နဂါးမျိုးနွယ်၏ ကပ်ဘေး
Vol. 206 Ch. 3079
အရင်တုန်းက နဂါးလောကအရှင်သည် တျဲယွဲ့နှင့် တိုက်ခိုက်နိုင်သော ထိပ်သီးပညာရှင်ဖြစ်ခဲ့သည်။
သူ၏ ခွန်အားကို လျှော့တွက်၍ မရနိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် သူ့ကို ဖိနှိမ်လိုသည်ဆိုလျှင် သူက သိုင်းစကြဝဠာကို ဆင့်ခေါ်ဖို့ လိုအပ်သည်။
သို့သော်လည်း သိုင်းစကြဝဠာကို ထုတ်ဖော်လိုက်သည်နှင့် ရုတ်ရုတ်သဲသဲ အခြေအနေက အရမ်းကို ကြီးမားသွားပေလိမ့်မည်။ ဒါ့အပြင် ထွက်ပေါ်လာမည့် စွမ်းအားသည် အလွန်တရာ ကြောက်စရာကောင်းပြီး မဟာဧကရာဇ်နယ်ပယ်နှင့် နီးစပ်သွားပေလိမ့်မည်။
မဟာအရိုင်းကမ္ဘာက တိုက်ပွဲကဲ့သို့ ရုတ်ရုတ်သဲသဲ အခြေအနေတစ်ခုကို ထပ်မဖြစ်စေဖို့ မိစ္ဆာအရှင်က သူ့ကို တစ်ခါသတိပေးခဲ့ဖူး၏။
သိုင်းတာအိုပင်မခန္ဓာသည် နဂါးလောကအရှင်နှင့် ရင်ဆိုင်ရာမှာ သိုင်းစကြဝဠာကို ထုတ်ဖော်ဖို့ စိတ်ကူးမရှိပေ။
ဝုန်း...
သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ကို မြှောက်ပြီး ပစ်ထိုးလိုက်၏။ အဆုံးမဲ့ဓမ္မတာအိုများနှင့် သိုင်းစိတ်ဆန္ဒတို့က သိပ်သည်းစုဖွဲ့လာပြီး နဂါးလောကအရှင်၏ လောကကို ကျယ်လောင်သော မြည်သံဖြင့် ထိခတ်သွား၏။
နဂါးလောကအရှင်၏ လောကက အဆက်မပြတ် ယိမ်းထိုးသွား၏။ သို့သော်လည်း သူ၏ မျိုးဆက်သွေးနယ်မြေနှင့်အတူ သူက သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ကို ခံနိုင်ရည်ရှိလေသည်။
အမြုတေသိုင်းကောင်းကင်လိုဏ်ဂူက ထပ်မံ၍ တိုးမြင့်လာပြီး လောကတစ်ခုကို စုဖွဲ့ထားမည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးစွမ်းအားက ဆပွားမြင့်တက်လာပေလိမ့်မည်။
ထိုအခါ သူသည် နဂါးလောကအရှင်၏ ပကတိလောကကို လက်ဗလာဖြင့် အနိုင်ယူနိုင်မည်ဖြစ်၏၊
ယခု သူက အနည်းငယ် လိုအပ်နေဆဲပင်။
“အထီးကျန်သိုင်းသခင်… မင်းမှာရှိတာ ဒါအကုန်ပဲလား”
နဂါးလောကအရှင်က ဟားတိုက်ရယ်မောကာ စိတ်အားမာန်တက်ကြွလာ၏။
ဤလောကနှင့် ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် ထိုးချက်ချို့နှင့်အတူ ၎င်းကို ခြေမွှဖျက်ဆီးနိုင်လေသည်။
သို့သော်လည်း နဂါးလောကအရှင်၏ စကားကို ကြားသွားသောအခါ သိုင်းတာအိုပင်မခန္ဓာက သူ့နှင့် ငြင်းခုံဖို့ကို အရေးလုပ်မနေနိုင်ပေ။ သူက ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ပြီး ထိုသူ၏ ဦးခေါင်းကို လွှဲရိုက်လိုက်၏။
အထွတ်အမြတ်ဝိညာဉ်လေးခုက လှည့်ပတ်လာပြီး နဂါးဟိန်းသံနှင့် ဂါထာမန္တန်ရွတ်ဖတ်သံတို့က ရောထွေးသွား၏။
ဝုန်း...
လောကက လှုပ်ခါသွားပြီး ပတ်ဝန်းကျင်မှာရှိသော အဆုံးစွန်နဂါးခန်းမက ယိမ်းထိုးကာ ဖုန်မှုန့်များ ကျဆင်းလာ၏။
ထို့နောက် ချက်ချင်းပင် နဂါးလောကအရှင် စုဖွဲ့ထားသော လောကကနေ အက်ကွဲသံများ ထွက်ပေါ်လာ၏။
ငရဲဖိနှိမ်မီးဖို၏ အောက်ဘက်ကနေ အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး ပင့်ကူအိမ်ကဲ့သို့ လျင်မြန်စွာ ဖြန့်ကြက်သွား၏။
ထိုလောကက ကြေမွပျက်စီးသွားလေသည်။
တစ်ခဏမျှမှာ ပကတိလောကတစ်ခုက နေရာမှာတင် လဲပြိုကျသွား၏။
နဂါးလောကအရှင်၏ မျိုးဆက်သွေးနယ်မြေကပင် ကြေမွသွားလေသည်။
မဟာအရိုင်းကမ္ဘာက တိုက်ပွဲမှာ ငရဲဖိနှိမ်မီးဖိုသည် အထွတ်အမြတ်တောကောင် လေးကောင်၏ မျိုးဆက်သွေးများကို စုပ်ယူပြီး ပြန်လည်တည်ဆောက်ထားခဲ့သည်။ သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာ ထွက်ပေါ်လာသော စွမ်းအားသည် အရင်တုန်းက မဟာဧကရာဇ်လက်နက်ထက် သေချာပေါက် မနိမ့်ကျပေ။
နဂါးလောကအရှင်၏ မျက်လုံးက တုန်လှုပ်စွာဖြင့် ပြူးကျယ်သွား၏။
သူက မတုံ့ပြန်နိုင်ခင် သိုင်းတာအိုပင်မခန္ဓာက ငရဲဖိနှိမ်မီးဖိုကို စောင်းငဲ့ပြီး ဒယ်စောက်တစ်လုံးအပြည့် ကန့်သတ်မဲ့စိမ့်စမ်းရေများကို သွန်ချလိုက်၏။
အစကတော့ သိုင်းတာအိုပင်မခန္ဓာသည် သူ့ကို စိမ့်စမ်းရေတစ်ခွက် တိုက်ချင်ရုံသာဖြစ်၏။
နဂါးလောကအရှင်က အညံ့ခံဖို့ ငြင်းဆန်နေသည်ဆိုမှတော့ သူက ဒယ်စောက်အပြည့် ရေများကို သွန်ချရလေသည်။
တစ်ခဏချင်းမှာပင် နဂါးလောကအရှင်က ကန့်သတ်မဲ့စိမ့်စမ်းရေများဖြင့် လုံးလုံးလျားလျား စိုရွှဲသွားလေသည်။
နောက်ခဏ၌ သူ၏ ဦးခေါင်းထိပ်ကနေ အစိမ်းရောင်မီးခိုးများ အူထွက်လာ၏။
အစိမ်းရင့်ရောင် ချည်မျှင်များကလည်း သူ၏ မျက်လုံးထဲမှာ ပေါ်ထွက်လာလေသည်။ ၎င်းသည် ပင်ကိုယ်ဗီဇဝေဒနာကျိန်စာဖြင့် စွန်းထင်းခံထားရသည့် လက္ခဏာတစ်ခုဖြစ်၏။
နဂါးလောကအရှင်ကို စွန်းထင်နေသော ပင်ကိုယ်ဗီဇဝေဒနာကျိန်စာသည် နဂါးဧကရာဇ် လောင်ကျွမ်းနေမင်းထက် အနည်းငယ် လျော့နည်းလေသည်။
သို့သော်လည်း ၎င်းသည် အခြားသော နဂါးဧကရာဇ်နှစ်ဦးထက် များစွာပိုမိုပြင်းထန်နေ၏။
သူသည် လောလောဆယ်မှာ ကန့်သတ်မဲ့စိမ့်စမ်းရေကနေ ရှင်သန်နိုင်မည်ဆိုလျှင်တောင် သူ၏ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာအပြင်းအထန် ရရှိသွားလိမ့်မည်ဖြစ်ပြီး သူ့မှာ အသက်ရှင်ဖို့အတွက် အချိန်များစွာ ကျန်တော့မည်မဟုတ်ပေ။
နဂါးလောကအရှင်က က့န်သတ်မဲ့စိမ့်စမ်းရေဖြင့် လောင်းချခံရပြီးနောက် ပြင်းထန်သော နာကျင်မှုကို ခံစားနေရ၏။
သူသည် စောစောက သူ၏ အစွမ်းကုန်ရှိသမျှနှင့် ခုခံဆန့်ကျင်နေဆဲဖြစ်သော်လည်း ထိုအခိုက်အတန့်မှာ သူက တစ်စုံတစ်ရာကို နားလည်သွားပုံရပြီး အသံတစ်ချက် ထွက်မလာတော့ပေ။ သူက အံကိုကြိတ်ကာ နာကျင်မှုကို တိတ်တဆိတ် တောင့်ခံနေပြီး သူ၏ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်နေ၏။
ထိုသည်ကို တွေ့မြင်သောအခါ နဂါးများမှာ တွေဝေရှုပ်ထွေးသော အမူအရာများ ရှိလာပြီး ပူဆွေးဝမ်းနည်းမှုကို ခံစားလာရ၏။
ခံ့ညားထည်ဝါသော နဂါးလောကအရှင်ပင်လျှင် ကျိန်စာမိထားပြီး အခြားသူတစ်ယောက်၏ ထိန်းချုပ်ခြင်းကို ခံနေရ၏။
သူက စိတ်လွတ်သွားပြီး နဂါးမျိုးနွယ်ကို ယနေ့အချိန်ထိ ချောက်နက်ထဲသို့ တစ်လှမ်းပြီးတစ်လှမ်း ဦးဆောင်ခေါ်လာခဲ့ပြီး သူတို့ကို အဖတ်ဆယ်မရသော အခြေအနေတစ်ခုမှာ ကျဆင်းသွားစေ၏။
နဂါးဧကရီဆီးနှင်းနှင့် ကျန်ရှိနေသော နဂါးဧကရာဇ်များ၏ အမိန့်အောက်မှာ ခန်းမထဲရှိ နဂါးများက ကန့်သတ်မဲ့စိမ့်စမ်းရေကို တစ်ယောက်ပြီးတစ်ယောက် သောက်လိုက်ကြရ၏။
သူတို့ကြားမှာ ပင်ကိုယ်ဗီဇဝေဒနာကျိန်စာဖြင့် စွန်းထင်းခံထားရသော နဂါးတချို့က ပေါ်ထွက်လာ၏။
သို့သော်လည်း ခန်းမထဲရှိ နဂါးအရေအတွက်နှင့်ယှဉ်လျှင် ကျိန်စာမိထားသော နဂါးအရေအတွက်က သိပ်မများပေ။
နဂါးများစွာသည် နဂါးလောကအရှင်နှင့် ကျိန်စာဖြင့် စွန်းထင်းခံရကာ နာကျင်မှုကို ကြိတ်မှိတ်ခံစားနေရသော သူတို့၏ မျိုးနွယ်ဝင်တချို့ကို ကြည့်ကာ ငေးငိုင်နေကြ၏။ သူတို့သည် အနည်းငယ် ငေးငိုင်ပျောက်ဆုံးနေပြီး ကူကယ်ရာမဲ့ကာ စိတ်ပျက်လက်ပျက်ပင် ဖြစ်နေပုံရ၏။
ဤမျိုးနွယ်ဝင်များက ကျိန်စာမိထားပြီး သူတို့၏ စိတ်များကို မထိန်းချုပ်နိုင်ခဲ့ကြပေ။ သူတို့သည် အခြားသူများ၏ ထိန်းချုပ်ခြင်းခံရပြီး နဂါးမျိုးနွယ်အပေါ် ပျက်စီးထိခိုက်စေသည့် ကိစ္စများစွာကို ပြုလုပ်ခဲ့ကြ၏။
သို့သော်လည်း သူတို့က ကျိန်စာဖြင့် စွန်းထင်းမခံထားရပေ။ ထို့သို့ဆိုလျှင်တောင် သူတို့သည် နဂါးလောကအရှင်နှင့် ကျိန်စာမိထားသော နဂါးများ၏ ခြေရာအတိုင်း လိုက်ပါပြီး ဤနှစ်များမှာ မရေမတွက်နိုင်သော မကောင်းမှုဒုစရိုက်များကို ကျူးလွန်ခဲ့ကြ၏။
နောက်ဆုံးမှာ သူတို့သည် သူတို့၏ စိတ်ဝိဉာဉ်ကို မထိန်းသိမ်းနိုင်ဘဲ သူတို့၏ ရင်ထဲရှိ ဆိုးယုတ်မှုများကို လွှတ်ပေးကာ ရူးသွပ်မှုမှာ ဆင်းသက်သွားရလေသည်။
သူတို့သည် ပင်ကိုယ်ဗီဇဝေဒနာကျိန်စာဖြင့် သက်ရောက်မခံရသော်လည်း သူတို့က သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ခဲ့သေးပေ။
ဆူဇီမိုသည် အရာရာတိုင်းကို အာရုံခံမိသောအခါ တုန်လှုပ်သွား၏။
ကြောက်စရာအကောင်းဆုံးအရာက ပင်ကိုယ်ဗီဇဝေဒနာကျိန်စာသာ မဟုတ်ပေ။
ကြောက်စရာအကောင်းဆုံးအရာမှာ ပင်ကိုယ်ဗီဇဝေဒနာကျိန်စာသည် အခြားသူများကို ညှို့ငင်ဖမ်းစားပြီး အစက ကြင်နာတတ်၍ မှန်ကန်ဖြောင့်မတ်သော လူများကို မိစ္ဆာများအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ခြင်း ဖြစ်လေသည်။
ကျိန်စာကို ကန်သတ်မဲ့စိမ့်စမ်းရေက ဖြေရှင်းပေးနိုင်၏။
သို့သော်လည်း ဤလူများ၏ နှလုံးသားများထဲမှ အတွင်းစိတ် ကျိန်စာများကို ဘယ်အရာက ဖြေရှင်းပေးနိုင်မှာလဲ။ နဂါးမျိုးနွယ်သည် ဤကပ်ဘေးကနေ ရှင်သန်နိုင်ခဲ့မည်ဆိုလျှင်တောင် သူတို့၏ အခြေခံအုတ်မြစ်က ပြင်းပြင်းထန်ထန် ပျက်စီးထိခိုက်သွားပြီး သူတို့သည် ယခင်ကနှင့် ဆက်လက်၍ တူညီတော့မည် မဟုတ်ပေ။ အချိန်ကြာလာသည်နှင့်အမျှ နဂါးမျိုးနွယ်ထံမှ ပင်ကိုယ်ဗီဇဝေဒနာကျိန်စာက တဖြည်းဖြည်း ပျက်ပြယ်သွား၏။ နဂါးတချို့က ပင်ကိုယ်ဗီဇဝေဒနာကျိန်စာဖြင့် အချိန်ကြာမြင့်စွာ စွန်းထင်းခံထားရပြီး နဂါးဧကရာဇ် လောင်ကျွမ်းနေမင်းကဲ့သို့ တူညီစွာ အဆုံးသတ်သွားရ၏။ သိပ်မကြာခင် သူတို့က သေဆုံးသွားလေသည်။
သို့သော်လည်း ကျိန်စာမိထားသော နဂါးအများစုက ရှင်သန်နိုင်ခဲ့၏။
သူတို့အနေဖြင့် ရှင်သန်နိုင်ခဲ့သော်လည်း သူတို့၏ အမြုတေစိတ်ဝိညာဉ်များအပေါ် ထိခိုက်ဒဏ်ရာများက အဓိကမဟုတ်ပေ။ သူတို့၏ ပုံမှန်အသိစိတ်ကို ပြန်လည်ရရှိလာသည့်အခါ ဤနှစ်များအတွင်း သူတို့ပြုလုပ်ခဲ့သည့် အရာရာတိုင်းသည် သူတို့၏ စိတ်များထဲမှ ပေါ်ထွက်လာကာ ခြောက်လှန့်နေပေလိမ့်မည်။
သူတို့မျိုးနွယ်ဝင်များနှင့် အပြစ်ကင်းစင်သော သက်ရှိများ၏ သွေးများဖြင့် စွန်းထင်းနေခဲ့သော မှတ်ဉာဏ်တိုင်းက သူတို့၏ နှလုံးသားကို ဖိစီးနှိပ်စက်နေပေလိမ့်မည်။
“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်… ကျုပ်တောင်းပန်ပါတယ်”
နဂါးလောကအရှင်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏ အော်ရာက အားနည်းနေ၏။ သူက မတ်တတ်ထရပ်ပြီး သိုင်းတာအိုပင်မခန္ဓာ ရှိရာဘက်သို့ အလေးအနက် ဦးညွှတ်လိုက်၏။
“မင်း ငါ့ကို တောင်းပန်စရာ မလိုပါဘူး”
သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
ယခုအချိန်ထိကို နဂါးမျိုးနွယ်သည် သူ့ကို အမှန်တကယ် ထိခိုက်အောင် မလုပ်ခဲ့ပေ။
နဂါးကမ္ဘာနှင့် နဂါးမျိုးနွယ်ကသာ နဂါးလောကအရှင်နှင့် ကျိန်စာမိထားသော နဂါးများထံမှ ပျက်စီးထိခိုက်မှု အများဆုံးကို လက်ခံရရှိခဲ့၏။
နဂါးလောကအရှင်သည် သူ၏ ဘေးပတ်လည်မှ စိတ်ပျက်အားငယ်နေသော မျိုးနွယ်ဝင်များကို ကြည့်ရှုပြီး ပူဆွေးဝမ်းနည်းမှုကို ခံစားလာရကာ သူ၏ မျက်နှာပေါ် မျက်ရည်များက စီးကျလာ၏။
အစက စွမ်းအားကြီးမားခဲ့သော နဂါးမျိုးနွယ်မှာ ဤကဲ့သို့ ဆိုးဆိုးဝါးဝါး အခြေအနေမှာ ကျဆင်းနေသည့် ဤကလန်သားများသာ ကျန်ရစ်ခဲ့လေသည်။
သူသည် နဂါးမျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးပစ်လုနီးပါးဖြစ်ခဲ့၏။
ဤတစ်ခေါက် နဂါးမျိုးနွယ်ကပ်ဘေး၏ ရိုက်ခတ်မှုသည် သူတို့၏ ခွန်အားအပေါ်မှာသာလျှင် မဟုတ်ပေ။ ၎င်းသည် သူတို့၏ နှလုံးသား၊ အမြုတေနှင့် အခြေခံအုတ်မြစ်တို့အပေါ်မှာလည်း စိတ်ဒဏ်ရာတစ်ခုကို ရရှိသွားစေ၏။
ဤကဲ့သို့သော ပျက်စီးထိခိုက်မှုကနေ ပြန်လည်အဖတ်ဆယ်နိုင်ဖို့ နှစ်ပေါင်းဘယ်လောက်များများ အချိန်ယူရမလဲ မသိရပေ။
နဂါးမျိုးနွယ်မှာ ဤကဲ့သို့သော အခွင့်အရေးတစ်ခု ရှိနေပါဦးမလား။
ရုတ်တရက် တျဲယွဲ့က မေးလိုက်၏။
“ငါသိရသလောက်ဆိုရင် ပင်ကိုယ်ဗီဇဝေဒနာကျိန်စာကို ထုတ်ဖော်ဖို့အတွက် လိုအပ်တဲ့ အခြေအနေက အတော်လေး ပြင်းထန်ကြမ်းတမ်းတယ်… ရှင်တို့တွေက ကြိုတင်ပြင်ဆင်ထားသရွေ့ အခြားသူရဲ့ ထိန်းချုပ်တာကို ခံရမှာမဟုတ်ဘူး”
“အား...”
ထိုအကြောင်းကို ပြောချိန်မှာ နဂါးလောကအရှင်က လေးတွဲ့စွာ သက်ပြင်းချလိုက်၏။
“အရင်တုန်းက စုန်းလောကအရှင်က အလည်အပတ်ရောက်ရှိလာခဲ့တယ်… သူက ရှေးဟောင်းမဟာဧကရာဇ်တစ်ပါးရဲ့ အပျက်အစီးနယ်မြေကို ရှာတွေ့ခဲ့တယ်လို့ပြောပြီး သူနဲ့အတူလိုက်ခဲ့ဖို့ ငါ့ကို ဖိတ်ခေါ်ခဲ့တယ်… ငါလည်း လောဘနည်းနည်းတက်ပြီး သဘောတူလိုက်မိတယ်”
“ငါက စုန်းလောကအရှင်ကို အမြဲတမ်း သတိထားနေခဲ့ပြီး ပေါ့ပေါ့ဆဆ မလုပ်ရဲခဲ့ဘူး…ဒါပေမဲ့ အဲဒီအပျက်အစီးနယ်မြေမှာ ကန့်သတ်အလွှာတွေ အများကြီး ရှိနေတယ်… သတိတစ်ချက်ပေါ့သွားတဲ့ အချိန်မှာပဲ ငါတို့တွေက ရှေးဟောင်းအဆိပ်တစ်ခုနဲ့ စွန်းထင်းခံလိုက်ရတယ်”
“ငါတို့ရဲ့ ကျင့်ကြံမှုအရ ငါတို့က ရှေးဟောင်းအဆိပ်ကို လောလောဆယ်မှာ ဖိနှိမ်ထားနိုင်တယ်… ဒါပေမဲ့ အဲဒါကို အမှန်တကယ် မဖြေရှင်းနိုင်သရွေ့ အဲဒါက ငါတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ပုန်းလျှိုးနေတဲ့ အန္တရာယ်တစ်ခုအဖြစ် အမြဲတမ်း ရှိနေလိမ့်မယ်”
တျဲယွဲ့က ဂရုမစိုက်သည့်ဟန်ဖြင့် ပြုံးလိုက်၏။
“စုန်းလောကအရှင်မှာ အဲဒီအဆိပ်အတွက် ဖြေဆေးရှိပြီးသားလို့ ငါယုံတယ်”
နဂါးလောကအရှင်က ခေါင်းညိတ်ပြီး သူ့ကိုယ်သူ အပြစ်တင်ဟန်ဖြင့် ပြုံးလိုက်၏။
“အခု ကျုပ် အဲဒါကို ပြန်စဉ်းစားမိတယ်… သူကိုယ်တိုင်ကလည်း အဲဒီအဆိပ်ကို အမိခံပြီး သူက ကျုပ်ရဲ့ယုံကြည်မှုကို ရယူနိုင်ခဲ့တယ်”
“နှစ်အနည်းငယ်ကြာပြီးနောက် သူက နဂါးကမ္ဘာကို နောက်တစ်ဖန် ရောက်လာတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရှေးဟောင်းအဆိပ်က ပျက်ပြယ်သွားခဲ့ပြီ… အဲဒီနည်းလမ်းအကြောင်း ကျုပ် သူ့ကိုမေးတဲ့အခါ သူက စုန်းမျိုးနွယ်မှာ အဲဒီအဆိပ်ကို ချေဖျက်နိုင်တဲ့ လျှို့ဝှက်အတတ်တစ်ခု ရှိတယ်လို့ ပြောတယ်”
“ကျုပ်က နဂါးလောကအရှင်ပဲ… ကျုပ်တို့တွေက နဂါးကမ္ဘာမှာ ရှိနေခဲ့ကြတာ… သူက ကျုပ်အပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တစ်ခု ထားရဲလိမ့်မယ်လို့ ကျုပ်မထင်ခဲ့ဘူး… နဂါးမျိုးနွယ်က အခြားသူတွေရဲ့ ဖိအားပေးတာကို ဘယ်တော့မှခံမှာမဟုတ်ဘူး… သူက ကျုပ်ကို တစ်ခုခုလုပ်ရဲမယ်ဆိုရင် ကျုပ်က သေရမယ်ဆိုရင်တောင် သူ့ကို သတ်ဖြတ်ပစ်လိုက်မယ်”
ထိုစကားကို ကြားသောအခါ လူတိုင်းက နောက်ပိုင်းဖြစ်ပျက်ခဲ့သည့်အရာကို ခန့်မှန်းမိနိုင်ကြ၏။
နဂါးလောကအရှင်က ပြောလိုက်၏။
“ကျုပ်က ပင်ကိုယ်ဗီဇဝေဒနာကျိန်စာကို ဘယ်တုန်းကမှ မကြားဖူးခဲ့ဘူး… လောကမှာ အဲ့လောက်ထိ ကြောက်စရာကောင်းတဲ့ အဆိပ်တစ်ခု ရှိနေတယ်ဆိုတာကိုလည်း မသိခဲ့ဘူး… တစ်ယောက်ယောက်ကို စိတ်လွတ်ပြီး ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားစေနိုင်တဲ့ အဲ့လိုမျိုး အဆိပ်တစ်ခု ရှိနေမယ်ဆိုတာကို ကျုပ်တကယ်ပဲ မသိခဲ့ဘူး”
“နောက်ပြီး သူက အဲဒီလျှို့ဝှက်အတတ်ကို ထုတ်ဖော်ပြီးတဲ့နောက် ကျုပ်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရှေးဟောင်းအဆိပ်က တကယ်ပဲ ပျက်ပြယ်သွားခဲ့တယ်… ကျုပ်က ကျိန်စာမိထားတဲ့ ဘာအရိပ်လက္ခဏာကိုမှ မခံစားခဲ့ရဘူး… အဲဒါကြောင့် သူ့ကို ထွက်ခွာခွင့်ပေးခဲ့တယ်”
“တောက်ဟိုင်… တောက်ဟိုင်… ရှင်ဘယ်လိုဖြစ်လို့ အဲ့လောက်ထိ လောဘကြီးပြီး နမော်နမဲ့နိုင်ရတာလဲ”
နဂါးဧကရီဆီးနှင်းက ညည်းတွားရေရွတ်ပြီး သက်ပြင်းချလိုက်၏။
နဂါးလောကအရှင်သည် ထိန်းချုပ်ခံရပြီးနောက် အခြားသောနဂါးများ ကျိန်စာမိသွားသည်ကို စဉ်းစားကြည့်ဖို့ လွယ်ကူလေသည်။
ရုတ်တရက် ဆူဇီမိုက မေးလိုက်၏။
“ခင်ဗျားမိသွားတဲ့ အဆိပ်က ဘာအဆိပ်လဲ”
ထိုမေးခွန်းက အနည်းငယ် မပြေပြစ်ဘဲ တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော လူသားဘုရင်ထံမှ ထွက်ပေါ်လာခဲ့လေသည်။
နဂါးလောကအရှင်က ဆူဇီမိုကို တစ်ချက်ကြည့်၍ ခဏမျှ တွေးတောတုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။
“တမလွန်ကပ်ဘေးအဆိပ်”