မဟာမီးတောက်ကိုးခု
Vol. 206 Ch. 3085
ကျုံးယွဲ့မြို့တော်၏ နန်းတော်အပြင်ဘက်မှာ ကောင်းကင်လိုဏ်ဂူဘုရင်များစွာက စိတ်ဝင်တစားဆွေးနွေးပြောဆိုနေကြ၏။
“အာ… အထဲမှာ တစ်ခုခုတော့ ဖြစ်နေပြီ သူတို့တွေက ငြင်းခုံနေကြတဲ့ပုံပဲ”
“ကြည့်ရတာတော့ ဧကရာဇ်အထီးကျန်သိုင်းသခင်က သွေးလောကအရှင်နဲ့ တခြားသူတွေကို ထွက်ခွာခွင့်မပေးဘူးနဲ့တူတယ်”
လူတိုင်းက မတုံ့ပြန်နိုင်ခင် စကြဝဠာတစ်ခုက နှစ်ပိုင်းကွဲထွက်သွားပြီး ဧရာမဂိတ်တံခါးဆယ်ချပ်က ပေါ်ထွက်လာကာ သူတို့ရှေ့မှခန်းမကို လုံးလုံးလျားလျားပိတ်ဆို့လိုက်လေသည်။
ဂိတ်တံခါးဆယ်ချပ်ကနေ ဖြာထွက်နေသောအော်ရာက အရမ်းကို ကြောက်စရာကောင်းလေသည်။
ဂိတ်တံခါးတစ်ချပ်ကတော့ တစ်ချက်ကြည့်ရုံဖြင့် သူတို့၏ မျိုးဆက်သွေးနှင့်အမြုတေစိတ်ဝိညာဉ်များကို နာကျင်မှုဖြင့် လောင်ကျွမ်းသွားစေဖို့ လုံလောက်လေသည်။
ဂိတ်တံခါးတစ်ချပ်ကတော့ ဧရာမစုပ်ယူအားတစ်ခုကို ထုတ်ဖော်ပြီး သူတို့ကို ဝါးမျိုပစ်ချင်နေသည့်အလားပင်။
“နောက်ကို ဆုတ်ကြ”
ကောင်းကင်လိုဏ်ဂူဘုရင်များသည် သူတို့၏ ကောင်းကင်လိုဏ်ဂူများကို ထုတ်ဖော်ပြီးလျှင်တောင် အဲဒါကို မခုခံနိုင်ကြပေ။ သူတို့၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွားပြီး တစ်ယောက်ပြီးတစ်ယောက်နောက်သို့ ဆုတ်ခွာကာ အကြောက်မပြေသေးဟန်ဖြင့် ခန်းမကို လှည့်ကြည့်လိုက်ကြ၏။
ခန်းမထဲမှာ။
ကန့်သန်မဲ့စိမ့်စမ်းရေက တလိပ်လိပ်တိုးဝင်လာပြီး ခန်းမထဲရှိလူတိုင်းကို ဆွဲယူနှစ်မြှုပ်လိုက်၏။
ဧကရာဇ်ပညာရှင်များသည် သူတို့၏ လောကများအပေါ်မှီခိုပြီး ငရဲကန့်သတ်မဲ့စိမ့်စမ်း၏ ရိုက်ခတ်မှုကို ယာယီအားဖြင့် ခုခံထားနိုင်ကြ၏။
သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့သည် ဘေးချင်းယှဉ်ကာ လျှောက်လှမ်းလာကြ၏။ သူတို့ဖြတ်လာရာနေရာတိုင်းမှာ ငရဲကန့်သတ်မဲ့စိမ့်စမ်းရေက သူတို့ကိုရှောင်ကွင်းပြီး လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးလိုက်၏။
ဧကရာဇ်ဟွမ်ယွီဘေးသို့ ရောက်ရှိလာပြီးနောက် သိုင်းတာအိုပင်မခန္ဓာက သူ၏ သွေးချီကို လှည့်ပတ်ကာ သာမန်ကာလျှံကာပစ်ထိုးလိုက်၏။
ဝုန်း…
ထိုထိုးချက်သည် ဧကရာဇ်ဟွမ်ယွီ၏ ပကတိလောကကို ကျယ်လောင်စွာထိခတ်သွား၏။ သိပ်သည်းပြင်းထန်သောစွမ်းအားက ဘေးပတ်လည်မှာရှိသော ငရဲကန့်သတ်မဲ့စိမ့်စမ်းရေကိုပင် တွန်းကန်ထုတ်လိုက်၏။
ဖြောက်.. ဖြောက်.. ဖြောက်…
ထို့နောက် ချက်ချင်းပင် ဧကရာဇ်ဟွမ်ယွီက ကြောက်စရာကောင်းသောအသံတစ်သံကို ကြားလိုက်ရ၏။
သူစုဖွဲ့ထားသောလောကမှာ အက်ကွဲကြောင်းများပေါ်ထွက်လာပြီ လျင်မြန်စွာ ဖြန့်ကြက်၍ လောကတစ်ခုလုံးကို ဖုံးအုပ်သွားလေသည်။
“ဘာလဲဟ”
ဧကရာဇ်ဟွမ်ယွီ၏ မျက်လုံးက ပြူးကျယ်သွားပြီး သူ၏ မျက်နှာက ကြောက်ရွံ့မှုဖြင့် ဖြူဖပ်ဖြူရော်ဖြစ်သွား၏။
အခြားသော ဧကရာဇ်ပညာရှင်များက ထိုသည်ကို တွေ့မြင်သောအခါ သူတို့က ရင်တစ်ချက်ထိတ်သွားပြီး ခေါင်းနားပန်းကြီးလာကြ၏။
ဧကရာဇ်အထီးကျန်သိုင်းသခင်သည် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေး၏ တိုက်ခိုက်ရည်ခွန်အားသက်သက်နှင့်ပင်လျှင် အထွတ်အထိပ်ဧကရာဇ်တစ်ဦး၏ ပကတိလောကကို သာမန်ကာလျှံကာ ပစ်ထိုးကာ ကြေမွပျက်စီးသွားစေ၏။
လက်ရှိသိုင်းတာအိုပင်မခန္ဓာသည် မဟာအရိုင်းကမ္ဘာမှာ သူတိုက်ခိုက်ခဲ့စဉ်ကထက် ပိုမိုသန်မာလာသည်ကို တျဲယွဲ့ကသာ သိရှိထားလေသည်။
အစစ်အမှန်ခန္ဓာနှစ်ခုသည် နဂါးကမ္ဘာမှာ တွေ့ဆုံပြီးနောက် ပစ္စည်းတချို့ကို ဖလှယ်ခဲ့ကြ၏။
သိုင်းတာအိုပင်မခန္ဓာသည် ဝိညာဉ်မီးအိမ်နှင့် ဧကရီဆိုးယုတ်၏ ကျောက်စိမ်းဆွဲသီးကို အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထံ ပေးလိုက်လေသည်။
သိုင်းတာအိုပင်မခန္ဓာအတွက်တော့ ဝိညာဉ်မီးအိမ်က အသုံးမဝင်တော့ပေ။
ဝိညာဉ်မီးအိမ်၏ မီးတောက်သည် သူ၏ သိုင်းစိတ်ဝိညာဉ်နှင့် ပေါင်းစည်းသွားခဲ့ပြီဖြစ်ပြီး ၎င်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့၏။
ကျောက်စိမ်းဆွဲသီးကတော့ သိုင်းတာအိုပင်မခန္ဓာသည် ၎င်း၏ အသုံးဝင်မှုကို ယခုအချိန်ထိ ရှာမတွေ့ပေ။
၎င်းသည် သူ့ကို ထင်ယောင်ထင်မှားခံစားချက်များနှင့် ပုံရိပ်ယောင်နည်းစနစ်များကနေ ကာကွယ်ပေးနိုင်ပုံရ၏။ သို့သော်လည်း သူ၏ လက်ရှိကျင့်ကြံမှုနယ်ပယ်အရ သူ့ပေါ်ကို သက်ရောက်စေနိုင်သည့် မည်သည့်ညှို့ငင်ဖမ်းစားမှုမှ မရှိတော့ပေ။
အတန်ကြာအောင် အကျိုးအပြစ်များကို ချိန်ဆပြီးနောက် သိုင်းတာအိုပင်မခန္ဓာက ကျောက်စိမ်းဆွဲသီးကို အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထံ ကမ်းပေးခဲ့လေသည်။
သိုင်းတာအိုပင်မခန္ဓာကတော့ သူသည် အစိမ်းရောင်းကြာပန်းအစစ်အမှန်ခန္ဓာထံမှ အင်မော်တယ်တာအိုမီး၊ မိစ္ဆာတာအိုမီး၊ ဗုဒ္ဓတာအိုမီးနှင့် ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီးတို့ကို ဝါးမျိုပြီး သူ၏ စကြဝဠာနှင့် ပေါင်းစည်းခဲ့လေသည်။
ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီးသည် နဂါးဖီးနစ်မီးတောက်နှင့်ပေါင်းစည်းပြီး ဟင်္သပဒါးငှက်အထွတ်အမြတ်မီးအဖြစ် လုံးလုံးလျားလျားအသွင်ပြောင်းလဲသွား၏။
တစ်နည်းအားဖြင့်ဆိုသော် လက်ရှိသိုင်းစကြဝဠာထဲမှာ တမလွန်တစ္ဆေမီး၊ အနီရောင်ကြာပန်းကြမ္မာမီး၊ ကပ်ဘေးမီး၊ ဟင်္သပဒါးငှက်အထွတ်အမြတ်မီး၊ ငရဲမီး၊ အင်မော်တယ်တာအိုမီး၊ မိစ္ဆာတာအိုမီး၊ ဗုဒ္ဓတာအိုမီးနှင့် သိုင်းစိတ်ဝိညာဉ်မီးတို့ရှိနေပြီး စုစုပေါင်း မဟာမီးတောက်ကိုးခုဖြစ်လေသည်။
မဟာမီးတောက်ကိုးခု၏ အားဖြည့်ထောက်ပံ့မှုနှင့်အတူ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူသည် မဟာအရိုင်းကမ္ဘာ၏ တိုက်ပွဲမှာ ရရှိထားသော လောကအပိုင်းအစများကို ရူးသွပ်စွာ ဝါးမျိုသန့်စင်ခဲ့၏။ ယခု ၎င်းသည် လောကတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားခဲ့ပြီဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာ၏ တာအိုခန္ဓာသည် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူပင်ဖြစ်လေသည်။
အမြုတေသိုင်းကောင်းကင်လိုဏ်ဂူ၏ အသွင်ပြောင်းလဲမှုသည် သိုင်းတာအိုပင်မခန္ဓာ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကို ပြန်လည်မွေးဖွားလာစေပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားမြင့်တက်လာသည်ဟု ဆိုလိုလေသည်။
ဧကရာဇ်ဟွမ်ယွီ၏ လောကက ကြေမွပြိုကျသွားပြီး ငရဲကန့်သတ်မဲ့စိမ့်စမ်းရေက အကန့်အသတ်မဲ့တလိပ်လိပ်တိုးဝင်ကာ သူ့ကို ချက်ချင်းပင် လွှမ်းခြုံသွား၏။
“အား”
ဧကရာဇ်ဟွမ်ယွီက စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး တုန်ယင်နေ၏။
သူ၏ ဦးခေါင်းပေါ်ကနေ အစိမ်းရောင်မြူခိုးများထွက်ပေါ်လာပြီး သူ၏ မျက်လုံးများက ထူးဆန်းသော စိမ်းညိုရောင်အဖြစ် လုံးလုံးလျားလျားအသွင်ပြောင်းလဲသွား၏။
“ကျိန်စာစွမ်းအား”
ထိုသည်ကိုတွေ့မြင်သောအခါ နေကာသစ်ပင်လောကအရှင်၏ အကြည့်က အေးခဲတောင့်တင်းသွားပြီး အံ့အားတသင့်ရေရွတ်လိုက်၏။
ဧကရာဇ်ဟွမ်ယွီသည် နက်နက်ရှိုင်းရှိုင်းကျိန်စာမိထာပြီး သူ၏ အခြေအနေသည် နဂါးမျိုးနွယ်မှ နဂါးဧကရာဇ်လောင်ကျွမ်းနေမင်းထက်ပင် ပို၍ဆိုးဝါးနေ၏။ ငရဲကန့်သတ်မဲစိမ့်စမ်း၏ ဆေးကြောသန့်စင်မှုအောက်မှာ သူက စူးစူးဝါးဝါးအော်ဟစ်ကာ သေဆုံးသွားရ၏။
ဝုန်း… ဝုန်း… ဝုန်း…
သိုင်းတာအိုပင်မခန္ဓာက လှိုင်းလုံးများပေါ် နင်းဖြတ်ပြီး သာမန်ကာလျှံကာ ပစ်ထိုးကာ ဧကရာဇ်များ၏ ဘေးပတ်လည်မှလောကများကို ကြေမွသွားစေပြီး ငရဲကန့်သတ်မဲ့စိမ့်စမ်းရေကို သူတို့အပေါ်ကျဆင်းလာစေ၏။
ဤဧကရာဇ်ပညာရှင်များကြားမှာ ဧကရာဇ်ဟွမ်ယွီကဲ့သို့ လူတချို့ရှိနေပြီး ပင်ကိုယ်ဗီဇဝေဒနာ၏ စွမ်းအားက ထွက်ပေါ်လာခဲ့၏။
သူတို့ထဲမှတချို့သည် ငရဲကန့်သတ်မဲ့စိမ့်စမ်းရေဖြင့် ထိတွေ့မိလျှင်တောင် မည်သည့်ထိခိုက်ဒဏ်ရာမှမရရှိပေ။
ဧကရာဇ်ပညာရှင်တချို့က ထိုအချက်ကို နားလည်သဘောပေါက်လာကြ၏။
ဧကရာဇ်အထီးကျန်သိုင်းသခင်၏ ရည်ရွယ်ချက်သည် အဓိကအားဖြင့် ပင်ကိုယ်ဗီဇဝေဒနာကျိန်စာမိထားသူများကို ပစ်မှတ်ထားနေခြင်းဖြစ်လေသည်။ ကျိန်စာမိမထားသူများက ဘေးပတ်လည်မှာရှိသော စိမ့်စမ်းရေဖြင့် နစ်မြုပ်သွားမည်ဆိုလျှင်တောင် သူတို့က ထိခိုက်ဒဏ်ရာရရှိလိမ့်မည်မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် သူတို့ကို လှည့်ကြည့်ခြင်းပင်မရှိဘဲ သူတို့၏ ဘေးကနေ ဖြတ်သွား၏။
ထိုအချက်ကို သတိထားမိသွားပြီးနောက် ဧကရာဇ်ပညာရှင်တချို့က သူတို့၏ လောကများကို ပြန်ရုပ်သိမ်းကာ ငရဲကန့်သတ်မဲ့စိမ့်စမ်းရေကို သူတို့အပေါ် ကျဆင်းလာစေ၏။
သူတို့အနေဖြင့် သူတို့ဘာသာသူတို့ ထိုကဲ့သို့ ပြုမူခြင်းသည် ဧကရာဇ်အထီးကျန်သိုင်းသခင်ထံမှ ထိုးချက်တစ်ချက်ဖြင့် သူတို့၏ လောကများ ကြေမွပျက်စီးသွားခြင်းထက် များစွာပိုမိုကောင်းမွန်လေသည်။
သိုင်းတာအိုပင်မခန္ဓာ လျှောက်လှမ်းလာသည်ကို တွေ့မြင်သောအခါ နေကာသစ်ပင်လောကအရှင်က တုန်လှုပ်သွား၏။ သူက သူ၏ လောကကို အလောတကြီးရုပ်သိမ်းပြီး ငရဲကန့်သတ်မဲ့စိမ့်စမ်းရေကို သူ့အပေါ်ကို ကျဆင်းခွင့်ပေးလိုက်၏။
သူ့တစ်ကိုယ်လုံးစိုရွှဲသွားခြင်းကလွဲလျှင် သူသည် မည်သည့်သက်တောင့်သက်တာမရှိမှုကိုမှ မခံစားရပေ။
သိုင်းတာအိုပင်မခန္ဓာ ယခင် တွေးထားသကဲ့သို့ပင် စစ်ပြေငြိမ်းဖို့ သဘောတူထောက်ခံခဲ့သော ဧကရာဇ်အများစုသည် ပင်ကိုယ်ဗီဇဝေဒနာကျိန်စာဖြင့် စွန်းထင်းခံထားရလေသည်။
ဆန့်ကျင်ဘက်အနေဖြင့် စိတ်လိုက်မာန်ပါဖြင့် သူနှင့် အတိုက်အခံပြုလုပ်ခဲ့ပုံရသော နေကာသစ်ပင်လောကအရှင်လိုလူများက စုန်းလောကအရှင်၏ ထိန်းချုပ်ခြင်းမခံထားရပေ။ သိုင်းတာအိုပင်မခန္ဓာကို အံ့အားသင့်သွားစေသည်မှာ သွေးလောကအရှင်၊ အဆိပ်လောကအရှင်၊ အုတ်ဂူလောကအရှင်၊ အရိုးစုလောကအရှင်နှင့် အခြားသူများကဲ့သို့ သူအာရုံစိုက်ထားသည့်လူတချို့က ကျိန်စာမိမထားကြပေ။
အဆိပ်လောကအရှင်သည် သူက ရိုးသားကြောင်းကို ဖော်ပြလိုပြီး သူ၏ လောကို စတင်ရုပ်သိမ်းကာ ငရဲကန့်သတ်မဲ့စိမ့်စမ်းရေကို သူ့ပေါ်သို့ကျဆင်းစေလိုက်၏။
ထိုသည်ကိုတွေ့မြင်သောအခါ သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြုံးလိုက်၏။
“မင်းက ဒီနေ့ထွက်သွားနိုင်မှာမဟုတ်ဘူးလို့ ငါပြောခဲ့ပြီးပြီပဲ… မင်းက ကျိန်စာမိမထားဘူးဆိုလျှင်တောင် နဂါးတွေနဲ့ ဖီးနစ်တွေရဲ့ တိုက်ပွဲရဲ့ သွေးကြွေးအတွက် မင်းက ပြန်ပေးဆပ်ရလိမ့်မယ်”
ထိုသို့ပြောရင်း သို်ငးတာအိုပင်မခန္ဓာက အဆိပ်လောကအရှင်ရှိရာသို့ လျှောက်လှမ်းလာပြီဖြစ်၏။
“သေစမ်းကွာ..”
အဆိပ်လောကအရှင်က ထိုသည်ကို တွေ့မြင်သောအခါ သူက မည်သည့်မျှော်လင့်ချက်ကိုမှ ဆက်လက်၍ မထားတော့ပေ။ အေးစက်စက်အကြည့်နှင့်အတူ သူက တမလွန်ကပ်ဘေးလောကကို နောက်တစ်ဖန်စုဖွဲ့ကာ သိုင်းတာအိုပင်မခန္ဓာကို ဖိနှိမ်ဖို့ကြိုးစားလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက သု့လက်ကိုမြှောက်ပြီး ပစ်ထိုးလိုက်ဆဲဖြစ်ခါ ဤလောကကို အလွယ်တကူ ကြေမွပျက်စီးသွားစေ၏။
“အထီးကျန်သိုင်းသခင် မင်းငါ့ကိုသတ်ချင်တယ်ဆိုရင် မင်းလည်း သေရလိမ့်မယ်”
အဆိပ်လောကအရှင်က ထိုသည်ကိုတွေ့မြင်သောအခါ သူက တုန်လှုပ်ရမည့်အစား ကျေနပ်သဘောကျသွားပြီး မကောင်းဆိုးဝါးဝါးဆန်ဆန်ရယ်မောလိုက်၏။
သူ၏ တမလွန်ကပ်ဘေးလောကသည် အဆိပ်များဖြင့် ပြည့်နှက်နေပြီး လောကအပိုင်းအစတစ်ခုချင်းစီမှာ ဧကရာဇ်ပညာရှင်တစ်ဦးကို သေဆုံးစေနိုင်သည့် အဆိပ်ဓာတ်စွမ်းအားပါဝင်နေ၏။
ယခု တမလွန်ကပ်ဘေးလောကက ကြေမွပျက်စီးသွားပြီး အဆိပ်များအားလုံးက သွန်းလောင်းကျဆင်းလာကာ သိုင်းတာအိုပင်မခန္ဓာကို လွှမ်းခြုံသွားလေသည်။
အဆိပ်လောကအရှင်က သူ၏ ရင်ထဲမှာ အဲဒါကို သိရှိထား၏။
အထီးကျန်သိုင်းသခင်၏ တိုက်ခိုက်ရည်ခွန်အားအရ အခြားအဆိပ်များအနေဖြင့် သူ့ကို ခြိမ်းခြောက်နိုင်ဖို့ မလွယ်ကူပေ။ သို့သော်လည်း ဧကရာဇ်ပညာရှင်များပင် တမလွန်ကပ်ဘေးအဆိပ်ကို ခုခံနိုင်မည်မဟုတ်ပေ။
တမလွန်ကပ်ဘေးအဆိပ်ကို သန့်စင်ဖို့အတွက် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မတည်ရှိသော ဆေးဖက်ဆိုင်ရာ ပါဝင်ပစ္စည်းတစ်ခုကို လိုအပ်လေသည်။ ဤလောကမှာ လူတစ်ဦးတည်းသာ အဲဒါကို သန့်စင်ဖော်စပ်နိုင်လေသည်။
သိုင်းတာအိုပင်မခန္ဓာက တမလွန်ကပ်ဘေးအဆိပ်ဖြင့် သက်ရောက်ခြင်းခံရသည်နှင့် သူ၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ လျော့ကျသွားပေလိမ့်မည်။
ထိုအချိန်မှာ ခန်းမထဲရှိ ကျန်ရှိနေသော ဧကရာဇ်ပညာရှင်များ ပူးပေါင်းလိုက်မည်ဆိုလျှင် သူတို့က သူ့ကို သတ်ဖြတ်နိုင်ပေလိမ့်မည်။
“ဟမ့်”
သိုင်းတာအိုပင်မခန္ဓာက လှောင်ရယ်လိုက်၏။
တမလွန်ကပ်ဘေးအဆိပ်ပင်လျှင် သူ၏ ကြောက်စရာကောင်းသော သွေးချီကြောင့် သူ့အနားကို ချဉ်းကပ်မလာနိုင်ပေ။
တမလွန်ကပ်ဘေးအဆိပ်က သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နိုင်မည်ဆိုလျှင်တောင် ဤလောကရှိ မည်သည့်အဆိပ်ထက်မဆို အသန်မာဆုံးမီးတောက်ကိုးခုဖြင့် လောင်ကျွမ်းပြာကျသွားပေလိမ့်မည်။