← Chapters

အခန်း (၆၁-၆၄)

Vol. 4 Ch. 61-64

အခန်း (၆၁-၆၄)

Vol. 4 Ch. 61-64

အပိုင်း(၆၁)အလောင်းစွန့်ပစ်ခြင်း

ထိုစဉ် တိုက်ခန်းတံခါးစီမှ "ဒုန်း ဒုန်း" ဟူသော ခေါက်သံများထွက်ပေါ်လာသည်။ "တံခါးအမြန်ဖွင့်ပါ...ကျွန်တော့်မိန်းမကို ကယ်ပေးကြပါဦး"

လော်ယွမ်နှင့် ဟွမ်ကျားဟွေတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးနောက် ထရပ်လိုက်ကြသည်။ တံခါးရှိကြည့်ပေါက်မှတစ်ဆင့် ကြည့်လိုက်ရာ တံခါးခေါက်သူမှာ တစ်ဖက်ခန်းမှအိမ်နီးချင်းဖြစ်ပြီး အသိမိတ်ဆွေဟုတော့မဆိုနိုင်ပေ။ ဤသို့သောလူတစ်ယောက်ရှိသည်ဟု သိရုံမျှသာဖြစ်သည်။ သူ၏မျက်နှာမှာ ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေပြီး အနည်းငယ်ဂနာမငြိမ်ဖြစ်နေသည်။

လော်ယွမ်က ဤသည်မှာလည်း သန္ဓေပြောင်းခြင်ကိုက်ခံရခြင်းကိစ္စဖြစ်နိုင်ပြီး အသက်ရှင်နိုင်တော့မည်မဟုတ်ဟု စိတ်ထဲတွင်တွေးလိုက်သည်။ သို့သော် အိမ်နီးချင်းဖြစ်သောကြောင့် မသွားကြည့်လျှင်လည်း မကောင်းပေ။ သူခဏတုံ့ဆိုင်းပြီးနောက် တံခါးကြီးကိုဖွင့်ကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

ထိုအမျိုးသားက သူတံခါးဖွင့်သည်ကိုမြင်သောအခါ စိုးရိမ်တကြီးပြောလိုက်သည်။ "အမြန်...အမြန်...ကျွန်တော့်အခန်းကိုလိုက်ကြည့်ပေးပါ...ကျွန်တော့်မိန်းမသေတော့မယ်ထင်တယ်...သူမီးဖိုချောင်ထဲမှာ ကြမ်းတိုက်နေရင်း လဲကျသွားတာ"

လော်ယွမ်က ဟွမ်ကျားဟွေဘက်သို့လှည့်ပြောလိုက်သည်။ "တံခါးကိုအရင်ပိတ်ထားလိုက်...ငါတစ်ချက်သွားကြည့်လိုက်ဦးမယ်"

"ဟုတ်...ဒါဆိုရှင်မြန်မြန်ပြန်လာနော်" ဟွမ်ကျားဟွေက စိုးရိမ်စွာပြောလိုက်သည်။

လော်ယွမ်က စကားမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။

ထိုအမျိုးသားမှာ စိုးရိမ်တကြီးဖြင့် နေရာတွင် အိန္ဒြေမရ ဖြစ်နေပြီး မျက်နှာမှာနာကျင်မှုများဖြင့် ပြည့်နှက်နေသည်။ လော်ယွမ်လှည့်ထွက်သွားသည်ကိုမြင်သောအခါ တိုက်တွန်းလိုက်သည်။ "ကျွန်တော်နဲ့အမြန်လိုက်ခဲ့...သူမီးဖိုချောင်ထဲမှာ"

ပြောရင်း သူက သူ၏အခန်းဘက်သို့လျှောက်သွားသည်။ လော်ယွမ်က သူ၏နောက်သို့လိုက်ကာ ဧည့်ခန်းကိုဖြတ်သွားသော်လည်း မီးဖိုချောင်အနားသို့ရောက်သောအခါ သူ၏ခြေလှမ်းများမှာ တဖြည်းဖြည်းနှေးကွေးသွားပြီး လော်ယွမ်ကိုစောင့်နေသကဲ့သို့ဖြစ်နေသည်။

လော်ယွမ်က သူ့ကိုတစ်ချက်စောင်းကြည့်လိုက်သည်။ အလွန်ဆိုးရွားသောကူးစက်ရောဂါဖြစ်နိုင်ခြေရှိသော လူနာတစ်ဦးအတွက် သူဤသို့ပြုလုပ်ခြင်းမှာ နားလည်ပေးနိုင်စရာပင်။ သို့သော် နှစ်ဦးသားမှာ ဇနီးမောင်နှံများဖြစ်ကြပြီး ယခင်ကအခန်းတစ်ခန်းတည်းတွင် အတူတူနေထိုင်ခဲ့ကြသည်။ ယခုအခါ သူ့မိန်းမအနားသို့ပင်မကပ်ရဲတော့ပေ။ အခြေအနေအရ သူ၏အပြုအမူကို အနည်းငယ်နားလည်နိုင်သော်လည်း စိတ်ထဲတွင်မူ ထိုသူအပေါ်ထားသောအမြင်မှာ ကျဆင်းသွားသည်။

သူမီးဖိုချောင်ထဲသို့ဝင်သွားရာ သန္ဓေပြောင်းခြင်ကိုက်ခံရခြင်းဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့်သိလိုက်ရသည်။ သို့သော် ဤမျှအချိန်ကြာကြန့်ကြာသွားသောကြောင့် သူမအသက်ထွက်သွားခဲ့ပြီဖြစ်သည်။ ဤအမျိုးသမီးမှာ ကြည့်ပျော်ရှုပျော်ရုပ်ရည်ရှိပြီး ပုံမှန်တွေ့ဆုံချိန်တွင် လော်ယွမ်က အကြိမ်အနည်းငယ်ပိုကြည့်မိတတ်သည်။ သို့သော် ယခုအခါ တစ်ကိုယ်လုံးမှာ ဝဖြိုးသွားသကဲ့သို့ဖောင်းကားနေပြီး သူမ၏မူလရုပ်ရည်ကိုပင် မမှတ်မိနိုင်တော့ပေ။

မီးဖိုချောင်ပြတင်းပေါက်မှာ ပွင့်နေပြီး သန္ဓေပြောင်းခြင်မှာ ပြတင်းပေါက်မှဝင်ရောက်လာခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ထို့အပြင် လော်ယွမ်က ဤသန္ဓေပြောင်းခြင်မှာ လုံးဝထွက်ခွာမသွားဘဲ ထိုအချိန်တွင် ခေါင်းပေါ်မှမျက်နှာကျက်တွင် မလှုပ်မယှက်ကပ်နေသည်ကို သတိပြုမိလိုက်သည်။ သူ၏ဝမ်းဗိုက်မှာ လေးလံနေပြီး သွေးအပြည့်စုပ်ထားသောကြောင့် အနည်းငယ်နီရဲနေသည်။

ထိုအမျိုးသားက သူ၏ဇနီး မလှုပ်မယှက်ဖြစ်နေသည်ကိုမြင်သောအခါ မျက်နှာပျက်သွားပြီး အလျင်အမြန်ပါးစပ်ကိုအုပ်ကာ ဝမ်းနည်းပူဆွေးဟန်ပြသော်လည်း အနားသို့လုံးဝမကပ်ရဲပေ။

လော်ယွမ်က နာကျင်စွာတိတ်ဆိတ်နေသောအမျိုးသားကိုကြည့်ရင်း ပုံစံအရတစ်ခွန်းပြောလိုက်သည်။ "စိတ်မကောင်းပါဘူး...ကျွန်တော်သွားပြီနော်"

"ခဏနေဦး"

လော်ယွမ်ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူ၏ခေါ်သံကြောင့်ရပ်တန့်သွားသည်။ သူနောက်လှည့်ကာ "ဘာကိစ္စရှိသေးလို့လဲ"

ထိုအမျိုးသားက သူ့ကိုခေါ်ပြီးနောက် မျက်နှာတွင်ချီတုံချတုံဖြစ်နေပြီး အချို့စကားများကိုပြောရန်ခက်ခဲနေဟန်ရှိသည်။

လော်ယွမ်က သူဘာစဉ်းစားနေသည်ကိုသိသည်။ "ခင်ဗျားစိတ်မပူနဲ့...ဒါကကူးစက်ရောဂါမဟုတ်ဘူး...လက်သည်က မျက်နှာကျက်မှာ နားနေတဲ့ သန္ဓေပြောင်းခြင်ပဲ...သူ့ကိုသတ်လိုက်တာနဲ့ ခင်ဗျားအန္တရာယ်ကင်းသွားလိမ့်မယ်"

ထိုအမျိုးသား၏စိတ်ထဲတွင်တုန်လှုပ်သွားပြီး ခေါင်းကိုအမြန်မော့ကာ ထိုသန္ဓေပြောင်းခြင်ကိုကြည့်လိုက်သည်။ ပြီးနောက်အလိုလိုခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားပြီး ထိတ်လန့်ကာစကားပင်မပြောနိုင်တော့ချေ။

သူက မီးဖိုချောင်ပြတင်းပေါက်ပွင့်နေသည်ကိုမြင်သောအခါ အလျင်အမြန်ပြေးသွားပြီး ပိတ်လိုက်သည်။

"ကျွန်တော်သွားပြီ" လော်ယွမ်က ပြောလိုက်သည်။

"ခဏလေး...ကျွန်တော်...ကျွန်တော်သူ့ကို မသတ်နိုင်လောက်ဘူး...ခင်ဗျားကလူကောင်းတစ်ယောက်ပဲ...ကူညီမှတော့ အဆုံးထိကူညီလိုက်လေ...သူ့ကိုသတ်ပေးပါလား" ထိုအမျိုးသားက လော်ယွမ်ကိုနောက်တစ်ကြိမ်ခေါ်ကာ တောင်းပန်သောမျက်နှာဖြင့်ပြောလိုက်သည်။

အကယ်၍ အစပိုင်းတွင် လော်ယွမ်က သူ့အပေါ်အနည်း ငယ်အထင်အမြင်သေးရုံသာဆိုလျှင် ယခုအခါမှာမူ သူ့ကိုအနည်းငယ်ရွံရှာသွားပြီဖြစ်သည်။ သူ၏စွမ်းအားမှာ အမှန်တကယ်အားကြီးပြီး ဤသို့သောသန္ဓေပြောင်းခြင်ကိုသတ်ခြင်းမှာ လက်တစ်ဖက်မြှောက်ရုံမျှသာဖြစ်သည်။ သို့သော် တစ်ဖက်လူမှာ သူ၏အစွမ်းအစကို သိထားခြင်းမရှိ။ ထိုအမျိုးသား၏မျက်လုံးထဲတွင် သူသည်လည်း သာမန်လူတစ်ယောက်သာဖြစ်သည်။ မိမိ၏အန္တရာယ်ကို အခြားသူစိမ်းတစ်ယောက်ထံသို့လွှဲပြောင်းပေးခြင်းမှာ တကယ်ပင်ဉာဏ်များလှသည်။

လော်ယွမ်ခဏစဉ်းစားပြီးနောက် ပြဿနာမလုပ်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ဖက်လူမှာ ဇနီးသေဆုံးသွားပြီးဖြစ်သောကြောင့် လုံလောက်အောင်ဆိုးရွားနေပြီဖြစ်သည်။ ဤသို့သောလူနှင့် ဘာမှပြဿနာရှာမနေချင်တော့ပေ။ သူခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ...ကျုပ်ကိုတံမြက်စည်းယူပေး"

"ဟုတ်...ဟုတ်...တကယ်ကျေးဇူးအများကြီးတင်ပါတယ်" သူအလျင်အမြန်ကျေးဇူးတင်စကားပြောပြီး မီးဖိုချောင်မှထွက်ကာ တံမြက်စည်းသွားရှာသည်။

မကြာမီ သူတံမြက်စည်းတစ်ချောင်း ယူလာခဲ့သည်။ လော်ယွမ်က တံမြက်စည်းကိုယူလိုက်ပြီး မျက်နှာကျက်မှာအနည်းငယ်မြင့်သောကြောင့် ဗီရိုပေါ်သို့တက်လိုက်သည်။ သွေးအပြည့်စုပ်ထားသောခြင်မှာ အလွန်လေးလံထိုင်းမှိုင်းနေပြီး အောက်မှလှုပ်ရှားမှုကိုဘာမှတုံ့ပြန်ခြင်းမရှိပေ။ တံမြက်စည်းအနားသို့ရောက်မှသာ သူပျံသန်းရန်ကြိုးစားသော်လည်း နောက်ကျသွားပြီဖြစ်သည်။ လော်ယွမ်က အားကုန်ရိုက်ချလိုက်ရာ မျက်နှာကျက်ပေါ်တွင် သွေးကွက်တစ်ကွက်ကျန်ရစ်ခဲ့သည်။

"ကျေးဇူးအများကြီးတင်ပါတယ်...ခင်ဗျားသာမရှိရင် ကျွန်တော်ဘယ်လိုလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး" ထိုအမျိုးသားက သက်ပြင်းချကာ ရိုးသားသောမျက်နှာဖြင့်ပြောလိုက်သည်။

"ကိစ္စမရှိဘူး...တခြားဘာမှမရှိရင် ကျွန်တော်သွားပြီ" လော်ယွမ်က ဗီရိုပေါ်မှခုန်ချကာ လက်ကိုခါရင်းပြောလိုက်သည်။

"ကျွန်တော့်ကို နောက်တစ်ခုလောက် ကူညီပေးလို့ရမလား" လော်ယွမ်ထွက်သွားမည်ကိုမြင်သောအခါ တစ်ဖက်လူကအလျင်အမြန်ပြောလိုက်သည်။

လော်ယွမ်၏ခြေလှမ်းများမှာ ရပ်တန့်သွားပြီး သူဘာဆက်ပြောမည်ကို ကြည့်ချင်စိတ်ဖြစ်ပေါ်လာသည်။

ထိုအမျိုးသားက ဝမ်းနည်းပူဆွေးသောမျက်နှာဖြင့် ဆက်ပြောသည်။ "ဟွေ့ချင်းကဆိုးဆိုးရွားရွား သေသွားတာ...ကျွန်တော်သူ့မျက်နှာလေးကို ကြာကြာကြည့်ချင်ပေမယ့် သူ့အလောင်းကိုဒီမှာ ထားလို့မရဘူး...ခုလိုအရမ်းပူတဲ့ရာသီဥတုနဲ့ဆို ခဏလေးနဲ့ပုပ်ပြီးနံလာတော့မှာ"

လော်ယွမ်က သူ၏ဝမ်းနည်းပူဆွေးသောမျက်နှာအမူအရာကိုကြည့်ရင်း ယင်ကောင်တစ်ကောင်ကိုမျိုချလိုက်ရသလိုပင် စိတ်ထဲတွင်ရွံရှာသွားသည်။ ဤအထဲတွင် စစ်မှန်သောခံစားချက်မည်မျှပါဝင်သည်ကိုမသိနိုင်ပေ။ သူစကားကိုဖြတ်ပြောလိုက်သည်။ "ဒါဆို ခင်ဗျားဆိုလိုတာက"

သူအနည်းငယ်မျက်နှာပူဟန်ဖြင့်ပြောလိုက်သည်။ "ခင်ဗျား...ခင်ဗျားသူ့အလောင်းကို အောက်ထပ်ချပေးလို့ရမလားလို့"

လော်ယွမ်က သူ့ကိုကြည့်ရင်း စိတ်ထဲတွင်ချဉ်သွားပြီး အမူအရာမှာလည်း အေးစက်သွားသည်။ "ခင်ဗျားသန္ဓေပြောင်းချင်ကိုကြောက်လို့ အောက်ထပ်မဆင်းရဲတာက ကျုပ်လက်ခံပေးလို့ရတယ် ဘယ်သာမန်လူမဆို ကြောက်ကြမှာပဲ...ဒါပေမဲ့သူက ခင်ဗျားရဲ့သေသွားတဲ့မိန်းမလေ...သူသေတာဖြင့်၅မိနစ်မရှိသေးဘူး ခင်ဗျားကအလောင်းကိုပစ်ဖို့လုပ်နေပြီ...ပြီးတော့ကျုပ်ကိုတောင်ခိုင်းလိုက်သေးတယ်...ခင်ဗျားမျက်လုံးထဲမှာ ကျုပ်ကိုငတုံးတစ်ယောက်လို့ထင်နေတာလား"

လော်ယွမ်ပြောပြီးသည်နှင့် သူ့ကိုတစ်ချက်ပင်မကြည့်တော့ပေ။ ဤသို့သောအောက်တန်းကျသည့် လူစားမျိုးကို တစ်ချက်ကြည့်ရုံဖြင့်ပင် ရွံရှာမိသည်။ သူနောက်လှည့်ကာထွက်သွားတော့သည်။

ထိုအမျိုးသားမှာ ရုတ်တရက်ကြောင်သွားပြီး မျက်နှာမှာနီလိုက်ပြာလိုက်ဖြစ်နေသည်။ သူပါးစပ်ဟကာ တစ်ခုခုပြောရန်ကြံရွယ်သော်လည်း တစ်ဖက်လူမှာ ဧည့်ခန်းမှထွက်ခွာသွားပြီဖြစ်သည်ကို တွေ့လိုက်ရသည်။

လော်ယွမ်တိုက်ခန်းသို့ဝင်သွားရာ ဟွမ်ကျားဟွေမှာ မီးဖိုချောင်တွင်ဆန်ဆေးနေပြီဖြစ်သည်။ သူအတွင်းသို့ဝင်ကာ လက်ဆေးလိုက်သည်။

"ဟိုဘက်အခန်းမှာ ဘာဖြစ်လို့လဲ" ဟွမ်ကျားဟွေက မေးလိုက်သည်။

"ဘာမှမဟုတ်ဘူး...ရွံစရာကိစ္စတစ်ခုနဲ့တွေ့လာတာ...ထားလိုက်တော့ အဲ့ကိစ္စမပြောတာအကောင်းဆုံးပဲ" လော်ယွမ်က ခေါင်းခါရင်းပြောလိုက်သည်။

ဟွမ်ကျားဟွေက ထိုမြင်ကွင်းကိုမြင်သောအခါ ဆက်မမေးတော့ပေ။

မကြာမီ လော်ယွမ်၏ထက်မြက်သောအာရုံက အပြင်ဘက်မှ လေးလံသောပစ္စည်းတစ်ခုမြေပေါ်ကျသံကို ကြားလိုက်ရသည်။ သူ၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီး တစ်ဖက်လူမှာ သူ၏ဇနီးအလောင်းကို တတိယထပ်မှပစ်ချလိုက်မည်ဟု မထင်ထားခဲ့ပေ။

...................

ယနေ့နေ့လယ်စာမှာ အတော်လေးရိုးရှင်းပြီး မုန်ညင်းချဉ်တစ်ပွဲနှင့် ဆားဘဲဥနှစ်လုံးသာဖြစ်သည်။ ဤအရာများမှာ လော်ယွမ် ကမ္ဘာမပျက်ခင်က ဝယ်ထားခြင်းဖြစ်ပြီး ထိုအချိန်က ဤသို့သောကြာရှည်ခံအစားအစာများစွာဝယ်ခဲ့ရာ ယခုထိအနည်းငယ်ကျန်ရှိနေသေးသည်။

မနေ့က လော်ယွမ်ယူဆောင်လာသော သန္ဓေပြောင်းသတ္တဝါ၏အသားမှာမူ ယခုကဲ့သို့သောနေ့ရက်များက အချိန်တိုအတွင်းပြီးဆုံးမည်မဟုတ်ဟုထည့်သွင်းစဉ်းစားပြီး ဆားနယ်သိပ်ထည့်ထားရာ ယခုစားသုံးရန်အချိန်မကျသေးပေ။

ယခင်ကအသား၊ငါးနေ့တိုင်း စားသုံးခဲ့သည်ကို ကျင့်သားရနေသောကြောင့် သူတို့က စားချင်စိတ်သိပ်မရှိကြပဲ တဝက်ခန့်သာစားနိုင်ခဲ့ကြသည်။ ဝမ်ရှီရှီမှာမူ ထမင်းလုပ်အနည်းငယ်စားပြီးနောက် မစားနိုင်တော့ပေ။

ညနေစောင်းခါနီးတွင် ဂျစ်ကားတစ်စီး အိမ်ရာတွင်ရပ်တန့်လာပြီး ကာကွယ်ရေးဝတ်စုံအပြည့်အစုံဝတ်ဆင်ထားကာ နောက်ကျောတွင်မီးသေနတ်များလွယ်ထားသော လက်နက်ကိုင်ရဲနှစ်ဦးဆင်းလာသည်။ ပေ၃၀ခန့်ရှည်သောမီးတန်းနှစ်ခုမှာ အိမ်ရာ၏ကွင်းပြင်တွင် အပြန်အလှန်ပစ်ခတ်နေပြီး ပြတင်းပေါက်မှတစ်ဆင့် လော်ယွမ်က သန္ဓေပြောင်းခြင်များ မကြာခဏတောင်ပံများလောင်ကျွမ်းကာ ကောင်းကင်မှပြုတ်ကျလာသည်ကို မြင်နေရသည်။

သို့သော်မီးသေနတ်၏အသုံးပြုနိုင်ချိန်မှာ အလွန်တိုတောင်းပြီး ဆယ်မိနစ်ခန့်သာကြာပြီး အိမ်ရာကိုတစ်ပတ်မပတ်ရသေးမီမှာပင် နောက်ကျောမှဆီပုံးထဲရှိဓာတ်ဆီများ ကုန်ဆုံးသွားပြီဖြစ်သည်။ အကယ်၍ ဟယ်တုံမြို့တစ်မြို့လုံးကို ရှင်းလင်း မည်ဆိုလျှင် လိုအပ်သည့်ဓာတ်ဆီမှာ အလွန်များပျားမည်ဖြစ်ပြီး ဟယ်တုံမြို့ရှိဓာတ်ဆီအားလုံးကို ထိုအတွက်သုံးစွဲလျှင်ပင် လုံလောက်မည်မဟုတ်ပေ။

ဆက်ရန်...

အပိုင်း(၆၂)ရိက္ခာပြတ်လပ်ခြင်း

သန္ဓေပြောင်းခြင်များပေါ်ပေါက်လာပြီးနောက် ခုနစ်ရက်ကြာသွားခဲ့ပြီဖြစ်သော်လည်း အခြေအနေမှာ အကောင်းဘက်သို့ရောက်မလာသေးဘဲ တစ်မြို့လုံးမှာ သက်မဲ့တစ္ဆေမြို့တော်တစ်မြို့ကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်နေပြီး လမ်းများပေါ်တွင် လူတစ်ယောက်၏အရိပ်အယောင်မျှပင်မရှိပေ။

"မေမေ...သား ဗိုက်ဆာတယ်" ငါးနှစ်၊ ခြောက်နှစ်အရွယ် ဝဝကစ်ကစ်ကလေးငယ်တစ်ဦးက သနားစဖွယ်ပြောလိုက်သည်။

"သားလေးလိမ္မာတယ်နော်...ခဏလေးစောင့်လိုက်ပါဦး...အခုကညစာစားချိန်မရောက်သေးဘူးလေ" ရှောင်ယွီ၏မိခင်က အားတင်းပြုံးကာပြောလိုက်သည်။

"ဒါပေမဲ့နေ့လည်တုံးက သားထမင်းမစားရဘူးလေ...အခုဗိုက်ဆာလို့နာတောင် နာနေပြီ" ရှောင်ယွီက မျက်နှာငယ်လေးဖြင့်ပြောရင်း သူ၏လက်ထဲမှ ဓာတ်ခဲမရှိတော့သော အဝေးထိန်းကားလေးကို မြေပြင်ပေါ်တွင် ဟိုဟိုဒီဒီတွန်းဆော့နေသည်။

ရှောင်ယွီ၏မိခင်မှာ မျက်လုံးများနီရဲလာပြီး ဟွမ်ဝေကိုတစ်ချက်ကြည့်လိုက်သည်။ ဟွမ်ဝေက သက်ပြင်းတစ်ချက်ချကာ ခေါင်းညိတ်ပြလိုက်သည်။ "ထားလိုက်တော့...ညစာပြင်လိုက်...ဒီညစောစောအိပ်ကြတာပေါ့"

"ရေး...ထမင်းစားရတော့မယ်" ရှောင်ယွီက အဝေးထိန်းကားကိုလွှင့်ပစ်ကာ ချက်ချင်းပင် ဝမ်းသာအားရအော်ဟစ်လိုက်သည်။

ရှောင်ယွီ၏မိခင်က သက်ပြင်းတစ်ချက်ချကာ ထရပ်လိုက်ပြီး အောက်ခြေတွင်သာကပ်နေတော့သော ဆန်အိတ်ဆီသို့လျှောက်သွားကာ ပန်းကန်လုံးငယ်တစ်လုံးစာကို ခြင်တွယ်လိုက်ပြီး ခဏစဉ်းစားကာ တစ်ဝက်ကိုပြန်ထည့်လိုက်သည်။ ထို့နောက် မီးဖိုချောင်သို့သွားကာ ဆန်ဆေးပြီး အိုးထဲသို့ထည့်လိုက်ပြီးနောက် ရေသုံးပန်းကန်လုံးအပြည့်ထည့်ကာ ဂက်စ်မီးဖိုကိုဖွင့်၍ စတင်ချက်ပြုတ်လိုက်သည်။

ယိမ်းနွဲ့နေသော မီးညွှန့်များကိုကြည့်ရင်း သူမ ကြောင်ငေးနေမိသည်။ ခဏအကြာတွင် သူမက ချွေးအနည်းငယ်ကိုသုတ်လိုက်ပြီး နံရံကိုမှီကာ ကုလားထိုင်ပေါ်သို့ ဖြည်းညင်းစွာထိုင်ချလိုက်သည်။

နာရီဝက်ခန့်အကြာတွင် သူမသည် ဆန်ပြုတ်သုံးပန်းကန်ကို စားပွဲပေါ်သို့ တစ်ပန်းကန်ချင်းစီချလိုက်ပြီး အားမရှိသောအသံဖြင့် "စားလို့ရပြီ"

ဟွမ်ဝေနှင့်သူ၏သားတို့လျှောက်လှမ်းလာကြပြီး စားပွဲပေါ်မှဆန်ပြုတ်ကိုမြင်သောအခါ ကြည်လင်နေသည်ကိုတွေ့လိုက်ရသဖြင့် သူ၏စိတ်ထဲတွင် ထိတ်လန့်သွားသည်။ "အိမ်မှာဆန်မရှိတော့ဘူးလား"

"၂ပြည်လောက်ပဲကျန်တော့တယ်...ဘယ်နှစ်ရက်ခံမလဲတောင်မသိဘူး" ရှောင်ယွီ၏မိခင်က လေးလံစွာသက်ပြင်းချလိုက်သည်။ "အခုအတတ်နိုင်ဆုံး...ခြွေတာမှဖြစ်မယ်"

ဟွမ်ဝေက ခေါင်းညိတ်ပြလိုက်ပြီး သူ၏မျက်နှာတွင် ခါးသီးသောအရိပ်အယောင်များထင်ဟပ်နေသည်။ ဤသည်မှာ ခြင်တွေပေါ်မလာခင်က ပေါင်နှစ်ဆယ်ဆန်တစ်အိတ် ဝယ်ထားခဲ့သောကြောင့်ပင်။ မူလက ဤသို့သောနေ့ရက်များ လျင်မြန်စွာပြီးဆုံးသွားမည်ဟု ထင်ခဲ့သော်လည်း အချိန်တစ်ရက်ပြီးတစ်ရက်ကုန်လွန်သွားသည်နှင့်အမျှ ဤနေရာတွင် သန္ဓေပြောင်းခြင်များမှာ ပို၍များပြားလာခဲ့သည်။

မိသားစုသုံးယောက်သည် အဖြစ်အပျက်စဖြစ်သည့်ရက်အနည်းငယ်တွင် ထမင်းမာအနည်းငယ်စားခဲ့ရသည်မှလွဲ၍ နောက်ပိုင်းတွင် နေ့တိုင်းဆန်ပြုတ်သာသောက်နေရသည်။ သံမဏိခန္ဓာကိုယ်ပင်ဖြစ်လင့်ကစား ဤသို့ဆက်သွားလျှင် ခံနိုင်တော့မည်မဟုတ်ပေ။ ငါးရက်မျှသာကြာသေးသော်လည်း သားဖြစ်သူသာ သိသိသာသာပိန်မသွားသည်မှလွဲ၍ သူတို့နှစ်ယောက်လုံးမှာ တစ်ဆခန့်ပိန်ကျသွားခဲ့သည်။ ထိုသို့ခြွေတာနေသည့်တိုင် ဆန်မှာကြာရှည်မခံနိုင်တော့မည်ကို မမျှော်လင့်ထားခဲ့ပေ။

ရှောင်ယွီသည် ဆန်ပြုတ်ကို အသံမြည်အောင်သောက်နေပြီး အရုပ်ကိုမူ ဘေးသို့လွှင့်ပစ်ထားခဲ့ပြီးဖြစ်သည်။ ဗိုက်ဆာနေသည့်အချိန်တွင် အစားဂျီးများသောကလေးပင်ဖြစ်လင့်ကစား စားစရာရှိလျှင် အရသာခံပြီး အားရပါးရစားနေပေလိမ့်မည်။

သူက သားဖြစ်သူ ဆန်ပြုတ်ပူနေသည်ကိုပင်မမှုဘဲ လောဘတကြီးစားနေသည်ကိုကြည့်ရင်း အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် "ခဏနေရင်ငါ တစ်ဘက်ခန်းက အကိုဝမ်ဆီမှာ ဆန်သွားတောင်းလိုက်မယ်"

"သူတို့မှာ ဆန်ရှိသေးလို့လား" ရှောင်ယွီ၏မိခင်က အလျင်အမြန်ပြောလိုက်ပြီး သူမ၏မျက်နှာတွင် မျှော်လင့်ချက်အရိပ်အယောင်များထင်ဟပ်နေသည်။

"သူတို့မှာရှိလောက်တယ်...ခြင်ကိစ္စမဖြစ်ခင်က သူတို့ဆန်တွေအများကြီး ဝယ်လှောင်ထားကြတာ...ခဏလေးနဲ့ကုန်ဦးမှာမဟုတ်ဘူး...အကိုဝမ်နဲ့ငါအရင်က နည်းနည်းရင်းနီးတာပဲ...သူ့ဆီကနည်းနည်းတောင်းလို့မရတောင် ဝယ်လို့တော့ရလောက်မှာပါ...ဈေးဘယ်လောက်ကြီးကြီး ငါဝယ်ခဲ့မယ်" ဟွမ်ဝေက နှစ်သိမ့်လိုက်သော်လည်း သူ၏စိတ်ထဲတွင်လည်း အာမမခံနိုင်ပေ။ ယခုအချိန်သည် ယခင်ကနှင့်မတူတော့။ ဤသို့သောအချိန်တွင် ဆန်သည် ရွှေထက်ပင်တန်ဖိုးရှိပြီး အသက်နှင့်ပင်တူနေသည်။ ဆွေမျိုး သို့မဟုတ် မိတ်ဆွေမဟုတ်လျှင် မည်သူမျှ ချေးငှားမည်မဟုတ်ချေ။

တကယ်တမ်းတွင် သူနှင့်အကိုဝမ်မှာ အချင်းချင်းသိကျွမ်းရုံသာဖြစ်ပြီး ယခင်က သူ့ကိုအာမခံတစ်ခုပင် ရောင်းချခဲ့ဖူး၏။ ထိုအရာကိုထည့်တွက်လျှင် ရန်ငြိုးပင်ရှိနေနိုင်သည်။ ယခုအချိန်တွင် အာမခံကုမ္ပဏီများမရှိတော့ရာ ယခင်ကအကိုဝမ်ဝယ်ခဲ့သောအာမခံပိုက်ဆံများမှာ ရေထဲသို့လွှင့်ပစ်လိုက်သကဲ့သို့ဖြစ်သွားပြီး သူ့ကိုဝယ်ရန်စည်းရုံးခဲ့သောသူက အဓိကတရားခံဖြစ်နေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

သူတပါးထံမှအကူအညီတောင်းခံရသည့်အခါ အမြဲတမ်းပို၍စဉ်းစားတတ်ကြသည်။ ဟွမ်ဝေသည် စိတ်ထဲတွင် အမျိုးမျိုးတွေးကာ ပူပန်သောကရောက်နေသည်။

သူက ဆန်ပြုတ်ကိုမှုတ်လိုက်ပြီး အနည်းငယ်အေးသွားသောအခါ သုံးလေးလုတ်ဖြင့် ဗိုက်ထဲသို့မျိုချလိုက်သည်။ မစားလျှင်တော်သေး၏၊ စားလိုက်သောအခါ ပို၍ပင်ဗိုက်ဆာလာသကဲ့သို့ခံစားရပြီး ဗိုက်ထဲမှ တဂွီဂွီမြည်လာကာ အစာအိမ်တစ်ခုလုံးမှာ ပင်လယ်လှိုင်းလုံးများကဲ့သို့ လှုပ်ခတ်နေပြီး တဆတ်ဆတ်နာကျင်နေသည်။ သူက ယခင်ကမည်သို့ပင်ဝိတ်ချသော်လည်း မကျဘဲ ယခုအခါတွင် တဖြည်းဖြည်းပျောက်ကွယ်သွားသော ရွှဲနေသည့်ဗိုက်ကိုပွတ်သပ်ရင်း ဖြည်းညင်းစွာထရပ်လိုက်သည်။ "ငါတစ်ဖက်အခန်းကို သွားမေးလိုက်ဦးမယ်"

သူက အင်္ကျီချိတ်ဆီသို့လျှောက်သွားကာ မိုးကာအင်္ကျီတစ်ထည်ကိုဝတ်ဆင်ပြီး မိုးကာဖိနပ်ကိုပါစီးလိုက်သည်။ နောက်ဆုံးတွင် ခဏစဉ်းစားကာ လျှပ်စစ်ဆိုင်ကယ်ဦးထုပ်တစ်လုံးကိုပါ ဆောင်းလိုက်သည်။ ဤပစ္စည်းများက သန္ဓေပြောင်းခြင်ကိုက်ခြင်းကို ကာကွယ်နိုင်မနိုင်ကို သူ မသိပေ။

"ရှင်သတိထားသွားနော်...မရလည်းမြန်မြန်ပြန်လာခဲ့" ရှောင်ယွီ၏မိခင်က စိုးရိမ်တကြီးပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး...သန္ဓေပြောင်းခြင်တွေက မိုးကာအင်္ကျီကိုမဖောက်နိုင်ဘူးလို့ အစိုးရကားနဲ့လိုက်ကြေငြာထားတယ်လေ" ဟွမ်ဝေက အားတင်းပြုံးလိုက်ပြီး အသက်ကိုပြင်းပြင်းတစ်ချက်ရှူသွင်းကာ တံခါးကိုဖွင့်လိုက်ပြီးနောက် အလျင်အမြန်ပြန်ပိတ်လိုက်သည်။

သူက စင်္ကြံကိုသတိကြီးစွာဖြင့်ကြည့်လိုက်ပြီး သန္ဓေပြောင်းခြင်များမရှိသည်ကိုတွေ့မှ တစ်ဖက်အိမ်တံခါးသို့ အမြန်လျှောက်သွားကာ ညင်သာစွာခေါက်လိုက်သည်။ "အကိုဝမ်...ရှိလား"

အသံသည် ဆိုင်ကယ်ဦးထုပ်ထဲမှထွက်လာသောကြောင့် အနည်းငယ်ပုံပျက်ကာ တိုးညှင်းနေသည်။

ဆယ်စက္ကန့်ကျော်အကြာတွင် တစ်ဖက်မှအသံထွက်လာသည်။ "ဘယ်သူလဲ"

"အကိုဝမ်...ကျွန်တော်ပါ...တစ်ဘက်ခန်းက ဟွမ်ဝေပါ" သူက အလျင်အမြန်ပြောလိုက်သည်။

"မင်းက မင်းမိန်းမနဲ့ခလေးနဲ့မနေပဲ ငါ့စီဘာလာလုပ်တာလဲ...သန္ဓေပြောင်းခြင်ကိုက်သေမှာ မကြောက်ဘူးလား" အကိုဝမ်၏အသံမှာ အနည်းငယ်နောက်ပြောင်နေသော်လည်း တံခါးဖွင့်ပေးမည့်အရိပ်အယောင်မှာ လုံးဝမရှိပေ။

ဟွမ်ဝေသည် ပြောရခက်သွားပြီး စက္ကန့်အနည်းငယ် ချိတုံ့ချိတုံ့ဖြစ်ပြီးနောက် ခက်ခဲစွာပြောလိုက်သည်။ "ကျွန်တော်လည်းမတတ်သာလို့ပါ...အိမ်မှာဆန်မရှိတော့ဘူးလေ...ဆန်ပြုတ်ပဲသောက်နေရတာ တော်တော်ကြာပြီ...အခုအကိုဝမ်စီက ဆန်နည်းနည်းလောက်ဝယ်ချင်လို့...ပိုက်ဆံကညှိလို့ရပါတယ်"

အကိုဝမ်၏ဇနီးသည် ထိုအချိန်တွင်လျှောက်လာပြီး သတိကြီးစွာဖြင့် အသံတိုးတိုးမေးလိုက်သည်။ "အဲ့ဟွမ်ဝေက ရှင့်ဆီကို ဘာလာလုပ်တာလဲ"

"သူက ဆန်ဝယ်ချင်လို့တဲ့...သူ့ကိုနည်းနည်းရောင်းပေးလိုက်ရမလား" အကိုဝမ်က အသံကိုနှိမ့်၍ပြောလိုက်သည်။

"အိုဘယ်ဖြစ်မှာလဲ...ကျွန်မတို့မှာလည်း သိပ်ကျန်တော့တာမဟုတ်ဘူး...ခုလိုရက်တွေက ဘယ်လောက်ကြာဦးမယ်မှန်း မသိဘဲနဲ့...ကျွန်မတို့ဆန်ကုန်သွားရင် ဘာစားမှာလဲ"

တစ်ဖက်မှ အသံတိုးတိုးဖြင့်ငြင်းခုံသံများ မထင်မရှားကြားနေရရာ ဟွမ်ဝေ၏စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး မကောင်းသောနိမိတ်ကို ခံစားလိုက်ရသည်။

"အ..ဟွမ်ဝေ...မင်းအရမ်းခက်ခဲနေလို့မဟုတ်ရင် အခုလိုလာမဝယ်မှန်းငါသိပါတယ်...ဒါပေမဲ့ငါတို့ဆီမှာလည်း ဆန်သိပ်မကျန်တော့ဘူးကွ...မိသားစုလေးယောက်နေ့တိုင်းစားနေရတော့ ဆန်ကိုအပိုကုန်ခံလို့မရဘူးဖြစ်နေတာ...တစ်ကယ်စိတ်မကောင်းပါဘူး...မင်းတခြားသူတွေကိုလိုက်မေးကြည့်ပါလား" အကိုဝမ်က အနေရခက်စွာပြောလိုက်သည်။

"ရတယ်..ရတယ်...ဘာမှမဖြစ်ဘူး...ခင်ဗျားမှာလည်းကိုယ့်အခက်အခဲနဲ့ကိုယ်ရှိမှန်း ကျွန်တော်နားလည်ပါတယ်" ဟွမ်ဝေက ခါးသီးသောမျက်နှာထားဖြင့် အလျင်အမြန်ပြောလိုက်သည်။

သူက ခဏရပ်နေပြီး သက်ပြင်းတစ်ချက်ချကာ အခန်းဆီသို့ပြန်လှည့်လာပြီး သော့ထုတ်ကာတံခါးဖွင့်ရန်ပြင်လိုက်စဉ် အတွင်းမှစကားပြောသံများကြားလိုက်ရသဖြင့် သူ၏လက်မှာ ရပ်တန့်သွားသည်။

"ဖေဖေဆန်သွားတောင်းတာ ဘယ်တော့ပြန်လာမှာလဲဟင်" သူ၏သားက ကြည်လင်သောအသံဖြင့်ပြောလိုက်သည်။

"ခဏနေပြန်လာမှာပါ...အဲ့ကျအမေတို့ ကောင်းကောင်းစားကြတာပေါ့"

"မွှေးပြီးအိတဲ့ထမင်းဖြူြုဖူလေးတွေ စားရမှာလားဟင်" သားဖြစ်သူ၏အသံတွင် မျှော်လင့်ချက်များအပြည့်ပါသည်။

"စားရမှာပေါ့" သူ၏ဇနီးအသံမှာ ခေတ္တရပ်တန့်သွားသည်။ "ဒါပေမဲ့ တစ်နပ်ပဲစားရမှာနော်"

"ရေး...ထမင်းဖြူဖြူလေးစားရတော့မယ်...ဒါပေမဲ့ဖေဖေကဘာလို့ပြန်မလာ သေးတာလဲ"

သူက ဖြည်းညင်းစွာထိုင်ချလိုက်ပြီး နံရံကိုမှီကာ ရင်ထဲမှခံစားချက်များကို ချုပ်တည်းထားရင်း ရှိုက်ငိုလိုက်မိသည်။ မကြာမီမှာပင် သူက ရုတ်တရက်ထရပ်လိုက်ပြီး အပေါ်ထပ်အလွှာသို့လျှောက်သွားတော့သည်။ ဤတိုက်ကြီးတွင် လူအများကြီးရှိရာ တစ်ယောက်မှမရောင်းဘဲနေမည်မဟုတ်ဟု သူ မယုံကြည်ပေ။

"၁၅၀...၁၅၁...၁၅၂..."

လော့ယွမ်သည် ဧည့်ခန်းထဲတွင် အဆက်မပြတ်ဒိုက်ထိုးနေသည်။ သူ၏အရှိန်မှာ အလွန်လျင်မြန်လှရာ တစ်စက္ကန့်လျှင် ငါးကြိမ်၊ ခြောက်ကြိမ်အထိရောက်ရှိနေပြီး သာမန်လူတစ်ယောက်အဖို့ အရိပ်ယောင်တစ်ခုကိုသာ မြင်နိုင်ပေလိမ့်မည်။ ချွေးများမှာ သူ၏အပေါ်ပိုင်းဗလာကျင်းနေသောကျောကုန်းမှ အဆက်မပြတ်စီးကျနေပြီး ဖြူဝါသောအသားရေမှာ ဆီသုတ်လိမ်းထားသကဲ့သို့ပြောင်လက်နေ၏။ သို့သော် သူ၏လှုပ်ရှားမှုမှာ လုံးဝမရပ်တန့်ဘဲ အရှိန်ပြင်းစွာလည်ပတ်နေသော စက်တစ်ခုကဲ့သို့ မြန်ဆန်ပြီး တိကျလှသည်။

သူ၏နောက်ဘက်တွင် တောင်ပံနှစ်စုံကဲ့သို့သော ကြွက်သားများမှာ လှုပ်ရှားမှုနှင့်အတူ တစ်ချက်ကျုံ့၊ တစ်ချက်ဆန့်ဖြစ်နေပြီး အခြားကျဉ်းမြောင်းသေးငယ်သောကြွက်သားများကိုပါ ဆွဲယူကာ ရှုပ်ထွေးပြီးသိပ်သည်းသော ကြွက်သားအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းထားသည်။

ဝမ်ရှီရှီသည် နံရံထောင့်တွင်ရပ်ကာ လော့ယွမ်ကို တိတ်တဆိတ်ကြည့်နေသည်။ သူမသည် ယခုအခါတွင် စိတ်ကစားတတ်သော အရွယ်ဖြစ်ရာ ဆန့်ကျင်ဘက်လိင်၏ခန္ဓာကိုယ်အပေါ် စူးစမ်းချင်စိတ်ရှိသလို အနည်းငယ်ရှက်ရွံ့နေသည်။ ထို့အပြင် တစ်ခါတစ်ရံ လော့ယွမ်၏အိပ်ခန်းထဲမှထွက်ပေါ်လာတတ်သော မျက်နှာပူစရာနှင့် ရင်ခုန်ဖွယ်အသံများကြောင့် သူမ၏စပ်စုစိတ်မှာ ပို၍ပင်ပြင်းထန်လာခဲ့သည်။ သူမကတစ်ချက်ဝေ့ကြည့်လိုက်ပြီး သတ္တိမွေးကာ ဧည့်ခန်းသိုဝင်လာပြီး ဘာမှမဖြစ်သကဲ့သို့ လော့ယွမ်အနားသို့လျှောက်လာသည်။

ထိုအချိန်တွင် လော့ယွမ်မှာ ရပ်တန့်သွားပြီး မောဟိုက်စွာအသက်ရှူနေသည်။ သူက သဘက်တစ်ထည်ကိုယူကာ ချွေးသုတ်ပြီးနောက် ရေချိုးခန်းသို့သွားရန်ပြင်လိုက်သည်။

"ကိုကြီးယွမ်...ဒိုက်မထိုးတော့ဘူးလား" ဝမ်ရှီရှီက အံ့ဩဟန်ဆောင်ကာ လော့ယွမ်၏ခန္ဓာကိုယ်ကို စိုက်ကြည့်နေသည်။

"အင်း" လော့ယွမ်မှာ မောဟိုက်လွန်း၍ စကားပင်မပြောနိုင်တော့ပေ။ ဤသို့ပြင်းထန်သောလေ့ကျင့်ခန်းက သူ၏ခံနိုင်ရည်ကို အလွန်စမ်းသပ်နေပြီး တစ်မိနစ်ပင်မပြည့်မီ သက်လုံများကုန်ခမ်းသွားခဲ့သည်။ သို့သော် အစပိုင်းရက်များတွင် သူက အရှိန်အပြည့်ဖြင့် အကြိမ်တစ်ရာ့ခုနစ်ဆယ်သာလုပ်နိုင်ခဲ့သော်လည်း ယခုအခါတွင် အကြိမ်နှစ်ရာအထိလုပ်နိုင်နေပြီဖြစ်သည်။ ဤအချိန်အတောအတွင်း သူ၏တိုးတက်မှုမှာ မသိသာလှဟုမဆိုနိုင်ပေ။

အကောင်းဆုံးလေ့ကျင့်ခန်းနည်းလမ်းကတော့ တာတိုပြေးခြင်းဖြစ်ပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် ခွေးတစ်ကောင်ကဲ့သို့မောဟိုက်သွားစေရန် အာမခံနိုင်သည်။ သို့သော် ယခုအချိန်သည် နေ့ခင်းဖြစ်နေသေးပြီး လမ်းပေါ်တွင်လူမရှိသော်လည်း တစ်စုံတစ်ယောက်က သတိပြုမိနိုင်ပေသည်။ သူက အပြင်ဘက်တွင် အရမ်းပြေးလွှားပြီး ဆင့်ကဲပြောင်းလဲသူဟု အထင်ခံရကာ ပြဿနာများဖြစ်ပွားမည်ကို မစွန့်စားရဲပေ။

သူ၏သက်လုံမှာ အခြားအရည်အသွေးအားလုံးတွင် အားနည်းချက်ဖြစ်ပြီး ချို့ယွင်းချက်ရှိသော စက်တစ်ခုကဲ့သို့ ဆယ့်ငါးစက္ကန့်ခန့်သာ အားကုန်လည်ပတ်နိုင်ပြီးနောက် ရပ်တန့်သွားကာ သူ၏စွမ်းရည်ကို ပြင်းထန်စွာကန့်သတ်ထားသည်။ ထို့ကြောင့် နေ့ခင်းဖြစ်စေ၊ ညဘက်ဖြစ်စေ၊ ခွန်အားပြန်ပြည့်သည်နှင့် သူ၏သက်လုံကို လေ့ကျင့်နေခဲ့သည်။

အပြင်ဘက်မှသန္ဓေပြောင်းခြင်များသည် သာမန်လူတစ်ယောက်အတွက် ခြိမ်းခြောက်မှုဖြစ်သော်လည်း ဓားသိုင်းကျွမ်းကျင်မှုအဆင့်သို့ရောက်ရှိနေသူတစ်ဦးအတွက်မူ အနားကပ်ရန်ပင်ခက်ခဲလှသည်။ သူက စိတ်ကူးထဲက ရန်သူကို ဖန်တီးပြီး စိတ်စွမ်းအားကို စုစည်းသည့်အခြေအနေသို့ဝင်ရောက်သွားသည်နှင့် ပတ်ဝန်းကျင်မှာ လုံးဝတိတ်ဆိတ်သွားပြီး ပိုးမွှားများမှာ ဆုတ်ခွာသွားကြသည်။ တစ်ခါတစ်ရံ ကံဆိုးသောသန္ဓေပြောင်းခြင်အချို့သည် အလွန်နီးကပ်သွားသောကြောင့် တောင့်တောင့်ကြီးမြေပြင်ပေါ်သို့ပြုတ်ကျသွားပြီး သူ၏သတ်ဖြတ်လိုစိတ်၏ရိုက်ခတ်မှုကြောင့် အသက်ထွက်သွားရသည်။

ထိုညက စိတ်စွမ်းအင်ကို လက်တွေ့အဖြစ်သို့ အောင်မြင်စွာပြောင်းလဲပြီးနောက် သူက ညတိုင်းအပြင်ဘက်တွင်သာ ကုန်ဆုံးခဲ့သည်။ ထိုပါးလွှာသောဇာပုဝါလေးကဲ့သို့ပေါ့ပါးသည့် အလင်းရောင်ကို ဓားရောင်ခြည်ဟု ယာယီနာမည်ပေးထားပြီး အစွမ်းမှာအံ့ဩဖွယ်ကောင်းသော်ငြား သူ၏ယခုအခြေအနေဖြင့်မူ တကယ့်တိုက်ပွဲတွင် အသုံးဝင်မှုသိပ်မရှိလှပေ။

အဘယ်ကြောင့်ဆိုသော် ပြင်းထန်သောတိုက်ပွဲတွင် သင့်ကို စိတ်စွမ်းအင်စုစည်းရန် အချိန်ပေးမည့်သူမရှိသောကြောင့်ပင်။

ယခင်တစ်ခေါက်က ဒေါသဖွတ်နဂါးကိုရှင်းလင်းနိုင်ခဲ့ခြင်းမှာ မြေအနေအထားနှင့် လူအခြေအနေတို့ကြောင့်သာဖြစ်ပြီး ထိုအချိန်က ဧရာမသားရဲကြီးသည် ပေါက်အားပြင်းဗုံးနှင့် အလင်းဗုံးတို့ကြောင့် မူးဝေနေပြီး မြေပြင်ပေါ်တွင်လဲကျကာ ခဏတာမထနိုင်တော့သည့် အချိန်တွင် လော့ယွမ်က အခွင့်အရေးကို တိကျစွာဖမ်းဆုပ်နိုင်ခဲ့ပြီး ပြေးလွှားနေစဉ်တွင် စိတ်ကိုတစ်နေရာတည်းတွင်စုစည်းကာ အရှိန်အဝါကိုဖြည်းညင်းစွာစုစည်းခဲ့သောကြောင့်သာ တစ်ချက်တည်းဖြင့်အောင်မြင်ခဲ့ခြင်းဖြစ်သည်။

သို့သော် အကယ်၍ပြိုင်ဘက်က ဤတိုက်ခိုက်မှုကိုရှောင်တိမ်းလိုက်ပါက သို့မဟုတ် ဤတိုက်ခိုက်မှုက သေစေလောက်ခြင်းမရှိပါက စည်းချက်ပြတ်သွားမည်ဖြစ်ပြီး တစ်ခုတည်းကိုသာအာရုံစိုက်သည့်စိတ်မရှိတော့ပါက စိတ်စွမ်းအင်ကိုလည်း ထပ်မံစုစည်းနိုင်တော့မည်မဟုတ်ပေ။

သူလုပ်ရမည်မှာ ဤစိတ်စွမ်းအင်စုစည်းမှုအရှိန်ကို တဖြည်းဖြည်းမြန်ဆန်အောင်လုပ်ဆောင်ရန်ဖြစ်ပြီး မူလဆယ့်ငါးစက္ကန့်မှ စက္ကန့်အနည်းငယ်သို့၊ ထို့နောက်တစ်စက္ကန့်သို့ ရောက်ကာနောက်ဆုံးတွင် စိတ်စေလိုက်သည်နှင့် စိတ်စွမ်းအင်စုစည်းနိုင်သည့်အထိဖြစ်သည်။ သို့သော်တစ်ကယ်မရှိသည့်ရန်သူကို ဖန်တီးပြီး မိမိကိုယ်ကို စိတ်သွင်းလေ့ကျင့်နေခြင်းကြောင့်လည်းဖြစ်နိုင်သည် အမြဲတမ်းလက်တွေ့မကျသောခံစားချက်တစ်ခုရှိနေပြီး လူကိုကိုယ်ရောစိတ်ပါတုန်လှုပ်စေသော တကယ့်ခြိမ်းခြောက်မှုကို မပေးနိုင်ပေ။ ဤရက်ပိုင်းလေ့ကျင့်မှု၏အကျိုးသက်ရောက်မှုမှာ အားရစရာမကောင်းလှပေ။

ဆက်ရန်...

အပိုင်း(၆၃)ဝမ်ရှီရှီ၏တောင်းဆိုမှု

"မွှေးလှချည်လား...နင့်အမဟွမ် မီးဖိုချောင်မှာ ဘာတွေချက်နေတာလည်း မသိဘူး" လော်ယွမ်က စားချင်စိတ်ကို နှိုးဆွပေးသော အနံ့တစ်ခုကို ရှူရှိုက်မိရင်း မေးလိုက်သည်။

"ဆေးဘဲဥနဲ အသားဆန်ပြုတ်လေ...အရင်တခါကချက်တုံးက သူဆားထည့်တာများပြီး အရမ်းငန်တူးသွားလို့ အခုဆန်ပြုတ်ထဲ ထည့်ချက်နေတာ" ဝမ်ရှီရှီက ပြောသည်။

"အော်... အဆင့်သုံး သန္ဓေပြောင်းသတ္တဝါအသား ထည့်ထားတာကိုး...ဒါကြောင့်အဲ့လောက်မွှေးနေတာ" လော်ယွမ်က ပြောလိုက်သည်။

ဟွမ်ကျားဟွေ၏ အချက်အပြုတ်ပညာမှာ ကျိုးယလီနှင့် လုံးဝမယှဉ်နိုင်ပေ။ အလွန်ဆုံးပြောရလျှင် အစားအစာကို ကျက်အောင်ချက်နိုင်ပြီး ဆန်ကို နူးအောင်ပြုတ်နိုင်ရုံသာဖြစ်သည်။ အရသာအတွက်မူ မျိုချ၍ရရုံသာဟု ဆိုရပေမည်။ ကျိုးယလီအကြောင်း တွေးမိသောအခါ သူ၏စိတ်နှလုံးသည် မထိန်းနိုင်ဘဲ ညှိုးငယ်သွားသည်။ ကျိုးယလီ ယခု မည်သို့ဖြစ်နေသည်ကို သူ မသိပေ။ ဖြစ်နိုင်ခြေအများဆုံးကတော့...

"ကိုကြီးယွမ်...ညစာစားဖို့အချိန်လိုသေးတယ်ဆိုတော့...သမီးကိုတစ်ခုလောက် ကူညီပေးလို့ရမလား" ဝမ်ရှီရှီက ချိုသာသောအသံဖြင့် ပြောလိုက်သည်။

"ဘာကို ကူညီရမှာလဲ" လော်ယွမ်က အတွေးထဲမှ ပြန်ထွက်လာပြီး အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်သည်။

ဝမ်ရှီရှီက မီးဖိုချောင်ဘက်သို့ ခိုးကြည့်လိုက်ပြီး လော်ယွမ်ကို တိုးတိုးလေးပြောလိုက်သည်။ "ဒီမှာမပြောပြပါဘူး...သမီးအခန်းထဲလိုက်ခဲ့"

လော်ယွမ်က မည်သည့်သံသယမှမရှိဘဲ ခေါင်းညိတ်လိုက်ပြီး သူမ၏ အိပ်ခန်းထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လိုက်သည်။ သို့သော် အခန်းထဲတွင် အထူးအဆန်းဟူ၍ ဘာမှမရှိပေ။ ယခုလိုအချိန်အခါတွင် မိန်းကလေးတစ်ဦး၏ ဝါသနာကို ဖြည့်ဆည်းပေးရန် အပိုပစ္စည်းများ မရှိတော့ပေ။ အခန်း၏အပြင်အဆင်သည် ငှားရမ်းစဉ်ကအတိုင်းပင် ဖြစ်ပြီး ကုတင်ခေါင်းရင်းတွင် မီးခိုးရောင်ဝက်ဝံရုပ်လေးတစ်ရုပ်သာ ပိုလာသည်။ သူမ ထိုအရုပ်ကို ဘယ်ကကောက်လာသည်ကိုတော့ မသိပေ။

လော်ယွမ် ဝင်လာပြီးနောက် ဝမ်ရှီရှီသည် သူခိုးလူမိသလို စိတ်မလုံမလဲဖြစ်ကာ တံခါးကိုပိတ်လိုက်သည်။ သူမ၏လှပသောမျက်နှာလေးသည် နီရဲသွားပြီး ရှက်ရွံ့မှုကိုဖုံးကွယ်ရန် ခေါင်းကိုငုံ့ထားလိုက်သည်။ ထို့နောက်အဝတ်ဘီရိုရှေ့သို့သွားကာ ခဏမျှရှာဖွေပြီးနောက် မတ်တပ်ပြန်ရပ်လိုက်သည့်အခါ သူမ၏လက်ထဲတွင် အဖြူရောင်နှင့် ပန်းရောင် ဘရာနှစ်ထည် ပါလာသည်။

လော်ယွမ်က သူမ၏လက်ထဲမှ ပစ္စည်းကိုမြင်လိုက်သည်နှင့် သူ၏ရင်ထဲတွင် တဒိန်းဒိန်းခုန်သွားပြီး မျက်နှာသည် အနည်းငယ် အနေရခက်သွားသည်။

ဝမ်ရှီရှီက ပထမဆုံးတွေ့ဆုံစဉ်ကလို ဘာမျှနားမလည်သေးသည့် ကလေးမလေးတစ်ယောက် မဟုတ်တော့ချေ။ ဤအချိန်အတောအတွင်း သူမ၏အရပ်က ၂လက်မခန့် ရှည်ထွက်လာပြီး ခန္ဓာကိုယ်သည်လည်း လျင်မြန်စွာ ဖွံ့ဖြိုးလာသည်။ ရင်သားများက သိပ်မကြီးသော်လည်း အတိုင်းအတာတစ်ခုအထိ ဖွံ့ဖြိုးနေပြီဖြစ်သည်။ သူမက ခလေးမလေးအရွယ်မှ အပျိုဖော်ဝင်စအရွယ်သို့ ကြီးပြင်းလာခဲ့ပြီဖြစ်သည်။

ဝမ်ရှီရှီက လော်ယွမ်ကို ခိုးကြည့်လိုက်ပြီး ရှက်ရွံ့စွာဖြင့် တိုးတိုးလေးပြောလိုက်သည်။ "သမီးဒီဘရာတွေကိုဝတ်နေတာ လဝက်ကျော်ပြီ...သူတို့ကနည်းနည်း ပြဲချင်နေပြီ...အသစ်ဝယ်ရင်လည်း အလကားပိုက်ဆံဖြုန်းသလိုဖြစ်နေမှာ...ကိုကြီးရဲ့ပေါင်းစပ်အစွမ်းနဲ့ သမီးဟာကိုအဆင့်မြှင့်ပေးပါလားဟင်"

"ငါတို့မှာပိုက်ဆံမရှိတာမှ မဟုတ်တာ...ခြွေတာနေဖို့မလိုပါဘူး...နောက်မှငါတို့အသစ်ဝယ်ကြတာပေါ့...ပြီးတော့ နင့်ရဲ့...ဟာတွေကကြီးလာဦးမှာဆိုတော့...လောလောဆယ် အသစ်မလိုသေးပါဘူး"

"ဟာ...ဆိုင်ကဟာတွေက ပေါင်းစပ်ထားတာလောက်မကောင်းဘူး...သမီးအမဟွမ်ရဲ့ဟာကို ကိုင်ကြည့်တာ ချောမွတ်နေတာပဲ...အရမ်းလည်းသက်သောင့်သက်သာရှိပြီး လေဝင်လေထွက်လည်းကောင်းတယ်...အနက်ရောင်လေးကလည်းအရမ်းလှတယ်...ကိုကြီးသမီးကိုပေါင်းစပ်ပေးရမယ်" ဝမ်ရှီရှီက တိုးညင်းစွာပြောလိုက်သော်လည်း သူမ၏လေသံထဲတွင် အနည်းငယ် မနာလိုဖြစ်နေသော အရိပ်အယောင်များ ပါဝင်နေသည်။

လော်ယွမ်မှာ ခေါင်းကိုက်သွားပြီး သူမ၏အတွေးကို ဘယ်လိုဖျောက်ပစ်ရမည်မသိ ဖြစ်နေသည်။

လော်ယွမ်က ဆင့်ကဲပြောင်းလဲသူဖြစ်ကြောင်း သိရှိပြီးနောက် သူက သူတို့နှစ်ဦးအား အပြာရောင်အဆင့်ပစ္စည်းတစ်စုံစီ ပေါင်းစပ်ဖန်တီးပေးခဲ့သည်။ သို့သော် ဟွမ်ကျားဟွေက ဝမ်ရှီရှီထက်ပို၍ ထူးခြားသောအချက်မှာ အဖြူရောင်အဆင့် အတွင်းခံနှစ်စုံ ပိုရလိုက်ခြင်းပင်ဖြစ်သည်။ အပြာရောင်သန္ဓေပြောင်းသတ္တဝါ၏ အတောင်ဖြင့်ပြုလုပ်ထားသော ပစ္စည်းသည် မည်သည့်အဝတ်အစားနှင့်မျှ နှိုင်းယှဉ်၍မရပေ။ အတောင်တစ်ချောင်း၊ နှစ်ချောင်းမျှသာ ထည့်သွင်းထားသော်လည်း ဟွမ်ကျားဟွေသည် ထိုအတွင်းခံကို ဝတ်ဆင်ပြီးနောက် အခြားမည်သည့်အတွင်းခံကိုမျှ မဝတ်တော့ပေ။

ဝမ်ရှီရှီသည်လည်း ထိုကဲ့သို့လိုချင်နေမည်ဟု သူမထင်ထားခဲ့ပေ။

"ဒါက...မသင့်သော်ဘူးလေ...ဘယ်လိုပဲပြောပြော အတွင်းခံဆိုတာ သီးသန့်ပစ္စည်းတစ်ခုပဲ ဘယ်လိုလုပ်တခြားယောက်ျားလေးတစ်ယောက်က ကိုင်လို့ဖြစ်မှာလဲ" လော်ယွမ်က စဉ်းစားပြီးနောက် နောက်ဆုံးတွင် အကြောင်းပြချက်တစ်ခု ရှာတွေ့လိုက်သည်။

"ကိုကြီးယွမ်ကလည်း သမီးတောင်ဂရုမစိုက်တာကို ကိုကြီးကဘာတွေစိတ်ပူနေတာလဲ" ဝမ်ရှီရှီက သတ္တိမွေးကာ လော်ယွမ်၏မျက်လုံးများကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ "သမီး...အမဟွမ်ကိုလည်းမပြောပါဘူး"

"နင်မပြောလည်းသူသိမှာပဲ...နင့်အဝတ်တွေမလှမ်းဘဲထားမယ်ဆိုရင်တော့ တစ်မျိုးပေါ့" လော်ယွမ်က မသက်မသာ ပြုံးရင်းပြောလိုက်သည်။

"ဒါဆိုဘယ်လိုလုပ်ရမလဲဟင်...သမီးအမဟွမ်ကို သွားတောင်းပန်ရမလား" လော်ယွမ်၏ အခက်တွေ့နေသော မျက်နှာကိုမြင်သောအခါ ဝမ်ရှီရှီ၏မျက်နှာတွင် ဂုဏ်ယူသော အပြုံးတစ်ခု ပေါ်လာသည်။

"ထားလိုက်တော့...နင့်ဟာတွေငါ့အရင်ပေးထား" လော်ယွမ်က ကလေးမလေးတစ်ယောက်ရှေ့တွင် သိက္ခာမကျချင်သောကြောင့် ခေါင်းကိုက်စွာဖြင့်ပင် သဘောတူလိုက်ရသည်။

ဝမ်ရှီရှီက "ရေး" ဟု ခပ်တိုးတိုး အောင်ပွဲခံလိုက်ပြီး ဘရာနှစ်ထည်ကို လော်ယွမ်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ သူက အလျင်အမြန်ပင် ၎င်းတို့ကို ဘောင်းဘီအိတ်ထဲသို့ ထိုးထည့်လိုက်ပြီး အခန်းထဲမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ထိုအခါဝမ်ရှီရှီက ထပ်ပြော၏။ "ကိုကြီးယွမ်ခဏလေး...သမီးမှာပင်တီလေးတွေလည်းရှိသေးတယ်...သူတို့ကိုလည်းပေါင်းစပ်ပေးပါနော်"

အစပျိုးမိပြီးမှတော့ လော်ယွမ်လည်း ငြင်းဆန်ရန် မကောင်းတော့ပေ။ ကျူးလွန်ပြီးမှတော့ ထပ်ကျူးလွန်ရမှာ ကြောက်မနေတော့ဘူးဟုသာ သူတွေးလိုက်သည်။ သူက ဇာပုဝါကဲ့သို့ ပါးလွှာသော ပင်တီနှစ်ထည်ကို လက်ထဲတွင် တစ်လုံးတည်းဖြစ်အောင် ဆုပ်ချေကာ အခြားဘောင်းဘီအိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ပြီး သူခိုးလူမိသလို စိတ်မလုံမလဲဖြင့် ဝမ်ရှီရှီ၏အိပ်ခန်းထဲမှ အမြန်ထွက်ခွာလာခဲ့သည်။

လော်ယွမ်က သူ၏အိပ်ခန်းထဲသို့ ဝင်ရောက်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက ဘောင်းဘီအိတ်ကပ်ထဲမှ ဘရာနှင့် ပင်တီများကို ထုတ်ယူလိုက်သည်။ သူ၏စိတ်သည် လှုပ်ရှားသွားပြီး ပင်တီတစ်ထည်ကို ဆွဲယူလိုက်သည်။ ၎င်းကဖြူစင်သောအရောင်၊ သေးငယ်လှပသောပုံစံနှင့် နူးညံ့သောရနံ့သင်းသင်းလေး ထုတ်လွှတ်နေသလိုပင်။

သူက မိမိကိုယ်ကို အနည်းငယ် စိတ်ဖောက်ပြန်နေသလားဟု ခံစားလိုက်ရပြီး လက်ထဲမှ ပင်တီကို အလျင်အမြန် ချထားလိုက်သည်။ ထို့နောက် အဝတ်ဘီရိုရှေ့သို့သွားပြီး အံဆွဲတစ်ခုကို ဖွင့်လိုက်ရာ အတွင်းတွင် အံဆွဲတစ်ဝက်ခန့် အတောင်များဖြင့် ပြည့်နေသည်။ ယခင်ကအလွန်အကျွံသုံးဆွဲပြီးနောက်တွင် ဇီးကွက်နက်၏အတောင်များသည် အချောင်းသုံးဆယ်ပင် မပြည့်တော့ပေ။ သို့သော် အများစုမှာ အမြီးပိုင်းမှ ရှည်လျားသော အတောင်များဖြစ်သည်။

သူက အတောင်အနည်းငယ်ကို ရွေးထုတ်ပြီး မတ်တပ်ထရပ်ရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံက လော်ယွမ်၏နားထဲတွင် မိုးကြိုးပစ်သံကဲ့သို့ မြည်ဟည်းသွားသည်။

သူက ဆတ်ခနဲ တုန်သွားပြီး ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် တစ်ချက်ယိမ်းထိုးသွားပြီး ပေအနည်းငယ်အကွာအဝေးသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားရာ လေမတိုက်သော အခန်းထဲတွင် အလိုအလျောက် လေပွေတစ်ခု ဖြစ်ပေါ်လာသည်။ သူ ကုတင်ရှေ့သို့ ရောက်သည့်အချိန်တွင် အိပ်ခန်းတံခါးသည် တွန်းဖွင့်ခံလိုက်ရပြီး လူတစ်ယောက်၏ ပုံရိပ်က ဝင်ရောက်လာသည်။

မျက်တောင်တခတ် အချိန်လေးအတွင်းမှာပင် လော်ယွမ်၏လက်သည် အရိပ်တစ်ခုသဖွယ် လှုပ်ရှားသွားပြီးနောက် ပြန်လည်ကြည်လင်လာသည့်အခါ ကုတင်ပေါ်မှ အတွင်းခံများက မျက်လှည့်ပြလိုက်သကဲ့သို့ ပျောက်ကွယ်သွားပြီဖြစ်သည်။

သူ သတိပြန်ဝင်လာမှ တံခါးခေါက်သံမှာ သူ့အိပ်ခန်းတံခါးမှမဟုတ်ဘဲ အပြင်ဘက်မှဖြစ်ကြောင်း သိလိုက်ရသည်။

"ငါဘာတွေ မလုံမလဲဖြစ်နေတာလဲဟ...ဂဲကိုကြောက်တဲ့စာသူငယ်လိုဖြစ်နေတယ်" လော်ယွမ်က သက်ပြင်းချလိုက်သည်။

ဆက်ရန်...

အပိုင်း(၆၄)စည်းမျဉ်းဥပဒေပျက်သုန်းခြင်း

"ဘယ်သူလာတာလဲမသိဘူး...တံခါးသွားဖွင့်လိုက်ဦးမယ်" လော်ယွမ် အိပ်ခန်းထဲမှ ထွက်လာသည်။

သူတံခါးမကြီးကို ဖွင့်လိုက်သောအခါ ရုတ်တရက်ကြောင်သွားသည်။ "ခင်ဗျားက... ဟွမ်ဝေမလား"

လော်ယွမ်ကို မှတ်ဉာဏ်မကောင်းဟု အပြစ်တင်၍မရပေ။ တစ်ဖက်သား၏ ပြောင်းလဲမှုမှာ အလွန်ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ လွန်ခဲ့သော တစ်ပတ်က သူက ဝဝဖိုင့်ဖိုင့်အမျိုးသားတစ်ဦးဖြစ်ခဲ့သော်လည်း ယခုအခါ မော်ဒယ်တစ်ယောက်၏ ကိုယ်လုံးကိုယ်ပေါက်သို့ ပြောင်းလဲစပြုနေပြီဖြစ်သည်။ ထို့အပြင် သူ၏မျက်နှာမှာ ဖြူဖျော့နေပြီး အားနည်းသောပုံစံ ပေါက်နေသည်။

ဟွမ်ဝေသည်လည်း လော်ယွမ် တံခါးကို တန်းပြီးလာဖွင့်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ ဤလမ်းတစ်လျှောက် အကူအညီတောင်းခဲ့သည်မှာ အကြိမ်အနည်းငယ်ရှိပြီဖြစ်သော်လည်း ဤသို့သောအခြေအနေနှင့် ပထမဆုံးကြုံတွေ့ရခြင်းဖြစ်သည်။ သူ၏စိတ်ထဲတွင် လေးစားမှုခံရသလို ခံစားလိုက်ရသည့်တိုင် လော်ယွမ်၏ ရဲရင့်မှုအပေါ်တွင်လည်း အံ့ဩသွားမိသည်။ စင်္ကြံလမ်းတွင် သန္ဓေပြောင်းခြင်များကို မတွေ့ခဲ့သော်လည်း မည်သည့်မတော်တဆမှ မဖြစ်ရန်အတွက် သူ ဧည့်ခန်းထဲသို့ အမြန်ဝင်ရောက်ကာ ဆိုင်ကယ်ဦးထုပ်ကို ချွတ်လိုက်ပြီး အသံတိုးတိုးဖြင့် တောင်းပန်သောအပြုံးဖြင့် ပြောသည်။ "ဟုတယ်...ကျွန်တော်ကဟွမ်ဝေပါ...အရင်ကဆံပင်ညှပ်ဆိုင်မှာဆုံဖူးတယ်လေ...ခင်ဗျားကမှတ်ဉာဏ်ကောင်းတာပဲ"

"ခင်ဗျားလာတာ ကိစ္စရှိလို့လား" လော်ယွမ်က တံခါးမကြီးကို ပိတ်လိုက်ပြီး တိုက်ရိုက်မေးလိုက်သည်။ သူ၏စိတ်ထဲတွင်မူ အဖြစ်နိုင်ဆုံးအရာကို ခပ်ရေးရေး ခန့်မှန်းမိနေသည်။

ဟွမ်ကျားဟွေက လူသံကြား၍ မီးဖိုချောင်ထဲမှ ထွက်လာသည်။ သူမ ဟွမ်ဝေကို တစ်ချက်ကြည့်ကာ လော်ယွမ်ကို ပြောသည်။ "ရှင့်သူငယ်ချင်းလား"

"ငါတို့တလောကမှ တွေ့ဖူးတာလေ...သူကအပေါ်ထပ်မှာနေတာ ဟွမ်ဝေတဲ့" လော်ယွမ်က ခေါင်းညိတ်လိုက်ပြီး ဟွမ်ကျားဟွေကို ညွှန်ပြကာ ပြောသည်။ "ဒါကကျွန်တော့်ကောင်မလေး ဟွမ်ကျားဟွေ"

ဤသည်မှာ လော်ယွမ် သူမကို ကောင်မလေးအဖြစ် အခြားသူများအား ပထမဆုံးအကြိမ် မိတ်ဆက်ပေးခြင်းဖြစ်သည်။ ဟွမ်ကျားဟွေ၏ စိတ်ထဲမှ ဝမ်းသာသွားသော အမူအရာမှာ သူမ၏ မျက်နှာပေါ်တွင် တိုက်ရိုက်ပေါ်လွင်သွားသည်။ သူမ၏ မျက်နှာတွင် နွေးထွေးသော အပြုံးပန်းများ ဖူးပွင့်လာသည်။ "လော်ယွမ်ရဲ့မိတ်ဆွေဆိုတော့ အားနာစရာမလိုဘူး ကိုယ့်အိမ်လိုသဘောထားနော်...ထမင်းရောစားပြီးပြီလား...တစ်ခါတည်းစားသွားပါလား...အခြေအနေကမကောင်းတော့...ဟင်းကောင်းကောင်းတော့မရှိဘူး ဒီနေ့ကျွန်မတို့လည်းဆန်ပြုတ်စားကြမှာ"

"ရတယ်ရတယ်...ခင်ဗျားတို့က တော်တော်ဖော်ရွေတာပဲ" ဟွမ်ဝေက မျှော်လင့်မထားသော ဧည့်ဝတ်ကျေပွန်မှုကို ရရှိလိုက်သဖြင့် အံ့အားဝမ်းသာစွာ ပြောလိုက်ပြီး သူ၏ တွန့်ချိုးနေသော မျက်ခုံးများမှာလည်း အနည်းငယ် ပြေလျော့သွားသည်။ သို့သော် တစ်ဖက်လူကလည်း ဆန်ပြုတ်သာ စားနေသည်ဟု ကြားလိုက်ရသောအခါ သူ၏စိတ်ထဲတွင် လေးလံသွားသည်။

သူတို့၏ စားနပ်ရိက္ခာမှာလည်း သိပ်မကျန်တော့သည်မှာ ထင်ရှားသည်။ သူ ထိုစကားကို ဖွင့်ပြောသင့်မပြောသင့် တွေဝေသွားသည်။ သို့သော် ဆာလောင်နေသော သူ၏ ဇနီးနှင့် သားသမီးများက သူ ဆန်ဝယ်ပြန်လာမည်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်ကို ပြန်တွေးမိသောအခါ သူ ခဏတာ ရုန်းကန်ပြီးနောက် သက်ပြင်းတစ်ချက်ကို လေးလံစွာ ချလိုက်ပြီး အားနာစွာ ဖြင့် ပြောသည်။ "ကျွန်တော်က...အင်း...ကျွန်တော်ခင်ဗျားတို့ဆီက ဆန်နည်းနည်းလောက်ဝယ်ချင်လို့လာတာ...အိမ်မှာဆန်က ကုန်ခါနီးနေလို့လေ...ပိုက်ဆံက ကိစ္စမရှိဘူး မလောက်ရင်ထပ်တိုးပေးလို့ရတယ်"

"ပိုက်ဆံကိစ္စတွေ ပြောနေဖို့မလိုပါဘူး" ဟွမ်ကျားဟွေက ပြုံးရင်း ယဉ်ကျေးစွာ ပြောလိုက်သည်။

လော်ယွမ်က ဟွမ်ကျားဟွေ ယဉ်ကျေးလွန်းပြီး အလိုက်ကမ်းဆိုးမသိ ကတိများပေးမည်ကို စိုးရိမ်သဖြင့် စကားကို လုပြောလိုက်သည်။ "ခင်ဗျားဘယ်လောက် လိုချင်တာလဲ"

ဟွမ်ဝေ ကြောင်သွားပြီးနောက် သူ၏စိတ်ထဲတွင် အတိုင်းမသိ ဝမ်းသာသွားသည်။ သူ၏ နှုတ်ခမ်းများမှာ အနည်းငယ် တုန်ယင်သွားပြီး စိတ်အနည်းငယ် တည်ငြိမ်သွားမှ အလျင်အမြန် ပြောသည်။ "ကျွန်တော်အများကြီးမလိုပါဘူး...၄ပြည်၅ပြည်လောက်ဆိုရပါပြီ"

"ဆန်ငါးပြည်ရောင်းပေးဖို့က ကျွန်တော်လည်း နည်းနည်းခက်နေတယ်" လော်ယွမ်က ခဏတုံ့ဆိုင်းပြီးနောက် ခက်ခဲသော အမူအရာတစ်ခု ပြလိုက်သည်။ ထို့နောက် လေးလံစွာ ခေါင်းညိတ်လိုက်သည်။ "ဆန်လေးပြည်ယူသွားလိုက်...ကျွန်တော်အခြေအနေကို အခွင့်ကောင်းမယူဘူး ပုံမှန်ဈေးပဲပေး...လူတိုင်းမှာအခက်အခဲဆိုတာ ရှိကြတာပဲ...ကျားဟွေစတိုခန်းထဲက ဆန်လေးပြည်အိပ်တစ်အိပ်သွားယူခဲ့"

ဟွမ်ဝေသည် စောစောက နေရာတိုင်းတွင် အပယ်ခံခဲ့ရသော မြင်ကွင်းများကို ပြန်သတိရသွားသည်။ နှစ်ပေါင်းများစွာ အိမ်နီးနားချင်းဖြစ်ခဲ့သူများက တစ်ခါသာသိကျွမ်းဖူးသော သူစိမ်းတစ်ယောက်လောက်ပင် မကောင်းကြပေ။ တစ်ခဏအတွင်း သူ၏စိတ်ထဲတွင် ခံစားချက်ပေါင်းများစွာ ရောထွေးသွားပြီး ကြည်နူးလွန်း၍ စကားပင်မပြောနိုင်တော့ပေ။

ဟွမ်ကျားဟွေ ကြောင်သွားပြီး အလိုအလျောက် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် သံသယဖြင့် မေးလိုက်သည်။ "ဆန်လေးပြည်ဟုတ်လား"

ဟွမ်ကျားဟွေက သူမ နားကြားမှားသွားသည်ဟု ထင်လိုက်သည်။ သူကအသိမိတ်ဆွေဆိုလျှင် ဤမျှလောက်ပဲ ပေးချင်းက ကပ်စေးနည်းရာကျပေမည်။ သူမ စတိုခန်းထဲတွင် သေချာစာရင်းမစစ်ဆေးဖူးသော်လည်း အတွင်းမှ ဆန်များမှာ အနည်းဆုံး ပြည်၂၀၀၊ ၃၀၀ခန့်ရှိမည်ဖြစ်သည်။ ပြည်၃၀ကျော် ပေးမည်ဆိုလျှင် သူမ အနည်းငယ် နှမြောမိမည်ဖြစ်သော်လည်း ၁၅ပြည်၊ ၁၆ပြည် ပေးလိုက်ရုံဖြင့်တော့ လုံးဝပြဿနာမရှိပေ။

"နင်အဲ့မှာဘာရပ်လုပ်နေတာလဲ" လော်ယွမ်က ဒေါသထွက်ဟန်ဆောင်ကာ ပြောသည်။ "ဆန်အမြန်သွားယူလေ"

အကြောင်းစုံကို မသိသော ဟွမ်ဝေ၏ စိတ်ထဲတွင် ကြည်နူးမှုနှင့် အားနာမှုတို့ ရောထွေးသွားသည်။ သူဆန်လာဝယ်သည့်ကိစ္စကြောင့် သူများမိသားစု ပြဿနာမဖြစ်စေချင်ပေ။ သူက အလျင်အမြန် ပြောလိုက်သည်။ "တကယ်တော့အဲ့လောက်အများကြီးမလိုပါဘူး...ခင်ဗျားတို့အိမ်မှာလည်း မပြည့်စုံဘူးဆိုတော့ ၂ပြည်လောက်ပဲပေးရင်ရပါတယ်"

"ဆန်၂ပြည်နဲ့ခင်ဗျားဘယ်နှစ်ရက် စားရမှာလဲ...ဘာမှမပူနဲ့ ကျွန်တော့်မှာ ဆန်အလုံအလောက်ရှိပါတယ်" လော်ယွမ်က လက်ကာပြရင်း ဟွမ်ကျားဟွေကို တစ်ချက်စွေကြည့်လိုက်သည်။

ဟွမ်ဝေ၏ မျက်လုံးထဲတွင်မူ လော်ယွမ်က မပြည့်စုံရဲ့သားနဲ့ ရက်ရောဟန်ဆောင်နေသည်ဟု မြင်နေမိသည်။ သူ၏စိတ်မှာ လှုပ်ရှားသွားပြီး တစ်ခဏအတွင်း စကားမပြောနိုင်တော့ပေ။

ရင့်ကျက်သော အမျိုးသမီးတစ်ဦးနှင့် မရင့်ကျက်သေးသော အမျိုးသမီးတစ်ဦးကြား အကြီးမားဆုံးကွာခြားချက်မှာ မျက်နှာရိပ်မျက်နှာကဲ ဖတ်နိုင်ခြင်းပင်။ ရင့်ကျက်သောအမျိုးသမီးများက ထိုအချိန်တွင် မည်မျှပင် မကျေမနပ်ဖြစ်နေစေကာမူ၊ မည်မျှပင် သံသယဝင်နေစေကာမူ၊ အခြားသူများရှေ့တွင် ယောက်ျားဖြစ်သူကို အပြည့်အဝမျက်နှာသာ ပေးတတ်ကြသည်။ သူမ ခဏတုံ့ဆိုင်းပြီးနောက် သိုလှောင်ခန်းဆီသို့ လျှောက်သွားသည်။ တစ်မိနစ်ခန့်အကြာတွင် သူမ ဆန်များထည့်ထားသော ပလတ်စတစ်အိတ်တစ်လုံးကို ဆွဲကိုင်ကာ ပြန်လျှောက်လာသည်။

ကြည့်လိုက်သည်နှင့် လေးပြည်မကသည်မှာ ထင်ရှားသည်။ လေးပြည်ကျော် ငါးပြည်နီးနီးရှိမည်ဖြစ်သည်။ လော်ယွမ်က လှမ်းယူပြီးနောက် အနည်းငယ် ချိန်ဆကြည့်ရုံဖြင့် ခံစားမိလိုက်သည်။ သို့သော် သူ သိပ်ဂရုမစိုက်ဘဲ တိုက်ရိုက်ပင် လှမ်းပေးလိုက်ပြီး ရှင်းပြသည်။ "ဒါတွေအကုန်လုံး ဆန်အသစ်တွေ...ပိုသွားတာကထားလိုက်တော့...ခင်ဗျားကျွန်တော့်ကို ရိက္ခာကူပွန် ၁၅ပေါင်စာပဲပေးလိုက်"

(၁၅ပေါင် = ၄ပြည်)

ဟွမ်ဝေက လှမ်းယူလိုက်ပြီးနောက် သူ၏လက်ထဲတွင် လေးလံနေသည်ကို ခံစားလိုက်ရသည်။ သူ၏ မျက်လုံးများမှာ အနည်းငယ် နီရဲလာပြီး နောက်ဆုံးတွင် လေးလေးနက်နက် ကျေးဇူးတင်စကားတစ်ခွန်း ဆိုလိုက်သည်။ ရိက္ခာကူပွန် ပေါင်ငါးဆယ်(၁၀ပြည်)စာကို ချထားခဲ့ပြီး လော်ယွမ် ပိုက်ဆံပြန်အမ်းသည်ကိုပင်မစောင့်ဘဲ ထွက်ပြေးသကဲ့သို့ လှည့်ထွက်သွားတော့သည်။

လော်ယွမ်က ကပ်စေးနဲပြီး သူ့ကို ပိုမပေးလို၍ မဟုတ်ပေ။ လူတို့၏ စိတ်သဘောထားမှာ အမြဲတမ်း ရှုပ်ထွေးပြီး ပြောင်းလဲတတ်သည်။

သင်က ဆန်လေးငါးပြည် ထုတ်ပေးပြီး ဂရုဏာအနည်းငယ် ပြသလိုက်လျှင် အခြားသူများက သင့်ကို ကပ်စေးနဲသည်ဟု ထင်မည်မဟုတ်ဘဲ သင်သည် သဘောထားကြီးသူဖြစ်သည်ဟုသာ ထင်မြင်ပြီး ကျေးဇူးတင်နေကြလိမ့်မည်။ သို့သော် သင်က သူ၏မျှော်လင့်ချက်ထက် ကျော်လွန်၍ ပေးလိုက်သည်နှင့် သင့်တွင် ဆန်မရှားပါးကြောင်း သူ ထင်မြင်သွားပြီး သူ၏စိတ်သဘောထားမှာ ပြောင်းလဲသွားပေလိမ့်မည်။ စည်းစိမ်ဥစ္စာသည် လူတို့၏စိတ်ကို လှုပ်ရှားစေတတ်ရာ ယခုလိုအခြေအနေတွင် ထိုသို့ဖြစ်လာမည်မှာ ကြိုတင်ခန့်မှန်းနိုင်ပေသည်။

တစ်ခါတစ်ရံတွင် ရက်ရောလွန်းခြင်းကပင် ပြဿနာကို ဖိတ်ခေါ်တတ်သည်။ ဟွမ်ဝေက မပြုလုပ်သည့်တိုင် အခြားသူများက သူ ရုတ်တရက် ဆန်များစွာ ရရှိသွားသည်ကို မြင်လျှင် သံသယဝင်လာပြီး မကောင်းသောစိတ်များပင် မွေးဖွားလာနိုင်သည်။

အခြားသူများ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ လော်ယွမ် စိတ်မဝင်စားပေ။ ဟွမ်ဝေက ခြိမ်းခြောက်မှုကို မခံနိုင်ဘဲ သူ့ဆီကရသည်ဟု ထုတ်ဖော်ပြောဆိုမည်ကိုသာ စိုးရိမ်သည်။ လော်ယွမ်က သိပ်ဂရုမစိုက်သည့်တိုင် ညဘက်တိုင်း အပြင်ထွက်ရမည်ဖြစ်ရာ ထိုအချိန်တွင် တစ်စုံတစ်ယောက်က အိမ်ထဲသို့ ဝင်ရောက်လာပါက ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့ အန္တရာယ်ရှိနေပြီဖြစ်သည်။

ဝမ်ရှီရှီသည် ဆင့်ကဲပြောင်းလဲသူဖြစ်သဖြင့် လက်နက်တစ်ခုခုကို ထိန်းချုပ်နိုင်မည်ဆိုလျှင် အသားလှီးဓားမျှသာ ဖြစ်သည့်တိုင် မည်သူမျှ သူမအနားသို့ ကပ်နိုင်မည်မဟုတ်ပေ။ သို့သော် ကိုယ်ပိုင်အစွမ်း မည်မျှရှိသည်နှင့် တိုက်ခိုက်နိုင်စွမ်းမှာ ထပ်တူကျသည်တော့မဟုတ်ပေ။ တိုက်ခိုက်နိုင်စွမ်းတွင် စိတ်စွမ်းအားမှာ အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ ဝမ်ရှီရှီ၏ လက်ရှိစိတ်ပိုင်းဆိုင်ရာ အခြေအနေဖြင့်မူ အရေးပေါ်အချိန်တွင် သူမအစွမ်း၏ ဆယ်ပုံတစ်ပုံ နှစ်ပုံမျှပင် ထုတ်သုံးနိုင်မည်မဟုတ်ပေ။

လော်ယွမ်က အခြေအမြစ်မရှိဘဲ ခန့်မှန်းနေခြင်းမဟုတ်ပေ။ ယခုလိုအခြေအနေဖြင့် အကျပ်အတည်းမှာ အချိန်တိုအတွင်း ပြီးဆုံးမည်မဟုတ်ပေ။ ယခုတည်ငြိမ်မှုမှာ စည်းမျဉ်းဥပဒေများ၏ လက်ကျန်သက်ရောက်မှုကြောင့်သာ ဖြစ်သည်။ ဤတိုက်ရှိ လူအများစုမှာ နဂိုမူလ လူသားဆန်မှုကို ထိန်းသိမ်းထားကြဆဲဖြစ်သည်။

သို့သော် ဤသို့ဆက်လက်ဖြစ်ပွားနေပါက စည်းမျဉ်းဥပဒေများ၏ လွှမ်းမိုးမှုမှာ တဖြည်းဖြည်း မှေးမှိန်သွားလိမ့်မည်။ ထို့အပြင် ဆာလောင်မှုနှင့် ကြောက်ရွံ့မှုတို့၏ ဖိအားပေးမှုအောက်တွင် လူသားဆန်မှုများ ပျက်သုဉ်းသွားသောအခါ မည်သို့ဖြစ်လာမည်ကို လော်ယွမ် မတွေးဝံ့ပေ။

လော်ယွမ်၏ ခန့်မှန်းချက်မှာ မမှားခဲ့ပေ။

စတုတ္ထနေ့ မွန်းလွဲပိုင်းတွင် လော်ယွမ် နေ့လယ်စာစားနေစဉ် အပေါ်ထပ်မှ ကယ်ကြပါဟူသောအော်သံကို ကြားလိုက်ရသည်။ ထို့နောက်တွင် နာကျင်စွာအော်ဟစ်သံ၊ ဒေါသတကြီးဟိန်းဟောက်သံများနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်လာသည်။ အသံမှာ တစ်မိနစ်ခန့် တိုးလိုက်ကျယ်လိုက် ဖြစ်ပေါ်ပြီးနောက် ရုတ်တရက် တိတ်ဆိတ်သွားသည်။

တစ်စုံတစ်ယောက်က ခလုပ်ဖွင့်လိုက်သည့်အလားပင်၊ ထို့နောက်တွင် ဤတိုက်၏ ရုန်းရင်းဆန်ခတ်မှုများ စတင်လာတော့သည်။

ပျံ့လွင့်နေသာ လူသေကောင်နံ့နှင့် သွေးနံ့များမှာ နေ့ရောညပါ မပျောက်ကွယ်ဘဲ တိုက်ခန်းထဲတွင်ရှိနေသည့်တိုင် လော်ယွမ် ရှင်းလင်းစွာ အနံ့ရနေသည်။ သို့သော် ယခုအချိန်ထိ သူ၏အခန်းသို့မည်သူမျှ ရောက်မလာသေးပေ။ သို့သော် ဤသည်မှာလည်း အချိန်မရွေး ဖြစ်လာနိုင်သည့် ကိစ္စပင်တည်း။

လော်ယွမ်က ညတိုင်း အပြင်သို့ ဓားလေ့ကျင့်ရန် ထွက်နေဆဲဖြစ်ပြီး မိုးရွာသည်ဖြစ်စေ၊ မိုးကြိုးပစ်သည်ဖြစ်စေ မပျက်မကွက်ပင်။ နီးကပ်လာသော အန္တရာယ်ကို လုံးဝဂရုမစိုက်သကဲ့သို့ရှိနေသည်။ သို့သော် ထိုအထဲတွင် ပြောရခက်သော အကြောင်းရင်းအချို့လည်း ပါဝင်နေသည်။

သို့သော် နေ့ခင်းပိုင်းတွင်မူ သူက ဝမ်ရှီရှီ၏ စွမ်းရည်များကို တမင်တကာ စတင်လေ့ကျင့်ပေးလေသည်။

သူ သိုလှောင်ခန်းထဲမှ ဂွတစ်ချောင်းကို ရှာဖွေပြီး သူ၏ဓားရှည်ကြီးဖြင့် ထိပ်နှစ်ဖက်ကို ဖြတ်ထုတ်ကာ လက်ကိုင်ကိုသာ ချန်ထားလိုက်သည်။ ထို့နောက် ထိပ်နှစ်ဖက်ကို ထပ်မံဖြတ်တောက်ပြီး အစွန်းများကို ထက်မြက်အောင် သွေးကာ လွန်းပျံယာဉ်ကဲ့သို့သော ပုံစံရှိသည့် ၈လက်မခန့်ရှည်သော လက်နက်ပြားရှည်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။

အစွမ်းတိုးမြှင့်ရန်အတွက် သူ ဇီးကွက်နက်၏ အမွေးဆယ်ချောင်းကျော်ကို ထပ်မံကုန်ကျခံကာ ၎င်းကို အပြာရောင်အဆင့်သို့ ပေါင်းစပ်လိုက်သည်။ ပစ္စည်း၏ အရည်အသွေးကြောင့် ဤအပြာရောင်အဆင့်လက်နက်၏ တိုက်ခိုက်စွမ်းမှာ အနည်းငယ် အားနည်းသော်လည်း သာမန်လူများကို ရင်ဆိုင်ရန်မှာ လုံလောက်သည်ထက်ပင် ပိုနေသည်။ ထို့အပြင် မြန်နှုန်းကိုပါ ပေါင်းထည့်ထားသောကြောင့် ဝမ်ရှီရှီ ထိန်းချုပ်လိုက်သည့်အခါ ပျံသန်းနှုန်းမှာ အလွန်လျင်မြန်လှသည်။

သူက ဝမ်ရှီရှီ၏ တုံ့ပြန်နိုင်စွမ်းကို တမင်တကာ လေ့ကျင့်ပေးနေခြင်းဖြစ်သည်။ နူးညံ့သိမ်မွေ့မှုဖြင့် ဤလောကတွင် ရှင်သန်ရပ်တည်ရန် ခက်ခဲသည်။ သွေးမမြင်ဖူးသော ဝံပုလွေငယ်သည် အရွယ်ရောက်သည်အထိ အသက်မရှင်နိုင်ပေ။

ကိုကြီးယွမ်က သူမကို ညဘက်တွင် အစ်မဟွမ်ကို ကာကွယ်ပေးရန် ပြောသည့်အခါ သူမ အလွန်စိတ်လှုပ်ရှားပြီး ချက်ချင်း သဘောတူလိုက်ကာ ထိုညမှာပင် လော်ယွမ်၏ အိပ်ခန်းသို့ ပြောင်းရွှေ့လာခဲ့သည်။

ထိုအချက်ကြောင့် လော်ယွမ်၏ စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားသည်။ နောက်ဆုံးတွင်တော့ ဟွမ်ကျားဟွေ၏ မကျေနပ်သော မျက်လုံးများကို ကြည့်စရာမလိုတော့ပေ။

ဆက်ရန်...

All Chapters