထုတ်ပြီး သတိဖြင့် "ဒီလောက်ကြီးတဲ့မြွေစွတ်ကြောင်းဆိုတော့...မြွေရဲ့အရွယ်အစားကဘယ်လောက်တောင်ရှိမလဲမသိဘူး"ဟုဆို၏။

ဝမ်ဖေးရုတ်တရက်နောက်ဆုတ်ပြီးအဖွဲ့၏နောက်ဆုံးတွင်ရပ်လိုက်သည်ကိုလော်ယွမ်လှမ်းတွေ့လိုက်၏။တောင်ပေါ်မှတစ်ယောက်ထဲဆင်းလျှင်အန္တရာယ်အလွန်များသည့်အတွက်ကြောင့်သာမဟုတ်ပါက သူချက်ချင်းလှည့်ပြေးမည်မှာသေချာသည်။

"လော်ယွမ်မင်းပဲဆုံးဖြတ်...မင်းဒီလမ်းအတိုင်းသွားကြည့်ချင်လား...ငါတို့တောင်အောက်ပဲတန်းဆင်းကြမလား"ရဲမှုးချန်ကလော်ယွမ်ကိုဆုံးဖြတ်ခိုင်းလိုက်သည်။

"တောင်ပေါ်ကတန်းဆင်းတာပိုကောင်းတယ်နော်...နင့်ခဲအိုအသက်မရှင်လောက်တော့ဘူး"ဟွမ်ကျားဟွေကလော်ယွမ်၏ဘေးမှနေ၍တိုက်တွန်းပြောဆိုလိုက်သည်။

လော်ယွမ်ကခတ္တမျှစဉ်းစားပြီးနောက် အံကိုတင်းတင်းကြိတ်ကာ "ရဲမှုးချန်...ကျွန်တော့်ခဲအိုသေပြီလို့ယူဆပြီးချက်ချင်းလှည့်ပြန်လို့ရတယ်"

သူခဏရပ်လိုက်ပြီး ဆက်ပြောသည် "ဒါပေမဲ့ခင်ဗျားတို့ကပြန်လှည့်လို့မရဘူး...ဒီမြွေကဒီလောက်တောင်ကြီးနေပြီ...အခုဖြစ်နေတဲ့အပြောင်းအလဲတွေသာမရပ်ဘူးဆိုရင်...တောင်ပေါ်မှာသူစားဖို့တိရိစာ္ဆန်တွေကုန်သွားတဲ့အခါ...တောင်အောက်ဆင်းလာပြီးလူတွေကိုစားလိမ့်မယ်...ကောက်တန်မြို့ရဲ့ရဲအရာရှိတွေအနေနဲ့...ခင်ဗျားတို့ဒီလိုအန္တရာယ်ကိုရှင်းရမယ့်တာဝန်ကနေ...ကိုယ်လွတ်ရုန်းလို့ရမှာမဟုတ်ဘူး...အချိန်တန်ရင်စခန်းကခင်ဗျားတို့ကိုဒီမြွေကိုရှင်းဖို့စေလွှတ်မှာပဲ"

"ခင်ဗျားတို့စဉ်းစားကြည့်...အစာဝလို့ဗိုက်လေးပြီးမလှုပ်ရှားနိုင်တဲ့မြွေထက်စာရင်...ဒီထက်ပိုအရွယ်ကြီးပြီးပိုသန်မာလာမယ့်မြွေက...နှိမ်နင်းရပိုမခက်ဘူးလား"

"သူမလှုပ်ရှားနိုင်ဘူးလို့မင်းဘယ်လိုသိလဲ"ဝမ်ဖေးကအခွင့်အရေးကိုအမိအရအသုံးချရင်းမေးခွန်းထုတ်လိုက်သည်။

လော်ယွမ်ကသူ့အားငတုံးတစ်ယောက်ကိုကြည့်သကဲ့သို့ကြည့်လိုက်ပြီး"မြွေကဘယ်လောက်ပဲကြီးကြီး...လူလေးငါးယောက်လောက်မြိုချထားတာ...အစာချေဖို့၇ရက်တစ်ပတ်လောက်တော့အချိန်ယူရမှာပဲ...အဲ့လိုအစာချေနေတဲ့အချိန်မှာ...သဘာဝအရသူတို့အများကြီးလှုပ်ရှားလို့မရဘူး...လုံးဝလှုပ်ရှားလို့မရတာမျိုးတောင်ဖြစ်နိုင်တယ်...တစ်ကယ်တော့ကျွန်တော်တို့ထင်သလောက်အန္တရာယ်မများပါဘူး"

ထိုသို့ပြောဆိုပြီးနောက်လော်ယွမ်ကရဲမှုးချန်အားလှမ်းကြည့်ပြီးသူ၏ဆုံးဖြတ်ချက်ကိုစောင့်နေလိုက်သည်။

အကယ်၍ရဲမှုးချန်သာလက်လျှော့လိုက်မည်ဆိုပါက သူကမစ်ရှင်ကို အရှုံးခံလိုက်ရုံသာရှိတော့သည်။

ဤတစ်ခေါက်သူဘာမျှပြင်ဆင်လာခဲ့ခြင်းမရှိချေ။သူတစ်ယောက်တည်းဧရာမမြွေကြီးကိုမရင်ဆိုင်နိုင်ပေ။ထို့အပြင်သူ့တွင်မြွေကြောက်ရောဂါလည်းရှိသေးသည်။တစ်ကယ်တမ်းတိုက်ခိုက်သည့်အခါတွင် သူ့ခွန်အား၅၀ရာခိုင်နှုန်းထက်ပင်ပိုထုတ်သုံးနိုင်မည်မဟုတ်ပေ။

ရဲမှုးချန်၏မျက်နာအမူအရာမှာအတန်ကြာပြောင်းလည်းနေပြီးလော်ယွမ်ကိုလှမ်းကြည့်ကာ"မင်းပြောသလိုပဲဖြစ်ပါစေ...တောင်ခြေကရွာသားတွေအတွက်...ငါတို့သွားကြည့်ကြတာပေါ့"ဟုဆိုလိုက်သည်။

သူ့စိတ်ထဲတွင်တရားမျှတမှုအနည်းငယ်တော့ရှိနေသေးသည်ပင်။လော်ယွမ်ပြောသည်မှာမမှားပေ။ဤမျှလောက်ကြီးမားသည့်မြွေမျိုးကိုမြန်မြန်ရှင်းပစ်သည်မှာအကောင်းဆုံးဖြစ်သည်။သို့မဟုတ်ပါက တောင်ခြေရှိရွာများအတွက်အန္တရာယ်အလွန်များသည်။ရွာသားအများစုမြွေစာဖြစ်သွားနိုင်သည်။

ထိုကဲ့သို့ခိုင်မာသောအကြောင်းတရားကြောင့် သတ္တိကြောင်သောဝမ်ဖေးပင်လျှင် ဇောဇကမတက်နိုင်ပဲ ပါးစပ်ပိတ်နေလိုက်ရသည်။

သူတို့မြွေစွတ်ကြောင်းထဲဝင်လိုက်သည်နှင့် အားလုံး၏စိတ်ထဲတွင်လေးလံလာသည်။ပတ်ဝန်းကျင်မှ ဟိုသည်ပြိုလဲနေသော သစ်ပင်များကိုကြည့်လျှင် ထိုမြွေ၏ခွန်အားကိုမှန်းဆနိုင်သည်။၎င်းကညှင်သာစွာရိုက်ခတ်လိုက်လျှင်ပင် တစ်ခါထဲအသက်မသေလျှင်တောင်...ကိုယ်တစ်ပိုင်းသေသွားနိုင်သည်။

ဟွမ်ကျားဟွေကလော်ယွမ်၏နောက်မှထပ်ကြပ်မကွာလိုက်လာပြီးသူ့ခန္ဓာကိုယ်နှင့်ထိကပ်လုနီးပါးပင်ဖြစ်နေသည်။သိသာစွာပင်သူ့နားတွင်နေရသည်မှာပိုလုံခြုံသည်ဟု ခံစားနေရပုံရသည်။

လော်ယွမ်သည်စိတ်ထဲတွင်မချိတင်ကဲပြုံးလိုက်သည်။သူ၏လက်ဖဝါးမှာ ချွေးများဖြင့်စိုရွှဲနေပြီးဓားအရိုးပင်လျှင်ချွေးများကြောင့်အနည်းငယ်ချောနေသည်။ယခုသူသေခါနီးလူတစ်ယောက်ပမာကြောက်လန့်နေသည်ကိုဟွမ်ကျားဟွေသိပါကမည်သို့ထင်မည်မှန်းသူမပြောနိုင်ပေ။

သူတို့အဖွဲ့ကတစ်လမ်းလုံးသတိကြီးစွာဖြင့်လာခဲ့ကြပြီးအားလုံးစိတ်ဖိစီးလျှက်ရှိနေကြ၏။မိနစ်အနည်းငယ်အတွင်းမှာပင် သူတို့အဖွဲ့ချွေးများဖြင့်ရွှဲနစ်နေပြီး အဝတ်အစားများမှာ ရေထဲစိမ်ထားသကဲ့သို့ဖြစ်နေသည်။

နာရီဝက်ခန့်အကြာတွင် မြွေစွတ်ကြောင်းမှာအဆုံးသတ်သွားပြီး ပြောင်ရှင်းနေသော တောင်စောင်းတစ်ခုက ဆီးကြိုနေလေသည်။ထိုတောင်စောင်း၏အောက်တွင် သစ်ကိုင်းများ သစ်ရွက်များနေရာအနှံ့ပြန့်ကျဲနေသည်။ဤမျှထူထပ်သိပ်သည်းသောတောအုပ်ထဲတွင် ထိုသို့ရှင်းလင်းနေသောနေရာတစ်ခုပေါ်ထွက်လာသည်မှာ စဉ်းစား၍မရနိုင်အောင်ပင်။

သူတို့အဖွဲ့ကချက်ချင်းမြေပေါ်သို့ဝပ်ချလိုက်ကြပြီး အသက်ပင်ပြင်းပြင်းမရှူရဲကြပေ။ဤနေရာမှာ ဧရာမမြွေကြီးခိုအောင်းရာနေရာဆိုသည်မှာ သံသယဖြစ်ဖွယ်ပင်မရှိချေ။

“ဝမ်ဖေး…မင်းသွားကြည့်လိုက်…သူကို့မလန့်မိစေနဲ့”ရဲမှုးချန်ကအသံတိုးတိုးဖြင့်အမိန့်ပေးလိုက်သည်။သူမူလကလော်ယွမ်ကိုသွားခိုင်းချင်သော်လည်းလမ်းတစ်လျှောက်တွင် သာမန်လူဖြစ်သည့်လော်ယွမ်သာ ကူညီပေးခဲ့ခြင်းဖြစ်ပြီး သူတို့ရဲများမှာမူ ဘာမျှအကူအညီမဖြစ်ခဲ့သည်စဉ်းစားမိသည့်အတွက်ကြောင့် လော်ယွမ်ကိုအန္တရာယ်များသောနေရာသို့စေခိုင်းရန် မျက်နာပူနေမိခြင်းဖြစ်သည်။

ဝမ်ဖေး၏မျက်နာမှာဖြူဖျော့သွားပြီးအခြားသူများကိုတစ်ချက်ဝေ့ကြည့်ကာလော်ယွမ်အားစိုက်ကြည့်လိုက်သည်။

လော်ယွမ်ကသူလှမ်းကြည့်မှန်းသိသွားသကဲ့သို့ နောက်ကိုလှည့်ကာ လှောင်ပြောင်သောအကြည့်ဖြင့်တစ်ချက်ကြည့်လိုက်သည်။

ထိုအကြည့်ကြောင့်ဝမ်းဖေးကအလွန်မသက်မသာခံစားလိုက်ရပြီးစိတ်ထဲတွင်မကျေနှက်မှုများပြည့်နှက်သွားကာ”သိပြီ”ဟုပါးစပ်မှထွက်သွားသည်။

ပြီးပြီးချင်းသူချက်ချင်းနောင်တရမိလိုက်သော်လည်း ပြောပြီးသားစကားကို ပြန်ပြင်၍မရတော့ချေ။

သူကလေးပင်စွာဖြင့်ပစ္စတိုသေနတ်ကိုထုတ်ကာရှေ့သို့သေဒဏ်ပေးခံရသည့်အကျဉ်းသားတစ်ယောက်အလားမလှမ်းချင်လှမ်းချင်လှမ်းသွားလိုက်၏။ပေ၃၀ခန့်အကွာအဝေးကို ၁၀မိနစ်ကျော်အချိန်ယူလျှောက်ပြီးနောက် သူ့ခြေထောက်များတွင်ဆက်လျှောက်ရန်အားမရှိတော့သည့်အလားပျော့ခွေလျှက် မြေပေါ်သို့လဲကျသွားသည်။ရှေ့သို့ခြေတစ်လှမ်းပင်ဆက်မသွားရဲတော့ချေ။

ရဲမှုးချန်၏မျက်နာမဲနက်သွားသည်။

“ဒါငါတို့ရဲတွေကိုအရှက်ခွဲတာပဲ”ကျောက်ချင်းကပါးစပ်ကိုဖြဲကာပြုံးရင်း”ကျွန်တော်ပဲသွားလိုက်ပါ့မယ်”ဟုဆို၏။

လော်ယွမ်ကစိတ်ထဲမှခပ်ထေ့ထေ့ပြုံးလိုက်သည်။ဝမ်ဖေးကသူ့ကိုသေနတ်ဖြင့်ချိန်ရဲသော်လည်းတစ်ကယ်တမ်းသေတွင်းကြုံရသောအခါမတ်မတ်ပင်မရပ်နိုင်တော့ပေ။သူ့လက်တွက်သေနတ်ရှိနေလျှင်ပင် ထိုသို့သောလူမျိုးကို ကြောက်နေရန်မလိုပေ။

ရဲမှုးချန်ကခေါင်းငြိတ်လိုက်သည်။သူကဝမ်ဖေးအပေါ်လုံးဝစိတ်ပျက်သွားပြီဖြစ်သည်။ဤကဲ့သို့သောလူစားမျိုးကမည်ကဲ့သို့ရဲတစ်ယောက်ဖြစ်နိုင်မည်နည်း။သူကသာမန်လူတစ်ယောက်လောက်ပင်ထူးချွန်မှုမရှိချေ

ကျောက်ချင်းကစစ်သားတစ်ယောက်ဖြစ်ခဲ့ဖူးသည်မှာထင်ရှားသည်။သူသည်မြေပေါ်တွင်မှောက်ချကာ တွားသွားလိုက်ပြီးအမြန်နှုန်းမှာ အနည်းငယ်မျှပင်မနှေးပေ။မိနစ်အနည်းငယ်အတွင်းမှာပင် သူဝမ်ဖေး၏ဘေးသို့ရှောက်ရှိသွားလေသည်။သူကဝမ်ဖေး၏သေနတ်ကိုယူကာခါးပတ်တွင်ထိုးလိုက်ပြီး သူ့ကိုလုံးဝဂရုမစိုက်ပဲ ရှေ့သို့ဆက်လက်တွားသွားလေသည်။

တခဏအကြာတွင်ကျောက်ချင်းပြန်ရောက်လာသည်။အမြဲတမ်းပေါ့ပေါ့ပါးပါးနေတတ်သောသူ၏မျက်နှာမှာ ယခုအခါ စက္ကူကဲ့သို့စွတ်စွတ်ဖြူလျှက်ရှိနေလေတော့သည်။

All Chapters