အခန်း (၃၇-၄၀)
Vol. 2 Ch. 37-40
အပိုင်း(၃၇)ခေတ်နောက်ကျခြင်း
လော်ယွမ်အောက်ထပ်သို့ဆင်းလာချိန်တွင်အဆောက်အအုံက နောက်တစ်ကြိမ် ပြိုကျခဲ့ပြန်သည်။တတိယထပ်တစ်ခုလုံးရှိ လှေကားထစ်အများစုမှာ ပြိုကျပျက်စီးသွားခဲ့ပြီး သူကိုယ်တိုင်ပင်အောက်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
သူ မြေညီထပ်အပေါက်ဝမှထွက်လာသောအခါကျန်ရှိနေသောလူများက သူ့ထံသို့ဝိုင်းအုံလာကြသည်။
"ညီလေးလော်...ပိုက်ဆံအလွယ်ရချင်လား...ညီလေးအကို့ပစ္စည်းတွေကူချပေးရင်ညီလေးကျေနပ်လောက်တဲ့ပိုက်ဆံ အကိုပေးမယ်"ဟု ချန်ကော့ဟွာက သူသဘောမတူမှာ မကြောက်သလို ပုံစံမျိုးဖြင့်ခပ်ပေါ့ပေါ့ပြောလိုက်သည်။သူကိုယ်တိုင်လည်း ခုနက အပေါ်သို့ခဏတက်ကြည့်ခဲ့သေးသည်။အဆောက်အအုံတစ်ခုလုံးမှာ အန္တရာယ်ရှိသောအဆင့်ဖြစ်နေပြီး လှေကားများပင် ပြတ်တောက်နေကာ ခြေတစ်လှမ်းမှားလိုက်ရုံဖြင့်အသက်ဆုံးနိုင်သည့်အတွက်လန့်ဖျပ်ပြီး နောက်ပြန်ဆုတ်လာခဲ့သည်။
"ကျွန်တော်တို့ရောပဲ...ကျွန်တော်တို့ပစ္စည်းတွေသယ်ပေးရင်ပိုက်ဆံပေးပါ့မယ်"ဟု ထိုစုံတွဲထဲမှအမျိုးသားက အခြေအနေကိုမြင်ပြီး မဝံ့မရဲဖြင့်ပြောလိုက်သော်လည်း သူ၏အသံကတော့အတော်လေး တိုးကျသွားသည်။
လော်ယွမ်၏စိတ်ထဲတွင် ရွံရှာစက်ဆုပ်သွားပြီး ထိုသူ့အား ပါးရိုက်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရသည်။သူ၏မျက်နှာမှာလည်း တင်းမာသွား၏။ "ငါ့အသက်က မင်းထင်တာထက်ပိုအဖိုးတန်တယ်...မင်းကိုယ်မင်းရောင်းရင်တောင်လောက်မှာမဟုတ်ဘူး...တစ်ခြားသူပဲသွားရှာ"
စကားဆုံးသည်နှင့်ချန်ကော့ဟွာ၏ မည်းမှောင်သွားသော မျက်နှာကို လျစ်လျူရှုကာ လော်ယွမ်နောက်လှည့်ထွက်သွားလိုက်သည်။ထိုနေရာတွင်သာ ဆက်နေပါက ထိုလူကို ထိုးကြိတ်မိတော့မည်ကို သူစိုးရိမ်မိသည်။
တိုက်အောက်တွင်ဆန်များ ပြန့်ကျဲနေပြီး နေရာတိုင်း၌ ဖြူဖွေးသော ဆန်စေ့များဖြင့်ပြည့်နှက်နေသည်။ထိုအချိန်တွင်ဟွမ်ကျားဟွေနှင့်ဝမ်ရှီရှီတို့နှစ်ဦးမှာ ပြန့်ကျဲနေသော ဆန်စေ့များကို လက်ဖြင့်စုသိမ်းနေကြသည်။
"တခြားပစ္စည်းတွေတော့ဘာမှမဖြစ်ဘူး...ဆန်အိတ်တွေကတော့ပေါက်ပြဲကုန်ပြီ...ဒါပေမဲ့အိပ်အလွတ်ရှိရင်တော့...ကျွန်မတို့သေချာပြန်ကောက်ထည့်လို့ရသေးတယ်"ဟု ဟွမ်ကျားဟွေက လော်ယွမ်လျှောက်လာသည်ကိုမြင်သောအခါ နှမြောတသသော အမူအရာဖြင့်ပြောလိုက်သည်။
ကပ်ဘေးကာလတွင်လူအများစုက စားနပ်ရိက္ခာ၏ တန်ဖိုးကို မသိကြသေးပေ။ ထိတ်လန့်မှုကြောင့် ဖြစ်ပေါ်လာသော အလုအယက်ဝယ်ယူမှုများက တစ်နိုင်ငံလုံးရှိ စားနပ်ရိက္ခာသိုလှောင်မှုများကို လျင်မြန်စွာ ကုန်ခမ်းစေခဲ့သည်။ကံဆိုးမသွားရာ မိုးလိုက်၍ရွာဆိုသော စကားပုံလိုပင်ယခင်က လူတို့၏ဂရုတစိုက်စောင့်ရှောက်မှုကို ခံခဲ့ရသော ကောက်ပဲသီးနှံများမှာ အလွန်ပြင်းထန်သည့်ပိုးသတ်ဆေးဒဏ်ကိုခံထားရသော်လည်း ရှင်သန်ကြီးထွားမှုအားကောင်းနေဆဲဖြစ်သော ပေါင်းပင်များကို ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့ပေ။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လယ်ယာမြေအများအပြားမှာ စိုက်ပျိုးမရဘဲ ပစ်ထားရသောကြောင့်စားနပ်ရိက္ခာထောက်ပံ့မှုတွင် ကြီးမားသော ပြတ်တောက်မှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဤပြဿနာကို မဖြေရှင်းနိုင်ပါက သို့မဟုတ်အစားထိုးနိုင်သော မျိုးစိတ်သစ်တစ်ခုကို ရှာမတွေ့ပါက မကြာမီပင်အကြီးအကျယ်အငတ်ဘေးဆိုက်တော့မည်ဖြစ်သည်။
မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ စားနပ်ရိက္ခာသည်အရေးကြီးဆုံးသော မဟာဗျူဟာမြောက်အရင်းအမြစ်ဖြစ်နေသည်။
လော်ယွမ်က ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပျက်စီးယိုယွင်းနေသည့်အတွက်အိတ်အလွတ်ရှာဖွေရန်မှာ အလွန်ခက်ခဲသောအလုပ်ဖြစ်မှန်း သူသိလိုက်သည်။သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး "ငါဒီနားလျှောက်ကြည့်လိုက်ဦးမယ်...ရှာတွေ့ဖို့တော့မလွယ်လောက်ဘူး...ဟိုဂျစ်ကားသာရှိနေသေးရင်တော်တော်ကောင်းမှာ...အဲ့တုံးကအမြတ်ရတယ်လို့ထင်မိလိုက်တာ အခုမှဆုံးရှုံးလိုက်ရသလိုပဲ"
"ဟုတ်သားပဲ...ကျွန်မဘယ်လိုလုပ်မစဉ်းစားမိပါလိမ့်...ကားပါကင်မှာကားတွေအများကြီးရှိတယ်လေ...သူတို့ဒီတိုင်းရပ်ထားတာအလကားပဲ...အမှိုက်ကနေရေွှဖြစ်အောင်ပြန်အသုံးချရမယ်"ဟု ဟွမ်ကျားဟွေက ဝမ်းသာအားရ ပြောလိုက်သည်။
"နင်အရင်က ရဲမေမဟုတ်ဘူးလား...သူများကားခိုးတတ်တယ်လား" လော်ယွမ်မှာ အံ့အားသင့်သွားပြီး သူမအား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ဤသည်မှာ ဆန့်ကျင်ဘက်အလုပ်၂ခုကိုပြောင်းလိုက်သလိုပင်။
"ရှင်ဘာတွေပြောနေတာလဲ" ဟွမ်ကျားဟွေက သူ၏အကြည့်ကြောင့်ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး မျက်စောင်းထိုးကာ ဆိုလိုက်သည်။ "ကျွန်မအဖေရဲ့ဟိုးအရင်က ကားအစုတ်လေးက စက်နှိုးရင်ခဏခဏ ပြဿနာတက်တတ်တယ်...အဲ့ဒီတော့အဖေက လက်နဲ့ပဲအမြဲ စက်နှိုးရတာ...ခဏခဏမြင်နေတော့ကျွန်မလည်းတတ်သွားတာပေါ့...ဒါပေမဲ့အခုခေတ်ကားတွေက လျှပ်စစ်ပေးပြီးစက်နှိုးကြတာဆိုတော့ကားပါကင်မှာ ရှေးဟောင်းကားရောရှိရဲ့လားမသိဘူး"
"အဲ့လိုလား...ဒါဆိုနင်ကားပါကင်မှာသွားကြည့်လိုက်...ငါတို့ဒီမှာစောင့်နေမယ်"လော်ယွမ်က သူမ၏မိသားစုအကြောင်းကို ဆက်မမေးလိုတော့ပေ။ ယခုလိုအချိန်တွင်ထိုသို့သောမေးခွန်းများမေးခြင်းက ရိုင်းရာကျပေမည်။
ဟွမ်ကျားဟွေက ဖုန်တွေခါချလိုက်ပြီး မတ်တပ်ရပ်ကာ "ကျွန်မ သွားကြည့်လိုက်ဦးမယ်...အဲ့မှာ ခေတ်ဟောင်းကားမျိုးရှိနေပါစေလို့ဆုတောင်းရမှာပဲ"
"ဒါနဲ့...အဲ့မှာကားတွေအများကြီးရှိတော့...ဓာတ်ဆီလည်းရှိမှာပဲ...ဓာတ်ဆီလည်းရသလောက်ရှာခဲ့...ငါခပ်ဖို့ခွက်တစ်ခုရှာပေးမယ်"လော်ယွမ်က အနီးအနား ရှာဖွေလိုက်ရာ နောက်ဆုံးတွင်ဆီးသီးထည့်တော့ နို့ဆီဗူးအရွယ်ဗူးတစ်ဗူးသာ တွေ့လိုက်သည်။သူက ဆီးသီးများအားလုံးကို သွန်ထုတ်လိုက်ပြီး ဝမ်ရှီရှီ၏ လက်ထဲသို့ထည့်ပေးလိုက်ကာ ဗူးခွံကို ဟွမ်ကျားဟွေထံ ကမ်းပေးလိုက်ပြီး ပြောသည်။ "ဒါနဲ့ပဲ ခပ်လိုက်တော့"
ဟွမ်ကျားဟွေက သူ့အား မျက်စောင်းတစ်ချက်ထိုးလိုက်သည်။ "ရှင့်ဓားလည်း ကျွန်မကို ပေး"
"နင်က ဓားယူပြီး ဘာလုပ်မလို့လဲ" လော်ယွမ်က ထူးဆန်းစွာ မေးလိုက်သည်။
"ဆီတိုင်ကီအပေါက်က သေးသေးလေးကို ဓားနဲ့မဖောက်ရင်ရှင့်ဆီးသီးဗူးနဲ့ ဘယ်လိုနှိုက်ခပ်ရမှာလဲ...ကျွန်မသေနတ်နဲ့ပစ်ဖောက်ရမှာလား" ဟု ဟွမ်ကျားဟွေက စိတ်မရှည်စွာဖြင့်ပြောလိုက်ပြီး သူမ၏လေသံထဲတွင်မကျေမနပ်ဖြစ်နေသော ဒေါသများ ပါဝင်နေ၏။ အချောအလှလေးကို အနံ့ပြင်းသောဓာတ်ဆီခပ်ခိုင်းခြင်းကား မည်သူမဆို ဒေါသထွက်မည်သာပင်။
လော်ယွမ်က တောင်းပန်ပြုံး ပြုံးလိုက်ပြီး ဓားရှည်ကို သူမထံသို့ကမ်းပေးလိုက်သည်။
ဟွမ်ကျားဟွေက သူ့ကို မျက်စောင်းထိုးလိုက်ပြီးနောက်သေးသွယ်သောခါးလေးကို တစ်ချက်လိန်ကာ ကားပါကင်ရှိရာသို့လျှောက်သွားလေသည်။
လော်ယွမ်က ဆန်စေ့များကို ကြိုးစားပမ်းစား စုသိမ်းနေဆဲဖြစ်သော ဝမ်ရှီရှီကို ကြည့်လိုက်ပြီး သူမ၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ "ဟုတ်ပြီ...ခဏနားလိုက်ဦး...ဆက်မလုပ်နဲ့တော့...ငါနင့်ကိုမေးစရာရှိတယ်"
စကားဆုံးသည်နှင့်သူက အဆောက်အအုံနှင့် အနည်းငယ်လှမ်းသောနေရာသို့သွားထိုင်လိုက်သည်။
ဝမ်ရှီရှီက စိုးရိမ်ကြောင့်ကျသော မျက်နှာလေးဖြင့်သူ့နောက်သို့လိုက်ထိုင်လိုက်သည်။ "ဦးလေး... သမီး..."
လော်ယွမ်က သူမကို တစ်ချက်ကြည့်လိုက်ရုံဖြင့်သူမ ဘာကိုစိုးရိမ်နေသည်ကို သိလိုက်သည်။မိဘမဲ့သွားသော ကလေးမလေးတစ်ယောက်အတွက်လုံခြုံမှုမှာ အလွန်နည်းပါးနေပြီး အသေးအဖွဲကိစ္စလေးတစ်ခုခုဖြစ်လျှင်ပင်တုန်လှုပ်ခြောက်ခြားကာ အခြားသူများက သူမကို စွန့်ပစ်သွားမည်ကို အလွန်ကြောက်ရွံ့နေတတ်သည်။ဤသည်မှာလည်း သူ သူမနှင့် စကားပြောရန်ဆုံးဖြတ်ရခြင်း၏ အကြောင်းရင်းဖြစ်သည်။သူက နွေးထွေးသော အမူအရာဖြင့်ပြောလိုက်သည်။"နင်ကတော့လေ...လျှောက်တွေးမနေနဲ့...နင်ကဒီလောက်ချစ်ဖို့ကောင်းတာကို...ငါကဘယ်လိုလုပ်နင့်ကိုစွန့်ပစ်မှာလဲ...ပြီးတော့နင့်တစ်ယောက်စာလောက်က...ငါအေးဆေးကျွေးထားနိုင်ပါတယ်"
ဝမ်ရှီရှီ၏ မျက်နှာလေးမှာ ရဲသွားပြီး သူ့ကို ခိုးကြည့်လိုက်သည်။"ကျေးဇူးတင်ပါတယ်ဦးလေး...သမီးခုကစပြီးဦးလေးကို...ကိုကြီးယွမ်လို့ခေါ်လို့ရမလားဟင်"
"နင်ခေါ်ချင်သလိုခေါ်လို့ရတယ်...အဲ့လောက်စိုးရိမ်မနေနဲ့...မဟုတ်ရင်ငါကပဲ နင့်ကိုအနိုင်ကျင့်သလို ဖြစ်နေမယ်...ပုံမှန်အတိုင်းပဲဆက်ဆံ ဟုတ်ပြီလား" လော်ယွမ်က ဘာမှအရေးမကြီးသလို ပြောလိုက်သည်။နာမ်စားတစ်ခုသာဖြစ်သည်မဟုတ်ပါလား။
"အော်ဒါနဲ့... နင့်ရဲ့ခန္ဓာကိုယ်မှာ ခုတစ်လော တစ်ခုခုပြောင်းလဲတာမျိုး ရှိလား...ဥပမာ... ခွန်အားတို့ဘာတို့ပေါ့"လော်ယွမ်က မေးလိုက်သည်။နေ့စဉ်ထမင်းစားတိုင်းတွင် ကြွက်သားတစ်ပန်းကန်ပါလေ့ရှိရာ ဤလောက်အချိန်ကြာအောင်စားပြီးနောက်တော့အကျိုးသက်ရောက်မှုအနည်းငယ်တော့ရှိသင့်ပြီဖြစ်သည်။
ဝမ်ရှီရှီက ခဏစဉ်းစားပြီးနောက်ပြောသည်။ "နည်းနည်းတော့အားရှိလာသလိုပဲ... အရင်က သမီး အားကစားချိန်မှာဆိုရင်ခဏလေးပြေးလိုက်တာနဲ့ဗိုက်ထဲနာလာတာ... အခုတော့အများကြီးပိုမြန်အောင်ပြေးနိုင်ပြီး ဗိုက်လည်းမနာတော့ဘူး"
ဝမ်ရှီရှီက ခဏမျှတုံ့ဆိုင်းပြီးနောက်ထပ်ပြောသည်။ "တခြား ပြောင်းလဲတာတွေလည်း ရှိသေးတယ်"
စကားဆုံးသောအခါသူမက ရှက်သွေးဖြာကာ ခေါင်းငုံ့ထားလိုက်သည်။
"ဘယ်လိုပြောင်းလဲမှုမျိုးလဲ" လော်ယွမ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။သူမ ဆင့်ကဲပြောင်းလဲသွားတာများလား ဟု သူတွေးလိုက်မိသည်။စနစ်၏စစ်ဆေးမှုအရ ချက်ပြုတ်ပြီးသားအစာသည်ဆင့်ကဲပြောင်းလဲမှုကို မဖြစ်စေနိုင်ဟု မှတ်မိနေသည်။
"ကိုကြီးယွမ်..."ဝမ်ရှီရှီ၏ မျက်နှာတစ်ခုလုံး သွေးရောင်လွှမ်းသွားပြီး သူမ၏လက်ချောင်းလေးများက အင်္ကျီစကို လိမ်ကျစ်နေသည်။ "သမီး... ရင်ဘက်တွေနည်းနည်း ကြီးလာသလိုပဲ...ကြွက်သားကြော်တွေစားပြီးကတည်းက ရင်ဘတ်ထဲမှာ တင်းတင်းကြီး ဖြစ်နေတယ်"
လော်ယွမ်၏အကြည့်ကအလိုအလျောက်ပင်ဝမ်ရှီရှီ၏ ရင်ဘတ်ဆီသို့ရောက်သွား၏။ ထိုနေရာတွင်အမှန်ပင်ပြောင်းလဲမှုအချို့ရှိနေသည်ကို သူတွေ့လိုက်ရသည်။ယခင်က အနည်းငယ်မို့မောက်ရုံသာရှိပြီး ပြားချပ်ချပ်နီးပါးဖြစ်နေရာမှ ယခုအခါတွင်မူ သိသာထင်ရှားသော အဖုအလုံးလေးနှစ်ခုအဖြစ်ပြောင်းလဲနေပြီဖြစ်သည်။ထို့အပြင်အလယ်မှအစက်လေးနှစ်ခုမှာ ထောင်မတ်နေလေရာ ဤကလေးမလေး အတွင်းခံ ဝတ်မထားမှန်း သိသာလှသည်။
သို့သော်သူတို့အိမ်တွင်ကလေးမလေးများ ဝတ်ဆင်နိုင်သော အတွင်းခံအဝတ်အစား မရှိသည်မှာလည်း အမှန်ပင်။
ဝမ်ရှီရှီမှာ လော်ယွမ်၏အကြည့်ကြောင့်ရှက်စိတ်ကို မထိန်းနိုင်တော့ဘဲ အသက်ရှုပင်မြန်လာကာ လေသံတိုးတိုးဖြင့်ပြောလိုက်သည်။ "ယောက်ျားလေးတွေက မိန်းကလေးတွေရဲ့ရင်သားကို ကိုင်ချင်ကြတယ်ဆိုတာ သမီးသိပါတယ်...ကိုကြီးယွမ်ကိုင်ချင်တယ်ဆိုရင်သမီး ကိုင်ခွင့်ပြုနိုင်ပါတယ်"
ဤသို့သော ရဲတင်းလွန်းသည့်စကားကြောင့်လော်ယွမ်၏မျက်နှာတစ်ခုလုံး နီရဲသွားပြီး ရှက်စိတ်ကြောင့်ဒေါသထွက်သွားကာ ပြောလိုက်သည်။ "ဒီစကားတွေနင်ဘယ်ကတတ်လာတာလဲဟမ်...ဒီအရွယ်လေးနဲ့နင်ဒါမျိုးတွေပြောရလား"
ဝမ်ရှီရှီမှာ လန့်သွားပြီး ကိုယ်လေးတစ်ခုလုံး တုန်တက်သွားသည်။သူမ၏ မျက်ဝန်းအိမ်တွင်မျက်ရည်များ ဝဲတက်လာပြီး တပေါက်ပေါက်ကျဆင်းလာကာ ဝမ်းနည်းစွာဖြင့်ပြောသည်။"ကိုကြီးယွမ်...သမီးဘယ်ကမှတတ်လာတာမဟုတ်ပါဘူး...အရင်သမီးကောင်လေးက ကိုင်ချင်တာတောင်...သမီးလုံးဝခွင့်မပြုခဲ့ဘူး"
သူမစကား၏ ဆိုလိုရင်းမှာ "သမီးက ကိုကြီးယွမ်ကို ကိုင်ခွင့်ပြုတာတောင်ကိုကြီးက နည်းနည်းလေးမှအသိအမှတ်မပြုတဲ့အပြင်လူကိုတောင်ဆူနေသေးတယ်"ဟူ၍ဖြစ်သည်။
အရင်ကကောင်လေး.... လော်ယွမ်မှာအရွယ်ပင်သေချာမရောက်သေးသော ဝမ်ရှီရှီကို ကြည့်ကာ ဆွံ့အသွားလေသည်။သူကိုယ်တိုင်တစ်ချိန်က မည်မျှအဖြူထည်လေးဖြစ်ခဲ့သည်ကို ပြန်တွေးမိ၏။ တက္ကသိုလ်ရောက်မှရည်းစားထားခဲ့ပြီး တစ်နှစ်လောက်တွဲပြီးမှအကျွမ်းဝင်ခဲ့ခြင်းဖြစ်သည်။ယခုမှပင်သူက ခေတ်နှင့်အဆက်ပြတ်နေပြီး ခေတ်ရေစီးကြောင်းကို မလိုက်မီတော့ကြောင်း သိလိုက်ရသည်။
"အေးပါ...အေးပါ...ငါ့အမှားပါ...ငါနင့်ကိုကောင်မစုတ်လေးလို့မပြောသင့်ဘူး...မငိုနဲ့တော့"လော်ယွမ်က နှစ်သိမ့်လိုက်သည်။သူမကို ဆက်လက်ဆုံးမရန်စိတ်ကူးရှိသော်လည်း နောက်ဆုံးတွင်လက်လျှော့လိုက်သည်။ဤသို့သော စကားကို ပြောနိုင်ခြင်းက အနည်းဆုံးတော့ဤကလေးမလေး၏ စိတ်ရင်းကောင်းကြောင်း ပြသနေသည်။ သူမက ကျေးဇူးဆပ်ရန် ဆန္ဒရှိသည်မဟုတ်ပါလား။ နည်းလမ်းကသာ နည်းနည်း...
ထိုသို့မပြောခင်က ပိုကောင်းသေးသည်။ယခုလိုပြောလိုက်မှဝမ်ရှီရှီမှာ ပို၍ပင်ဝမ်းနည်းသွားပြီး မျက်ရည်များက တပေါက်ပေါက်ကျကာ ရှိုက်ကြီးတငင်ဖြင့်ပြောသည်။ "ကိုကြီးယွမ်က အကျင့်မကောင်းဘူး...ပြောတော့မကိုင်ချင်ဘူးဆိုပြီး...ဟိုနေ့ကကျလူကို အကြာကြီးကိုင်ထားပြီးတော့"
"ဘာ" လော်ယွမ်၏စိတ်ထဲတွင်တုန်လှုပ်သွားသည်။သူပြန်စဉ်းစားကြည့်သော်လည်း ဘာတစ်ခုမှမှတ်မိမနေပေ။ သူက ဇဝေဇဝါဖြင့်မေးလိုက်သည်။ "မှားနေပြီထင်တယ်၊ ငါနင့်ကို ဘယ်တုန်းက ကိုင်မိလို့လဲ...ငါဘာလို့မမှတ်မိတာလဲ"
"ကားပါကင်မှာလေ...ကိုကြီး သမီးကို တွန်းလှဲလိုက်ပြီးတော့...ကိုကြီးလက်က သမီးရဲ့အဲ့ဒီနေရာကို ဖိထားတာ... အခုထိ နာနေတုန်းပဲ" ဝမ်ရှီရှီက နှုတ်ခမ်းလေးစူကာ ပြောလိုက်သည်။
"အဲ့လိုအဖြစ်မျိုးရှိခဲ့တာလား" လော်ယွမ်မှာ မျက်နှာပူသွားသည်။ထိုအချိန်က အခြေအနေမှာ အလွန်အရေးကြီးနေပြီး သူ၏အာရုံမှာ ထိုနေရာတွင်လုံးဝမရှိခဲ့သည့်အတွက်သူ၏လက်က မည်သည့်နေရာသို့ရောက်နေသည်ကို လုံးဝမသိခဲ့ပေ။
လော်ယွမ်က အလျင်အမြန်တောင်းပန်ပြီး ခဏကြာအောင်ချော့မော့လိုက်တော့မှဝမ်ရှီရှီ အငိုရပ်သွားခဲ့သည်။
ထိုအချိန်တွင်ကားတံခါးမပါသာ ဆန်ထာနာ ကားအဟောင်းတစ်စီးက ယိမ်းထိုးလျက်သူတို့ရှိရာသို့မောင်းနှင်လာပြီး ပစ္စည်းပုံဘေးတွင်ရပ်တန့်လိုက်သည်။
ဟွမ်ကျားဟွေက မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့်ကားထဲမှထွက်လာသည်။သူမ၏ မျက်နှာနှင့်လက်များတွင်အမည်းရောင်ဆီဂျီးများဖြင့်ပေကျံနေသည်။သူမက လော်ယွမ်ရှေ့သို့ခြေလှမ်းကျဲကြီးများဖြင့်လျှောက်လာပြီး သူ့ကို မျက်စောင်းထိုးလိုက်ရာ မျက်လုံးများ နီရဲနေသော ဝမ်ရှီရှီကို မြင်သွားပြီး သံသယဖြင့်မေးလိုက်သည်။ "သူ ဘာလို့ငိုထားတာလဲ...ရှင်ခုနက ဝမ်ရှီရှီကို အနိုင်ကျင့်နေတာလား"
"ငါကိုဘယ်လိုလူစားမျိုးထင်နေလဲ...ငါကအဲ့လိုလုပ်စရာလား" လော်ယွမ်က မျက်နှာတွင်တည်ကြည်ဖြောင့်မတ်သော အမူအရာဖြင့်ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့အနည်းငယ်လိပ်ပြာမလုံဖြစ်နေသည်။
ဟွမ်ကျားဟွေ၏မျက်နှာမှာ အနည်းငယ်နီမြန်းသွားသည်။ "ရှင်ဘယ်လိုလူစားလဲ ကျွန်မ မသိဘဲနေမလား...အဲ့ဒီတုန်းကသာ တခြားလူတွေမတွေ့ခဲ့ရင် ကျွန်မတောင်မသိလိုက်ဘဲ ရှင်အသားယူတာခံလိုက်ရမှာ" ဟု သူမ စိတ်ထဲမှတွေးလိုက်သည်။
သူမက လော်ယွမ်ကို ဆက်လက်၍စူးစမ်းကြည့်ရှုနေရာ ရဲတစ်ယောက်က တရားခံကို စစ်ဆေးမေးမြန်းနေသည့်ဟန်ပင်ပေါ်လွင်နေသည်။
"မယုံရင်ဝမ်ရှီရှီကို မေးကြည့်"လော်ယွမ်က အားငယ်သောလေသံဖြင့်ခုခံချေပလိုက်သည်။
"ဦး... ကိုကြီးယွမ်က သမီးကို အနိုင်မကျင့်ပါဘူး...သမီး အဖေနဲ့အမေကို သတိရလို့ငိုတာပါ"ဝမ်ရှီရှီက လော်ယွမ်ကို ခိုးကြည့်ရင်း လေသံတိုးတိုးဖြင့်ပြောလိုက်သည်။
"ကြားတယ်နော်...အခုရှင်းသွားပြီမလား...နင်တို့ရဲတွေကလူကောင်းတွေကိုပဲ အမြဲတမ်းအထင်လွဲနေတာ...ဟုတ်ပြီ...ပစ္စည်းတွေကားပေါ်တင်ရအောင်...ငါတို့နေဖို့နေရာလည်းရှာရဦးမယ်"လော်ယွမ်က သက်ပြင်းတစ်ချက်ချကာ ပြုံးလျက်ပြောလိုက်ပြီး ပစ္စည်းပုံရှိရာသို့လျှောက်သွားလိုက်သည်။
ဟွမ်ကျားဟွေက ဝမ်ရှီရှီကို သံသယဖြင့်ထပ်ကြည့်လိုက်သည်။ထိုအချိန်တွင်ဝမ်ရှီရှီ၏ ရင်ဘတ်တွင်မီးခိုးရောင်လက်ရာတစ်ခု ခပ်ရေးရေး ထင်ကျန်နေသည်ကို သူမ၏ စူးရှသောမျက်လုံးများက သတိပြုမိလိုက်သည်။သေသေချာချာမကြည့်ပါက လုံးဝမြင်နိုင်မည်မဟုတ်ပေ။ သူမသာ မှုခင်းစုံစမ်းရေးရဲတစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ လေ့ကျင့်ထားသော မျက်စိမျိုးမရှိပါက ထိုအရာကို သတိပြုမိမည်မဟုတ်ပေ။
လူကောင်းကို အထင်လွဲတယ်ဟုတ်လား။ သူတော်တော်အကျင့်မကောင်းတာပဲ... ကလေးမလေးကိုတောင်အလွတ်မပေးဘူး။ ငါထွက်သွားတာ ဘယ်လောက်မှမကြာသေးဘူး သူ့အကြံအောင်မြင်သွားပြီပေါ့။လော်ယွမ်ထွက်သွားသည်ကို ကြည့်ပြီးနောက် သူ့နောက်သို့လိုက်သွားသော ဝမ်ရှီရှီကို သူမက တားလိုက်ပြီး စိတ်ရင်းအမှန်ဖြင့်ပြောသည်။ "နင်နောက်ဆို သူနဲ့နှစ်ယောက်တည်း အတူမနေရဘူး သိလား... သူ့အိပ်ခန်းထဲလည်း မသွားနဲ့...သူက နင့်ကို တစ်ခုခုလုပ်ဖို့ ကြိုးစားလာရင် ပြတ်ပြတ်သားသား ငြင်းရမယ်"
"အစ်မဟွမ်...ကိုကြီးယွမ်က လူကောင်းတစ်ယောက်ပါ"ဝမ်ရှီရှီက လော်ယွမ်ဘက်မှဆက်လက်ကာကွယ်ပြောဆိုသည်။
"သူ့စိတ်ထားကတော့ကောင်းတာအမှန်ပဲ...ဒါပေမဲ့တချို့နေရာတွေမှာတော့မကောင်းဘူး...နင်က ကလေးဆိုတော့နားလည်ချင်မှ လည်လိမ့်မယ်...ငါပြောချင်တာကဟာ...သူနင့်ကိုဖျားယောင်းသွေးဆောင်ပြီး..."ဟု ဟွမ်ကျားဟွေက စိတ်ရှည်စွာ ရှင်းပြသည်။
"အမဟွမ်...အဲ့လိုကိစ္စတွေကိုသမီး အကုန်နားလည်ပါတယ်...သမီးအရွယ်တော်တော်များများ အတူနေကြတာတွေတောင်အများကြီးပဲ...တစ်ကယ်လို့ကိုကြီးယွမ်တောင်းဆိုရင်သမီးငြင်းမှာမဟုတ်ဘူး...လာသမီးတို့ပစ္စည်းတွေသွားသယ်ရအောင်...ကိုကြီးယွမ်တစ်ယောက်ထဲသယ်နေရတာ" စကားဆုံးသည်နှင့်ဝမ်ရှီရှီက လော်ယွမ်ရှိရာသို့အပြေးလေး လိုက်သွားလိုက်သည်။ဟွမ်ကျားဟွေတစ်ယောက်သာ ထိုနေရာမှာပင် ကြက်သေသေကာ ငိုင်ကြောင်ပြီး ကျန်ရစ်ခဲ့သည်။အတန်ကြာသည်အထိ သူမ သတိပြန်မကပ်နိုင်တော့ပေ။
ဆက်ရန်...
အပိုင်း(၃၈)သဘောပေါက်သွားခြင်း
ဆန်အိတ်ထဲမှအပေါ်ယံဆန်စေ့များက သန့်ရှင်းနေသေးသော်လည်း မြေကြီးနှင့် ထိနေသော အောက်ပိုင်းဆန်များမှာတော့ပိုးကောင်စိမ်းများ သေကြေပြီးနောက်ထွက်လာသည့်အစိမ်းရောင်အရည်များနှင့် ပေကျံနေလေသည်။ထို့အပြင်ပိုးကောင်စိမ်းတို့၏ အခွံမာ အပိုင်းအစများပါရောနှောနေသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ရွံစရာကောင်းလှသည်။လော်ယွမ်က ထိုဆန်အိတ်ကို လွှင့်ပစ်ရန်စိတ်ကူးလိုက်သော်လည်း ဟွမ်ကျားဟွေက နှမြောတသစွာဖြင့်တားမြစ်ခဲ့သည်။
ကားနောက်ဖုံးထဲတွင်ပစ္စည်းများ မဆံ့တော့သည့်အဆုံး လော်ယွမ်သည်ကားနောက်ခုံတန်းကိုပင် ဖြုတ်ချလိုက်ရသည်။ထိုအခါမှကျန်ရှိသည့်ပစ္စည်းအားလုံးကို ကားထဲသို့အပြည့်အသိပ်ထိုးထည့်နိုင်တော့သည်။
"ကဲ... အားလုံးအဆင်သင့်ဖြစ်ပြီ... သွားကြစို့"လော်ယွမ်က ကားမောင်းသူနေရာတွင်ဝင်ထိုင်ရင်း ပြောလိုက်သည်။
ဟွမ်ကျားဟွေကတော့သူ့ဘေးခုံတွင်ဝင်ထိုင်ကာ ဝမ်ရှီရှီကို သူမ၏ပေါင်ပေါ်တွင်တင်ထားလိုက်သည်။ နှစ်ယောက်လုံး နေရာကျသည်ကို မြင်မှ လော်ယွမ်က ကားစက်နှိုးကာ သူတို့နေထိုင်ခဲ့သည့်အိမ်ရာဝန်းဆီမှမောင်းထွက်လာခဲ့သည်။ဝန်းတံခါးဝသို့ရောက်သောအခါသူ အပျက်အစီးပုံကြားမှသူတို့၏အိမ်ယာလေးကို နောက်တစ်ကြိမ်လှည့်ကြည့်လိုက်မိသည်။ဤနေရာကို နောက်တစ်ခေါက်ဘယ်တော့မှ ပြန်လာဖြစ်တော့မည်မဟုတ်ဟု သူ့စိတ်ထဲတွင်အမှတ်မထင်တွေးလိုက်မိသည်။
လမ်းမကြီးပေါ်သို့ရောက်သောအခါလူများ ပိုများလာသည်။အမြောက်ဆံမိုးများ ရွာသွန်းပြီးနောက် လမ်းပေါ်ထွက်လာကြသော လူအုပ်ကြီးသည်နေရာအနှံ့ ပြန့်ကျဲနေသော ပိုးကောင်စိမ်းများ၏ အပိုင်းအစများနှင့် ပျက်စီးနေသော မြို့ကြီးကို ကြည့်နေကြသည်။အချို့ကအောင်ပွဲခံကာ ကျယ်လောင်စွာ အော်ဟစ်နေကြပြီး အချို့မှာတော့ရှိုက်ကြီးတငင်ငိုကြွေးနေကြသည်။
ထိုမြင်ကွင်းက လော်ယွမ်အတွက်ရင်းနှီးသလိုလို မရင်းနီးသလိုလို ဖြစ်နေသော်လည်း စိတ်ထဲတွင်ယုံကြည်၍မရသေးပေ။ သူ တိတ်ဆိတ်စွာပင်ကားကို ရှေ့သို့ ဖြည်းညင်းစွာ မောင်းနှင်နေခဲ့သည်။သိပ်မကြာခင်မှာပင်လမ်းဘေးရှိ ပျက်စီးနေသော ကော်ဖီဆိုင်တစ်ခုထဲတွင်အစောင့်အရှောက်အဆင့်ပိုးကောင်စိမ်းတစ်ကောင်ကို သူ လှမ်းမြင်လိုက်ရသည်။
ထိုအကောင်ကြီး၏ ဝမ်းဗိုက်တွင် ကြီးမားသောပေါက်ပြဲဒဏ်ရာကြီးတစ်ခု ဖြစ်နေပြီး သွေးများနှင့် အသားစိုင်များက ရောထွေးနေသည်။စားပွဲတစ်လုံးစာမျှကျယ်ဝန်းသော ထိုဒဏ်ရာကြီးမှအော်ဂလီဆန်စဖွယ်ကိုယ်တွင်းအရည်များက တစိမ့်စိမ့်ယိုစီးကျနေကာ မြေပြင်ပေါ်တွင်စေးကပ်ကပ်အိုင်ကြီးတစ်ခု ဖြစ်နေ၏။ သို့သော်ပိုးကောင်တို့၏အံ့မခန်းသော ရှင်သန်နိုင်စွမ်းကြောင့်ချက်ချင်းမသေနိုင်သေးပေ။ ကျန်ရှိနေသေးသော တောင်ပံတစ်ဖက်တည်းဖြင့်အားကုန်ရုန်းကန်ကာ ခတ်နေသောကြောင့်ကော်ဖီဆိုင်မှစားပွဲခုံအချို့ပင်လွင့်စင်ထွက်သွားသည်။ခြေလက်အချို့နှင့်တောင်ပံတစ်ဖက်မရှိတော့သော ထိုကောင်ကြီးအတွက်မတ်တပ်ရပ်ရန် ကြိုးပမ်းမှုသည်အချည်းနှီးသာ ဖြစ်မည်မှာ သေချာသည်။
လော်ယွမ်က တစ်ချက်သာ လှည့်ကြည့်ပြီးနောက်အကြည့်လွှဲကာ ကားကို ဆက်မောင်းထွက်လာခဲ့သည်။
ဤမျှကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီးသည်ဒဏ်ရာအပြင်းအထန်ရထားသည့်တိုင်သူ့ကို သတ်နိုင်စွမ်း ရှိနေသေးသည်။သူကိုယ်တိုင်တစ်ကောင်ကို သတ်ခဲ့ဖူးသော်လည်း ထိုတစ်ကြိမ်က ကံကောင်းခြင်းကြောင့်သာ အောင်မြင်ခဲ့သည်ကို သူ ကောင်းကောင်းသိသည်။ကံတရားသည်သူ့ဘက်တွင်အမြဲတမ်း ရှိနေမည်မဟုတ်။ဤသို့သော သတ္တဝါကြီးများနှင့် တိုက်ခိုက်ရာတွင်အမှားအယွင်း လုံးဝခံ၍မရပေ။ တစ်ချက်မှားသွားသည်နှင့်ဒုတိယအခွင့်အရေး ရတော့မည်မဟုတ်ချေ။သူ့၏ခန္ဓာကိုယ်ကာကွယ်နိုင်စွမ်းက အလွန်အမင်းကို အားနည်းလွန်းသည်။အစောင့်အရှောက်အဆင့်ပိုးကောင်စိမ်းများက ကျည်ဆန်များကိုပင်ခံနိုင်ရည်ရှိသော်လည်း သူ့အတွက်မူ ကျည်တစ်တောင့်တည်းနှင့်ပင်အသက်ပျောက်သွားနိုင်သည်။
ထိုစဉ်မြေပြင်တစ်ခုလုံး တုန်ခါလာပြီး အင်ဂျင်သံများက အဝေးမှကျယ်လောင်စွာ ထွက်ပေါ်လာသည်။
လမ်းလေးခွဆုံမှသံချပ်ကာကား ငါးစီးနှင့် စစ်သုံးကုန်တင်ထရပ်ကားကြီး သုံးစီးတို့က တဂျိမ်းဂျိမ်းမြည်ဟီးလျက်သူတို့ရှိရာဘက်သို့ဦးတည်လာနေသည်။လော်ယွမ်လည်း ကားကို အမြန်ပင်ဘေးသို့ကွေ့ရှောင်ပေးလိုက်သည်။
ထရပ်ကားကြီးများပေါ်တွင်ရပ်နေသော စက်သေနတ်ကိုင်စစ်သားခုနစ်ယောက်ရှစ်ယောက်ခန့်ကသူ့ဘက်သို့လှည့်ကြည့်လာကြသည်။သူတို့၏မျက်နှာများမှာ တည်ကြည်ခက်ထန်ပြီး ရက်စက်သည့်အရှိန်အဝါများ လွှမ်းခြုံနေသည်။
ဤယာဉ်တန်းသည်လမ်းရှင်းလင်းရေး တာဝန်ထမ်းဆောင်နေပုံရသည်။မီတာပေါင်းများစွာရှည်သော ထိုဧရာမကားကြီးများပေါ်တွင်ပိုးကောင်စိမ်းများကို တင်ဆောင်ထားသည်ကို လော်ယွမ် မြင်လိုက်ရသည်။ထို့ပြင်ထိုပိုးကောင်များအားလုံးမှာ အစောင့်အရှောက်အဆင့်များချည်းသာ ဖြစ်သည်။
ဤမြင်ကွင်းကို မြင်သောအခါ သူ အတွေးနက်သွားသည်။စစ်တပ်က အစောင့်အရှောက်အဆင့်ပိုးကောင်စိမ်းများကို ဤမျှအင်တိုက်အားတိုက်စုဆောင်းနေခြင်းမှာ သုတေသနပြုလုပ်ရန်အပြင်အဓိကအကြောင်းရင်းမှာ "သန္ဓေပြောင်းလူသား" များ ဖန်တီးရန် ဖြစ်နိုင်သည်။လူတစ်ယောက်ကထိုသို့ဆင့်ကဲပြောင်းလဲနိုင်ခြေမှာ အလွန်နည်းပါးပြီး တစ်ထောင်ပုံတစ်ပုံသာ ရှိသည့်တိုင်လူတစ်သိန်းကို အခြေခံ၍ စမ်းသပ်ပါက စစ်တပ်တွင်သန္ဓေပြောင်းလူသား အယောက်တစ်ရာအထိ ရှိလာနိုင်သည်။အကယ်၍လူတစ်သန်းဆိုလျှင်အယောက်တစ်ထောင်ပင် ဖြစ်လာပေမည်။
သို့သော်လက်တွေ့တွင်မူ ဖြစ်နိုင်ခြေက ထိုထက်များစွာ မြင့်မားနိုင်လောက်သည်။
သာမန်လူများအတွက်ပိုးကောင်စိမ်းများကို အစိမ်းလိုက်စားသုံးရန်စိတ်ပိုင်းဆိုင်ရာ အတားအဆီးကြီးတစ်ခု ရှိနေသော်လည်း စစ်သားများအတွက်မူ ထိုသို့သော အတားအဆီးမျိုး လုံးဝရှိမည်မဟုတ်။စည်းမျဉ်းနှင့်အမိန့်ကသူတို့၏သွေးသားထဲတွင်စိမ့်ဝင်နေပြီးဖြစ်သည်။အထက်အမိန့်သာ ကျလာပါက ထိုစစ်သားများက ရွံရှာဖွယ်ကောင်းသော အရာများကို မျက်နှာတစ်ချက်မမဲ့ဘဲ ပါးစပ်ထဲထည့်ကာ မျိုချလိမ့်မည်ဟု သူ ယုံကြည်သည်။
သူ့စိတ်ထဲတွင် ရုတ်တရက်စိုးရိမ်စိတ်ဖြစ်ပေါ်သွားသည်။သူကိုယ်တိုင်က ယခုလို ကမ္ဘာပျက်ကာလရဲ့ ဖြစ်တည်မှုကို တကယ်တမ်း လိုက်လျောညီထွေမဖြစ်သေးဘူးဆိုတာကို သူ သဘောပေါက်သွားသည်။ဤအရာများက ဆင့်ကဲပြောင်းလဲခြင်း အခွင့်အလမ်းကို ယူဆောင်လာပေးနိုင်မှန်း သိသိကြီးနှင့် စိတ်ပိုင်းဆိုင်ရာ ရွံရှာမှုကြောင့် လုံးဝ မထိတွေ့မစမ်းသပ်ဘဲ ငြင်းဆန်နေခဲ့မိသည်။
"ရှင်ဘာလို့ကားဆက်မမောင်းတော့တာလဲ" ဟွမ်ကျားဟွေက သူ့ကို စကားမပြောချင်သော်လည်း လော်ယွမ်က ကားကို အချိန်အတော်ကြာ ရပ်ထားသဖြင့်မနေနိုင်ဘဲ လှမ်းသတိပေးလိုက်သည်။
"ဪ... ကိစ္စတစ်ခုကို သဘောပေါက်သွားလို့ပါ"လော်ယွမ်က သတိပြန်ဝင်လာကာ ပြုံးလိုက်သည်။
"ရှင်ဘာတွေစဉ်းစားနေလို့လဲ"ဟွမ်ကျားဟွေက စပ်စုချင်စိတ်ဖြင့်မနေနိုင်ဘဲ မေးလိုက်ပြန်သည်။
"လူတွေကို ဆင့်ကဲပြောင်းလဲနိုင်စွမ်းပေးတဲ့အရာတစ်ခုရှိရင်နင်စားရဲလား" လော်ယွမ်က သူမကို တစ်ချက်ကြည့်ရင်းမေးလိုက်ပြီးနောက်ကားကိုစက်နှိုးကာ လမ်းဆုံဘက်သို့မောင်းထွက်သွားသည်။
"ဆင့်ကဲပြောင်းလဲတာ ဟုတ်လား...ရှင်လာနောက်နေတာလား" ဟွမ်ကျားဟွေက နှာခေါင်းရှုံ့ကာ မထီမဲ့မြင်ပြောလိုက်သည်။သူမသည်အင်တာနက်သိပ်သုံးလေ့မရှိသဖြင့် လျှို့ဝှက်သတင်းများနှင့် အလှမ်းဝေးနေသူဖြစ်ရာ သန္ဓေပြောင်းလူသားများအကြောင်းကို သိပုံမရချေ။
"သန္ဓေပြောင်းလူသားတွေအကြောင်း သမီးသိတယ်...အင်တာနက်မှာပြောနေကြတာ အများကြီးပဲ" ဝမ်ရှီရှီက ဝင်ပြောသည်။
"သန္ဓေပြောင်းလူသားဆိုတာ တကယ်ရှိတာလား...ရုပ်ရှင်ထဲမှာပဲရှိတာ မဟုတ်ဘူးလား" ဟွမ်ကျားဟွေသည်ယခုမှသံသယဝင်လာဟန်ဖြင့်မေးသည်။
"ငါက နောက်နေတဲ့ပုံ ပေါက်နေလို့လား" လော်ယွမ်က ကားမောင်းရင်း ပြန်ပြောလိုက်သည်။
"ဒါဆိုရင်တော့စားမှာပေါ့...ဒီလိုအခွင့်အရေးမျိုးကို အရူးပဲ ငြင်းမှာ" ဟွမ်ကျားဟွေက ဖိအားတစ်စုံတစ်ရာမရှိဘဲ ပြောလိုက်သည်။သို့သော်သူမ၏စိတ်ထဲတွင်လော်ယွမ်ပြောသည်ကို သိပ်မယုံကြည်သေးပေ။ သန္ဓေပြောင်းလူသားဆိုသည်မှာ ဒဏ္ဍာရီဆန်လွန်းပြီး ယုံကြည်နိုင်စရာမရှိဟု သူမ ထင်နေသည်။
"ကိုကြီးယွမ်...သမီးလည်း စားချင်တယ်"ဝမ်ရှီရှီက တိုးတိုးလေးပြောသည်။
"မပူနဲ့အချိန်တန်ရင်အားလုံးစားရယ်...အဲ့ကျရင်နင်တို့ဗိုက်ကားတဲ့အထိ ကျွေးမယ်"လော်ယွမ်က မျက်နှာတွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။
ရှေ့လမ်းမပေါ်တွင် ကြက်ခြေနီတပ်ဖွဲ့ယာဉ်များ ထပ်မံရောက်ရှိလာပြီး အစိုးရ၏ ကယ်ဆယ်ရေးယာဉ်များလည်း တစ်စီးပြီးတစ်စီး တန်းစီနေသည်။
ဆယ်မိနစ်ခန့်ကြာသော်လော်ယွမ်က ဟိုတယ်တစ်ခုရှေ့တွင်ကားကိုရပ်လိုက်သည်။လေးထပ်သာရှိသော ဤဟိုတယ်လေးသည်အနီးအနားတွင်အကောင်းပကတိအတိုင်း ကျန်ရစ်သော အဆောက်အအုံများထဲမှတစ်ခုဖြစ်သည်။
သူ ကားတံခါးဖွင့်ကာ ဆင်းလိုက်သည်။ဟိုတယ်၏မှန်တံခါးမကြီးမှာ ကြေမွနေပြီး ကြမ်းပြင်တစ်ခုလုံး မှန်ကွဲစများနှင့် ပြည့်နှက်နေသည်။ ကြမ်းပြင်ပေါ်တွင်လည်း ဖုန်များထူပိန်းနေသဖြင့်လုပ်ငန်းရပ်နားထားသည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း သိသာလှသည်။
"ငါတို့ဒီမှာတည်းရအောင်...နင်တို့ကြိုက်တဲ့အခန်းကိုရွေး" လော်ယွမ်က ဟိုတယ်ထဲသို့လှမ်းကြည့်ရင်း ပြောလိုက်သည်။
ဟွမ်ကျားဟွေလည်း ဟိုတယ်ထဲသို့ဝင်လာရင်း မျက်နှာမကောင်းစွာဖြင့်ပြောသည်။"ကျွန်မတော့စိတ်မလုံသလိုပဲ...နောက်ကျမှပိုင်ရှင်ရောက်လာရင်ဘယ်လိုလုပ်မလဲ"
"ဒါကဟိုတယ်ပဲကို...ပိုင်ရှင်ရောက်လာလည်း အခန်းခပေးလိုက်မှာပေါ့...ဒီလိုအချိန်မျိုးမှာ သူတို့မရစ်လောက်ပါဘူး" လော်ယွမ်က ရယ်ရင်းပြောသည်။
ဟွမ်ကျားဟွေလည်း ဘာမှထပ်မပြောတော့ပေ။
သူတို့နှစ်ယောက်သည်တတိယထပ်တွင်ခမ်းနားစွာ ပြင်ဆင်ထားသော အခန်းတစ်ခန်းကိုရှာတွေ့ပြီးနောက်ပစ္စည်းများကို စတင်သယ်ယူကြသည်။ပစ္စည်းအားလုံး နေရာချပြီးချိန်တွင်မွန်းတည့်နီးပါး ဖြစ်နေပြီ။ ဟွမ်ကျားဟွေရေချိုးခန်းထဲသို့ဝင်သွားပြီး မကြာမီမှာပင်သူမ၏ စိုးရိမ်တကြီးအော်သံ ထွက်ပေါ်လာသည်။
"ဒီမှာ ရေမလာတော့ဘူး"
"ရေမလာတော့ဘူးလား...မနက်ကထိရသေးတယ်မဟုတ်ဘူးလား" လော်ယွမ်၏အမူအရာ ပြောင်းလဲသွားသော်လည်း သူ့စိတ်ထဲတွင်တော့သိပ်ပြီးမအံ့သြတော့ပေ "ငါအောက်ဆင်းပြီး ရေလွှွတ်တဲ့ဘားကိုသွားကြည့်လိုက်မယ်...အဲ့ကပိတ်ထားလား မသိဘူး"
ပြောပြောဆိုဆိုနှင့် လော်ယွမ်က အောက်ထပ်သို့အမြန်ပြေးဆင်းသွားသည်။ဆယ်မိနစ်ခန့်ရှာဖွေပြီးမှပထမထပ်ရှိ ပစ္စည်းဟောင်းများထားသော သိုလှောင်ခန်းထဲတွင်ရေလွှတ်သည့်ဘားကို ရှာတွေ့သည်။သို့သော်သူ ချက်ချင်းပင်စိတ်ပျက်သွားရသည်။အဘယ်ကြောင့်ဆိုသော်ဘားက ဖွင့်ထားပြီးသား ဖြစ်နေသောကြောင့်တည်း။ သူ ဟိုတယ်အပြင်သို့ထွက်ကာ မျက်နှာချင်းဆိုင်ရှိ ပိတ်ထားသော စားသောက်ဆိုင်ဘက်သို့လျှောက်သွားလိုက်သည်။
စားသောက်ဆိုင်၏မီးဖိုချောင်ထဲသို့ဝင်ကာ ရေဘုံဘိုင်ခေါင်းကို အမြန်ဖွင့်ကြည့်လိုက်သည်။ရေပိုက်လိုင်းထဲမှလည်မျိုညှစ်ခံထားရသကဲ့သို့ဂလုဂလု ဟူသော လေသံများသာ ထွက်ပေါ်လာပြီး ရေတစ်စက်မှကျမလာချေ။
လော်ယွမ်သည်လေးလံသော မျက်နှာဖြင့် ပြန်လှည့်လာခဲ့သည်။
"ရေမလာတော့ဘူး...ဘယ်မှာမှရေမရတော့ဘူး" လော်ယွမ်က ဆိုဖာပေါ်သို့ဖင်ချထိုင်လိုက်ရင်း စိတ်ပျက်စွာ ပြောသည်။ "ဒီနေ့ဗုံးကြဲတာတော်တော်ပြင်းတော့...ရေသန့်စက်ရုံပါပါသွားလောက်ပြီ...ငါတို့မှာရေသန့်ဗူးတွေ၁၀ဗူးကျော်ရှိသေးတာတော်သေးတယ်ပြောရမယ်...ဒီတိုင်းဆိုငါတို့တုံဟူမြို့မှာဆက်နေလို့ မရတော့ဘူး တခြားနေရာသွားမှဖြစ်မယ်"
ဟွမ်ကျားဟွေက သက်ပြင်းတစ်ချက်ချကာ သူ့ဘေးတွင်ဝင်ထိုင်လိုက်သည်။သူမ၏ မျက်နှာတွင်လည်း စိုးရိမ်သောကများ ပြည့်နှက်နေသည်။ "ဘယ်ကိုသွားမှာလဲ"
လော်ယွမ်က ခဏစဉ်းစားပြီးနောက် "ဟယ်တုံမြို့ကိုသွားမယ်...သူကပြည်နယ်မြို့တော်တစ်ခုဆိုတော့...အနည်းဆုံးစစ်တပ်တစ်တပ်တော့တပ်စွဲထားမှာပဲ...ဒါဆိုငါတို့ပိုစိတ်ချရတယ်"
လော်ယွမ်က တည်ငြိမ်နေသည့်အခါတွင်လူကိုယုံကြည်စေသော အရှိန်အဝါမျိုးရှိသည်။ဟွမ်ကျားဟွေ၏မျက်နှာလည်း တည်ငြိမ်သွားပြီး "ရှင့်သဘောပဲ"
"ဒါဆိုငါတို့မနက်ဖြန်မနက်ဟယ်တုံမြို့ကိုသွားကြမယ်"လော်ယွမ်က အပြီးသတ်ဆုံးဖြတ်လိုက်သည်။ "နင့်ကားက ဆီရောလောက်ရဲ့လား...လမ်းမှာရပ်သွားလို့မဖြစ်ဘူးနော်"
"ကားတစ်စီးလုံး ပြုတ်ထွက်မသွားသဘောမှပူစရာမလိုဘူး"
လော်ယွမ်က မျက်မှောင်ကြုတ်လိုက်သည်။
ဟွမ်ကျားဟွေ၏စိတ်ထဲတွင်အကြောင်းမဲ့ထိတ်ခနဲဖြစ်သွားပြီး အမြန်ပြန်ပြောလိုက်သည်။ "တုံဟူမြို့နဲ့ဟယ်တုံမြို့က ကီလို၁၀၀လောက်ပဲဝေးတာလေ...အခုဆန်တာနာ၂၀၀၀ကားက သေချာပြုပြင်ထားတဲ့ကားဆိုတော့ဘာမှမဖြစ်လောက်ပါဘူး"
"ဒါဆိုတော်သေးတာပေါ့...မဟုတ်ရင်ငါတို့ကားလဲမှရမှာ...အခုလိုချိန်မျိုးမှာ ကားဘယ်ကဝယ်ရမှန်းတောင်မသိဘူး...အရင်စားလိုက်ရအောင်...ပေါင်မုန့်ထုတ်သွားယူလိုက်...ဒီညတော့ပေါင်မုန့်ပဲစားကြတာပေါ့"လော်ယွမ်က သူ့ဗိုက်ကို ပွတ်သပ်ရင်း ပြောသည်။စောစောက စိတ်လှုပ်ရှားနေသဖြင့်ပေါင်မုန့်တစ်ထုပ်လုံး ပါလာသော်လည်း စားချင်စိတ်မရှိခဲ့။ယခုမူ သူ့ဗိုက်က ဆာလောင်လွန်းနေပြီ။
ဟွမ်ကျားဟွေက ပစ္စည်းယူရန်ဧည့်ခန်းသို့ထသွားမည်အပြုတွင်လော်ယွမ်က ထပ်လှမ်းခေါ်လိုက်သည်။ "နေဦး...ဘာမှမစားကြနဲ့ဦး...နင်တို့ပြန်အန်ထုတ်မှာစိုးလို့...ဒီမှာခဏစောင့်...ငါအောက်မှာသွားယူလိုက်ဦးမယ်"
ပြောပြီးသည်နှင့်လော်ယွမ်က အပြင်သို့ထွက်သွားလေသည်။
ဟွမ်ကျားဟွေနှင့်ဝမ်ရှီရှီတို့နှစ်ယောက်မှာ ဇဝေဇဝါဖြင်ကျန်ရစ်ခဲ့ပြီး မကောင်းသော အငွေ့အသက်တစ်ခုကို မသဲမကွဲ ခံစားလိုက်ရသည်။
"အမဟွမ်...ကိုကြီးယွမ်က ဘာသွားယူတာလဲဟင်"ဝမ်ရှီရှီက စပ်စုစွာ မေးလိုက်သည်။
"ငါလည်း မသိဘူး...ဒါပေမဲ့ကောင်းတဲ့ဟာတော့မဟုတ်လောက်ဘူး ထင်တယ်"ဟွမ်ကျားဟွေက ဂရုမစိုက်ဟန်ဆောင်ရင်း ပြန်ပြောလိုက်သည်။
သူတို့နှစ်ယောက်နာရီဝက်ခန့်စောင့်ဆိုင်းပြီးနောက်လော်ယွမ် ပြန်ရောက်လာသည်။သူ၏လက်ထဲတွင်ပိုးကောင်စိမ်း၏ အခွံမာတစ်ချပ်ပါလာသည်။ထိုအခွံ၏အရောင်ကို ကြည့်ရုံဖြင့် ဤအခွံသည်အစောင့်အရှောက်အဆင့်ပိုးကောင်စိမ်းတစ်ကောင်ထံမှ ဖြစ်ကြောင်း သိသာ၏။ လော်ယွမ်သည်ပတ်ဝန်းကျင်တစ်ခုလုံးကို ရှာဖွေပြီးမှစစ်တပ်၏လက်မှလွတ်သွားသော ဤအခွံတစ်ချပ်ကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
သာမန်ပိုးကောင်စိမ်းနှင့် အစောင့်အရှောက်အဆင့်ပိုးကောင်စိမ်းတို့၏ဆင့်ကဲပြောင်းလဲနိုင်ခြေမှာ စစ်ဆေးချက်ဖော်ပြချက်များအရ အတူတူဟု ဆိုထားသော်လည်း ဤသို့သော မတိကျသည့်စာသားဖော်ပြချက်များတွင်ကွဲပြားမှုများ ရှိတတ်စမြဲပင်။ဥပမာပေးရလျှင် "တစ်ထောင်ပုံ သုံးပုံနှင့်" "တစ်ထောင်ပုံ ခုနစ်ပုံ" ဖြစ်နိုင်ခြေတို့ကို "ဆယ်ရာခိုင်နှုန်း" ဖြစ်နိုင်ခြေနှင့် နှိုင်းယှဉ်လျှင်အားလုံးကို "အလွန်နည်းပါးသည်"ဟု ဖော်ပြနိုင်သော်လည်း လက်တွေ့တွင်မူ ထိုဖြစ်နိုင်ခြေများ၏ ကွာခြားမှုမှာ မိုးနဲ့မြေလို ကွာခြားနိုင်သည်။
လော်ယွမ်က အစောင့်အရှောက်အဆင့်ပိုးကောင်စိမ်း၏ ဆင့်ကဲပြောင်းလဲနိုင်ခြေသည်သာမန်ပိုးကောင်စိမ်းထက်ပိုမိုမြင့်မားလိမ့်မည်ဟု ယုံကြည်သည်။အကယ်၍အတူတူပဲ ဖြစ်နေလျှင်တောင်သူ ဘာမှဆုံးရှုံးစရာမရှိပေ။
လော်ယွမ်က အခွံကို စားပွဲပေါ်သို့တင်လိုက်ရာ "ဖြောင်း" ခနဲ အသံထွက်ပေါ်လာသည်။
ဟွမ်ကျားဟွေနှင့်ဝမ်ရှီရှီတို့သည်ကားပေါ်တွင်လော်ယွမ်ပြောခဲ့သော စကားများကို ရုတ်တရက် သတိရသွားပြီး မျက်နှာများ ပြာသွားကာ ခေါင်းကို တဆတ်ဆတ်ခါယမ်းကြတော့သည်။
လော်ယွမ်က သူတို့နှစ်ယောက်အနည်းငယ်တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ဤသို့ဖြစ်၍မရဟု တွေးလိုက်သည်။စောစောက သဘောတူထားပြီးမှတော့ယခု မစားချင်တော့၍မရပေ။ သူကိုယ်တိုင်လည်း စားရမည်ဖြစ်ရာ တစ်ယောက်တည်း ဒုက္ခခံစားရမည့်အစား အားလုံးအတူတူ ခံစားရမှ မျှတမည်မဟုတ်ပါလား။
လော်ယွမ်က တစ်ဘက်သားကို စည်းရုံးသိမ်းသွင်းနိုင်သော မှော်ဆန်သည့်အသံဖြင့်ပြောလိုက်သည်။ "ကလီစာတွေနဲ့အရည်တွေကို ငါသန့်ရှင်းထားပြီးပြီ...သူ့ကြောဘက်က အသားစိုင်တွေပဲ ကျန်တော့တာ...ဒီအသားက အာဟာရအရမ်းကြွယ်ဝတာ...ကမ္ဘာပေါ်ကအားတိုးဆေးတွေအကုန်လုံးထက်ပိုစွမ်းတယ်...ပြီးတော့နင်တို့ဒါကိုစားရင်ဆင့်ကဲပြောင်းလဲနိုင်ချေနည်းနည်းရှိတယ်...အဲ့လိုမဟုတ်ရင်တောင်အနည်းဆုံးတော့နင်တို့ခန္ဓာကိုယ်ကိုပိုသန်မာစေတယ်"
"ဟွမ်ကျားဟွေ...နင်အစွမ်းမထက်ချင်ဘူးလား...လူသားမျိုးနွယ်ပျက်စီးသွားရင်တောင်...နင်အသက်ဆက်ရှင်နိုင်တဲ့သူ မဖြစ်ချင်ဘူးလား"
"ဝမ်ရှီရှိ...နင်အမြဲတမ်း အားငယ်နေတာငါသိတယ်...နင့်ကိုယ်နင်အသွင်ပြောင်းပြီး ဘာကိုမှကြောက်စရာမလိုတဲ့သူဖြစ်လာအောင်မလုပ်ချင်ဘူးလား"
"အခုချိန်မှာ လူ့အသက်က တန်ဖိုးမရှိတော့ဘူး...ဒီနေ့ပဲဘယ်လောက်သေခဲ့လဲကြည့်လေ...ငါ့အထင်တော့၁သိန်းကျော်လောက်ရှိတယ်...ငါတို့မြေအောက်ကားပါကင်မှာ ပုန်းနေလို့သာမဟုတ်ရင်အခုလောက်ဆို မသာဖြစ်နေပြီ...ဒါပေမယ့်ဒါကမပြီးသေးဘူး...ဒီနေ့အသက်ရှင်ပေမယ့်...မနက်ဖြန်လည်းသေသွားနိုင်တာပဲ...ခုလိုကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်တဲ့ အစွမ်းမျိုးရဖို့အတွက်ဒီဘာမဟုတ်တဲ့အော်ဂလီဆန်တာလောက်ကို ထည့်တွက်နေစရာတောင်မလိုဘူး"
ဝမ်ရှီရှီသည်ထိုစကားများကို ကြားရသောအခါ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိပြီး တစ်ကိုယ်လုံးရှိ သွေးများက ဆူပွက်လာသလို ခံစားလိုက်ရသည်။သူမ၏ မျက်လုံးများက တဖြည်းဖြည်း အရောင်တောက်လာပြီး "ဟုတ်တယ်...သမီး... အစွမ်းထက်ချင်တယ်...ကိုကြီးယွမ်...သမီး စားမယ်"
ဟွမ်ကျားဟွေလည်း စိတ်လှုပ်ရှားမှုများက ရင်ထဲတွင်လှိုင်းလုံးများပမာ ရိုက်ခတ်လာပြီး မိမိကိုယ်ကိုပင်မထိန်းချုပ်နိုင်တော့ဘဲ စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "ကျွန်မလည်း စားမယ်...အခုပဲဒယ်အိုးသွားရှာလိုက်မယ်"
လော်ယွမ်၏ နှုတ်ခမ်းထောင့်တွင်ထူးဆန်းသော အပြုံးတစ်ချက်ပေါ်လာပြီး လေသံအေးအေးဖြင့်ပြောလိုက်သည်။ "ဒယ်အိုးရှာပြီးဘာလုပ်မလိုလဲ...အလုပ်ရှုပ်တယ်...ပြီးတော့ဒါကိုအစိမ်းစားမှအာနိသင်ရှိတာ"
အလွတ်ထိတ်လန့်ခြောက်ခြားသွားသော ဟွမ်ကျားဟွေမှာ ခြေလှမ်းအနည်းငယ်နောက်သို့ဆုတ်သွားပြီး မျက်လုံးများပင် ပြူးကျယ်သွားသည်။သူမသည်ပိုးကောင်စိမ်းအခွံထဲမှဖြူဖွေးပြီးနို့နှစ်ရောင်ရှိသော အသားစိုင်များကို တစ်ချက်ကြည့်လိုက်လော်ယွမ်ကို တစ်ချက်ကြည့်လိုက်ဖြင့်တံတွေးကို အလိုလို မျိုချလိုက်မိသည်။ ပြီးနောက်သူမ၏နှုတ်ခမ်းမှခက်ခဲစွာဖြင့်အသံထွက်လာသည်။ "အ...အစိမ်း... စားရမယ်ဟုတ်လား"
ဝမ်ရှီရှီ၏ မျက်နှာသည်လည်း ဖြူဖျော့သွားပြီး အစာအိမ်ထဲမှအူတွေကလီစာတွေပျို့တက်လာသလို ခံစားလိုက်ရသည်။သူမသည် ရုတ်တရက်ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရေချိုးခန်းဆီသို့အလျှင်အမြန်ပြေးဝင်သွားတော့သည်။
ဆက်ရန်...
အပိုင်း(၃၉)ဆုတ်ခွာကြပြီ
အချိန်အတော်ကြာ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုများပြုလုပ်ပြီးနောက် နှစ်ဦးသားမှာ အတော်ကြာချီတုံချတုံဖြစ်နေပြီးမှနောက်ဆုံးတွင်စားလိုက်ကြသည်။
ထိုအချိန်အတွင်း ခံစားရသောစိတ်ပိုင်းဆိုင်ရာ နာကျင်မှုမှာ စကားလုံးများဖြင့်ဖော်ပြရန်ပင်ခက်ခဲလှသည်။လော်ယွမ်က စိတ်တင်းသည်းခံနေသော်လည်း ကျန်နှစ်ဦးမှာမူ တစ်ကြိမ်ပြီးတစ်ကြိမ်အန်ထုတ်နေကြရသည်။စားပြီးလျှင်အန်အန်ပြီးလျှင်ဆက်စားဖြင့်နောက်ဆုံးတွင်အချဉ်ရည်များပင်အန်ထွက်လာပြီး နာကျင်မှုကြောင့်မျက်ရည်များ တသွင်သွင်စီးကျလာသည်။
သို့သော်ဝမ်းနည်းစရာကောင်းသည်မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကြောင့်လား သို့မဟုတ်ဤအပြာရောင်အဆင့်သတ္တဝါ၏ဆင့်ကဲပြောင်းလဲနိုင်ခြေမှာ အလွန်နည်းပါးသောကြောင့်လားမသိ နောက်ဆုံးတွင်သုံးဦးစလုံး မည်သူတစ်ဦးတစ်ယောက်မှဆင့်ကဲပြောင်းလဲနိုင်ခြင်းမရှိခဲ့ပေ။ လော်ယွမ်မှာ အနည်းငယ်တော်သေးသည်။ရှုံးနိမ့်ခဲ့ဖူးသောအတွေ့အကြုံတစ်ခါရှိပြီးဖြစ်သောကြောင့်သိပ်စိတ်ပျက်ခြင်းမရှိဘဲ အနည်းငယ်နှမြောမိရုံသာဖြစ်သည်။သို့သော်ဟွမ်ကျားဟွေနှင့်ဝမ်ရှီရှီတို့နှစ်ဦးအတွက်မူ ကြီးမားသောထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည်။
ဤမျှကြိတ်မှိတ်ခံစားခဲ့ရသော်လည်း ထိုသို့သောရလဒ်ကိုသာရရှိခဲ့သည်။ဤတစ်ကြိမ်တွင်ဟွမ်ကျားဟွေသာမက ဝမ်ရှီရှီပင်လျှင်သူ့ကိုခိုး၍မျက်စောင်းထိုးနေသည်။
တစ်ညတာလုံး ဘာမျှမဖြစ်ခဲ့ပဲ ကုန်ဆုံးသွားလေသည်။
နောက်တစ်နေ့မနက်စောစောတွင်လော်ယွမ်သည်ဖုန်းတုန်ခါသံကြောင့် ရုတ်တရက်နိုးလာခဲ့သည်။
လော်ယွမ်က ဖုန်းကိုယူလိုက်ပြီး အနည်းငယ်ပိုလင်းအောင်ချိန်ညှိလိုက်သည်။အားချွေတာရန်လော်ယွမ်၏ဖုန်းမှာ အမြဲတစေ အလင်းကိုအစွမ်းကုန်လျော့ထားလေ့ရှိသည်။သို့သော်ထိုသို့ပြုလုပ်သည့်တိုင်ဖုန်းအားက အနည်းငယ်သာ ကျန်တော့သည်။မူလအားများမှာ သူသုံးစွဲ၍ ကုန်သွားခဲ့ပြီဖြစ်သည်။
လော်ယွမ်မှာ အနည်းငယ်အံ့အားသင့်သွားသည်။ဤသည်မှာ ယခင်ကလုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဝမ်ရှကွမ်ထံမှပေးပို့လာခြင်းဖြစ်သည်။သူကုမ္ပဏီမှနုတ်ထွက်ပြီးနောက် နှစ်ဦးသားမှာ အဆက်အသွယ်နည်းပါးသွားပြီး မကြာသေးမီက လုံးဝပြတ်တောက်သွားခဲ့သည်။ယနေ့တွင်တစ်ဖက်လူထံမှစာတိုရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
(ဝမ်ရှကွမ်ကို အပိုင်း၁၀မှာ ပြန်ကြည့်ပါ)
"လော်ယွမ်...ငါတို့ပဉ္စမတပ်မကြီးနဲ့အခု ထွက်ခွာတော့မှာ...ငါတို့မြို့အရှေ့ဘက်အဝေးပြေးဂိတ်ကနေ မနက်၆နာရီခွဲစထွက်မယ်...အဲ့သတင်းကိုငါလည်းအခုမှရတာ...နင်လိုက်ချင်ရင်အမြန်လာခဲ့...နင်ဒီစာကိုရရင်ချက်ချင်း စာပြန်ပေးနော်"
လော်ယွမ်သည်ဖုန်းမျက်နှာပြင်ကို အတော်ကြာစိုက်ကြည့်နေမိသည်။
ထို့နောက်သူအလျင်အမြန်ကုန်းရုန်းထကာ အဝတ်အစားများဝတ်ဆင်လိုက်သည်။
ယခုအချိန်မှာ ငါးနာရီခွဲရှိနေပြီဖြစ်သည်။ခြောက်နာရီခွဲတွင်ထွက်ခွာမည်ဆိုလျှင်တစ်နာရီသာကျန်တော့၏။အချိန်မှာအလွန်နည်းလှသည်။
သူသည်လည်း ယနေ့တွင်တုံဟူမြို့မှထွက်ခွာရန် ပြင်ဆင်နေခြင်းဖြစ်သည်။ယခုလိုအခြေအနေတွင်လမ်းခရီး၌ မည်သို့သောအန္တရာယ်များရှိမည်ကို မည်သူမှမသိနိုင်ပေ။ စစ်တပ်နှင့်အတူတူထွက်ခွာနိုင်လျှင်အနည်းဆုံးတော့လုံခြုံရေးအာမခံချက်ရှိပေမည်။
သူအခန်းထဲမှထွက်လာပြီး ဟွမ်ကျားဟွေ၏အိပ်ခန်းတံခါးကို အားကုန်ခေါက်လိုက်သည်။ "အမြန်ထတော့...စစ်တပ်က မနက်၆နာရီခွဲမှာ တုံဟူမြို့ကနေ ဆုတ်ခွာတော့မှာ...ငါတို့စစ်တပ်နဲ့လိုက်သွားတာပိုဘေးကင်းတယ်...အချိန်မရှိတော့ဘူး အမြန်လုပ်"
အိပ်ခန်းထဲမှ "ဝုန်း" ဟူသောအသံများ လျင်မြန်စွာထွက်ပေါ်လာသည်။တစ်ခုခုမြေပေါ်သို့ပြုတ်ကျသွားပုံရသည်။
"သိပြီ...သိပြီ...အခုချက်ချင်းလာခဲ့မယ်"အကယ်၍ယခင်ကသာဆိုလျှင်ဟွမ်ကျားဟွေမှာ ခဏတာအိပ်ယာထဲတွင်ဆက်နေဦးမည်ဖြစ်သည်။သို့သော်မကြာသေးမီရက်များအတွင်း နေ့စဉ်စိုးရိမ်ထိတ်လန့်နေရသောကြောင့်သူမ၏အာရုံကြောများမှာ အလွန်ထက်မြက်နေပြီဖြစ်သည်။အိပ်နေစဉ်မှာပင်မျက်လုံးတစ်ဖက်ဖွင့်ထားသကဲ့သို့ဖြစ်ပြီး အသံကြားသည်နှင့်ချက်ချင်းခုန်ထမိသည်။
ဝမ်ရှီရှီမှာမူ ပြောဖွယ်ရာမရှိပေ။ အစကတည်းက အဝတ်အစားများစတင်ဝတ်ဆင်နေပြီဖြစ်သည်။
နှစ်ဦးသားထွက်လာချိန်တွင်လော်ယွမ်မှာ မျက်နှာသစ်သွားတိုက်ပြီးနေပြီဖြစ်သည်။
"တော်သေးတယ်မနေ့ညထဲက ပစ္စည်းတွေကားထဲအကုန်ပြန်ထည့်ထားလို့ မဟုတ်ရင်ငါတို့တော်တော်နောက်ကျသွားမှာ" လော်ယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။
"စစ်တပ်ပြန်ဆုတ်ပြီဆိုတာ ရှင်ဘယ်လိုလုပ်သိတာလဲ" ဟွမ်ကျားဟွေက ဧည့်ခန်းမှရေသန့်တစ်ဘူးကိုယူကာ သွားတိုက်ရန်ပြင်ဆင်ရင်း ဇဝေဇဝါဖြင့်မေးလိုက်သည်။
"သွားလမ်းကျမှတိုက်တော့...အခုငါးနာရီလေးဆယ်ရှိပြီ...နောက်မိနစ်၅၀ပဲအချိန်ရတော့တယ်...သတင်းကိုငါ့လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက်ဆီကရတာ...တော်တော်လေးစိတ်ချရတယ်...ဒါနဲ့နင့်ယောက်ျားဟောင်းက အစိုးရရုံးမှာအလုပ်လုပ်တာမဟုတ်ဘူးလား...သူနင့်ကိုအကြောင်းမကြားဘူးလား"
"ကျွန်မကိုသူ့အကြောင်းမပြောနဲ့...သူနဲ့ကွဲနေတာကြာလှပြီ...ပြီးတော့ကျွန်မဖုန်းကလည်းအားကုန်နေတာ သူအကြောင်းကြားလည်းသိရမှာမဟုတ်ဘူး" ဟွမ်ကျားဟွေက မျက်နှာမသာမယာဖြင့်ပြောပြီးနောက်တစ်ဘက်လှည့်ကာ ရေချိုးခန်းထဲသို့လျှောက်သွားပြီး သူမ၏ပစ္စည်းများကို နိုင်လွန်အိတ်တစ်လုံးဖြင့်ထည့်လိုက်သည်။
ပြင်ဆင်ပြီးနောက်သုံးဦးသား အလျင်စလိုလှေကားမှဆင်းကာ တံခါးမရှိသော ဆန်တာနာ၂၀၀၀ ကားပေါ်သို့တက်လိုက်ကြသည်။
ထိုအချိန်မှာ ဇန်နဝါရီလဖြစ်သောကြောင့်ပုံမှန်အားဖြင့်ဆိုလျှင်ဆောင်းရာသီအေးမြသောအချိန်ဖြစ်သည်။ယခုအခါရာသီဥတုမှာ ပုံမှန်မဟုတ်သော်လည်း ဆောင်းရာသီတွင်ညတာရှည်ပြီးနေ့တာတိုသည်မှာမူ ပြောင်းလဲခြင်းမရှိပေ။ ထိုအချိန်မှာ ခြောက်နာရီခန့်ဖြစ်ပြီး ကောင်းကင်မှာမူ အမှောင်ထုဖုံးလွှမ်းနေဆဲဖြစ်သည်။
လော်ယွမ်က ကားရှေ့မီးကြီးကိုဖွင့်လိုသော်လည်း ဤကားအိုကြီး၏မီးမှာ ကြာမြင့်စွာကတည်းက ပျက်စီးနေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ "သေစမ်း...တစ်ကယ့်ကားစုတ်ကြီးပဲ"
"မောင်းလို့ရတာကိုပဲ ကျေးဇူးတင်စမ်းပါ"ဟွမ်ကျားဟွေက စိတ်မသက်မသာဖြင့်တစ်ခွန်းပြောလိုက်သည်။ဘယ်လိုပဲဖြစ်ဖြစ်ဤကားကိုသူမကိုယ်တိုင်ရွေးချယ်ခဲ့ခြင်းမဟုတ်ပါလား။
လော်ယွမ်က မိန်းမတစ်ယောက်နှင့်မငြင်းခုန်တော့ပဲ အမှောင်ထဲတွင်ကားကိုစက်နှိုးကာ လီဗာကိုနင်းပြီး မနက်ခင်း၏အလင်းရောင်မှိန်မှိန်ကိုအားကိုးကာ အမြန်လမ်းဆုံသို့မောင်းထွက်သွားသည်။
လမ်းမမှာ နှစ်ရက်ကြာဗုံးကြဲခံထားရသောကြောင့်နေရာအနှံ့ ကျောက်ခဲကြီးငယ်များဖြင့်ပြည့်နှက်နေပြီး အချို့လမ်းပိုင်းများတွင်အက်ကွဲကြောင်းများပင်ပေါ်ထွက်နေသည်။မနေ့ကလာစဉ်က ဖြည်းဖြည်းမောင်းခဲ့သောကြောင့် ဘာမှမထူးခြားသော်လည်း ယခုအရှိန်မြှင့်လိုက်သည်နှင့်ဤကားအိုကြီးမှာ ခုန်ပေါက်နေတော့သည်။
ဟွမ်ကျားဟွေ၏မျက်နှာမှာ ဖြူဖျော့သွားပြီး ရိုလာကိုစတာစီးနေရသကဲ့သို့ ခံစားနေရသည်။ ခန္ဓာကိုယ်မှာ ရှေ့နောက်ယိမ်းထိုးနေပြီး စိတ်လှုပ်ရှားကြောက်ရွံ့နေသည်။ထို့အပြင်သူမထိုင်နေသည်မှာ ယာဉ်မောင်းဘေးခုံဖြစ်ပြီး ဘေးရှိတံခါးမှာ သူမကားခိုးစဉ်က အလုပ်ရှုပ်သက်သာစေရန်လား သို့မဟုတ်မကျေနပ်လို့ဘဲလားမသိ ဓားဖြင့်ခုတ်ဖြတ်ထားသဖြင့်ဟာလာဟင်းလင်းဖြစ်နေသည်။ထို့အပြင်ဝမ်ရှီရှီကိုလည်းဂရုစိုက်ရသေးရာ ကားဤမျှလှုပ်ခါနေချိန်တွင်အပြင်သို့ခဏခဏလွင့်ထွက်သွားလုနီးပါးဖြစ်ခဲ့သည်။
အကြိမ်များစွာထပ်ခါထပ်ခါဖြစ်ပြီးနောက်သူမနောက်ဆုံးတွင်သည်းမခံနိုင်တော့ဘဲ အလျင်အမြန်အော်ပြောလိုက်သည်။ "နေဦး...ကျွန်မမရတော့ဘူး...ကားကိုကျွန်မမောင်းမယ်"
"နင်ကလမ်းကိုမြင်ရလို့လား" လော်ယွမ်က ဘရိတ်အုပ်ရပ်တန့်ကာမေးလိုက်သည်။သူ၏အမြင်အာရုံမှာ အမြဲတစေကောင်းမွန်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုတိုးတက်လာပြီးနောက်သူ၏အမြင်အာရုံမှာ ပို၍ပင်ထူးခြားလာသည်။ညဘက်မမြင်နိုင်သော်လည်း ယခုမှာမနက်ခင်းဖြစ်ပြီး ကောင်းကင်တွင်အလင်းရောင်မှိန်မှိန်ရှိနေသောကြောင့်သူလမ်းအခြေအနေကို အကြမ်းဖျင်းမြင်နိုင်သေးသည်။သို့မဟုတ်လျှင်ဤကားအိုကြီးမှာ ဤထက်ပင်ပို၍ခုန်ပေါက်နေပေလိမ့်မည်။
ဟွမ်ကျားဟွေက ကြေမွတော့မလိုဖြစ်နေသောတင်ပါးကိုပွတ်သပ်ရင်း ယာဉ်မောင်းနေရာသို့ခုန်ပေါက်လျှောက်သွားကာ လော်ယွမ်ကိုမျက်နှာမသာမယာဖြင့်ကြည့်ပြီးပြောလိုက်သည်။ "အမြင်အာရုံမကောင်းရင်သေနတ်ပစ်ပြိုင်ပွဲမှာ ဘယ်လိုလုပ်တတိယဆုရမှာလဲ...တံခါးဖွင့်...ရှင်လည်းကျွန်မလိုပြန်ခံစေရမယ်...ဟွန့်"
လော်ယွမ်မှာ အနည်းငယ်အားမလိုအားမရဖြစ်နေသည်။သူယာဉ်မောင်းလိုင်စင်ဖြေပြီးနောက်ကားအကြိမ်အနည်းငယ်သာမောင်းဖူးပြီး ယခုစတီယာရင်ကိုင်လိုက်သည်နှင့်မလွှတ်ချင်တော့ပေ။ သူက ဝမ်ရှီရှီကိုကြည့်ရင်း စိတ်ထဲတွင်အကြောင်းပြရန်အကြံရလိုက်သည်။ "ဒါဆို ဝမ်ရှီရှီဘယ်မှာထိုင်မှာလဲ။ သူကမိန်းကလေးတစ်ယောက်လေ...ငါ့ပေါင်ပေါ်မှာထိုင်လို့...ဘယ်ဖြစ်မှာလဲ"
ဟွမ်ကျားဟွေမှာ တစ်ချက်ကြောင်သွားပြီး ဤသည်ကိုသူမထည့်သွင်းစဉ်းစားမိခဲ့ပေ။ သူမက ဝမ်ရှီရှီ၏အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်နေသောအမူအရာကိုကြည့်ရင်း မနေ့ကဝမ်ရှီရှီ၏ရင်ဘတ်တွင်တစ်စုံတစ်ယောက်ချန်ထားခဲ့သောလက်သည်းရာများကိုသတိရလိုက်ရာ ဒေါသများထွက်လာသည်။ "အခုမှလူကြီးလူကောင်းယောင်လာဆောင်မနေနဲ့...ကျွန်မမသိဘူးများထင်နေလား...အခုကားပေါ်ကဆင်း"
လော်ယွမ်မှာ ဘာမှမတတ်နိုင်တော့ဘဲ ကားပေါ်မှဆင်းလိုက်ရသည်။
နှစ်ဦးသားနေရာချင်းလဲလိုက်ပြီးနောက်ဝမ်ရှီရှီမှာ နီရဲနေသောမျက်နှာနှင့်လော်ယွမ်၏ပေါင်ပေါ်သို့ထိုင်လိုက်သည်။
ကားမှာ နောက်တစ်ကြိမ်စတင်ရွေ့လျားသွားသည်။
ဒေါသဖြေရန်ကြောင့်လားမသိ ဟွမ်ကျားဟွေမှာ လော်ယွမ်ထက်ပင်ပို၍အရူးအမူးမောင်းနှင်ရာ ဆန်တာနာ ၂၀၀၀မှာ လမ်းကြမ်းမောင်းကားကဲ့သို့ ဖြစ်နေတော့သည်။
ဟွမ်ကျားဟွေက ဂုဏ်ယူဟန်ဖြင့်လော်ယွမ်ကိုခိုးကြည့်လိုက်သော်လည်း သူမ၏မျှော်လင့်ချက်မှာ အလဟဿဖြစ်သွားသည်။လော်ယွမ်၏ခန္ဓာကိုယ်မှာ ထိုင်ခုံနှင့်ကပ်ထားသကဲ့သို့ကားလှုပ်ခါမှုနှင့်အတူလိုက်လှုပ်ရှားနေသည်ကိုမြင်သောအခါစိတ်ထဲတွင်အံ့ဩရင်း အနည်းငယ်စိတ်ပျက်သွားသည်။ဝမ်ရှီရှီမှာမူ မျက်နှာနီမြန်းနေပြီး မျက်လုံးများမှာ အရောင်လက်နေသည်ကို သူမသတိမပြုမိလိုက်ပေ။
လမ်းတစ်လျှောက်တွင်ကားများအနည်းငယ်များပြားလာပြီး အများစုမှာ လော်ယွမ်တို့နှင့်ဦးတည်ရာတူသို့မောင်းနှင်နေကြသည်။အမြန်လမ်းဆုံသို့နီးကပ်လေလေ ကားများပိုများလာလေလေဖြစ်ပြီး နောက်ဆုံးလမ်းပိုင်းတွင်ပိတ်စို့လာကာ ဘီးလေးငါးပတ်လှိမ့်ပြီးတိုင်း မိနစ်အနည်းငယ်ရပ်တန့်ရသည်။
မကြာမီ ကားအိုကြီးမှာ အမြန်လမ်းဆုံနှင့် တစ်ကီလိုမီတာအကွာတွင်နောက်ဆုံးတွင်ရပ်တန့်သွားပြီး ရှေ့ဆက်တိုး၍မရတော့ပေ။
ရှေ့သို့တစ်ချက်ကြည့်လိုက်ရာ နေရာအနှံ့ ကားများဖြင့်ပြည့်ကျပ်နေပြီး ခြောက်လမ်းသွားလမ်းမကြီးတစ်ခုလုံးကို တင်းကျပ်စွာပိတ်ဆို့ထားသည်။ မြင်မြင်သမျှနေရာတွင်ဇိမ်ခံကားများ၊ နာမည်ကြီးကားများဖြင့် ပြည့်နှက်နေပြီး လော်ယွမ်၏ဤဆန်တာနာ ၂၀၀၀ ကားအိုကြီးမှာ ဤကားများကြားတွင်ထင်းနေပြီး အလွန်ပင်နေရာမကျဖြစ်နေလေသည်။
ဘေးရှိ မာစီဒီး၆၀၀ မှပြတင်းပေါက်ဖွင့်ကာ ဝတုတ်တစ်ယောက်ကခေါင်းပြူထွက်လာသည်။ "ဟေ့...ညီလေး မင်းကားက တော်တော်အနုပညာမြောက်တာပဲ"
လော်ယွမ်က ပြုံးလိုက်သည်။ "မောင်းလို့ရရင်ပြီးတာပါပဲ...ဒါနဲ့ခင်ဗျားတို့ဘယ်လိုလုပ်သိရတာလဲ"
"မြို့တော်ကော်မတီရုံးကလူတွေအကြောင်းကြားတာလေ...မင်းတို့ကမဟုတ်ဘူးလား" ဝတုတ်က အနည်းငယ်အံ့ဩစွာမေးလိုက်သည်။
"သူငယ်ချင်းတစ်ယောက်သာ လှမ်းမပြောရင် ကျွန်တော်သိတောင်သိမှာ မဟုတ်ဘူး" ဤရလဒ်ကို လော်ယွမ်စိတ်ထဲတွင်ကြိုတင်မျှော်လင့်ထားပြီးဖြစ်သောကြောင့်ဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်းမရှိပေ။ လူတိုင်းတွင်သက်ဆိုင်သည့်အဆက်အသွယ်ကိုယ်စီရှိကြပြီး လူ့အဖွဲ့အစည်းတွင်ကျင်လည်စဉ်ကတည်းက သူကျင့်သားရနေပြီဖြစ်သည်။
"မင်းတို့ကံကောင်းတာပေါ့...ငါကြားတာတော့အဲ့အစိုးရရုံးကခွေးမသားတွေတောင်ပြေးပြီတဲ့...ငါတို့တုံဟူမြို့ကိုအစိုးရက လုံးဝစွန့်ပစ်လိုက်ပြီ...အစိုးရမှာမြို့ကိုပြန်တည်ဆောက်ဖို့ အင်အားမရှိတော့ဘူး...ငါတို့ကိုတခြားနေရာကိုပဲ ရေွှ့ပေးနိုင်တော့တယ်...ဒီအသုတ်ကစစ်တပ်အကာအကွယ်ရှိလို့ တော်သေးတာ နောက်အသုတ်တွေဆို ဒီလောက်အကာအကွယ်ရှိမှာမဟုတ်တော့ဘူး"
ဟွမ်ကျားဟွေမှာ ဆက်နားမထောင်နိုင်တော့ဘဲ မျက်နှာမသာမယာဖြင့် "သူဌေးဖြစ်ရတာကံကောင်းတာပေါ့...ဒီလိုအချိန်မှာ အခွင့်အရေးပိုရတယ်"
ဝတုတ်မှာ စိတ်သဘောထားကြီးမားပြီး လုံးဝဂရုမစိုက်၊အမူအရာပင်မပြောင်းလဲဘဲ အနည်းငယ်ခါးသက်သက် ပြုံးလိုက်သည်။"ဟင်း...ငါ့မှာကျန်တာပိုက်ဆံပဲလေ...ငါ့ကုမ္ပဏီမရှိတော့ဘူး...ငါ့အိမ်လည်းမရှိတော့ဘူး...ငါ့မိန်းမလည်းသေပြီ...ငါ့ခလေးတွေလည်းသေပြီ...အခုငါ့မှာဘဏ်စာအုပ်လေးပဲကျန်တော့တယ်...ငွေတန်ဖိုးကလည်း၁၀ဆတောင်မကဘူးကျသွားပြီ...ငါစိတ်တော်တော်မာလို့...မဟုတ်ရင်အဆုံးစီရင်ပြီးနေပြီ"
ယခုခေတ်တွင်မည်သူမှမလွယ်ကူပေ။ လော်ယွမ်က သက်ပြင်းချလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။ "ရှေ့မှာနောက်ဆုံးပေါ်ကားတွေအများကြီးတွေ့တယ်သူတို့တွေကဘယ်သူတွေလဲ"
ဝတုတ်က နှုတ်ခမ်းမဲ့ကာ ခနဲ့တဲ့တဲ့ပြောလိုက်သည်။ "တက္ကသိုလ်ပါမောက္ခတွေ...အဆင့်မြင့်နည်းပညာရှင်တွေ...သိပ္ပံသုတေသနဌာနက သုတေသီတွေ...ပြီးတော့အစိုးရဝန်ထမ်းတွေလည်းမပါမဖြစ်ပေါ့...အဲ့ဒီလူတွေက ငါတို့ထက်အများကြီးတန်ဖိုးရှိတယ်လေ...စစ်တပ်က အဓိကကာကွယ်ပေးရတဲ့လူတွေပေါ့...ဥပမာငါတို့တုံဟူမြို့ဆိုရင် အသေးစားစက်မှုလုပ်ငန်းတွေပဲရှိတာ...အကြီးစားစက်ရုံတွေကနည်းနည်းလေးရယ်...မင်းသိချင်မှသိမှာ...တချို့စက်မှုဇုန်ပြည်နယ်တွေမှာဆိုရင်...စစ်စည်းပွားရေးစနစ်ကစနေပြီ...အဲ့စနစ်အရဆို ဝါရင့်ပညာရှင်တစ်ယောက်က သာမန်တက္ကသိုလ်ကျောင်းသား၁၀၀၀ထက် ပိုတန်ဖိုးရှိတယ်"
ဝတုတ်၏သတင်းအချက်အလက်မှာ အလွန်စုံလင်ကြောင်းတွေ့နိုင်သည်။လော်ယွမ်က ယခုအခြေအနေကိုမေးမြန်းရန်ကြံရွယ်နေစဉ် ရုတ်တရက်လော်ယွမ်၏ဖုန်းမှာ အဆက်မပြတ်တုန်ခါလာသည်။သူယူကြည့်လိုက်ရာ ဝမ်ရှကွမ်ဖြစ်သည်။
လော်ယွမ်က ဖုန်းကိုင်လိုက်သည်။
"လော်ယွမ်...နင်ရောက်ပြီလား" ဝမ်ရှကွမ်၏အသံမှာ အနည်းငယ်စိုးရိမ်နေသည်။
"ရောက်ပြီ...ငါနောက်မှာ"
"ဒါဆိုငါ့ဆီအမြန်လာလေ...ငါတို့ကသွားတော့မှာ"
လော်ယွမ်က ခဏတုံ့ဆိုင်းပြီး "ငါမလာတော့ဘူး...ငါနဲ့အဖော်တွေပါပါလာလို့...ပြီးတော့ကားလည်းပါသေးတယ်"
ဖုန်းထဲတွင်တိတ်ဆိတ်သွားပြီး အတော်ကြာမှလော်ယွမ်က ဝမ်ရှကွမ်အသက်ပြင်းပြင်းချလိုက်သံကိုကြားလိုက်ရသည်။ "...ဒါဆိုနင်ခရီးလမ်းချောမွေ့ပါစေ...ငါတို့နောက်မှပြန်ဆုံကြတာပေါ့...ငါဖုန်းချလိုက်တော့မယ်နော်"
လော်ယွမ်စကားမပြောနိုင်မီမှာပင်ဝမ်ရှကွမ်က ဖုန်းချသွားပြီဖြစ်သည်။
လော်ယွမ်က ချထားပြီးသောဖုန်းကိုကြည့်ရင်း ဖုန်းထဲတွင်မဖတ်ရသေးသောစာတိုများနှင့် မကိုင်ဖြစ်သောဖုန်းခေါ်ဆိုမှုနှစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။သူတစ်ခုချင်းစီဖွင့်ကြည့်လိုက်သည်။
"နင်ထွက်လာပြီလား"
"နင်အခုနေမလာရင်မီတော့မှာမဟုတ်ဘူး...နင်ဘယ်မှာလဲ...ငါ့အဖေကိုလာခေါ်ခိုင်းလိုက်မယ်"
ထိုအခါမှသူသည်စာတိုရပြီးနောက်လုံးဝပြန်စာမပို့ခဲ့သည်ကို သတိရလိုက်သည်။ဖုန်းခေါ်ဆိုစဉ်ကလည်း ဖုန်းကိုတုန်ခါမှုဖြင့်ထားသောကြောင့်မခံစားမိခဲ့ပေ။
သူဖုန်းကိုကိုင်ကာ ရှင်းပြရန်ကြံရွယ်လိုက်သော်လည်း ခဏတုံ့ဆိုင်းပြီးနောက်ပြန်ချထားလိုက်သည်။နောက်တွေ့မှပဲ ရှင်းပြလိုက်ချေတော့မည်။
ဆက်ရန်...
အပိုင်း(၄၀)ဟယ်တုံမြို့အဝင်
ညနေခြောက်နာရီခွဲတိတိတွင်ကားတန်းကြီးသည်တရွေ့ရွေ့ဖြင့်စတင်လှုပ်ရှားလာခဲ့သည်။
ရှေ့ဆုံးမှဦးဆောင်နေသည်မှာ ဘီးတပ်သံချပ်ကာကား အစီးရာပေါင်းများစွာဖြစ်ပြီး သူတို့၏နောက်တွင်စစ်သားတင်ယာဉ်များက ကပ်လျက်လိုက်ပါလာသည်။ထို့ပြင်တိုက်ခိုက်ရေးရဟတ်ယာဉ်ဒါဇင်ကျော်ခန့်ကလည်း ခပ်နိမ့်နိမ့်ပျံဝဲစောင့်ကြပ်နေ၏။ ထိုယာဉ်တန်းများ၏နောက်တွင်မှဘတ်စ်ကားအစီးတစ်ရာကျော်ပါဝင်ပြီး လော်ယွမ်တို့၏ကိုယ်ပိုင်ကားများကိုမူ နောက်ဆုံးမှလိုက်ပါရန်စီစဉ်ထားသည်။
ခရီးမထွက်ခွာမီတွင်လော်ယွမ်သည်ကားမောင်းသူနေရာကို နောက်တစ်ကြိမ် ပြန်လုယူလိုက်ပြီး ဝမ်ရှီရှီကိုတော့ဟွမ်ကျားဟွေထံသို့ပစ်ပေးလိုက်သည်။
ထိုကောင်မလေးက ကြီးကောင်ဝင်စအရွယ်သို့ရောက်ရှိနေပြီဖြစ်ပြီး ဘာမျှနားမလည်သော ကလေးတစ်ယောက်လည်း မဟုတ်တော့ပေ။ သူ့ပေါင်ပေါ်တွင်ထိုင်နေခြင်းက နှစ်ဦးလုံးအတွက်အနေရခက်စေသလို မဖြစ်သင့်သောအရာများ ဖြစ်ပျက်သွားစေရန်လည်း လွယ်ကူလှသည်။ယခင်ကဖြစ်ပျက်ခဲ့သော အနေရခက်သည့်အဖြစ်အပျက်ကို ပြန်တွေးမိသောအခါ သူ အနည်းငယ်ခေါင်းခြောက်သွားမိသည်။ထိုကောင်မလေးကရော မည်သို့တွေးနေမည်ကို သူ မသိနိုင်ပေ။
ကားတန်းကြီးသည်မြေပြင်ပေါ်တွင် ဖြည်းညင်းစွာတွားသွားနေသော ပိုးကောင်ရှည်ကြီးတစ်ကောင်အလား ကီလိုမီတာပေါင်းများစွာ ရှည်လျားစွာဖြင့်တသီတတန်းကြီး တလှိမ့်လှိမ့ရွေ့လျားနေသည်။
အမြန်လမ်းမပေါ်သို့ရောက်သည်နှင့်ကားတန်းကြီး၏အရှိန်သည်သိသိသာသာ မြန်ဆန်လာခဲ့သည်။
နာရီဝက်ခန့်ကြာပြီးနောက်ကားတန်းသည်တုံဟူမြို့မှထွက်ခွာလာခဲ့ပြီး ပတ်ဝန်းကျင်သည်တဖြည်းဖြည်းနှင့် လူသူကင်းမဲ့လာတော့သည်။
မည်သည့်အချိန်က စတင်တည်ဆောက်ခဲ့သည်မသိ အမြန်လမ်းမကြီးတစ်ခုလုံးကို ပြုပြင်ပြောင်းလဲထားပြီး လမ်း၏ဘေးတစ်ဖက်တစ်ချက်စီတွင်မီတာငါးဆယ်ခန့်ကျယ်ဝန်းသော ကွန်ကရစ်အကာအရံအတားများ တိုးချဲ့တည်ဆောက်ထားသည်။သို့သော်ထိုအကာအရံအတားများကို ကျော်လွန်သွားသည်နှင့်အခြားကမ္ဘာတစ်ခုသို့ရောက်ရှိသွားသည့်အလား ထင်မှတ်ရပြီး ထိုနေရာသည်စိမ်းလန်းသောတောအုပ်များ ဖုံးလွှမ်းနေသည့်ကမ္ဘာတစ်ခုဖြစ်နေ၏။
လော်ယွမ်သည်ကားမောင်းနေရင်း ဘေးဘီဝဲယာသို့ ကြည့်ကာ ရင်ထဲတွင်ထိတ်လန့်တုန်လှုပ်သွားမိသည်။ထိုစိမ်းလန်းသောအရာများသည်ယခင်ကလို ပေါင်းပင်များမဟုတ်တော့ဘဲ တောအုပ်တစ်ခုအဖြစ်စတင်ပုံပေါ်နေပြီဖြစ်သည်။ကားတန်းကြီးသည်ထိုအလယ်မှ ဖြတ်သန်းသွားရသည်မှာ လူသူမနီးသော တောနက်ကြီးတစ်ခု၏ နက်ရှိုင်းရာအရပ်ဆီသို့ဦးတည်သွားနေရသကဲ့သို့ပင်။
အကယ်၍သာ ဤအရာအားလုံးကို သူကိုယ်တိုင်မျက်ဝါးထင်ထင်မမြင်တွေ့ခဲ့ရပါလျှင်သူ အိပ်မက်မက်နေသည်ဟုပင်ထင်မှတ်မိပေလိမ့်မည်။
ထိုအပင်များသည်ယခင်ကထက်ပို၍မြန်ဆန်စွာ ကြီးထွားလာနေသည်ဟု သူခံစားနေရသည်။
ဤနေရာသည်အလွန်အန္တရာယ်များပုံရသည်။အကာအရံအတားလမ်းတစ်လျှောက်လုံးတွင်ချိုင့်ခွက်များဖြင့် ပြည့်နှက်နေပြီး နေရာတိုင်း၌ ခြောက်သွေ့ကာခဲနေသော သွေးကွက်ကြီးများကို တွေ့မြင်နိုင်သည်။လော်ယွမ်သည်အမြန်လမ်းမပေါ်တွင်ကားများ၏အကြိမ်ကြိမ်နင်းချေခြင်းခံထားရ၍ စက္ကူတစ်ရွက်ကဲ့သို့ပါးလှပ်နေသော တိရစ္ဆာန်အသေကောင်တစ်ခုကိုပင်တွေ့လိုက်ရသည်။
ဤအရာများမရှိသည့်တိုင်တစ်ကီလိုမီတာအကွာတိုင်းတွင်စီတန်းချထားသော သံကူကွန်ကရစ်ခံစစ်ကတုတ်ကျင်းများနှင့် ထိုအပေါ်မှကြောက်မက်ဖွယ်ကောင်းပြီး အေးစက်စက်နိုင်လွန်းသော အမြန်ပစ်အမြောက်များ စက်သေနတ်ကြီးများက ဤနေရာ၏ ဖုံးကွယ်နေသော အန္တရာယ်ကို ဖော်ပြနေသကဲ့သို့ရှိသည်။
ဟွမ်ကျားဟွေက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး စိုးရိမ်သောကဖြစ်စွာဖြင့်ပြောလိုက်သည်။ "အစိုးရကဘာလို့ဒီတောကြီးကို မီးမရှို့ပစ်လည်းမသိဘူး...ကျွန်မအထင်တော့ပိုးကောင်စိမ်းအုပ်က ဒီကနေလာတာဖြစ်မယ်"
လော်ယွမ်က ခါးသက်စွာ ပြုံးလိုက်ပြီး "ရှို့လို့ရရင်သူတို့ အစောထဲက ရှို့ပြီးနေပြီပေါ့...အခုကြည့်ရတာ ရှို့နိုင်စွမ်းမရှိတော့တဲ့ပုံပဲ"
"ဘာလို့လဲ...သူတို့အရင်ကလည်း ခဏခဏရှို့ခဲ့တာ မဟုတ်ဘူးလား" ဟွမ်ကျားဟွေက ဇဝေဇဝါဖြင့်မေးလိုက်သည်။
"အရင်ကတော့ဟုတ်တာပေါ့...အဲ့တုံးကအခြေအနေအခုလောက်ထိ မဆိုးသေးဘူး...ပြည်ပကရေနံတွေလည်း ဆက်တိုက်ဝင်နေတာ...အခုရေနံကုန်သွယ်မှုက လုံးဝပြတ်တောက်သွားပြီ...ပြည်တွင်းထုတ်ရေနံကလည်း...ဘယ်လိုမှမလုံလောက်ဘူး...ပြီးတော့သူတို့ကိုရှို့ပြီးပြန်ပေါက်လာရင်ရော...ဘာနဲ့ထပ်ရှို့မလဲ"
ဟွမ်ကျားဟွေသည်ထိုအချက်ကို ချက်ချင်းလက်မခံနိုင်ဘဲ အနည်းငယ်တွေဝေသွားကာ ပြောလိုက်သည်။ "ဒါဆို ဒီအပင်တွေကို ဘာမှလုပ်လို့မရတော့ဘူးလား"
"ရေနံမရှိရင်ဓာတ်ဆီနဲ့ရှို့ပေါ့"ဝမ်ရှီရှီက ဝင်မပြောဘဲမနေနိုင်တော့ပေ။
"ဟဟ"
ထိုဟာသ၏အစွမ်းက အလွန်ကြီးမားသွားသောကြောင့်လော်ယွမ်နှင့်ဟွမ်ကျားဟွေတို့နှစ်ယောက်လုံး သဘောတကျရယ်မောလိုက်မိကြသည်။ရင်ထဲမှဖိစီးမှုများပင်ခဏတာမျှလွင့်ပြယ်သွားခဲ့သည်။
ဝမ်ရှီရှီကတော့နားမလည်ဟန်ဖြင့်ကြောင်ကြည့်နေခဲ့ပြီး ဟွမ်ကျားဟွေက ရှင်းပြလိုက်မှသာ မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။
"လုံးဝနည်းလမ်းမရှိတာတော့ဘယ်ဟုတ်မလဲ...ရေနံမရှိလည်းငါတို့ အရက်ကိုသုံးလို့ရတယ်...ဒီအပင်တွေကအရက်ချက်ဖို့ အကောင်းဆုံးကုန်ကြမ်းတွေပဲ...ထုတ်လုပ်မှုကရေနံအဆင့်ကိုရောက်ပြီး ရေနံအစားထိုးချင်တယ်ဆိုရင်တောင်မဖြစ်နိုင်တာမဟုတ်ဘူး...အရေးကြီးတာက နိုင်ငံထုတ်လုပ်ဖို့စက်ရုံတွေကို ဘယ်လိုစီစဉ်မလဲဆိုတာပဲ"
ထိုအချိန်တွင်ရှေ့မှကားများသည် ရုတ်တရက်ရပ်တန့်သွားသည်။
လော်ယွမ်က အလျင်အမြန်ပင်ဘရိတ်ကိုဆောင့်နင်းလိုက်သည်။အစပိုင်းတွင်သူသိပ်ဂရုမစိုက်မိပေ။ ဤမျှကြီးမားပြီးထူထပ်သော ကားတန်းကြီးတွင်အနည်းငယ်တိုက်မိခိုက်မိခြင်းများက ရှောင်လွှဲမရနိုင်ပေရာ မကြာမီပြန်သွားနိုင်မည်ဟု သူထင်ခဲ့၏။သို့သော်ရှေ့ဘက်တွင် ရုတ်တရက်ဆူညံသံများထွက်ပေါ်လာပြီး မကြာမီ ဆီစိမ်ပိတ်ကားစကို ဆွဲဖြဲလိုက်သံလိုအသံမျိုး ထွက်ပေါ်လာသည်ကို သူ ကြားလိုက်ရသည်။
"အုန်း"
သူက ကားအပြင်သို့ကိုယ်တစ်ပိုင်းထွက်ပြီး ကြည့်လိုက်ရာ စစ်ရဟတ်ယာဉ်တစ်စင်းသည်ကောင်းကင်မှတလိမ့်လိမ့်ဖြင့်ထိုးကျလာပြီး စက္ကန့်အနည်းငယ်အကြာတွင်အကာအရံအတားပေါ်သို့ ပြင်းထန်စွာဆောင့်ကျကာ ကြီးမားသောမီးလုံးကြီးအဖြစ် ပေါက်ကွဲသွားသည်ကို တွေ့လိုက်ရသည်။
အမြန်ပစ်အမြောက်ဒါဇင်ပေါင်းများစွာသည်တစ်ချိန်တည်းတွင်ပစ်ခတ်လိုက်ရာ ရှေ့တည့်တည့်တွင်အနီရောင်အတန်းရှည်ကြီးများ ဖြစ်ပေါ်လာသည်။ သူတို့၏ပစ်မှတ်မှာ ကောင်းကင်တွင်ပေါ်လာသော ဧရာမအနက်ရောင်သန္ဓေပြောင်းငှက်ကြီး ရာပေါင်းများစွာဖြစ်သည်။အချို့သန္ဓေပြောင်းငှက်များသည်လေထဲတွင်အမြောက်များ၏စုပြုံပစ်ခတ်မှုကိုခံရပြီး စုတ်ပြတ်သတ်သွားသည်။
မရေမတွက်နိုင်သော အနက်ရောင်အမွေးအတောင်များက ကောင်းကင်မှတဖွဲဖွဲကျလာပြီး တစ်ချောင်းမှာ လော်ယွမ်၏ကားပေါ်သို့တည့်တည့်ကျလာသည်။
သူ ခေတ္တမျှကြောင်ငေးသွားပြီးနောက်ကျန်းမာတောက်ဓားရှည်ကိုကိုင်ကာ ကားပေါ်မှအလျင်အမြန်ဆင်းလိုက်ပြီး တစ်ဆက်တည်း အရေးတကြီးပြောလိုက်သည်။ "အားလုံး ကားပေါ်ကအမြန်ဆင်း"
ကားထဲတွင်ပုန်းနေခြင်းက ပို၍လုံခြုံမည်မဟုတ်သည့်အပြင်လူတစ်ဦး၏ လှုပ်ရှားနိုင်စွမ်းကို ကန့်သတ်ထားသလို ဖြစ်နေပြီး အန္တရာယ်ကျရောက်လာပါက ခုခံချင်လျှင်ပင်မခုခံနိုင်တော့ပေ။
လော်ယွမ်က ငှက်မွေးကို ကောက်ယူလိုက်သည်။ထိုငှက်မွေးက ၃ပေနီးပါးရှည်လျားပြီး မျက်နှာပြင်မှာ ချောမွေ့နူးညံ့လှသည်။သို့သော်အလေးချိန်မှာ အလွန်ပေါ့ပါးလှရာ ဤမျှရှည်လျားသောအမွေးကို လက်ပေါ်တင်ထားသော်လည်း အလေးချိန်ကို သူလုံးဝမခံစားရသလောက်ပင်။
အမည် -အနက်ရောင်ဇီးကွက်ငှက်၏အမြီးတောင်
အသုံးပြုပုံ - ပါဝင်ပစ္စည်း
ရှားပါးမှုအဆင့် -အပြာရောင်
အလေးချိန် - ၁၀ဂရမ်
အကဲဖြတ်ချက် -ဤသည်မှာ အနက်ရောင်ဇီးကွက်ငှက်မှ ကျွတ်ကျသော ငှက်မွေးဖြစ်ပြီး မာကျောခိုင်ခံ့ကာ ပေါ့ပါးသည်။အားနည်းသော လေဓာတ်စွမ်းအင်များ ပါဝင်နေသည်။
အပြာရောင်အဆင့်ပဲဟ...
လော်ယွမ်က ထိုငှက်မွေးကို ကြည့်ရင်း ရင်ထဲတွင်ဖိအားများ ရုတ်ခြည်းတိုးလာသည်။
မြို့ထဲတွင်သာ အမြဲနေခဲ့သောကြောင့်အပြင်ဘက်မှသက်ရှိများ မည်သည့်အဆင့်အထိ ဆင့်ကဲပြောင်းလဲနေပြီကို သူ လုံးဝသိရှိနိုင်ခြင်းမရှိပေ။ အပြာရောင်အဆင့်သတ္တဝါများက အလွန်ရှားပါးလိမ့်မည်ဟု သူထင်ခဲ့သော်လည်း အခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို တွေ့ကြုံနေရသည်။
သို့သော်ဤသည်မှာလည်း ထူးဆန်းသည်တော့မဟုတ်ပေ။ မြို့ကလူသားတို့၏ပိုင်နက်ဖြစ်ရာ သန္ဓေပြောင်းသားရဲတစ်ကောင်ပေါ်လာသည်နှင့်ချက်ချင်းအသတ်ခံရမည်သာဖြစ်သည်။အပြာနုရောင်အဆင့်အထိ ကြီးထွားလာနိုင်ခြင်းကပင် အတော်လေးခက်ခဲနေပြီဖြစ်ရာ အပြာရောင်အဆင့်သို့ဆင့်ကဲပြောင်းလဲနိုင်ရန်မှာ ထီပေါက်ခြင်းထက်ပင် ဖြစ်နိုင်ခြေနည်းပါးလှသည်။
ထိုစဉ်သူက အကဲဖြတ်ချက်ထဲမှလေဓာတ်စွမ်းအင်ဟူသော ဖော်ပြချက်ကို သတိပြုမိလိုက်သည်။
သူအမှတ်မမှားဘူးဆိုလျှင်ဤသည်မှာ ထိုဖော်ပြချက်မျိုး ဒုတိယအကြိမ်မြောက် ကြုံရခြင်းဖြစ်သည်။ပထမအကြိမ်မှာ ကျိုးယလီ၏အိမ်မှခွေးကြီးဖြစ်ပြီး မီးဓာတ်စွမ်းအင်ဖြစ်ပုံရကာ ယခုတစ်ကြိမ်မှာမူ လေဓာတ်စွမ်းအင်ဖြစ်သည်။
သူ့မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားသည်။ဤသို့ဓာတ်စွမ်းအင်များပါဝင်သော သန္ဓေပြောင်းသတ္တဝါများသည်အလွန်ရှားပါးလှပြီး ယခုအချိန်အထိ သူနှစ်ကြိမ်သာ တွေ့ဖူးသေးသည်။အခြား ခွန်အားကြီးမားသော အစောင့်အရှောက်အဆင့်ပိုးကောင်စိမ်းဖြစ်စေ၊ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့စဉ်က သူ့အပေါ်အလွန်အမင်းစွဲမှတ်သွားစေခဲ့သော လင်းမြွေဖြစ်စေ ဓာတ်စွမ်းအင်များ မပါဝင်ခဲ့ပေ။
သန္ဓေပြောင်းသတ္တဝါတွေမှာ အမျိုးအစားနှစ်ခုများ ရှိနေတာလား။
ထိုအချိန်တွင်ဟွမ်ကျားဟွေထွက်လာပြီး ခေါင်းပေါ်သို့မော့ကြည့်ကာ စိုးရိမ်တကြီးမေးလိုက်သည်။ "ဘာမှမဖြစ်ဘူး မဟုတ်လား...ကျွန်မ သေနတ်သွားယူရမလား"
လော်ယွမ်က ခဏစဉ်းစားပြီးနောက်ပြောလိုက်သည်။ "မလိုဘူး...နင့်ရိုင်ဖယ်သေနတ်ကလည်း အဲ့လိုသတ္တဝါမျိုးကိုထိမှာမဟုတ်ဘူး...ပြီးတော့ရှေ့မှာစစ်တပ်ရှိနေတယ်...နင့်မှာရိုင်ဖယ်ရှိမှန်းသိသွားတာနဲ့ ပြဿနာတက်သွားနိုင်တယ်"
"ရှင်က ဘယ်လိုသိတာလဲ"
ဟွမ်ကျားဟွေက သူ့ကို သံသယမျက်လုံးများဖြင့် ကြည့်နေသည်ကိုမြင်သောအခါလော်ယွမ်က အမွေးကို သူမထံသို့ကမ်းပေးလိုက်ပြီး ဆက်ပြောသည်။ "ဒါက ဒီသန္ဓေပြောင်းငှက်ရဲ့အမွေးပဲ...သူ့ရဲ့ခိုင်ခံ့ပြီးပျော့ပျောင်းတဲ့ဂုဏ်သတ္တိကြောင့် ၃လေးခုလောက်သာထပ်ထားလိုက်ရင် နင့်ရှေ့ကိုရောက်လာတောင်မှကျည်ဆံတွေက သူ့အမွေးတွေကို ဖောက်နိုင်မှာမဟုတ်ဘူး...သူ့ကိုဒေါသထွက်အောင်လုပ်သလိုပဲ ဖြစ်သွားလိမ့်မယ်"
လူအများစုက ကားတံခါးများကိုဖွင့်ကာ ခေါင်းပေါ်သို့စိုးရိမ်တကြီး ကြည့်နေကြသည်။ထိုကြောက်မက်ဖွယ်ကောင်းသော ငှက်ကြီးများ မိမိတို့ဘက်သို့ပျံသန်းလာမည်ကို စိုးရိမ်နေကြပုံရသည်။
သို့သော်သူတို့၏စိုးရိမ်မှုမှာ အပိုပင်ဖြစ်သည်။ကောင်းကင်မှဇီးကွက်နက်များသည်အမြန်ပစ်အမြောက်များနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များကိုသာ အာရုံအပြည့်အဝရောက်နေပြီး အောက်မှပွဲကြည့်ပရိသတ်ကို ဂရုပြုနိုင်ခြင်းမရှိပေ။
ဇီးကွက်နက်တစ်ကောင်ပြီးတစ်ကောင်အမြန်ပစ်အမြောက်များ၏ ပစ်ခတ်မှုကြောင့်ကြေမွသွားခဲ့ပြီး မိနစ်အနည်းငယ်အကြာတွင်ကျန်ရှိသောဇီးကွက်နက်များသည်နောက်ဆုံးတွင်ကြောက်ရွံ့လာဟန်တူကာ ဝမ်းနည်းကြေကွဲစွာ အော်ဟစ်လိုက်ပြီးနောက်တောင်ပံများကိုခတ်ကာ ထိုနေရာမှအလျင်အမြန်ပျံသန်းထွက်ခွာသွားကြတော့သည်။
လော်ယွမ်သည်လည်း ကံကောင်းစွာဖြင့်ပတ်ဝန်းကျင်မှအမွေးငါးချောင်းကို စုဆောင်းနိုင်ခဲ့ပြီးနောက်ယာဉ်မောင်းခန်းထဲသို့ ပြန်ထိုင်လိုက်သည်။
"ရှင်အဲ့အမွေးတွေနဲ့ဘာလုပ်မလို့လဲ" ဟွမ်ကျားဟွေက မေးလိုက်သည်။
"ပိုက်ဆံနဲ့လဲလို့ရမလားလို့" လော်ယွမ်က ရယ်ကျဲကျဲဖြင့် ဖြစ်ကတတ်ဆန်းဖြေလိုက်သည်။သူက ပေါင်းစပ်ခြင်းအစွမ်းကို စဉ်းစားမိခဲ့သော်လည်း ဘာကိုပေါင်းစပ်ရမည်ကိုမူ သေချာမစဉ်းစားရသေးပေ။ သို့သော်လေဓာတ်စွမ်းအင်များပါဝင်သော ဤအမွေးသည်ရှားပါးသောကုန်ကြမ်းတစ်ခုဖြစ်ရာ လက်လွှတ်လိုက်ရမည်ဆိုလျှင် နှမြောစရာကောင်းလှသည်။
"အဲ့ဒါက ပိုက်ဆံနဲ့လဲလို့ရတယ်ဟုတ်လား" ဟွမ်ကျားဟွေက မယုံသင်္ကာဖြင့်ပြောသည်။
"ဒါကတော့ဘယ်သိနိုင်မလဲ...ပြီးတော့လူတော်တော်များများ...ဝိုင်းကောက်နေတာ နင်မတွေ့ဘူးလား...သူတို့ကိုဆက်ပြီးချုပ်လိုက်ရင်ကျည်ကာအင်္ကျီတောင်လုပ်လို့ရတယ်...အဲ့လိုသာဆိုဝယ်မယ့်သူရှိမှာသေချာတယ်"
ထိုသို့ကြားလိုက်ရသောအခါဟွမ်ကျားဟွေသည်ချက်ချင်းပင်နောင်တရမိသွားသည်။ထိုအချိန်က ကောင်းကင်မှကျလာသော အမွေးများမှာ အလွန်များပြားလှရာ အကယ်၍သာ စိတ်ပါလက်ပါကောက်ခဲ့မည်ဆိုလျှင်အနည်းဆုံးအချောင်းအနည်းငယ်တော့ရနိုင်ပေမည်။သူမက ပိုက်ဆံအတွက်ကြောင့်နောင်တရခြင်းမဟုတ်ပဲ လော်ယွမ်ပြောသကဲ့သို့ကျည်ကာအင်္ကျီတစ်ထည်လုပ်ရန် ဖြစ်သည်။လော်ယွမ်အစိမ်းရောင်ကျည်ကာအင်္ကျီတစ်ထည်ကို အမြဲဝတ်ဆင်ထားပြီး ရတနာတစ်ပါးကဲ့သို့တန်ဖိုးထားနေသည်ကို သူမ စောစောကတည်းက သတိထားမိခဲ့သည်။သူမ ထိုအင်္ကျီကို လိုချင်နေခဲ့သည်မှာ ကြာလှပြီ။ သို့သော်ယခုပြန်ကောက်ရန်မှာမူ နောက်ကျသွားပြီဖြစ်ပြီး ထိုအမွေးများအားလုံးမှာ အခြားသူများ၏ လုယက်သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။
တစ်မိနစ်ခန့်အကြာတွင်ကားတန်းကြီးသည် ပြန်လည်ရွေ့လျားလာခဲ့သည်။
လမ်းခရီးတွင်နောက်ထပ်တိုက်ခိုက်မှုအချို့ကို ဆက်တိုက်ကြုံတွေ့ခဲ့ရသော်လည်း ကောင်းကင်မှမဟုတ်သောကြောင့်သားရဲအုပ်ငယ်လေးများ၏ တိုက်ခိုက်မှုအများစုမှာ အကာအရံအတားကိုမကျော်နိုင်ခင်မှာပင်ခံစစ်ကတုတ်ကျင်းများ၏ လက်နက်ကြီးများဖြင့်အလွယ်တကူချေမှုန်းခြင်းခံခဲ့ရသည်။အနည်းငယ်က အမြန်လမ်းမပေါ်သို့ပြေးတက်လာနိုင်ခဲ့လျှင်ပင်စစ်တပ်၏လက်နက်ကြီးများဖြင့်ပစ်သတ်ခြင်းကိုသာ ခံခဲ့ရသည်။
ထိုသို့အသေခံတိုက်ခိုက်မှုများကို ကြည့်ရင်း လော်ယွမ်သည်ဤသက်ရှိများကို အင်အားကြီးမားသော သတ္တဝါတစ်ကောင်က နောက်ကွယ်မှထိန်းချုပ်နေသလောဟုပင်သံသယဝင်မိသည်။
လေးနာရီခွဲခန့်ကြာပြီးနောက်ကားတန်းကြီးသည်နောက်ဆုံးတွင်ဟယ်တုံမြို့ထဲသို့ ဖြည်းညင်းစွာ မောင်းဝင်လာခဲ့သည်။
သာယာအေးချမ်းသောခေတ်က အပန်းဖြေမြို့တော်လေးသည်ယခုအခါတွင်လုံခြုံရေးအထပ်ထပ်ချထားပြီး အမြန်လမ်းမပေါ်မှကြည့်လျှင်ဟယ်တုံမြို့တစ်ခုလုံးကို ဝန်းရံထားသည့်ခံစစ်ကတုတ်ကျင်းများတည်ဆောက်နေသည်ကို တွေ့မြင်နိုင်သည်။မရေမတွက်နိုင်သော ဆောက်လုပ်ရေးယာဉ်များက တက်ကြွစွာဖြင့်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည်။
ကားများသည်ဟယ်တုံမြို့အမြန်လမ်းထွက်ပေါက်သို့ရောက်သောအခါနောက်ဆုံးတွင်ရပ်တန့်သွားခဲ့သည်။စစ်တပ်ယာဉ်များက ဆက်လက်ရှေ့သို့ထွက်ခွာသွားသည်မှလွဲ၍ အခြားယာဉ်များအားလုံးမှာ လမ်းဘေးမှလက်နက်အပြည့်အစုံတပ်ဆင်ထားသော လက်နက်ကိုင်ရဲများ၏ တားဆီးခြင်းကို ခံလိုက်ရသည်။
"ဟယ်တုံမြို့မှ ကြိုဆိုပါတယ်...ကျွန်တော်က ဟယ်တုံ ရဲတပ်ဖွဲ့အနောက်ပိုင်း တပ်ခွဲမှူး ဖန်းရှောင်ပါ...အခုအားလုံး ကားပေါ်ကဆင်းပြီး လိုအပ်တဲ့စာရင်းပေးသွင်းခြင်းနဲ့စစ်ဆေးမှုတွေကို လက်ခံပေးကြပါ"လက်နက်ကိုင်ရဲတစ်ဦးက အသံချဲ့စက်ဖြင့်အော်ပြောလိုက်သည်။
လော်ယွမ်က ထိုစကားကိုကြားသောအခါမျက်နှာပျက်သွားပြီး ဟွမ်ကျားဟွေနှင့်အပြန်အလှန်ကြည့်လိုက်မိသည်။ကားထဲတွင် ရိုင်ဖယ်တစ်လက်ကို ဝှက်ထားသည်ဖြစ်ရာ အကယ်၍စစ်ဆေးမည်ဆိုလျှင်သေချာပေါက်ပေါ်သွားပေလိမ့်မည်။
သို့သော်တရားမဝင်ပစ္စည်းများပါသူက သူတစ်ယောက်တည်းမဟုတ်သည်မှာ ထင်ရှားပြီး အရေအတွက်မှာလည်း မနည်းလှပေ။ မကြာမီပင်တစ်စုံတစ်ယောက်က ရှေ့ထွက်လာခဲ့သည်။
"ဘာလို့ငါတို့ကအစစ်ခံပြီး စာရင်းသွင်းရမှာလဲ" ကားပိုင်ရှင်တစ်ဦးက ကားပေါ်မှဆင်းလာပြီး ဒေါသတကြီးပြောလိုက်သည်။
"ဟုတ်တယ်...ပစ္စည်းတွေပျောက်သွားရင်ဘယ်သူ့ကို သွားတိုင်ရမှာလဲ" အခြားကားပိုင်ရှင်တစ်ဦးက အားတက်သရော အော်ပြောလိုက်သည်။
"ရဲနဲ့စစ်တပ်မှာ ကောင်းတဲ့ကောင်တစ်ကောင်မှရှိတာမဟုတ်ဘူး...ဒီခေတ်ကြီးကိုက ခေတ်ပျက်ကြီးဖြစ်နေတာ"
"လူအများနဲ့ဆိုလျှင်အပြစ်မယူလောက်ဘူး" ဟူသော အတွေးဖြင့်လူအုပ်ကြီးက ဒေါသထွက်နေကြသည်။ထို့ပြင်ဤသူများသည်သာမန်အရပ်သားများမဟုတ်ကြပေ။ ဤခေတ်ဤအခါတွင်ငွေရှိသူများက ရဲ၊စစ်တပ်တို့နှင့်မပေါင်းသင်းဘဲ ကြီးပွားအောင်မြင်ရန် မလွယ်ကူရာ သူတို့၏နောက်ခံက အားကောင်းနေသည်မှာ သဘာဝကျသည်။
"မိတ်ဆွေတို့...အထင်မလွဲကြပါနဲ့ခင်ဗျာ...ကျွန်တော်တို့က တရားမဝင်ပစ္စည်းတွေဟယ်တုံမြို့ထဲကို ဝင်လာပြီး မြို့ရဲ့တည်ငြိမ်အေးချမ်းရေးကို ထိခိုက်မှာစိုးလို့ ရိုးရိုး X-Ray စစ်ဆေးမှုလေးပဲ လုပ်မှာပါ...သေနတ်၊လက်နက်၊ဒူးလေး၊ လေးနဲ့မြား အစရှိတဲ့လက်နက်အားလုံးကို အပ်နှံရပါမယ်"ဖန်းရှောင်က အသံကုန်အော်ဟစ်၍ နှစ်သိမ့်ပြောကြားသော်လည်း သူ၏နဖူးတွင်ချွေးစေးများ စို့တက်လာခဲ့သည်။အကယ်၍သာ လူအုပ်နှင့်ပြဿနာဖြစ်ပွားခဲ့ပါက သူ၏ရာထူးပင် ပြုတ်သွားပေလိမ့်မည်။
ထိုစကားကို မပြောလိုက်လျှင်တော်သေး၏။ ပြောလိုက်သောအခါလူတိုင်းမှာ ထိန်းမနိုင်သိမ်းမရ ဒေါသထွက်သွားကြတော့သည်။တရားဥပဒေစိုးမိုးမှု ပြိုလဲခြင်းကို ဖြတ်သန်းခဲ့ပြီး ပိုးကောင်များ၏ရန်ကို ကြုံတွေ့ခဲ့ရသော ဤလူများသည်အစိုးရ၏အရည်အချင်းကို လုံးဝယုံကြည်မှုကင်းမဲ့နေပြီဖြစ်သည်။သူတို့အတွက်လက်နက်များမှာ သူတို့၏လုံခြုံရေးကို ကာကွယ်ပေးနိုင်သည့်တစ်ခုတည်းသော နောက်ဆုံးအားကိုးရာပင် ဖြစ်နေသည်။
အချို့သော စိတ်မထိန်းနိုင်သူများက သေနတ်များကိုပင်ထုတ်လိုက်ကြသည်။အခြေအနေမှာ ထိန်းချုပ်မှုလွတ်ထွက်သွားတော့မည်ဆဲဆဲ ဖြစ်နေလေတော့သည်။
ဆက်ရန်...