← Chapters

ဆရာတပည့် ညတွင်းစကား

Vol. 6 Ch. 76

ဆရာတပည့် ညတွင်းစကား

Vol. 6 Ch. 76

~ထိုတစ်နေ့...

အစစ်အမှန်သိုင်းဂိုဏ်းမှ တပည့်များ

တစ်ယောက်ပြီးတစ်ယောက် တောင်ပေါ်မှ ဆင်းသက်လာကြလေ၏။ သူတို့သည် ခြေမြန် မြင်းကြီးများကို စီးနင်းကာ ချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားသို့သာမက အနီးအနား ပြည်နယ်အချို့သို့ပင် ဦးတည်ထွက်ခွာသွားကြသတည်း။

ထို့နောက်မှာတော့ ချင်ပြည်နယ် တစ်ခုလုံး နောက်တစ်ကြိမ် လှုပ်လှုပ်ရှားရှား ဖြစ်သွားရပြန်တော့သည်။

သိုင်းသမားတစ်ယောက်က ပြောလိုက်၏။

"တာအိုဆရာလုံရှန်းက နောက်ဆုံးတော့ ကောင်းကင်ဘုံလူသား မဟာအခမ်းအနားကို ကျင်းပတော့မှာကိုး..."

သူ့အဖော်ကလည်း အားကျစွာ ညည်းညူလာသည်။

"ဒီတစ်ခါ ဘယ် ကောင်းကင်ဘုံလူသား အဆင့် ပုဂ္ဂိုလ်ကြီးတွေ တက်ရောက်လာမလဲ မသိဘူး။ ဒါက လုံးဝ လက်လွှတ်လို့ မဖြစ်တဲ့ အခွင့်အရေးကြီးပဲ။ ကောင်းကင်ဘုံလူသား တစ်ယောက်ယောက်ရဲ့ မျက်စိကျတာ ခံလိုက်ရရင်၊ တပည့်အဖြစ် လက်ခံတာ မပြောနဲ့ဦး...

သူတို့နားမှာ အစေခံ တစ်ယောက် ဖြစ်ခွင့်ရတာနဲ့တင် ကံကောင်းလွန်းတယ် ပြောရမှာ..."

နောက်တစ်ယောက်ကလည်း အားကျစွာ ပြောသည်က ..

"ငါ အလိုချင်ဆုံးကတော့ ကောင်းကင်ဘုံလူသားတွေရဲ့ လမ်းစဉ် ဆွေးနွေးပွဲပဲ။ နည်းနည်းလေး နားလည်လိုက်တာနဲ့ တစ်သက်လုံး အကျိုးရှိသွားနိုင်တယ်။ ကံဆိုးတာက ငါတို့လို ဂိုဏ်းဂဏမဲ့ လျှောက်သွားလျှောက်လာ ကျင့်ကြံနေတဲ့ လူတွေအတွက် ဖိတ်စာတစ်စောင် ရဖို့က သိပ်ခက်တာပဲ..."

"အခွင့်အရေးဆိုတာ အဆင်သင့်ပြင်ထားတဲ့ သူတွေအတွက်ပဲလေ။ အစစ်အမှန်သိုင်းတောင်ပေါ် မတက်နိုင်ရင်တောင် အနီးအနားမှာ ကပ်နေတာ ကောင်းပါတယ်။ ဘယ်သူသိနိုင်မလဲ... ချီစွမ်းအင် နယ်ပယ် အဆင့် ပုဂ္ဂိုလ်တစ်ယောက်ယောက်ကများ ငါတို့ကို သတိထားမိသွားမလားလို့..."

"ဒီလို ကြီးကျယ်ခမ်းနားတဲ့ ပွဲမျိုးကိုတော့ ကြုံကိုကြုံဖူးအောင် လုပ်ရမှာပဲ။ အစစ်အမှန်သိုင်းဂိုဏ်းရဲ့ အခြေခိုင်မှု ဘယ်လောက်နက်သလဲဆိုတာ ကြည့်ဖို့ အခွင့်အရေးကောင်းပဲ..."

...

ထိုသို့ တီးတိုးပြောဆိုသံတွေဟာ ချင်ပြည်နယ်တစ်ခွင် ပဲ့တင်ထပ်လို့နေခဲ့၏။

ဖိတ်စာရသူတွေကတော့ ပြောစရာမလိုအောင် ပျော်ကြပြီး လက်ဆောင်ပဏ္ဏာတွေ စတင်ပြင်ဆင်ကြတော့သည်။ ထိုအချိန်မှာ တိမ်တွေလို စုဝေးလာကြမည့် အစွမ်းထက် ပုဂ္ဂိုလ်တွေအားလုံးက ဂုဏ်ပြုဖို့လာကြမှာမို့ လက်ဆောင်က နည်းနည်းနုပ်နေလျှင် လှောင်စရာပြောင်စရာ ဖြစ်သွားနိုင်သည်။ ဒါဟာ အဆက်အသွယ်ကောင်းတွေ ထူထောင်ဖို့ အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်ပါ၏။

ဖိတ်စာမရသူတွေတောင် လက်မလျှော့ကြသေးပါ။ သူတို့ကလည်း အစစ်အမှန်သိုင်းဂိုဏ်းဘက်သို့ ဦးတည်လာကြသည်။ အများစုကတော့ ကျင့်ကြံမှုအဆင့်နိမ့်သည့် သိုင်းသမားတွေဖြစ်ပြီး ဒီလို မုန်တိုင်းထန်သည့် စုဝေးပွဲကြီးမှာ အခွင့်အရေးတစ်ခုခုများ ရလေမလားဟု မျှော်လင့်နေကြလေသည်။

ကံကောင်းတာက အစစ်အမှန်သိုင်းတောင် အောက်ခြေက ရွာတွေကို အကြီးအကျယ် ချဲ့ထွင်ထားပြီး၊ တာအိုဆရာလုံရှန်း၏ ညွှန်ကြားချက်အရ ‘အစစ်အမှန်သိုင်းမြို့တော်’ ဟူ၍ အမည်ပေးထားနှင့်လေပြီ။

ကြိုတင် မြင်ယောင် ကြည့်နိုင်တာကတော့...

အစစ်အမှန်သိုင်းမြို့တော်ဟာ တဖြည်းဖြည်းနှင့် ချင်ပြည်နယ်၏ နောက်ထပ် သိုင်းမြို့တော်ကြီး

တစ်ခုအဖြစ် တိုးတက်လာတော့မှာပဲ ဖြစ်ပါသည်။

သို့နှင့် အစစ်အမှန်သိုင်းဂိုဏ်းဟာ မရေမတွက်နိုင်သော အကြည့်တွေ၏ ဗဟိုချက် ဖြစ်လာခဲ့တော့၏။

တာအိုဆရာလုံရှန်း အနေနှင့်ကတော့ နင်ချီနှင့် ပတ်သက်သည့် ကိစ္စတွေကို တွေးတောနေခဲ့သည်။

-------

ညဉ့်နက်သန်းခေါင် အချိန်...

တာအိုဆရာလုံရှန်း ဟာ တောက်ပအလင်းသိုင်းခန်းမဆောင်၏ ပြတင်းပေါက်နားမှာ လက်နောက်ပစ်ရပ်ရင်း ညရှုခင်းကို ငေးမောနေခဲ့သည်။

ဒီကာလအတွင်းမှာ သူဟာ အရင်ဆုံး ချင်ယွင်၏ သဲလွန်စကို ရှာဖို့ တောင်ပေါ်က ဆင်းခဲ့၏၊ ထို့နောက်မှာတော့ ကောင်းကင်ဘုံလူသားနယ်ပယ်ကို ချိုးဖြတ်ဖို့ တံခါးပိတ် ကျင့်ကြံခဲ့၏။

အပြင်ပြန်ထွက်လာတော့ သူ့တပည့်တွေ အနိုင်ကျင့်ခံရသည်ဟု ကြား၍ ချက်ချင်း တောင်ပေါ်ကဆင်းပြီး အရပ်လေးမျက်နှာ သတ်ဖြတ်ပွဲ ဆင်နွှဲခဲ့ပြန်၏။ တောင်ပေါ် ပြန်ရောက်တော့ ကောင်းကင်ဘုံလူသား နယ်ပယ် ချိုးဖြတ်မှုက ရလာသော အကျိုးကျေးဇူးတွေကို ချေဖျက်ဖို့

အမြန် တံခါးပိတ် ကျင့်ကြံရပြန်သည်။

ဒီလို အလုပ်များသော သံသရာလည်ပြီးနောက်မှာတော့ နှစ်နှစ်နီးပါး ကုန်လွန်သွားခဲ့၏။ ထိုကြားထဲမှာ သူ့တပည့်တွေကို အာရုံစိုက်ဖို့ အချိန်

သိပ်မရခဲ့ချေ။

လော့ဝမ်ထျန်းနှင့် တခြားသူတွေအတွက်တော့ တာအိုဆရာလုံရှန်း စိတ်မပူပါ။ ဘာပဲဖြစ်ဖြစ်

သူတို့က ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်သော အရွယ်ရောက်ပြီးသား လူကြီးတွေပဲလေ။ နင်ချီတစ်ယောက်တည်းကသာ အသက်ငယ်လွန်းသေး၏၊ အခုမှ ရှစ်နှစ်ပဲ ရှိသေးသည်။

သွေးကြွေးရှိသော်ငြား စွမ်းအားက ကြီးမားနေ၏။

တာအိုဆရာလုံရှန်း စိုးရိမ်တာက နင်ချီ၏ အစွမ်းတိုးလာလေလေ လက်စားချေလိုစိတ်က ပိုပြင်းထန်လာပြီး သူ့ကိုယ်သူ ထိခိုက်သွားမှာကိုပါပင်င်။

'သေစေနိုင်တဲ့ လက်နက်ကိုင်ထားရင် သတ်ချင်စိတ် ပေါ်လာတာပဲ...။ အစွမ်းရလာရင် လက်စားချေချင်တာ လူ့သဘာဝပဲ မဟုတ်လား...'

'တစ်နှစ်လောက်ကတောင် ကိုးလေးမှာ မြူဖြူနယ်ပယ် ပြိုင်ဘက်ကို နိုင်နိုင်တဲ့ စွမ်းအားရှိနေပြီ။ အခု ဘယ်အဆင့်လောက် ရောက်နေပြီလဲ

မသိဘူး...'

တာအိုဆရာလုံရှန်း တွေးတောနေမိသည်။

အစစ်အမှန်သိုင်းဂိုဏ်း တစ်ခုလုံးမှာ ကောင်းကင်ပျံလင်းယုန်ကို သတ်ခဲ့သူဟာ သူ့၏ တပည့်ငယ်လေး ဖြစ်ကြောင်း သူ တစ်ယောက်တည်းပဲ သိထားသည်။

ယခုချိန်ထိတောင် သူ တစ်ခါတစ်ရံ ယုံရခက်နေသေး၏။ တစ်နှစ်လောက်က ခုနစ်နှစ်အရွယ်ချိန်ထိတောင် သူ တစ်ခါတစ်ရံ ယုံရခက်နေသေး၏။ တစ်နှစ်လောက်က ခုနစ်နှစ်အရွယ်

နင်ချီက မြူဖြူနယ်ပယ် သခင်တစ်ယောက်ကို အလွယ်တကူ သတ်နိုင်ခဲ့သည်ဟူသော ဖြစ်ရပ်က တခြားသူတွေ ကြားရလျှင် ယုံနိုင်စရာ မရှိလောက်ပါ။

လော့ဝမ်ထျန်းနှင့် တခြားသူတွေ၏ ခန့်မှန်းချက်က မမှားပါ၊ အမှန်တကယ်ပင် အစစ်အမှန်သိုင်း အခြေခံအုတ်မြစ်က လုပ်ခဲ့ခြင်းပါ။ သို့သော် ထို အစစ်အမှန်သိုင်း အခြေခံအုတ်မြစ်ဆိုတာ

သူတို့၏ ဂျူနီယာညီလေး ကိုယ်တိုင် ဖြစ်လိမ့်မည် ဟူ၍တော့ သူတို့ နည်းနည်းကလေးမျှ

မထင်ခဲ့ကြပေ။

'ငါ့ရဲ့ လက်ရှိအစွမ်းနဲ့ဆို သွေးမိုးမျှော်စင်ကို နှိမ်နင်းဖို့က ပြဿနာ မရှိဘူး။ ဒါပေမဲ့ သူတို့ကို ကြိုအသိပေးလို့တော့ မဖြစ်ဘူး။

လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီး လေးယောက် အရင်ထွက်ပြေးသွားမှာ စိုးရတယ်။ ပြီးတော့ အရင်နှစ်တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုရဲ့ နောက်ကွယ်က အမှန်တရားကိုလည်း သေသေချာချာ စုံစမ်းရဦးမယ်...'

ထိုလေးယောက်က ကောင်းကင်ဘုံလူသား ၏ အရှေ့ကတောင်မှ အထိအခိုက်မရှိ ထွက်ပြေးနိုင်သည်ဟု ဆိုကြသည်။ ထို့ကြောင့် ပိုသတိထားရမည်။ တစ်ယောက်ချင်းစီကို ဖြိုခွင်းဖို့ လိုအပ်သည်လေ။

'ဖြစ်နိုင်ရင် ဒီကိစ္စကို ကိုးလေးနဲ့ အရင် တိုင်ပင်ကြည့်သင့်တယ်။ သူ စိတ်မငြိမ်မသက် ဖြစ်နေမှာစိုးလို့...'

ဒီအတွေးနှင့်အတူ တာအိုဆရာလုံရှန်းသည် စိတ်ပိုင်းဖြတ်ကာ တာအိုရှာဖွေ ကျောင်းတော် ရှိရာဘက်သို့ ဦးတည်ထွက်ခွာခဲ့လေ၏။

မကြာခင်မှာပဲ ...တာအိုဆရာလုံရှန်း တာအိုရှာဖွေကျောင်းတော် အပြင်ဘက်ကို ရောက်လာတော့ သူ့မျက်ဝန်းထဲမှာ အံ့ဩသည့် အရိပ်အယောင်တွေ ပေါ်လာသည်။

ခြံဝင်း အပြင်ဘက်မှာ မက်မွန်ပင်တွေ

မြင့်မြင့်မားမား ပေါက်ရောက်ကြ၏။

ပန်းတွေ မပွင့်သေး၍ အထီးကျန်နေပုံ ပေါက်သည်။ သို့ပေမဲ့၊ တာအိုဆရာ

လုံရှန်း၏ စူးရှသော မျက်လုံးတွေက ဒီသစ်ပင်တွေ၏ တည်နေရာဟာ လျှို့ဝှက်ဆန်းကြယ်စွာနှင့် ခြံဝင်းငယ်လေးနှင့် သိမ်မွေ့စွာ ပဲ့တင်ထပ်နေပြီး ဖော်ပြရခက်သော ခံစားမှု တစ်ခုကို

ဖန်တီးနေသည်ဟု ထိုးထွင်းမြင်နိုင်ခဲ့သည်။

'တာအိုရှာဖွေခြင်း ကျောင်းတော်'

စကားလုံးတွေကို ကြည့်ရင်း၊ သူ့တပည့်ငယ်လေး၏ ရည်မှန်းချက်ကို ထိုစကားလုံး သုံးလုံးကနေ နားလည်သွားသလိုမျိုး တာအိုဆရာလုံရှန်းတိတ်တိတ်လေး ပြုံးလိုက်မိသည်။

သူသည် အလျင်မလိုဘဲ ဝင်သွားလိုက်သည်။

အတွင်းမှာ နင်ချီက တာအိုဆရာလုံရှန်း ရောက်လာကို အာရုံခံမိတာပြီးသားမို့ စောင့်နေခဲ့၏။

"ဆရာ"

နင်ချီက ပြုံးပြီး နှုတ်ဆက်လိုက်သည်။

တာအိုဆရာလုံရှန်းက နင်ချီကို ကြည့်ရင်း စိတ်ထဲမှာ ခံစားချက်တွေ ပြည့်နှက်သွား၏။ ရှစ်နှစ်အရွယ်မှာ နင်ချီဟာ ဆယ့်သုံး၊ ဆယ့်လေးနှစ် ကောင်လေးတစ်ယောက် အရပ်အမောင်း ရှိနေ လေပြီ။

နင်ချီက ပြာလဲ့လဲ့ တာအိုဝတ်ရုံကို ဝတ်ထားရာ နှစ်ပေါင်းများစွာ ဉာဏ်အလင်းပွင့်မှုနှင့် သိုင်းကျမ်း လေ့လာမှုတွေမှ ရလာသော ဖော်ပြမရနိုင်သည့် တာအိုရသ လွှမ်းခြုံမှု၊ အရှိန်အဝါ တစ်ခု ထွက်ပေါ်နေခဲ့သည်။

"ချီအာ... မင်း ကြီးပြင်းလာပြီပဲ..."

တာအိုဆရာလုံရှန်း လေးတွဲ့စွာ သက်ပြင်းချလိုက်သည်။ သူ ကောင်းကင်ဘုံလူသားနယ်ပယ်ကို ခြေချပြီးပေမဲ့၊ ဒီတပည့်ငယ်လေးကို သူ ခုထိ ထွင်းဖောက်မမြင်နိုင်သေးပါ။ ယန်ဇီမြစ်မှာ လှိုင်းလုံးတွေက ရှေ့ကလှိုင်းကို ကျော်လွှားသွားသလိုမျိုး အနည်းငယ် ခံစားလိုက်ရတယ်ဆိုတာ ဝန်ခံရပေမည်။

နင်ချီ ခြောက်လသားအရွယ်က သူ့ကို ထာဝရအသက်ရှင်ခြင်း အကြောင်း မေးခဲ့တာကို သူ ပြန်သတိရမိသည်။ ခုနစ်နှစ်ကျော်အတွင်း ကြီးထွားမှုက အံ့မခန်းပင်။ အားလုံးက သူ့မျက်စိရှေ့မှာ ဖြစ်ပျက်ခဲ့တာ မဟုတ်လျှင် သူ ယုံနိုင်မှာ မဟုတ်ပေ။

နင်ချီက လေးလေးနက်နက် ဆို၏။

"ဆရာ မရှိရင် နင်ချီ ဒီလောက် ချောချောမွေ့မွေ့ ကြီးပြင်းလာမှာ မဟုတ်ပါဘူး ခင်ဗျာ"

တာအိုဆရာလုံရှန်း ဘာကြောင့် ညဉ့်နက်သန်းခေါင် လာရသလဲဟု နင်ချီက မမေးခဲ့။

တာအိုဆရာလုံရှန်းကလည်း အစမဖော်ခဲ့ပါ။

ဆရာတပည့်၊ အရွယ်ကြီးတစ်ယောက်နှင့် အရွက်ငယ်တစ်ယောက်တို့ဟာ ခြံဝင်းအပြင်ဘက်ကို အမှတ်မထင် ထွက်လာခဲ့ကြပြီး အစစ်အမှန်သိုင်းတောင်ပေါ်မှာ အေးအေးလူလူ လမ်းလျှောက်နေကြ၏။

သူတို့ဟာ မကြာသေးခင်က အဖြစ်အပျက်တွေ၊ သိုင်းလောကက စိတ်ဝင်စားစရာ ဇာတ်လမ်းတွေ၊ တပည့်တွေ စီစဉ်သည့် အစစ်အမှန်သိုင်း မက်မွန်ပွဲတော် အကြောင်း ပြောကြသလို၊ မကြာခင် ကျင်းပမည့် ကောင်းကင်ဘုံလူသား မဟာအခမ်းအနား အကြောင်းကိုလည်း ပြောဆိုကြသည်။

ဒီခံစားမှုက သိပ်ကို နှစ်သိမ့်စရာ ကောင်းလှသည်။

ဆရာတပည့်ကြားမှာ ဒီလို အခွင့်အရေးမျိုးက ရှားပါးလွန်းလှ၏။

နင်ချီဟာ တာအိုဆရာလုံရှန်းအပေါ် အမြဲတမ်း သိပ်ကျေးဇူးတင်နေခဲ့သည်။

ဆရာက သူ့ကို သေမင်းတမန်နယ်ပယ်ကနေ ကယ်တင်ခဲ့ရုံမက စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့၏။ နောက်ပိုင်းနှစ်တွေမှာ သင်စရာ များများစားစား မကျန်တော့ပေမဲ့၊ တာအိုဆရာ

လုံရှန်းဟာ သူ့အတွက် အကောင်းဆုံး အခြေအနေတွေ ဖန်တီးပေးဖို့ ကြိုးစားခဲ့ပြီး သူ့ကိစ္စတွေမှာ ဘယ်တော့မှ ဝင်မစွက်ဖက်ခဲ့ပေ။

ဒီလို ဆရာမျိုးကို ကောင်းကင်အောက် မိုးမြေကြား ဘယ်နေရာမှာမှ ဒုတိယ တစ်ယောက် ရှာတွေ့ဖို့ မဖြစ်နိုင်လောက်ပါ။

တာအိုဆရာလုံရှန်း တုံ့ဆိုင်းနေတာကို နင်ချီ သတိပြုမိလိုက်ပြီး၊ ခပ်ဖွဖွရယ်ကာ အစပြုပြီး ဆိုလိုက်သည်။

"ဆရာ... သွေးမိုးမျှော်စင်အကြောင်း ပြောမလို့လားခင်ဗျာ"

ထိုအခါ တာအိုဆရာလုံရှန်း အငိုက်မိသွားကာ၊ အားမလိုအားမရ ပြုံးလိုက်မိသည်။ သူဟာ ရှစ်နှစ်အရွယ် ကလေး တစ်ယောက်လောက်တောင် ဆုံးဖြတ်ချက် မပြတ်သားပါလားဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်မိသည်။

ဒါက ချင်ယွင်နှင့် ပတ်သက်သည့် ယခင်ကိစ္စတွေ၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်ပါသည်။

တာအိုဆရာလုံရှန်း လေးနက်စွာ ခေါင်းညိတ်ရင်း ပြောလိုက်တော့၏။

"နင်အာ.. မင်းကို တစ်ခါက ပြောဖူးတယ်၊ မင်းအတွက် လက်စားချေဖို့ ဆရာ သေချာပေါက် ကူညီမယ်လို့။ အခု ဆရာ ကောင်းကင်ဘုံလူသားနယ်ပယ်ကို ရောက်ပြီဆိုတော့၊ သွေးမိုးမျှော်စင်ကို ချေမှုန်းဖို့က ပြဿနာမရှိဘူး။ ဒီကိစ္စ မင်းကို အကြာကြီး စိတ်အနှောင့်အယှက် ဖြစ်မနေစေချင်ဘူး"

နင်ချီ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

တကယ်တော့ သူလည်း မိမိ၏ လက်စားချေမှုကို ဘယ်တော့ အကောင်အထည်ဖော်ရမလဲဟု တွေးနေခဲ့သည်ပင်။

ယခင် အတွင်းစွမ်းအားနယ်ပယ်တွင်သာ ရှိတုန်းက၊ ချီစွမ်းအင် နယ်ပယ်ကို ယှဉ်ပြိုင်နိုင်သော်လည်း လုံလောက်သော လုံခြုံမှု မရှိခဲ့ပေ။ မြူဖြူ နယ်ပယ်ကို တက်လှမ်းပြီးနောက်၊ မူလအမြုတေ နယ်ပယ် ပြိုင်ဘက်တွေကို နိုင်နိုင်နင်းနင်း နှိမ်နင်းနိုင်တယ်လို့ ယုံကြည်မှု ရှိလာသည့် အခါ၊ ဒီအတွေးဟာ တဖြည်းဖြည်း အသက်ဝင်လာခဲ့၏။

လွန်ခဲ့သော ရှစ်နှစ်လောက်က သူ ပထမဆုံး ကူးပြောင်းလာခဲ့တုန်းက အဖြစ်အပျက်တွေကို သူ မမေ့သေးပါ။

'သခင်ဖုန်း' ဆိုသည့် သူက အဲ့ဒီတုန်းက မူလအမြုတေ နယ်ပယ်မှာ ရှိသော တာအိုဆရာလုံရှန်းကို သိပ်ကြောက်ခဲ့သည်။ ရှစ်နှစ်ကြာသွားပေမဲ့၊ သူ အဆင့်ချိုးဖြတ်ခဲ့လျှင်တောင်မှ၊ အများဆုံး မူလအမြုတေ နယ်ပယ်မှာပဲ ရှိနေမည်ပင်။

ထိုသူ့ကို သတ်ဖို့ သိပ်ပြဿနာရှိမှာ မဟုတ်ဟု နင်ချီ ယုံကြည်သည်။

All Chapters