← Chapters

ရတနာသိုက်ကြီး ရိတ်သိမ်းခြင်း

Vol. 6 Ch. 85

ရတနာသိုက်ကြီး ရိတ်သိမ်းခြင်း

Vol. 6 Ch. 85

~“ ကျုပ်တို့..လအရိပ် ဂိုဏ်းက စစ်မှန်သူရဲ့ ကောင်းကင်ဘုံနယ်ပယ်သို့ တက်လှမ်းနိုင်ခြင်းကို ဂုဏ်ပြုသောအားဖြင့် ‘အလင်း သစ်သီး’ သုံးလုံး ပေးအပ်ပါတယ်ခင်ဗျာ။”

...

အောက်ဘက်တွင် တဝိုးဝိုး အံ့ဩသံများ နောက်တစ်ကြိမ် ဆူညံသွားပြန်သည်။

တီးတိုးပြောဆိုနေကြသည့် စကားသံများမှတစ်ဆင့် နင်ချီလည်း ဤ ‘အလင်းသစ်သီး’ များ၏ ဇာစ်မြစ်ကို သိရှိလိုက်ရ၏။

လအရိပ် ဂိုဏ်း တည်ထောင်ခဲ့သည့် နေရာ၌ ‘အလင်း သစ်ပင်’ ဟုခေါ်သော စိတ်ဝိညာဉ် သစ်ပင်တစ်ပင် ရှိခဲ့လေသည်။ ထိုသစ်ပင်သည် နေ့ရောညပါ အလင်းရောင်များ ဖြာထွက်နေပြီး ထိုနေရာတစ်ခုလုံးကို ဘယ်သောအခါမျှ အိပ်မစက်သည့် နေရာတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့သည်တဲ့။

ထို့ကြောင့်လည်း လအရိပ် ဂိုဏ်းဟူသော အမည်ကို ရရှိလာခဲ့ခြင်း ဖြစ်သည်တဲ့။

ဤအလင်းရောင် သစ်ပင်သည် ဆယ်နှစ်လျှင် တစ်ကြိမ်သာ အသီးသီးတတ်၏။ အလင်းသစ်သီး၌ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်သည့် အာနိသင်ရှိပြီး၊ အကြားအာရုံနှင့် အမြင်အာရုံကို ထက်မြက်စေကာ၊ စားသုံးသူ၏ သိမြင်နားလည်

နိုင်စွမ်းကိုပင် အနည်းငယ် မြှင့်တင်ပေးနိုင်သေးသည်။ ဒါက ထိပ်တန်းအဆင့် ဝိညာဉ်အသီး တစ်မျိုးဖြစ်ကြောင်း သံသယရှိဖွယ် မရှိချေ။

နင်ချီ၏ မျက်လုံးများ အရောင်တောက်သွားသည်။

'ငါ ဒီအလင်းသစ်သီးတစ်လုံးလောက် ယူပြီး လေ့လာကြည့်ရင် ကောင်းမလားမသိဘူး။ စိုက်ပျိုးနည်းကိုသာ ဖော်ထုတ်နိုင်ခဲ့ရင်၊ အစစ်အမှန်သိုင်း မက်မွန်ပင်မှာတောင် အသုံးချလို့ ရနိုင်တယ်။'

သူ တော်တော်လေး စိတ်အားထက်သန်နေခဲ့၏။

ယနေ့ကဲ့သို့ သူရဲကောင်းများ စုဝေးပြီး လက်ဆောင်များ ပေးအပ်ကြသည့်ပွဲသည် တကယ့်ကို ရိတ်သိမ်းဖွယ်ရာများ ပေါများလှသည့် ပွဲတော်ကြီးပါတည်း။

ယင်းက သူ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။

ဤလက်ဆောင်ပဏ္ဏာများသည် တာအိုဆရာလုံရှန်းအတွက် ရည်ရွယ်ခြင်း ဖြစ်သော်ငြားလည်း၊ အများစုမှာ အစစ်အမှန်သိုင်းဂိုဏ်း၏ ရတနာသိုလှောင်ခန်းအတွင်းသို့သာ ရောက်ရှိသွားမည်။

အစစ်အမှန်သိုင်းဂိုဏ်း၏ တာအိုလမ်းစဉ် စောင့်ရှောက်သူ တစ်ဦးအနေဖြင့် နင်ချီသည် ဤပစ္စည်းများကို သူ၏စိတ်တိုင်းကျ အသုံးပြုနိုင်သည်သာ ဖြစ်သည်။ တစ်နည်းဆိုရသော် ဤရတနာများအားလုံးသည် သူ့အား လက်ဆောင်ပေးလိုက်ခြင်းနှင့် ဘာမျှမထူးချေ။

သူ၏ဆရာအား ဤကဲ့သို့သော ကောင်းကင်ဘုံလူသား မဟာအခမ်းအနားမျိုးကို မကြာခဏ ကျင်းပရန် အကြံပြုရကောင်း

မလားဟုပင် နင်ချီ အတွေးပေါက်မိသွား၏။

သို့တစေ၊ နင်ချီသည် တစ်ကိုယ်ကောင်းဆန်သော သူတော့ မဟုတ်ပါ။ သူ ရရှိလာမည့် ရတနာများသည် နောက်ဆုံး၌ အစစ်အမှန်သိုင်းဂိုဏ်း တစ်ခုလုံးအတွက် အကျိုးကျေးဇူးများ ပြန်လည်ဖြစ်ထွန်းလာစေမည် မဟုတ်ပါလော။

...

“ချန်းပြည်နယ်မှ မြူမိုးရိပ် စံအိမ်က ‘ရေခဲပိုးချည် ရတနာသံချပ်’ တစ်ထည်ကို ပေးအပ်ပါတယ်...”

...

“ယွင်ပြည်နယ်မှ ခန္ဓာခြောက်ဂိုဏ်းက ‘ဓာတ်တော် ဆေးလုံး’ တစ်လုံးကို ပေးအပ်ပါတယ်...”

...

“နတ်ဘုရားဓားဂိုဏ်းက နာမည်ကျော် ဓားတစ်စုံကို ပေးအပ်ပါတယ်...”

...

အာမေဋိတ်သံများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့သည်။

တာအိုဆရာလုံရှန်းလည်း စိတ်ဓာတ်များ အလွန် တက်ကြွနေခဲ့၏။

ဖြစ်နိုင်သည်မှာ လတ်တလော တိုက်ပွဲ၌ တာအိုဆရာလုံရှန်းက ဝမ်ဘိုးဘေးကို အနိုင်ယူပြီး ဝမ်မျိုးနွယ်အား ခေါင်းငုံ့သွားစေခဲ့သည့် အရှိန်ကြောင့်ပင် ဖြစ်ပေမည်။ အဖွဲ့အစည်း အတော်များများက ဂုဏ်ပြုလက်ဆောင်များကို သာမန် ကောင်းကင်ဘုံလူသား မဟာအခမ်းအနားများ၏ စံနှုန်းထက် ကျော်လွန်၍ အသေအချာ ပြင်ဆင်လာခဲ့ကြသည်။

ဤသည်မှာလည်း သဘာဝကျပါ၏။

လူတို့သည် အမြဲတမ်း ထိုက်တန်သည်ဟု ထင်ရသူများကိုသာ ဝန်ဆောင်မှု ပေးတတ်ကြသည်လေ။

တာအိုဆရာလုံရှန်းသည် သာမန် ကောင်းကင်ဘုံလူသားတစ်ဦးထက် များစွာ သာလွန်သော ပါရမီမျိုးကို ပြသနိုင်ခဲ့သည်။ သဘာဝအတိုင်းပင် လူအများစုသည် သူ၏ တရားဓမ္မ ဟောပြောခြင်းကို နားထောင်လိုကြပြီး ဤသို့သော ဆက်သွယ်မှုမျိုးကို တည်ဆောက်ရန် ဆန္ဒရှိနေကြခြင်း ဖြစ်သည်။

စိမ်းပြာနွား ဓားသခင်ပင်လျှင် ယနေ့ လက်ဆောင်ဆက်သရန် ကိုယ်တိုင်ကိုယ်ကျ ကြွရောက်လာခဲ့ခြင်းသည် သူတို့၏ အမြင် မှန်ကန်ကြောင်းကို သက်သေပြနေခဲ့သည်။

နောက်ဆုံး ပုဂ္ဂိုလ်က သူ၏လက်ဆောင်ကို တင်ဆက်ပြီးသည့်နောက်…

ကျင့်ကြံရာကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားပြန်၏။

သို့သော် ဤတစ်ကြိမ်တွင်မူ အကြည့်များသည် တာအိုဆရာလုံရှန်းထံသို့ ဦးတည်နေခြင်း မဟုတ်ဘဲ၊ ကျန်ရှိနေသေးသည့် ကောင်းကင်ဘုံလူသား လေးဦးထံသို့ ရောက်ရှိနေခဲ့သည်။

ယခုဆိုလျှင် ဤလေးဦး၏ လက်ဆောင်များသာ ကျန်ရှိတော့သည်လေ။

စစ်မှန်သူ ပိုင်ဟဲ့သည် အကြည့်များစွာ၏ ဖိအားကို ခံစားမိလိုက်ရာ နွေးထွေးစွာ ပြုံးလိုက်၏။

သူသည် တက်ရောက်နေကြသော ပုဂ္ဂိုလ်အားလုံးကို လေးလေးစားစား နှုတ်ဆက်လိုက်သည်။

“ကျုပ်ကပဲ အရင်ဆုံး နှိမ့်ချတဲ့ လက်ဆောင်လေးကို ပေးအပ်ခွင့်ပြုပါလား ”

“စစ်မှန်သူကြီး၊ ချီးမြှင့်ပါခင်ဗျာ။”

ထိုအခါ စစ်မှန်သူ ပိုင်ဟဲ့သည် တည်ငြိမ်စွာ ပြုံးလိုက်၏။

“အစစ်အမှန် နက်နဲခြင်းဂိုဏ်းရော၊ အစစ်အမှန်သိုင်းဂိုဏ်းပါ နှစ်ခုလုံးက တာအိုဝါဒကနေ ဆင်းသက်လာတာတွေချည်းပါပဲ။ ဒီနေ့ အစစ်အမှန် နက်နဲခြင်းဂိုဏ်းက တာအိုကျမ်းစာ အတွဲပေါင်း တစ်ထောင့်နှစ်ရာကို လက်ဆောင်အဖြစ် ပေးအပ်ပါတယ်။ စစ်မှန်သူ လုံရှန်းအနေနဲ့ ကျေကျေနပ်နပ် လက်ခံပေးဖို့ မျှော်လင့်ပါတယ်။”

တာအိုဆရာလုံရှန်းသည် လက်များကို အကြိမ်ကြိမ် ယမ်းပြလိုက်သည်။

“စစ်မှန်သူ ပိုင်ဟဲ့... ခင်ဗျား၏ လက်ဆောင်ကတော့ ကျွန်တော့်ကို ထာဝရ ကျေးဇူးတင်နေစေတော့မှာပါပဲ။”

သူ၏မျက်လုံးများအတွင်း၌ ပျော်ရွှင်မှုများ အရောင်တောက်နေခဲ့၏။ ဤလက်ဆောင်သည် သူ၏ အတွင်းစိတ်နှင့် အငြိဆုံး ဖြစ်နေခဲ့သောကြောင့်တည်း။

သူသည် အစစ်အမှန်သိုင်းဂိုဏ်း၏ အမွေအနှစ်ကို ဆက်ခံထားခဲ့သော်ငြားလည်း၊ အများစုမှာ သိုင်းပညာကိုသာ အဓိကထားသည်များ ဖြစ်သည်။ တာအိုကျမ်းစာများနှင့် ပတ်သက်သော သူ၏ အခြေခံအုတ်မြစ်မှာ သိပ်ပြီး နက်နက်နဲနဲ မရှိခဲ့ချေ။ ယနေ့ အစစ်အမှန် နက်နဲခြင်းဂိုဏ်းမှ ရရှိလိုက်သည့် အတွဲပေါင်း တစ်ထောင့်နှစ်ရာသည် သူ၏ အခြေခံအုတ်မြစ်ကို သိသိသာသာ မြှင့်တင်ပေးလိုက်ခြင်းပါတည်း။

အစစ်အမှန် နက်နဲခြင်းဂိုဏ်းသည် ဘယ်သောအခါမျှ ပေါ့ပေါ့ဆဆ ပစ္စည်းမျိုးကို လက်ဆောင်ပေးမည် မဟုတ်ချေ။ ဤလက်ဆောင်အတွင်း၌ ရှားပါးပြီး ထူးခြားသော ကျမ်းစာပေါင်းများစွာ ပါဝင်လာမည်မှာ သေချာသည်။

ပို၍ အရေးကြီးသည်မှာ၊ ဤသည် အစစ်အမှန် နက်နဲခြင်းဂိုဏ်း၏ ထောက်ခံမှုကို ကိုယ်စားပြုနေခြင်းပင်။ အနာဂတ်တွင် အစစ်အမှန်သိုင်းဂိုဏ်းသည် တာအိုဝါဒ ဂိုဏ်းများကြားအတွင်း၌ တစ်ဦးတည်း ရပ်တည်နေရတော့မည် မဟုတ်ချေ။

နင်ချီ၏ မျက်လုံးများလည်း အရောင်တောက်လာခဲ့သည်။

သူသည် ကျမ်းစာတိုက်အတွင်းမှ ကျမ်းဂန်ဟောင်းများ အားလုံးကို ဖတ်ရှု၍ ကုန်ဆုံးနေခဲ့သည်မှာ ကြာပြီ။ ယခု ထပ်မံရရှိလာသည့် တာအိုကျမ်းစာ အတွဲပေါင်း တစ်ထောင့်နှစ်ရာသည် သူ၏ အခြေခံအုတ်မြစ်ကို အကြီးအကျယ် မြှင့်တင်ပေးတော့မည်သာ။ သိုင်းပညာ ကျမ်းဂန်များနှင့် နှိုင်းယှဉ်လိုက်လျှင်၊ နင်ချီသည် တာအိုကျမ်းစာများကို ဖတ်ရှုရသည်ကို ပို၍နှစ်သက်၏။ အကြောင်းမှာ ထိုကျမ်းစာများသည် နက်နဲသည့် အမှန်တရားပေါင်းများစွာကို ရှင်းလင်းပြတ်သားစေပြီး၊ အရေးကြီးသည့် အခိုက်အတန့်များ၌ အာဟာရဓာတ်ကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။

ယင်းတို့မှာ သူ၏ ဉာဏ်အလင်းပွင့်မှုများနှင့် နည်းစနစ်သစ်များ ဖန်တီးနိုင်မှုအတွက် အရင်းအမြစ်နှင့် အားဖြည့်မှုများပါတည်း။

သို့သော် ဆရာတပည့် နှစ်ဦးလုံး မသိလိုက်သည့် အချက်တစ်ခု ရှိနေ၏။ အစစ်အမှန် နက်နဲခြင်းဂိုဏ်းမှ မူလက ပေးအပ်မည့် လက်ဆောင်မှာ အတွဲပေါင်း ရှစ်ရာသာ ရှိခဲ့သည်။ စိမ်းပြာနွား ဓားသခင်ကို မြင်တွေ့လိုက်ရပြီး၊ အစစ်အမှန်သိုင်းဂိုဏ်းမှ ဖော်ထုတ်ပြသလိုက်သည့် အခြေခံအုတ်မြစ်များကို မျက်မြင်တွေ့လိုက်ရသည့်အခါမှသာ၊ စစ်မှန်သူ ပိုင်ဟဲ့သည် နောက်ထပ် အတွဲ လေးရာကို မသိမသာ ထပ်တိုးလိုက်ခြင်း ဖြစ်သည်။ နောက်ထပ် ကျမ်းစာအတွဲများမှာလည်း လမ်းခရီး၌ ရှိနေနှင့်ပြီးသားဖြစ်ပြီး၊ ဤသည်ကို မည်သူမျှ မသိလိုက်ဘဲ၊ နောက်ပိုင်းတွင် အရှိန်မြှင့် ပို့ဆောင်ပေးရန်သာ ရှိတော့သည်။

ဤသို့ ဟန်မဆောင်သည့် လက်ဆောင်သည် အပြစ်ပြောဖွယ်ရာ တစ်ကွက်မျှ မရှိအောင် ပြီးပြည့်စုံနေခဲ့သည်။

လွတ်လပ်ခြင်းဘုရင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“စစ်မှန်သူ ပိုင်ဟဲ့ရဲ့ ကျောက်မျက်ရတနာလို လက်ဆောင်က ကျွန်တော့်အရှေ့မှာ ရှိနေနှင့်တော့ ကျွန်တော့်ရဲ့ လက်ဆောင်ဟာ တော်တော်လေး မလုံလောက်သလို ဖြစ်သွားပါပြီ”

လူတိုင်း ပြုံးလိုက်ကြ၏။

ထိုစဉ် လွတ်လပ်ခြင်းဘုရင်သည် သူ၏ရင်ဘတ်အတွင်းမှ ကျောက်စိမ်း ဘူးတစ်ဘူးကို ထုတ်ယူလိုက်၏။ ဘူးအား ဖွင့်လိုက်သည့်အခါ မီးကဲ့သို့ တောက်လောင်နေသည့် အနီရောင် ပုံဆောင်ခဲ ကျောက်တုံးတစ်တုံး ပေါ်ထွက်လာသည်။

“"ဒါကတော့ ‘ထောင်နှစ်မီးလျှံ နေကျောက်စိမ်း’ ပါပဲ၊

ဒီရတနာက ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ပေးနိုင်ပြီးတော့ အနှစ်သာရ ယွမ်စွမ်းအင်ကို မြှင့်တင်ပေးနိုင်စွမ်း ရှိတယ်လို့ နာမည်ကြီးတာပေါ့။

ညီလေး လုံရှန်းက ကောင်းကင်ဘုံလူသား နယ်ပယ်သုံးခုလုံးကို ကျင့်ကြံလိုတယ်လို့ ကျွန်တော် ကြားသိထားပါတယ်။

အဲဒါကြောင့် ဒီလက်ဆောင်လေးကို ပေးရင်း ရှေ့ဆက်မယ့် ခရီးလမ်း ချောမွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။”

တာအိုဆရာလုံရှန်း သိသိသာသာ လှုပ်ရှားသွား၏။

ဤလက်ဆောင်သည် ကြီးမားရုံသာမက၊ ယင်း၏နောက်ကွယ်မှ သံယောဇဉ်မှာ ပို၍ပင် ကြီးမားနေခဲ့သည်။

လွတ်လပ်ခြင်းဘုရင်သည် သူ၏ လွတ်လပ်သည့် သဘာဝအတိုင်း ကျော်ကြားသည်။ သူကသာ သင့်အား အသိအမှတ်ပြုလိုက်ပြီဆိုလျှင်၊ လမ်းဘေးမှ သူတောင်းစားတစ်ဦးကိုပင် သူ့ညီအစ်ကိုသဖွယ် သတ်မှတ်မည့်သူ ဖြစ်သည်။

တာအိုဆရာလုံရှန်းသည် အတိတ်က စွန့်စားခန်းတစ်ခု၌ သူနှင့် တွေ့ဆုံခဲ့ဖူးပြီး၊ ယနေ့ ခင်မင်မှုကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။

'ထောင်နှစ်မီးလျှံ နေကျောက်စိမ်း' ၏ အခန်းကဏ္ဍမှာ လွတ်လပ်ခြင်းဘုရင် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သကဲ့သို့ မဟုတ်ချေ။

ကောင်းကင်ဘုံလူသား နယ်ပယ်၌ 'အနှစ်သာရ ပန်းပွင့်' ကို ကျင့်ကြံနေသည့်သူများအဖို့၊ ဤသည် အတိုင်းအဆမရှိ မြှင့်တင်ပေးနိုင်ပြီး ယုံမှားစရာ မရှိသော အဓိက ရတနာတစ်ပါးပင်။

ဝမ်ဘိုးဘေး၏ မျက်လုံးများအတွင်း၌ မနာလိုမှုများ သိမ်သိမ်မွေ့မွေ့ ပေါ်လွင်နေခဲ့သည်။

တာအိုဆရာလုံရှန်း၏ မျက်နှာထားမှာ အလွန်အမင်း တည်ကြည်လေးနက်သွား၏။

“လွတ်လပ်ခြင်း အစ်ကိုရဲ့ သံယောဇဉ်ကို ကျွန်တော် လေးလေးနက်နက် ကျေးဇူးတင်ပါတယ်ဗျာ။”

လွတ်လပ်ခြင်းဘုရင်ကမူ ရယ်မောပြီး အမှုမထားဟန် လက်ကာပြလိုက်သည်။

ထိုအခါ ဝမ်ဘိုးဘေးသည် သူ၏ မနာလိုသည့် အကြည့်များကို ရုပ်သိမ်းလိုက်ပြီး စကားလမ်းကြောင်းကို ချောမွေ့စွာ ဆက်လိုက်သည်။

“စစ်မှန်သူ ပိုင်ဟဲ့နဲ့ လွတ်လပ်ခြင်းဘုရင်တို့ရဲ့ လက်ဆောင်တွေကတော့ ဒီအဘိုးကြီးကို အားငယ်သွားစေပါတယ်၊ စစ်မှန်သူ လုံရှန်းရဲ့ ကောင်းကင်ဘုံ အခမ်းအနားအတွက်၊ ကျုပ်ကတော့ ‘ဉာဏ်အလင်း လက်ဖက်ပင်’ မျိုးစေ့တစ်စေ့ကို ပြင်ဆင်လာခဲ့တယ်။ စစ်မှန်သူအနေနဲ့ မလုံလောက်ဘူးလို့ မမှတ်ယူစေလိုပါဘူး။”

ဝမ်ဘိုးဘေး၏ မျက်နှာပေါ်၌ လုံးဝ မမြင်ရလောက်အောင် သိမ်မွေ့သည့် ရှက်ရွံ့မှု အရိပ်အယောင်တစ်ခု ထင်ဟပ်နေခဲ့၏။

အမှန်တကယ်လည်း၊ ဤမျှ ထူးကဲသည့် လက်ဆောင်များ သူ၏အရှေ့မှ ရောက်ရှိနှင့်နေသည့်အခါ၊ သူ၏လက်ဆောင်မှာ တော်တော်လေး အရေးမပါသကဲ့သို့ ဖြစ်သွားခဲ့သည်။

'ဉာဏ်အလင်း လက်ဖက်ပင်' ဆိုသည်မှာ အမှန်ပင် ထူးခြားဆန်းကြယ်ပြီး၊ ယင်း၏ အရွက်များသည် ဉာဏ်အလင်းပွင့်မှုကို အထောက်အကူပြုနိုင်သည့် အလွန်ကောင်းမွန်သော ဝိညာဉ်သစ်ပင်တစ်မျိုးပင်။ ရှားပါးသည့် အခြေအနေများ၌၊ အသန့်စင်ဆုံးသော အရွက်များသည် လူတစ်ဦးအား 'ဉာဏ်အလင်းပွင့်ခြင်း' အခြေအနေအတွင်းသို့ပင် ဆွဲခေါ်သွားနိုင်သည်။

အကယ်၍ ဝမ်ဘိုးဘေးသာ ယနေ့ အပင်ပြည့်ကြီးတစ်ပင်ကို လက်ဆောင်ပေးနိုင်ခဲ့မည်ဆိုလျှင်၊ သူသည် ဤပွဲ၏ အဓိက ကြယ်ပွင့် ဖြစ်သွားမည်မှာ သေချာသည်။

'ဝမ်းနည်းစရာပါတကား...'

ဒါက 'ဉာဏ်အလင်း လက်ဖက်ပင်' ၏ *မျိုးစေ့*တစ်စေ့တည်းသာ ဖြစ်နေခဲ့သည်။

ဤသို့သော မျိုးစေ့တစ်စေ့ကို အပင်ပြည့်ကြီးတစ်ပင်ဖြစ်အောင် စိုက်ပျိုး ပြုစုပျိုးထောင်ရန်မှာ အလွန်အမင်း ခက်ခဲပြီး၊ အချိန်နှင့် ကြိုးစားအားထုတ်မှု မည်မျှ လိုအပ်မည်ကို မသိနိုင်သကဲ့သို့၊ အောင်မြင်ရန်လည်း အာမခံချက် မရှိချေ။

အဖြစ်မှန်မှာ...

ဤ 'ဉာဏ်အလင်း လက်ဖက်ပင်' မျိုးစေ့ကို ရရှိပြီးသည့်နောက်၌၊ ဝမ်မျိုးနွယ်သည် အချိန်အကြာကြီး စိုက်ပျိုးရန် ကြိုးစားခဲ့သေးသည်။ ထို ဖြစ်စဉ်အတွင်း၌ မျိုးစေ့၏ ရှင်သန်နိုင်စွမ်းပင် အနည်းငယ် ပျက်စီးသွားခဲ့ပြီး ဘာမျှ အောင်မြင်မှု မရရှိခဲ့ချေ။ ထို့ကြောင့်သာ ယခုကဲ့သို့ လက်ဆောင်အဖြစ် ပေးအပ်လိုက်ရခြင်း ဖြစ်သည်။ မဟုတ်ပါက ဝမ်ဘိုးဘေးသည် ဒီပစ္စည်းကို လက်လွှတ်ဖို့ ဝန်လေးနေမည်မှာ သေချာပါသည်။

ဤလက်ဆောင်သည် ကြီးကြီးကျယ်ကျယ် ကတိပေးလိုက်ခြင်းနှင့် တူနေ၏။ ကြား၍ ကောင်းသော်ငြားလည်း အပေါ်ယံမျှသာ။

အသိဉာဏ်ရှိသူများက ဒါကို အလွယ်တကူ ထွင်းဖောက် မြင်နိုင်ကြသည်။

ဤ ကောင်းကင်ဘုံလူသားများက မည်သို့လျှင် အသိဉာဏ် မရှိဘဲ နေနိုင်မည်နည်း။

မူလအမြုတေ နယ်ပယ်မှ သိုင်းသမားအချို့ပင်လျှင် ထူးဆန်းသည့် မျက်နှာထားများ ဖြစ်သွားကြပြီး၊ ဝမ်ဘိုးဘေး သတိမထားမိစေရန် သူတို့၏ တုံ့ပြန်မှုကို ဖုံးကွယ်ဖို့ အလျင်အမြန် ခေါင်းငုံ့ကာ အရက်သောက်ချင်ယောင် ဆောင်လိုက်ကြသည်။

ဝမ်ဘိုးဘေး စိတ်အတွင်း၌ အနည်းငယ်တော့ ဒေါသထွက်သွား၏။

သူက ဤအခမ်းအနားသို့ သာမန် ကောင်းကင်ဘုံလူသား တစ်ဦးမျှသာ အများဆုံး တက်ရောက်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ ထိုသို့သော အခြေအနေမျိုး၌၊ ဤ ဉာဏ်အလင်း လက်ဖက်ပင် မျိုးစေ့သည် မျက်နှာပန်းလှရန် လုံလောက်ကောင်း လုံလောက်နိုင်၏။

မည်သူက ဤပွဲ၌ ကောင်းကင်ဘုံလူသား သုံးဦးတိုင် ရှိနေပြီး၊ လက်ရွေးစင် အဆင့်စာရင်းဝင် စွမ်းအားရှင် တစ်ဦးပါ ပါဝင်လာလိမ့်မည်ဟု ကြိုတင်သိထားနိုင်မည်နည်း…။

ဒါက ဝမ်ဘိုးဘေး မျှော်လင့်ထားသည်ထက် ကျော်လွန်သွားပြီး၊ သူ့အား ကျားကြည့် ကြောင်ကြည့် အခြေအနေမျိုး ဖြစ်သွားစေခဲ့သည်။

တာအိုဆရာလုံရှန်းကမူ ကျေးဇူးတင်သည့် အပြုံးဖြင့်သာ ပြုံးပြလိုက်သည်။

“ဝမ်ဘိုးဘေးကို ကျေးဇူးတင်ပါတယ်။”

သူသည် ဝမ်ဘိုးဘေးထံမှ ဤထက် ပို၍ တန်ဖိုးကြီးသည့် မည်သို့သော ပစ္စည်းမျိုးကိုမျှ မျှော်လင့်မထားခဲ့ချေ။ အကြောင်းမှာ ဝမ်ဘိုးဘေး ကိုယ်တိုင်ကိုယ်ကျ တက်ရောက်လာလိမ့်မည်ဟုပင် သူ လုံးဝ ထင်မထားခဲ့သောကြောင့် ဖြစ်သည်။

'ဉာဏ်အလင်း လက်ဖက်ပင်' မျိုးစေ့တစ်စေ့ကို တင်ဆက်ခြင်းသည်ပင် ကျေနပ်ဖွယ်ရာ ကောင်းနေပါပြီ။

All Chapters