← Chapters

ကောင်းကင်ဘုံလူသား အဆင့် ၃၃

Vol. 6 Ch. 82

ကောင်းကင်ဘုံလူသား အဆင့် ၃၃

Vol. 6 Ch. 82

~ သို့သော် ဒီအတွေးလေး ပေါ်လာသည်နှင့်... နင်ချီ သူ့ဘာသာ ပြန်ရယ်မိပြန်သည်။ သူ့စိတ်ထဲမှာ ဒီလို နှိုင်းယှဉ်စိတ်တွေ မသိမသာ ဝင်နေသည်ကိုး။

ဒါက ကောင်းကင်ဘုံလူသား စွမ်းအားရှင်တွေဆီက ရသည့် သိမ်မွေ့သော အကျပ်အတည်း ခံစားချက်ကြောင့် ဖြစ်မည် ထင်သည်။

လွတ်လပ်ခြင်းဘုရင်၏ ကြွရောက်လာခြင်းသည် အစစ်အမှန်သိုင်း ကျင့်ကြံရာ နယ်မြေ၏ အငွေ့အသက်ကို ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ မြှင့်တင်လိုက်သကဲ့သို့ ရှိလေ၏။

အထူးသဖြင့် အချို့သော အစွမ်းထက် တစ်သီးပုဂ္ဂလ ကျင့်ကြံသူများ၏ အကြည့်များတွင်မူ ထက်သန်မှုတို့ဖြင့် ပြည့်နှက်နေသည်။ အချို့သော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးများ၏ မျက်ဝန်းများထဲ၌လည်း ချစ်ခင်နှစ်သက်မှု အရိပ်အယောင်များ လင်းလက်နေပါ၏။

လွတ်လပ်ခြင်းဘုရင်သည် တပည့်များ လက်ခံလေ့မရှိသော်လည်း အမျိုးသမီး အလှအပကို နှစ်သက်သည်ဟု ဆိုကြပါသတည်း။ သို့သော် လွတ်လပ်ခြင်းဘုရင်၏ နောက်သို့ လိုက်ပါသော အမျိုးသမီးတိုင်းသည် ကြီးမားသော အကျိုးကျေးဇူးများ ရရှိကြ၏။ ဥပမာအားဖြင့် လက်ရှိ အမြွှာညီအစ်မ နှစ်ဦးမှာ အကျိုးခံစားခွင့် ရရှိသူများ ဖြစ်ကြသည်။

ကောင်းကင်ဘုံလူသား မဟာအခမ်းအနားဟူသည် ရှင်းလင်းစွာ ဆိုရလျှင် ကျော်ကြားမှုနှင့် ကံကြမ္မာအတွက် ကြီးမားလှသော ကစားကွင်းကြီးတစ်ခုသာ ဖြစ်ပြီး၊ လူတိုင်း မိမိတို့ လိုအပ်ရာကို ရှာဖွေကြခြင်း ဖြစ်လေ၏။

တာအိုဆရာလုံရှန်းနှင့် အစစ်အမှန်သိုင်းဂိုဏ်းသည် ဒီအခွင့်အရေးကို အသုံးချ၍ မိမိတို့၏ အခြေခံအုတ်မြစ်ကို ပြသပြီး သိုင်းလောကမှာ ကျော်ကြားစေရန် ကြိုးပမ်းကြသည်။ အခြားသူများမှာမူ ဤအခွင့်အရေးကို အရယူကာ ကွန်ရက်ချိတ်ဆက်ခြင်း၊ ထိုးထွင်းအမြင်များ ရရှိစေခြင်း၊ နှင့် ကောင်းကင်ဘုံလူသား၏ ကံကောင်းမှု အစအန အနည်းငယ်ကို ရရှိရန် အခွင့်အရေးတိုင်းကို စူးစမ်းရှာဖွေကြခြင်း ဖြစ်ပါသတည်း။

တဆက်တည်း၌၊ လွတ်လပ်ခြင်းဘုရင်နှင့် တာအိုဆရာလုံရှန်းတို့သည် ထိုင်နေရာမှပင် တပြိုင်နက်တည်း ပြန်လည်ထရပ်လိုက်ကြ၏။ သူတို့ချင်း အပြန်အလှန် ပြုံးပြကာ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ကျင့်ကြံရာ ကွင်းပြင်၏ အပြင်ဘက်သို့ ရောက်ရှိသွားကြတော့သည်။

လူတိုင်း၏ အကြည့်များ တုန်ခါသွားပြီး ထိုနေရာသို့ လိုက်ပါကြည့်ရှုလိုက်ကြ၏။

ထို့နောက် သူတို့ မြင်လိုက်ရသည်မှာ ကြိုးကြာငှက်၏ အသွင်အပြင်နှင့်တူသော တာအိုအဘိုးအိုတစ်ဦး မိုးကုတ်စက်ဝိုင်းမှ ပေါ်ထွက်လာခြင်းပင်တည်း။ ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ကာ၊ ယပ်တောင်ရှည်ကို ကိုင်ဆောင်ထား၏၊ ဆံဖြူ၊ မုတ်ဆိတ်ဖြူများဖြင့် အဘိုးအိုသည် တာအိုဆရာလုံရှန်းထက်ပင် သာလွန်သော တာအို ကျက်သရေကို ပိုင်ဆိုင်ထား၏။

ထိုတာအိုအဘိုးအိုသည် မာနထောင်လွှားခြင်းမရှိဘဲ ရွှင်လန်းသော အပြုံးဖြင့် နှုတ်ခွန်းဆက်လိုက်သည်။

“တာအိုရောင်းရင်း လုံရှန်း၊ ကျုပ် နောက်ကျသွားတာကို ခွင့်လွှတ်ပါ”

“လွတ်လပ်ခြင်းဘုရင်ရော၊ နှုတ်ခွန်းဆက်ပါတယ်။”

သို့သော် တာအိုဆရာလုံရှန်းနှင့် လွတ်လပ်ခြင်းဘုရင်တို့ကမူ အဘိုးအိုအား မလေးမစားပြုခြင်း အလျဉ်းမရှိချေ။

လွတ်လပ်ခြင်းဘုရင်က လက်များ ဆုပ်လျက် ခွန်းတုံ့ပြန်လိုက်သည်။

“စစ်မှန်သူ ပိုင်ဟဲ့၊ ခင်ဗျားရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။”

တာအိုဆရာလုံရှန်းကလည်း လှိုက်လှဲစွာ ကျေးဇူးစကား ဆိုလေသည်။

“တာအိုရောင်းရင်း ပိုင်ဟဲ့ ကိုယ်တိုင် ကြွရောက်လာတာဟာ ကျွန်တော့်ရဲ့ အစစ်အမှန်သိုင်းဂိုဏ်းကို တာအိုဂိုဏ်းရဲ့ ပရဝုဏ်တစ်ခုအဖြစ် အသိအမှတ်ပြုလိုက်တာပါပဲ။ ကျေးဇူးတင်လှပါတယ်ဗျာ။”

ဤမှတ်ချက်စကားသည် လူတိုင်း၏ အတွင်းစိတ်ကို လှုပ်ခတ်သွားစေပြီး၊ အချို့မှာ တစ်စုံတစ်ခုကို သဘောပေါက်နားလည်သွားကြကာ မျက်နှာများတွင် အံ့ဩမှုတို့ဖြင့် ပြည့်နှက်သွားလေ၏။

လော့ဝမ်ထျန်းသည် နင်ချီ၏ နားမလည်နိုင်သော အမူအရာကို သတိပြုမိသွားပြီး တီးတိုး ရှင်းပြလိုက်သည်။

“ဂျူနီယာညီလေး၊ မင်း မသိသေးလို့ ဖြစ်မယ်။ ဒီလိုကွာ.. ငါတို့ အစစ်အမှန်သိုင်းဂိုဏ်းက တာအိုဝါဒ ဂိုဏ်းတစ်ခုဆိုပေမဲ့၊ သိုင်းလောကက ထိပ်တန်း တာအိုဂိုဏ်းတွေထဲမှာ အဆင့်ဝင်ဖို့ဆိုရင် ထိပ်တန်း တာအိုအင်အားစုတွေရဲ့ ထောက်ခံမှု လိုအပ်တယ်။ စစ်မှန်သူ ပိုင်ဟဲ့က လောကမှာ အဆင့်ငါး ချိတ်တဲ့ ‘အစစ်အမှန် နက်နဲခြင်းဂိုဏ်း’ က အဖွဲ့ဝင် တစ်ယောက်ပဲကွ။”

“ဆရာက သူတို့ကို အထူးဖိတ်ကြားခဲ့တာ။ ဆရာ့ရဲ့ တစ်သက်တာ ဆန္ဒက ကမ္ဘာပေါ်မှာ အကောင်းဆုံး တာအိုဂိုဏ်း ဖြစ်လာပြီး အစစ်အမှန်သိုင်းဂိုဏ်းရဲ့ ဂုဏ်ကျက်သရေကို ပြန်လည် ရှင်သန်စေချင်တာလေ။”

နင်ချီ ချက်ချင်း နားလည်သဘောပေါက်သွားတော့သည်။

' အော်…အရင်တုန်းကတော့ အစစ်အမှန်သိုင်းဂိုဏ်းမှာ ကောင်းကင်ဘုံလူသားနယ်ပယ် ပုဂ္ဂိုလ်တစ်ယောက်တောင် မရှိခဲ့ဘူး။ ဒါကြောင့် တာအိုဂိုဏ်း အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်ဖို့ဆိုတာ လက်တွေ့မကျတဲ့ အိပ်မက်တစ်ခုပဲ။ ဒါပေမဲ့ အခုတော့ အခြေအနေတွေက မတူတော့ဘူး။ ဆရာက ကောင်းကင်ဘုံလူသား

နယ်ပယ်ကို ရောက်သွားပြီဆိုတော့၊ သဘာဝကျကျပဲ အစီအစဉ်တွေ စတင်လာပြီပေါ့။'

သို့သော်ငြားလည်း၊ အစစ်အမှန်သိုင်းဂိုဏ်း၏ လက်ရှိအခြေခံအုတ်မြစ်နှင့် ဆိုလျှင် သိုင်း လောက၏ အကောင်းဆုံး တာအိုဂိုဏ်း ဖြစ်လာဖို့ မဆိုထားနှင့်၊ ထိပ်ဆုံး ဆယ်ဂိုဏ်း စာရင်းဝင်ရန်ပင် ခက်ခဲလှသေး၏။

တဖြည်းဖြည်း ကြိုးပမ်းအားထုတ်ရန် လိုအပ်နေသေးပါသတည်း။

စစ်မှန်သူ ပိုင်ဟဲ့သည် လွတ်လပ်ခြင်းဘုရင်နှင့် တာအိုဆရာလုံရှန်းတို့၏ ဘေးတွင် ပေါ့ပါးစွာ ဆင်းသက်လိုက်၏။ သုံးဦးလုံး ထိုင်မနေကြဘဲ တောင်ထိပ်ဆီသို့ လှမ်းမျှော်ကြည့်လိုက်ကြရာ၊ နင်ချီကလည်း အခြားသူများထက် ဦးစွာ အာရုံခံမိလိုက်သည်။

လူတိုင်း ရှုပ်ထွေးနေကြစဉ်မှာပင်၊ တောင်ခြေမှ လူတစ်စု တိတ်ဆိတ်စွာ ချဉ်းကပ်လာခဲ့ကြခြင်း ဖြစ်၏။ ထိုအုပ်စုတွင် အသက်အရွယ်ကြီးရင့်သူ၊ လူလတ်ပိုင်းနှင့် လူငယ်များ ပါဝင်ကြပြီး၊ အားလုံးထံတွင် သိမ်မွေ့သော သာလွန်မှု အရှိန်အဝါ ဆောင်ကြဉ်းထားသည်။ အဓိက အလယ်ဗဟိုတွင်မူ ခွန်အားကြီးမားသော လူငယ်များက ဇိမ်ခံထမ်းစင်တစ်ခုကို ထမ်းပိုးလာကြပြီး၊ သူတို့၏ လက်အင်္ကျီပေါ်မှ ‘ဝမ်’ ဟူသော စာလုံးက သူတို့ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ပြနေလေသည်။

ချင်ပြည်နယ် ၊ ဝမ်မျိုးနွယ်။

အားလုံး၏ အကြည့်များသည် ထူးဆန်းသွားကြတော့သည်။

မည်သို့ပင်ဖြစ်စေ၊ ယခင်က တာအိုဆရာလုံရှန်းနှင့် ဝမ်မျိုးနွယ်တို့ကြားမှ ရန်ငြိုးသည် သိုင်းလောက တစ်ခွင်လုံးတွင် လူသိများခဲ့သည် မဟုတ်ပါလား။

မိသားစုနှစ်ခု ပြန်လည်

သင့်မြတ်သွားပြီဟု ဆိုကြသော်ငြားလည်း၊ ယခုလောက် ရင်းနှီးခင်မင်စွာ ရှိလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ကြပေ။ လူအများစုမှာ သူတို့ ရောက်ရှိလာရန် နှောင့်နှေးနေစဉ်က ဝမ်မျိုးနွယ်သည် ပွဲတက်လိမ့်မည် မဟုတ်ဟု မူလက မှတ်ချက်ချထားခဲ့ကြသည်။

သို့သော် ယခုအခါ ကြီးကျယ်ခမ်းနားသော အခင်းအကျင်းကို မြင်တွေ့ရသည်မှာ ဝမ်မျိုးနွယ်သည် အတော်လေး ကြိုးပမ်းအားထုတ်ထားကြောင်း ထင်ရှားလှပေသည်။

လူတိုင်း ထမ်းစင်ဆီသို့ ကြည့်လိုက်ကြပြီး ထိုပုဂ္ဂိုလ်၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းမိနေကြပြီ ဖြစ်သည်။

ထိုအခါ တာအိုဆရာလုံရှန်း၏ စကားများက သူတို့၏ တွေးထင်ချက်ကို အတည်ပြုပေးလိုက်လေ၏။

“ဝမ်ဘိုးဘေး အလုပ်များနေတဲ့ကြားက အစစ်အမှန်သိုင်းတောင်ကို ကိုယ်တိုင် ကြွရောက်လာတာဟာ လုံရှန်းအတွက် တကယ်ကို အံ့ဩဂုဏ်ယူစရာပါပဲ။”

သူ ပြုံးလိုက်သော်လည်း စိတ်ထဲတွင်မူ နားမလည်နိုင် ဖြစ်နေသည်။

'ယုတ္တိတန်တန် တွေးကြည့်ရင်၊ ဝမ်ဘိုးဘေးလို အသက်အရွယ်

ကြီးရင့်နေတဲ့သူက အပြင်ကို ရှားရှားပါးပါးမှ ထွက်တာ။ အထူးသဖြင့် ဝမ်မျိုးနွယ်နဲ့ လတ်တလော ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့်၊ ချီစွမ်းအင် နယ်ပယ် ဆရာ တစ်ယောက်လောက် လွှတ်လိုက်ရင်တောင် တော်တော်လေး လေးစားရာရောက်နေပြီ။ ဒါပေမဲ့ မမျှော်လင့်ဘဲ ဝမ်ဘိုးဘေးက ကိုယ်တိုင် ရောက်လာခဲ့တယ်။ ထူးဆန်းလိုက်တာ။'

ထမ်းစင်အတွင်းမှ ခပ်ခြောက်ခြောက် ရယ်သံတစ်သံ ထွက်ပေါ်လာသည်။

“မင်းရဲ့ ကောင်းကင်ဘုံလူသား မဟာအခမ်းအနားကို တက်ရောက်မယ်လို့ ကျုပ် အရင်ကတည်းက ကတိပေးထားခဲ့ပြီးသားလေ။ လူဆိုတာ ကတိတည်ရတယ် မဟုတ်လား။”

စကားဆုံးသည်နှင့် ချမ်းသာ ကြွယ်ဝစွာ ဝတ်စားဆင်ယင်ထားသော အဘိုးအိုတစ်ဦးသည် လူတိုင်း၏ ရှေ့မှောက်သို့ ပေါ်ထွက်လာ၏။ သူသည် ရံဖန်ရံခါ ချောင်းဆိုးနေပြီး၊ သူ၏ ဟန်ပန်မှာ အခြားသော ကောင်းကင်ဘုံလူသား သခင်သုံးဦးနှင့် အနည်းငယ် ကွဲပြားနေသော်ငြား၊ မည်သူမျှ သူ့ကို လျှော့မတွက်ရဲကြချေ။

ယခင် တိုက်ပွဲတွင် ဝမ်ဘိုးဘေး၏ မှော်ဆန်သော ဘဝကို ပြောင်းပြန်လှန်နိုင်ခဲ့ခြင်းသည် သိုင်းလောကတွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိကြပြီး ဖြစ်၏။ ဝမ်ဘိုးဘေးသည် တာအိုဆရာလုံရှန်း၏ လက်ရှိအစွမ်းကို ကြောက်ရွံ့ခြင်းထက် သူ၏ အနာဂတ် အလားအလာကို ပိုမိုစိုးရိမ်ခဲ့ခြင်း

ဖြစ်ကြောင်း လူတိုင်း သိရှိကြသည်။

လွတ်လပ်ခြင်းဘုရင်နှင့် စစ်မှန်သူ ပိုင်ဟဲ့တို့က ပြုံးလျက် ချီးကျူးလိုက်ကြသည်။

“ဝမ်ဘိုးဘေးက တကယ်ပဲ ယုံကြည်ထိုက်သူပါပဲ။”

ဝမ်ဘိုးဘေးသည် အခြားသော ကောင်းကင်ဘုံလူသား သုံးဦးကို လှမ်းကြည့်လိုက်ပြီး၊ သူ၏ မျက်လုံးများထဲတွင် ဝမ်းမြောက်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ လွတ်လပ်ခြင်းဘုရင်နှင့် စစ်မှန်သူ ပိုင်ဟဲ့ နှစ်ဦးစလုံးသည် ကြောက်ခမန်းလိလိ အစွမ်းထက်သော စွမ်းအားများကို ပြသခဲ့ကြသည်။

ကျန်လူများမှာ အတော်ပင် စိတ်လှုပ်ရှားနေကြ၏။

ဤအချိန်၌ ကောင်းကင်ဘုံလူသား သုံးဦးပင် ရောက်ရှိနေခဲ့ပြီဖြစ်ရာ၊ လူအများ၏ မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။ ကနဦးတွင်မူ၊ တာအိုဆရာလုံရှန်းကဲ့သို့ ခိုင်မာသော အခြေခံအုတ်မြစ် မရှိသူတစ်ဦးသည် အခမ်းအနားကို ပံ့ပိုးရန် ကောင်းကင်ဘုံလူသား တစ်ဦး သို့မဟုတ် နှစ်ဦးခန့်သာ အများဆုံး ဆွဲဆောင်နိုင်လိမ့်မည်ဟု မူလက ယုံကြည်ထားခဲ့ကြသည်။

ထိုနေရာတွင် ရပ်နေကြသော ကောင်းကင်ဘုံလူသား လေးဦးထံမှ ထုတ်လွှတ်နေသော ပြိုင်ဘက်ကင်းသည့် အရှိန်အဝါသည် လူပုဂ္ဂိုလ်အများအပြားကို လေးလေးနက်နက် လှုပ်ခတ်သွားစေတော့သည်။

သို့တိုင်အောင် အချို့က မင်္ဂလာအချိန်အခါ နီးကပ်လာပြီဖြစ်သော်လည်း၊ အဘယ့်ကြောင့် ထိုလေးဦးသည် ထိုင်ခုံတွင် နေရာမယူကြသေးသနည်းဟု အံ့ဩနေကြသည်။

စစ်မှန်သူ ပိုင်ဟဲ့က စူးစမ်းစွာဖြင့် မေးမြန်းလိုက်သည်။

“တာအိုရောင်းရင်း လုံရှန်း၊ တခြားတစ်ယောက်ယောက် လာဦးမှာမို့လို့လား။”

တာအိုဆရာလုံရှန်းက ဆန်းကြယ်စွာ ပြုံးလိုက်သည်။

“အကြီးအကဲတစ်ပါး ကြွလာနေလို့ပါ။”

သူ၏ မျက်လုံးများတွင် မျှော်လင့်မှုတို့ ထင်ဟပ်နေ၏။

များစွာသော နှလုံးသားများထဲတွင် စူးစမ်းလိုစိတ်တို့ ဖြစ်ပေါ်လာကြသည်။ ဤသို့သော အခမ်းအနားအပြင်အဆင်မျိုးတွင် တာအိုဆရာလုံရှန်းက အကြီးအကဲဟု ခေါ်ဆိုရသူသည် သာမန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်မည်မဟုတ်ပေ။

ယခင်က ဝမ်မျိုးနွယ်နှင့် အငြင်းပွားစဉ် ဝမ်ဘိုးဘေးကို အကြီးအကဲဟု ခေါ်ဝေါ်သုံးစွဲခဲ့ခြင်းမှာ ယဉ်ကျေးမှုအရ သက်သက်သာ ဖြစ်၏။ အမှန်တကယ်တွင် ကောင်းကင်ဘုံလူသား သခင်အများစုသည် အဆင့်တူတည်းသာ ဖြစ်ကြပြီး၊ အကြီးအကဲဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်သူ အလွန်နည်းပါးလှသည်။

ဝမ်ဘိုးဘေး၏ နှလုံးသည် ထိန်းမနိုင်သိမ်းမရ ခုန်တက်သွားပြီး အနည်းငယ် တက်ကြွလာသလို ခံစားလိုက်ရသည်။

အချိန်….ကုန်လွန်သွား၏။

ရွှေကျီးကန်း(နေမင်း)သည် ထိပ်တည့်တည့်သို့ ရောက်ရှိနေချေပြီ။

ရုတ်တရက် 'မူ' ဟူသော အသံတစ်သံ ထွက်ပေါ်လာပြီး၊ ကြည်လင်စွာဖြင့် ကောင်းကင်ယံကို ထိုးဖောက်သွားသည်။

လူအများအပြား တုန်လှုပ်သွားကြပြီး၊ ကောင်းကင်ဘုံလူသား ပုဂ္ဂိုလ်ကြီးများ၏ အမူအရာများတွင်ပင် လေးစားမှု အရိပ်အယောင်တစ်ခု စတင်ဖြစ်ပေါ်လာသည်။ နင်ချီ၏ မျက်လုံးများပင်လျှင် လေးနက်တည်ကြည်မှု ပြသလာ၏။

'အရင်က ရောက်လာခဲ့တဲ့ ကောင်းကင်ဘုံလူသားတွေထဲမှာ လွတ်လပ်ခြင်းဘုရင်၊ စစ်မှန်သူ ပိုင်ဟဲ့၊ ဝမ်ဘိုးဘေး နဲ့ ငါ့ဆရာတို့က အစွမ်းအစ ကွာခြားနိုင်ပေမဲ့ ယေဘုယျအားဖြင့်တော့ အဆင့်တစ်ဆင့်တည်းမှာပဲ ရှိနေကြသေးတယ်။ ငါ သူတို့ကို အတိုင်းအတာတစ်ခုအထိ ယှဉ်နိုင်သေးတယ်လို့ ခံစားရတယ်။'

'ဒါပေမဲ့ အခု... ဒီပုဂ္ဂိုလ်နဲ့ ရင်ဆိုင်ရတော့... မြင်တောင် မမြင်ရသေးဘူး... အဲ့ဒီ သိမ်မွေ့တဲ့ ဖိအားပေးမှု ခံစားချက်က ငါ့ကို အရမ်း သတိကြီးကြီး ထားစေတယ်။'

မျက်လုံးအားလုံး အာရုံစိုက်လိုက်ကြ၏။ သူတို့၏ အမြင်အာရုံ အဆုံး၌၊ စိမ်းပြာရောင် နွားတစ်ကောင်ကို စီးနင်းနေသော ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။

စောစောက ကြည်လင်လှသော 'မူ' သံသည် ဤစိမ်းပြာရောင် နွားထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ နွား၏ အမွေးအမှင်များသည် ကျောက်စိမ်းကဲ့သို့ ချောမွေ့နေပြီး၊ မျက်လုံးများသည် အညိုရောင် ဖန်သားပမာ အပြစ်ကင်းစင်မှုနှင့် ဉာဏ်ပညာတို့ဖြင့် ပြည့်နှက်နေသည်။ ၎င်း၏ အရှိန်အဝါမှာ အားကောင်းလှပြီး၊ ဆန်းပြား အဆင့် သားရဲတစ်ကောင် ဖြစ်မှန်း တစ်ချက်ကြည့်ရုံဖြင့် သိသာလှသည်။

စိမ်းပြာရောင် နွား၏ ကျောကုန်းထက်တွင်၊ မျက်လုံးမှိတ်ထားသော အဘိုးအိုတစ်ဦးသည် နှစ်ခြိုက်စွာ အိပ်ပျော်နေသကဲ့သို့ ရှိသည်။ သူ၏ နောက်ကျောတွင် ဓားအိမ်မဲ့ ဓားတစ်လက် ရှိနေပြီး အသွားကတော့ ထက်မြနေခြင်း မရှိချေ။

စိမ်းပြာရောင် နွားသည် နောက်တစ်ကြိမ် 'မူ' ဟု မြည်လိုက်ရာ၊ အဘိုးအိုသည် ဖြည်းညှင်းစွာ မျက်လုံးဖွင့်လာပြီး၊ သူ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးမှု ခြေရာတစ်ခု လင်းလက်သွားပြီးမှ အစစ်အမှန်သိုင်းတောင်ပေါ်မှ စည်ကားနေသော မြင်ကွင်းကို သတိပြုမိသွားသည်။

သူက ပြုံးလျက် သမ်းဝေလိုက်သည်။

“ရောက်ပြီပဲ၊ တကယ် ရောက်ပြီ။ နွားလိမ္မာလေး၊ သွားဆော့ချေတော့။”

ပြောပြောဆိုဆို အဘိုးအိုသည် နွားကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး၊ အစစ်အမှန်သိုင်း ကျင့်ကြံရာနယ်မြေရှိ လူတိုင်းကို လျစ်လျူရှုထားဘိသကဲ့သို့၊ သာမန် တောင်သူလယ်သမား တစ်ဦးပမာ ပြုမူနေလေသည်။

သို့သော်ငြားလည်း ကောင်းကင်ဘုံလူသားများထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ မကျေမနပ် ဖြစ်ဝံ့သော အရိပ်အယောင် မပြရဲကြချေ။

အဘယ်ကြောင့်ဆိုသော် စိမ်းပြာရောင် နွားကို စီးနင်းလာသော အဘိုးအိုသည်ကား မဟာယန် ကောင်းကင်ဘုံလူသား အဆင့်စာရင်းတွင် အဆင့် သုံးဆယ့်သုံး ချိတ်သူ၊ ‘’စိမ်းပြာနွား ဓားသခင်’ ဖြစ်သောကြောင့်တည်း။

All Chapters