← Chapters

ငါ မင်းကို တိုက်မယ်

Vol. 206 Ch. 3078

ငါ မင်းကို တိုက်မယ်

Vol. 206 Ch. 3078

“ကျေးဇူးတင်ပါတယ်”

နဂါးဧကရာဇ်လောင်ကျွမ်းနေမင်း၏ အမြုတေစိတ်ဝိညာဉ်က သိုင်းတာအိုပင်မခန္ဓာကို ကြည့်ပြီး အတွေးတစ်ခုကို ပို့လွှတ်လိုက်၏။

ထို့နောက် သူ၏ အမြုတေစိတ်ဝိညာဉ်က ဘေးပတ်လည်ကို အကဲခတ်ပြီး ခန်းမထဲရှိ နဂါးများကို ပူဆွေးဝမ်းနည်းမှုနှင့် မလုံမလဲဖြစ်နေသော အမူအရာနှင့်အတူ ကြည့်လိုက်၏။

“ငါတောင်းပန်ပါတယ်”

နဂါးဧကရာဇ်လောင်ကျွမ်းနေမင်းက သူ၏ နောက်ဆုံးအတွေးကို ထုတ်ဖော်ပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဉ်က ငရဲကန့်သတ်မဲ့စိမ့်စမ်းရေနှင့် ပင်ကိုဗီဇဝေဒနာကျိန်စာ၏ တိုက်စားမှုအောက်မှာ အရည်ပျော်ကျသွား၏။

နဂါးအများစုက နေရာမှာတင် မှင်တက်နေပြီး ဖြစ်စဉ်တစ်လျှောက်လုံးမှာ မတုံ့ပြန်နိုင်ကြပေ။ နဂါးဧကရာဇ်လောင်ကျွမ်းနေမင်းက သေဆုံးသွားပြီဖြစ်သည်။ ဒါ့အပြင် သူက အမှန်တကယ် ကျိန်စာမိထားလေသည်။

နဂါးဧကရာဇ်လောင်ကျွမ်းနေမင်းသည် အထီးကျန်သိုင်းသခင်ကြောင့် သေဆုံးသွားခြင်းဖြစ်သော်လည်း အထီးကျန်သိုင်းသခင်က သူ့ကို လွတ်မြောက်ခွင့်ပေးလိုက်ခြင်း ဖြစ်သည့်ပုံပေါ်နေ၏။ တကယ်ဆို နဂါးဧကရာဇ်လောင်ကျွမ်းနေမင်းက သူမသေခင် အထီးကျန်သိုင်းသခင်ကိုပင် ကျေးဇူးတင်သွားခဲ့လေသည်။

နဂါးကမ္ဘာသည် ဤအခြေအနေအထိ ကျဆင်းလာခဲ့သည်မှာ နောက်ကွယ်ကနေ စုန်းမျိုးနွယ်က ပုန်းလျှိုးပြီး သူတို့ကို ကိုင်တွယ်ထိန်းချုပ်နေခဲ့ခြင်းကြောင့် တကယ်ပဲ ဖြစ်နေမလား။

နဂါးတချို့က တစ်စုံတစ်ရာကို စိုးရွံ့သွားသည့်အလား ထိတ်ထိတ်ပျာပျာ ဖြစ်လာပုံရ၏။

“ညီအစ်ကို လောင်ကျွမ်းနေမင်းက ကျိန်စာမိထားပြီး စိတ်လွတ်နေခဲ့တာပဲ”

နဂါးလောကအရှင်က ခါးသီးစွာ ရေရွတ်ပြီး သက်ပြင်းချလိုက်၏။

“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်… အခုလိုကူညီပေးတာ ကျေးဇူးတင်ပါတယ်… ခင်ဗျားက ညီအစ်ကို လောင်ကျွမ်းနေမင်းကို ကျိန်စာရဲ့ ရစ်ပတ်မှုကနေ လွတ်မြောက်ခွင့်ပေးပြီး နဂါးမျိုးနွယ်အတွက် ပုန်းလျှိုးနေတဲ့ အန္တရာယ်ကို ဆွဲထုတ်ပေးခဲ့တာပဲ”

နဂါးဧကရီဆီးနှင်းက ရုတ်တရက်ပြောလိုက်၏။

“နဂါးဧကရာဇ်လောင်ကျွမ်းနေမင်းတစ်ဦးတည်းမှာ နဂါးကမ္ဘာကို ဒီလိုမျိုး ပြောင်းလဲသွားစေတဲ့ အစွမ်းအစ မရှိလောက်ဘူး”

“အင်း”

နဂါးလောကအရှင်က ခေါင်းညိတ်ပြလိုက်၏။

“ကျိန်စာမိထားတဲ့ တခြားနဂါးတွေလည်း ရှိနေနိုင်တယ်… ဒီကိစ္စကို ငါ အမြစ်ကနေ လှန်ရမယ်… မျိုးနွယ်ဝင်တို့ မစိုးရိမ်ကြနဲ့”

သိုင်းတာအိုပင်မခန္ဓာက နဂါးလောကအရှင်ကိုကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“နဂါးမျိုးနွယ်တစ်ခုလုံးကို ချောက်နက်ထဲဆီ တစ်လှမ်းပြီးတစ်လှမ်း ဦးဆောင်ခေါ်သွားနိုင်စွမ်းရှိတဲ့သူက တစ်ဦးတည်းပဲ ရှိတယ်”

နဂါးဧကရီဆီးနှင်း အပါအဝင် နဂါးဧကရာဇ်များနှင့် နဂါးဘုရင်များသည် သိုင်းတာအိုပင်မခန္ဓာ ဆိုလိုသည့်အဓိပ္ပာယ်ကို သဘောပေါက်သွားပုံရပြီး နဂါးလောကအရှင်ကို ကြည့်လာကြ၏။

ဤနှစ်များမှာ နဂါးလောကအရှင်၏ ဦးဆောင်မှုအောက်တွင် နဂါးမျိုးနွယ်သည် ပို၍ပို၍ အစွန်းရောက်လာကြ၏။ သူတို့သည် နေရာတိုင်းမှာ ရန်စပြီး စစ်ပွဲကို ဖြစ်ပွားစေခဲ့လေသည်။

တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်း၏ ကျေနပ်အားရမှုက နဂါးများကို အလွန်တရာ တက်ကြွပြီး အစွန်းရောက်လာစေလေသည်။

အခြားသူများက ကန့်ကွက်ကြသည့်အခါ သူတို့သည် ပို၍ပင် ကျယ်လောင်သော အသံများဖြင့် ဖိနှိမ်ခံရပေလိမ့်မည်။

တကယ်တော့ နဂါးလောကအရှင်ကို သံသယဝင်နေသည့်သူများက ရှိနေခဲ့ပြီးသားဖြစ်၏။ သို့သော်လည်း နဂါးကမ္ဘာမှာ နဂါးလောကအရှင်က အနှိုင်းမဲ့ဖြစ်ပြီး အသန်မာဆုံး တိုက်ခိုက်ရည်ခွန်အားနှင့် စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။ အထီးကျန်သိုင်းသခင်ကလွဲလျှင် သူ့ကို ဘယ်သူက မေးခွန်းထုတ်ရဲမှာလဲ။

“အထီးကျန်သိုင်းသခင် မင်းစကားက ဘာအဓိပ္ပာယ်လဲ”

နဂါးလောကအရှင်၏ အမူအရာက သုန်မှုန်သွားပြီး အေးစက်စွာ ပြောလိုက်၏။

“မင်း ငါ့ကို သံသယဝင်နေတာလား”

နဂါးဧကရီဆီးနှင်းက လေးနက်သောအသံဖြင့် မေးလိုက်၏။

“ဘယ်သူက ပင်ကိုဗီဇဝေဒနာကျိန်စာမိထားတယ်ဆိုတာကို ဘယ်လိုဆုံးဖြတ်နိုင်မှာလဲ… လူတိုင်းက သူတို့ရဲ့အမြုတေစိတ်ဝိညာဉ်တွေကို ကမ်းလှမ်းပေးရမှာလား”

စုံစမ်းစစ်ဆေးဖို့အတွက် သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို အပြင်လူတစ်ယောက်ထံ ကမ်းလှမ်းပေးရသည့်အန္တရာယ်က အရမ်းကိုကြီးမားလေသည်။

မည်သူမဆို တွေဝေတုံ့ဆိုင်းမှုကို ခံစားရပေလိမ့်မည်။

“မလိုပါဘူး”

သိုင်းတာအိုပင်မခန္ဓာက သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ပြီး သူ့ရှေ့မှာ ဝိုင်ခွက်များစွာကို ပေါ်ထွက်လာစေ၏။ သူတို့က စိမ့်စမ်းရေဖြင့် ပြည့်နှက်နေပြီး လေထဲမှာ လွင့်မျောနေ၏။

“ဒီထဲမှာ ကန့်သတ်မဲ့စိမ့်စမ်းရေ ပါတယ်… အဲဒါက ကျိန်စာတွေကို ချေဖျက်ပေးနိုင်တယ်… တစ်ယောက်ယောက်က ကျိန်စာမိထားတာ မကြာသေးဘူးဆိုရင် သူတို့တွေက ကန့်သတ်မဲ့စိမ့်စမ်းရေကို သောက်သုံးပြီး ကယ်တင်ခံရနိုင်တယ်”

“တစ်ယောက်ယောက်က ကျိန်စာ လုံးဝမိမထားဘူးဆိုရင် သူတို့က ရေတစ်ခွက်လုံးကုန်အောင် သောက်ရင်တောင် ဘာထူးခြားမှုမှ ရှိမှာမဟုတ်ဘူး”

နဂါးဧကရီဆီးနှင်းက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ပြောရမယ်ဆိုရင် ရှင်က ကျိန်စာမိထားမယ်ဆို ကန့်သတ်မဲ့စိမ့်စမ်းရေတစ်ခွက်ကို သောက်လိုက်တာနဲ့ ကျိန်စာစွမ်းအားက ချက်ချင်းပေါ်ထွက်လာမှာပေါ့”

“အမှန်ပဲ”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။

နဂါးဧကရာဇ်တစ်ဦးက တွေဝေတုံ့ဆိုင်းသော အမူအရာနှင့်အတူ မျက်မှောင်ကြုတ်ပြီး အေးစက်စွာ ပြောလိုက်၏။

“မင်းရဲ့ ဝိုင်ခွက်ထဲမှာ ဘာရှိတယ်ဆိုတာကို ဘယ်သူသိမှာလဲ… ငါတို့က ကန့်သတ်မဲ့စိမ့်စမ်းရေကို တစ်ခါမှမကြားဖူးဘူး… အထဲမှာ ဘာကိုကွယ်ဝှက်ထားသလဲ ဘယ်သူပြောနိုင်မလဲ”

“ငါ မင်းတို့တွေကို ရွေးချယ်စရာနှစ်ခု ပေးမယ်”

သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။

“ပထမတစ်ခု… ငါ မင်းတို့ရဲ့အမြုတေစိတ်ဝိညာဉ်ကို ကိုယ်တိုင်ဖမ်းဆီးပြီး ကန့်သတ်မဲ့စိမ့်စမ်းရေနဲ့ ဖြန်းမယ်”

“ဒုတိယတစ်ခု… မင်းတို့ဘာသာမင်းတို့ ရေတစ်ခွက်ကိုယူပြီး သောက်သုံးနိုင်တယ်”

“အထီးကျန်သိုင်းသခင်…”

နဂါးလောကအရှင်က ဒေါသချောင်းချောင်းထွက်သွားပြီး အော်ငေါက်လိုက်၏။

“မင်း အရမ်းကို ဗိုလ်ကျလွန်းမနေဘူးလား”

“ငါ အရင်သောက်မယ်”

နဂါးဧကရီဆီးနှင်းက ရှေ့သို့ထွက်လိုက်၏။

“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်ကို ငါယုံတယ်… သူ့ရဲ့အဆင့်အတန်းအရဆို သူ့အနေနဲ့ ငါတို့ကိုသတ်ဖို့ အဲ့လောက်ထိ ဒုက္ခခံနေစရာမလိုဘူး”

“သူအခုပြုလုပ်ပေးနေတာက ငါတို့နဂါးမျိုးနွယ်ကို နောက်ဆုံးအခွင့်အရေးပေးနေတာ ဖြစ်နိုင်တယ်”

ထိုသို့ပြောရင်း နဂါးဧကရီဆီးနှင်းက ရှေ့သို့တက်လှမ်းကာ မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်၏။ သူမက ကြုံရာကျပန်း ဝိုင်ခွက်တစ်ခွက်ကို ကောက်ယူပြီး တစ်ကျိုက်တည်း မော့သောက်လိုက်၏။

ကန့်သတ်မဲ့စိမ့်စမ်းရေက သူမ၏ လည်ချောင်းထဲ ဝင်ရောက်လာသည့်ခဏမှာပင် အေးစက်မှုခံစားချက်တစ်ခုကို ရရှိလာ၏။ အထဲမှာ ထူးဆန်းသော စွမ်းအားတစ်ခု တကယ်ပင် ရှိနေ၏။ သို့သော်လည်း အဲဒါသည် နဂါးဧကရီဆီးနှင်းအပေါ် များစွာသက်ရောက်မှုမရှိပေ။

နဂါးများစွာက နဂါးဧကရီဆီးနှင်း၏ တုံ့ပြန်မှုကို စောင့်ကြည့်နေကြ၏။

ခဏနေပြီးနောက် နဂါးဧကရီဆီးနှင်းက သူမ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

“ဒီရေမှာ ဘာပြဿနာမှမရှိဘူး… အားလုံးပဲ ဘာမှမစိုးရိမ်ဘဲ အဲဒါကို ယူသောက်လို့ရတယ်”

ထို့နောက် ချက်ချင်းပင် ဒုတိယမြောက် နဂါးဧကရာဇ်တစ်ဦးက ရှေ့သို့ထွက်ကာ ကန့်သတ်မဲ့စိမ့်စမ်းရေတစ်ခွက်ကို မော့သောက်လိုက်၏။

ခဏနေပြီးနောက် ထိုနဂါးဧကရာဇ်ကလည်း ခေါင်းညိတ်ပြလိုက်၏။

“ဒီရေမှာ တကယ်ပဲ ဘာအမှားအယွင်းမှမရှိဘူး… အားလုံးပဲ မင်းတို့က ကျိန်စာမိမထားဘူးဆိုရင် ကျေးဇူးပြုပြီး ရေတစ်ခွက်စီ လာသောက်ကြပါ”

“ရယ်စရာကောင်းလိုက်တာ”

နဂါးလောကအရှင်က လှောင်ရယ်လိုက်၏။

“ငါတို့နဂါးမျိုးနွယ်က တခြားသူတွေရဲ့ ကိုင်တွယ်ထိန်းချုပ်တာကို သေချာပေါက်ခံရမှာ မဟုတ်ဘူး… နဂါးလောကအရှင်အနေနဲ့ ငါက ကန့်သတ်မဲ့စိမ့်စမ်းရေကို မသောက်နိုင်ဘူး”

“မင်းဘာသာမင်း မသောက်ဘူးဆိုလည်း ရတယ်လေ”

သိုင်းတာအိုပင်မခန္ဓာက ရေခွက်တစ်ခွက်ကို သာမန်ကာလျှံကာ ကောက်ယူပြီး နဂါးလောကအရှင်ရှိရာသို့ လျှောက်လှမ်းလာ၏။

“ငါ မင်းကို တိုက်မယ်”

သူ့စကားမဆုံးသေးခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက နဂါးလောကအရှင်၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

“သတ်…”

နဂါးလောကအရှင်က ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၏။ ကျယ်လောင်စွာ အော်ဟစ်ရင်း သူက သူ၏ ပကတိလောကကို ကြိုတင်ထုတ်ဖော်လိုက်၏။

စောစောက နဂါးဧကရာဇ်လောင်ကျွမ်းနေမင်းကို ကူညီပေးလိုခဲ့သော နဂါးဧကရာဇ်နှစ်ဦးကလည်း နောက်တစ်ဖန် ဝင်ရောက်တိုက်ခိုက်လာကြ၏။ သူတို့က သူတို့၏ လောကများကို မြှောက်တင်ပြီး သိုင်းတာအိုပင်မခန္ဓာကို ဖိနှိမ်ဖို့ ကြိုးစားလိုက်ကြ၏။

နဂါးဧကရာဇ်သုံးဦးက တစ်ချိန်တည်းမှာ တိုက်ခိုက်လာကြ၏။ အထွတ်အထိပ်ဧကရာဇ်တစ်ဦးဖြစ်သော နဂါးလောကအရှင်ကလွဲလျှင် တစ်ယောက်က သာမန်ဧကရာဇ်တစ်ဦးဖြစ်ပြီး နောက်တစ်ယောက်က အန္တိမဧကရာဇ်တစ်ဦး ဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာက လှည့်ကြည့်ခြင်းမရှိဘဲ သူ၏ လက်ချောင်းကို ညင်သာစွာ ခါထုတ်လိုက်၏။

ကန့်သတ်မဲ့စိမ့်စမ်းရေတစ်စက်က လေထုကို ဆုတ်ဖြဲလာပြီး သိပ်သည်းပြင်းထန်သော စွမ်းအားက သာမန်ဧကရာဇ်၏ လောကကို ချက်ချင်းပင် ကြေမွပျက်စီးသွားစေ၏။

နဂါးများက တုန်လှုပ်သွားကြသည်။

အထီးကျန်သိုင်းသခင်၏ တိုက်ခိုက်ရည်ခွန်အားက တကယ့်ကို ကြောက်စရာကောင်းလွန်းနေသည်။

တကယ်ဆို သူက ထိုနဂါးဧကရာဇ်နှင့် တိုက်ရိုက်ထိတွေ့ခြင်းပင် မရှိပေ။ သူက သူ၏ လက်ချောင်းထဲမှ ရေတစ်စက်ကို ခါထုတ်ရုံမျှနှင့် ထိုသူ၏ လောကကို ကြေမွပျက်စီးသွားစေ၏။

လောကက ကြေမွပျက်စီးသွားပြီး ကန့်သတ်မဲ့စိမ့်စမ်းရေက ထိုဧကရာဇ်အပေါ်သို့ ကျဆင်းလာလေသည်။

ရှဲ….

အစိမ်းရောင်မီးခိုးများက ဧကရာဇ်၏ ဦးခေါင်းကနေ ထွက်ပေါ်လာ၏။

အစိမ်းရင့်ရောင် ချည်မျှင်တချို့ကလည်း သူ၏ မျက်လုံးထဲမှာ ပေါ်ထွက်လာပြီး ထိုမြင်ကွင်းက ထူးဆန်း၍ ကြောက်စရာကောင်းနေ၏။

သို့သော်လည်း နဂါးဧကရာဇ်လောင်ကျွမ်းနေမင်း၏ အခြေအနေနှင့်ယှဉ်လျှင် ဤနဂါးဧကရာဇ်က နက်ရှိုင်းစွာ စွန်းထင်းခံမထားရပေ။

ကန့်သတ်မဲ့စိမ့်စမ်းရေက သူ့အမြုတေစိတ်ဝိညာဉ်ထဲရှိ ပင်ကိုယ်ဗီဇဝေဒနာကျိန်စာကို ချေဖျက်လိုက်ပြီးနောက် သူ့အမြုတေစိတ်ဝိညာဉ်က အတိုင်းအတာတစ်ခုအထိ ထိခိုက်ဒဏ်ရာရရှိသွားသော်လည်း သူက အသက်အန္တရာယ်မရှိပေ။

သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ချောင်းကို ညင်သာစွာ ခါထုတ်ခဲ့၏။ ထို့နောက် သူက သူ၏ ဝတ်ရုံစကို နောက်သို့ပစ်ထုတ်ပြီး အန္တိမနဂါးဧကရာဇ်၏ လောကကို ပြင်းထန်စွာ ရိုက်ခတ်သွားစေ၏။

အုန်း….

ကျယ်လောင်သော မြည်ဟည်းသံက ထွက်ပေါ်လာ၏။

အန္တိမနဂါးဧကရာဇ်၏ လောကကလည်း လဲပြိုကျသွားလေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ ဝတ်ရုံစမှာ ကန့်သတ်မဲ့စိမ့်စမ်းရေ ပါဝင်နေပြီး ထိုအနှိုင်းမဲ့နဂါးဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်သို့ ဖြန်းပက်ကျဆင်းသွား၏။

“အား…”

အန္တိမနဂါးဧကရာဇ်က စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး နာကျင်နေသော အမူအရာနှင့်အတူ သူ၏ မျက်လုံးထဲမှာ အစိမ်းရင့်ရောင်အလင်းတစ်ခု ပေါ်ထွက်လာ၏။

ကန့်သတ်မဲ့စိမ့်စမ်းရေက အလုပ်လုပ်လာခဲ့လေသည်။

နဂါးဧကရာဇ်သုံးဦးက တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြသော်လည်း တစ်ခဏချင်းမှာပင် နဂါးလောကအရှင်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေသည်။

နဂါးလောကအရှင်က အဲဒါကို မရှောင်လွှဲနိုင်ဘဲ သူ၏ ပကတိလောကကို မြှောက်တင်လိုက်၏။ တစ်ချိန်တည်းမှာပင် သူက သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ပြီး သူ၏ အော်ရာက ဆပွားမြင့်တက်လာ၏။ သူက သူ၏ ခေါင်းကို မော့ကာ ဟိန်းဟောက်လိုက်လေသည်။

နဂါးဟိန်းသံက တိမ်စိုင်များကြားအထိ ပဲ့တင်ထပ်သွားပြီး သတ္တုများနှင့် ကျောက်သားများကို ထိုးဖောက်သွားလေသည်။

All Chapters