ငါဖြေရှင်းပေးမယ်
Vol. 206 Ch. 3080
ဆူဇီမိုက အဲဒါသည် တမလွန်ကပ်ဘေးအဆိပ်ဖြစ်သည်ဟု ကြားရသောအခါ ရင်တစ်ချက်ထိတ်သွား၏။
နဂါးလောကအရှင်က စောစောက ဤအကြောင်းကို ဖော်ပြခဲ့ပြီး ထိုအဆိပ်သည် ဧကရာဇ်များပင် မဖြေရှင်းနိုင်သော ရှေးဟောင်းအဆိပ်တစ်မျိုးဖြစ်သည်ဟု ပြောဆိုသောအခါ သူသည် ပန်းကမ္ဘာမှာ ဖြစ်ခဲ့သည့်အရာကို ချက်ချင်းပင် အမှတ်ရသွား၏။
ထင်မှတ်ထားသည့်အတိုင်းပင် နဂါးလောကအရှင် စွန်းထင်းခံခဲ့ရသည့် အဆိပ်သည် ပန်းကမ္ဘာမှာ တစ်ခါက ပျံ့နှံ့ခဲ့သည့် တမလွန်ကပ်ဘေးအဆိပ် ဖြစ်နေ၏။
အတိတ်ကာလတုန်းက ခေတ်တစ်ခုမှာ အဆိပ်ကမ္ဘာသည် ဤအဆိပ်အပေါ် မှီခိုပြီး ထိပ်တန်းကမ္ဘာကြီးများထဲမှ တစ်ခုအဖြစ် ရပ်တည်ကာ အခြားသောကမ္ဘာများက သူတို့ကို ရန်မစလိုခဲ့ကြပေ။
သူတို့သည် နေ့နှင့်ညကုန်းမြေသို့ သွားရောက်ခဲ့စဉ်က သူတို့ကို အုတ်ဂူကမ္ဘာ၊ သွေးကမ္ဘာနှင့် အဆိပ်ကမ္ဘာတို့မှ ကျင့်ကြံသူများက ချောင်းမြောင်းတိုက်ခိုက်ခဲ့လေ၏။
လမ်းမှာ ဆူဇီမိုသည် စုန်းမျိုးနွယ်ကျင့်ကြံသူများ၏ အရိပ်အယောင်များကိုလည်း တွေ့မြင်ခဲ့ရ၏။
ဤတစ်ခေါက်လည်း ဆင်တူစွာပင် ဖြစ်စဉ်များ၏ နောက်ကွယ်မှာ ပြဿနာများကို မီးမွှေးပေးနေသည့် စုန်းမျိုးနွယ် ရှိနေလေသည်။
အုတ်ဂူကမ္ဘာ၊ သွေးကမ္ဘာနှင့် အဆိပ်ကမ္ဘာတို့သည် နဂါးကမ္ဘာကို တိုက်ခိုက်ရန် နေကာသစ်ပင်ကမ္ဘာနှင့် ပူးပေါင်းထားသော ကမ္ဘာများဖြစ်လေသည်။ ဤအချက်အလက်များက တိုက်ဆိုင်မှုတွေပဲလား။
သူတို့က တိုက်ဆိုင်မှုများ မဟုတ်ဘူးဆိုလျှင် ထိုကမ္ဘာကြီးများနှင့် စုန်းကမ္ဘာကြား မည်ကဲ့သို့သော ဆက်ဆံရေး ရှိနေသလဲ။
သို့မဟုတ် စုန်းကမ္ဘာသည် ပင်ကိုယ်ဗီဇဝေဒနာကျိန်စာကို အသုံးချကာ သွေးကမ္ဘာ၊ အုတ်ဂူကမ္ဘာနှင့် အဆိပ်ကမ္ဘာတို့ကို ထိန်းချုပ်ထားခဲ့ပြီလား။
အခြားသော ကမ္ဘာများအနေဖြင့် ပြောဆိုဖို့ရန် ခက်လေသည်။ သို့သော်လည်း နဂါးကမ္ဘာသည် တမလွန်ကပ်ဘေးအဆိပ်ဖြင့် ကူးစက်ခံရပြီး နောက်ပိုင်းမှာ စုန်းလောကအရှင်သည် ဖြေဆေးကို အသုံးချပြီး ပင်ကိုယ်ဗီဇဝေဒနာကျိန်စာကို ထည့်သွင်းခဲ့လေသည်။ စုန်းကမ္ဘာသည် အဆိပ်ကမ္ဘာနှင့် ပူးပေါင်းပြီး ပြုလုပ်ခဲ့သည်မှာ သိသာနေ၏။
တမလွန်ကပ်ဘေးအဆိပ်ဖြစ်စေ၊ ပင်ကိုယ်ဗီဇဝေဒနာကျိန်စာဖြစ်စေ၊ သူတို့သည် စုန်းကမ္ဘာနှင့် အဆိပ်ကမ္ဘာ၏ အသန်မာဆုံး သတ်ဖြတ်ခြင်းလက်နက်များဟု ဆိုနိုင်လေသည်။
ထိုကမ္ဘာနှစ်ခု၏ လောကအရှင်များ ပူးပေါင်းထားမှသာ နဂါးလောကအရှင်ကို အောင်အောင်မြင်မြင် အကွက်ချကြံစည်နိုင်မည်ဖြစ်သည်။
တကယ်တော့ အဲဒီမှာ သံသယဝင်စရာတချို့လည်း ရှိနေသေး၏။
ပုံမှန်အားဖြင့်ပြောရလျှင် တမလွန်ကပ်ဘေးအဆိပ်နှင့် ပင်ကိုယ်ဗီဇဝေဒနာကျိန်စာသည် ဆိတ်သုဉ်းပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီဖြစ်၏။ သူတို့က ဒီဘက်မျိုးဆက်မှာ ဘာကြောင့် ပြန်လည်ပေါ်ထွက်လာရတာလဲ။
ဒါ့အပြင် တမလွန်ကပ်ဘေးအဆိပ်ကို ဖြေရှင်းနိုင်သည့် စုန်းမျိုးနွယ်လျှို့ဝှက်အတတ်တစ်ခုခု ရှိလိမ့်မည်ဟု ဆူဇီမိုက မယုံကြည်ပေ။
ထို့သို့ဆိုလျှင် စုန်းလောကအရှင်သည် သူ့ခန္ဓာကိုယ်ထဲနှင့် နဂါးလောကအရှင်၏ ခန္ဓာကိုယ်ထဲရှိ တမလွန်ကပ်ဘေးအဆိပ်ကို ဖြေရှင်းဖို့ ဘာကို အသုံးချခဲ့တာလဲ။
နဂါးမျိုးနွယ်မှာ ဤကဲ့သို့ ကြီးမားသည့် ပြဿနာတစ်ခု ရှိနေခဲ့၏။
ပန်းကမ္ဘာသည်လည်း တမလွန်ကပ်ဘေးအဆိပ်၏ ပျံ့နှံ့မှုနှင့်အတူ ချမ်းသာရာရခဲ့လိမ့်မည် မဟုတ်ပေ။
ထို့သို့ဆိုလျှင် နဂါးကမ္ဘာနှင့် နှစ်ပေါင်းများစွာ ဆန့်ကျင်တိုက်ခိုက်ခဲ့သော နေကာသစ်ပင်ကမ္ဘာမှာ ဘာပြဿနာမှ မရှိခဲ့ဘူးလား။
နဂါးများနှင့် ဖီးနစ်များကြား စစ်ပွဲသည် နှစ်ပေါင်းများစွာကြာအောင် ကမ္ဘာပေါင်းရာချီအထိ ပျံ့နှံ့လာခဲ့၏။
တစ်ချိန်တည်းမှာပင် ခွန်မျိုးနွယ်နှင့် ဖန်းမျိုးနွယ်ကြား လောကစစ်ပွဲတစ်ခုကလည်း ပေါ်ထွက်လာခဲ့လေသည်။
ဤစစ်မြေပြင်နှစ်ခုမှာပင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ ကမ္ဘာများထဲမှ ထက်ဝက်နီးပါးက ပါဝင်ပတ်သက်နေပြီး မရေမတွက်နိုင်သော သက်ရှိများက သေဆုံးခဲ့ရ၏။
စုန်းမျိုးနွယ်သည် နဂါးများနှင့် ဖီးနစ်များကြား တိုက်ပွဲ၏ နောက်ကွယ်မှာ ရှိနေ၏။
စုန်းမျိုးနွယ်သည် ခွန်မျိုးနွယ်နှင့် ဖန်းမျိုးနွယ်ကြား စစ်ပွဲမှာလည်း ပါဝင်ပတ်သက်နေသလား။
နေ့နှင့်ညကုန်းမြေ၏ အပြင်ဘက်မှာတုန်းက ရှောင်းယောင်ကို ကယ်တင်ဖို့အတွက် သူသည် ခွန်မျိုးနွယ်မှ ပညာရှိတစ်ဦးနှင့် တိုက်ခိုက်ခဲ့ရ၏။
ထိုအချိန်တုန်းက ခွန်မျိုးနွယ်မှ ဘုရင်နှင့်အတူ စုန်းမျိုးနွယ်မှ ဘုရင်တစ်ဦးလည်း ရှိနေခဲ့၏။
ဒါ့အပြင် ရှောင်းယောင်ပြောဆိုပုံအရ ခွန်မျိုးနွယ်မှာလည်း ကိစ္စများက ပုံမှန်မဟုတ်ပေ။
ပုံမှန်အခြေအနေမှာဆိုလျှင် ရှောင်းယောင်ကဲ့သို့ ဘိုးဘေးဗီဇလက္ခဏာများ ပြသလာသည့် ခွန်ဖန်းမျိုးဆက်သွေးတစ်ခုကို ရှာဖွေတွေ့ရှိသည့်အခါ သူတို့ပြုလုပ်ရမည့် အရေးကြီးဆုံးအရာမှာ သူ့ကို ကာကွယ်ပေးပြီး သူတို့၏ အရင်းအမြစ်အားလုံးနှင့် ပြုစုပျိုးထောင်ပေးဖို့ ဖြစ်လေသည်။
သို့သော်လည်း ခွန်မျိုးနွယ်မှ ဘုရင်တစ်ဦးသည် အောင်မြင်နိုင်ခြေ အလွန်တရာနည်းသော သွေးကူးပြောင်းခြင်းနှင့် ပူးကပ်သိမ်းပိုက်ခြင်း လျှို့ဝှက်အတတ်တစ်ခုအတွက် ရှောင်းယောင်ကို သတ်ဖြတ်လိုခဲ့လေသည်။
မရေမတွက်နိုင်သော ကမ္ဘာများကို လွှမ်းခြုံထားသည့် ဧရာမပိုက်ကွန်တစ်ခုနှင့် မမြင်ရသော လက်တစ်စုံ ရှိနေပုံရသည်ဟု ဆူဇီမိုက ခပ်ရေးရေး ခန့်မှန်းမိလာ၏။
ဧရာမပိုက်ကွန်အောက်ရှိ ကမ္ဘာများနှင့် သက်ရှိများအားလုံးသည် ထိုလက်တစ်စုံ၏ သားကောင်များဖြစ်နေ၏။
နဂါးမျိုးနွယ်၏ အတွင်းရေးပဋိပက္ခများကို ဖြေရှင်းပြီးခဲ့ပြီဖြစ်၏။
သို့သော်လည်း နဂါးကမ္ဘာအတွက် ပို၍ပင် ကြီးမားသော အန္တရာယ်တစ်ခု ရှိနေ၏။
နေကာသစ်ပင်ကမ္ဘာနှင့် အခြားသောကမ္ဘာရာချီ၏ စစ်တပ်များက နဂါးကမ္ဘာ၏ ထက်ဝက်ကျော်ကို သိမ်းပိုက်ထားခဲ့ပြီဖြစ်ပြီး နောက်ထပ်စစ်ပွဲတစ်ခုကို အချိန်မရွေး စတင်လာနိုင်၏။
ထိုအချိန်မှာ နဂါးမျိုးနွယ်သည် ချေမှုန်းသုတ်သင်ခံရနိုင်လေသည်။
ယခုအချိန်မှာ နဂါးမျိုးနွယ်တွင် ဧကရာဇ်ပညာရှင်ရှစ်ဦးသာ ကျန်တော့၏။
သူတို့ကြားမှာ လေးဦးသည် ယခင်ဧကရာဇ်တိုက်ပွဲမှာ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သူတို့၏ လောကများက ကြေမွပျက်စီးနေ၏။
ကျန်ရှိနေသော လေးဦးမှာ နဂါးလောကအရှင်အပါအဝင် နဂါးဧကရာဇ်သုံးဦးသည် ပင်ကိုယ်ဗီဇဝေဒနာကျိန်စာကို ယခုတင် ချေဖျက်ခဲ့ပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ဒဏ်ရာအပြင်းအထန် ရရှိထား၏။ သူတို့၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ လျော့ကျနေလေသည်။
ဧကရာဇ်အဆင့်တိုက်ပွဲတစ်ခု ပေါ်ထွက်လာသည်နှင့် နဂါးမျိုးနွယ်သည် နဂါးကျွန်း၏ နဂါးဝိညာဉ်များနှင့်ပင် သိပ်ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ပေ။
“ဧကရာဇ်အထီးကျန်သိုင်းသခင်”
နဂါးလောကအရှင်က အထီးကျန်သိုင်းသခင်၏ ရှေ့သို့ တည်တံ့သော အမူအရာဖြင့် ရောက်ရှိလာ၏။ သူက အံကိုကြိတ်ကာ ချက်ချင်းပင် ဒူးထောက်ချလိုက်၏။
“လောကအရှင်…”
ဤမြင်ကွင်းသည် မရေမတွက်နိုင်သော နဂါးများ၏ အံ့အားတသင့်ရေရွတ်သံများကို ထွက်ပေါ်လာစေ၏။
အထီးကျန်သိုင်းသခင်က ပြိုင်ဘက်ကင်းသော်လည်း မည်သို့ပင်ဆိုစေ သူက ဧကရာဇ်ပညာရှင်တစ်ဦးသာဖြစ်၏။
နဂါးလောကအရှင်ကတော့ သူသည်လည်းပဲ ဧကရာဇ်ပညာရှင်တစ်ဦးနှင့် ထိပ်တန်းကမ္ဘာကြီးတစ်ခု၏ လောကအရှင် ဖြစ်လေသည်။ သူ၏ အပြုအမူသည် တကယ်ပင် မထင်မှတ်ထားလောက်ပေ။
“ကျုပ်က နဂါးလောကအရှင်ဖြစ်ဖို့ ဆက်ပြီးတော့ မထိုက်တန်တော့ဘူး… ကျုပ်က နှစ်ပေါင်းများစွာကြာအောင် စုန်းကမ္ဘာရဲ့ ကိုင်တွယ်ထိန်းချုပ်တာကို ခံနေခဲ့ရတယ်… ကျုပ်မှာ ဘာဂုဏ်သိက္ခာမှ မကျန်တော့ဘူး”
နဂါးဧကရာဇ်တောက်ဟိုင်က ခါးသီးစွာ ရယ်မောလိုက်၏။
“ဧကရာဇ်အထီးကျန်သိုင်းသခင်… ကျုပ်က ဒီလောကမှာ ဆက်ပြီးတော့ မရှင်သန်လိုတော့ဘူး… ကျုပ်က သေတဲ့အချိန်အထိ တိုက်ပွဲထဲမှာ နဂါးကျွန်းကို စောင့်ကြပ်ပေးသွားမယ်”
“ဒါပေမဲ့ နဂါးမျိုးနွယ်ရဲ့ ဒီမျိုးနွယ်ဝင်တွေက အပြစ်မရှိကြဘူး… ဧကရာဇ်အထီးကျန်သိုင်းသခင်… ခင်ဗျားက ကျုပ်ရဲ့မျိုးနွယ်ဝင်တွေကို ခေါ်ထုတ်သွားပြီး နဂါးမျိုးနွယ်အတွက် မျှော်လင့်ချက်တချို့ထားပေးဖို့ ကျုပ်တောင်းဆိုပါရစေ”
“စီနီယာအထီးကျန်သိုင်းသခင်…. ကျေးဇူးပြုပြီး ကူညီပေးပါ”
လုံလီကလည်း ရှေ့သို့ပြေးတက်လာပြီး ဒူးထောက်ချလိုက်၏။
“အဲ့လိုလုပ်စရာ မလိုပါဘူး”
သိုင်းတာအိုပင်မခန္ဓာက သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းပြီး သူတို့နှစ်ယောက်ကို ထူမပေးလိုက်၏။
သူမသည် သာမန်အညတရတစ်ဦးသာဖြစ်ပြီး အထီးကျန်သိုင်းသခင်နှင့် သိကျွမ်းမထားသည်ကို လုံလီက သတိထားမိသွားသည့်အလား သူမက မလှမ်းမကမ်းမှာရှိသော လုံရန်ကို အလိုလိုလှမ်းကြည့်လိုက်၏။
လုံလီ၏ အမူအရာက တည်တံ့ကာ သနားစဖွယ်ကောင်းနေပြီး သူမ၏ လှပသော မျက်လုံးများက တောင်းပန်တိုးလျှိုးနေ၏။
လုံရန်က ဆက်လက်၍ မကြည့်ရက်နိုင်တော့ဘဲ ညင်သာစွာ ချောင်းဟန့်လိုက်၏။ သူက ရှေ့သို့တက်ပြီး ပြောလိုက်၏။
“အထီးကျန်လေး… ငါ မင်းကို ပြောလို့ရမလား… တကယ်တော့ အဲဒါက ခက်ခဲတယ်ဆိုတာ နားလည်ပါတယ်”
“အဲဒါက အထွေအထူး မဟုတ်ပါဘူး”
သိုင်းတာအိုပင်မခန္ဓာက လက်ကာပြလိုက်၏။
“အဲ့လောက်ထိ ခံစားမနေကြနဲ့… နဂါးကမ္ဘာမှာ အေးအေးဆေးဆေးနေက… ဒီကိစ္စကို ငါကိုယ်တိုင်ဖြေရှင်းပေးမယ်”
“ဟမ်…”
နဂါးဧကရာဇ် တောက်ဟိုင်၊ လုံလီနှင့် နဂါးများစွာက မှင်တက်သွားကြပြီး သိုင်းတာအိုပင်မခန္ဓာ ဆိုလိုသည့်အဓိပ္ပါယ်ကို နားမလည်နိုင်ကြပေ။
“နဂါးတွေနဲ့ ဖီးနစ်တွေကြား တိုက်ပွဲမှာ သေခဲ့ရတဲ့ သက်ရှိတွေ အရမ်းကိုများခဲ့ပြီ… အဲဒါကို အဆုံးသတ်ဖို့ အချိန်ကျပြီပဲ”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။
ထိုစကားလုံးများသည် သာမန်ပုံစံသာ ဖြစ်သော်လည်း လူတိုင်းသည် ထိုစကားကို ကြားသောအခါ ပြန်လှန်မေးခွန်းမထုတ်ဝံ့သော စွမ်းအားတစ်ခုကို ခံစားနေရ၏။
လုံလီက သူမ နားကိုပင် သူမ မယုံနိုင်ပေ။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော ဤစစ်ပွဲကို သိုင်းတာအိုပင်မခန္ဓာက ပေါ်ထွက်လာပြီး ဖြေရှင်းပေးနိုင်ဖို့ နဂါးဧကရာဇ်တောက်ဟိုင်ပင်လျှင် မျှော်လင့်မထားရဲပေ။
အစကတော့ သိုင်းတာအိုပင်မခန္ဓာသည် သူတို့၏ မျိုးနွယ်ဝင်တချို့ကို ကယ်တင်ပေးနိုင်ဖို့သာ သူက မျှော်လင့်ထားလေသည်။ ထို့သို့ဖြင့် သူက နောင်တမရှိဘဲ အသေဖြောင့်နိုင်မည်ဖြစ်၏။
တစ်ယောက်ယောက်သည် နဂါးများနှင့် ဖီးနစ်များကြား စစ်ပွဲကို လုံးလုံးလျားလျား ဖြေရှင်းပေးနိုင်စွမ်း ရှိလိမ့်မည်ဟု သူက မယုံကြည်နိုင်ပေ။
“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်… ကျေးဇူးပြုပြီး တစ်ခုလောက် ပြောပါရစေ”
နဂါးဧကရာဇ်တောက်ဟိုင်က ခဏမျှ စဉ်းစားပြီး ပြောလိုက်၏။
“နေကာသစ်ပင်ကမ္ဘာ၊ သွေးကမ္ဘာ၊ အုတ်ဂူကမ္ဘာနဲ့ တခြားကမ္ဘာတွေ အပါအဝင် အဲဒီမှာ အရွယ်အစားအမျိုးမျိုး ကမ္ဘာပေါင်းရာချီ ပါဝင်နေတယ်… သူတို့ဘက်မှာ စုစုပေါင်း ဧကရာဇ်ပညာရှင် ၁၀၀ကျော် ရှိနေတယ်”
“နောက်ပြီး သူတို့တွေက ကြောက်စရာကောင်းပြီး အရမ်းကိုကြီးမားတဲ့ စစ်တပ်တစ်တပ်ကို ပိုင်ဆိုင်ထားတယ်… သူတို့ရဲ့ တိုက်ခိုက်မှုကို တားဆီးဖို့က လွယ်ကူမှာ မဟုတ်ဘူးထင်တယ်”
“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်… ဒီမှာ ခင်ဗျားတို့က နှစ်ယောက်ပဲ ရှိတယ်… ကမ္ဘာပေါင်းရာချီနဲ့ မရေမတွက်နိုင်တဲ့ သက်ရှိတွေ ပါဝင်တဲ့ စစ်တပ်နဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ…”
နဂါးဧကရာဇ်တောက်ဟိုင်က တျဲယွဲ့ ထိခိုက်ဒဏ်ရာရရှိထားသည်ကို ပြောနိုင်လေသည်။
အထီးကျန်သိုင်းသခင်မှာ အလွန်တရာ ကျော်ကြားလှသော တိုက်ပွဲမှတ်တမ်းတစ်ခု ရှိသော်လည်း ဤတစ်ခေါက် တစ်ဖက်မှာရှိသော ဧကရာဇ်ပညာရှင်များက ပို၍ပင် များပြားနေပြီး သူတို့၏ အစုအဖွဲ့က ပို၍ပင် ကြီးမားနေ၏။
မဟာဧကရာဇ်များသာလျှင် ကမ္ဘာပေါင်းရာချီ၏ စွမ်းအားကို တစ်ယောက်တည်း ဖိနှိမ်နိုင်ပေလိမ့်မည်။
“ငါတို့နှစ်ယောက်က လုံလောက်ပါတယ်”
သိုင်းတာအိုပင်မခန္ဓာက တျဲယွဲ့ကိုကြည့်ပြီး ပြောလိုက်၏။
“နောက်ပြီး ငါတို့တွေက တိုက်ခိုက်မလား၊ ငြိမ်းချမ်းရေးယူမလားဆိုတဲ့ အဆုံးအဖြတ်က သူတို့အပေါ် မူတည်မနေဘူး”
နဂါးများက ထိုစကားကို ကြားသောအခါ တုန်လှုပ်သွားကြ၏။
“နဂါးတွေနဲ့ ဖီးနစ်တွေကြား တိုက်ပွဲကတော့….”
သိုင်းတာအိုပင်မခန္ဓာက အဓိပ္ပါယ်ပါပါ ပြောလိုက်၏။
“ဒါက နဂါးတွေနဲ့ ဖီးနစ်တွေရဲ့ ကပ်ဘေးတစ်ခုနဲ့ ပိုပြီးတော့ တူနေတယ်”