ကျိန်စာကို ဖယ်ရှားခြင်း
Vol. 206 Ch. 3077
“နားလည်မှုလွဲစရာတချို့ ရှိနေတယ် ထင်တယ်”
နဂါးလောကအရှင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ကျုပ်က စောစောတုန်းက ဟိုလူသားဘုရင်ကိုပဲ သတ်ဖို့ အမိန့်ပေးထားတာ… လုံရန် မပါဘူး”
“ခင်ဗျား ဇီမိုကိုလည်း သတ်လို့မရဘူး”
လုံရန်က လှောင်ရယ်လိုက်ပြီး အရူးတစ်ယောက်ကို ကြည့်ရှုနေရသည့်အလား နဂါးလောကအရှင်ကို ကြည့်လိုက်၏။
နဂါးဧကရာဇ် လောင်ကျွမ်းနေမင်းက ရှေ့သို့ထွက်ပြီး လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။
“တာအိုရောင်းရင် အထီးကျန်သိုင်းသခင်… သွေးလိပ်ပြာ… ခင်ဗျားတို့ ဒီနေ့ရောက်လာပြီဆိုမှတော့ လောလောဆယ်မှာ အဲဒီကိစ္စကို မေ့ဖျောက်လိုက်ကြရအောင်… ကျုပ်တို့ကြားမှာ သဘောထားကွဲလွဲမှု မရှိရင် အကောင်းဆုံးပေါ့”
လုံရန်က ပြောလိုက်၏။
“ခင်ဗျားက အခုမှ သဘောထားကွဲလွဲမှာကို ကြောက်နေတာလား… စောစောတုန်းက ခင်ဗျား ကျုပ်တို့ကို သတ်ချင်နေခဲ့တာ မဟုတ်ဘူးလား”
နဂါးဧကရာဇ် လောင်ကျွမ်းနေမင်း၏ အမူအရာက ပျက်ယွင်းသွား၏။
သူတို့သည် သူတို့၏ မာန်မာနကို ခဝါချပြီး နောက်ဆုတ်ပေးခဲ့ပြီဖြစ်သော်လည်း လုံရန်က ပိုပို၍ လွန်ကဲလာနေ၏။
ထိုစဉ်မှာပင် တျဲယွဲ့က နဂါးလောကအရှင်ကို ကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“တောက်ဟိုင်… ငါ နဂါးကမ္ဘာကို နောက်ဆုံးတစ်ခေါက် လာခဲ့တုန်းက နင် ငါနဲ့တိုက်ခိုက်ဖို့ကို ရှောင်လွှဲခဲ့တယ်… ဒါပေမဲ့ ဒီနှစ်တွေထဲမှာ နင်က အတော်လေး ရဲတင်းလာခဲ့တာပဲ… နင်က နေရာတိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ပြီး လောကစစ်ပွဲတစ်ခုကိုတောင်မှ စတင်စေခဲ့တယ်”
ထိုစကားလုံးများသည် ခန်းမထဲမှာ အတော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။
နဂါးဧကရာဇ်များကလွဲလျှင် လက်ရှိနဂါးဘုရင်များပင် ဤအကြောင်းနှင့် ပတ်သက်ပြီး သိရှိမထားကြပေ။
နဂါးကမ္ဘာနှင့် အလင်းကမ္ဘာကဲ့သို့ ထိပ်တန်းကမ္ဘာကြီးတချို့မှာ တျဲယွဲ့နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော ထိပ်သီးဧကရာဇ်ပညာရှင်များ တကယ်ပင် ရှိလေသည်။
သို့သော်လည်း နှစ်ဦးနှစ်ဖက် တိုက်ခိုက်ကြသည်နှင့် ရလဒ်ကို ကြိုတင်ခန့်မှန်းဖို့ မလွယ်ကူပေ။
ဒါ့အပြင် တျဲယွဲ့သည် မကောင်းသော ရည်ရွယ်ချက်နှင့် ရောက်ရှိလာခြင်းမဟုတ်ဘဲ မျိုးနွယ်စုအမျိုးမျိုးမှ ပညာရှင်များကို စိန်ခေါ်တိုက်ခိုက်ချင်ရုံသာ ဖြစ်လေသည်။ သူတို့ကြားမှာ နက်ရှိုင်းသော အမုန်းတရား မရှိဘဲ ထိပ်တန်းကမ္ဘာကြီးများမှ ထိပ်သီးဧကရာဇ်ပညာရှင်များသည် မတိုက်ခိုက်လိုကြပေ။
ပကတိဧကနယ်ပယ်အထိ ကျင့်ကြံထားသော အထွတ်အထိပ်ဧကရာဇ်များမှာ ရည်ရွယ်ချက်တစ်ခုသာ ရှိတော့လေသည်။
သူတို့သည် နောက်ဆုံးခြေလှမ်းကို လှမ်းပြီး မဟာဧကရာဇ်တစ်ပါး ဖြစ်လာဖို့ပင်။
သူတို့၏ လောကများက တျဲယွဲ့နှင့် တိုက်ခိုက်သောကြောင့် ကြေမွပျက်စီးသွားမည်ဆိုလျှင် သူတို့သည် မဟာဧကရာဇ်တစ်ပါး ဖြစ်လာဖို့ အခွင့်အရေးနှင့် လွဲချော်သွားနိုင်လေသည်။
ထို့ကြောင့် နဂါးဧကရာဇ် တောင်ဟိုင်ကဲ့သို့ ထိပ်သီးဧကရာဇ်ပညာရှင်များသည် တျဲယွဲ့ ရောက်ရှိလာသည့်အချိန်မှာ တိုက်ခိုက်ဖို့ကို ရှောင်လွှဲကြပေလိမ့်မည်။
ထိုသို့ဆိုလျှင်တောင် တျဲယွဲ့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ လွတ်လပ်စွာ သွားလာပြီး လူတိုင်းကို စိန်ခေါ်ရဲခဲ့သည့်အချက်သည် အတော်လေး အုန်းအုန်းကျက်ကျက် ဖြစ်သွားစေခဲ့၏။
ထိုအချိန်တုန်းက တိုက်ပွဲများကြောင့်လည်း သားရဲဧကရီ သွေးလိပ်ပြာ၏ ကျော်ကြားလှသော နာမည်ဂုဏ်သတင်းကို ရရှိလာခဲ့ခြင်းဖြစ်၏။
“ပင်ကိုဗီဇဝေဒနာကျိန်စာကို နင်သိလား”
တျဲယွဲ့က စကားလမ်းကြောင်းပြောင်းပြီး ရုတ်တရက် မေးလိုက်၏။
“မပြောတတ်ဘူး”
နဂါးလောကအရှင်က မှင်သေသေဖြင့် ပြောလိုက်၏။
ခန်းမထဲရှိ နဂါးများကြားမှာ နဂါးအတော်များများ၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားကြ၏။
တျဲယွဲ့က ပြောလိုက်သည်။
“ပင်ကိုဗီဇဝေဒနာကျိန်စာမိထားတဲ့ အဲဒီသူတွေက သူများထိန်းချုပ်တာကို ခံရပြီး သူတို့ရဲ့ ဆင်ခြင်တုံတရားကို ဆုံးရှုံးလာရလိမ့်မယ်”
“အဲဒီလူတွေရဲ့ ရုပ်ရည်သွင်ပြင်က အရင်ကနဲ့ မပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုပေမဲ့ သူတို့ရဲ့ ပြုမူလှုပ်ရှားမှု၊ စိတ်နေစရိုက်တွေနဲ့ အမူအကျင့်တွေက လွှမ်းမိုးခံရပြီး ကျိန်စာပိုင်ရှင်ရဲ့ ထိန်းချုပ်တာကို ခံရလိမ့်မယ်”
ထိုစကားကို ကြားသောအခါ နဂါးဧကရာဇ်ကိုးဦးကြားမှာ တချို့က နားလည်သဘောပေါက်သော အကြည့်များကို ထုတ်ဖော်လာကြ၏။
တချို့မှာ စိုးရိမ်ပူပန်သော အမူအရာများ ရှိနေပြီး နဂါးလောကအရှင်ကိုပင် လှမ်းကြည့်လိုက်ကြ၏။
“မင်းက ဘာကို ပြောဖို့ ကြိုးစားနေတာလဲ”
နဂါးလောကအရှင်က အေးစက်စွာ မေးလိုက်၏။
တျဲယွဲ့က ပြောလိုက်သည်။
“နင်တို့ နဂါးမျိုးနွယ်က ဒီအခြေအနေအထိ ကျဆင်းလာတာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူး… နင်တို့တွေကို စုန်းမျိုးနွယ်က ထိန်းချုပ်ထားပြီး ချောက်နက်ထဲကို တစ်လှမ်းပြီးတစ်လှမ်း ဝင်ရောက်လာကြတာပဲ… သိပ်မကြာခင် နင်တို့တွေက ရွှံ့ညွှန်တောထဲမှာ နစ်မြုပ်သွားတော့မယ်”
“အဓိပ္ပာယ်မရှိတာ”
နဂါးဧကရာဇ် လောင်ကျွမ်းနေမင်းက အော်ငေါက်လိုက်၏။
“ကျုပ်တို့ရဲ့ ကျင့်ကြံမှုနယ်ပယ်အရဆို ကျုပ်တို့က ပင်ကိုဗီဇဝေဒနာကျိန်စာ ဘယ်လိုလုပ် မိထားမှာလဲ… သားရဲဧကရီ သွေးလိပ်ပြာ… ခင်ဗျားက အဲဒီနတ်ဆိုးဆန်တဲ့ စကားလုံးတွေနဲ့ လူတိုင်းကို လိမ်ညာဖို့ ရောက်လာခဲ့တာဆိုရင် အခုပဲ ထွက်သွားပါတော့”
“အဲဒါ အမှန်ပဲ”
နောက်ထပ် နဂါးဧကရာဇ်တစ်ဦးက ရှေ့သို့ထွက်ပြီး တည်တံ့စွာ ပြောလိုက်၏။
“နဂါးမျိုးနွယ်က ခင်ဗျားတို့တွေကို မကြိုဆိုဘူး”
ခန်းမထဲမှာ အစက နှုတ်ဆိတ်၍ ကြောက်ရွံ့နေသော နဂါးတချို့၏ မျက်လုံးများက စိတ်အားထက်သန်မှုဖြင့် နောက်တစ်ဖန် ပြည့်နှက်လာပြီး သူတို့က ကျယ်လောင်စွာ ပြောလိုက်၏။
“နဂါးမျိုးနွယ်က ခင်ဗျားတို့တွေကို မကြိုဆိုဘူး”
“ဟမ့်…”
သိုင်းတာအိုပင်မခန္ဓာက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
ထိုအသံက ထွက်ပေါ်လာသည့်ခဏမှာပင် ခန်းမထဲမှာ မိုးကြိုးထစ်ချုန်းသံကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာ၏။
နဂါးများ၏ အော်ဟစ်သံများက ယတိပြတ်ရပ်တန့်သွား၏။
မရေမတွက်နိုင်သော နဂါးများက မျက်လုံးများ ပြူးကျယ်နေပြီး သူတို့၏ စိတ်ထဲမှာ တစီစီအော်မြည်နေသည်ဟု ခံစားနေရ၏။ သူတို့၏ အမြင်အာရုံက မှောင်ကျသွားပြီး နှာမှုတ်သံတစ်ချက်က သူတို့ကို သွေးအန်စေလုမတတ်ပင်။
ရုတ်တရက် နဂါးဧကရီဆီးနှင်းက မေးလိုက်၏။
“ဧကရာဇ် အထီးကျန်သိုင်းသခင်… တစ်ယောက်ယောက်က ပင်ကိုဗီဇဝေဒနာကျိန်စာ ကူးစက်ခံထားရသလားဆိုတာ ကျွန်မတို့ ဘယ်လိုခွဲခြားနိုင်မလဲ”
“အဲဒီမှာ အပြင်ပန်းရုပ်ရည်သွင်ပြင်ကနေ ပြောနိုင်တဲ့နည်းလမ်း တကယ်ပဲ မရှိဘူး”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“အမြုတေစိတ်ဝိညာဉ်ကို ထုတ်ဖော်ခိုင်းလိုက်တာနဲ့ အကုန်လုံးကို သိရလိမ့်မယ်”
“တကယ့် ဟာသပဲ”
နဂါးဧကရာဇ် လောင်ကျွမ်းနေမင်းက လှောင်ရယ်လိုက်၏။
“မင်းရဲ့ အခြေအမြစ်မရှိတဲ့ ထင်မြင်ယူဆချက်တွေကြောင့်နဲ့ပဲ ဧကရာဇ်ပညာရှင်တွေအနေနဲ့ ငါတို့က ငါတို့ရဲ့ အမြုတေစိတ်ဝိညာဉ်ကို ကမ်းလှမ်းပေးရမှာလား… အဲဒါဆိုရင် ငါတို့ရဲ့ ဂုဏ်သိက္ခာကို ဘယ်နားသွားထားရမှာလဲ”
“ငါ့ရှေ့မှာဆို မင်းမှာ ဘာဂုဏ်သိက္ခာမှ မရှိဘူး”
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က နဂါးဧကရာဇ် လောင်ကျွမ်းနေမင်းထံ ရောက်ရှိသွားပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မင်း အဲဒါကို ထုတ်မပြဘူးဆိုရင် ငါ့ဘာသာငါ လုပ်နိုင်တယ်”
သူ့စကား မဆုံးသေးခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက တျဲယွဲ့၏ လက်ကို လွှတ်ပေးလိုက်၏။ ရိပ်ခနဲဆို သူက နဂါးဧကရာဇ် လောင်ကျွမ်းနေမင်း၏ ရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။
သူ၏ လှုပ်ရှားမှုက အရမ်းကို မြန်ဆန်လေသည်။
နဂါးဧကရာဇ် လောင်ကျွမ်းနေမင်းကလည်း ကြိုတင်ပြင်ဆင်ထားပုံရ၏။ သူက သူ၏ မျိုးဆက်သွေးကို ချက်ချင်းပင် လှည့်ပတ်ပြီး သူ၏ ခန္ဓာကိုယ်က ပြန့်ကားလာ၏။ သူက သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲဖို့ ပြင်လိုက်လေသည်။ မျိုးဆက်သွေးနယ်မြေတစ်ခုက ခပ်ရေးရေး ပေါ်ထွက်လာ၏။
ပကတိလောကတစ်ခုကလည်း သူ၏ နောက်ဘက်မှာ စုဖွဲ့လာလေသည်။
နဂါးဧကရာဇ် လောင်ကျွမ်းနေမင်း၏ ဘေးမှာ ကူညီပေးဖို့ ပြင်ဆင်ထားသော နဂါးဧကရာဇ်ပညာရှင်နှစ်ဦးလည်း ရှိနေ၏။
“ဂါး…”
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက ဟိန်းဟောက်လိုက်ပြီး နဂါးဧကရာဇ်သုံးဦးက တဆတ်ဆတ်တုန်ယင်ကာ သွေးများကို အန်ထုတ်လိုက်ရ၏။ သူတို့၏ နောက်ဘက်မှာရှိသော လောကများကလည်း ချက်ချင်း စုဖွဲ့မလာနိုင်တော့ပေ။
နောက်ခဏ၌ သိုင်းတာအိုပင်မခန္ဓာက သူ့လက်ကို မြှောက်ပြီး နဂါးဧကရာဇ် လောင်ကျွမ်းနေမင်း၏ ရင်ဘတ်ကို ပစ်ထိုးလိုက်၏။
ဖြောင်း…
နဂါးဧကရာဇ် လောင်ကျွမ်းနေမင်း၏ နဂါးခန္ဓာသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် ကြေမွပျက်စီးသွားပြီး လေထဲမှာ သွေးမြူခိုးများ ပျံ့နှံ့သွားလေသည်။
သိုင်းတာအိုပင်မခန္ဓာက မြူခိုးများကြားသို့ သူ့လက်ကို ဆန့်ထုတ်ပြီး ဖမ်းဆွဲကာ နဂါးဧကရာဇ် လောင်ကျွမ်းနေမင်း၏ အမြုတေစိတ်ဝိညာဉ်ကို ချုပ်နှောင်လိုက်၏။
ပြီးသွားလေပြီ…။
တစ်ခဏချင်းမှာပင် နဂါးဧကရာဇ် လောင်ကျွမ်းနေမင်းသည် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖမ်းဆီးခံလိုက်ရ၏။
နဂါးများ တုံ့ပြန်လာသည့်အချိန်မှာ သိုင်းတာအိုပင်မခန္ဓာက နဂါးဧကရာဇ် လောင်ကျွမ်းနေမင်း၏ အမြုတေစိတ်ဝိညာဉ်ကို ဖမ်းဆီးပြီးသွားပြီဖြစ်ကာ တျဲယွဲ့၏ ဘေးသို့ ပြန်လည်ရောက်ရှိလာ၏။
နဂါးဧကရာဇ် လောင်ကျွမ်းနေမင်းသည် အသက်တစ်ရှိုက်စာ မကြာခင်မှာပင် ဖိနှိမ်ခံလိုက်ရ၏။
“မင်း ဘာလုပ်နေတာလဲ”
နဂါးလောကအရှင်က ဒေါသချောင်းချောင်းထွက်သွားပြီး ရန်လိုခက်ထန်သော အမူအရာဖြင့် အော်ပြောလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက သူ့ကို လျစ်လျူရှုပြီး သူ့လက်ဖဝါးထဲရှိ နဂါးဧကရာဇ် လောင်ကျွမ်းနေမင်း၏ အမြုတေစိတ်ဝိညာဉ်အပေါ်သို့ သူ၏ လက်ချောင်းထိပ်ဖျားကနေ ရေတစ်စက်ကိုသာ စုဖွဲ့ပြီး ချပေးလိုက်၏။
ရှဲ...
သာမန်ပုံစံရေစက်က နဂါးဧကရာဇ် လောင်ကျွမ်းနေမင်း၏ အမြုတေစိတ်ဝိညာဉ်နှင့် ထိမိသည့်ခဏမှာပင် အစိမ်းရောင် မီးခိုးများက ချက်ချင်းပင် အူထွက်လာ၏။
“အား...”
နဂါးဧကရာဇ် လောင်ကျွမ်းနေမင်း၏ အမြုတေစိတ်ဝိညာဉ်က စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
လူတိုင်း၏ ရှေ့မှောက်မှာ အစိမ်းရင့်ရောင် ချည်မျှင်များက သူ့အမြုတေစိတ်ဝိညာဉ်၏ အပေါ်ယံမှာ ပေါ်ထွက်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်တစ်ခုလုံးကို ဖုံးအုပ်လုနီးပါးဖြစ်၏။
“ဘာ... ဘာလဲဟ”
နဂါးဧကရီဆီးနှင်းနှင့် အခြားသူများက ထိုသည်ကို တွေ့မြင်သောအခါ သူတို့၏ သူငယ်အိမ်များက တင်းကျပ်သွားပြီး သူတို့က ရင်တစ်ချက်ထိတ်သွားကြ၏။
အဲဒါက ကျိန်စာစွမ်းအားပဲ…
နဂါးဧကရာဇ် လောင်ကျွမ်းနေမင်း၏ အမြုတေစိတ်ဝိညာဉ်က တကယ်ပင် ကျိန်စာမိထားလေသည်။
ဒါ့အပြင် ကြည့်ရသည်မှာ နဂါးဧကရာဇ် လောင်ကျွမ်းနေမင်းသည် ကျိန်စာမိထားခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်ပုံရသည်။ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ကျိန်စာက လုံးလုံးလျားလျား ဖုံးအုပ်ထားခဲ့လေပြီ။
ထိုအခိုက်အတန့်မှာ နဂါးဧကရာဇ် လောင်ကျွမ်းနေမင်း၏ အမြုတေစိတ်ဝိညာဉ်ပေါ်ရှိ အစိမ်းရင့်ရောင် ချည်မျှင်များက ရေစက်၏ လွှမ်းခြုံမှုအောက်မှာ တဖြည်းဖြည်း အရည်ပျော်ကျလာနေ၏။
သိုင်းတာအိုပင်မခန္ဓာ စောစောက ထုတ်ဖော်ခဲ့သော ရေစက်သည် တကယ်တော့ ငရဲကန့်သတ်မဲ့စိမ့်စမ်းကနေ ဆင်းသက်လာခြင်း ဖြစ်လေသည်။
ငရဲကန့်သတ်မဲ့စိမ့်စမ်း၏ အကြီးမားဆုံး အသုံးဝင်မှုမှာ ကျိန်စာစွမ်းအားများကို ဖယ်ရှားရှင်းလင်းပစ်နိုင်ခြင်း ဖြစ်သည်။
အရင်တုန်းက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ကျိန်စာနှစ်ခုဖြင့် စွန်းထင်းခံခဲ့ရ၏။ ငရဲကန့်သတ်မဲ့စိမ့်စမ်းရေကြောင့်သာ သူက နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိလာနိုင်ခဲ့ခြင်းပင်။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲဂိတ်တံခါးဆယ်ချပ်ကို စုဖွဲ့ပြီးနောက် သိုင်းစကြဝဠာသည် ငရဲတစ်ခုလုံးနှင့် ချိတ်ဆက်မိသွားပြီဟု ဆိုနိုင်လေသည်။ သူက ငရဲ၏ စိမ့်စမ်းကိုးခုနှင့် အချိန်မရွေး ဆက်သွယ်နိုင်၏။
ငရဲကန့်သတ်မဲ့စိမ့်စမ်းသည် ကျိန်စာကို တကယ်ပင် ဖြေရှင်းပေးနိုင်၏။ သို့သော်လည်း နဂါးဧကရာဇ် လောင်ကျွမ်းနေမင်း၏ အမြုတေစိတ်ဝိညာဉ်သည် ပင်ကိုဗီဇဝေဒနာကျိန်စာနှင့် လုံးလုံးလျားလျား ပေါင်းစည်းလုနီးပါး ဖြစ်နေ၏။
ဤကဲ့သို့သော အခြေအနေမှာ ငရဲကန့်သတ်မဲ့စိမ့်စမ်းက ကျိန်စာကို ချေဖျက်ပေးနေစဉ် နဂါးဧကရာဇ် လောင်ကျွမ်းနေမင်း၏ အမြုတေစိတ်ဝိညာဉ်ကလည်း ပျက်ပြယ်လာနေ၏။
နဂါးဧကရာဇ် လောင်ကျွမ်းနေမင်း၏ အမြုတေစိတ်ဝိညာဉ်ပေါ်ရှိကျိန်စာ ပျက်ပြယ်သွားသည့်အချိန်မှာ အမြုတေစိတ်ဝိညာဉ်၏ အသက်ဓာတ်အားကလည်း ပျက်ပြယ်သွားပေလိမ့်မည်။
ကျေနပ်စရာကောင်းသည်မှာ စစချင်းနာကျင်မှုအပြီး၌ နဂါးဧကရာဇ် လောင်ကျွမ်းနေမင်း၏ အမြုတေစိတ်ဝိညာဉ်က တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။
သူက သူ၏ ဆင်ခြင်တုံတရားကို တဖြည်းဖြည်း ပြန်လည်ရရှိလာပုံရပြီး သူ့ထံတွင် ဖြစ်ပျက်နေခဲ့သည့်အရာကို နားလည်သဘောပေါက်သွား၏။
နဂါးဧကရာဇ် လောင်ကျွမ်းနေမင်းက ကျေးဇူးတင်ရှိသော အငွေ့အသက်တစ်ခုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို ကြည့်လိုက်၏။
နောက်ဆုံးမှာတော့ သူသည် ပင်ကိုဗီဇဝေဒနာကျိန်စာကနေ လွတ်မြောက်ပြီး သူ၏ လွတ်လပ်မှုကို ပြန်လည်ရရှိလာခဲ့ပြီဖြစ်၏။ အဲဒါက အရမ်းကို နောက်ကျသွားခဲ့ပြီ ဆိုသော်လည်း....။