မဟာကမ္ဘာတစ်ထောင်လောက၏ ယဉ်ကျေးမှု
Vol. 206 Ch. 3090
ကျိုးပဲ့နေသော ကျောက်သားနံရံများပေါ်မှ ရုပ်ပုံကားချပ်များကို ကြည့်ပြီး သိုင်းတာအိုပင်မခန္ဓာက အလေးအနက်စဉ်းစားတွေးတောသွား၏။
တျဲယွဲ့လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ပြောရမယ်ဆိုရင် စုန်းမျိုးနွယ်က လောကမှာမွေးဖွားပေါ်ထွက်လာတဲ့ မျိုးနွယ်တစ်စုမဟုတ်ဘူး… သူတို့တွေက လူသားမျိုးနွယ်ကနေ အသွင်ပြောင်းလဲလာခဲ့တာပဲ”
ရုပ်ပုံကားချပ်များအရ တကယ်ပင် ထိုသို့ဖြစ်သည်။
တျဲယွဲ့က ဆက်ပြောလိုက်၏။
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက စုန်းမျိုးနွယ်ကို ဧကရာဇ်တမလွန်စုန်းက ဖန်တီးခဲ့တာဆိုရင်… ထျန်ဟွမ်ကုန်းမြေတိုက်က စုန်းမျိုးနွယ်က ဘယ်လိုဖြစ်ပေါ်လာတာလဲ”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“အဲဒါက အချက်တစ်ချက်ကို သက်သေပြပေးနေတယ်… စုန်းမျိုးနွယ်မွေးဖွားပေါ်ထွက်လာတဲ့ အရင်းအမြစ်က ဧကရာဇ်တမလွန်စုန်းမဟုတ်လောက်ဘူး”
“အဲဒီအရင်းအမြစ်က စောစောကတင် စုန်းလောကအရှင်ပြောခဲ့တဲ့ အရှင်သခင်ဆိုတာ ဖြစ်လောက်တယ်”
တျဲယွဲ့ကပြောလိုက်၏။
“စုန်းမျိုးနွယ်ကို ဖန်တီးနိုင်ပြီး စုန်းကမ္ဘာတစ်ခုလုံးကိုတောင် ထိန်းချုပ်ထားနိုင်တဲ့ ဒီလိုမျိုးပုဂ္ဂိုလ်တစ်ဦး တကယ်ပဲရှိနေတယ်ဆိုရင် သူက ဘယ်လောက်တောင် သန်မာနေတာလဲ.. သူက မဟာဧကရာဇ်တစ်ပါးဖြစ်နိုင်မလား”
“ဖြစ်နိုင်လောက်တယ်”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“စောစောက တမလွန်စုန်းတောင်ထွတ်ပေါ်မှာရှိတဲ့ တဗူးနည်းစနစ်က အရမ်းကိုသန်မာတယ်… အဲဒါက အထွတ်အထိပ်ဧကရာဇ်တစ်ဦးထက် အများကြီးကျော်လွန်သွားခဲ့ပြီ… အဲဒါက မဟာဧကရာဇ်တစ်ပါးရဲ့စွမ်းအား ဖြစ်နေလောက်တယ်”
ယခုအချိန်ထိကို သိုင်းတာအိုပင်မခန္ဓာသည် မဟာဧကရာဇ်ပညာရှင်တစ်ဦးနှင့် မတိုက်ခိုက်ခဲ့ဖူးပေ။
သူသည် အရင်က မိစ္ဆာအရှင်နှင့် တိုက်ခိုက်ဖလှယ်ခဲ့ဖူးသော်လည်း သူတို့နှစ်ယောက်စလုံးသည် သူတို့၏ ခွန်အားအပြည့်အဝကို အသုံးပြုခြင်းမရှိဘဲ ရပ်တန့်ခဲ့ကြ၏။
သိုင်းတာအိုပင်မခန္ဓာသည် မဟာဧကရာဇ်တစ်ပါး၏ စွမ်းအားအဆင့်ကို မဆုံးဖြတ်နိုင်ပေ။
တျဲယွဲ့က ပြောလိုက်သည်။
“အဲဒီမှာရှိတဲ့စာလုံးတွေက ယင်ယန်အဆောင်သုတ္တန်နဲ့ အရင်းအမြစ်အတူတူပဲ.. သူတို့တွေကို အဲဒီလူက ရေးသားခဲ့တာဖြစ်ရမယ်”
သိုင်းတာအိုပင်မခန္ဓာက လှောင်ရယ်လိုက်၏။
“ငရဲကမ္ဘာမှာတော့ အဲဒီစာလုံးတွေကို တမလွန်ဘာသာစကားလို့ခေါ်တယ်… ဒါပေမဲ့ အဲဒါက မဟာကမ္ဘာတစ်ထောင်လောကရဲ့ ဘာသာစကားဖြစ်မယ်လို့ ငါယူဆမိတယ်”
မိစ္ဆာအရှင်နှင့် အခြားသူများသည် မဟာကမ္ဘာတစ်ထောင်လောကမှ လာခဲ့ကြခြင်းဖြစ်နိုင်လေသည်။
တစ်နည်းအားဖြင့်ဆိုသော် စိမ့်စမ်းကိုးခု ငရဲသုတ္တန်မှာရှိသော စာလုံးများသည် မဟာကမ္ဘာတစ်ထောင်လောကကနေ ဆင်းသက်လာခြင်းဖြစ်နိုင်သည်။
ဖန်တီးခြင်းကြာပဒုမ္မာသည်လည်း မဟာကမ္ဘာတစ်ထောင်လောကကနေ လာခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် ယင်ယန်အဆောင်သုတ္တန်မှာလည်း ဆင်တူသော စကားလုံးများကို တွေ့မြင်ရခြင်းဖြစ်သည်။
ဤသည်က မဟာကမ္ဘာတစ်ထောင်လောက၏ ယဉ်ကျေးမှုတစ်ရပ်လား။
တျဲယွဲ့က ပြောလိုက်၏။
“စုန်းမျိုးနွယ်ရဲ့ အရှင်သခင်က ဘာအရိပ်အယောင်ကိုမှ အခုချိန်ထိ ထုတ်ဖော်မထားသေးဘူး… သူက သူ့ကိုယ်သူကောင်းကောင်းဖုံးကွယ်ထားတာပဲ”
“ငါစောစောက တိုက်ခိုက်တုန်းက ငါ့ရဲ့ စိတ်အာရုံအများစုက သူ့ကိုသတိထားနေခဲ့တာ”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ကံဆိုးစွာနဲ့ပဲ.. ငါက စုန်းဧကရာဇ်အတော်များများကို သတ်ဖြတ်ခဲ့ပြီးတာတောင် သူက ပေါ်ထွက်မလာခဲ့ဘူး”
“စုန်းမျိုးနွယ်က ဒီလောက်များပြားတဲ့ ဧကရာဇ်ပညာရှင်တွေကို ဘယ်လိုမွေးထုတ်ပေးနိုင်ခဲ့တာလဲ… အဲဒါက ထူးဆန်းနေတယ်”
တျဲယွဲ့က စဉ်းစားတွေးတောနေ၏။
သိုင်းတာအိုပင်မခန္ဓာက ထိုစကားကို ကြားသောအခါ သူ၏ စိတ်ထဲမှာ အတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီး သူက တစ်စုံတစ်ရာကို ခပ်ရေးရေးခံစားမိသွား၏။
“အဲဒါတင်မကဘူး”
တျဲယွဲ့က ပြောလိုက်၏။
“စုန်းလောကအရှင်ကိုင်တွယ်ထိန်းချုပ်နေတဲ့ ရုပ်သေးရုပ်တွေရဲ့ ခန္ဓာကိုယ်ထဲက ပင်ကိုယ်ဗီဇဝေဒနာကျိန်စာက သူသေသွားပြီးတဲ့နောက် ပျောက်ကွယ်သွားမှာ မဟုတ်လောက်ဘူး”
“စုန်းလောကအရှင်ရဲ့ လွှမ်းမိုးမှုနဲ့ လမ်းညွှန်မှုမရှိရင် သူတို့က စိတ်လွတ်နေတဲ့အနေအထားမှာ ထိန်းချုပ်မှုကင်းမဲ့သွားလောက်ပြီ… သူတို့တွေက တစ်ခုခုကို လုပ်လာဖို့ဖြစ်နိုင်တယ်”
“ပန်းကမ္ဘာကို အရင်သွားပြီး ဒီကိစ္စကို ဖြေရှင်းကြတာပေါ့”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
အရင်တုန်းက ပန်းကမ္ဘာမှ မျိုးနွယ်ဝင်များစွာသည် တမလွန်ကပ်ဘေးအဆိပ်မိထားခဲ့စဉ်က ဆူဇီမိုသည် ထိုအဆိပ်ကို ပန်းကမ္ဘာမှတစ်ယောက်ယောက်က ဖြန့်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ထင်မြင်ယူဆခဲ့မိ၏။
သို့သော်လည်း ထိုအတွေးက အနည်းငယ်ရဲတင်းလွန်းနေပြီး သက်သေအထောက်အထားမရှိဘဲ သူက မည်သူကိုမှ ပြောမပြနိုင်ခဲ့ပေ။
ယခု သူသည် အဲဒါနှင့်ပတ်သက်၍ ပြန်လည်စဉ်းစားမိလာ၏။ ပန်းကမ္ဘာမှ ပညာရှင်သည် ပင်ကိုယ်ဗီဇဝေဒနာကျိန်စာဖြင့် ရုပ်သေးရုပ်တစ်ရုပ်ဖြစ်လာကာ ဆင်ခြင်တုံတရားကင်းမဲ့သွားပြီး ထိုအဆိပ်ကို ဖြန့်ခဲ့ခြင်းဖြစ်ရပေမည်။
ထိုရုပ်သေးရုပ်က တမလွန်ကပ်ဘေးအဆိပ်ကို ဖြန့်ကြက်ပြီးနောက် စုန်းလောကအရှင်သည် အခွင့်အလမ်းကိုချိန်ဆကာ ကြားတင်စွက်ဖက်လာနိုင်ပြီး ပင်ကိုယ်ဗီဇဝေဒနာကို ဆက်လက်၍ ဖြန့်ကြက်နိုင်မည်ဖြစ်လေသည်။
တကယ်တော့ ပန်းကမ္ဘာမှ အခြေအနေက အသည်းအသန်မဟုတ်လောက်ပေ။
မည်သို့ပင်ဆိုစေ နေ့နှင့်ညကုန်းမြေမှာတုန်းက ဆူဇီမိုသည် ငရဲကန့်သတ်မဲ့စိမ့်စမ်းရေတချို့ကို ရှာတွေ့ခဲ့ပြီး ပန်းကမ္ဘာ၏ ပြဿနာကိုဖြေရှင်းရန် အင်မော်တယ်ဘုရင်မယိုလန်နှင့် ထည့်ပေးခဲ့လေသည်။
ရှောင်းယောင်က ပန်းကမ္ဘာမှာရှိနေသေးသည်ကို တွေးမိချိန်မှာ သိုင်းတာအိုပင်မခန္ဓာက တွေဝေတုံ့ဆိုင်းမနေဘဲ တျဲယွဲ့နှင့်အတူ လေဟာနယ်ကို ဆုတ်ဖြဲကာ စုန်းကမ္ဘာ၏ အထက်ကောင်းကင်ကနေ ပျောက်ကွယ်သွား၏။
စုန်းကမ္ဘာမှ ဧကရာဇ်ပညာရှင်တချို့က ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့၏။ သို့သော်လည်း သူတို့၏ လောကများက ကြေမွပျက်စီးသွားပြီး သူတို့နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်စရာမရှိတော့ပေ။
ယခု တမလွန်စုန်းတောင်ထွတ်က ပြိုကျသွားပြီး စုန်းမျိုးနွယ်၏ အစောင့်အရှောက်နေရာက ဖျက်ဆီးခံလိုက်ရ၏။
ဤတိုက်ပွဲအပြီးမှာ သူတို့က မလွဲမသွေကျဆင်းသွားပေလိမ့်မည်။
ပန်းကမ္ဘာမှာ။
အစိမ်းရောင်ကြာပန်းကြယ်တွင်။
ရှောင်းယောင်နှင့်မူလျန်သည် တစ်ဦးကိုတစ်ဦး ချစ်ခင်စုံမက်နေပြီး တပူးပူးတတွဲတွဲရှိနေကြ၏။ သူတို့သည် တာအိုလက်တွဲဖော်များအဖြစ် တရားဝင်ကြေညာခဲ့သည်မှာ သိပ်မကြာသေးပေ။
အင်မော်တယ်ဘုရင်မယိုလန်သည် ဤလက်ထက်မင်္ဂလာပွဲကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပြီး ဆူဇီမိုကိုပင် ဖိတ်ခေါ်လိုခဲ့၏။
သို့သော်လည်း ဆူဇီမိုသည် နီညိုရောင်မျောက်ဝံကမ္ဘာကနေ ထွက်ပြေးလွတ်မြောက်သွားပြီးကတည်းက သူ့ထံမှ ဘာသတင်းမှရရှိမလာတော့ပေ။ သူ၏ ကံကြမ္မာက ဘာမှန်းမသိရဘဲ အင်မော်တယ်ဘုရင်မယိုလန်က ဤကိစ္စနှင့်ပတ်သက်ပြီး ထပ်မံ၍ မစဉ်းစားတော့ပေ။
နဂါးကမ္ဘာမှ အခြေအနေက မသေးငယ်သော်လည်း ထိုသတင်းသည် မကြာသေးခင် ရက်အနည်းငယ်ကမှ ပျံ့နှံ့လာခဲ့၏။
ပြီးခဲ့သည့်နှစ်အနည်းငယ်မှာ ရှောင်းယောင်သည် တစ်ခုခုကို စဉ်းစားရင်း ငေးငိုင်စွာဖြင့် တစ်ယောက်တည်းထိုင်နေတတ်သည်ကို မူလျန်က မကြာခဏမြင်တွေ့လာရ၏။
ရှောင်းယောင်သည် သူမနှင့်အတူ ရှိနေပြီး သူမကို တစ်နေ့လုံး အဖော်ပြုပေးနေသော်လည်း သူ့စိတ်ထဲမှာ တစ်ခုခုရှိနေသည်ကို မူလျန်က အာရုံခံမိနိုင်၏။
“နင်.. နင့်ဆရာကို စိုးရိမ်နေတာလား”
ဤနေ့မှာ မူလျန်သည် ရှောင်းယောင်၏ ဘေးသို့ ရောက်ရှိလာပြီး သူ့ဘေးမှာထိုင်လိုက်၏။ သူမက သူမ၏ ခေါင်းကို အနည်းငယ်ခါကာ ညင်သာစွာမေးလိုက်၏။
ရှောင်းယောင်က ခေါင်းခါပြလိုက်၏။
“ငါမစိုးရိမ်ပါဘူး”
“ဟမ်”
မူလျန်က အနည်းငယ်မှင်တက်သွား၏။
အစက ရှောင်းယောင်သည် ရံဖန်ရံခါ အခက်တွေ့၍ မအီမသာဖြစ်နေသည်မှာ ဆူကျူး၏ အခြေအနေက ဘာမှန်းမသိရသောကြောင့်ဖြစ်မည်ဟု သူမက မှတ်ယူခဲ့လေသည်။
ရှောင်းယောင်က ပြောလိုက်၏။
“ဆရာက သေချာပေါက် အဆင်ပြေမှာပါ”
ခဏမျှရပ်တန့်ပြီးနောက် ရှောင်းရှောင်က သူ၏ ခေါင်းကိုငုံ့ကာ တီးတိုးပြောလိုက်၏။
“ငါက သူနဲ့ စီနီယာအစ်မကို လွမ်းနေရုံပါပဲ”
သူတို့သုံးယောက်သည် တက်လှမ်းလာပြီးနောက် ခဏမျှသာတွေ့ဆုံခဲ့ရပြီး သိပ်မကြာခင် ခွဲခွာခဲ့ရ၏။
အစကတော့ သူသည် မူလျန်နှင့်အတူ သူ၏ အချိန်များကို ကုန်ဆုံးစေခဲ့၏။ သူသည် ဆူဇီမိုနှင့် ပေမင်ရွှယ်ကိုပင် သိပ်ပြီးဂရုမစိုက်တော့ဘဲ သူတို့နှင့်အတူ လိုက်ပါမသွားခဲ့ပေ။
သို့သော်လည်း ထိုလုပ်ရပ်ကြောင့် သူက ဤနှစ်များမှာ ပို၍ သတိရလွမ်းဆွတ်နေ၏။
မည်သို့ပင်ဆိုစေ သူ့ကို ဆူဇီမို၏ မျိုးဆက်သွေးက နိုးထစေခဲ့ပြီး ပေမင်ရှေးတော်ဝင်မိသားစုက သူ့ကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ကာကွယ်စောင့်ရှောက်ပေးခဲ့လေသည်။ သူသည် သူတို့နှစ်ယောက်နှင့် အလွန်တရာထူးခြားသော ဆက်ဆံရေးတစ်ခုရှိထားပြီး သူတို့နှင့် မိသားစုကဲ့သို့ ရစ်ပတ်ချည်နှောင်မိနေ၏။
သူက ဥတစ်လုံးဘဝမှာ ရှိနေသေးစဉ်က ဆူဇီမိုသည် သူ့ကို ပေမင်သမုဒ္ဒရာသို့ ပို့ပေးလိုသော်လည်း သူက သူတို့ဘေးမှာ နေရသည်ကို အလွန်တရာသဘောကျနေပြီး ခွဲခွာမသွားလိုခဲ့ပေ။
မူလျန်က ခဏမျှစဉ်းစားတွေးတောပြီး ပြောလိုက်၏။
“နင့်ဆရာက ဘယ်ကိုရောက်နေလဲ မသိရဘူး… သူ့ရဲ့ ကံကြမ္မာကလည်း ဘာမှန်းမသိရဘူး… ငါတို့ ဓားကမ္ဘာကိုသွားပြီး တာအိုရောင်းရင်းပေမင်ကို သွားရှာရင်ကောင်းမလား”
ရှောင်းယောင်၏ မျက်လုံးက ဝင်းလက်သွား၏။
“ငါတို့ ဘယ်အချိန်သွားမလဲ”
“အခုဆိုရင်ရော”
မူလျန်က ပြုံး၍ မေးလိုက်၏။
“ရတယ်လေ”
ရှောင်းယောင်က ထခုန်ပြီး သူ၏ လိုဏ်ဂူခန်းဝါသို့ပြန်ကာ ထုပ်ပိုးစရာရှိသည်များကို ထုပ်ပိုး၍ ချက်ချင်းပင် ထွက်ခွာလိုက်၏။
သူတို့နှစ်ယောက် လှည့်ထွက်လိုက်သည့်ခဏမှာပင် သူတို့သည် သူတို့၏ နောက်ဘက် မလှမ်းမကမ်းမှာ မတ်တတ်ရပ်နေသည့် လူနှစ်ယောက်ကို တွေ့မြင်လိုက်ရ၏။
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်လေသည်။
“အဲဒါဘယ်သူလဲ”
မူလျန်က တုန်လှုပ်သွား၏။
သူတို့နှစ်ယောက်က ဘယ်အချိန်တုန်းက ပေါ်ထွက်လာတာလဲ။ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးအနေဖြင့် သူမသည် မည်သည့်အရာကိုမှ သတိမထားမိခဲ့ပေ။
တစ်နည်းအားဖြင့်ဆိုသော် သူတို့နှစ်ယောက်က အနည်းဆုံး ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာရှိနေကြ၏။
သူတို့နှစ်ယောက်သည် ပန်းကမ္ဘာမှ မဟုတ်သည်မှာ သိသာနေသည်။
အမျိုးသား၏ ဆံပင်က အနက်ရောင်ဖြစ်ပြီး ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အေးစက်စက်ငွေရောင်မျက်နှာဖုံးတစ်ခုကိုပင် တပ်ထားလေသည်။ သူက ကောင်းမွန်သောရည်ရွယ်ချက်နှင့် ရောက်ရှိလာခြင်းမဟုတ်သည်မှာ သိသာနေ၏။
အမျိုးသမီးက အလွန်တရာချောမောလှပသော်လည်း သူမမှာ ဘာကိုမှဂရုမစိုက်တတ်သည့် အမူအရာတစ်ခုရှိနေ၏။
ရှောင်းယောင်၏ အခြေအနေက ပို၍ပင် ဆိုးဝါးနေသည်ကို မူလျန်က သူမ၏ မျက်ဝန်းထောင့်ကနေ တွေ့မြင်လိုက်ရ၏။ သူက သူတို့နှစ်ယောက်ကို တွေ့မြင်သည့်အခါ တုန်လှုပ်ချောက်ချားနေ၏။
မူလျန်၏ အမူအရာက တင်းမာသွားပြီး သူမက ဓမ္မပညာရပ်များကို လှည့်ပတ်ကာ သူမ၏ စိတ်ဝိညာဉ်ရတနာကို ဆင့်ခေါ်လိုက်၏။
သူမက အော်ပြောတော့မည့်ဆဲဆဲမှာပင် ရှောင်းယောင်က ဘေးကနေ အင်အားချိနဲ့စွာဖြင့် ခေါ်လိုက်၏။
“ဆရာ..”
ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုစလုံးက ရှောင်းယောင်၏ ဆရာများပင် ဖြစ်လေသည်။
သို့သော်လည်း ရှောင်းယောင်သည် သိုင်းတာအိုပင်မခန္ဓာကို တွေ့မြင်သည့်အကြိမ်တိုင်းမှာ ကြောက်ရွံ့မှုကို ခံစားရတတ်၏။
“ဟမ်”
မူလျန်က မှင်တက်သွားပြီး ရှောင်းယောင်ကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်၏။
ရှောင်းယောင်က သူ၏ မျက်လုံးကို ပုတ်ခတ်နေပြီး သူ၏ အကြည့်က တျဲယွဲ့ထံ ရောက်ရှိသွား၏။
အရင်တုန်းက တျဲယွဲ့သည် ထျန်ဟွမ်းကုန်းမြေတိုက်သို့ ဆင်းသက်လာစဉ် သူမထုတ်ဖော်ခဲ့သည့် အနှိုင်းမဲ့သွင်ပြင်ဟန်ပန်ကို သူက တွေ့မြင်ထားခဲ့ဖူးလေသည်။
“ဆရာကတော်..”
ရှောင်းယောင်က မဝံ့မရဲခေါ်လိုက်၏။
တျဲယွဲ့၏ အစက မှင်သေသေအမူအရာက အနည်းငယ်ပျော့ပျောင်းသွားပြီး ရှောင်းယောင်အပေါ် သူမ၏ အကြည့်က ပို၍ပင် နူးညံ့လာခဲ့၏။ သူမက အသိအမှတ်ပြုသည့်အနေဖြင့် ညင်သာစွာခေါင်းညိတ်ပြလိုက်၏။
ထိုတုံ့ပြန်မှုကို ရရှိပြီးနောက် ရှောင်းယောင်က ပြုံး၍ စိတ်ကိုလျှော့ချကာ သူ့ဘာသာသူတွေးလိုက်၏။
‘ဆရာနှင့်ယှဉ်ရင် ဆရာကတော်က ပိုပြီးတော့ ရင်းနှီးဖော်ရွေမှုရှိနေတာပဲ။’