အခန်း (၆၅-၆၈)
Vol. 4 Ch. 65-68
အပိုင်း(၆၅)ခေတ်ပျက်၏အမှန်တရား
လျိုမင်က ပြာခွက်ထဲမှ စီးကရက်တိုများကို မွှေနှောက်ရှာဖွေနေသည်။ ခဏအကြာတွင် သူအနည်းငယ်ရှည်သော စီးကရက်တိုတစ်လိပ်ကို နောက်ဆုံးတွင်တွေ့ရှိသွားသည်။ မီးခြစ်ဖြင့်မီးညှိပြီးနောက် အငမ်းမရရှိုက်ဖွာလိုက်ပြီး အဆုတ်ထဲတွင် အကြိမ်အနည်းငယ်လှည့်ပတ်ကာ စက္ကန့်အနည်းငယ်အကြာမှသာ ဆေးလိပ်ငွေ့ကိုရှည်လျားစွာမှုတ်ထုတ်လိုက်သည်။ နှစ်ဖွာသုံးဖွာရှိုက်ပြီးသည်နှင့် စီးကရက်မှာ ဖင်စီခံအထိလောင်ကျွမ်းသွားသည်။ သူနှမြောတသစွာဖြင့်လွှင့်ပစ်လိုက်ပြီးနောက် ဆက်လက်ရှာဖွေနေပြန်သည်။
သူ၏နုပျိုလှပသောဇနီးဖြစ်သူ ဟွမ်ယွီရင်က ပြာခွက်ကိုလုယူလိုက်သည်။ "မသောက်နဲ့တော့...တစ်ခန်းလုံးမွှန်ထူနေပြီ"
လျိုမင်က ထူးဆန်းစွာပြုံးလိုက်သည်။ "ငါတို့အနှေးနဲ့အမြန်သေရမှာပဲကို...နင်ကငါမသေခင်တောင် စိတ်ချမ်းချမ်းသာသာ မနေစေချင်ဘူးလား"
"ဘာသေမှာလဲ...ကျွန်မတို့အကောင်းကြီး ရှိသေးတာပဲကို" ဟွမ်ယွီရင်က မျက်နှာပျက်စွာပြောလိုက်သည်။
"အကောင်းကြီးဟုတ်လား...နင်ယူလာတဲ့ဆီလေးဆန်လေးနဲ့ ဘာလုပ်လို့ရမှာလဲ...သူတို့နင့်ကိုအရမ်း သဘောညကျနေတာမလား...ဘာလို့နင်အဲ့လောက်ပဲရလာတာလဲ...သူတို့တစ်ယောက်နည်းနည်းပေးရင်တောင် ဆန်လေးလုံးလောက်တော့ရတယ်...ဒါမှမဟုတ်နင်သူတို့ကို ကျေနပ်အောင် မဖျော်ဖြေနိုင်ခဲ့လို့များလား" လျိုမင်က လှောင်ပြောင်သောမျက်နှာဖြင့်ပြောလိုက်သည်။
နုပျိုလှပသောဇနီးကိုကြည့်ရင်း တစ်နေ့ကနှင့် မနေ့ကအထိ မိမိတစ်ဦးတည်းသာပိုင်ဆိုင်ခဲ့သောခန္ဓာကိုယ်ကို ယောက်ျားအချို့က တက်ခွနေသည်ကို စိတ်ကူးကြည့်မိသောအခါ သူသေလောက်အောင် နာကျင်ခံစားရသည်။
"လျိုမင်..ရှင်ယောက်ျားမဟုတ်တဲ့အကောင်" ဟွမ်ယွီရင်၏မျက်လုံးများနီရဲသွားပြီး သူ၏ခံစားချက်မရှိသော အမူအရာကိုကြည့်ရင်း နှလုံးသားကိုဓားဖြင့်မွှေ့လိုက်သလိုပင် ခံစားလိုက်ရသည်။
"ငါပြောတာမှားလို့လား" လျိုမင်က လည်ပင်းကိုတင်းထားပြီး သွေးကြောများထောင်ထနေသည်။ သူကမထီမဲ့မြင်ဖြင့် အေးစက်စွာရယ်မောလိုက်သည်။ "တကယ့်မိန်းမယုတ်ပဲ...နင့်ကိုယောက်ျား၃ယောက် တက်ခွနေတာ ဘယ်လိုခံစားရလဲ"
"ကျွန်မ၁၀ခါလောက်ပြီးသွားတယ်...ဘယ်လိုလဲရှင်ကျေနပ်ပြီလား" ဟွမ်ယွီရင်က မျက်ရည်များဖြင့် အော်ဟစ်လိုက်သည်။
"ဖြန်း"
လျိုမင်က စိတ်ထဲမှအမည်မသိဒေါသမီးတစ်ခု ထိုးထွက်လာသည်ကိုခံစားလိုက်ရပြီး ထရပ်ကာ သူမကိုပြင်းထန်စွာတစ်ချက်ရိုက်ချလိုက်သည်။ "မိန်းမယုတ်...ငါနင့်ကိုပျော်အောင်လုပ်ပေးမယ်"
ဒေါသမပြေသေးဟန်ဖြင့် သူမကိုထိုင်ခုံမှတစ်ချက်ကန်ချလိုက်သည်။
"နင့်ကိုပျော်အောင်လုပ်ပေးမယ် ကြည့်ထား"
ဟွမ်ယွီရင်မှာ အရိုက်ခံရသဖြင့် မျက်လုံးထဲတွင်ကြယ်များမြင်သွားပြီး ခေါင်းမူးမေ့လဲကာ မျက်စိရှေ့တွင်အမှောင်ဖုံးသွားသည်။ သူမမြေပေါ်သို့လဲကျသွားပြီး မျက်နှာကိုအုပ်ကိုင်ကာ သူ့ကိုမယုံနိုင်စွာကြည့်လိုက်သည်။ သတိပြန်ဝင်လာသောအခါ ရှိုက်သံများထွက်ပေါ်လာပြီး ငိုယိုအော်ဟစ်လိုက်သည်။ "ကျွန်မရှင့်လိုယောက်ျားမျိုးကို ရွေးမိတာ အမှားကြီးမှားတာပဲ ရှင်အဲ့လောက်သတ္တိကောင်းနေရင် ဟိုဘက်က အဲ့အကောင်၃ကောင်ကို သွားရိုက်ပါလား...ဘာလို့ကျွန်မကို ရိုက်တာလဲ"
လျိုမင်သတိပြန်ဝင်လာသည်နှင့် နောင်တရသွားသည်။ ဤသည်မှာ သူမကိုအပြစ်တင်၍မရကြောင်း သူ၏စိတ်ထဲတွင်ကောင်းကောင်းသိသည်။ အကယ်၍ ထိုညက ဇနီးသည်ကမိမိကိုကာကွယ်ရန်အတွက် အရှက်ကိုရင်းကာ ထိုလူယုတ်မာများကို တစ်ညတာလုံးပြုစုခဲ့ခြင်းမရှိပါက သူအသတ်ခံရပြီးလောက်ပြီဖြစ်သည်။ ဤသည်ကိုထည့်မတွက်လျှင်ပင် သူကယခု ဇနီးသည်နေ့စဉ်ခန္ဓာကိုယ်ကိုရောင်းချပြီး ပြန်လည်ရရှိလာသော တန်ဖိုးရှိသည့်ရိက္ခာအနည်းငယ်ဖြင့် အသက်ဆက်နေခြင်းဖြစ်သည်။
"ငါ..." သူတောင်းပန်ရန်ကြံရွယ်သော်လည်း ယောက်ျားတစ်ယောက်၏မာနကိုစဉ်းစားလိုက်ပြီး စကားလုံးများက ပါးစပ်ဖျားသို့ရောက်လာသောအခါ "ငါ... ငါနောက်ဆိုအဲ့ခွေးမသားတွေကို အသေသတ်ပစ်မယ်" ဟုပြောင်းလဲသွားသည်။
စကားကြီးစကားကျယ်များထပ်မံပြောဆိုနေသောခင်ပွန်းကိုကြည့်ရင်း ဟွမ်ယွီရင်မှာ ရုတ်တရက်စိတ်ပျက်သွားသည်။ ခဏအကြာတွင် သူမမငိုတော့ဘဲ ထရပ်လိုက်သည်။
"နင်ဘယ်သွားမလို့လဲ" လျိုမင်၏စိတ်ထဲတွင် တင်းကျပ်သွားသည်။
"မိတ်ကပ်သွားလိမ်းမလို့လေ...မဟုတ်ရင်ဘာလုပ်နေရမှာလဲ" ဟွမ်ယွီရင်က မျက်နှာထားတည်ငြိမ်စွာဖြင့်ပြောလိုက်ပြီးနောက် ဆက်ပြောသည်။ "သူတို့ခဏနေရောက်လာတော့မှာ"
လျိုမင်ပါးစပ်ဟလိုက်သော်လည်း စကားမပြောနိုင်တော့ပေ။ ဇနီးသည်ရေချိုးခန်းထဲသို့ဝင်သွားသည်ကိုကြည့်ရင်း သူဆံပင်ကိုထိုးဖွကာ ပျက်ယွင်းနေသောမျက်နှာဖြင့် တိုးညှင်းစွာအော်ဟစ်လိုက်သည်။
မကြာမီ ဟွမ်ယွီရင်ထွက်လာသည်။ ထိုအချိန်တွင် သူမအပြာနုရောင်ဂါဝန်ရှည်တစ်ထည်လဲလှယ်ဝတ်ဆင်ထားပြီး ဖြူဖွေးသောခြေသလုံးတစ်ဝက်မှာ ဂါဝန်အောက်မှပေါ်ထွက်နေသည်။ မိတ်ကပ်ပါးပါးလိမ်းထားသောမျက်နှာမှာ ပို၍တောက်ပလှပနေပြီး လျိုမင်မှာ အနည်းငယ်ငေးမောသွားသည်။ လက်ထပ်ပြီးသည့်နောက်ပိုင်းတွင် သူဇနီးသည်ကို ဤမျှလှပသည်ဟု တစ်ခါမျှမခံစားခဲ့ဖူးပေ။
ဟွမ်ယွီရင်ဆိုဖာပေါ်တွင်ထိုင်ကာ လက်များက ဂါဝန်ကိုအားကုန်ဆုပ်ချေနေသည်။ သူမထိုင်ချသည်နှင့် ယောက်ျားများ၏ရယ်မောသံမှာ အပြင်ဘက်မှထွက်ပေါ်လာသည်။
ဟွမ်ယွီရင်က မျက်နှာတင်းမာစွာဖြင့်ထရပ်လိုက်ပြီး လျိုမင်၏မျက်နှာမှာ ဖြူဖျော့သွားသည်။ ထို့နောက် တံခါးကို "ဒုန်းဒုန်း" ဟုပြင်းထန်စွာခေါက်သံထွက်ပေါ်လာသည်။
"မင်းတို့တံခါးမဖွင့်ရင် ငါရိုက်ချိုးလိုက်မယ်"
"တံခါးအမြန်သွားဖွင့်လေ" ဟွမ်ယွီရင်ရပ်နေသည်ကိုမြင်သောအခါ လျိုမင်က မနေနိုင်ဘဲသတိပေးလိုက်သည်။
သူမတစ်ချက်ကြောင်သွားပြီး လျိုမင်ကိုစိတ်ပျက်စွာတစ်ချက်ကြည့်လိုက်သည်။
တစ်ခုခုကိုဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် သူမဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကိုပြုံးလိုက်ပြီး တံခါးဝသို့ညင်သာစွာလျှောက်သွားကာ တံခါးကြီးကိုဖွင့်လိုက်သည်။
မိုးကာအင်္ကျီနှင့်ဦးထုပ်ဆောင်းထားသောယောက်ျားသုံးဦးမှာ အလျင်အမြန်အခန်းထဲသို့ဝင်ရောက်လာပြီးနောက် မိုးကာအင်္ကျီများကိုစတင်ချွတ်လိုက်ကြသည်။
"ကောင်မ...ဘာလို့တံခါးကိုအမြန်မဖွင့်တာလဲ...နင်အလုပ်ခံချင်နေတာလား" အသက်နှစ်ဆယ်ကျော်အရွယ် မျက်နှာကြမ်းကြမ်းနှင့်လူငယ်တစ်ဦးက သူမ၏ကော့၍လုံးဝန်းသောတင်ပါးကို အားကုန်တစ်ချက်ဆုပ်ကိုင်ကာ မကျေမနပ်ပြောလိုက်သည်။
"အကိုယွီ...ကျွန်မ...ကျွန်မစောစောက ရေချိုးခန်းထဲ ရောက်နေလို့ပါ" ဟွမ်ယွီရင်၏မျက်နှာမှာ နီမြန်းသွားပြီး ရှက်ကိုးရှက်ကန်းဖြင့်ပြောလိုက်သည်။
"နင်ရေချိုးပြီးပြီလား...ဒီနေ့နင့်ယောက်ျားနဲ့တော့ မလုပ်ထားဘူးမလား" အကိုယွီက ဟားတိုက်ရယ်မောကာ သူမ၏ခေါင်းကိုဖက်ပြီး အားကုန်တစ်ချက်နမ်းလိုက်သည်။
"မလုပ်ပါဘူး...သူမှမလုပ်ရဲတာ" အစပိုင်းရှက်ကိုးရှက်ကန်းဖြစ်ပြီးနောက် သူမ၏သတ္တိမှာလည်း ကြီးမားလာပြီး ဆွဲဆောင်မှုရှိစွာဖြင့် ရယ်ကျဲကျဲပြောလိုက်သည်။
သုံးဦးသားတစ်ချက်ကြောင်သွားပြီးနောက် ဟားတိုက်ရယ်မောကြသည်။
လျိုမင်၏မျက်နှာမှာ ပြာလိုက်နီလိုက်ဖြစ်နေပြီး ခေါင်းငုံ့ကာတိတ်ဆိတ်နေသည်။ စိတ်ထဲတွင်မူ အဆိပ်ပြင်းသောမြွေတစ်ကောင်က အဆက်မပြတ်ကိုက်ဖြတ်နေသကဲ့သို့ စူးရှစွာနာကျင်နေသည်။
အကိုယွီမှာ အနည်းငယ်စိတ်မရှည်ဖြစ်နေပြီး ဘောင်းဘီခါးပတ်ကိုဖြုတ်လိုက်သည်။ "ငါအရမ်းတင်းနေပြီ...အမြန်လုပ်ရအောင်"
လျိုမင်လက်သီးကိုတင်းတင်းဆုပ်ထားပြီး မျက်လုံးများမှာ သွေးများဖြင့်ပြည့်နှက်နေသည်။ တစ်ဖက်အိပ်ခန်းမှ အလိုက်သင့်ပြုစုနေသောဇနီး၏အသံကိုကြားရင်း ရင်ကွဲနာကျသလို ခံစားနေရသည်။
ထိုသူက သူ့ဇနီးရောဟုတ်ရဲ့လား။ ယခင်က နူးညံ့သိမ်မွေ့ပြီး အရှက်အကြောက်ကြီးသောဇနီးဟုတ်ရဲ့လား။
သူကဆိုဖာအောက်သို့ တိတ်တဆိတ်ကြည့်လိုက်မိသည်။ ထိုနေရာတွင် ဓားတစ်ချောင်းဖွက်ထားပြီး သူအကြိမ်များစွာကြည့်ခဲ့ပြီးဖြစ်သည်။ သို့သော် အကြိမ်တိုင်းတွင် သတ္တိကိုမနည်းစုစည်းပြီးနောက် မအောင်မြင်လျှင် ခံရမည့်အကျိုးဆက်ကိုစဉ်းစားမိသောအခါ သတ္တိများအားလုံးပျောက်ကွယ်သွားသည်။
သူ့မိသားစုမှာ ပညာတတ်မျိုးရိုးဖြစ်ပြီး မိဘများမှာ ကျောင်းဆရာများဖြစ်သည်။ ငယ်စဉ်ကတည်းက သူရန်ပင်မဖြစ်ဖူးဘဲ လူသတ်ခြင်းကိုဆိုလျှင် ပြောဖွယ်ရာမရှိပေ။
တစ်ဖက်ခန်းတွင်ကိစ္စပြီးသွားသည့်တိုင် သူဘာမျှမလှုပ်ရှားနိုင်ခဲ့ပေ။
ဟွမ်ယွီရင်အားမရှိစွာဖြင့် ကြမ်းပြင်ပေါ်တွင်လဲလျောင်းနေပြီး မျက်ရည်များမှာ မျက်နှာပေါ်သို့ အသံတိတ်စီးကျနေသည်။
"အိမ်ထောင်သည်မိန်းမနဲ့ လုပ်ရတာ တစ်ကယ်ကောင်းတာပဲ...ခံနိုင်ရေမရှိမှာလည်း မပူရဘူး...မနက်ကကောင်မလေးထက် အများကြီးသာတယ်" နောက်ဆုံးယောက်ျားက သူမ၏ကိုယ်ပေါ်မှထရပ်လိုက်ပြီး ဘောင်းဘီဝတ်ဆင်ကာ ချီးကျူးပြောဆိုလိုက်သည်။
ဟွမ်ယွီရင်ဖြည်းဖြည်းချင်းထထိုင်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။ "အကိုယွီ...ကျွန်မဒီမှာမနေချင်တော့ဘူး...ရှင်တို့နဲ့လိုက်ချင်တယ်...ကျွန်မကိုခေါ်သွားပေးပါ"
လျိုမင်ရုတ်တရက်ခေါင်းမော့လာပြီး သူမကိုစူးစိုက်ကြည့်ကာ နားကြားမှားသည်ဟုထင်လိုက်သည်။
"ဘာလို့လဲ" ယွီကောက ဟွမ်ယွီရင်၏စကားကိုကြားသောအခါ တစ်ချက်ကြောင်သွားပြီး မေးလိုက်သည်။
"ကျွန်မငတုံးတစ်ယောက်နဲ့ အတူမနေချင်တော့ဘူး" ဟွမ်ယွီရင်က အရိုက်ခံထားရသောမျက်နှာကိုပွတ်သပ်ရင်း လျိုမင်ကိုစိတ်ပျက်စွာတစ်ချက်ကြည့်လိုက်သည်။ "ရှင်တို့ကျွန်မကိုထမင်းတလုပ်ကျွေးတာနဲ့ ကျွန်မရှင်တို့နဲ့လိုက်ခဲ့မယ်"
အကိုယွီက ထိုင်ချကာသူမ၏မျက်နှာကိုပွတ်သပ်လိုက်သည်။ ဟွမ်ယွီရင်က အလိုက်သိစွာဖြင့် ဆွဲဆောင်မှုရှိသောအမူအရာကိုပြလိုက်ရာ သူ၏စိတ်ထဲတွင်လှုပ်ရှားသွားသည်။ "ကိစ္စမရှိဘူး...ငါတို့လည်း ထမင်းချက်ဖို့လူတစ်ယောက်လိုနေတာ နင်လိုက်ချင်လိုက်ခဲ့ပေါ့"
"ကျေးဇူးပါအကိုယွီ" ဟွမ်ယွီရင်က ချစ်စဖွယ်ရယ်မောလိုက်သည်။
"အကိုတို့...ကျွန်တော့်မိန်းမကအကိုတို့နဲ့ဆို ပိုပျော်မှာသေချာတယ်...ဒါပေမဲ့ကျွန်တော့်ကိုရိက္ခာနည်းနည်းလောက် ပေးခဲ့လို့ရမလား...ကျွန်တော့်မှာဆန်တောင်မရှိတော့ဘူး...ဒီတိုင်းဆိုငတ်သေလိမ့်မယ်" လျိုမင်စိတ်ပူသွားပြီး အလျင်အမြန်ပြောလိုက်သည်။
ထိုအချိန်တွင် သူဇနီးသည်ကိုပင်ဂရုမစိုက်နိုင်တော့ပေ။ မိမိကိုသစ္စာဖောက်သောဇနီးတစ်ယောက်ကို ဘာမှနှမြောစရာမရှိတော့ပေ။ ထို့အပြင် ဇနီးသည်မှာလည်း ထွက်သွားရန်စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ရာ ပြန်လည်ခေါ်ဆောင်နိုင်တော့မည်မဟုတ်သောကြောင့် အခွင့်ကောင်းယူ၍ရိက္ခာပိုတောင်းရန်စဉ်းစားလိုက်သည်။
ဟွမ်ယွီရင်၏ခန္ဓာကိုယ်မှာ တစ်ချက်တုန်ယင်သွားသည်။ သူမမူလက လျိုမင်အတွက်ရိက္ခာအချို့ချန်ထားပေးရန် တောင်းပန်ရန်ကြံရွယ်သော်လည်း ယခုအခါမှာမူ စိတ်ကုန်သွားပြီး သူ့ကိုတစ်ချက်ပင်မကြည့်ချင်တော့ပေ။
လူအချို့ဟားတိုက်ရယ်မောကြသည်။ "မင်းကတော့ ယောက်ျားတွေထဲမှာ ရှားမှရှားတဲ့ယောက်ျားပဲ...မင်းကိုဆန်ပေးတာတက် ခွေးကျွေးတာကမှပိုကောင်းသေးတယ်...အကိုယွီသွားရအောင်"
သူတို့အဖွဲ့အခန်းထဲမှထွက်ခွာသွားကြသည်။
တံခါးပိတ်ချိန်တွင် ဟွမ်ယွီရင်နောက်လှည့်ကာသူ့ကိုတစ်ချက်ကြည့်လိုက်သည်။ မျက်လုံးများမှာအေးစက်နေပြီး သူစိမ်းတစ်ယောက်ကိုကြည့်နေသကဲ့သို့ပင်။
လျိုမင်မျက်လုံးများမှာ အသက်မဲ့စွာဖြင့် ဆိုဖာပေါ်တွင်ထိုင်နေသည်။ မိနစ်အနည်းငယ်အကြာတွင် သူရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသောအပြုံးတစ်ခုကိုပြုံးလိုက်သည်။
"နင်တို့ကငါ့ကိုသေအောင် သတ်နေတာပဲ...ဟက်ဟက်...ဖာသယ်မ...ငါနင့်ကိုအလွတ်ပေးမယ်ထင်နေလား"
သူထုံကျင်စွာထရပ်လိုက်ပြီး ဖြည်းဖြည်းချင်းမီးဖိုချောင်သို့လျှောက်သွားသည်။ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းသောအမူအရာဖြင့်။ "ငါသေရမယ်ဆိုရင်လည်း အားလုံးအတူတူသေကြတာပေါ့"
သူရုတ်တရက်ဂတ်စ်မီးဖိုကိုဖွင့်လိုက်ပြီး တောက်လောင်နေသောမီးတောက်ကိုကြည့်ရင်း ထူးဆန်းစွာရယ်မောလိုက်သည်။ ပြီးနောက်စားသုံးဆီတစ်ပုလင်းကိုယူကာ အဖုံးကိုလှည့်ဖွင့်ပြီး ကြမ်းပြင်ပေါ်သို့အရူးအမူးလောင်းချလိုက်သည်။ သူသတင်းစာတစ်စောင်ကိုယူကာ မီးတောက်ဖြင့်မီးညှိပြီးနောက် မြေပေါ်သို့ပစ်ချလိုက်တော့သည်။
ဆက်ရန်...
အပိုင်း(၆၆)မီးဘေးအန္တရာယ်
မီးလောင်မှုဖြစ်ပွားချိန်မှာ ညနေလေးနာရီပင်မထိုးသေးပေ။ လော်ယွမ်သည် ညစာစားရန်ပြင်ဆင်နေစဉ်တွင် မီးခိုးနံ့သင်းသင်းတစ်ခုကိုရလိုက်ပြီး သူတုံ့ပြန်ရန်မစောင့်နိုင်မီမှာပင် အောက်ထပ်မှ ကြီးမားသောပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။
တိုက်တစ်ခုလုံးသည် ငလျင်လှုပ်ခတ်သကဲ့သို့ ပြင်းထန်စွာတုန်ခါသွားပြီး မျက်နှာကျက်မှ ဖုန်မှုန့်များ တဖွဲဖွဲကျလာကာ စားပွဲပေါ်မှထမင်းဟင်းများကို မြေမှုန်များဖြင့် ဖုံးလွှမ်းသွားစေသည်။
ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့မှာ ကြောက်လန့်တကြားဖြင့် ဝါးတူများမြေပေါ်သို့လွတ်ကျသွားပြီး မျက်နှာများမှာ ထိတ်လန့်မှုဖြင့် ဖြူဖျော့နေသည်။
"အပြင်မှာ ဘာဖြစ်တာလဲမသိဘူး" ဟွမ်ကျားဟွေက စိုးရိမ်တကြီးပြောလိုက်သည်။
"ငါသွားကြည့်လိုက်မယ်" လော်ယွမ်ကပြောရင်း တံခါးကိုဖွင့်လိုက်သည်။ လှေကားဆီသို့မရောက်မီမှာပင် အပူလှိုင်းတစ်ခုနှင့်အတူ မီးခိုးငွေ့များ အောက်ထပ်မှတက်လာသည်ကို တွေ့လိုက်ရပြီး အတွင်းတွင် အနီရောင်မီးတောက်များ လွင့်ပျံနေသည်ကို မထင်မရှားမြင်တွေ့နေရသည်။ ယခုလေးတင်က ပေါက်ကွဲသံကိုကြည့်လျှင် ဓာတ်ငွေ့ပိုက်လိုင်းများလည်း ပေါက်ပြဲသွားပြီဖြစ်ပေမည်။
သူသည် မီးခိုးများကြောင့် အဆက်မပြတ်ချောင်းဆိုးသွားပြီး အလျင်အမြန်ပြန်လှည့်ကာ တံခါးကိုပိတ်လိုက်သည်။
မျက်နှာများတွင် ထိတ်လန့်တကြားဖြစ်နေသော ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့နှစ်ဦးကိုကြည့်ရင်း သူ၏မျက်နှာထားမှာ မကောင်းတော့ပေ။ "အောက်ထပ်မှာမီးလောင်နေပြီ...ငါ့အထင်တော့ခဏနေရင် တစ်တိုက်လုံး ကူးသွားလိမ့်မယ်...ဒီမှာဆက်နေလို့မဖြစ်ဘူး ငါနဲ့လိုက်ခဲ့"
"ဟင်...အကောင်းကြီးကနေ ဘယ်လိုလုပ်မီးထလောင်တာလဲ...ဘယ်သူကအဲ့လောက်ယုတ်မာတာလဲ" ဟွမ်ကျားဟွေသည် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကာ ထရပ်လိုက်သည်။ "ကျွန်မ အဝတ်အစားနဲ့ ခရီးဆောင်အိတ်တွေ သွားယူလိုက်ဦးမယ်"
"မြန်မြန်လုပ်...မီးက သုံးလွှာကိုရောက်တော့မယ်" လော်ယွမ်က စိုးရိမ်တကြီးပြောလိုက်သည်။
"အင်း" ဝမ်ရှီရှီနှင့် ဟွမ်ကျားဟွေတို့မှာ စိုးရိမ်လွန်း၍ ချွေးများပင်ထွက်လာပြီး အိပ်ခန်းဘက်သို့ အလျင်အမြန်ပြေးသွားကြသည်။
လော်ယွမ်သည် စိတ်ပူလောင်စွာဖြင့် ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီးနောက် ပြတင်းပေါက်ဆီသို့လျှောက်သွားကာ မှန်ပြတင်းပေါက်ကို ရိုက်ခွဲလိုက်သည်။ ထို့နောက် စတိုခန်းထဲသို့ အမြန်ဝင်ရောက်ကာ ဆန်အိတ်တစ်လုံးကိုဆွဲယူပြီး ပြတင်းပေါက်မှ ပစ်ချလိုက်သည်။ သူနှစ်အိတ်ပစ်ချပြီးနောက် အပြင်ဘက်မှအပူလှိုင်း၏အပူချိန် ပို၍မြင့်တက်လာသည်ကိုခံစားမိသောအခါ ချက်ချင်းရပ်တန့်လိုက်သည်။
သူသည် ဝမ်ရှီရှီ၏အိပ်ခန်းထဲသို့ဝင်သွားပြီး သူမအဝတ်အစားများသိမ်းနေသည်ကိုမြင်သောအခါ "အဲ့တာတွေထားလိုက်တော့...စောင်တစ်ထည်ယူပြီး ခေါင်းကိုပတ်ထား...ပြီးရင်ငါနဲ့လိုက်ခဲ့"
လော်ယွမ်စကားပြောပြီးနောက် ဝမ်ရှီရှီ၏တုံ့ပြန်မှုကိုမစောင့်ဘဲ သူ၏အိပ်ခန်းထဲသို့ဝင်ကာ ဗီရိုများကိုဖွင့်လှန်နေသော ဟွမ်ကျားဟွေကိုလည်း ထိုနည်းတူစွာ မှာကြားလိုက်သည်။
ဟွမ်ကျားဟွေသည် လက်ထဲမှပစ္စည်းများကို နှမြောတသစွာချလိုက်ပြီး စောင်ကိုကောက်ယူလိုက်သည်။ ရုတ်တရက် သူမ၏လက်မှာရပ်တန့်သွားပြီး စိုးရိမ်စွာဖြင့် "ဒါဆို ရှင်ကရော"
ရာသီဥတုပူသောကြောင့် အိပ်ခန်းတိုင်းတွင် ပါးလွှာသောစောင်တစ်ထည်သာ အဆင်သင့်ရှိရာ ဟွမ်ကျားဟွေကိုပေးလိုက်လျှင် လော်ယွမ်သည် မီးတောက်များကို တိုက်ရိုက်ရင်ဆိုင်ရမည်ဟု အဓိပ္ပာယ်ရသည်။
"ငါကသန္ဓေပြောင်းလူသားလေ...ဒီမီးလောက်က ငါ့ကိုမထိခိုက်နိုင်ဘူး"
အချိန်ကပ်နေသောကြောင့် လော်ယွမ်သည်လည်း ဘာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်သည် တစ်ခဏအတွင်း မရေမတွက်နိုင်သော အရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင် အရေးကြီးသောပစ္စည်းအချို့ကို လျှော်အိတ်ထဲသို့ တစ်ခုချင်းစီထည့်ကာ လက်ထဲတွင်ဆွဲကိုင်လိုက်သည်။
ဟွမ်ကျားဟွေသည် လော်ယွမ်၏ အလွန်အမင်းမြန်ဆန်သော အရှိန်ကိုကြည့်ရင်း ကြောင်ငေးနေမိသည်။
"ဘာရပ်ကြည့်နေတာလဲ" လော်ယွမ်က သူမကိုတစ်ချက်စိုက်ကြည့်ကာ ဟွမ်ကျားဟွေကိုဆွဲ၍ အပြင်ဘက်သို့ပြေးထွက်သွားသည်။
တံခါးဝသို့ရောက်သောအခါ ဝမ်ရှီရှီသည်လည်း ထိတ်လန့်တကြားဖြင့် စောင်ကိုခေါင်းပေါ်တင်ကာ ထွက်လာသည်။ ထိုအချိန်တွင် အခန်းထဲမှမီးခိုးငွေ့များမှာ ထူထပ်လာပြီး လေထုထဲတွင် လည်ချောင်းထဲသို့တိုးဝင်နေသော မွန်းကျပ်သည့်အနံ့များဖြင့် ပြည့်နှက်နေသည်။
သူတို့၃ယောက် တံခါးဝသို့ပြေးသွားပြီး တံခါးကိုဖွင့်လိုက်သည်နှင့် အပူလှိုင်းတစ်ခုသည် မီးခိုးငွေ့များနှင့်အတူ မျက်နှာသို့လာရိုက်ခတ်ရာ အသက်ရှူကြပ်လောက်အောင်မွန်းကျပ်သွားပြီး ဟွမ်ကျားဟွေတို့မှာ အဆက်မပြတ်ချောင်းဆိုးကာ မျက်ရည်၊ နှာရည်များပင် ထွက်ကျလာသည်။
"အဟွတ်...အဟွတ်...ဘယ်လိုလုပ်ကြမလဲ...ကျွန်မတို့အောက်ထပ်ဆင်းလို့ မရတော့ဘူး" ဟွမ်ကျားဟွေက ထိတ်လန့်တကြားပြောလိုက်သည်။
မီးလောင်ခြင်း၏ အသက်သေစေနိုင်သော အဓိကအန္တရာယ်မှာ အပူချိန်မြင့်မားခြင်းမဟုတ်ဘဲ ထုတ်လွှတ်လိုက်သော အဆိပ်ငွေ့များသာဖြစ်သည်။ သေဆုံးသူအများစုမှာ မီးတောက်များကြောင့်မဟုတ်ဘဲ အဆိပ်ငွေ့များကြောင့်ဖြစ်သည်။
ဤသို့သောအခြေအနေတွင် အောက်သို့ဆင်းရန်မှာ လုံးဝမဖြစ်နိုင်ပေ။ လော်ယွမ်၏အရှိန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် သူက မိမိကိုယ်ကိုအသက်ရှင်လျက်ထွက်လာနိုင်ရန် အာမခံနိုင်သော်လည်း ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့နှစ်ဦးမှာမူ ပြောရခက်လှသည်။ လမ်းတစ်ဝက်ပင်မရောက်မီ မီးခိုးငွေ့များဖြင့် အသက်ရှူကျပ်သွားနိုင်ပေသည်။
လော်ယွမ်၏စိတ်ထဲတွင် စိုးရိမ်ပူပန်နေစဉ် ဦးနှောက်ထဲတွင် အလင်းတန်းတစ်ခုဖြတ်ပြေးသွားပြီး ဝမ်ရှီရှီအား "နင့်ရဲ့စိတ်စွမ်းအင်နဲ့ မီးခိုးငွေ့တွေကိုတွန်းဖယ်ကြည့်စမ်း"
"ဟုတ်ကိုကြီးယွမ်...သမီးလုပ်ကြည့်မယ်" ဝမ်ရှီရှီသည် ချောင်းဆိုး၍ မျက်ရည်များစီးကျနေရင်း ခေါင်းမော့ကာပြောလိုက်သည်။
ဤမျှရက်ပေါင်းများစွာလေ့ကျင့်ပြီးနောက် ဝမ်ရှီရှီ၏ စိတ်စွမ်းအင်ထိန်းချုပ်မှုမှာ သူမ၏ပင်ကိုအသိစိတ်တစ်ခုဖြစ်နေပြီး ခြေလက်များကိုထိန်းချုပ်သကဲ့သို့ လွယ်ကူနေပြီဖြစ်သည်။ သူမ၏စိတ်အာရုံလှုပ်ရှားလိုက်သည်နှင့် ပတ်ဝန်းကျင်မှမီးခိုးငွေ့များသည် မမြင်နိုင်သောစွမ်းအားတစ်ခု၏ တိုက်ခတ်ခြင်းကိုခံလိုက်ရသကဲ့သို့ ရေလှိုင်းများကဲ့သို့ လှုပ်ခတ်သွားသည်။ နောက်တစ်ခဏတွင် ပတ်ဝန်းကျင်မှထူထပ်သော မီးခိုးဖြူများ ဖြည်းညင်းစွာဘေးသို့ကွဲထွက်သွားပြီး အတွင်းနှင့်အပြင်မှာ ရှင်းလင်းစွာကွဲပြားသွားကာ အလယ်တွင် မမြင်နိုင်သောနံရံတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ပင်။
ထိုအခါမှ အားလုံး သက်ပြင်းချလိုက်ကြသည်။
"နင်အရမ်းတော်တယ်" လော်ယွမ်က ချီးကျူးလိုက်သည်။
မိမိက ကိုကြီးယွမ်အား ကူညီနိုင်သည်ကိုမြင်သောအခါ ဝမ်ရှီရှီသည် ခေါင်းကိုအနည်းငယ်မော့လိုက်ပြီး သူမ၏နှုတ်ခမ်းထောင့်တွင် ကျေနပ်သည့်အပြုံးတစ်ခု အလိုအလျောက်ပေါ်ပေါက်လာသည်။
"ငါတို့ဆင်းကြည့်ရအောင်...မီးခိုးငွေ့တွေကိုတွန်းနိုင်ရင် နင်မီးတွေကိုလည်း တွန်းလို့ရမှာပဲ" လော်ယွမ်ကပြောလိုက်သည်။
သူတို့၃ယောက် ဒုတိယထပ်သို့ အမြန်လျှောက်သွားကြသည်။ လှေကား၏အပေါ်ပိုင်းမှာ မီးခိုးငွေ့များသာရှိသော်လည်း လှေကားထောင့်ချိုးကိုကျော်သွားသည်နှင့် အားကောင်းသောမီးတောက်များ တက်လာသည်။ အကယ်၍သာ ဝမ်ရှီရှီ စိတ်စွမ်းအင်အခြေအနေကို ဆက်လက်ထိန်းသိမ်းမထားပါက သူတို့သုံးဦးမှာ လူသားမီးတုတ်များဖြစ်သွားပေလိမ့်မည်။
သို့သော် မီးတောက်များကို တွန်းထုတ်နိုင်သော်လည်း အပူချိန်ကိုမူ ဘာမှမတတ်နိုင်ပေ။ စင်တီဂရိတ်တစ်ရာကျော်မြင့်မားသောအပူချိန်အောက်တွင် သူတို့သုံးဦး၏ဆံပင်များမှာ လျင်မြန်စွာကောက်ကွေးကာ ခြောက်သွေ့ဝါကျင့်သွားသည်။
ထိုကြောင့်သူတို့သုံးဦးက တတိယထပ်သို့ ပြန်ဆုတ်ခွာခဲ့ကြရသည်။
"အပူချိန်အရမ်းမြင့်လွန်းတယ်...ကျွန်မတို့အောက်ဆင်းလို့မရလောက်ဘူး" ဟွမ်ကျားဟွေက အပူလောင်၍နီရဲနေသော သူမ၏လှပသောမျက်နှာကိုပွတ်သပ်ရင်း စိတ်ပျက်အားငယ်စွာပြောလိုက်သည်။
"မဆင်းလို့လည်းမရဘူးလေ...ခဏနေရင် ဂတ်စ်ပိုက်လိုင်းတွေပါ ထပ်ပေါက်ကွဲနိုင်တယ်" လော်ယွမ်က စိတ်ရှုပ်ထွေးစွာပြောလိုက်သည်။ "အခုတော့ဒီနည်းပဲရှိတော့တယ်...ရှီရှီငါ့ကိုနင့်စောင်ပေး"
ဝမ်ရှီရှီ၏ လော်ယွမ်အပေါ်ထားရှိသောခံစားချက်မှာ ရှုပ်ထွေးလှသည်။ သူမကိုအမြဲတမ်း ချစ်ခင်ယုယပြီး ဂရုစိုက်မှုအပြည့်ပေးသော အကိုတစ်ယောက်ကဲ့သို့လည်းခံစားရသည်။ ထို့ပြင်စိတ်ကစားတတ်သော အရွယ်ဖြစ်ပြီး အထိအတွေ့အဖြစ်အပျက်များကြောင့် သူ့အပေါ်တွင် ထူးခြားသောစိတ်ကူးယဉ်မှုများလည်းရှိနေခဲ့ပြီးဖြစ်သည်။ တစ်ခါတစ်ရံတွင် စိတ်ကူးထဲ၌ အစ်မဟွမ်အဖြစ်သို့ပြောင်းလဲသွားပြီး သူမ၏အစ်ကိုနှင့်အတူ ရှက်စရာကောင်းသောအဖြစ်အပျက်များကို သရုပ်ဖော်မိသည်။ မည်သို့ပင်ဖြစ်စေ သူ့အပေါ်ထားရှိသောယုံကြည်မှုမှာ အရိုးထဲထိစိမ့်ဝင်နေပြီး ယခုအချိန်တွင် သူမရောင်းစားခံရလျှင်ပင် ရယ်မောရင်း သူမ၏အကိုအတွက်ပိုက်ဆံရေတွက်ပေးနေပေလိမ့်မည်။ သူမကလော်ယွမ်၏စကားအပေါ် အခြားအတွေးများလုံးဝမရှိဘဲ စောင်ကိုချက်ချင်းကမ်းပေးလိုက်သည်။
လော်ယွမ်သည် ဝမ်ရှီရှီ၏စောင်ကိုယူပြီးနောက် သူမကိုခေါင်းမှခြေဖျားအထိ အလွှာလိုက်ပတ်လိုက်ကာ ပွေ့ချီပြီး လက်မောင်းအောက်တွင်ညှပ်ထားလိုက်သည်။
ဝမ်ရှီရှီက ကြောက်လန့်တကြားအော်ဟစ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်နှင့် လော်ယွမ်ထိတွေ့သွားရာ စောင်ဖြင့်ခြားနေသည့်တိုင် သူမ၏မျက်နှာလေးမှာ နီရဲသွားသည်။ မူလကအပူလောင်၍နီရဲနေသောမျက်နှာမှာ ယခုအခါ သွေးများထွက်လာတော့မည့်အလား နီရဲနေပြီး အပြင်ဘက်မှအန္တရာယ်ကိုပင် လုံးဝမေ့လျော့သွားကာ စောင်ခြုံထဲတွင် ကြောင်မလေးတစ်ကောင်ကဲ့သို့ ပုန်းအောင်းနေတော့သည်။
ထို့နောက် လော်ယွမ်က မမေးတော့ဘဲ ဟွမ်ကျားဟွေ၏စောင်ကို တိုက်ရိုက်လုယူကာ သူမ၏ငြင်းဆန်အော်ဟစ်သံများကြားမှ ပတ်လိုက်ပြီး ပခုံးပေါ်သို့ထမ်းတင်လိုက်သည်။
"ကျွန်မကိုလွှတ်...မြန်မြန်" ဟွမ်ကျားဟွေ၏စိတ်ထဲမှ အလွန်စိုးရိမ်သွားပြီး ရှိုက်ငိုကာပြောလိုက်သည်။ "ရှင်နှစ်ယောက်လုံးကို မသယ်နိုင်ဘူး...ရှီရှီကိုပဲခေါ်သွား...ကျွန်မကိုထားခဲ့"
"ပါးစပ်ပိတ်ထား"
"ရှီရှီ...မီးခိုးငွေ့တွေနဲ့မီးတောက်တွေကို တားဖို့လုပ်ထား...ငါစပြေးဆင်းတော့မယ်" လော်ယွမ်ကပြောလိုက်သည်။
"ဟုတ်ကိုကြီးယွမ်...သမီးအဆင်သင့်ဖြစ်ပါပြီ" ဝမ်ရှီရှီ၏တစ်ကိုယ်လုံးမှာ ခေါက်ဆွဲတစ်မျှင်ကဲ့သို့ပျော့ခွေသွားပြီး သတိပြန်ဝင်လာသောအခါ ပျားရည်ဆမ်းထားသကဲ့သို့ ချိုမြိန်လွန်းသောအသံဖြင့် အလျင်အမြန်ပြန်ပြောလိုက်သည်။
လော်ယွမ်သည် အသက်ကိုပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ခြေထောက်ကိုအားကုန်နင်းကာ လှေကားထိပ်မှ ပြေးဆင်းသွားတော့သည်။
သူတို့နှစ်ဦးလုံးမှာ ဝသောသူများမဟုတ်ရာ အလေးချိန်ပေါင်းလိုက်လျှင်ပင် ကီလိုဂရမ်တစ်ရာမပြည့်ပေ။ သူထမ်းထားရသည်မှာ မပင်ပန်းသော်လည်း သူ၏ခန္ဓာကိုယ်မှာမူ အလွန်လေးလံသွားသည်။ သူသည် တစ်လှမ်းလျှင် လှေကားလေးငါးထစ်ကို ကျော်လွှားသွားပြီး ခြေထောက်မြေပေါ်သို့ကျသည့်အခါ တိုးညှင်းသောမြည်သံထွက်ပေါ်လာရာ လှေကားပြိုကျသွားမည်ကို စိုးရိမ်မိစေသည်။
"ရှီရှီ သတိထား" ဒုတိယထပ်သို့ရောက်ခါနီးတွင် လော်ယွမ်က သတိပေးလိုက်သည်။
"ဟုတ်" ဝမ်ရှီရှီသည် သဘောပေါက်ပြီး စိတ်စွမ်းအင်ကို အားကုန်ထုတ်သုံးလိုက်ရာ ပတ်ဝန်းကျင်မှမီးတောက်များသည် မမြင်နိုင်သောထိတ်လန့်မှုကိုခံစားလိုက်ရသကဲ့သို့အလျင်အမြန်ဆုတ်ခွာသွားကြပြီး ကျောက်မှုန့် ဖုန်မှုန့်များပါ လျင်မြန်စွာရှင်းလင်းသွားသည်။
ထိုအချိန်တွင် ဒုတိယထပ်မှာ မီးလောင်၍ ပုံပျက်ပန်းပျက်ဖြစ်နေပြီး နံရံများပင် ကွဲအက်နေသည်။ လေထုထဲတွင် လှိုင်းထနေသောအပူလှိုင်းတစ်ခု လှုပ်ခါနေပြီး ဤနေရာမှအပူချိန်မှာ စင်တီဂရိတ်တစ်ရာကျော်နေပြီဖြစ်သည်။ အထူးသဖြင့် စကျင်ကျောက်ခင်းထားသောကြမ်းပြင်မှာ အပူချိန်မြင့်မားစွာမီးကင်ခံရသောကြောင့် မည်းနက်ပျော့ပျောင်းသွားပြီး မီးခိုးငွေ့သင်းသင်းတစ်ခုထွက်နေသည်။ ခြေတစ်လှမ်းနင်းလိုက်သည်နှင့်တခွပ်ခွပ်ကွဲကြေသွားသည်။ အကယ်၍သာ သူ၏ဖိနပ်မှာ အပြာရောင်အဆင့်ပစ္စည်းမဟုတ်ပါက အစကတည်းက အရည်ပျော်သွားလောက်ပြီဖြစ်သည်။
သို့သော် ဖိနပ်နှင့်အဝတ်အစားများက အပူချိန်မြင့်မားမှုကိုကာကွယ်နိုင်သော်လည်း ခန္ဓာကိုယ်မှာမူမကာကွယ်နိုင်ပေ။ သူ၏တစ်ကိုယ်လုံးရှိအမွေးအမျှင်များမှာ အပူချိန်မြင့်မားမှုအောက်တွင် လျင်မြန်စွာကောက်ကွေးသွားပြီး အရေပြားမှာ မီးလောင်သကဲ့သို့ ပူစပ်နာကျင်နေသည်။ သူသည် လမ်းတစ်လျှောက်လုံးတွင် အသက်လုံးဝမရှူရဲပေ။ ဤသို့အပူချိန်မြင့်မားသောလေကို ရှူသွင်းလိုက်သည်နှင့် အဆုတ်တစ်ခုလုံး အပူလောင်သွားပေလိမ့်မည်။
လော်ယွမ်က တိုက်ပေါ်မှာအသက်လုပြေးဆင်းလိုက်သည်။ သူတို့နှစ်ဦး၏ဝန်ကြောင့် သူ၏အရှိန်မှာ သာမန်လူတစ်ယောက်ပြေးလွှားသည့်အရှိန်နှင့်သာတူညီသော်လည်း တတိယထပ်မှ ပထမထပ်သို့ အကွာအဝေးမှာ အနည်းငယ်သာရှိသောကြောင့် လော်ယွမ်က ဆယ်စက္ကန့်ကျော်သာကြာပြီး အောက်ဆုံးထပ်သို့ရောက်ရှိသွားခဲ့သည်။
တိုက်အောက်သို့ရောက်သောအခါ သူက ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီကိုချလိုက်ပြီး မောဟိုက်စွာအသက်ရှူနေသည်။
သူတို့နှစ်ဦးသည် စောင်ထဲမှရုန်းထွက်လာကြပြီး လှပသောမျက်နှာများမှာ မွန်းကျပ်၍နီရဲနေသည်။ ထို့နောက် ချက်ပြုတ်ထားသောကဏန်းတစ်ကောင်ကဲ့သို့ အပူလောင်၍ပုံပျက်ပန်းပျက်ဖြစ်နေသော လော်ယွမ်ကိုကြည့်လိုက်ကြသည်။ ဟွမ်ကျားဟွေမှာ တော်သေးသည် တည်ငြိမ်ပြီးနာကျင်စွာဖြင့်သာ ကြည့်နေသည်။ ဝမ်ရှီရှီမှာမူ အလွန်ပင်သတ္တိရှိစွာဖြင့် ခြေဖျားထောက်ကာ လော်ယွမ်၏မျက်နှာကိုတစ်ချက်နမ်းလိုက်ပြီး ချွဲနွဲ့စွာပြောလိုက်သည်။ "ကိုကြီးယွမ်...စောစောက သမီးအရမ်းကြောက်သွားတာသိလား"
"နင်တို့အပူလောင်သေးလား" လော်ယွမ်က ခေတ္တမျှကြောင်ငေးသွားသော်လည်း လျင်မြန်စွာပုံမှန်ပြန်ဖြစ်သွားပြီး မေးလိုက်သည်။
"မလောင်ပါဘူး" ဝမ်ရှီရှီက လုယက်ဖြေကြားလိုက်သည်။
သူမက ရွှန်းစိုသောမျက်ဝန်းများဖြင့် လော်ယွမ်ကိုကြည့်နေပြီး မည်မျှပင်ကြည့်သော်လည်း အားမရနိုင်သကဲ့သို့ပင်။ နှလုံးမှာ သမင်ငယ်လေးတစ်ကောင်ကဲ့သို့ခုန်နေပြီး လှပသောမျက်နှာမှာ နီရဲနေသည်။ စိတ်ထဲတွင် စိတ်လှုပ်ရှားစွာဖြင့် "နောက်ဆုံးတော့ငါသူ့ကိုနမ်းလိုက်ရပြီ...ဒါပေမဲ့ငါကသူ့နှုတ်ခမ်းကိုနမ်းချင်တာ... နမ်းခါနီးမှသတ္တိမရှိဘူးဖြစ်သွားတယ်...ဒီလိုဆိုမဖြစ်ဘူး...ကိုကြီးယွမ်ကိုငါလည်းပိုင်တာပဲ...အမဟွမ်ကိုပဲ အပိုင်ပေးလို့မဖြစ်ဘူး" ဟု တွေးနေမိသည်။
ဟွမ်ကျားဟွေသည် မကျေမနပ်ဖြင့် ဝမ်ရှီရှီကိုတစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင်အနည်းငယ်မသက်မသာဖြစ်သွားသော်လည်း အချိန်အခါမသင့်သောကြောင့် ဘာမျှမပြောတော့ပေ။
"ဒါဆိုသွားကြစို့...နေစရာအရင်ရှာရအောင်" လော်ယွမ်ကပြောလိုက်သည်။
"ဘယ်မှာသွားနေမှာလဲ" ဟွမ်ကျားဟွေက နားမလည်ဟန်ဖြင့်မေးလိုက်သည်။
"ဘယ်နေရာဖြစ်ဖြစ်" လော်ယွမ်က အနီးအနားမှလူနေတိုက်ခန်းများကို ကြည့်လိုက်သည်။
"ရှင်တစ်ခြားတိုက်တွေကို ပြောတာလား...အဲ့တိုက်ကလူတွေ လက်မခံရင် ဘယ်လိုလုပ်မလဲ" ဟွမ်ကျားဟွေက စိုးရိမ်စွာပြောလိုက်သည်။
"သူတို့လက်ခံမှာပါ" စကားပြောရင်း လော်ယွမ်သည် အိတ်ထဲမှကျန်းမာတောက်ကိုထုတ်ယူလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တွင် အေးစက်သောအပြုံးတစ်ခုပေါ်ပေါက်လာသည်။ "နင်ငါ့အိတ်ကိုသယ်ခဲ့...တိုက်ဘေးအရင်သွားရအောင်...အဲ့ကိုငါဆန်၂အိပ်ပစ်ချထားတယ်...ငါတို့နေစရာရရင် ခဏတဖြုတ်တော့ ခံလောက်တယ်"
လူသားမျိုးနွယ်နှင့် သဘာဝတရားကြီး၏ တိုက်ပွဲမှာ တစ်ဘက်မှလျှော့လျှင် တစ်ဘက်မှပိုတိုးလေ့ရှိသည်။ ဟယ်တုံမြို့၏ တိတ်ဆိတ်နေမှုက အပင်များကို လွတ်လပ်စွာ ရှင်သန်နိုင်သည့်အခွင့်အရေး ပေးလိုက်သည့်အလားပင်။ ဆယ်ရက်ကျော်ကာလအတွင်းမှာပင် အချိန်အတော်ကြာပျောက်ကွယ်နေခဲ့သောစိမ်းလန်းမှုက ဤအထီးကျန်ဆန်နေခဲ့သောမြို့တော်ကို ပြန်လည်ဖုံးလွှမ်းသွားခဲ့သည်။
အိမ်ရာထဲတွင် စိမ်းလန်းသောမြင်ကွင်းတစ်ခုကိုသာ တွေ့မြင်ရပြီး ပေါင်းပင်များမှာ တစ်မီတာကျော်မြင့်တက်နေပြီဖြစ်သည်။ ထိုအထဲတွင် သစ်ပင်ငယ်အချို့မှာ ပေါင်းပင်များကြားတွင် ကြိုးကြာငှက်တစ်ကောင်ကဲ့သို့ ထီးထီးမတ်မတ်ရပ်တည်နေပြီး မျက်နှာကျက်ကဲ့သို့သော သူတို့၏အကိုင်းအခက်များကို အစွမ်းကုန်ဖြန့်ကျက်ကာ ကောင်းကင်၏ပိုင်ဆိုင်ခွင့်ကို လုယက်နေကြသည်။ အမည်မသိနွယ်ပင်အချို့မှာ ရှေ့မှတိုက်ကြီးတစ်လုံးအတိုင်း အဆက်မပြတ်အပေါ်သို့တွယ်တက်နေပြီး တိုက်ကြီးကိုတင်းတင်းကျပ်ကျပ်ချည်နှောင်ထားရာ စိမ်းလန်းသောအပြင်ဘက်အလွှာတစ်ခု ဖုံးအုပ်ထားသကဲ့သို့ပင်။
လော်ယွမ်သည် တိုက်ကြီး၏ညာဘက်သို့လျှောက်သွားရာ သူပစ်ချခဲ့သောဆန်နှစ်အိတ်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိလိုက်ရသည်။ သူဘေးဘီကိုတစ်ချက်ကြည့်လိုက်ရာ မနီးမဝေးတွင် မိုးကာအင်္ကျီဝတ်ထားသောလူလေးယောက်ကို တွေ့လိုက်ရပြီး ထိုအထဲမှနှစ်ယောက်မှာ ဆန်တစ်အိတ်စီကိုထမ်းကာ မနီးမဝေးမှလူနေတိုက်ခန်းတစ်လုံးသို့ လျင်မြန်စွာလျှောက်သွားနေကြသည်။
ဆက်ရန်...
အပိုင်း(၆၇)ဗီလာအိမ်
လော်ယွမ်က ဝမ်ရှီရှီအား ဟွမ်ကျားဟွေကို ကာကွယ်ရန် ထိုနေရာတွင်ပင် နေခဲ့စေသည်။
ဝမ်ရှီရှီက စွမ်းအားမကြီးသော်လည်း သူမ၏စွမ်းရည်မှာ ထူးခြားလှသည်။ ကြီးမားသောသတ္တဝါကြီးများကို ရင်ဆိုင်ရာတွင် အသုံးမဝင်သော်လည်း သန္ဓေပြောင်းခြင်ကဲ့သို့ ကိုယ်ခန္ဓာသေးငယ်ပေါ့ပါးသော သတ္တဝါများကိုမူ အလွယ်တကူ ဖြေရှင်းနိုင်သည်။ သူက သူမအား သတိထားရမည့်အချက်များကို အထပ်ထပ်မှာကြားပြီးနောက် ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။
"နေဦး" လော်ယွမ်က နောက်မှ လှမ်းအော်လိုက်သည်။ "ဟေ့...အဲ့ဆန်၂အိပ်ကငါ့ဟာ"
လူလေးယောက်က ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။ ဦးထုပ်ဆောင်းထားသောကြောင့် သူတို့၏ရုပ်ရည်မှာ မသဲမကွဲဖြစ်နေသော်လည်း ထိုလေးယောက်မှာ ယောက်ျားသုံးယောက်နှင့် မိန်းမတစ်ယောက်ဖြစ်ကြောင်း သူ ခွဲခြားနိုင်သေးသည်။ ထိုထဲမှ အရပ်မြင့်ပြီး တောင့်တင်းသောယောက်ျားသည် လော်ယွမ်ကို တစ်ချက်အကဲခတ်လိုက်ပြီး သူ၏လက်ထဲမှ ဓားရှည်ပေါ်တွင် အကြည့်ကို ခဏရပ်တန့်လိုက်သည်။
လော်ယွမ်က တည်ငြိမ်သောမျက်နှာထားဖြင့် သူတို့လေးယောက်ရှိရာသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။
လော်ယွမ်ကို အလွယ်တကူ ရင်ဆိုင်နိုင်မည်မဟုတ်ကြောင်း သိရှိသွားဟန်ဖြင့် ထိုအရပ်မြင့်ပြီးတောင့်တင်းသောယောက်ျားသည် မာကျောသောလေသံထဲတွင် ယဉ်ကျေးမှုကို ဟန်ဆောင်ထည့်သွင်းကာ ပြောလိုက်သည်။ "မင်းလည်းဒီတိုက်ကပဲမလား...ဒါဆိုငါတို့က တစ်တိုက်ထဲသားချင်းတွေပဲ...ဒါပေမဲ့ဒီဆန်၂အိပ်ကမင်းဟာ မဟုတ်လောက်ဘူးထင်တယ်...တစ်ကယ်တော့ ငါသူတို့ကို လှေကားအောက်က ကောက်ရခဲ့တာ...မင်းဟာဖြစ်ကြောင်းသက်သေပြနိုင်ရင်တော့ ငါချက်ချင်းပြန်ပေးမယ်...မဟုတ်ရင်တော့ မင်းကအချောင်လိုချင်တာပဲ"
လော်ယွမ်က ဒေါသကြောင့် ရယ်ချင်သွားသည်။ "သက်သေမလိုပါဘူး...ငါကငါ့ဟာလို့ပြောရင် အဲ့တာငါ့ဟာပဲ"
"ခွေးမသား...မင်းကသေချင်နေတာလား"
"အကိုယွီ...သူ့ကိုရှင်းလိုက်ရအောင်"
သူတို့ထဲမှ တစ်ယောက်က စိတ်မထိန်းနိုင်ဘဲ ရှေ့သို့တိုးလာသော်လည်း အစောပိုင်းက စကားပြောခဲ့သော အရပ်မြင့်ပြီးတောင့်တင်းသည့် ယောက်ျားက တားလိုက်သည်။ သူ၏ပင်ကိုယ်အသိစိတ်က မျက်စိရှေ့မှ ယောက်ျားက အလွန်အန္တရာယ်ကြီးကြောင်း၊ အဝေးတွင်ရပ်နေရုံမျှဖြင့်ပင် လေးလံသောဖိအားတစ်မျိုးကို ခံစားနေရကြောင်း သတိပေးနေသည်။
သို့သော် ဤရက်ပိုင်းအတွင်း သူသိလာခဲ့သည့်အရာတစ်ခုရှိသည်။ လောကထဲတွင် မျက်နှာသာသည် အရေးအကြီးဆုံးဖြစ်သည်။ ဘာမဆို အဆုံးရှုံးခံနိုင်သော်လည်း မျက်နှာသာကိုတော့ လုံးဝအဆုံးရှုံးမခံနိုင်ပေ။ လူရှေ့သူရှေ့တွင် မျက်နှာပျက်သွားသည်နှင့် ငယ်သားများ၏စိတ်သည်လည်း ကွဲပြားသွားတော့သည်။
သူက ထိုသုံးယောက်ကြားတွင် ခေါင်းဆောင်အဖြစ် မိမိကိုယ်ကို သတ်မှတ်ထားရခြင်းမှာ သူက သတ္တိရှိပြီး ဘာမဆိုလုပ်ရဲသောကြောင့်ဖြစ်သည်။ ဤရက်ပိုင်းအတွင်း လုယက်ခြင်း၊ လူသတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းတို့ကို သူက ရှေ့ဆုံးမှ အားကြိုးမာန်တက် လုပ်ဆောင်ခဲ့သည်။ တဖြည်းဖြည်းစုစည်းလာသော ဩဇာအရှိန်အဝါဖြင့် သူက ထိုသုံးယောက်၏ခေါင်းဆောင် ဖြစ်လာခဲ့သည်။ သို့သော် ဤဆက်ဆံရေးသည် ကြေကွဲလွယ်သောဖန်သားလိုပင်။ သူ အနည်းငယ် ပျော့ညံ့ပြလိုက်သည်နှင့် ခက်ခက်ခဲခဲ တည်ဆောက်ထားရသော အရှိန်အဝါသည်လည်း ပြိုလဲသွားပေလိမ့်မည်။
"မိတ်ဆွေ...မင်းဒီလိုလုပ်တာမကောင်းဘူးနော်...လောဘကြီးလွန်းရင် အစာနင်ပြီးသေတတ်တယ်" အစ်ကိုယွီ၏ မျက်နှာမှ ကြွက်သားများ တဆတ်ဆတ်တုန်သွားပြီး ရုပ်ဆိုးလှသော အပြုံးတစ်ခုကို ညှစ်ထုတ်ကာ။ "ငါတို့သုံးယောက်က လွယ်လွယ်အနိုင်ကျင့်ခံမယ့် သူတွေမဟုတ်ဘူး မင်းလိုချင်ရင်ဆန်တစ်အိပ်ယူသွားလိုက်...မဟုတ်ရင်တော့ဘာမှဆက်မပြောနဲ့တော့"
လော်ယွမ်က အဝေးတွင် စိုးရိမ်တကြီး စောင့်မျှော်နေသော ဟွမ်ကျားဟွေတို့နှစ်ဦးကို နောက်ပြန်လှည့်ကြည့်လိုက်ပြီး အနည်းငယ် စိတ်မရှည်ဖြစ်လာသည်။ "ငါ့မှာမင်းတို့နဲ့ ဆွေးနွေးနေဖို့ အချိန်မရှိဘူး...ဒီဆန်၂အိပ်ကိုငါအပေါ်ထပ်က ပစ်ချထားတာ...အလကားနေအသေမခံချင်ကြနဲ့"
အစောပိုင်းက ဟောင်ဖွာလုပ်နေသော နှစ်ယောက်သည် ယခုအခါတွင် စကားမပြောနိုင်တော့ပေ။ အရူးမဟုတ်လျှင် မျက်စိရှေ့မှလူသည် သာမန်မဟုတ်ကြောင်း သိနိုင်သည်။ သန္ဓေပြောင်းခြင်များ ပျံဝဲနေသော နေရာတွင် မည်သည့်ကာကွယ်မှုမှမပါဘဲ ရပ်နေရုံသာမက၊ လုံးဝဂရုမစိုက်သောပုံစံပင်ရှိ၏။ ထိုတည်ငြိမ်မှုတစ်ခုတည်းနှင့်ပင် သူတို့အား ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားစေသည်။ သူတို့နှစ်ဦးသည် အစ်ကိုယွီကို တစ်ချက်စောင်း ကြည့်လိုက်ကြသည်။
ထိုနှစ်ယောက်၏အကြည့်ကို ခံစားမိသောအခါ အစ်ကိုယွီ၏မျက်နှာသည် ခရမ်းရောင်သန်းသွားပြီး ဓားမကိုဆုပ်ကိုင်ထားသော ညာလက်သည် တင်းလိုက်၊ လျှော့လိုက် ဖြစ်နေသည်။ တစ်ဖက်လူ၏ မျက်နှာတွင် စိတ်မရှည်သောအရိပ်အယောင်များ ပေါ်လာသည်ကို မြင်သောအခါ သူ၏နှလုံးသည် ရုတ်တရက် တင်းကြပ်သွားသည်။ မျက်နှာပျက်သွားလျှင် ပြန်ရှာနိုင်သေးသော်လည်း အသက်မရှိတော့လျှင်တော့ ထာဝရဆုံးရှုံးသွားပြီဖြစ်သည်။ ယောက်ျားကောင်းတို့သည် အခြေအနေအရ ပျော့ပျောင်းတတ်ရသည်။
သူက အခြေအနေထိန်းစကားအချို့ပြောပြီး နောက်ဆုတ်ရန် ပြင်ဆင်နေစဉ်မှာပင် ဟွမ်ယွီရင်သည် တစ်ဖက်မှလူကို ရုတ်တရက် ချွဲနွဲ့သောအသံဖြင့် ပြောလိုက်သည်။ "မောင်လေး...နင်ကငယ်ငယ်လေးရှိသေးတယ်...ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ အသေမခံချင်နဲ့"
ပြောရင်း သူက အစ်ကိုယွီကို ချွဲနွဲ့ကာ တောင်းပန်လိုက်သည်။ "အကိုယွီဒေါသမထွက်ပါနဲ့တော့...သူ့ကိုခွင့်လွှတ်လိုက်ပါ...သူကအခြေအနေကိုနားမလည်ပဲ ပြောမိတာနေမှာပါ...တစ်တိုက်ထဲသားချင်းတွေပဲ...နည်းနည်းလောက်ပဲဆုံးမပြီး ပြန်လွှတ်လိုက်ပါနော်"
ကျန်နှစ်ယောက်၏ မျက်နှာသည် အံ့ဩသွားပြီး အစ်ကိုယွီကို တညီတညွတ်တည်း ကြည့်လိုက်ကြသည်။
ထိုအခါသူက ရှေ့ဆက်တိုးလည်းမရ နောက်ဆုတ်ဖို့လည်းခက်သည့် အခြေအနေသို့ ရောက်သွားသည်။ ယခုလိုအခြေအနေတွင် သူ နောက်ဆုတ်လိုက်ပါက မျက်နှာကို ဘယ်နားထားရမည်မသိ ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် သူတို့ဘက်၌ လူသုံးယောက်ရှိပြီး တစ်ဖက်မှာ တစ်ယောက်တည်းသာရှိသည်။ သူ့ကို မသတ်နိုင်ဟု သူ မယုံကြည်ပေ။ ပြဿနာရှာသော ဟွမ်ယွီရင်ကိုမူ သူ သတ်ပစ်ချင်စိတ် ပေါက်သွားသည်။ သူက သူမကို စူးစိုက်ကြည့်လိုက်ပြီး။ "အပျက်မ...ငါတို့စကားပြောနေတာကို နင်ဘယ်တုံးကဝင်ပါခွင့်ရှိသွားတာလဲ"
ပြောရင်း ဓားမကိုထုတ်ကာ ဆဲဆိုလိုက်သည်။ "ခွေးမသား...ငါတို့ဆန်ကိုလိုချင်တယ်ဟုတ်လား...သားရီးတို့ဒီကောင်ကို အပြတ်ရှင်းလိုက်ကြစမ်း"
ပြောပြီးသည်နှင့် သူက ရက်စက်သောမျက်နှာထားဖြင့် လော်ယွမ်ထံသို့ ပြေးဝင်လာသည်။ ကျန်နှစ်ယောက်သည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ လက်နက်များကိုထုတ်ကာ နောက်မှလိုက်ပါသွားကြသည်။
လော်ယွမ်က ထိုမိန်းမသည် တုံးအခြင်းကြောင့်လား သို့မဟုတ် သူ့ကို တမင်ဒုက္ခပေးသလား မသိတော့ပေ။ အစ်ကိုယွီဆိုသူက အပြင်ပန်းသာမာကျောပြီး အတွင်းစိတ်ပျော့ညံ့ကာ နောက်ဆုတ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ထင်ရှားစွာ ခံစားမိခဲ့သည်။ မထင်မှတ်ဘဲ နောက်ဆုံးတွင် သူ့အား ဓားထုတ်ရဲသည့်သတ္တိ ရှိလာခဲ့သည်။ ရလဒ်က ဤသို့ဖြစ်မည်မှန်းသာသိလျှင် အစောပိုင်းက အချိန်ကုန်ခံပြီး စကားပြောနေစရာပင် မလိုပေ။
ကျန်းမာတောက်ဓားရှည်က ဓားအိမ်ထဲမှ ထွက်ပေါ်လာသည်။
အနက်ရောင်ဝတ်စုံ၊ အပြာရောင်ဓားသွားနှင့် မြင့်မားသောကိုယ်ဟန်ကျ မားမားမတ်မတ်ရှိနေသည်။ ဓားရှည်သည် ဓားအိမ်ထဲမှ ထွက်ပေါ်လာသည်နှင့် သူ၏တစ်ကိုယ်လုံးမှ ထက်မြက်သော အရှိန်အဝါတို့သည် ချက်ချင်းပေါ်ထွက်လာပြီး မျက်စိဖြင့်မမြင်နိုင်သော အရှိန်အဝါတစ်ခုသည် ရုတ်တရက် ပျံ့နှံ့သွားရာ လေထုပင်လျှင် ရပ်တန့်သွားသကဲ့သို့ ထင်ရသည်။
အစ်ကိုယွီတို့သုံးယောက်သည် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးသည်နှင့် သူတို့၏နှလုံးသည် တုန်လှုပ်သွားပြီး ကျောက်တုံးကြီးတစ်တုံး ဖိထားသကဲ့သို့ အသက်ရှူရကြပ်လာကာ ခြေထောက်များပျော့ခွေပြီး လဲကျလုမတတ် ဖြစ်သွားသည်။ ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအောက်တွင် သူတို့ ခက်ခက်ခဲခဲမွေးမြူထားသော တိုက်ခိုက်လိုစိတ်သည် သဲသောင်ပြင်ပေါ်မှ ရဲတိုက်တစ်ခုကဲ့သို့ တစ်ချက်တည်းနှင့် ပြိုကျပျက်စီးသွားသည်။
အစ်ကိုယွီသည် မိမိကိုယ်ကို ပါးရိုက်ချင်စိတ်ပေါက်သွားပြီး စိတ်ထဲတွင် နောင်တနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။ မူလက တစ်ဖက်လူသည် အနည်းငယ်ကြမ်းတမ်းသော အသားစားငါးတစ်ကောင်သာဖြစ်ပြီး ရင်ဆိုင်ရခက်သော်လည်း မိမိတို့ဘက်တွင် လူအင်အားများသောကြောင့် ဖြေရှင်းနိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် တစ်ဖက်လူသည် ကြောက်မက်ဖွယ်ကောင်းသော ငါးမန်းဖြူကြီးတစ်ကောင် ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
သူ အသနားခံရန် ပြင်ဆင်လိုက်စဉ်မှာပင် သူ၏မျက်စိရှေ့တွင် ပုံရိပ်တစ်ချက် ယိမ်းထိုးသွားပြီး ထိုလူသည် ပျောက်ကွယ်သွားပြီဖြစ်သည်။
သူက အလွန်တရာ တုန်လှုပ်သွားပြီး နှလုံးသည် တင်းကြပ်စွာ ခုန်နေသည်။ တစ်ဖက်လူ၏ပုံရိပ်ကို ရှာဖွေနေစဉ်မှာပင် နောက်တစ်ခဏတွင် သူ၏လည်ပင်းတွင် အေးစက်မှုကို ခံစားလိုက်ရသည်။ ခေါင်းပြတ်နေသောရုပ်အလောင်းတစ်လောင်းသည် ယိမ်းထိုးလျက် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် "ဘုတ်" ခနဲ မြေပေါ်သို့ လဲကျသွားသည်။ သွေးများက မြေပြင်ကို လျင်မြန်စွာ နီရဲသွားစေသည်။
ကျန်နှစ်ယောက်မှာ ယခုအချိန်အထိ ဘာဖြစ်သွားသည်ကို မသိသေးပေ။ ပူနွေးသောသွေးများ သူတို့ကိုယ်ပေါ်သို့ လာစင်မှ လန့်ဖျပ်ပြီး သွေးပျက်မတတ် ကြောက်လန့်သွားကြသည်။ သို့သော် ထိုခံစားချက်က ဇိမ်ခံစရာတစ်ခုအလား ပေါ်လာသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားသည်။
စက္ကန့်အနည်းငယ်အကြာတွင် နောက်ထပ် ခေါင်းပြတ်နေသော ရုပ်အလောင်းနှစ်လောင်းက မြေပေါ်သို့ လေးလံစွာ လဲကျသွားသည်။
ယခင်က ဟယ်တုံမြို့တွင်ဆိုလျှင် လော်ယွမ်က လူသတ်ရန် အနည်းငယ် စိုးရိမ်မိပေမည်။ သို့သော် ယခု ဟယ်တုံမြို့၏ တရားဥပဒေစိုးမိုးမှုသည် ပျက်စီးလုနီးပါးဖြစ်နေပြီး လမ်းပေါ်တွင် လူသူကင်းမဲ့နေသောကြောင့် လူယုတ်မာအနည်းငယ်ကို သတ်လိုက်ခြင်းက ဘာမျှအရေးမကြီးပေ။
လော်ယွမ်က ကျန်းမာတောက်ဓားရှည်ကို ဓားအိမ်ထဲသို့ ဖြည်းညင်းစွာ ပြန်ထည့်လိုက်ပြီး အကြောက်လွန်၍အပေါ့များထွက်ကျကာ မြေပေါ်တွင် ပျော့ခွေနေသော မိန်းမကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် လမ်းကြောင်းပြောင်းကာ ဆန်အိတ်နှစ်အိတ်ရှိရာသို့ လျှောက်သွားလိုက်သည်။
လော်ယွမ်က ဆန်အိတ်များကို ပခုံးပေါ်သို့တင်ကာ နောက်ပြန်လှည့်လျှောက်လာသည်။
"နေဦး...မောင်လေး...နင်အမကိုခေါ်သွားပေးလို့ရမလား...အမကိုထမင်းကျွေးတာနဲ့ ဘာမဆိုလုပ်ပေးမယ်" နောက်မှ ထိုမိန်းမ၏ ကြောက်ရွံ့တုန်လှုပ်နေသောအသံ ထွက်ပေါ်လာသည်။
လော်ယွမ်၏ကိုယ်က တစ်ချက်ရပ်တန့်သွားပြီး လှည့်မကြည့်ဘဲ ပြောလိုက်သည်။ "ခင်ဗျားအသတ်မခံရလို့ပျော်နေရမှာ...မဟုတ်ရင် ခင်ဗျားကိုသွေးထိုးတဲ့ကိစ္စနဲ့ကျုပ် ရှင်းပြီးနေပြီ...ခင်ဗျားအတွက်လည်းဘယ်သူမှ တရားမျှတဖို့တောင်းဆိုမှာမဟုတ်ဘူး...ကံကိုအလောင်းအစားမလုပ်ချင်နဲ့...တစ်ခြားတစ်ယောက်ကိုသွားရှာ"
ဟွမ်ယွီရင်၏ ရင်ထဲတွင် ဆို့နင့်သွားပြီး မျက်နှာသည် တစ်ချက်နီ၊ တစ်ချက်ပြာ ဖြစ်နေသည်။ သူမ၏စိတ်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့သွားပြီး အစောပိုင်းက ခံစားခဲ့ရသော နာကျင်မှုကို ပြန်သတိရကာ ဝမ်းနည်းမှုတို့ဖြင့် ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
"ငိုပြရုံနဲ့သနားမယ်ထင်နေတာလား"
လော်ယွမ်က မထီမဲ့မြင်ပြုံးလိုက်ပြီး ရှေ့သို့ဆက်လျှောက်သွားသည်။ နောက်မှ ငိုသံသည် တဖြည်းဖြည်း ကျယ်လောင်လာပြီး နောက်ဆုံးတွင် ရူးသွပ်မတတ် အော်ဟစ်ငိုကြွေးသံအဖြစ် ပြောင်းလဲသွားသည်။ သူ မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်ပြန်လှည့်ရန် စိတ်ကူးမရှိပေ။ ယခုအခါတွင် ကံဆိုးမိုးမှောင်ကျနေသူများမှာ နေရာအနှံ့တွင် ရှိနေသည်။ သူ မည်သို့ကယ်တင်နိုင်မည်နည်း။ ထို့အပြင် ထိုမိန်းမသည် သူ့အား အလွန်ဆိုးရွားသော ထင်မြင်ချက်ပေးခဲ့သောကြောင့် လုံးဝဂရုမစိုက်ချင်တော့ပေ။
ဝမ်ရှီရှီ၏မျက်နှာလေးသည် ဖြူဖျော့နေသည်။ ခဏကမှ အသက်ရှင်နေသော လူအချို့သည် မျက်စိတစ်မှိတ်အတွင်း ရုပ်အလောင်းများအဖြစ် ပြောင်းလဲသွားခြင်းက သူမအတွက် အလွန်တရာ ထိတ်လန့်စရာဖြစ်ပြီး ယခုအချိန်အထိ သတိမဝင်သေးပေ။ လော်ယွမ်က ထိုမြင်ကွင်းကိုကြည့်ကာ ခေါင်းခါလိုက်သည်။
"ရှင် ဘာလို့ လူထပ်သတ်ပြန်ပြီလဲ...ရှင်က အခု ဥပဒေကို လုံးဝမျက်ကွယ်ပြုနေတာပဲ... လူသတ်တာကို ထမင်းစားရေသောက်လို သဘောထားနေပြီ" ဟွမ်ကျားဟွေသည် ရှေ့သို့တိုးလာကာ အပြစ်တင်လိုက်သည်။ သို့သော် ရဲများပင်လျှင် ကိုယ့်လူ၊ သူစိမ်း ခွဲခြားတတ်သည်မဟုတ်လော။ မနာမကျင် အပြစ်တင်ပြီးနောက် စိုးရိမ်သောမျက်နှာဖြင့် "ရှင်ဒဏ်ရာရသေးလား...ကျွန်မတို့ဒီကအမြန်သွားရအောင်...သူများတွေမြင်သွားရင်မကောင်းဘူး"
လော်ယွမ်က ရယ်ရခက်၊ ငိုရခက် ဖြစ်သွားသည်။ သာမန်လူအနည်းငယ်သာဖြစ်ပြီး ဓားကိုင်ထားလျှင်ပင် သူ့အတွက် ခြိမ်းခြောက်မှုဟု မဆိုနိုင်ပေ။ သို့သော် ဟွမ်ကျားဟွေ၏ စိုးရိမ်မှုကိုမူ သူ အနည်းငယ် ကျေနပ်မိသည်။ သူ ပြုံးရွှင်စွာဖြင့် "ဒီလူတွေကငါ့ကိုဘာမှ မလုပ်နိုင်ပါဘူး...ငါတို့နေစရာအရင်ရှာရအောင်"
"အင်း...ဒါပေမဲ့အဲ့ကျရင်တော့ ရှင်လူထပ်မသတ်နဲ့တော့နော်...အခန်းငှားဖို့ကောင်းကောင်းမွန်မွန်ပြောလို့ရတယ်...ပိုက်ဆံပိုတောင်းလည်းပေးလိုက်လို့ရတာပဲ" ဟွမ်ကျားဟွေက သတိပေးလိုက်သည်။
လော်ယွမ် ခေါင်းညိတ်လိုက်သည်။ သူက စိတ်ဖောက်ပြန်နေသူတစ်ယောက် မဟုတ်ပေ။ ပိုက်ဆံဖြင့် ဖြေရှင်း၍မရသော ကိစ္စများနှင့်ကြုံတွေ့ပါက အလွန်ဆုံး ခြိမ်းခြောက်ရုံသာ ပြုလုပ်မည်ဖြစ်သည်။
သူက အိမ်ရာအတွင်းမှ ဗီလာအိမ်အချို့ကို ပစ်မှတ်ထားလိုက်သည်။ ဗီလာအိမ်များသည် နေရာကျယ်ဝန်းပြီး ဆောက်လုပ်ရေးပစ္စည်းများနှင့် အပြင်အဆင်တို့သည် သာမန်တိုက်ခန်းများနှင့်နှိုင်းယှဉ်လျှင် ပိုမိုခိုင်ခံ့သည်။ ထို့အပြင် အထပ်နိမ့်အဆောက်အအုံဖြစ်သောကြောင့် အစောပိုင်းက မီးလောင်မှုကဲ့သို့ ပြဿနာတစ်ခုခုဖြစ်ပွားပါက လွတ်မြောက်ရန်လည်း လွယ်ကူသည်။
"ဟင်...အဲ့မိန်းမ ကျွန်မတို့နောက်ကို လျှောက်လိုက်နေတယ်" နောက်ဆုံးတွင် ကျန်နေခဲ့သော ဝမ်ရှီရှီက ရုတ်တရက် ပြောလိုက်သည်။ "ကိုကြီးယွမ်ကို ကလဲ့စားချေချင်လို့များလား"
လော်ယွမ် နောက်ပြန်လှည့်ကြည့်လိုက်ရာ ထိုမိန်းမသည် သူတို့၏နောက်မှ အဝေးတွင် တကောက်ကောက်လိုက်နေသည်ကို တွေ့လိုက်ရသည်။ သူ့ကိုမြင်သောအခါ သူမသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကြောက်ရွံ့စွာဖြင့် ရှေ့သို့မတိုးရဲတော့ပေ။
"သူ့ကိုဂရုမစိုက်နဲ့...ငါတို့သွားရအောင်" လော်ယွမ်က အေးစက်စွာ ပြောလိုက်သည်။
လမ်းတစ်လျှောက်တွင် လော်ယွမ်က သန္ဓေပြောင်းခြင်အများအပြားကို သတ်ဖြတ်ခဲ့သည်။ ဆယ်မိနစ်ခန့်အကြာတွင် သူတို့သည် တံခါးပိတ်ထားသော ဗီလာအိမ်ကြီးတစ်လုံးရှေ့တွင် ရပ်တန့်လိုက်ကြသည်။
ဆက်ရန်...
အပိုင်း(၆၈)ထူးဆန်းသော အလောင်း
အိမ်ရာအတွင်းရှိ ဗီလာများမှာ အကောင်းစားဟု မဆိုသာပေ။ အများဆုံးဆိုလျှင် သီးသန့်တည်ရှိသော အိမ်ငယ်လေးတစ်လုံးမျှသာ ဖြစ်သည်။ သို့သော် ဟယ်တုံမြို့၏ ယခင်အိမ်ခြံမြေဈေးနှုန်းအရ ဤသို့သော ဗီလာတစ်လုံးသည် အနည်းဆုံး ယွမ်ခြောက်သန်း၊ ခုနစ်သန်းခန့် တန်ဖိုးရှိရာ လော်ယွမ်ကဲ့သို့သော သာမန်လူတစ်ယောက်အတွက်မူ တစ်သက်လုံး လက်လှမ်းမမီနိုင်သော အရာဖြစ်သည်။
ဗီလာ၏ တံခါးဝတွင် ဖုန်များစုပုံနေ၏။ ခြေဖြင့်နင်းလိုက်သည့်အခါ ခြေရာများ ရှင်းလင်းစွာ ထင်ကျန်ရစ်ခဲ့သည်။ ဤနေရာ၏ ပိုင်ရှင်က အထွက်အထွက်မလုပ်သည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း ထင်ရှားသည်။
လော်ယွမ်က ဟွမ်ကျားဟွေကို တံခါးသွားခေါက်ရန် မျက်ရိပ်ပြလိုက်သည်။
အမျိုးသမီးများသည် ပင်ကိုသဘာဝအားဖြင့် နူးညံ့သိမ်မွေ့သော ခံစားမှုကို ပေးစွမ်းနိုင်ရာ လူတို့သည် အမျိုးသမီးများအပေါ် ထားရှိသော သတိမှာ အမျိုးသားများအပေါ် ထားရှိသည်ထက် များစွာနည်းပါးပြီး လူအများနှင့် ဆက်ဆံရာတွင် ပို၍ သင့်တော်သည်။
ဟွမ်ကျားဟွေက အလိုက်သိစွာဖြင့် တံခါးသွားခေါက်ပြီး အကြိမ်အနည်းငယ် အော်ခေါ်လိုက်သော်လည်း အတွင်းမှ မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ပေ။
"လူမရှိတာတော့ မဟုတ်လောက်ဘူးမလား" ဟွမ်ကျားဟွေက ပြောသည်။
"ဖြစ်နိုင်ခြေများတယ်" လော်ယွမ်က တံခါးမကြီးနှင့် ကပ်ကာ စိတ်ကိုတည်ငြိမ်စွာဖြင့် ခဏနားစွင့်ကြည့်သော်လည်း မည်သည့်လှုပ်ရှားသံမှ မကြားရပေ။ သူ ဝမ်ရှီရှီဘက်သို့ လှည့်ကာ "ရှီရှီ...နင်တံခါးဖွင့်လို့ရမရ စမ်းကြည့်စမ်း"
"ကိုကြီးယွမ်...သမီး ကြိုးစားကြည့်မယ်" ဝမ်ရှီရှီက ချစ်စဖွယ်အသံလေးဖြင့် ပြောသည်။
မီးလောင်မှုအပြီး ထွက်လာခဲ့သည့်နောက် အစပိုင်းတွင် အလောင်းများမြင်ရ၍ အနည်းငယ် အဆင်မပြေဖြစ်ခဲ့သည်မှလွဲ၍ ဝမ်ရှီရှီသည် အမြဲတမ်း စိတ်လှုပ်ရှားတက်ကြွနေခဲ့သည်။ ဤသည်မှာ သူမ၏ စိတ်စွမ်းအင်က အစွမ်းထက်ကြောင်း တွေ့ရှိရ၍မဟုတ်ဘဲ သူမကိုယ်တိုင် နောက်ဆုံးတွင် အသုံးဝင်သောလူတစ်ယောက် ဖြစ်လာပြီဟု ခံစားရသောကြောင့် ဖြစ်သည်။ အစပိုင်းတွင် မီးခိုးများကို ဖယ်ရှားခြင်းမှသည် နောက်ပိုင်းတွင် မီးတောက်များကို တားဆီးခြင်း၊ ယခုအခါတွင်မူ သော့ဖွင့်ခြင်းအထိ။ အရေးကြီးသည့်အချိန်တိုင်းတွင် ကိုကြီးယွမ်ကို ကူညီနိုင်ခဲ့ခြင်းက သူမကို အရေးပါအရာရောက်သူတစ်ဦးအဖြစ် ခံစားစေပြီး ယခင်ကလို ရှိရှိမရှိရှိ အရေးမပါသူတစ်ဦး မဟုတ်တော့ပေ။
စိတ်စွမ်းအား ထုတ်လွှတ်လိုက်သည့်အခါ တံခါးသော့မှ "တောက်တောက်" ဟူသော အသံများ ထွက်ပေါ်လာပြီးနောက် တံခါးမှာ ဖြည်းညင်းစွာ ပွင့်သွားသည်။ စက်ဆုပ်ဖွယ် အလောင်းပုပ်နံ့တစ်ခုက တံခါးဝမှ ထွက်ပေါ်ပျံ့လွင့်လာသည်။
လော်ယွမ်က နှာခေါင်းကိုပိတ်ကာ ရှေ့ဆုံးမှ ဝင်သွားသည်။ တစ်ခါတစ်ရံတွင် အာရုံခံစားမှု အလွန်ကောင်းခြင်းမှာ ကောင်းသည့်ကိစ္စမဟုတ်ပေ။ ဥပမာ ယခုအခါ ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့က ဘာမှမဖြစ်သလို နေနေကြသော်လည်း သူမှာမူ အလွန်အမင်း ရွံရှာနေမိသည်။
"တကယ်လူမရှိဘူးပဲ...ကြမ်းပြင်မှာဖုန်တွေတောင် အတိုင်းသားပဲ" ဟွမ်ကျားဟွေက ငုံ့ကြည့်ရင်း ပြောသည်။
"ဒါဆိုရင် ဒီဗီလာက သမီးတို့ဟာ ဖြစ်သွားပြီပေါ့" ဝမ်ရှီရှီက ဝမ်းသာအားရအော်ရင်း စိတ်လှုပ်ရှားစွာဖြင့် ဟိုဟိုသည်သည် ကြည့်နေသည်။ အညစ်အကြေးများကိုပင် မကြောက်ဘဲ ဧည့်ခန်းထဲရှိ သားရေဆိုဖာပေါ်သို့ ဖင်ချထိုင်ကာ အပေါ်အောက် ခုန်ပေါက်နေတော့သည်။
"အဲ့လိုရမလား...အိမ်ပိုင်ရှင်ရောက်လာရင် ငါတို့ထွက်သွားပေးရမှာ" ဟွမ်ကျားဟွေက ရယ်ရင်းပြောသည်။ သူမလည်း ဤအိမ်ကို အလွန်သဘောကျနေသည်။
"ဒီလောက်ကောင်းတဲ့ အိမ်မှာတောင် မနေဘူးဆိုတော့...ပိုင်ရှင်ကတခုခုဖြစ်သွားလောက်ပြီ...ကိုကြီးယွမ်ဟုတ်တယ်မလား"
"တခုခုဖြစ်သွားတာတော့အမှန်ပဲ...ဒါပေမဲ့အလောင်းက ဒီအိမ်မှာရှိနေနိုင်သေးတယ်" လော်ယွမ်က ခေါင်းညိတ်လိုက်ပြီး သူထွက်သွားစဉ် မတော်တဆမှုများ ဖြစ်ပွားမည်စိုး၍ ထပ်ပြောသည်။ "ရှီရှီနဲ့ကျားဟေဟွက ဒီမှာပဲနေခဲ့...ငါတစ်ချက်သွားကြည့်လိုက်ဦးမယ်"
နှစ်ယောက်လုံး လန့်သွားကြသည်။
ဝမ်ရှီရှီ၏ အပြုံးမှာ တောင့်သွားပြီး မျက်နှာမှာ ဖြူဖျော့သွားသည်။ သူမ အကြောက်ဆုံးမှာ တစ္ဆေသရဲ၊ အလောင်းကောင်ကဲ့သို့သော အရာများပင်။
"သူတို့ခြင်ကိုက်ခံရပြီး သေသွားတာများလား" ဟွမ်ကျားဟွေက အနည်းငယ် စိုးရိမ်စွာ ပြောသည်။ "ရှင် သတိထားနော်"
လော်ယွမ်က ခေါင်းညိတ်ပြီး သူ၏ ဓားရှည်ကြီးကိုကိုင်ကာ အခြားအခန်းများဆီသို့ လျှောက်သွားသည်။ လော်ယွမ်၏ "အာရုံခံနိုင်စွမ်း" သည် ဆယ်မီတာပတ်လည်အထိ ရောက်ရှိနိုင်သည်။ ဗီလာ၏ အကျယ်အဝန်းမှာ စုစုပေါင်း စတုရန်းမီတာ နှစ်ရာကျော်ခန့်သာရှိရာ အခြေခံအားဖြင့် လော်ယွမ်၏ အာရုံခံစက်ကွင်းအတွင်းတွင် ရှိနေသည်။ သို့သော် နံရံများ၏ ကာဆီးမှုက အာရုံခံနိုင်စွမ်း၏ စွမ်းအားကို များစွာလျော့ကျစေသည်။ အခန်းတစ်ခန်းတည်းတွင်သာ ရှင်းလင်းစွာ "မြင်" နိုင်ပြီး အခြားနေရာများမှာမူ အလွန်ဝါးတားတားဖြစ်နေသဖြင့် သူ တစ်ခုချင်းစီ သေချာအောင် စစ်ဆေးရန် လိုအပ်သည်။
ပထမထပ်တွင် အိပ်ခန်းနှစ်ခန်း၊ မီးဖိုခန်းတစ်ခန်းနှင့် ရေချိုးခန်းနှစ်ခန်းရှိသည်။ လော်ယွမ် အကြမ်းဖျဉ်း တစ်ပတ်ပတ်ကြည့်သော်လည်း ဘာမှမတွေ့ခဲ့ပေ။ သူ ဒုတိယထပ်သို့ တက်သွားသော်လည်း မတွေ့ရှိရသေးပေ။ နောက်ဆုံးတွင် လော်ယွမ် ထပ်ခိုးပေါ်သို့ပင် တက်ကြည့်ခဲ့သည်။ ပစ္စည်းဟောင်းများမှလွဲ၍ အလောင်း၏ အရိပ်အယောင်ပင် မရှိခဲ့ပေ။
သူ အနည်းငယ် ထူးဆန်းသွားသည်။ ထိုနံဟောင်နေသော အလောင်းနံ့ကို သူ လုံးဝမျက်ကွယ်ပြု၍မရပေ။ ဤနေရာတွင် အလောင်းတစ်လောင်း ရှိနေသည်မှာ သေချာသည်။ သို့သော် ရှာမတွေ့နိုင်သဖြင့် လော်ယွမ် ဧည့်ခန်းသို့ ပြန်လာခဲ့ရသည်။
"ဘယ်လိုလဲ...ရှာမတွေ့ဘူးလား" ဟွမ်ကျားဟွေက မေးသည်။
"ငါ၃ထပ်လုံးကအခန်းတွေအကုန်ရှာပြီးပြီ ဘယ်မှာမှမရှိဘူး...ဒါပေမဲ့အနံ့ကရနေတုံးပဲ...အရမ်းမပြင်းပေမယ့်ရနေတာတော့ သေချာတယ်" လော်ယွမ်က ခေါင်းခါသည်။
ဟွမ်ကျားဟွေက လော်ယွမ်သည် ဆင့်ကဲပြောင်းလဲသူဖြစ်ပြီး ထူးဆန်းသော စွမ်းရည်အချို့ရှိသည်ကို သိသဖြင့် သံသယမဝင်ခဲ့ပေ။ မည်သည့်အနံ့ဆိုးမှ မရသော်လည်း ယနေ့ည အလောင်းတစ်လောင်းနှင့် အိမ်တစ်လုံးတည်းတွင် အတူအိပ်ရမည်ကို တွေးမိသောအခါ ကျောထဲစိမ့်သွားပြီး အနည်းငယ် ကြောက်လန့်လာသည်။
ထိုစဉ် သူမ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး "နေဦး...သူဌေးတွေက မြေအောက်ခန်း ဆောက်လေ့ရှိတယ်...ဒီမှာရောရှိနေမလားမသိဘူး"
လော်ယွမ် ချက်ချင်းပင် သဘောပေါက်သွားသည်။ အာရုံခံနိုင်စွမ်း၏ ထိုးဖောက်နိုင်စွမ်းမှာ သိပ်မကောင်းလှပေ။ နံရံတစ်ထပ်သာ ကာထားလျှင် နောက်ကွယ်မှ မြင်ကွင်းမှာ အလွန်ဝါးတားတားဖြစ်သွားသည်။ မြေအောက်ကိုမူ ၁ပေခွဲခန့်သာ ထိုးဖောက်နိုင်ပြီးနောက် အမှောင်ထုသာ ဖြစ်သွားသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် တမင်တကာ သတိမထားလျှင် သူ မြေအောက်အခြေအနေကို လုံးဝသတိထားမိမည်မဟုတ်ပေ။
ပုန်းကွယ်နေသော မြေအောက်ခန်းကို သွားရှာမည်အပြုတွင် ဟွမ်ကျားဟွေက သူ့ကို ထပ်ဆွဲထားပြီး တိုးတိုးလေးပြောသည်။ "ဟိုထူးဆန်းတဲ့မိန်းမက ခြံတံခါးနားမှာထိုင်ငိုနေတယ်...ကျွန်မတို့သူ့ကိုအထဲခေါ်လိုက်ရမလား"
"အဲ့မိန်းမက...ကိုကြီးယွမ်ကိုဒုက္ခပေးတဲ့ ဟိုလူဆိုးတွေနဲ့တစ်ဖွဲ့ထဲလေ...သူကိုကြီးယွမ်ကို ကလဲ့စားချေနေရင် ဘယ်လိုလုပ်မလဲ" ဝမ်ရှီရှီက ကလေးစိတ်ဖြင့် မျက်မှောင်ကြုတ်ကာ စိုးရိမ်စွာ ပြောသည်။ "သူ့ကိုအထဲခေါ်လို့မဖြစ်ဘူး...မောင်းထုတ်လိုက်ရင်ကောင်းမလား"
တစ်ဖက်လူက တောက်တဲ့လိုတွယ်ကပ်ပြီး ဤနေရာအထိ လိုက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ စားနပ်ရိက္ခာအနည်းငယ်ဖြင့် ကယ်ဆယ်ရန် နှမြောနေ၍မဟုတ်ဘဲ ဤသို့သော အမည်မသိ အမျိုးသမီးကို အထဲသို့ ခေါ်သွင်းလိုစိတ်မရှိခြင်းသာ ဖြစ်သည်။ သူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ "သူ့ကိုသွားဂရုမစိုက်နဲ့...မှောင်လာရင်သူ့ဟာသူ ထွက်သွားလိမ့်မယ်"
ဟွမ်ကျားဟွေ အနည်းငယ် နားမလည်ဖြစ်သွားသည်။ မျက်စိရှေ့မှ လမ်းပင် ကောင်းကောင်းမလျှောက်နိုင်ဘဲ ယိုင်နဲ့နေပြီး သနားစဖွယ် ရှိုက်ကြီးတငင် ငိုကြွေးနေသော အမျိုးသမီးက လက်စားချေချင်စိတ် ရှိနေသည်တဲ့လား။ သို့သော် နှစ်ယောက်လုံးက ထိုသို့ပြောနေကြသဖြင့် လော်ယွမ်နောက်သို့ လိုက်ပါပြီးကတည်းက ကိုယ်ပိုင်ဆုံးဖြတ်ချက် သိပ်မရှိတော့သော ဟွမ်ကျားဟွေလည်း သူ့ကို အထဲခေါ်သွင်းရန် အတွေးကို ဖျောက်လိုက်တော့သည်။
လော်ယွမ် ပထမထပ်တွင် ပြန်လည်လှည့်ပတ်ရှာဖွေနေသည်။ ပထမထပ်ရှိ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုချောင်တို့ကို သူ နောက်တစ်ကြိမ် လျှောက်ပတ်ကြည့်သော်လည်း ဘာမှမတွေ့ခဲ့ပေ။ ကွန်ကရစ်အောက်တွင်လည်း အမှောင်ထုသာ ဖြစ်နေသည်။ သာမန်မြေအောက်ခန်းများ၏ ကွန်ကရစ်အထူမှာ ကာကွယ်ရေးအာနိသင်မရှိသောကြောင့် ၁ပေခွဲခန့် မကျော်လွန်တတ်ပေ။ ၁၂ မှတ်ရှိသော အာရုံခံနိုင်စွမ်းမှာ မြေအောက်အခြေအနေကို သိမြင်နိုင်ရန် လုံလောက်သည်။ ဤမြေအောက်ခန်းမှာ ထင်ထားသည်ထက် များစွာ ပိုနက်ရှိုင်းသည်မှာ ထင်ရှားသည်။
ယခု ရေချိုးခန်းသာ ကျန်တော့သည်။ လော်ယွမ် ရေချိုးခန်းထဲသို့ ဝင်သွားသည်နှင့် မျက်မှောင်ကြုတ်လိုက်မိသည်။ အချိန်အတော်ကြာ လေဝင်လေထွက်မရှိသောကြောင့် ရေချိုးခန်းထဲမှ အလွန်ပြင်းထန်စူးရှသော ရေမွှေးနံ့တစ်ခု ထွက်ပေါ်နေသည်။ အသေအချာ ခွဲခြားကြည့်သောအခါ ဤနေရာရှိ အလောင်းနံ့မှာ အခြားနေရာများထက် များစွာ ပိုပြင်းထန်နေသည်ကို သူ တွေ့ရှိရသည်။ စောစောက ရေမွှေးနံ့များ ဖုံးကွယ်ထားသောကြောင့်သာ သတိမထားမိခဲ့ခြင်းဖြစ်သည်။
သူ၏စိတ်ထဲတွင် လှုပ်ရှားသွားသည်။ ဒီမှာပဲ ဖြစ်ရမည်။
ရေချိုးခန်းကို မှန်အနောက်နှင့် အခန်းနှစ်ခန်းအဖြစ် ပိုင်းခြားထားသည်။ အပြင်ဘက်တွင် အိမ်သာ၊ ဘေစင်နှင့် နံရံတစ်ဖက်စာမျှ ကြီးမားသော ကြမ်းပြင်ထိမှန်ကြီးတစ်ခု ရှိပြီး အတွင်းပိုင်းတွင်မူ ရေချိုးကြွေဇလားတစ်ခုရှိသည်။ နံရံပေါ်တွင်မူ အမျိုးသမီးကိုယ်လုံးတီး ပန်းချီကားအချို့ကို ချိတ်ဆွဲအလှဆင်ထားသည်။
ထိုစဉ် လော်ယွမ်က ရေချိုးကန်၏ ညာဘက်ခြမ်းမှာ အနည်းငယ် ပိုကျယ်နေသည်ကို သတိပြုမိလိုက်သည်။ ၄ပေခန့် ရှိပေလိမ့်မည်။
သူ အနည်းငယ် သံသယဝင်သွားပြီး အသေအချာ အာရုံခံကြည့်လိုက်ရာ ရေချိုးကန်ဘေးနံရံ၏ အတွင်းပိုင်းမှာ ဟာလာဟင်းလင်းဖြစ်နေပြီး အတွင်းတွင် တပ်ဆင်ထားသော အဝတ်ဘီရိုမှာ အယောင်ပြသက်သက်သာဖြစ်ကာ နောက်ကွယ်တွင် မှောင်မိုက်သော နေရာတစ်ခုရှိနေသည်ကို ရုတ်တရက် တွေ့ရှိလိုက်သည်။
နောက်ဆုံးတော့ သူရှာတွေ့ခဲ့လေပြီ။
လော်ယွမ်၏ စိတ်ထဲတွင် ဝမ်းသာသွားပြီး အမြန်လျှောက်သွားကာ အဝတ်ဘီရိုကို ဖွင့်လိုက်သည်။ အတွင်းမှာ ဟာလာဟင်းလင်းဖြစ်နေသည်။
လော်ယွမ် ကြည့်လိုက်ရာ အဝတ်ဘီရိုမှာ အံဝင်ခွင်ကျမဟုတ်ဘဲ အောက်ခြေရှိ အကာပြားများကြားတွင် အက်ကြောင်းများ ရှိနေသည်။ သူ အောက်ခြေရှိ အကာပြားကို စမ်းသပ်တွန်းကြည့်လိုက်ရာ "ချောက်" ခနဲ အသံတစ်ချက်နှင့်အတူ အကာပြားမှာ တံခါးတစ်ချပ်ကဲ့သို့ ပွင့်သွားပြီး အတွင်းတွင် အမှောင်ထုဆီသို့ ဦးတည်နေသော လှေကားထစ်များ ပေါ်ထွက်လာသည်။ ထိုနှင့်တစ်ပြိုင်နက်တည်း ပြင်းထန်သော အလောင်းနံ့တစ်ခုက မျက်နှာကို တိုးဝင်လာသည်။
သူ၏စိတ်ထဲတွင် အနည်းငယ် ခုန်လှုပ်သွားပြီး လျှို့ဝှက်ဆန်းကြယ်မှုကို စူးစမ်းရှာဖွေရသည့်အလား စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
အဝတ်ဘီရိုမှာ ၃ပေခွဲသာ မြင့်သဖြင့် လော်ယွမ် ကိုယ်ကိုငုံ့ကာ အတွင်းသို့ ဝင်သွားသည်။ လှေကားမှာ ကျဉ်းမြောင်းပြီး မတ်စောက်လှသည်။ သူ လှေကားထစ်တစ်ဆယ်ကျော်ခန့် ဆင်းသွားပြီးနောက် အောက်ခြေသို့ ရောက်ရှိသွားသည်။ အောက်ဘက်တွင် စတုရန်းမီတာ ဆယ်ဂဏန်းခန့်ကျယ်သော နေရာတစ်ခု ရှိနေသည်။
အတွင်းမှာ မှောင်မည်းနေပြီး လက်တစ်ကမ်းအကွာကိုပင် မမြင်နိုင်ပေ။ သို့သော် လော်ယွမ်၏ အာရုံခံနိုင်စွမ်းအတွက်မူ အတားအဆီးမဖြစ်ပေ။ ဤသည်မှာ သိုလှောင်ခန်းတစ်ခုဖြစ်ပြီး အတွင်းတွင် ကုန်ပစ္စည်းအမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ ဆန်အိတ်များ၊ ဂျုံမှုန့်၊ ဘီစကစ်ခြောက်၊ စည်သွပ်ဗူးများ၊ စားသုံးဆီ၊ အဝတ်အထည်၊ ဆေးဝါး၊ ဒီဇယ်နှင့် ဓာတ်ဆီစည်များ၊ ဒီဇယ်မီးစက်တစ်လုံးပင် ရှိနေသည်။ နံရံပေါ်တွင် မီးခံသေတ္တာတစ်လုံးလည်း ရှိနေပြီး အတွင်းတွင် ဘာထည့်ထားသည်ကို မသိပေ။
လော်ယွမ် တစ်ချက်ဝေ့ကြည့်လိုက်ပြီး စိတ်ထဲတွင် အလွန်ဝမ်းသာသွားသည်။ ဤကုန်ပစ္စည်းများကို အိမ်ပိုင်ရှင်က အကျပ်အတည်းမဖြစ်ပွားမီ အများအပြား သိုလှောင်ထားခြင်းဖြစ်သည်မှာ ထင်ရှားသည်။ သူဌေးများသည် သာမန်လူများထက် မိမိတို့၏ အသက်ကို ပို၍ တန်ဖိုးထားတတ်ကြသည်။ သာမန်လူများ တွေဝေနေစဉ်မှာပင် သူတို့က အကျပ်အတည်းကို ကျော်ဖြတ်ရန် အများအပြား ပြင်ဆင်နေကြပြီဖြစ်သည်။
လော်ယွမ် အသေးစိတ်မကြည့်သေးပေ။ လက်ရှိအရေးအကြီးဆုံးမှာ အလောင်းကို အရင်ရှာရန်ပင်။ သူ ဆန်အိတ်ပုံကို ကျော်ဖြတ်ကာ အတွင်းသို့ လျှောက်သွားလိုက်သည်။
သူ ကြိုတင်ပြင်ဆင်ထားသော်လည်း မျက်စိရှေ့မှ မြင်ကွင်းကြောင့် လန့်သွားသည်။ မြေပေါ်တွင် အရိုးပုံတစ်ပုံ ပြန့်ကျဲနေသည်။ ထိုအရိုးများကို လူတစ်ဦးက တမင်တကာ စုပုံထားဟန်တူပြီး ဖြူဖွေးနေသော အရိုးများမှာ အနည်းငယ် ကြောက်စရာကောင်းလှသည်။ ကြီးငယ်မတူသော ဦးခေါင်းခွံများကို ရေတွက်ကြည့်ရာ ထိုအရိုးများမှာ အလောင်းလေးလောင်းစာခန့် ရှိပေမည်။
ပို၍ အံ့ဩစရာကောင်းသည်မှာ ထိုဦးခေါင်းခွံများဘေးတွင် ပြည့်စုံသော အလောင်းတစ်လောင်း ရှိနေခြင်းပင်။ တကယ်တော့ ယင်းကို သူအလောင်းဟုတ်မဟုတ်ပင် မခွဲခြားနိုင်ပေ။ မျက်နှာမှာ ကြောက်စရာကောင်းလောက်အောင် စိမ်းပြာနေပြီး အဝတ်အစားများ စုတ်ပြတ်နေသည်မှလွဲ၍ တစ်ကိုယ်လုံးတွင် ပုပ်သိုးနေသော အရိပ်အယောင် လုံးဝမရှိပေ။
သူ စိတ်ကိုတည်ငြိမ်စွာဖြင့် အာရုံခံကြည့်လိုက်ရာ စိတ်ထဲတွင် တင်းခနဲဖြစ်သွားသည်။ ဤအလောင်းတွင် မသဲမကွဲသော အသက်ရှူသံ ရှိနေသေးသည်။
"ဘာဖြစ်တာလဲဟ" လော်ယွမ် တိတ်တဆိတ် ထိတ်လန့်သွားပြီး သူ၏ ညာလက်ဖြင့် ဓားလက်ကိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ဤသေလုနီးနီး သက်ရှိလူကို စူးစိုက်ကြည့်နေလိုက်သည်။ ဤမြင်ကွင်းမှာ အလွန်ပင် ထူးဆန်းလှသည်။ အရိုးများကို တစ်ပုံတည်း စုပုံထားသည်မှာ သဘာဝအတိုင်း သေဆုံးပြီးနောက် စုစည်းထားခြင်းဖြစ်သည်မှာ ထင်ရှားသည်။ ပထမဆုံးတုံ့ပြန်မှုမှာ ဤနေရာတွင် အသွင်ပြောင်းသတ္တဝါတစ်ကောင် ပုန်းအောင်းနေသည်ဟု ထင်မြင်မိခြင်းပင်။ သူ အသေအချာ အာရုံခံကြည့်လိုက်ရာ ဤအလောင်းမှလွဲ၍ သက်ရှိဟု ယူဆရသော အရာတစ်ခုမှ မရှိပေ။
မြေအောက်ခန်း၏ ပတ်ဝန်းကျင်မှာ ချက်ချင်းပင် လေးလံသွားသည်။
သူ အနည်းငယ် တုံ့ဆိုင်းပြီးနောက် ခြေတစ်လှမ်းချင်း လျှောက်သွားလိုက်ပြီး ရုတ်တရက် သူ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ ထိုသူမှာ တစ်စုံတစ်ခုကြောင့် လှုံ့ဆော်ခံလိုက်ရဟန်ဖြင့် အသက်ရှူသံများ မြန်ဆန်လာပြီး နှလုံးမှာလည်း ပြင်းထန်စွာ ခုန်လာသည်။ ထို့နောက် ခြေလက်များ တဆတ်ဆတ်တုန်လာပြီး မျက်ခွံများ လှုပ်ခတ်သွားကာ ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။
ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးတစ်စုံပင်။ သက်ရှိလူ၏ လက္ခဏာများ လုံးဝမရှိတော့ဘဲ အနက်ရောင်မျက်ဆံများမှာ အလွန်အမင်း ကြီးမားနေပြီး မျက်လုံးတစ်လုံးလုံးကို နေရာယူထားကာ မျက်ဖြူသား လုံးဝမရှိသလောက်ပင်။ မည်းမှောင်နေသော မျက်လုံးများမှာ ကြည့်ရသူကို ကြက်သီးမွေးညင်းများ ထစေသည်။ သူ၏ လှုပ်ရှားမှုများမှာ အလွန်တောင့်တင်းပြီး စက်ရုပ်ဆန်နေကာ ကြိုးဆွဲရုပ်သေးတစ်ရုပ်ကဲ့သို့ပင်။ သူ ပြင်းထန်စွာ ရုန်းကန်ပြီးနောက် မကြာမီမှာပင် ယိုင်နဲ့ယိုင်နဲ့ဖြင့် မတ်တပ်ရပ်လာသည်။
သူ၏ လည်ချောင်းထဲမှ ဝမ်းချုပ်နေစဉ်ကဲ့သို့သော ဖိနှိပ်ထားသည့် အသံများ ထွက်ပေါ်လာသည်။ သူ၏ ပါးစပ်မှာ ဟောင်းလောင်းပွင့်နေပြီး ဝါကျင့်နေသော သွားများကို မြင်နေရသည်။ နောက်ကျိပြီး အနံ့ဆိုးထွက်သော တံတွေးများက ပါးစပ်မှ အဆက်မပြတ် စီးကျနေပြီး အလွန်ပင် စက်ဆုပ်ဖွယ်ကောင်းလှသည်။
"ဒါ ဘာကောင်ကြီးလဲ" လော်ယွမ်၏ မျက်နှာမှာ တည်ကြည်သွားသော်လည်း ဤသည်မှာ လူမဟုတ်တော့သည်ကိုမူ သေချာပေါက် ပြောနိုင်ပေသည်။
ထိုအရာသည် တစ်လှမ်းချင်း ယိုင်နဲ့ယိုင်နဲ့ဖြင့် လော်ယွမ်ဆီသို့ လျှောက်လာသည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် သူ၏ လှုပ်ရှားမှုများမှာ လျင်မြန်လာသည်။ လော်ယွမ်နှင့် နှစ်မီတာအကွာသို့ ရောက်သည့်အခါတွင် သူသည် သာမန်လူထက်ပင် ပို၍ လျင်မြန်နေပြီဖြစ်သည်။ သူ တိုးညှင်းစွာ ဟိန်းဟောက်လိုက်ပြီး သားရိုင်းတစ်ကောင်ကဲ့သို့ လော်ယွမ်ထံသို့ ခုန်အုပ်လိုက်တော့သည်။
ဆက်ရန်...