← Chapters

တာအို ဟောကြားခြင်း

Vol. 6 Ch. 86

တာအို ဟောကြားခြင်း

Vol. 6 Ch. 86

~လူအုပ်ကြီးထဲမှာတော့ အတွေးအမျိုးမျိုး ဖြစ်ပေါ်နေကြလေ၏။

'ဉာဏ်အလင်း လက်ဖက်ပင်' အကြောင်း ကြားဖူးရုံပဲ ကြားဖူးသည့် လူတချို့ကတော့ အတိတ်က ကတောက်ကဆတွေ ရှိခဲ့ပေမဲ့လည်း ‘ဝမ်ဘိုးဘေးက အရမ်း ရက်ရောတာပဲ’ဟု ခံစားမိကြသည်။ သို့သော်လည်း ပိုပြီး သိနားလည်သည့် လူတွေကတော့ ဒီမျိုးစေ့မှာ တကယ်တမ်း တန်ဖိုး သိပ်မရှိဘူးဆိုတာကို သဘောပေါက်ကြ၏။

သို့ရာတွင် ဒါက ကောင်းကင်ဘုံလူသား ကျွမ်းကျင်သူ တစ်ယောက်ဆီက လာတာဆိုတော့ ဘယ်သူမှ အပြစ်မ‌ဆို ရဲကြပေ။

နင်ချီကတော့ အောက်မှ ကြည့်နေရင်း သူ၏မျက်လုံးတွေထဲမှာ မျှော်လင့်ချက် အရိပ်အယောင်လေး တစ်ခု လင်းလက်သွား၏။

သူ အစစ်အမှန်သိုင်း မက်မွန်ပင်ကို စတင် သုတေသနလုပ်ပြီး စိုက်ပျိုးခဲ့ချိန်က စ၍၊ ဒီ စိုက်ပျိုးရေး နယ်ပယ်မှာ ထိုးထွင်းအမြင်တချို့ ရရှိထားခဲ့၏။

ထို 'ဉာဏ်အလင်း လက်ဖက်ပင်' မျိုးစေ့ကို သူ စိုက်ပျိုးနိုင်ကောင်း စိုက်ပျိုးနိုင်ပြီး၊ အနာဂတ်မှာ ပိုကောင်းအောင်တောင် လုပ်နိုင်လောက်သည်။

ထိုအခါကျလျှင်တော့...

အစစ်အမှန်သိုင်းဂိုဏ်းမှာ နောက်ထပ် အခြေခံအုတ်မြစ်တစ်ခု တိုးလာနိုင်သလို၊ သူ၏ ဉာဏ်အလင်းပွင့်မှုအတွက်လည်း အထောက်အကူ ဖြစ်စေနိုင်သည်။

သို့ရာတွင် တိကျသော လုပ်ငန်းစဉ်ကတော့ မျိုးစေ့၏ အခြေအနေကို ဦးစွာ နားလည်ဖို့ လိုအပ်နေပါသေး၏။

ဝမ်ဘိုးဘေး၏ စိတ်လှုပ်ရှားမှုက ကြာကြာ မခံလိုက်ပါ။

ပရိသတ်၏ အကြည့်တွေက တဖြည်းဖြည်းနှင့် စိမ်းပြာနွား ဓားသခင်ဆီကို ရောက်ရှိသွားကြလေ၏။

ဒီပွဲမှာ ရှိနေသော ကောင်းကင်ဘုံ လူသား ကျွမ်းကျင်သူတွေ အားလုံးထဲမှာ သူတစ်ယောက်ပဲ လက်ဆောင် မပေးရသေးခြင်းပါ။

သူ၏ ကောင်းကင်ဘုံလူသား အဆင့်စာရင်းဝင် ဆိုသော ဂုဏ်ပုဒ်နှင့် ပေါင်းလိုက်သောအခါ၊ စိမ်းပြာနွား ဓားသခင် ဘယ်လို ရတနာမျိုး ထုတ်ပြလာမလဲဆိုတာကို လူတိုင်း မျှော်လင့်တကြီး စောင့်စားနေကြသည်။

စစ်မှန်သူ ပိုင်ဟဲ့နှင့် လွတ်လပ်ခြင်းဘုရင်တို့တောင်မှ အနည်းငယ် စူးစမ်းချင်စိတ် ဖြစ်နေကြ၏။

မည်သို့ပင် ဆိုစေကာမူ၊ ကောင်းကင်ဘုံလူသား အဆင့်စာရင်းဝင် ကျွမ်းကျင်သူတွေဆိုတာက အမြဲတစေ လျှို့ဝှက်ဆန်းကြယ်ပြီး သူတို့ကို တွေ့ဆုံခွင့်ရဖို့ ဟူသည်က ရှားပါးသော အခွင့်အရေးမဟုတ်ပါ‌လော။

စိမ်းပြာနွား ဓားသခင်ကတော့ အလျင်လိုပုံမပြဘဲ၊ တခြားသူတွေကို ဂရုမစိုက်သလိုမျိုး၊ အသားတုံးကြီးတွေကို အားရပါးရ ဆက်စားနေခဲ့၏။

အသားတစ်လုပ်ကို မျိုချပြီးသွားမှ သူက လေချဉ်တက်လိုက်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“လုံရှန်း... ဒီတစ်ခေါက် ငါ အလျင်စလိုလာခဲ့ရလို့ မင်းအတွက် ကောင်းကောင်းမွန်မွန် လက်ဆောင် ပြင်မလာခဲ့မိဘူးကွာ။ ကံကောင်းချင်တော့ လာတဲ့လမ်းမှာ လူတွေကို ဒုက္ခပေးနေတဲ့ ကျားကြမ်းကြီးတစ်ကောင်နဲ့ သွားတိုးနေလို့ သူ့ရဲ့ အတွင်းအမြုတေကို ယူလာခဲ့တယ်။ ဒါလေး အရင်ယူထားလိုက်၊ နောက်တစ်ခါကျမှ မင်းကို ပိုကောင်းတဲ့ လက်ဆောင် ငါ ပေးမယ်။”

သူ စကားပြောလိုက်သည်နှင့်...

လျှပ်စီးဓာတ်တွေ စိမ့်ဝင်နေသည့် ထူးခြားဆန်းပြား သားရဲ အတွင်းအမြုတေတစ်ခုသည် စိမ်းပြာနွား ဓားသခင်၏ လက်အတွင်းသို့ ပျံဝဲထွက်လာ၏။

ထိုအထဲမှ မယုံနိုင်လောက်အောင် ကြမ်းတမ်းသည့် အရှိန်အဝါများ ထွက်ပေါ်နေကာ ၊ အားအင်ကြီးမားသော ကျားတစ်ကောင် ဟိန်းဟောက်လိုက်သကဲ့သို့ အသံသဲ့သဲ့ ထွက်ပေါ်နေသည်ကြောင့် ချီစွမ်းအင် နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် စိတ်အစဉ် အနည်းငယ် တုန်လှုပ်သွားကြသည်။

အစစ်အမှန်သိုင်း ကျင့်ကြံရာနယ်မြေသည် တဖြည်းဖြည်း တိတ်ဆိတ်သွား၏။ မျက်လုံးအများအပြားမှာ ကြောက်ရွံ့မှုနှင့် အံ့ဩလေးစားမှုများ အပြည့်ဖြင့် လျှပ်စီးဓာတ်စိမ့်ဝင်နေသည့် အတွင်းအမြုတေပေါ်သို့ ကျရောက်သွားကြလေ၏။

“သားရဲဘုရင် အတွင်းအမြုတေပါလား။”

“ဒီ‌လောက် လွယ်လွယ်ကူကူ အေးအေးဆေးဆေးပဲ.. ဒါက ကောင်းကင်ဘုံလူသား လက်ရွေးစင် အဆင့်စာရင်းဝင် ကျွမ်းကျင်သူတစ်ဦး၏ အစွမ်းပါလား…’”

“ဒါက လဲ့ပြည်နယ်မှ မိုးကြိုးကျား သားရဲဘုရင်ရဲ့ အတွင်းအမြုတေ ဖြစ်နိုင်တယ်၊ ကျုပ် တစ်ခါက ရေနက်နွံအိုင်ကြီးနားမှာ အဝေးကနေ မြင်ဖူးတယ်၊ ဒီလို ပုံစံနဲ့ နောက်တစ်ကြိမ် ပြန်လည်တွေ့ရှိရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့မိပါဘူး၊ အမှန်ပဲ... အရာရာက ခန့်မှန်းလို့ မရနိုင်ပါလား။”

တီးတိုး ဆွေးနွေးသံများ ဆက်လက်ထွက်ပေါ်နေပြီး၊ ကောင်းကင်ဘုံလူသား လက်ရွေးစင် အဆင့်စာရင်းဝင် ကျွမ်းကျင်သူ၏ ပေါ်ထွက်လာမှုသည် ယခင်က တင်ဆက်ခဲ့သည့် လက်ဆောင်အားလုံးကို ချက်ချင်း မှေးမှိန်သွားစေခဲ့၏။

နင်ချီသည် ထို အတွင်းအမြုတေကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများအတွင်း၌ အံ့ဩမှုများ ပြည့်နှက်သွားသည်။

'သားရဲဘုရင်တစ်ကောင် ဖြစ်ရန် အဘယ်အရာများ လိုအပ်သနည်း။

လူသားမျိုးနွယ် ကောင်းကင်ဘုံ နယ်ပယ် ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်သည့် ဆန်းပြား သားရဲများမှသာ သားရဲဘုရင်ဟု ခေါ်ဆိုနိုင်ခြင်း ဖြစ်သည်။

တစ်နည်းဆိုရသော်..

ဤ စိမ်းပြာနွား ဓားသခင်သည် ကောင်းကင်ဘုံလူသားနယ်ပယ်နှင့် တန်းတူရှိသော ဆန်းပြား သားရဲတစ်ကောင်ကို လွယ်လွယ်ကူကူ သတ်ဖြတ်ခဲ့ပြီး၊ ၎င်း၏ အတွင်းအမြုတေကို လက်ဆောင်အဖြစ် ပေးအပ်လိုက်ခြင်းပင်။ ဤဖြစ်ရပ်က စိမ်းပြာနွား ဓားသခင်၏ အင်မတန် ကြီးမားသည့် အစွမ်းအစကို ဖော်ပြနေခြင်း ဖြစ်သည်။ ထို့အပြင်၊ ဤသားရဲဘုရင် အတွင်းအမြုတေသည် မယုံနိုင်လောက်အောင် တန်ဖိုးကြီးလှ၏။

ဆန်းပြား သားရဲ အတွင်းအမြုတေများဆိုသည်မှာပင် ရှားပါးပြီး၊ ထူးချွန်သည့် ဆန်းပြား သားရဲများထံမှသာ ရရှိနိုင်ခြင်း ဖြစ်သည်။

ဥပမာအနေဖြင့် အရင်က နင်ချီ ဖော်စပ်ခဲ့သည့် ချီစွမ်းအင် စုစည်းဆေးလုံး၌ အဓိကအားဖြင့် ဆန်းပြား သားရဲ အတွင်းအမြုတေများကို အသုံးပြုခဲ့သည်။ သို့သော် သားရဲဘုရင် အတွင်းအမြုတေကို အသုံးပြု၍ ချီစွမ်းအင် စုစည်းဆေးလုံး ဖော်စပ်မည်ဆိုလျှင်မူ ဒါက အလွန်အကျွံ ဖြစ်သွားလိမ့်မည်။ ယင်း၌ ပို၍ တန်ဖိုးရှိသော အသုံးဝင်မှုများ ရှိနေသေးသည်။

ထို အတွင်းအမြုတေပေါ်၌... ကောင်းကင်နှင့် မြေကြီး စွမ်းအားများ ကျန်ရှိနေသေးသည်လော။

နင်ချီ၏ မျက်လုံးများ အရောင်လင်းလက်သွားပြီး၊ ထို အတွင်းအမြုတေအပေါ်၌ ထူးထူးခြားခြား တပ်မက်လာခဲ့၏။

တအံ့တဩ အာမေဋိတ်သံများ ကြားအတွင်း၌...

တာအိုဆရာလုံရှန်းသည် စိတ်လှုပ်ရှားစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။

“စိမ်းပြာနွား အစ်ကိုကြီး အစစ်အမှန်သိုင်းတောင်ကို ကြွရောက်လာတာကပဲ အဖိုးတန်ဆုံးသော လက်ဆောင်ပါပဲ ခင်ဗျာ။”

ဒီစကားက မြှောက်ပင့်ပြောဆိုခြင်း သက်သက်တော့ မဟုတ်ခဲ့ချေ။

စိမ်းပြာနွား ဓားသခင်သည် တာအိုဆရာလုံရှန်း၏ ကောင်းကင်ဘုံလူသား မဟာအခမ်းအနားသို့ တက်ရောက်ခဲ့သည်ဟူသော သတင်းသည် အစစ်အမှန်သိုင်းဂိုဏ်းအား ပြိုင်ဆိုင်ရန် စဉ်းစားနေသည့် အခြား မည်သို့သော ကောင်းကင်ဘုံ

လူသားမျိုးကိုမဆို ဤ ကောင်းကင်ဘုံလူသား အဆင့်စာရင်းဝင် ကျွမ်းကျင်သူ၏ အရေးပါမှုကို ထည့်သွင်းစဉ်းစားစေမည်မှာ သေချာသည်။

စိမ်းပြာနွား ဓားသခင်ကမူ ပြုံးပြီး လက်ကာပြလိုက်၏။

သူသည် တာအိုဆရာလုံရှန်းအား အစကတည်းက မျက်နှာသာပေးခဲ့ပြီးသား ဖြစ်သည်။

ယခု ဒါက သူ၏ အကဲဖြတ်မှု မှန်ကန်ကြောင်း နောက်ထပ် သက်သေပြလိုက်ခြင်းပင်။

အစစ်အမှန်သိုင်း ကျင့်ကြံရာနယ်မြေပေါ်၌...

လူအုပ်ကြီးသည် အံ့ဩကြောက်ရွံ့မှုအတွင်း၌ အနည်းငယ် နစ်မျောနေကြဆဲ။

တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည့် ရတနာများသည် လူတိုင်းအား အမြင်ကျယ်ပြန့်စေခဲ့၏။

ကြီးကျ

ယင်းက ကြီးကျယ်ခမ်းနားသည့် ပွဲလမ်းသဘင်များကို တက်ရောက်ခြင်း၏ အရေးပါမှုများထဲမှ တစ်ခုပင်တည်း။ အသိပညာများ ရရှိပြီး နောက်ပိုင်းတွင် ကြွားဝါစရာများ ရရှိစေသည် မဟုတ်ပါလော။

သို့သော်လည်း...

လက်ဆောင်များ ပေးအပ်သည့် အရှိန်အဟုန်သည် တဖြည်းဖြည်း လျော့ကျသွားသည်နှင့်အမျှ၊ လူအုပ်ကြီး၏ မျှော်လင့်ချက်မှာ ကောင်းကင်ဘုံလူသား မဟာအခမ်းအနား၏ အထူးခြားဆုံးသော အဖြစ်အပျက်ဆီသို့ ဦးတည်နေခဲ့ပြီ ဖြစ်သည်။

တာအိုဆရာလုံရှန်းသည် အချိန်ဆွဲနေမည့်သူ မဟုတ်ချေ။

သူ ထရပ်လိုက်ရာ သူ၏ တာအိုဝတ်ရုံသည် ညင်သာစွာ လှုပ်ခတ်သွားပြီး၊ သူ၏အကြည့်မှာ ပွဲခင်းတစ်ခုလုံးကို ပြုံးလျက် ဝေ့ကြည့်လိုက်သည်။

“ခင်ဗျားတို့အားလုံး မိုင်ပေါင်းထောင်ချီ ခရီးနှင်ပြီး ကျွန်တော့်ရဲ့ ကောင်းကင်ဘုံလူသား မဟာအခမ်းအနားကို တက်ရောက်ဖို့ အစစ်အမှန်သိုင်းတောင်သကို ကြွရောက်လာကြတာကို ကျွန်တော် လေးလေးနက်နက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ကို ပြန်လည်ပေးဆပ်စရာ ဘာမှ မရှိပါဘူး.. ကောင်းကင်ဘုံလူသား လမ်းစဉ်ကို ခင်ဗျားတို့နဲ့ မျှဝေပေးတာ အပြင်ပေါ့။”

"ဒါပေမဲ့... ကျွန်တော်ကိုယ်တိုင်ကလည်း ကောင်းကင်ဘုံ တာအိုလမ်းစဉ်ရဲ့ အစကို အခုမှ မြင်တွေ့ခွင့် ရရုံလေးပဲ ရှိပါသေးတယ်။

ဒါကြောင့်... ကျွန်တော် ဟောပြောသွားတဲ့ အကြောင်းအရာတွေထဲမှာ တစ်စုံတစ်ရာ အမှားအယွင်း ပါဝင်ခဲ့တယ်ဆိုရင်... အားလုံးပဲ နားလည်ခွင့်လွှတ်ပေးကြပါလို့ ကြိုတင် မေတ္တာ

ရပ်ခံအပ်ပါတယ်ခင်ဗျာ။”

ထိုနောက်ဆုံး စာကြောင်းမှာမူ ကောင်းကင်ဘုံလူသား ကျွမ်းကျင်သူ လေးဦးအား ရည်ရွယ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ တာအိုဆရာ လုံရှန်း၏ အတွေ့အကြုံမှာ အနည်းဆုံးဖြစ်ပြီး၊ ကောင်းကင်ဘုံလူသား နယ်ပယ်သို့ ယခုမှ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်လေ။

သို့ရာတွင်...

တာအိုဆရာလုံရှန်း၌ သူ၏ ကိုယ်ပိုင် ယုံကြည်မှု ရှိနေခဲ့၏။

သူသည် ထိုးထွင်းဉာဏ်ရှိပြီး၊ ခြောက်လကျော်ကြာ တရားထိုင်ပြီးသည့်နောက်၌၊ ကောင်းကင်ဘုံလူသား လမ်းစဉ်အပေါ်တွင် ကိုယ်ပိုင် နားလည်မှုများကို တိုးတက် စေနိုင်ခဲ့သည်။

အရေးကြီးဆုံးမှာ၊ ယခင်က နင်ချီ ပေးအပ်ခဲ့သည့် ‘ကောင်းကင်နှင့် လူသား တစ်သားတည်းကျခြင်း’ လျှို့ဝှက်နည်းစနစ်ကို သူက ပိုင်ဆိုင်ထားခြင်းပင်။ ဤနည်းစနစ်သည် လောကကြီးနှင့် ပဲ့တင်ထပ်မှုအပေါ် သူ၏ နားလည်နိုင်စွမ်းကို လုံးဝ အဆင့်အသစ်တစ်ခုဆီသို့ မြှင့်တင်ပေးခဲ့သည်။

“စစ်မှန်သူရဲ့ သင်ကြားပို့ချမှုကို ကျွန်တော်တို့ စကားလုံးတွေနဲ့ မဖော်ပြတတ်အောင် ကျေးဇူးတင်လှပါတယ်ခင်ဗျာ။”

ကျင့်ကြံရာကွင်းပြင်မှ ပရိသတ်များသည် တညီတညွတ်တည်း ကျယ်လောင်စွာ ကြွေးကြော်လိုက်ကြသည်။

မျက်လုံးများသည် အထူးသဖြင့် မူလအမြုတေ နယ်ပယ် ကျွမ်းကျင်သူများ၏ မျက်လုံးများသည် စိတ်အားထက်သန်မှုများဖြင့် တောက်လောင်နေခဲ့၏။

ကောင်းကင်ဘုံလူသား အများအပြားပင်လျှင် လေးနက်တည်ကြည်သွားကြသည်။

ကောင်းကင်ဘုံလူသား နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သည့်သူများဆိုသည်မှာ ဘယ်သောအခါမျှ ရိုးစင်းသည့် စိတ်ဓာတ်မျိုး မရှိကြချေ။

အခြားသူများ၏ ထိုးထွင်းအမြင်များကို ကြားနာရခြင်းသည် သူတို့အဖို့ မကောင်းသည့် ကိစ္စတော့ မဟုတ်ပေ။ တာအိုဆရာလုံရှန်းသည် ကောင်းကင်ဘုံ နယ်ပယ်သို့ ယခုမှ ဝင်ရောက်ခါစဖြစ်ရာ၊ ဖြစ်နိုင်သည်မှာ တခြား လေးဦးလောက် ကျွမ်းကျင်မည် မဟုတ်သေးသော်ငြားလည်း၊ လေးစားမှုမှာမူ လိုအပ်သည်ပေါ့။

အစစ်အမှန်သိုင်း ကျင့်ကြံရာနယ်မြေသည် အပ်တစ်ချောင်းကျလျှင်ပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့၏။

တာအိုဆရာလုံရှန်းသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

သူက ဖြည်းညှင်းစွာ မျက်လုံးများကို မှိတ်လိုက်ပြီး၊ မရေမတွက်နိုင်သည့် အတွေးများသည် နှလုံးသားအတွင်း၌ စီးဆင်းသွားကာ စတင် ဟောပြောလိုက်လေသည်။

“ကောင်းကင်ဘုံလူသား လမ်းစဉ်ဆိုတာကတော့ လူသားကို ကောင်းကင်နဲ့ ပေါင်းစည်းဖို့၊ ဝိညာဉ်ကို ကောင်းကင်နဲ့ ပေါင်းစည်းဖို့ပါပဲ။ ဒါကို ဘယ်လို လုပ်ဆောင်နိုင်မလဲ။ ကိုယ့်ရဲ့ ဝိညာဉ်ကို မူလအမြုတေနဲ့ ပေါင်းစပ်ရမယ်၊ ပြီးတော့... အတွေးမရှိ၊ တဏှာမရှိ၊ အညစ်အကြေးမရှိ၊ မြူမှုန်မရှိတဲ့ အခြေအနေတစ်ခုကို ရောက်အောင် လုပ်ရမှာပဲ…”

“.....”

"ဒီလောကကြီးနဲ့ ပဲ့တင်ထပ်သွားတဲ့အခါ၊ လူသားတစ်ယောက်ရဲ့ စွမ်းအားက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်သွားတယ်။ ဆွေးမြေ့ပျက်စီးနေတာကိုတောင် အံ့ဖွယ်တရားတစ်ခုအဖြစ် ပြောင်းလဲနိုင်သလိုမျိုး... မဖြစ်နိုင်တာကို ဖြစ်နိုင်အောင် လုပ်နိုင်သွားတာပေါ့။”

“...”

“ကောင်းကင်ဘုံ နယ်ပယ်မှာဆိုရင်လေ... ကောင်းကင်၊ မြေကြီးနဲ့ လူသားဆိုပြီး 'ပန်းသုံးပွင့်' ကို ကျင့်ကြံရတယ်ဗျ။

အဲဒါက ဘယ်လိုလဲဆိုတော့... 'လူသားပန်း' က 'အနှစ်သာရ' နဲ့ သက်ဆိုင်တယ်။ 'မြေကြီးပန်း' ကျတော့ 'ချီစွမ်းအင်' နဲ့ သက်ဆိုင်တာပေါ့။ 'ကောင်းကင်ပန်း' ကတော့ 'ဝိညာဉ်' နဲ့ သက်ဆိုင်တယ်လေ။

အဲဒီ ကောင်းကင်၊ မြေကြီး၊ လူသား... ပန်းသုံးပွင့်စလုံး ဦးခေါင်းထိပ်မှာ စုစည်းသွားတဲ့အခါ... အဲဒီအခါကျမှ အံ့ဩဖွယ်ရာတွေ ဖြစ်ပေါ်လာတာပဲ..”

“...”

တာအိုဆရာ လုံရှန်းသည် ဖြည်းညှင်းစွာ ဟောပြောနေပြီး၊ သူ့အသံအတွင်း၌ ဆန်းကြယ်သည့် စွမ်းအား တစ်ခု ပါဝင်နေခဲ့သည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ဆက်သွယ်ရန် ကြိုးပမ်းနေပြီး၊ သူ၏ ထိုးထွင်းအမြင်များကို တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်း ပြောပြရန် ကြိုးစားနေခဲ့၏။

ဧည့်သည်များသည် အဝေးကြီးမှ လာရောက်ခဲ့ကြပြီး၊ တန်ဖိုးကြီးသည့် လက်ဆောင်များ ယူဆောင်လာ

ခဲ့ကြသည် ဖြစ်ရာ၊ တာအိုဆရာ လုံရှန်းသည် သဘာဝအတိုင်း နှမြောတွန့်တိုနေမည် မဟုတ်ချေ။

နင်ချီအား သင်ပေးသကဲ့သို့ သူ၏ အသိပညာအားလုံးကိုမူ မပေးအပ်သော်ငြားလည်း၊ ထိုသူတို့ လက်ဗလာဖြင့် ပြန်မသွားရစေရန် အကျိုးရှိစေမည့် ထိုးထွင်းအမြင်များကို တတ်နိုင်သမျှ များများ မျှဝေပေးခဲ့ပါသည်။

ထိုအခိုက်အတန့်၌...

သိုင်းလမ်းစဉ် ကျွမ်းကျင်သူ အတော်များများမှာ စွဲမက်စွာ နားထောင်နေခဲ့ကြ၏။

အချို့မှာ ပျော်ရွှင်မှုကို ပြသပြီး၊ အလျင်အမြန်ပင်

တွေးတောစဉ်းစားမှုအတွင်းသို့ ကျရောက်သွားကြသည်။

အချို့မှာမူ ထိုးထွင်းအမြင် အလင်းရောင်လေး တစ်ခုကို ဖမ်းဆုပ်မိလိုက်ပြီး ထို အခွင့်အရေး မီးပွားလေးအား ထိန်းသိမ်းထားရန် ရုန်းကန်နေခဲ့ကြ၏။

ကျင့်ကြံမှု အဆင့် နိမ့်သည့် အချို့မှာမူ ဘာတစ်ခုမျှ နားမလည်နိုင်ဘဲ၊ သူတို့၏ နားများကို အသည်းအသန် ကုတ်ခြစ်နေကြသော်လည်း ဟောပြောချက်အား အလွတ်ကျက်မှတ်ရန် ကြိုးစားနေခဲ့ကြသည်။

လူတိုင်းသည် တာအိုဆရာလုံရှန်းအပေါ်၌ စစ်မှန်သည့် လေးစားမှုကို ခံစားနေခဲ့ကြ၏။ သူသည် တကယ့် အနှစ်သာရများကို ပေးနေသည်လော၊ မပေးနေသည်လော ဆိုသည်မှာမူ သူတို့ ခံစားသိရှိနိုင်သည့် အရာတစ်ခု ဖြစ်သည်။

အစစ်အမှန်သိုင်းတောင်ပေါ်၌သာ မက...

တာအိုဆရာလုံရှန်း စတင် ဟောပြောသည်နှင့်၊ အစစ်အမှန်သိုင်း တပည့်များသည် ရှေ့နောက် ပြေးလွှားပြီး၊ သူ၏ ဟောပြောချက်ကို အစစ်အမှန်သိုင်းမြို့တော်ဆီသို့ သယ်ဆောင်သွားခဲ့ကြသည်။

ကျင့်ကြံရာကွင်းပြင်၌ တက်ရောက် နားထောင်ရသလောက်တော့ အကျိုးသက်ရောက်မှု မရှိငြားသော်လည်း၊ ဤသည်မှာ ပြည့်စုံမှုနှင့် တိကျမှန်ကန်မှုကိုမူ အာမခံပေးနိုင်ခဲ့သည်။

အစစ်အမှန်သိုင်းမြို့တော်သည်လည်း အလားတူ ပွက်လောရိုက်နေခဲ့၏။

တစ်ချိန်တည်း၌ပင်၊ ကောင်းကင်ဘုံလူသား ကျွမ်းကျင်သူ အများအပြား...

လည်း တိတ်ဆိတ်စွာ ခေါင်းညိတ်နေကြ၏။ သူတို့၏ မျက်လုံးများအတွင်း၌ အနည်းငယ် လေးစားမှုများ ထင်ဟပ်‌နေ၏။

တာအိုဆရာ လုံရှန်း၌ အမှန်ပင် ထူးကဲသည့် ထိုးထွင်းအမြင် ရှိနေသည် တကားဟု တွေးတောနေကြသည်။

သို့သော် ထိုအတွေးသည် ကြာရှည်စွာ မခံလိုက်ချေ။

သံသယစိတ်သည် သူတို့၏ နှလုံးသားအတွင်းသို့ တိုးဝင်လာခဲ့ပြီး၊ သူတို့၏ မျက်နှာထားများမှာ ပို၍ လေးနက် တည်ကြည်လာခဲ့သည်။

တာအိုဆရာလုံရှန်းသည် သူ၏ ဟောပြောချက်ကို ဆက်လက် ဟောပြောနေခဲ့၏။

“ကောင်းကင်ဘုံ လူသား တစ်သားတည်းကျခြင်း နယ်ပယ်မှာလေ၊ ဝိညာဉ်ကို မူလအမြုတေနဲ့ ပေါင်းစည်းတာက နည်းလမ်းတစ်ခုပေါ့။

ဒါပေမဲ့... အခြားနည်းလမ်းရော တကယ် မရှိနိုင်ဘူးလား။”

“စဉ်းစားကြည့်လေ၊ မူလအမြုတေဆိုတာက မွေးပြီးမှ ရလာတဲ့အရာ...

ဒါပေမဲ့... လူ့ခန္ဓာကိုယ်

အတွင်းထဲမှာရော... ဒီလောကဓာတ်ကြီးနဲ့ ပဲ့တင်ထပ်နိုင်တဲ့ မွေးရာပါ တစ်စုံတစ်ရာ... အဲဒါမျိုးရော တကယ် မရှိနိုင်ဘူးလား။”

ဤတစ်ကြိမ်တွင်မူ စိမ်းပြာနွား ဓားသခင်၏ အကြည့်ပင်လျှင် လေးနက်တည်ကြည်သွားခဲ့၏။

‘ဒါက... အမှန်တကယ်ပဲ ထိုးထွင်းအမြင် ရှိနေတာလား။’

All Chapters