← Chapters

ငါတို့ ဆွေးနွေးစရာရှိတယ်

Vol. 206 Ch. 3081

ငါတို့ ဆွေးနွေးစရာရှိတယ်

Vol. 206 Ch. 3081

သိုင်းတာအိုပင်မခန္ဓာသည် ပေါ်ထွက်လာဖို့ ဆုံးဖြတ်ခဲ့သည်မှာ ကမ္ဘာများစွာနှင့် အပြစ်မဲ့သက်ရှိများကို ဤလောကစစ်ပွဲမှာ ပါဝင်ပတ်သက်ပြီး အကြောင်းမဲ့သက်သက် သေဆုံးခြင်းမရှိစေလိုသောကြောင့်ဖြစ်၏။

နဂါးများနှင့်ဖီးနစ်များ၏ တိုက်ပွဲသည် နှစ်ပေါင်းများစွာကြာခဲ့ပြီး မရေမတွက်နိုင်သောသက်ရှိများက သေဆုံးခဲ့ရ၏။

နဂါးကမ္ဘာဖြစ်စေ၊ နေကာသစ်ပင်ကမ္ဘာဖြစ်စေ မည်သည့်ဘက်ကမှ အနိုင်မရခဲ့ပေ။

တကယ်ဆို နေကာသစ်ပင်ကမ္ဘာဘက်မှာ ကြီးမားသောပြဿနာတစ်ခုပင်ရှိနေနိုင်သည်။

သူတို့သည် ပင်ကိုယ်ဗီဇဝေဒနာကျိန်စာဖြင့် မသိမသာလွှမ်းမိုးခြင်းခံထားရနိုင်သည်။ စုန်းမျိုးနွယ်၏ အကူအညီနှင့်အတူ ဤတိုက်ပွဲသည် ပြန်လည်အဖတ်မဆယ်နိုင်သော ယနေ့အချိန်ထိ အဆက်မပြတ် အရှိန်အဟုတ်မြင့်တက်လာခဲ့သည်။

ဤတိုက်ပွဲသည် နဂါးကမ္ဘာနှင့် နေကာသစ်ပင်ကမ္ဘာအတွက် ကြီးမားသောကပ်ဘေးတစ်ခုဖြစ်လေသည်။

ထို့ကြောင့်ပင် အဲဒါကို နဂါးများနှင့်ဖီးနစ်များ၏ ကပ်ဘေးဟု သူက ဖော်ပြခဲ့ခြင်းဖြစ်၏။

ညအချိန်မှာ။

ကြီးမားသောတိုက်ပွဲတစ်ခုက မကြာသေးခင်ကမှ ဖြစ်ပွားထားပြီး နဂါးကျွန်း၏ ဘေးပတ်လည်မှာရှိသော ညအရောင်ကို သွေးရောင်တစ်လွှာက ဖုံးလွှမ်းထားလေသည်။

သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့သည် လေထဲတွင် လရောင်အောက်မှာ ဘေးချင်းယှဉ်ရပ်နေကြ၏။

“နဂါးတွေနဲ့ ဖီးနစ်တွေရဲ့ တိုက်ပွဲမှာ လူတွေအများကြီးသေခဲ့ရတယ်”

တျဲယွဲ့က သူမ၏ ဘေးပတ်လည်မှာရှိသော သွေးများကိုကြည့်နေ၏။

“စုန်းလောကအရှင်က ဒီသွေးကြေးအတွက် တာဝန်ယူရလိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

“ဒါတွေကိုလုပ်ရတဲ့ စုန်းလောကအရှင်ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ”

စုန်းလောကအရှင်သည် ပင်ကိုယ်ဗီဇဝေဒနာကျိန်စာဖြင့် နဂါးမျိုးနွယ်ကို လွှမ်းမိုးထားနိုင်ခဲ့ပြီး နဂါးကမ္ဘာနှင့် နေကာသစ်ပင်ကမ္ဘာကိုပင် ထိန်းချုပ်ထားနိုင်သည်ဆိုလျှင် သူသည် ဘာ့ကြောင့် ဤထိပ်တန်းကမ္ဘာကြီးနှစ်ခုကို တိုက်ခိုက်စေပြီး ဤကဲ့သို့ ချောက်ချားစရာကောင်းသော လောကစစ်ပွဲတစ်ခုကို ဖြစ်ပေါ်စေခဲ့တာလဲ။

စုန်းကမ္ဘာနှင့် အဆိပ်ကမ္ဘာသည် ဤဖြစ်စဉ်များကနေ မည်သည့်အကျိုးအမြတ်များကို ရရှိမှာလဲ။

“အဲဒါက တကယ်ပဲ နည်းနည်းထူးဆန်းနေတယ်”

တျဲယွဲ့က တည်တံ့စွာပြောလိုက်သည်။

“နဂါးတွေနဲ့ဖီးနစ်တွေရဲ့ တိုက်ပွဲကနေ တစ်‌ယောက်ယောက်က အကျိုးအမြတ်ရရှိမယ်ဆိုရင် အဲဒါက အုတ်ဂူကမ္ဘာပဲဖြစ်လိမ့်မယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

အစကတော့ အုတ်ဂူကမ္ဘာသည် အဆင့်မြင့်ကမ္ဘာတစ်ခုသာဖြစ်ခဲ့၏။

သို့သော်လည်း မီးပဒေသာနဂါးကျွန်းအပြင်ဘက် တိုက်ပွဲကနေတစ်ဆင့် အုတ်ဂူကမ္ဘာ၏ ခွန်အားနှင့် အခြေခံအုတ်မြစ်က ထူးခြားအံ့မခန်းဖြစ်ပြီး အဆင့်မြင့်ကမ္ဘာတစ်ခု၏ အတိုင်းအတာထက် များစွာကျော်လွန်လာခဲ့ပြီကို တွေ့မြင်နိုင်လေသည်။

ဤတိုက်ပွဲသည် နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီး အုတ်ဂူကမ္ဘာသည် အဆုံးမဲ့အထောက်အပံ့အဖြစ် အတောမသတ်နိုင်သောအလောင်းများကို ရရှိနေခဲ့သည်ဟု ဆိုလိုလေသည်။

ပညာရှင်များက ပို၍သေဆုံလေလေ အုတ်ဂူကမ္ဘာက ပို၍သန်မာလာလေပင်။

“အုတ်ဂူကမ္ဘာအပြင် သွေးကမ္ဘာကလည်း အကျိုးအမြတ်ရရှိတယ်”

သိုင်းတာအိုပင်မခန္ဓာက ဘေးပတ်လည်မှာရှိသော သွေးရောင်ကို လက်ညှိုးထိုးပြီး ပြောလိုက်၏။

“ဒီမှာရှိတဲ့ သွေးရောင်က ငါတို့အရင်ဆင်းသက်လာတုန်းကထက်စာရင် အတော်လေးဖျော့သွားပြီ”

သွေးနွယ်ပင်မျိုးနွယ်သည် ကျင့်ကြံဖို့အတွက် ဤတိုက်ပွဲမှပညာရှင်များ၏ သွေးကို အသုံးပြုနေသည်ဟု ဆိုလိုလေသည်။

“အဲဒါက အဓိပ္ပါယ်တော့ သိပ်မရှိသေးဘူး”

တျဲယွဲ့က ပြောလိုက်၏။

“စုန်းကမ္ဘာနဲ့ အဆိပ်ကမ္ဘာက သွေးကမ္ဘာနဲ့အုတ်ဂူကမ္ဘာ ပိုမိုသန်မာလာစေဖို့အတွက်နဲ့ နဂါးတွေနဲ့ဖီးနစ်တွေရဲ့ တိုက်ပွဲဖြစ်လာအောင် သွေးထိုးလှုံ့ဆော်ခဲ့တာလား… သူတို့တွေက ဘာ့ကြောင့် ဒီလောက်အတိုင်းအတာထိ တစ်ယောက်ကိုတစ်ယောက် ယုံကြည့်နေရတာလဲ… အဲဒါက တကယ်ပဲ ထူးဆန်းတယ်”

သိုင်းတာအိုပင်မခန္ဓာက အလေးအနက် စဉ်းစားတွေးတောနေ၏။

ခဏနေပြီးနောက် တျဲယွဲ့က ပြောလိုက်၏။

“နင်က မဟာအရိုင်းကမ္ဘာက တိုက်ပွဲမှာ အရမ်းကို ကျော်ကြားခဲ့ပြီဆိုပေမဲ့… ကမ္ဘာပေါင်းရာချီက ပညာရှင်တွေကို နောက်ဆုတ်အောင် ဖိအားပေးဖို့က လွယ်ကူမှာမဟုတ်ဘူး”

“နောက်ပြီး အဲဒီပညာရှင်တွေထဲ ဘယ်လောက်များများက ပင်ကိုယ်ဗီဇဝေဒနာကျိန်စာရဲ့ ထိန်းချုပ်ခြင်းခံထားရသလဲဆိုတာကို ဘယ်သူသိမှာလဲ”

ဤကဲ့သို့သော အခြေအနေများအောက်မှာ ဤဧကရာဇ်ပညာရှင်များသည် သိုင်းတာအိုပင်မခန္ဓာ၏ ကျော်ကြားလှသော နာမည်ဂုဏ်သတင်းကို လုံးဝစိုးရွံ့ကြမည်မဟုတ်ပေ။ တကယ်ဆို သူတို့က အသေအကြေပင် တိုက်ခိုက်လာနိုင်၏။

သိုင်းတာအိုပင်မခန္ဓာသည် ထိတ်ချန်ခြင်းမရှိဘဲ သူ၏ အစွမ်းကုန်နှင့် တိုက်ခိုက်မည်ဆိုလျှင် တျဲယွဲ့က စိုးရိမ်ပူပန်နေလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံခုံရုံးကို စိုးရိမ်ပူပန်နေရပြီး သိုင်းစကြဝဠာကို အသုံးပြုလိမ့်မည်မဟုတ်ပေ။

ဤကဲ့သိုသောအခြေအနေအောက်မှာ သူသည် ဧကရာဇ်ပညာရှင်တစ်ရာကျော်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် ဘယ်သူအနိုင်ရရှိမည်ကို ပြောဖို့ခက်လေသည်။

ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံခုံရုံးကို အမှန်တကယ်စိုးရွံ့မနေကြောင်း တျဲယွဲ့က သူမ၏ ရင်ထဲမှာ သိရှိထား၏။

ကောင်းကင်ဘုံခုံရုံး၏ စိတ်အာရုံကို ရရှိသွားပြီးနောက် သူမ ဘေးအန္တရာယ်ကျရောက်လာမည်ကိုသာ သူက စိုးရိမ်နေခြင်းဖြစ်၏။

မည်သို့ပင်ဆိုစေ သူမသည် သူမ၏ ထိခိုက်ဒဏ်ရာများကနေ ယခုအချိန်ထိ သက်သာကောင်းမွန်လာခြင်းမရှိသေးဘဲ တိုက်ခိုက်ရည်ခွန်အားများစွာကို မထုတ်ဖော်နိုင်ပေ။

“အမြီးကိုးချောင်းနဲ့ တခြားသူတွေကို လှမ်းခေါ်လိုက်ရင်ကောင်းမလား”

တျဲယွဲ့က မေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ပြုံး၍ တျဲယွဲ့၏ လက်ကဖဝါးကို ညင်သာစွာပုတ်လိုက်၏။

“မစိုးရိမ်ပါနဲ့ နောက်ရက်အနည်းငယ်နေရင် ဒီအလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဘယ်သူကမှ ငါ့ကို ထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်တော့ဘူး”

ဆယ်ရက်ကြာပြီးနောက်။

ကျုံးယွဲ့မြို့သည် အစက နဂါးပိုင်နယ်မြေငါးခုထဲ ဦးချိုနဂါးပိုင်နက်နယ်မြေရှိ နဂါးမြို့တော်တစ်မြို့ဖြစ်ခဲ့လေသည်။

ထိုအခိုက်အတန့်မှာ ထိုမြို့ကို နေကာသစ်ပင်ကမ္ဘာစစ်တပ်က သိမ်းပိုက်ထားခဲ့ပြီဖြစ်သည်။ ဤနေ့မှာ နေကာသစ်ပင်လောကအရှင်သည် နောက်ဆုံးတိုက်ပွဲကို ဘယ်အချိန်မှာဆင်နွဲပြီး နဂါးကျွန်းကို တစ်ခါတည်းသိမ်းပိုက်မလဲဆိုသည်ကို သူ၏ လက်အောက်ရှိ ဧကရာဇ်ပညာရှင်များနှင့် ခန်းမတစ်ခုထဲမှာ ဆွေးနွေးနေကြ၏။

ရုတ်တရက် ခန်းမ၏ အပြင်ဘက်မှာ လေဟာနယ်အတက်အကျတစ်ခုက ပေါ်ထွက်လာ၏။

နေကာသစ်ပင်ကမ္ဘာမှ ဧကရာဇ်ဆယ်ဦးကျော်ကျော်က လှမ်းကြည့်လိုက်ကြလေသည်။ ခန်းမ၏ ဝင်ပေါက်ဝမှာရှိသော လေဟာနယ်က ပွင့်ထွက်သွားသည်ကို တွေ့မြင်လိုက်ရ၏။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက အတူယှဉ်တွဲကာ ရောက်ရှိလာကြလေသည်။

အမျိုးသား၏ ဆံပင်က အနက်ရောင်ဖြစ်ပြီး ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူက ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ထားပြီး တောက်လောင်သော အကြည့်ရှိနေ၏။

အမျိုးသမီးက သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဘာကိုမှဂရုမစိုက်တတ်သောအမူအရာနှင့်အတူ အလွန်တရာချောမောလှပ၍ အပြစ်ဆိုစရာမရှိပေ။

သူတို့နှစ်ဦးက သာလွန်မြင့်မြတ်သော အော်ရာများကို ထုတ်ဖော်ထားကြ၏။

သူတို့သည် လက်ချင်းတွဲကာ လျှောက်လှမ်းလာကြသည်။ သူတို့သည် ကျယ်ပြောသောဤလောကမှာ သူတို့အလိုရှိရာ မည်သည့်အရာကိုမဆို ဆင်းသက်သွားလာနိုင်ပြီး သူတို့၏ လမ်းရှေ့မှာ မည်သူကမှ ပိတ်မရပ်နိုင်ဟူသော ခံစားချက်ကို ပေးနေ၏။

“သားရဲဧကရီသွေးလိပ်ပြာ”

နေကာသစ်ပင်လောကအရှင်က တျဲယွဲ့ကို တွေ့မြင်သောအခါ သုန်မှုန်နေသောအမူအရာဖြင့် မတ်တတ်ထရပ်လိုက်၏။

အရင်တုန်းက သားရဲဧကရီသွေးလိပ်ပြာသည် နေကာသစ်ပင်ကမ္ဘာသို့ တစ်ခါရောက်ခဲ့ဖူးပြီး ဂမ္ဘီရဟွမ်မျိုးနွယ်နှင့် ဂမ္ဘီရဖုန့်မျိုးနွယ်မှ ဧကရာဇ်ပညာရှင်များနှင့် တိုက်ခိုက်ကာ အနိုင်ရလဒ်နှင့်အတူ ပြန်သွားခဲ့လေသည်။

သူသည် ထိုနေ့တုန်းက ပေါ်ထွက်ခဲ့ခြင်းမရှိသော်လည်း သူသည် ဧကရီသွေးလိပ်ပြာအပေါ် နက်ရှိုင်းသော ထင်မြင်ချက်တစ်ခု ရှိနေခဲ့၏။ တကယ်တာ့ သူ၏ အမူအရာကို အမှန်တကယ်ပြောင်းလဲသွားစေသည့်အရာမှာ ထိုစဉ်တုန်းက ဖြစ်ပျက်ခဲ့သောအရာ မဟုတ်ပေ။

ထိုအစား မကြာသေးခင်ကမှ မဟာအရိုင်းကမ္ဘာမှာဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်လေသည်။

ထိုတိုက်ပွဲမှာ သားရဲဧကရီသွေးလိပ်ပြာသည် အလွန်အတရာစွမ်းအားကြီးမားသော တိုက်ခိုက်ရည်ခွန်အားကို ပြသခဲ့၏။ ဧကရာဇ်ပညာရှင်တစ်ရာကျော်နှင့် ရင်ဆိုင်ရချိန်မှာတောင် သူမသည် သူတို့ထဲမှတချို့ကို ပြန်လည်သတ်ဖြတ်နိုင်ခဲ့၏။

ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ သားရဲဧကရီသွေးလိပ်ပြာ၏ ဘေးတွင် ဧကရာဇ်အထီးကျန်သိုင်းသခင်ဟုခေါ်သော လူတစ်ယောက်ရှိနေသည်ဟု ဆိုကြလေသည်။

ထိုသူသည် ဧကရာဇ်ပညာရှင်တစ်ရာကို တစ်ဦးတည်း အနိုင်ယူပြီး သူတို့ကို အရှက်တကွဲရှုံးနိမ့်ကာ ထွက်သွားစေခဲ့၏။

ဧကရာဇ်အထီးကျန်သိုင်းသခင်သည် သားရဲဧကရီသွေးလိပ်ပြာ၏ တာအိုလက်တွဲဖော်ဖြစ်သည်ဟူသော ကောလာဟလများလည်းရှိနေ၏။

ယခု သားရဲဧကရီသွေးလိပ်ပြာသည် အမျိုးသားတစ်ဦးနှင့် လက်ချင်းတွဲကာ ရောက်ရှိလာသည်ကို သူတို့က တွေ့မြင်လိုက်ရ၏။ ခန်းမထဲရှိ ဧကရာဇ်ပညာရှင်ဆယ်ဦးကျော်ကျော်သည် သိုင်းတာအိုပင်မခန္ဓာ၏ သရုပ်သကန်ကို ချက်ချင်းပင် ခန့်မှန်းမိလိုက်ကြ၏။

“ဟားဟား”

သိပ်မကြာခင် နေကာသစ်ပင်လောကအရှင်က သူ၏ စိတ်ကို ငြိမ်သက်စေပြီး အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်၏။ သူက လက်နှစ်ဖက်ကိုယှက်ကာ ပြောလိုက်၏။

“ဒါက ဒဏ္ဍာရီလာ ဧကရာဇ်အထီးကျန်သိုင်းသခင်ဖြစ်ရမယ်လို့ ကျုပ်ယုံတယ်… တာအိုလက်တွဲဖော်တွေ ဖြစ်လာကြတဲ့အတွက် ဂုဏ်ယူပါတယ်”

တျဲယွဲ့က တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ နှုတ်ဆက်သည့်အနေဖြင့် ခေါင်းသာညိတ်ပြလိုက်၏။

သူ၏ ဂုဏ်ပြုစကားကြောင့်မဟုတ်လျှင် တျဲယွဲ့က သူ့ကို အရေးလုပ်နေလိမ့်မဟုတ်ပေ။

“လက်စသတ်တော့ ဒါက ဧကရာဇ်အထီးကျန်သိုင်းသခင်ကို… ခင်ဗျားနဲ့တွေ့ရတာ ဂုဏ်ယူစရာပါပဲ”

“သားရဲဧကရီသွေးလိပ်ပြာ… ကျုပ်တို့မတွေ့ရတာတောင် တော်တော်ကြာခဲ့ပြီ”

ဘေးပတ်ဝန်းကျင်မှာရှိသော ဧကရာဇ်ပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ကာ နှုတ်ဆက်လိုက်ကြ၏။

ဤလူနှစ်ယောက်က သာမန်ပုဂ္ဂိုလ်များမဟုတ်ပေ။

လက်ရှိ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူတို့နှစ်ယောက်ရောက်ရှိလာသည်ကို တွေ့မြင်သည့်အခါ မည်သည့်ဧကရာဇ်ပညာရှင်ကမှ လျစ်လျူရှုရဲခြင်းနှင့် မလေးမစားပြုလုပ်ရဲခြင်း ရှိလိမ့်မည်မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ‌ခေါင်းညိတ်ပြီး အလ္လာပသလ္လာပပြောဆိုမနေဘဲ လိုရင်းကိုပြောလိုက်၏။

“မင်းတို့ဘက်မှာရှိတဲ့ ဧကရာဇ်တွေကို ခေါ်ယူစုဝေးလိုက်… ငါတို့ ဆွေးနွေးစရာရှိတယ်”

နေကာသစ်လောကအရှင်၏ မျက်နှာပေါ်ရှိအပြုံးက အေးခဲတောင့်တင်းသွား၏။

အထီးကျန်သိုင်းသခင်သည် ဆွေးနွေးစရာရှိသည်ဟူသောစကားကို ကြားကောင်းအောင်ပြောဆိုနေခြင်းသာဖြစ်လေသည်။ သို့သော်လည်း သူ၏ လေသံမှာ တစ်ယောက်ယောက်နှင့် ညှိုနှိုင်းဆွေးနွေးလိုသည့်ပုံ နည်းနည်းမှ မရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူက အမိန့်ပေးသည့်ပုံပေါ်နေ၏။

ထိပ်တန်းကမ္ဘာကြီးတစ်ခု၏ လောကအရှင်တစ်ဦးဖြစ်သော သူ့ကို တစ်ယောက်ယောက်က ဤကဲ့သို့သောပုံစံဖြင့် တကယ်ပဲပြောဆိုရဲသည်လား။ နေကာသစ်ပင်လောကမှ အခြားသောဧကရာဇ်ပညာရှင်များကလည်း မျက်မှောင်ကြုတ်ပြီး တိတ်တဆိတ်ဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။

နေကာသစ်ပင်လောကအရှင်က ပြုံးလိုက်၏။

“ခင်ဗျားကိုယ်တိုင် အလည်အပတ်ရောက်လာရအောင် ဘာကိစ္စလဲ ကျုပ်သိပါရစေ”

“လူတိုင်းကိုခေါ်ယူစုဝေးပြီးရင် ငါတို့ပြောကြတာပေါ့”

သိုင်းတာအိုပင်မခန္ဓာက နေကာသစ်ပင်လောကအရှင်၏ မေးခွန်းကို လျစ်လျူရှုပြီး မှင်သေသေဖြင့် ပြောလိုက်၏။

နေကာသစ်ပင်လောကအရှင်၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခု ဖျတ်ခနဲလက်သွား၏။

အတန်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ခေါင်းညိတ်၍ ပြောလိုက်၏။

“ကောင်းပြီလေ… ဒီလောက်လူတွေအများကြီးကို ခေါ်ယူစုဝေးရအောင် ဘယ်လောက်အရေးကြီးတဲ့ကိစ္စလည်း ကျုပ်ကြားချင်တယ်”

နေကာသစ်ပင်လောကအရှင်က သတင်းပို့အဆောင်တစ်ခုကို ထုတ်ယူပြီး သာမန်ကာလျှံကာ ချိုးချေလိုက်၏။ အလင်းတန်းတချို့က လေဟာနယ်ထဲသို့ဝင်ရောက်ပြီး ပျောက်ကွယ်သွားလေသည်။

သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့သည် ခန်းမ၏ ဘေးသို့ ရောက်ရှိလာပြီး ထိုင်ခုံနှစ်လုံးကို ရှာဖွေကာ ထိုင်လိုက်ကြ၏။ သူတို့သည် သူတို့၏ ပိုင်နက်နယ်မြေမှာ ရှိနေသည့်အလား သူတို့၏ အမူအရာများက အေးဆေးတည်ငြိမ်နေကြ၏။

All Chapters