← Chapters

တောင်တက်လမ်းမှ အန္တရာယ်

Vol. 1 Ch. 4

တောင်တက်လမ်းမှ အန္တရာယ်

Vol. 1 Ch. 4

တောင်တက်လမ်းမှာမတ်စောက်ခြင်းတော့မရှိ။သို့သော်နေရာတိုင်း၌ ချုံနွယ်ပေါင်းပင်များနှင့်ဆူးပင်များရှိနေသောကြောင့် သွားလာရသည်မှာ အတော်ပင်ခက်ခဲလှပေသည်။

သူတို့တောနက်ထဲသို့ နက်ရှိုင်းစွာဝင်ရောက်လာသည်နှင့်အမျှ ချုံနွယ်ပေါင်းပင်များ တဖြည်းဖြည်းလျော့ပါးသွားပြီး ဘေးနှစ်ဖက်မှ သစ်ပင်များမှာမူပိုမိုထူထပ်သိပ်သည်းလာသည်။သစ်ပင်တိုင်းမှာ အလွန်ပင်မြင့်မားကြီးမားလှပြီး လူတစ်ဖက်စာခန့် တုတ်ခိုင်သော သစ်ပင်ကြီးများမှာ နေရာအနှံ့တွင်ရှိနေ၏။သစ်ပင်များမှ ဆန့်ထွက်နေသော သစ်ကိုင်းများသည် တောင်တက်လမ်းတစ်ခုလုံးကို လုံးဝဖုံးလွှမ်းနေပြီး အကယ်၍ ထိုသစ်ကိုင်းများကို မခုတ်ပိုင်းပါက တစ်လက်မမျှပင် ရှေ့ဆက်ရန် မဖြစ်နိုင်လောက်ချေ။

သစ်ပင်များမှဖြာထွက်နေသောအကိုင်းအခက်များက ဧရာမအစိမ်းရောင်ပိုက်ကွန်ကြီးသဖွယ်ဖြစ်ပေါ်နေပြီးကောင်းကင်ထက်မှနေမင်းကြီးကိုပင်ဖုံးကွယ်ထားသဖြင့်အနည်းငယ်ပင်မှောင်မိုက်နေသည်။အလင်းရောင်မှာမူထိုအစိမ်းရောင်ပိုက်ကွန်ကြီး၏လွတ်နေသောနေရာများမှ အနည်းငယ်သာဝင်ရောက်နေပြီး မြေပြင်တွင်အစက်အပျောက်များဖြစ်ပေါ်လျက်ရှိ၏။ထိုအထဲတွင်လမ်းလျှောက်ရသည်မှာတောနက်ကြီးထဲ၌သွားလာနေရသကဲ့သို့ခံစားရလေသည်။

ယခင်ကသစ်ပင်ရှားပါးသော ဤကုန်းမြင့်ဒေသမှာ ယခုအခါတိရိစာ္ဆန်တို့ပျော်စံရာဘုံဗိမာန်တစ်ခုအလား ဖြစ်နေလေပြီ။သူတို့၏နားထဲတွင် ပိုးကောင်များနှင့်ငှက်တို့၏‌ အော်မြည်သံများနေရာအနှံ့မှကြားနေရပြီး ရံဖန်ရံခါတွင် တောကြက်နှင့်ယုန်ကဲ့သို့သော တောရိုင်းတိရိစာ္ဆန်များကိုပင် တွေ့မြင်ရကြသည်။လော်ယွမ်ကသစ်ကိုင်းများကိုလက်ဖြင့်တွန်းဖယ်ပြီး မြေပြင်မှဆူးပင်များကို ခုတ်ထွင်ကာ ရှေ့တို့ဆက်တက်သွားလေသည်။

“ဒင်!အချိန်တန်ကြာလေ့ကျင့်ပြီးနောက်သင်ဓားပညာကိုကျွမ်းကျင်သွားပါပြီ”

လော်ယွမ်စိတ်အားတက်ကြွသွားသည်။အခြေခံဓားပညာကိုကျွမ်းကျန်ရန်မှာ ယာဉ်မောင်းပညာထက် များစွာလွယ်ကူပုံရလေသည်။သူကအခြေပြုမှတ်ပြဇယားကိုဖွင့်ကြည့်လိုက်ရာ ကျွမ်းကျင်မှုကဏ္ဍ၏ အဆုံးတွင် ဓားပညာ-၁ ဟူ၍ပေါ်နေသည်ကိုတွေ့လိုက်ရသည်။

သူကကျန်ရှိနေသေးသော ကျွမ်းကျင်မှုအမှတ်၄မှတ်ကိုကြည့်လိုက်ပြီး ခတ္တမျှစဉ်းစားကာ ထိုအမှတ်အားလုံးကို ဓားသိုင်းပညာထဲသို့ထည့်သွင်းလိုက်သည်။ဓားပညာကျွမ်းကျင်မှုမှာ ချက်ချင်းပင် အမှတ်၅သို့ပြောင်းလဲသွားသည်။အကယ်၍ ယခင်ကသာဆိုလျှင် သူကဤကဲ့သို့ထည့်သွင်းမည်မဟုတ်ပေ။ယနေ့ခေတ်တွင် ဓားပညာမှာ စားဖိုမှုးတစ်ယောက်ဖြစ်ဖို့ကလွဲပြီး အခြားနေရာများတွင် လုံးဝအသုံးမဝင်ပေ။ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်အတွက်မူ သူ၏လက်နတ်မဲ့သိုင်းပညာအမှတ်၄က လုံလောက်တာထက်ပင် ပိုလွန်းနေပြီဖြစ်သည်။

သို့သော်ယခုတွင်တော့ ကမာ္ဘကြီးက ပြောင်းလဲစပြုနေလေပြီ။အနာဂတ်တွင်မည်သို့ဖြစ်လာမည်ကို မည်သူမျှ တပ်အပ်မပြောနိုင်ချေ။ထို့အပြင်ဤတစ်ခေါက်သူရရှိထားသည့် အဆင့်(F+-)မစ်ရှင်မှာ အန္တရာယ်များနိုင်သည့်အတွက် ယခုလိုအချိန်တွင် ဓားသိုင်းပညာကိုအဆင့်မြှင့်ရန်အလွန်ပင်လိုအပ်လှသည်။

သူကျွမ်းကျင်မှတ်များကို ပေါင်းထည့်လိုက်သည်နှင့်တစ်ပြိုင်နက် ဖော်ပြ၍မရသောခံစားမှုတစ်ခုက သူ၏စိတ်ထဲတွင်ဖြစ်ပေါ်လာသည်။တစ်ချိန်ထဲမှာပင် သူ့ခေါင်းထဲတွင်ထောင်ပေါင်းများစွာသောပုံရိပ်များ ပေါ်ထွက်လာပြီး ထိုပုံရိပ်များမှာ သဲကွဲမှုတော့မရှိချေ။ထိုဖြစ်စဉ်တစ်ခုလုံးမှာမျက်စိတစ်မှိတ်မျှသာကြာမြင့်ပြီး သူအနည်းငယ်မျှသာတွေဝေသွားသည်။ထို့နောက်သူဓားကိုင်ထားပုံမှာ အလွန်ပင် အနေအထားမကျသကဲ့သို့ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်မှ ကြွက်သားများမှာလည်း အလွန်တောင့်တင်းနေဘိသကဲ့သို့ ထင်မှတ်မိလိုက်သည်။

သူကခန္ဓာကိုယ်အနေအထားကို အလိုအလျောက်ချိန်ညှိလိုက်ပြီး ခြေထောက်နှစ်ဖက်ကို အနည်းငယ်ခွဲကာ တည်ငြိမ်စွာရပ်လိုက်သည်။ခန္ဓာကိုယ်ကြွက်သားများမှာလည့် မလျော့မတင်းအနေအထားသို့ပြောင်းလည်းသွားပြီး ဓားရိုးကိုဆုပ်ကိုင်ထားသော လက်အနေအထားမှာလည်း ပြောင်းလဲသွားသည်။သူ၏ကိုယ်ဟန်အနေအထားမှန်ကန်သွားသည်နှင့်တစ်ပြိုင်နက် တစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းသွားသကဲ့သို့ခံစားလိုက်ရ၏။သူကအလိုအလျောက်ပင် ဓားကိုလှပစွာဝှေ့ယမ်းလိုက်ရာ ဓားမှအရောင်တစ်ချက်လက်သွားပြီး သူ့ရှေ့မှသစ်ရွက်များကို အစိတ်စိတ်အမွှာမွှာဖြစ်သွားစေလေသည်။

ဟွမ်ကျားဟွေကထိုမြင်ကွင်းကိုအမှတ်တမဲ့မြင်လိုက်ပြီး ပါးစပ်ကိုအုပ်ကာ “လော်ယွမ်…ရှင်သိုင်းသင်ဖူးတာလား”ဟုဆို၏။

“အော်ဟုတ်တယ်…ကျွန်တော်အရင်ကနည်းနည်းလေ့ကျင့်ဖူးတယ်”လော်ယွမ်ကသတိပြန်ဝင်လာပြီး လိုက်ရောညီထွေ ပြောလိုက်သည်။

“ငါလည်းရဲကျောင်းမှာတုံးက(ဆန်းတာ)ကိုယ်ခံပညာသင်ဖူးတယ်…ဒါပေမဲ့ဓားပညာတော့မသင်ဖူးဘူး…အခုခေတ်ဓားပညာတွေကပြစားလို့ပဲရတာ…လက်တွေ့မှာအလကားပဲ”ဝမ်ဖေးကနှုတ်ခမ်းကိုတွန့်ကာဆိုလိုက်၏။မိန်းမပျိုရှေ့တွင်ဂုဏ်ဖော်ခြင်းမှာ ယောက်ျားတို့၏ပင်ကိုသဘာဝတစ်ခုပင်။တစ်ဖက်လူမှာမိမိသဘောကျနေသူမဟုတ်သည့်တိုင် အခြားသူများရှေ့တွင် မိမိကိုယ်ကို နိမ့်ကျမခံချင်ကြပေ။

“ကျွန်မပဲအမြင်မှားလို့လား…သူဓားကိုယမ်းလိုက်တာတစ်ကယ်မိုက်တာ”ဟွမ်ကျားဟွေကထိုမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့လိုက်ရသူဖြစ်ရာ ဝမ်ဖေးစကားကိုမယုံကြည်ချေ။

အမှန်တွင် လော်ယွမ်၏လျင်မြန်မှုမှာသာမန်လူထက်တစ်ဆခွဲပိုမိုမြန်ဆန်ပြီးငါးမှတ်ရှိသောဓားပညာနှင့်ပေါင်းစပ်လိုက်သောအခါ သတ်ဖြတ်နိုင်စွမ်းမှာအလွန်ပင်ထိတ်လန့်ဖွယ်ကောင်းနေပြီဖြစ်သည်။အကယ်၍တိုက်ပွဲဖြစ်ပွားပါကာ သာမန်လူဆိုလျှင် သတိမထားမိခင်မှာပင် သူ့ဓားစာမိသွားနိုင်လေသည်။

လျင်မြန်မှုဆိုသည်မှာ အပြေးမြန်ခြင်းကိုဆိုလိုခြင်းမဟုတ်ပဲ အာရုံကြောများ၏တုံပြန်နိုင်စွမ်းကိုဆိုလိုဖြင်းဖြစ်သည်။သာမန်လူထက်တစ်ဆခွဲသာလွန်သောတုံ့ပြန်နိုင်စွမ်းသည် လူသားမျိုးနွယ်၏အမြင့်ဆုံးစွမ်းဆောင်ရည်နားနီးပါးပင် ရှိနေပြီဖြစ်သည်။

ဆက်လက်ပြီး လော်ယွမ်၏လမ်းရှင်းသောနှုန်းမှာ သိသိသာသာပင် ပိုမိုမြန်ဆန်လာသည်။ယခင်ကသူဓားကိုင်ပုံနှင့်ခန္ဓာကိုယ်အနေအထားမှာမမှန်ကန်သည့်အပြင် ခုတ်ပိုင်းသည့်အခါတွင်လည်း ခွန်အားကိုသာစွတ်သုံးမိနေပြီးမည်ကဲ့သို့အားစိုက်ထုတ်ရမည်ကိုမသိခဲ့ပေ။ထို့ကြောင့်စွမ်းဆောင်ရည်မှာမမြင့်မားသည့်အပြင်အားအင်ကိုလည်းများစွာကုန်ဆုံးစေခဲ့သည်။

ခုတ်ပိုင်း၊ပိုင်းဖြတ်၊ပင့်ဖြတ်၊ထိုးသွင်း။

သူ့ခေါင်းထဲမှဓားပညာများမှာ လျင်မြန်စွာပင် ပေါင်းစပ်သွားပြီး ခုတ်ပိုင်းရသည်မှာပိုမိုချောမွေ့လာကာ ပင်ကိုအသိစိတ်တစ်ခုအလားဖြစ်သွားလေတော့သည်။

ဝါကျင့်ကျင့် စိမ်းဖန့်ဖန့်အရောင်ရှိသောသစ်ကိုင်းတစ်ခုက အပင်ပေါ်မှပြုတ်ကျလာသည်။လော်ယွမ်ကကြည့်ပင်မကြည့်ပဲဓားဖြင့်ပိုင်းဖြတ်လိုက်သည်။ဓားသည်ထိုသစ်ကိုင်းနှင့်ထိတွေ့လိုက်သည်နှင့် တစ်ခုခုမှားယွင်းနေသကဲ့သို့ခံစားလိုက်ရသည်။အထိအတွေ့မှာအနည်းငယ်ပျော့ပျောင်းနေဘိသကဲ့သို့ပင်။သူကသေသေချာချာစူးစိုက်ကြည့်လိုက်သည်။

“မြွေဟ”

သူအလျင်အမြန်ပင်ခြေတစ်လှမ်းဆုတ်လိုက်သည်။သူ့တစ်ကိုယ်လုံးထုံကျဉ်သွားပြီး ခြေထောက်များပင်အနည်းငယ်ပျော့ခွေသွားသည်။ထိုမြွေသည်တစ်ကိုယ်လုံးစိမ်းစိုစိုဖြစ်နေပြီးအနည်းငယ်ကြီးသောတြိဂံပုံသဏ္ဍန်ဦးခေါင်းရှိ၏။ကိုယ်လုံးမှာသွယ်လျပြီးကလေးတစ်ယောက်၏လက်မောင်းခန့်တုတ်ထိုင်ကာအရှည်ကား ၇နှစ်ပေကျော်ခန့်ဖြစ်သည်။

ထိုမြွေမှာသူ့၏ဓားဖြင့်ခုတ်ပိုင်းမိသွားခြင်းဖြစ်ပြီး ခါးလည်မှပြတ်လုနီးပါးဖြစ်နေကာ ပါးလွှာသောအရည်ပြားနှင့်အသားတစ်လွှာသာခန္ဓာကိုယ်နှစ်ခုကြားတွင် ကျန်ရစ်တော့၏။၎င်းကပြင်းထန်စွာတွန့်လိန်နေပြီး မြေပြင်ပေါ်တွင် နာကျင်စွာဖြင့် လူးလိမ့်နေသည်။ပါးစပ်ကိုကြောက်မက်ဖွယ်ဟထားပြီး တစ်ဝက်တစ်ပျက်မြင်နေရသော အစွယ်နှစ်ချောင်းကိုထုတ်ပြကာ တရှူးရှူးဖြင့် အဆက်မပြတ် မာန်ဖီနေလေသည်။

“ဘာဖြစ်တာလဲကွ”ရဲမှုးချန်ကလော်ယွမ်ရပ်လိုက်သည်ကိုမြင်၍ခါးမှသေနတ်ကိုထုတ်ကာလျှောက်လာလေသည်။

“မြွေတစ်ကောင်တွေ့လို့လေ…အဆိပ်ရှိတဲ့ပုံပဲ…ဒါပေမဲ့ကျွန်တော်ခုတ်မိလိုက်တယ်”လော်ယွမ်သည် ထိုအချိန်တွင် အနည်းငယ်သတိဝင်လာပြီး ဘေးသို့ဖယ်ပေးကာဆိုလိုက်၏။

"ဝါးစိမ်းမြွေတစ်ကောင်ပဲ...အားလုံးသတိထားကြ...ဘောင်းဘီရှည်အောက်နားကိုမစည်းရသေးရင်အမြန်စည်းထားကြ"ရဲမှုးချန်ကသစ်ကိုင်းခြောက်ဖြင့်ဝါးစိမ်းမြွေကိုအဝေးသို့ကော်ထုတ်လိုက်ပြီးလေးနက်သောအသံဖြင့်ဆိုလိုက်သည်။သူ၏စိတ်ထဲတွင်လည်းရင်တစ်ထိတ်ထိတ်ဖြင့် စိုးရိမ်နေမိသည်။ဝါးစိမ်းမြွေသည်ယေဘုယျအားဖြင့် ၃ပေကျော်သည်မှာအလွန်ရှားပြီး ၇နှစ်ပေကျော်ခန့်ရှိသောမြွေကိုမူတစ်ခါမျှပင်မမြင်ဖူးချေ။တစ်ချက်အကိုက်ခံရပင်လျှင် အကျိုးဆက်မှာ စဉ်းစား၍မရအောင် ဆိုးရွာသွားနိုင်သည်။

ထို့နောက်သူကအနည်းငယ်ကြောက်လန့်နေသေးသောလော်ယွမ်ကိုကြည့်ပြီး"လော်ယွမ်မင်းဖြစ်ရဲ့လား...လူလဲချင်လား"ဟုဆို၏။

လော်ယွမ်ကဖြူလျော်နေသောမျက်နာဖြင့်ဝမ်ဖေး၊ပုံပျက်ပမ်းပျက်မျက်နာနှင့်တိတ်ဆိတ်နေသောကျောက်ချင်းတို့ကိုတစ်ချက်ကြည့်လိုက်ပြီး ခတ္တမျှစဉ်းစားကာငြင်းဆိုလိုက်သည်။"ရတယ်...သေချာသတိထားရင်ဘာမှမဖြစ်လောက်ပါဘူး"

ဤရဲအရာရှိများထဲမှ တစ်ယောက်ယောက်သာ တစ်ခုခုဖြစ်သွားပါက သူမည်မျှပင်မလိုလားစေကာမူ ဤလူရှာဖွေရေးခရီးစဉ်ကို အဆုံးသတ်လိုက်ရပေလိမ့်မည်။ဤရဲအရာရှိများ၏အကူအညီနှင့်ပစ်အားမပါပဲ သူတစ်ယောက်တည်းရှာဖွေရမည်ဆိုလျှင် ပိုအန္တရာယ်များမည်မှာထင်ရှားသည်။

ထို့အပြင်ရဲအရာရှိပေးထားသောဓားမရှိပါက ပိုလို့ပင်အန္တရာယ်များပေလိမ့်မည်။

"ဟုတ်ပြီလေ"ရဲမှုးချန်၏ပျက်ယွင်းနေသောမျက်နာတွင် အပြုံးရိပ်တစ်ခုပေါ်ထွက်လာသည်။အစပိုင်းတွင် လော်ယွမ် သူတို့နှင့်အတင်းလိုက်မည်ဟုဆိုစဉ်က သူကအနည်းငယ်မလိုလားခဲ့ပေ။သို့သော် ယခုကြည့်ရသည်မှာ လော်ယွမ်ကဝန်ထုတ်ဝန်ပိုးမဖြစ်သည့်အပြင် ကျန်တဲ့သူတွေထက်ပင်ပိုမိုအသုံးဝင်နေလေသည်။

"ဒါမှမဟုတ်မင်းငါ့ရဲဦးထုတ်ဆောင်းထားမလား"ဝမ်ဖေးကအနည်းကငယ်မျက်နာပူဟန်ဖြင့်ဆိုပြီး သူ၏အကြည့်ကိုလွှဲဖယ်လိုက်သည်။

"မယူတော့ဘူး...စာအုပ်ထဲမှာဖတ်ဖူးတာတော့...ဝါးစိမ်းမြွေတွေကသစ်ပင်တွေပေါ်ကနေခုန်ချပြီးတိုက်ခိုက်လေ့ရှိတယ်တဲ့...တစ်ကယ်တော့ကျွန်တော်ကခင်ဗျားတို့ထက်အန္တရာယ်ပိုမများပါဘူး...ခင်ဗျားတို့မှာရဲဦးထုပ်ရှိတော့ပိုပြီးစိတ်ချရတာပေါ့"လော်ယွမ်ကပြုးကာဆိုလိုက်ပြီး ထိုစကားကိုစိတ်ထဲမထားချေ။အကျိုးကိုပဲလိုလားပြီး အန္တရာယ်ကိုရှောင်ရှားချင်သည်မှာ လူတွေ၏ပင်ကိုဗီဇတစ်ခုပင်။သူကိုယ်တိုင်ပင်လျှင် မစ်ရှင်ပြီးမြောက်ဖို့သာမဟုတ်ပါက ဤအန္တရာယ်များသော တောတောင်ထဲသို့ လာရောက်မည်မဟုတ်ပေ။

ဝမ်ဖေးကမျက်နာပျက်သွားပြီးဆက်လက်၍မတိုက်တွန်းတော့ချေ။

ဟွမ်ကျားဟွေကထိုစကားကိုကြားသောအခါသူမ၏မျက်နာမှာ ပို၍ပင်ဖြူဖျော့သွားလေသည်။

ထိုအခြေအနေကိုမြင်သောအခါ လော်ယွမ် အနည်းငယ်နောင်တရမိလိုက်သည်။သူတို့သာလှည့်ပြန်သွားမည်ဆိုပါကာ ဒုက္ခရောက်ပေလိမ့်မည်။ထို့ကြောင့်သူက စကားဆက်မပြောတော့ပဲ ရှေ့သို့ဆက်သွားလိုက်သည်။

သူတို့အဖွဲ့၏အလယ်တွင်လျှောက်လှမ်းနေသောဟွမ်ကျားဟွေက ခြေလှမ်းကိုအရှိန်မြှင့်ကာ လော်ယွမ်၏နောက်သို့ရောက်အောင် လိုက်လာခဲ့သည်။သူမကလော်ယွမ်၏ဓားပညာကိုမြင်ဖူးသူဖြစ်ရာ ဝမ်ဖေးပြောသလိုသာမန်ဟန်ပြသက်သက်မဟုတ်မှန်းယုံကြည်လေသည်။ထိုစဉ်ကရှင်းလင်းစွာမမြင်လိုက်ရဘဲ အရိပ်တစ်ခုဖြတ်သွားသကဲသို့ခံစားလိုက်ရပြီးသစ်ရွက်များကြွေမွသွားသည်ကိုသာ တွေ့လိုက်ရသော်လည်း နောက်ပိုင်းတွင် ပြန်လည်စဉ်းစားကြည့်သည့်အခါသူကပို၍ပင်လျှို့ဝှက်ဆန်းကြယ်ပြီးခန့်မှန်းရခက်သည်ဟုမြင်လာမိ၏။သူမကဤအဖွဲ့ထဲတွင် လော်ယွမ်အနားမှာနေခြင်းက အလုံခြုံဆုံးဖြစ်သည်ဟု ခံစားလိုက်ရခြင်းဖြစ်သည်။

သူတို့အဖွဲ့တစ်နေရာသို့ရောက်သောအခါ လမ်းဟူ၍ပင်မရှိတော့ပဲ မူလတောင်တက်လမ်းမှာ ရှာမရအောင်ပင် ပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ရသည်။လော်ယွမ်ကမတတ်နိုင်ပဲ လမ်းတစ်ခုရှင်းလင်းဖောက်လုပ်ဖို့သာဆုံးဖြတ်လိုက်ရသည်။

ထိုစဉ်အနက်ရောင်ရှိသောတိရိစာ္ဆန်တစ်ကောင်တောထဲမှဖြတ်ပြေးသွားပြီးမလှမ်းမကမ်းတွင်ရပ်ကာသူတို့အဖွဲ့ကို အေးစက်စက်စိုက်ကြည့်နေလေသည်။

၎င်းကခွေးတစ်ကောင်၏အရွယ်ရှိပြီးကြောင်တစ်ကောင်နှင့်အလားသဏ္ဌာန်တူသည်။ခန္ဓာကိုယ်မှာပြေပြစ်ပြီးအမွှေးအမျှင်များမှာ ပိုးသားကဲ့သို့ချောမွေ့နူးညံ့နေသည်။ပယင်းရောင်မျက်လုံးများမှာ အေးစက်ပြီးရက်စက်ကြမ်းကြုတ်သောအရောင်များဖြင့်တောက်ပနေကာ ပါးစပ်တွင်မူ လတ်လတ်ဆတ်ဆတ်သွေးစသွေးနများစွန်းထင်းကျန်ရှိနေသေးသည်ကိုမြင်နေရ၏။လော်ယွမ်ကချက်ချင်းရပ်တန့်လိုက်ပြီးဓားကိုရင်ဘက်ရှေ့တွင်ကာထားလိုက်သည်။

“အဲ့တာကျားသစ်ထင်တယ်”ဟွမ်ကျားဟွေကလော်ယွမ်၏အနားသို့ သတိဖြင့်ကပ်သွားကာ ငိုသံပါသောလေသံဖြင့်တိုးတိုးလေးဆိုလိုက်သည်။

လော်ယွမ်လည်းအစကကျားသစ်နှင့်လာတွေ့ပြီဟုထင်မိလိုက်ခြင်းပင်။သို့သော်သေချာစဉ်းစားကြည့်ပါကာဤနေရာတွင်အဘယ်သို့ကျားသစ်ရှိနေနိုင်မည်နည်း။

“ဒိုင်း…ဒိုင်း”အားလုံး၏ရင်ထဲတွင်လေးလံသွားသည်။ရဲမှုးချန်နှင့်ကျောက်ချင်းတို့၏တုံ့ပြန်မှုမှာအလွန်မြန်ဆန်ပြီးချက်ချင်းပင်သေနတ်ကိုယ်စီမြှောက်ကာပစ်ခတ်လိုက်ကြသည်။

ထိုကြောင်ကဲ့သို့သောတိရိစာ္ဆန်မှာလန့်ဖြန့်သွားပြီးကလေးတစ်ယောက်ကဲ့သို့ငိုမြည်သံပြုကာလျင်မြန်စွာပင်တောအုပ်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

“တောကြောင်တစ်ကောင်ဖြစ်မယ်…မထိလိုက်တာနာတာပဲ”ရဲမှုးချန်ကအဝေးမှလှမ်းကြည့်ပြီးသွေးကွက်များမတွေ့သောအခါ လေးပင်သောအသံဖြင့်”အားလုံးသတိထားကြနော်…တောကြောင်တွေက.ကလဲ့စားချေစိတ်အရမ်းပြင်းတာ…သူငါတို့နောက်ကနေပြန်လိုက်လာနိုင်တယ်”ဟုဆို၏။

“သူမလာမှာကိုပဲကြောက်တာ…ငါတောကြောင်သားမစားဖူးသေးဘူး…အဲ့ကောင်ကကျားသစ်နဲ့အရမ်းတူတော့ငါကကျားသစ်မှတ်ပြီးလန့်သွားတာ”ထိုသတ္တဝါကတောကြောင်မှန်းသိလိုက်ရသောအခါဝမ်ဖေးကအနည်းငယ်စိတ်သက်သာရသွားလေသည်။သူကအနိုင်ယူရန်ခဲရင်းသောကျားသစ်မျိုးကိုအလိုလိုကြောက်ရွှံ့မိသော်လည်းတောကြောင်လိုသတ္တဝါမျိုးကိုတော့စိတ်ထဲမှများများစားစားကြောက်ရွှံ့ခြင်းမရှိပေ။

လူတွေကဝံပုလွေကိုကြောက်ကြသော်လည်းခွေးကိုမူသိပ်မကြောက်တတ်ကြသလိုပင်ဖြစ်သည်။ခွေးတစ်ကောင်ကမည်သို့ပင်အရွယ်ကြီးပြီးဝံပုလွေကိုပင်ကိုက်သတ်နိုင်စွမ်းရှိစေကာမူ ဝံပုလွေတစ်ကောင်ကဲ့သို့ခြိမ်းခြောက်နိုင်စွမ်းတော့ မရှိနိုင်ပေ။

“မင်းကတော်တော်သတ္တိကောင်းနေတယ်ပေါ့…နောက်မှဘောင်းဘီထဲသေးပေါက်မချမိစေနဲ့”ကျောက်ချင်းကအထင်သေးသည့်လေသံဖြင့်ဆိုလိုက်သည်။သူ၏မျက်နာမှာယောင်ယမ်းနေသောကြောင့်စကားပြောသံမှာအနည်းငယ်ပျက်ယွင်းနေလေသည်။

“တောကြောင်တစ်ကောင်ပဲကို…ဘာကြောက်စရာရှိလို့လဲ”ဝမ်ဖေးသည် စောစောကသူ၏စွမ်းဆောင်ရည်မှာ မကောင်းခဲ့သည်ကိုသိသဖြင့် အသံကျယ်ကျယ်ဖြင့်ဆိုလိုက်သည်။

ရဲမှုးချန်ကတိတ်ဆိတ်နေပြီး မျက်နာမှာမူ တင်းမာနေလေသည်။သူကဝါရင့်တစ်ယောက်ဖြစ်ပြီးငယ်စဉ်ကလည်း ဤအနီးအနားမှရွာတစ်ရွာတွင်နေထိုင်ခဲ့သူဖြစ်ရာ တောကြောင်၏ရက်စက်ပုံကိုသိလေသည်။ဤမျှကြီးမားသော တောကြောင်တစ်ကောင်မှာ ကျားတစ်ကောင်နှင့်ပင်ယှဉ်ပြိုင်တိုက်ခိုက်နိုင်လောက်သည်။ကျားသစ်ဆိုလျှင်ထည့်ပြောရန်ပင်မလိုပေ။ထိုသို့သောသတ္တဝါမျိုး၏ပစ်မှတ်ထားခြင်းကိုခံရလျှင်သေလမ်းတစ်လမ်းသာရှိသည်။

လော်ယွမ်ကရှေ့မှအကိုင်းအခက်များကိုဆက်လက်ခုတ်ပိုင်းလိုက်သည်။ရှေ့သို့ဆက်သွားလေလေ အပင်များမှာပိုမိူထူထပ်လာလေလေဖြစ်ပြီးနေရာလွတ်များကိုတစ်ခုမကျန်အပြိုင်အဆိုင်လုယူနေကြသကဲ့သို့ပင်ထင်ရသည်။ဆယ့်ငါးမိနစ်ခန့်အကြာတွင်အနည်းငယ်မောဟိုက်လာ၍သူကချက်ချင်းရပ်တန့်လိုက်သည်။

သူအချိန်အတန်ကြာခုတ်ပိုင်နိုင်သေးသော်လည်းဤနေရာတွင်အားအင်ကုန်ခမ်းသွားလျှင်အလွန်ပင်အန္တရာယ်များသည်။ထိုသို့သူလုံးဝမလုပ်ရဲပေ။သူကချွေးတွေကိုသုတ်လိုက်ပြီးခဏနားကြရန်နောက်သို့လှည့်ပြောမည်အပြုတွင်အနက်ရောင်အရိပ်တစ်ခုဖြတ်ပြေးသွားသည်ကိုသူ့မျက်လုံးထောင့်မှမြင်လိုက်ရသည်။သူထိပ်လန့်သွားပြီးအသံတိုးတိုးဖြင့်”သတိထား…ဟိုကောင်ပြန်လာပြီ…သူခင်ဗျားတို့နောက်မှာ”

အားလုံးကအလျင်အမြန်သေနတ်ကိုမြှောက်ပြီးပတ်ဝန်းကျင်ကိုသတိဖြင့်စောင့်ကြည့်လိုက်ကြသည်။သို့သော်ထိုသတ္တဝါကိုမူအရိပ်အယောင်မျှပင်မတွေ့ချေ။

“လော်ယွမ်မင်းအမြင်မှားတာလား”ဝမ်ဖေးကသေနတ်ကိုမြှောက်ယမ်းရင်း နောက်သို့လှည့်ပြီး သတ္တိမွေးကာဆိုလိုက်သည်။

“သတိထား”ရဲမှုးချန်ကဝမ်ဖေးကိုစောင့်ဆွဲလိုက်ပြီးသူ၏နောက်ဘက်သို့အဆက်မပြတ်ပစ်ခတ်လိုက်သည်။ကျည်ဆန်များကဝမ်ဖေး၏နားနားမှဝှီးကနဲ့ဖြစ်သွားပြီးသေခြင်းရဲ့အနံ့ကိုခံစားမိလိုက်သည်။ဝမ်ဖေး၏မျက်နာမှာစက္ကူကဲ့သို့ဖြူဖျော့်သွားပြီးခြေထောက်များပျော့ခွေကာ အနီးနားရှိဆူးပင်များကြားထဲသို့လဲကျသွားသည်။သူ၏မျက်နာတွင်ရှရာများဖြစ်ပေါ်သွားပြီးချက်ချင်းပင်သွေးများစီးကျလာလေသည်။

သို့သော်ထိုအချိန်တွင်မည်သူမျှသူ့ကိုဂရုမစိုက်နိုင်ကြပေ။

“ဝူး”သစ်ပင်များကြားမှစူးစူးရှရှအော်ဟစ်သံထွက်ပေါ်လာပြီး ချုံပုတ်များမှာ ပြင်းထန်စွာလှုပ်ရှားသွားသည်။ခဏအကြာတွင်အနက်ရောင်အရိပ်တစ်ခုကသေနတ်ပစ်ခက်နေသောရဲမှုးချန်ဆီသို့ပြေးဝင်သွားလေတော့သည်။

All Chapters