← Chapters

ကောင်းကင်ဘုံလူသား ငါးဦး တာအို ဆွေးနွေးခြင်း

Vol. 6 Ch. 87

ကောင်းကင်ဘုံလူသား ငါးဦး တာအို ဆွေးနွေးခြင်း

Vol. 6 Ch. 87

~အမှန်အတိုင်း ဆိုရလျှင်၊ စိမ်းပြာနွား ဓားသခင်သည် ဟန်ပြ သဘောမျှသာ နားထောင်နေခြင်း ဖြစ်၏။

မည်သို့ပင်ဖြစ်စေ သူသည် ကောင်းကင်ဘုံလူသား နယ်ပယ်၌ နှစ်ပေါင်း သုံးရာတိုင် ရှိနေခဲ့ပြီး၊ ကောင်းကင်ဘုံလူသား အဆင့်စာရင်းသို့ပင် ရောက်ရှိခဲ့သူ ဖြစ်သည်လေ။

ကောင်းကင်ဘုံလူသား နယ်ပယ်သို့ ယခုမှ တက်လှမ်းလာခဲ့သည့် တာအိုဆရာလုံရှန်း စားသုံးခဲ့ဖူးသည့် ထမင်းလုံးများထက် သူ စားသုံးခဲ့ဖူးသည့် ဆားပွင့်များကပင် ပို၍ များပြားနေပေဦးမည်။

သို့သော် သူသည် ‘လူ့ခန္ဓာကိုယ်အတွင်းထဲမှာရော... ဒီလောကဓာတ်ကြီးနဲ့ ပဲ့တင်ထပ်နိုင်တဲ့ မွေးရာပါ တစ်စုံတစ်ရာ... အဲဒါမျိုးရော တကယ် မရှိနိုင်ဘူးလား။’’ ဟူသော စကားစုကို ကြားလိုက်ရသည့်အခါ၌မူ မှင်တက်သွားတော့သည်။

တာအိုဆရာလုံရှန်း ဆက်လက် ရှင်းပြနေသည်နှင့်အမျှ စိမ်းပြာနွား ဓားသခင်၏ မျက်နှာထားသည် မကြုံစဖူး လေးနက်တည်ကြည်လာခဲ့၏။

အခြားသော ကောင်းကင်ဘုံလူသား သုံးဦးမှာမူ ပို၍ပင် ထက်သန်ကာ၊ အာရုံစူးစိုက်လျက် နားထောင်နေကြတော့သည်။

အစစ်အမှန်သိုင်း ကျင့်ကြံရာနယ်မြေ၏ အထက်၌...

တာအိုဆရာလုံရှန်း၏ အသံသည် ပဲ့တင်ထပ်နေပြီး၊ အခြားသူများမှာမူ သင်ကြားမှုများကို ဈာန်ဝင်စားလျက် နားထောင်နေကြ၏။

တစ်ဦးတည်းသော ပုဂ္ဂိုလ်သာလျှင် အတွေးနယ်ချဲ့လျက် ရှိနေခဲ့သည်။

ထိုသူမှာ နင်ချီပင်တည်း။

သူသည် ခဏမျှ စူးစိုက်နားထောင်လိုက်ပြီး သူ၏ဆရာ ပြောဆိုနေသည့် အရာအားလုံးကို ထိုညက သူ့အား ပြောပြခဲ့ပြီးဖြစ်ကြောင်း သိရှိလိုက်ရ၏။

အသစ်အဆန်း တစ်စုံတစ်ရာ မပါဝင်သည့်အပြင်၊ များစွာသော အကြောင်းအရာများကိုပင် ချန်လှပ်ထားခဲ့သေးသည်။

နောက်ဆက်တွဲ ပါဝင်လာသည်မှာ သူ နားလည်သဘောပေါက်ခဲ့သည့် ကောင်းကင်ဘုံလူသား ပေါင်းစည်းခြင်း လျှို့ဝှက်နည်းစနစ်ပင် ဖြစ်သည်။

'ဆရာ့ရဲ့ နားလည်နိုင်စွမ်းက ဒါကို သူ့ရဲ့ ကိုယ်ပိုင်လမ်းစဉ်ထဲ ထည့်သွင်းဖို့ လုံလောက်အောင် ကောင်းပေမဲ့၊ ငါ့ရဲ့ ထိုးထွင်းအမြင်ကတော့ မပြောင်းလဲတဲ့ အနှစ်သာရကို အလွယ်တကူ ထွင်းဖောက်မြင်နိုင်တာပဲ။'

မှန်ပေသည်။

တာအိုဆရာလုံရှန်းသည် ဦးနှောက်မရှိသူ တစ်ဦး မဟုတ်ချေ။

သူသည် ထိုမျှ ပြိုင်ဘက်ကင်း လျှို့ဝှက်နည်းစနစ်တစ်ခုကို လူတိုင်းအား တစ်ကိုယ်ကောင်းမဆန်ဘဲ သင်ကြားပေးမည် မဟုတ်သည်မှာ သဘာဝကျပါသည်။

ယင်းအတွင်းမှ အယူအဆများနှင့် အချို့သော ဉာဏ်အလင်းရောင်ခြည်များကိုသာ ဆွေးနွေးခဲ့ခြင်း ဖြစ်၏။

ဤအပိုင်းများကို ပြောဆိုရန် ရွေးချယ်ခဲ့ရခြင်း၏ အကြောင်းရင်းမှာလည်း ရှိနေကြသော ကောင်းကင်ဘုံလူသား အများအပြားကြောင့်ပင် ဖြစ်သည်။

လွတ်လပ်ခြင်းဘုရင်နှင့် စိမ်းပြာနွား ဓားသခင်တို့သည် သူ၏ မိတ်ဆွေများ ဖြစ်ကြပြီး၊ စစ်မှန်သူ ပိုင်ဟဲ့မှာမူ တာအို ဂိုဏ်းမှ လာသူဖြစ်သည်။ ထိုသုံးဦးလုံးသည် တက်ရောက်ခြင်းဖြင့် ကြီးမားသော လေးစားမှုကို ပြသခဲ့ကြပြီး ရက်ရောသော လက်ဆောင်များကိုလည်း ယူဆောင်လာခဲ့ကြသေး၏။

ထို့ကြောင့် မိမိသည်လည်း သဘာဝအတိုင်း ပြန်လည် ပေးဆပ်ရပေမည်။

ဝမ်ဘိုးဘေးအတွက် အနည်းငယ် အကျိုးခံစားသွားရသော်လည်း အရေးမပါလှချေ။

ထိုအခိုက်အတန့်၌...

လူတိုင်း စွဲလန်းနစ်မျောနေကြ၏။

နောက်ပိုင်း အကြောင်းအရာများကတော့ အလွန် နက်နဲလှသဖြင့် မူလအမြုတေ နယ်ပယ်မှ ပုဂ္ဂိုလ်များပင်လျှင် နားမလည်နိုင်ကြတော့ဘဲ၊ ကောင်းကင်ဘုံလူသား အနည်းငယ်၏ မျက်လုံးများကိုသာ ပို၍ တောက်ပလာစေခဲ့သည်။

...

အစစ်အမှန်သိုင်းမြို့တော် အတွင်း၌...

အစစ်အမှန်သိုင်း တပည့်များသည် အဆက်မပြတ် အလျင်စလို သွားလာနေကြ၏။

အစစ်အမှန်သိုင်းတောင်ပေါ်မှ တာအိုဆရာလုံရှန်း၏ သင်ကြားမှုများကို အချိန်နှင့်တပြေးညီ ပြန်လည် သတင်းပို့နေကြ၏။နေရာအနှံ့ရှိ ဧည့်ဂေဟာများနှင့် စားသောက်ဆိုင်များမှာ လူများဖြင့် ပြည့်ကျပ်နေကာ၊ လူတိုင်း စိတ်အားထက်သန်စွာ စောင့်မျှော်နေကြလေသည်။

လူအများစု နားမလည်နိုင်ကြသော်လည်း၊ သူတို့၏ စိတ်အားထက်သန်စွာ ဆွေးနွေးခြင်းကိုတော့ မတားဆီးနိုင်ခဲ့ပါချေ။

“စစ်မှန်သူ လုံရှန်းက တကယ်ပဲ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ပဲ။ သူ အသက်တစ်ရာမတိုင်ခင် ကောင်းကင်ဘုံလူသား နယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့တာ မဆန်းတော့ပါဘူး။ အံ့ဩစရာပဲ။”

“အလဟဿ မဖြစ်ခဲ့ဘူး။..ဒီခရီးစဉ်က တကယ့်ကို အလဟဿ မဖြစ်ခဲ့ဘူး။”

“ငါ ဒီသင်ကြားမှုတွေကို မှတ်တမ်းတင်ထားပြီး မိသားစု လျှို့ဝှက်အသိပညာအဖြစ် လက်ဆင့်ကမ်းရမယ်။ ငါ နားမလည်ပေမဲ့၊ အနာဂတ်မှာ မျိုးဆက်တစ်ယောက်ယောက်က နားလည်သဘောပေါက်သွားခဲ့ရင်၊ ဒါက ကံကောင်းမှုကြီးပါပဲ…”

လူတိုင်း အံ့ဩမှင်သက်နေကြ၏။

ချီစွမ်းအင် နယ်ပယ်မှ စွမ်းအားရှင် အနည်းငယ်နှင့် မွေးရာပါ ပါရမီရှင် အချို့သာလျှင် အတွင်းမှ တန်ဖိုးကို နားလည်ကြပြီး၊ တာအိုဆရာ လုံရှန်းအပေါ် ပို၍ပင် ကြောက်ရွံ့ရိုသေစိတ်များ ခံစားလိုက်ရသည်။ ယခင်က အဖိတ်ကြားမခံခဲ့ရသော ပုဂ္ဂိုလ်အချို့မှာ မကျေမနပ် ဖြစ်ခဲ့ကြသော်လည်း၊ ယခုအခါ၌မူ ထိုအတွေးသည် လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။

သီးသန့်အခန်းတစ်ခု အတွင်း၌...

ဆံပင်ဖြူ လူငယ်တစ်ဦးသည် အစစ်အမှန်သိုင်းတောင်၏ ဦးတည်ရာသို့ လှမ်းမျှော်ကြည့်ရင်း အတွေးနယ်ချဲ့နေမိ၏။

တာအိုဆရာလုံရှန်း၏ သင်ကြားမှုများ ပြန်လည် သယ်ဆောင်လာသည်ကို နားထောင်ရင်း သူ၏ မျက်နှာထားသည် တဖြည်းဖြည်း ပို၍ ရှုပ်ထွေးလာခဲ့သည်။

'မူလကတော့ ငါ တောင်ပေါ်မှာ တိုက်ရိုက် နားထောင်ခွင့် ရခဲ့သင့်တာ။ ဒါပေမဲ့ အဲ့ဒီအခွင့်အရေးက ထာဝရ ဆုံးရှုံးသွားခဲ့ပြီ။'

သူသည် အစစ်အမှန်သိုင်းတောင်ဘက်သို့ ဦးတည်၍ လေးနက်စွာ ဦးညွှတ်လိုက်ပြီး နှုတ်ခမ်းများမှာ တိတ်ဆိတ်စွာ လှုပ်ရှားနေခဲ့သည်။

သတိမပြုမိလိုက်ချိန်တွင် ထိုလူငယ်သည် တိတ်ဆိတ်စွာ ငိုကြွေးနေခဲ့လေပြီ။

...

အစစ်အမှန်သိုင်းတောင်ပေါ်၌...

တာအိုဆရာလုံရှန်း၏ ဟောပြောပွဲသည် နိဂုံးချုပ်လုနီးပါး ဖြစ်နေခဲ့ပြီး၊ သိုင်းသမားများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြ၏။

ဤခရီးစဉ်သည် အချည်းနှီး မဖြစ်ခဲ့ချေ။

သို့သော် ကောင်းကင်ဘုံလူသား အနည်းငယ်မှာမူ ၎င်းသည် အလွန်တရာ တိုတောင်းလွန်းသည်ဟု ခံစားနေကြရသည်။

တာအိုဆရာလုံရှန်း ရပ်တန့်တော့မည် အရိပ်အယောင်များ မြင်တွေ့လိုက်ရသည့်အခါ၊ စစ်မှန်သူ ပိုင်ဟဲ့သည် သူ၏ ယပ်တောင်ရှည်ကို ဝှေ့ယမ်းလိုက်ပြီး မအောင့်အည်း နိုင်တော့ချေ။

“စစ်မှန်သူ လုံရှန်းကို မေးမြန်းခွင့်ပြုပါ၊ အကယ်၍ ကောင်းကင်ဘုံလူသား လမ်းစဉ်ကို လူ့ခန္ဓာကိုယ်နဲ့ ပဲ့တင်ထပ်နိုင်တဲ့ မွေးရာပါ တစ်စုံတစ်ရာ... အဲဒါမျိုးရော တကယ် မရှိနိုင်ဘူးလား။”

အဲ့ဒါကို ဘယ်လိုနည်းနဲ့ လုပ်ဆောင်ရပါသလဲ ”

ဤမေးခွန်း...

တက်ရောက်နေကြသူ အားလုံးကို ချက်ချင်း တက်ကြွသွားစေတော့သည်။

ယေဘုယျအားဖြင့် ဆိုရလျှင်...

ကောင်းကင်ဘုံလူသား မဟာအခမ်းအနားအတွင်း၌၊ အသစ်တက်လှမ်းလာသော ကောင်းကင်ဘုံလူသား တစ်ဦးတည်းသာ သင်ကြားလေ့ရှိပြီး၊ မည်သို့ပင် ဖြစ်စေကာမူ အခြားသူများက ကြားဖြတ်ပြောဆိုခြင်း မပြုကြချေ။

အကယ်၍ တက်ရောက်ရန် ဖိတ်ကြားခံထားရသော ကောင်းကင်ဘုံလူသား စွမ်းအားရှင်တစ်ဦးက မိမိ သဘောဆန္ဒအလျောက် စကားစတင်ပြောဆိုလာပါက၊ သူသည် ဆွေးနွေးပွဲ စတင်လိုသည်ဟု ဆိုလိုခြင်း သာ ဖြစ်သည်။

ချက်ချင်းပင် ကျင့်ကြံရာ ကွင်းပြင်အတွင်းမှ များစွာသော သိုင်းသမားများသည် စိတ်လှုပ်ရှားလာကြတော့၏။

'မူလကတော့ တာအိုဆရာလုံရှန်းဆီက ဒီလောက် အံ့ဩဖွယ်ကောင်းတဲ့ ဟောပြောပွဲကို ကြားနာခွင့်ရတာကကို တန်နေပြီလို့ ထင်ထားခဲ့တာ။ မမျှော်လင့်ဘဲ မထင်မှတ်ထားတဲ့ အပိုဆုကြေးပါ ရလာသေးတယ်။'

တာအိုဆရာလုံရှန်း အံ့အားသင့်သွားသော်လည်း ထို့နောက် ဝမ်းမြောက်သွား၏။

'တာအိုချင်းတူ မိတ်ဆွေတွေပဲ။ တာအိုကို ဆွေးနွေးခြင်းက သဘာဝအတိုင်း တိုးတက်မှုကို အရှိန်မြှင့်ပေးမှာပေါ့။'

တာအိုဆရာလုံရှန်းက ပြုံးလျက် အဖြေပေးလိုက်သည်။

“လူ့ခန္ဓာကိုယ်မှာ အရေပြား၊ ကြွက်သား၊ အရွတ်၊ အရိုး၊ သွေး၊ ခြင်ဆီ နဲ့ ကလီစာတွေ ရှိတယ်။ အားလုံးက မွေးရာပါ အရာတွေချည်းပါပဲ။”

လွတ်လပ်ခြင်းဘုရင်ကလည်း ကြားဖြတ်၍ မေးလိုက်သည်။

“ဒါတွေအပြင် တခြား ဘာများ ရှိနိုင်သေးသလဲ ။”

“အနှစ်သာရကို ပြန်ခြေရာခံကြည့်မယ်ဆိုရင်တော့၊ အဲ့ဒါက ကျင့်ကြံခြင်း အရိုး ဖြစ်မှာပဲ။”

ဒီအဖြေက စိမ်းပြာနွား ဓားသခင်ကို ထိုင်မရထမရ ဖြစ်သွားစေတော့သည်။

“သိုင်းပညာ ကျင့်ကြံသူ တစ်ယောက်အတွက်တော့ ကျင့်ကြံခြင်း အရိုး ဖွဲ့စည်းဖို့က လိုအပ်တာပဲ။ ဒါပေမဲ့ ကောင်းကင်နဲ့ မြေကြီးနဲ့ ဘယ်လို ပဲ့တင်ထပ်အောင် လုပ်ရမှာလဲ။”

ဤမေးခွန်းသည် ကောင်းကင်ဘုံလူသားအားလုံး၏ နှလုံးခုန်သံကို မြန်သွားစေ၏။

အကြောင်းမှာ သူတို့သည် ဒါက အံ့ဩဖွယ်ကောင်းပြီး မကြုံစဖူးသော အတွေးအခေါ်တစ်ခု ဖြစ်သည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

သူတို့၏ တာအိုဆရာလုံရှန်းအပေါ် ကြောက်ရွံ့ရိုသေမှုသည် ပို၍ပင် နက်ရှိုင်းသွားခဲ့သည်။

ချက်ချင်းပင်...

ကောင်းကင်ဘုံလူသားများသည် ကျင့်ကြံခြင်း အရိုး အယူအဆ' ကို ဗဟိုပြု၍ အမျိုးမျိုးသော ယူဆချက်များနှင့် အနုမာနများကို အဆိုပြုလာကြတော့သည်။

တစ်ချိန်တည်းတွင် သူတို့သည် ကောင်းကင်ဘုံလူသား လမ်းစဉ်အပေါ် သူတို့၏ ထိုးထွင်းအမြင်များကိုလည်း အဆက်မပြတ် ရှင်းလင်းတင်ပြနေကြ၏။

သူတို့သည် ဤ 'အံ့ဩဖွယ် ကျင့်ကြံခြင်း အရိုး အယူအဆ' အတွင်းသို့ လုံးလုံးလျားလျား နစ်မျောသွားခဲ့ကြလေပြီ။

ကြီးမြတ်သော ကောင်းကင်ဘုံလူသား ငါးဦး တာအို ဆွေးနွေးခြင်း...။

ဤမြင်ကွင်းသည် ရာစုနှစ် တစ်ခုအတွင်း တစ်ကြိမ်သာ ကြုံတောင့်ကြုံခဲသော ဖြစ်ရပ်တစ်ခု ဖြစ်ကောင်းဖြစ်ပေမည်။

အောက်ဘက်မှ လူအုပ်ကြီးသည် စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်နေကြသော်လည်း၊ ကောင်းကင်ဘုံလူသား ငါးဦးကို အနှောင့်အယှက်ဖြစ်မည် စိုးသဖြင့် တည်ငြိမ်သလို ကြိုးပမ်းအားထုတ်နေကြရသည်။

သူတို့သည် မိမိတို့၏ ကံကောင်းခြင်းကို အံ့ဩချီးကျူးနေမိ၏။

ကောင်းကင်ဘုံလူသား ငါးဦး၏ ဆွေးနွေးပွဲမှ ထိုးထွင်းအမြင် တစ်ခု၊ နှစ်ခုကို ရရှိလိုက်လျှင်ပင် ဒီခရီးစဉ်၏ အမှန်တကယ် အခွင့်အရေး ဖြစ်မည်ဖြစ်သောကြောင့် စကားလုံး တစ်လုံးကိုမျှ လက်လွတ်မခံဝံ့ဘဲ စူးစိုက်နားထောင်နေကြ၏။

ထိုအခိုက်အတန့်၌...

နင်ချီပင်လျှင် အတွေးနယ်လွင့်ခြင်းကို ရပ်တန့်လိုက်သည်။

သူ၏ မျက်လုံးများသည် လင်းလက်တောက်ပနေပြီး၊ အခြားသော ကောင်းကင်ဘုံလူသား လေးဦး၏ ရှင်းလင်းတင်ပြမှုများ၊ အထူးသဖြင့် စိမ်းပြာနွား ဓားသခင်ထံမှ ထိုးထွင်းအမြင်များကို အာရုံစူးစိုက်လျက် နားထောင်နေ၏။

၎င်းတို့သည် အခြားသူများထက် သိသိသာသာ ပို၍ နက်ရှိုင်းလေသည်။ ကောင်းကင်ဘုံလူသားတို့၏ သင်ကြားမှုများသည် ချောမွေ့သော ဇာတ်ကြောင်း တစ်ခု မဟုတ်ဘဲ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသော်လည်း၊ နင်ချီအဖို့မူ စုစည်းရန်မှာ ခက်ခဲသည် မဟုတ်ချေ။

ကောင်းကင်ဘုံလူသားတို့၏ ဉာဏ်ပညာ စကားလုံး တစ်ကြောင်းချင်းစီသည် နင်ချီ၏ နားအတွင်း၌ ပဲ့တင်ထပ်နေခဲ့သည်။

သတိလက်လွတ်ဖြင့် သူသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မေ့လျော့သွားခဲ့၏။

အစစ်အမှန်သိုင်း ကျင့်ကြံရာနယ်မြေ၌ ရှိနေသည်ကိုပင် မေ့လျော့သွားကာ၊ မျက်လုံးများကို မှိတ်ထားလိုက်၏။ သူ၏ နားအတွင်း၌ ပဲ့တင်ထပ်နေသော ဆွေးနွေးပွဲမှလွဲ၍ အခြား ဘာမျှ မရှိတော့ချေ။

“ကောင်းကင်ဘုံလူသား လမ်းစဉ်ဆိုတာက လွတ်လပ်ပေါ့ပါးပြီး အေးချမ်းတည်ငြိမ်ဖို့ပဲ။ ကောင်းကင်ပန်းတွေက ဝိညာဉ်ကို စုစည်းပြီး၊ ကောင်းကင်နဲ့ မြေကြီးရဲ့ နတ်ဘုရား ပေါင်းစည်းခြင်းကို ရရှိစေတယ်။ ဖြစ်နိုင်တာက ဝိညာဉ်က ကျင့်ကြံခြင်း အရိုးနဲ့လည်း ပေါင်းစပ်သွားနိုင်တယ်...”

ဤအယူအဆက လွတ်လပ်ခြင်းဘုရင်ထံမှ ဖြစ်သည်။

“ကျင့်ကြံခြင်းအရိုးဆိုတာက လူ့ခန္ဓာကိုယ်ရဲ့ သွေးနဲ့ အသားပဲ။ လူသားပန်းကို အလေးထားတယ်။ အနှစ်သာရ ပန်းပွင့်က လူ့ခန္ဓာကိုယ်ရဲ့ အနှစ်သာရ ယွမ်စွမ်းအင်ကို စုစည်းပေးတယ်။ ဖြစ်နိုင်တာက အဲ့ဒါက ကျင့်ကြံခြင်းအရိုးရဲ့ နတ်ဘုရား စရိုက်လက္ခဏာတွေကို ဖွင့်ထုတ်ပေးနိုင်တယ်...”

ဤသည်မှာ ဝမ်ဘိုးဘေးထံမှ ဖြစ်သည်။

“ကောင်းကင်ဘုံလူသား လမ်းစဉ်က ပြီးပြည့်စုံဖို့အတွက် ပန်းသုံးပွင့် ထိပ်မှာ စုစည်းဖို့ လိုအပ်တယ်။ အနှစ်သာရ၊ ချီစွမ်းအင် နဲ့ ဝိညာဉ် ပေါင်းစပ်မှုပေါ့။ ကျင့်ကြံခြင်းအရိုးဆိုတာက အသားနဲ့ သွေးသက်သက်ထက် ပိုတယ်။ အဲ့ဒါက ပိုပြီး ထူးခြားတယ်။ ဖြစ်နိုင်တာက သူ့ရဲ့ လျှို့ဝှက်ချက်က အနှစ်သာရ၊ ချီစွမ်းအင် နဲ့ ဝိညာဉ် ပေါင်းစည်းမှုထဲမှာ ရှိနေတယ်...”

ဤသည်မှာ စိမ်းပြာနွား ဓားသခင်ထံမှ ဖြစ်သည်။

...

ကောင်းကင်ဘုံလူသားတို့သည် သူတို့ ကျင့်ကြံခဲ့သည့် လမ်းစဉ်များကို အဆက်မပြတ် ကိုးကားလျက် အငြင်းအခုံပြုနေကြ၏။

ထိုအခါ နင်ချီသည်လည်း သဘာဝအတိုင်းပင် ဉာဏ်အလင်းပွင့်သည့် အခြေအနေသို့ ဝင်ရောက်သွားခဲ့တော့သည်။

သူသည် 'ချီစွမ်းအင် သန့်စင်ခြင်း နည်းစနစ်' ကို ဖန်တီးရန် အခွင့်အရေးကို ရှာဖွေတွေ့ရှိသွားခဲ့လေပြီ။

ကောင်းကင်ဘုံလူသား မဟာအခမ်းအနား မတိုင်မီက၊ သူသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို အသုံးပြု၍ ချီစွမ်းအင်ကို မည်သို့ သန့်စင်ရမည်ကို အမြဲတစေ စဉ်းစားနေခဲ့၏။ အကြောင်းမှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားသည် အဆုံးမရှိသောကြောင့် ဖြစ်ပြီး၊ သူ၏ ကြီးမားလှသော ချီစွမ်းအင်ကို သန့်စင်မှု အရှိန်မြှင့်တင်ရန်အတွက် ပြင်ပ အရင်းအမြစ်များကို လိုအပ်တော့မည် မဟုတ်ချေ။

သို့သော် နင်ချီသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား အချို့ကို ကောင်းကင်ဘုံလူသား ပေါင်းစည်းခြင်း လျှို့ဝှက်နည်းစနစ်ဖြင့်သာ ကြိုတင် ထိန်းချုပ်နိုင်ခဲ့၏။ ၎င်းမှာ ချီစွမ်းအင် သန့်စင်ခြင်းကဲ့သို့ တိကျသော လုပ်ငန်းတာဝန်အတွက် အလွန် ကြမ်းတမ်းလွန်းနေခဲ့သည်။

ထိုသည်မှာ အခက်အခဲပင် ဖြစ်ခဲ့သည်။

သို့သော် ယခုအခါ၌မူ၊ ကောင်းကင်ဘုံလူသားတို့၏ ဆွေးနွေးပွဲကို နားထောင်ပြီးနောက်၊ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားအပေါ် နားလည်မှုအသစ် ရရှိသွားခဲ့ပြီး၊ ထိုအခက်အခဲသည် အလိုအလျောက်ပင် အလွယ်တကူ ပြေလည်သွားခဲ့တော့သည်။

All Chapters