← Chapters

အခန်း (၁၄၅-၁၄၈)

Vol. 8 Ch. 145-148

အခန်း (၁၄၅-၁၄၈)

Vol. 8 Ch. 145-148

အပိုင်း(၁၄၅)ပျံဝဲခြင်း

"အားးးး"

ထိုအချိန်တွင် ဟွမ်ကျားဟွေထံမှ စူးစူးဝါးဝါး အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာ၏။

သူမက ဘယ်ဘက်လက်ကို အားကုန်သုံး၍ ခါယမ်းနေသည်။ သူမ၏ လက်ဖမိုးထဲသို့ တစ်စုံတစ်ခုက တိုးဝင်နေဟန်ရှိပြီး ထိုအဖြစ်ကြောင့် မျက်နှာက ချက်ချင်းပင် စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့သွားတော့၏။

လော်ယွမ်က ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး သူမ၏လက်ကို အလျင်အမြန် ဆွဲယူလိုက်သည်။ ထိုအခါ သူ၏ မျက်လုံးသူငယ်အိမ်တို့မှာ ရုတ်ချည်း ကျုံ့သွား၏။ တူတစ်ချောင်းခန့် တုတ်သော အနက်ရောင်ပိုးကောင်ငယ်တစ်ကောင်သည် သူမ၏ လက်ဖမိုးထဲသို့ ကိုယ်ကိုလိမ်၍ အသားကုန် ထိုးဖောက်ဝင်ရောက်နေသည်။ ဟွမ်ကျားဟွေက မည်သို့ပင် ပုတ်ထုတ်နေပါစေ ထိုအကောင်က အမြစ်တွယ်ထားသကဲ့သို့ ခိုင်မြဲနေပြီး လုံးဝ ကွာကျမသွားပေ။

ဤအရာသည် စောစောက ပင်လယ်ရေစင်လာစဉ် ပါလာသည်မှာ ထင်ရှားသည်။ ပင်လယ်ရေထဲ၌ ဤသို့သော ကပ်ပါးကောင်အမျိုးအစားများ ခိုအောင်းနေလိမ့်မည်ဟု လော်ယွမ် မထင်ထားခဲ့ပေ။ သူ၏ မျက်နှာက တည်ကြည်သွားကာ လုံးဝတုံ့ဆိုင်းမနေဘဲ လက်ကို လျှပ်စီးကဲ့သို့ လှုပ်ရှားလိုက်ပြီး ထိုပိုးကောင်ငယ်ကို အားကုန်သုံး၍ ဆွဲကိုင်လိုက်သည်။

ထိုကပ်ပါးကောင်က ချောကျိကျိဖြစ်ပြီး နူးညံ့ပျော့ပျောင်းသော်လည်း လူးလွန့်လိုက်သည့်အခါတွင်မူ အားမှာ အံ့ဩဖွယ်ကောင်းလောက်အောင် ကြီးမားလှသည်။ ၎င်းက ပိုးကောင်ငယ်တစ်ကောင်နှင့် လုံးဝမတူချေ။ လော်ယွမ်သာ ကြိုတင်ပြင်ဆင်မထားခဲ့ပါက ဤအကောင်ကို ဆုပ်ကိုင်ထားနိုင်မည် မဟုတ်ပေ။ ထို့နောက် သူက အားနှင့်ဆွဲနုတ်လိုက်ရာ ထိုကပ်ပါးကောင်သည် သူမ၏ လက်ဖမိုးထဲမှ လွတ်လွတ်ကျွတ်ကျွတ် ထွက်လာတော့သည်။

ဆွဲထုတ်လိုက်သည့်အခါမှ လော်ယွမ်တစ်ယောက် ထိတ်လန့်တကြား တွေ့ရှိလိုက်ရသည်မှာ အချိန်တိုအတွင်းမှာပင် ထိုကပ်ပါးကောင်က ဟွမ်ကျားဟွေ၏ လက်ဖမိုးထဲသို့ ၄လက်မခန့်အထိ နက်ရှိုင်းစွာ ဝင်ရောက်နေခဲ့ပြီဖြစ်သည်။ ဆွဲထုတ်လိုက်သည့်အခါ သွေးများပန်းထွက်လာပြီး လက်ဖမိုးတစ်ခုလုံးကို ချက်ချင်းပင် နီရဲသွားတော့သည်။

ကပ်ပါးကောင်တစ်ခုလုံး၏ အရှည်က တစ်ပေကျော်နီးပါး ရှိပေမည်။ လော်ယွမ်၏ လက်ထဲတွင် အပြင်းအထန် ရုန်းကန်လူးလိမ်နေပြီး သူ၏လက်ကိုပင် ပြန်လည်ပတ်ကာ အသားထဲသို့ တိုးဝင်ရန် ကြိုးစားနေသေးသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း၏ ရင်ထဲတွင် အသည်းအေးစရာ ကောင်းလှ၏။

လော်ယွမ်က လက်ချောင်းများကို အားနှင့်ညှစ်လိုက်ရာ ကပ်ပါးကောင်သည် နှစ်ပိုင်းပြတ်သွားပြီး သူက ပင်လယ်ရေထဲသို့ ပစ်ချလိုက်သည်။

"ရေထဲမှာအကောင်တွေရှိတယ်... အားလုံးသတိထားကြ" လော်ယွမ်က လေသံမာမာဖြင့် ပြောလိုက်သည်။ "ပါးစပ်ကိုအတတ်နိုင်ဆုံး မဟမိအောင်နေကြ... အာရုံလည်းလုံးဝမလွင့်စေနဲ့... အားလုံးကိုယ့်ကိုယ်ကိုယ်ကာကွယ်ကြ"

ဤကပ်ပါးကောင်အမျိုးအစားမှာ အလွန်ကိုင်တွယ်ရခက်ခဲသည်။ အရေပြားထဲသို့ တိုးဝင်လျှင် တုံ့ပြန်ရန် အချိန်ရနိုင်သေး၏။ ကြောက်ဖို့အကောင်းဆုံးမှာ ပါးစပ်၊ နှာခေါင်း သို့မဟုတ် နားများထဲသို့ ဝင်ရောက်သွားခြင်း ဖြစ်သည်။ ထိုသို့သာဖြစ်ခဲ့လျှင် သူပင် ကယ်ဆယ်ရန် အချိန်မီလိုက်မည် မဟုတ်ချေ။ ကံကောင်းသည်မှာ ပင်လယ်ရေထဲတွင် ထိုအကောင်များ များများစားစား မရှိခြင်း သို့မဟုတ် ရေနက်ပိုင်းတွင်သာ ရှိနေခြင်း ဖြစ်ပေမည်။

လော်ယွမ်က ပင်လယ်ရေမျက်နှာပြင်ကို အချိန်အတော်ကြာ စူးစိုက်ကြည့်နေခဲ့သော်လည်း နောက်တစ်ကောင်ကိုမျှ မတွေ့ရတော့ပေ။ သို့သော် ချွန်ထက်သောသွားများရှိသည့် သန္ဓေပြောင်းငါးများကိုမူ အများအပြား တွေ့မြင်နေရ၏။ ထိုငါးများသည် ဧရာမဖွတ်ကြီး၏ အပြာရင့်ရောင်အဆင့် စွမ်းအားကိုပင် ကြောက်ရွံ့ခြင်းမရှိဘဲ ၎င်း၏ပတ်ပတ်လည်တွင် အချိန်ကြာမြင့်စွာ ကူးခပ်နေကြသည်။

အဖွဲ့သားတိုင်း၏ မျက်နှာများမှာ ဖြူဖျော့နေပြီး ခေါင်းကို အဆက်မပြတ် ညိတ်ပြကြသည်။

"ဝမ်ရှီရှီ... နင့်ရဲ့ စိတ်စွမ်းအင်ကို ဖြန့်ကျက်ထားပြီး ရေတွေစင်မလာအောင် တတ်နိုင်သလောက် ကာကွယ်ပေး" လော်ယွမ်က ဆက်ပြောသည်။

"ဟုတ်ကဲ့... သိပါပြီ" ဝမ်ရှီရှီက မဆိုင်းမတွပင် စိတ်စွမ်းအင်ကို ထုတ်လွှတ်၍ စက်ဝိုင်းပုံ အကာအရံစက်ကွင်းတစ်ခု ဖန်တီးလိုက်သည်။

ထိုအခါမှ လော်ယွမ်က အနည်းငယ် စိတ်အေးသွားပြီး ဒဏ်ရာကို စတင်ဆေးထည့်နေပြီဖြစ်သော ဟွမ်ကျားဟွေကို လှည့်မေးလိုက်သည်။ "ဒဏ်ရာ သက်သာရဲ့လား"

"သွေးလွှတ်ကြောကို မထိသွားလို့ တော်ပါသေးတယ်... ဘာမှမဖြစ်တော့ဘူး... ကျွန်မအတွက် စိတ်မပူနဲ့" ဟု ဟွမ်ကျားဟွေက ပြန်ပြော၏။ သူမသည် နုနယ်ပျော့ပျောင်းသူတစ်ယောက် မဟုတ်ရာ ဤသို့သော ဒဏ်ရာက သူမအတွက် ဘာမျှမဟုတ်ပေ။

"သတိထားနော်... နင်ဘာမှမဖြစ်စေနဲ့" လော်ယွမ်က ဂရုတစိုက်ဖြင့် မှာကြားလိုက်သည်။

ဟွမ်ကျားဟွေ၏ ရင်ထဲတွင် နွေးထွေးသွားပြီး ခေါင်းညိတ်ပြလိုက်၏။

လော်ယွမ်က ဝမ်ရှီရှီ စိတ်စွမ်းအင်ကို အဆက်မပြတ် ထုတ်လွှတ်ထားသည်ကို သတိပြုမိသောအခါ ခေါင်းကို တွင်တွင်ခါလိုက်မိသည်။ သူမ၏ သန္ဓေပြောင်းအစွမ်းမှာ အလွန်အစွမ်းထက်ပြီး တစ်ခါတစ်ရံတွင် တိုက်ပွဲ၏အရေးကြီးသော အခြေအနေများကို အဆုံးအဖြတ်ပေးနိုင်သည်။ ဤအဖွဲ့ထဲတွင် လော်ယွမ်ပြီးလျှင် သူမက မရှိမဖြစ်အလိုအပ်ဆုံးသူ ဖြစ်၏။

သို့သော် သူမတွင် လေ့ကျင့်မှု လွန်စွာအားနည်းနေသေးသည်။ တိုက်ပွဲတစ်ခုတွင် စိတ်စွမ်းအင်ကို မည်သို့ချွေတာရမည်ကို သူမ နားမလည်သေးပေ။ ဤကဲ့သို့ အဆက်မပြတ် ထုတ်လွှတ်နေမည်ဆိုလျှင် သူမ၏ လက်ရှိအဆင့်ဖြင့် အချိန်ကြာကြာ ခံနိုင်မည်မဟုတ်ချေ။

"နင်လုပ်တာကောင်းတယ်... ဒါပေမဲ့စိတ်စွမ်းအင်ကို တစ်ချိန်လုံးသုံးမထားနဲ့... ရေတွေစင်လာတာမြင်မှ အမြန်ကာကွယ်လိုက်" လော်ယွမ်က ဦးစွာ ချီးကျူးလိုက်ပြီးနောက် ပြောလိုက်သည်။

ဝမ်ရှီရှီက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ "ကိုကြီးယွမ်... သမီးတာဝန်ထားလိုက်"

စိတ်စွမ်းအင်စက်ကွင်းက ချက်ချင်း ပျောက်ကွယ်သွား၏။ သူမက အင်္ကျီစကို ဆုပ်ကိုင်ထားရင်း စိတ်ကို အပြည့်အဝစုစည်းကာ ပတ်ဝန်းကျင်အခြေအနေကို တည်ငြိမ်စွာဖြင့် အာရုံစိုက်နေသည်။ ထိုစဉ် ဘယ်ဘက်ခြမ်းရှိ ပင်လယ်ရေမျက်နှာပြင်တွင် ဝဲဂယက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး မီတာပေါင်းများစွာရှည်သော ငါးကြီးတစ်ကောင်က ရေထဲမှ ခုန်ထွက်လာရာ ပတ်ဝန်းကျင်တွင် မိုးသည်းထန်စွာ ရွာသွန်းလိုက်သကဲ့သို့ ဖြစ်သွားသည်။

ဝမ်ရှီရှီ၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး စိတ်စွမ်းအင်ကို အလျင်အမြန် ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း တစ်ချက်နှေးသွားခဲ့ရာ မရေမတွက်နိုင်သော ရေစက်ရေပေါက်တို့က လူတိုင်း၏ အဝတ်အစားများကို စိုစွတ်သွားတော့၏။

လော်ယွမ်က သူ၏ဓားရှည်ကို လျှပ်တစ်ပြက် ဆွဲထုတ်လိုက်ပြီး အနက်ရောင် ဓားသွားကို လေထဲတွင် အချက်အနည်းငယ် ဝင့်ခုတ်လိုက်ရာ တစ်ပေခန့်ရှည်သော ငွေဖြူရောင်ငါးငယ်များမှာ တစ်ကောင်ချင်းစီ ပြတ်ထွက်သွားကုန်သည်။ ထို့နောက် ဓားရှည်ကို လှည့်၍ လေထဲတွင် ကျန်ရှိနေသေးသော ငါးအသေကောင်များကို အဝေးသို့ ရိုက်ထုတ်လိုက်သည်။ ဤငွေဖြူရောင်ငါးများသည် အသားစားငါးတစ်မျိုးဖြစ်သည်မှာ ထင်ရှားပြီး ပါးစပ်ထဲတွင် ချွန်ထက်သောသွားများဖြင့် ပြည့်နှက်နေသည်။ နှစ်ပိုင်းပြတ်သွားသည့်တိုင် အန္တရာယ်ရှိနေဆဲဖြစ်ပြီး အကယ်၍သာ အကိုက်ခံလိုက်ရပါက မသေလျှင်တောင်မှ အသားများ ပဲ့ပါသွားပေမည်။

သူ၏ လှုပ်ရှားမှုများက အလွန်မြန်ဆန်လှ၏။ တစ်စက္ကန့်အတွင်း ဓားချက်ပေါင်း ဆယ်ချက်ကျော် ထွက်ပေါ်သွားသည်။ အခြားသူများ သွေးပျက်နေရာမှ သတိမဝင်သေးခင်မှာပင် သူက လေသံမာမာဖြင့် ပြောလိုက်သည်။ "ဆက်လုပ်ထား"

ဝမ်ရှီရှီက လက်သီးကို တင်းတင်းဆုပ်ကာ အားကုန်သုံး၍ ခေါင်းညိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ပို၍ အာရုံစိုက်လိုက်သည်။

အစပိုင်းတွင် သူမ၏ စိတ်စွမ်းအင်ထုတ်လွှတ်မှုမှာ သူမ၏ စိတ်အာရုံနှင့် အမီမလိုက်နိုင်ဘဲ အချိန်အနည်းငယ် နှောင့်နှေးကြန့်ကြာမှုများ ရှိနေခဲ့သည်။ သို့သော် အကြိမ်များလာသည်နှင့်အမျှ သူမ၏ တုံ့ပြန်မှုမှာ ပို၍ပို၍ မြန်ဆန်လာ၏။ ခုနစ်ကြိမ်၊ ရှစ်ကြိမ်မြောက် အရောက်တွင်မူ ရုတ်တရက်အခြေအနေများမှလွဲ၍ လော်ယွမ် ဝင်ရောက်ကူညီပေးရသည်မှာ အလွန်နည်းပါးသွားလေပြီ။

ပတ်ဝန်းကျင်က တဖြည်းဖြည်း ဘေးကင်းလာသည်ကို မြင်သောအခါ ကျိုးယလီ၏ စိတ်သည်လည်း တည်ငြိမ်လာ၏။ သူမသည် တစ်ချိန်က အိမ်နီးချင်းဖြစ်ခဲ့သော ဝမ်ရှီရှီကို အံ့ဩတကြီး ကြည့်နေမိသည်။ ဤနူးညံ့သိမ်မွေ့ပုံရသော ခလေးမလေးက သန္ဓေပြောင်းလူသားတစ်ယောက်ဖြစ်နေပြီး ဤမျှ အစွမ်းထက်နေသည်ကို သူမ ယုံရခက်နေ၏။

စခန်းတစ်ခုလုံးတွင် သန္ဓေပြောင်းလူသား တစ်ယောက်မျှမရှိသည်ကို သူမ သိသည်။ သန္ဓေပြောင်းလူသားများအကြောင်းကိုလည်း ကျူးဟောင်ထံမှ မတော်တဆ ကြားဖူးခြင်းသာ ဖြစ်၏။ ထိုအရာသည် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်လှသည်ဟု ခံစားခဲ့ရသော်လည်း ယခုမူ သူမ၏ရှေ့တွင် တစ်ယောက် အမှန်တကယ် ပေါ်ပေါက်လာခဲ့ချေပြီ။

အမှန်တော့ သူမကို အံ့အားအသင့်ဆုံးဖြစ်စေသူမှာ လော်ယွမ်ပင် ဖြစ်သည်။

လပေါင်းများစွာ မတွေ့ရသည့်အတွင်း လော်ယွမ်၏ စွမ်းရည်မှာ ယခင်ကထက် ပိုမိုကြီးမားလာခဲ့သည်။ ယခင်က လော်ယွမ်တိုက်ခိုက်သည့်အခါ သူ ဓားကို မည်သို့ထုတ်သည်ကို သူမ အနည်းဆုံးတော့ မြင်နိုင်သေးသည်။ ယခုမူ ဘာကိုမျှပင် မမြင်နိုင်တော့ချေ။ သူ၏လက်တစ်ချက် လှုပ်ရှားလိုက်သည်ဟု ထင်ရုံရှိသေး၊ ဓားက ဓားအိမ်ထဲသို့ ပြန်ရောက်သွားနှင့်ပြီ ဖြစ်သည်။ လုံးဝ မလှုပ်ရှားခဲ့သကဲ့သို့ပင်။

သူမက အနောက်သို့ လှည့်ကြည့်လိုက်ရာ မိဝါ လိုက်လာသည်ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် မိဝါသည် ပင်လယ်ရေမျက်နှာပြင်ကို စိုးရိမ်တကြီး ကြည့်နေပြီး စိတ်မရှည်သလို နှာတစ်ချက်မှုတ်ကာ ရေထဲဆင်းရန် အတန်ကြာအောင် ချီတုံချတုံ ဖြစ်နေ၏။

ကျိုးယလီ၏ ရင်ထဲတွင် တင်းကျပ်သွားသည်။ မိဝါ၏ ခန္ဓာကိုယ်မှ မီးတောက်များ ထုတ်လွှတ်နိုင်သည်ဖြစ်ရာ ရေကို ကြောက်မည်မှာ သေချာသည်။ သူ… ရေထဲဆင်းဖို့ မဝံ့မရဲ ဖြစ်နေသည်လား။

သို့သော် ထိုအတွေးဝင်လာစဉ်မှာပင် မိဝါသည် ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ခြေလေးချောင်းကို လှုပ်ရှားကာ ရေထဲသို့ အားကုန်ပြေးဆင်းလာတော့သည်။

သူမသည် စိတ်လှုပ်ရှားစွာဖြင့် လော်ယွမ်၏ လက်မောင်းကို အားနှင့် ဆုပ်ကိုင်ထားလိုက်မိသည်။

လော်ယွမ်က ကျိုးယလီ ကြောက်လန့်နေသည်ဟု ထင်မှတ်ကာ နှစ်သိမ့်လိုက်သည်။ "စိတ်မပူပါနဲ့... ငါတို့ခဏနေရင် ဟိုဘက်ကမ်းကိုရောက်တော့မှာပါ"

ကျိုးယလီက သတိပြန်ဝင်လာပြီး သူ့ကို မျက်စောင်းတစ်ချက်ထိုးကာ မျက်နှာကို လွှဲ၍ စိတ်ကောက်နေလိုက်သည်။

သူ့ကြောင့်သာ မဟုတ်လျှင် မိဝါ ရေထဲသို့ အသက်စွန့်ဆင်းရမည်မဟုတ်ပေ။ သူမလည်း ဤသို့ ရင်တမမနှင့် ဖြစ်နေစရာမလိုဘဲ ယခုအချိန်ဆိုလျှင် စခန်းထဲမှာပဲ ရှိနေလောက်ပြီ။

လော်ယွမ်က ဇဝေဇဝါဖြစ်သွားပြီး ရုတ်တရက် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

ကျိုးယလီသည် စိတ်ကောက်နေသော်လည်း လော်ယွမ်ကို အမြဲတမ်း အကဲခတ်နေခဲ့သည်။ သူ၏ မျက်နှာရုတ်တရက် ပျက်ယွင်းသွားပြီး ခန္ဓာကိုယ်ပင် ယိုင်သွားဟန်ရှိသည်ကို မြင်သောအခါ ရင်ထဲမှ မကျေနပ်မှုများကို မေ့ထားကာ မေးလိုက်သည်။ "ရှင်… ရှင် ဘာဖြစ်တာလဲ"

ကျိုးယလီ၏ အသံကြောင့် လူတိုင်း၏ အကြည့်တို့က လော်ယွမ်ထံသို့ စုပြုံရောက်ရှိလာ၏။

ဟွမ်ကျားဟွေသည် သူ၏ မျက်နှာရောင်မှာ ယခင်နှင့်စာလျှင် များစွာညှိုးကျသွားပြီး ပင်ပန်းနွမ်းနယ်နေဟန်ရှိသည်ကို မြင်သောအခါ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။ "လော်ယွမ်... ရှင့်ဒဏ်ရာဟောင်းက မပျောက်သေးလို့လား"

စောစောက လော်ယွမ် သူ၏ ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ရပ် လျင်မြန်စွာ ဆုတ်ခွာထွက်သွားသည်ကို ခံစားလိုက်ရသည်။ ယခုအချိန်တွင် သူသည် မြေကြီး၏ စွမ်းအားကို မည်သို့မျှ မခံစားနိုင်တော့ပေ။ ခန္ဓာကိုယ်ထဲမှ ခွန်အားအမြောက်အမြားက တစ်ခဏအတွင်း ဆွဲထုတ်ခံလိုက်ရသဖြင့် သူ၏ တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်သွားသလို ခံစားလိုက်ရ၏။

ဤသို့သော အဖြစ်အပျက်မျိုးမှာ ပထမဆုံးအကြိမ် ဖြစ်ပွားခြင်း ဖြစ်သည်။ ယခင်အချိန်များတွင် သူ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ အထပ်မြင့်အဆောက်အအုံပေါ်သို့ တက်သည်ဖြစ်စေ၊ ခုန်လွှားသည်ဖြစ်စေ၊ နေရာတိုင်းတွင် ရှိနေသော မြေကြီး၏ စွမ်းအားကို အမြဲတမ်း ခံစားနိုင်ခဲ့ပြီး ဤသို့ တစ်ခါမျှ မဖြစ်ခဲ့ဖူးချေ။

ထိုအချိန်တွင် ပင်လယ်ရေသည် ဧရာမဖွတ်ကြီး၏ ဝမ်းဗိုက်အထိ တဖြည်းဖြည်း ရောက်ရှိနေပြီဖြစ်ပြီး ရေအနက်မှာ သုံးမီတာနီးပါး ရှိနေပြီဖြစ်သည်။ ပင်လယ်ရေက မြေကြီးနှင့် အဆက်အသွယ်ကို ဖြတ်တောက်လိုက်သောကြောင့် သူ၏ သန္ဓေပြောင်းစွမ်းရည်မှာ လုံးဝ ပျောက်ကွယ်သွားခြင်း ဖြစ်ဟန်တူသည်။

သူက သူ၏ အရည်အသွေးဇယားကို ဖွင့်ကြည့်လိုက်ရာ "မြေလှိုင်း" စွမ်းရည်မှာ မီးခိုးရောင်အဖြစ်မှိန်နေကာ သုံးမရတော့ပေ။ ခွန်အားအမှတ်မှာလည်း မူလတန်ဖိုးသို့ ပြန်ရောက်သွားခဲ့ပြီ။ သူက အသက်ကို ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး ဤ "အားနည်းသော" အခြေအနေကို တဖြည်းဖြည်း ပြန်လည်အသားကျအောင် ကြိုးစားလိုက်သည်။

လော်ယွမ်က သတိပြန်ဝင်လာပြီး ခေါင်းခါပြကာ တည်ကြည်သောလေသံဖြင့် ပြောလိုက်သည်။ "စိတ်မပူကြနဲ့... ငါဘာမှမဖြစ်ဘူး"

သူက ရှင်းမပြခဲ့ပေ။ သန္ဓေပြောင်းလူသားတစ်ယောက်၏ စွမ်းရည်က အကြီးမားဆုံးသော လျှို့ဝှက်ချက်ဖြစ်သည်။ အထူးသဖြင့် သူ့ကဲ့သို့ အားနည်းချက်ကြီး ရှိနေသည့် စွမ်းရည်မျိုးကို သိသူ နည်းလေကောင်းလေ ဖြစ်သည်။ ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့က သူ့ကို သစ္စာဖောက်မည်မဟုတ်သော်လည်း အခြားသူများမှာမူ လုံးဝသစ္စာရှိမည်ဟု အာမမခံနိုင်ပေ။

ဟွမ်ကျားဟွေက လော်ယွမ်၏ မျက်နှာ ပြန်လည်သွေးရောင်လွှမ်းလာသည်ကို မြင်မှသာ အနည်းငယ် စိတ်အေးသွားပြီး မိမိကိုယ်ကို အပြစ်တင်သည့် လေသံဖြင့် ဆိုသည်။ "ကျွန်မတို့အားလုံးက အစွမ်းနိမ့်တော့ ရှင့်ကိုမကူညီနိုင်ကြလို့ ခုလိုဖြစ်ရတာ... ကျားဖိန်မြို့ရောက်ရင် ရှင်နည်းနည်းလောက် အနားယူလိုက်နော်"

လော်ယွမ် စကားပြန်ပြောမည်ပြုစဉ်မှာပင် ဧရာမဖွတ်ကြီး၏ ခြေတစ်ဖက်က ရွှံ့နွံကျင်းတစ်ခုထဲသို့ ကျွံကျသွားပြီးနောက် ခန္ဓာကိုယ်ကြီး ယိုင်နဲ့သွားကာ ရုတ်တရက် ဘယ်ဘက်သို့ လဲကျသွားတော့သည်။

"သတိထား" လော်ယွမ်က အသားကုန်အော်ဟစ်လိုက်သည်။

သို့သော် နောက်ကျသွားခဲ့ချေပြီ။ လူတိုင်းက စူးစူးဝါးဝါး အော်ဟစ်ကြရင်း ရေထဲသို့ ပြုတ်ကျသွားကြသည်။ လော်ယွမ်က အနီးအနားရှိ ကျိုးယလီနှင့် ဟွမ်ကျားဟွေကို အလျင်အမြန် ဆွဲထားလိုက်နိုင်သော်လည်း ဟော်တုံ၊ လင်းရှောင်ကျီနှင့် ဝမ်ရှကွမ်တို့မှလွဲ၍ ဝမ်ရှီရှီအပါအဝင် အခြားသူများအားလုံး ရေထဲသို့ ကျသွားကြ၏။

အခြေအနေမှာ ပွက်လောရိုက်သွားပြီး လူတိုင်းက အကျယ်လောင်ဆုံး အော်ဟစ်နေကြရာ ပတ်ဝန်းကျင်တွင် ရေပွက်များ အပြင်းအထန် ထနေတော့သည်။

လော်ယွမ်၏ မျက်နှာသည် ရုတ်ချည်း ပျက်ယွင်းသွား၏။ သူက ရေထဲသို့ ခုန်ဆင်းလိုက်ပြီး အနီးဆုံးရှိ ချန်ရှန်းဖုံကို ဖမ်းဆွဲကာ အားနှင့်မြှောက်၍ ဧရာမဖွတ်ကြီး၏ ကျောပေါ်သို့ ပစ်တင်ပေးလိုက်သည်။

ချောင်လင်သည် ကြောက်လန့်ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေ၏။ သူမက ရေမကူးတတ်သဖြင့် ရေထဲတွင် အသည်းအသန် ရုန်းကန်နေရသည်။ ခဏအကြာ ရုန်းကန်ပြီးနောက် သူမ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း နစ်မြုပ်စပြုလာသည်။

"ကျွန်မ မရတော့ဘူး... ကယ်… ကယ်ကြပါဦး" ချောင်လင်က သွေးပျက်ဖွယ် အော်ဟစ်ရင်း ရေထဲတွင် အပြင်းအထန် လူးလွန့်နေသည်။

"ကျွန်မလက်ကိုအမြန်ဆွဲလိုက်" ဟွမ်ကျားဟွေ၏ ခါးကို ကျိုးယလီက တင်းကျပ်စွာ ဖက်ထားပြီး သူမက ခန္ဓာကိုယ်ကို ကိုင်းကာ လက်တစ်ဖက်ကို ရေမျက်နှာပြင်သို့ လှမ်းပေးရင်း အော်ပြောလိုက်သည်။

ကံမကောင်းစွာပင် ချောင်လင်၏ မျက်လုံးများ အရောင်တောက်သွားပြီး အားကုန်သုံး၍ လက်လှမ်းလိုက်သော်လည်း လက်လှမ်းဆဲမှာပင် ခန္ဓာကိုယ်က ရေအောက်သို့ လျင်မြန်စွာ နစ်မြုပ်သွားသည်။ သူမက အော်ဟစ်ရန် ပါးစပ်ဟလိုက်စဉ် ပင်လယ်ရေများက သူမ၏ ပါးစပ်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာရာ မွန်းကြပ်သွားပြီး မျက်စိထဲတွင် အမှောင်ဖုံးသွားတော့၏။

လော်ယွမ်က စိတ်စွမ်းအင်ကို အပြင်းအထန် ထုတ်လွှတ်၍ ပင်လယ်ရေများကို ဘေးသို့ တွန်းထုတ်နေသော ဝမ်ရှီရှီကို တစ်ချက်ကြည့်လိုက်သည်။ သူမ အတန်ငယ် ခံနိုင်ဦးမည်ဟု ယူဆပြီး ချောင်လင်ရှိရာသို့ လျင်မြန်စွာ ကူးခတ်သွားသည်။

သူက ရေထဲတွင် လူကယ်ဖူးသည့် အတွေ့အကြုံမရှိပေ။ ချောင်လင်အနားသို့ ရောက်သည်နှင့် အသက်ရှင်လိုစိတ်တစ်ခုတည်းသာ ကျန်တော့သည့် သူမ၏ တင်းကျပ်စွာ ရစ်ပတ်မှုကို ခံလိုက်ရသည်။

လော်ယွမ်၏ မျက်နှာအမူအရာ ပြောင်းသွား၏။ သာမန်လူသာဆိုလျှင် ယခုအချိန်၌ လူကယ်ရန်မဆိုထားနှင့်၊ သူမကြောင့်ပင် အသက်ဆုံးရှုံးသွားနိုင်ပြီဖြစ်သည်။ သို့သော် သူ၏ ခွန်အားမှာ အလွန်ကြီးမားပြီး တုံ့ပြန်မှုမှာလည်း အလွန်လျင်မြန်သည်။ ထိုအခြေအနေကို မြင်သည်နှင့် ရေအောက်သို့ ငုပ်လျှိုးလိုက်ပြီး သူမ၏လက်နှင့်ခြေထောက်များကို အားကုန်သုံး၍ ဆွဲဖြုတ်လိုက်သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်ကို မကာ ဧရာမဖွတ်ကြီးရှိရာသို့ ပစ်တင်ပေးလိုက်၏။

သူက အချိန်မဆွဲဝံ့ဘဲ ဝမ်ရှီရှီကို ကယ်ဆယ်ရန် ပြန်လှည့်လာစဉ် ရုတ်တရက် မှင်တက်သွားတော့သည်။

ထိုအချိန်တွင် ဝမ်ရှီရှီသည် ကြောက်လန့်တကြား အော်ဟစ်နေပြီး သူမ၏ စိတ်စွမ်းအင်မှာ လုံးဝ ထိန်းမနိုင်သိမ်းမရ ဖြစ်နေလေပြီ။ ပင်လယ်ရေအမြောက်အမြားသည် ဘေးသို့ ကစဉ်ကလျား တွန်းထုတ်ခံနေရပြီး သူမ၏ ပတ်လည်တွင် ၆ပေခန့်အကျယ်ရှိ ရေမရှိသော ဧရိယာတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် အံ့ဖွယ်အဖြစ်တစ်ခု ဖြစ်ပွားခဲ့သည်။

သူမ၏ ခန္ဓာကိုယ်က ရေမျက်နှာပြင်မှ တဖြည်းဖြည်း ကြွတက်လာကာ ကောင်းကင်သို့ ဖြည်းညင်းစွာ ပျံတက်သွားတော့သည်။

သူမ၏ အောက်ရှိ ရေမျက်နှာပြင်သည် အပြင်းအထန် တုန်ခါနေပြီး စိတ်စွမ်းအင်၏ ဖိအားကြောင့် စတုရန်းမီတာပေါင်းများစွာ ကျယ်ဝန်းသော ခွက်ဝင်နေသည့် ချိုင့်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ အစွမ်းထက်လှသော စိတ်စွမ်းအင်သည် ထူးဆန်းသော စက်ကွင်းတစ်ခုကို ဖြစ်ပေါ်စေပြီး သူမ၏ ပုံရိပ်ကို အလွန်ဝေဝါးနေစေသည်။ သူမ၏ အော်ဟစ်သံများပင် လှိုင်သံပေါက်သော ပဲ့တင်သံတစ်ခုအဖြစ် ပြောင်းလဲနေ၏။

သူမက ရေမျက်နှာပြင်မှ တဖြည်းဖြည်း မြင့်တက်လာပြီး လေထဲသို့ဆက်လက်၍ ပျံဝဲတက်သွားတော့သည်။

ဆက်ရန်...

အပိုင်း(၁၄၆)စိတ်စွမ်းအား၏အသုံးဝင်မှု

ဝမ်ရှီရှီသည် ပို၍ ပို၍ မြင့်တက်လာပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၅ပေ၊ ၁၆ပေခန့် အမြင့်သို့ ရောက်မှသာ ရပ်တန့်သွားကာ ငြိမ်သက်သွားလေသည်။

သူမ၏ ပတ်ပတ်လည်၌ လေပြင်းမုန်တိုင်း တိုက်ခတ်နေသည့်အလား ပင်လယ်ရေမျက်နှာပြင်က ပြင်းထန်စွာ တုန်ခါနေပြီး အနီးအနားရှိ သန္ဓေပြောင်းသတ္တဝါများမှာ ကြောက်လန့်တကြားဖြင့် လေးဘက်လေးတန်သို့ထွက်ပြေးကြကုန်၏။

အားလုံး၏ မျက်နှာပေါ်၌ တုန်လှုပ်မှုများက ထင်ဟပ်နေပြီး လော်ယွမ်ပင်လျှင် သူမထံသို့ ကူးခတ်သွားရန် ခေတ္တမျှ မေ့လျော့သွားသည်။

စိတ်စွမ်းအင်သည် ခန္ဓာကိုယ်၏ အလေးချိန်ကို ထောက်ပံ့နိုင်လောက်အောင် အားကောင်းလာသည့်အခါ လေထဲ၌ ပျံဝဲနိုင်မည်ဖြစ်ကြောင်း လော်ယွမ်က ကြိုတင်ခန့်မှန်းထားခဲ့သော်လည်း ယခုကဲ့သို့ အမှန်တကယ် မျက်မြင်ကိုယ်တွေ့ ကြုံရသည့်အခါ၌မူ တုန်လှုပ်ခြင်းနှင့် အားကျခြင်းတို့ကို ခံစားနေရဆဲ ဖြစ်၏။

သို့သော် လော်ယွမ်ကို ပို၍ အံ့အားသင့်စေသည်မှာ သူမ၏ စွမ်းရည် တိုးတက်လာမှုနှုန်းပင် ဖြစ်သည်။ သူမ၏ ကိုယ်အလေးချိန်မှာ များသည်ဟု မဆိုနိုင်သော်လည်း ပေါ့သည်ဟုလည်း မဆိုနိုင်ချေ။ ပေါင်ချိန် ၇၀ ကျော်ခန့်တော့ ရှိပေမည်။ လွန်ခဲ့သော လအနည်းငယ်က သူမသည် ၁၀ကီလိုဂရမ်ခန့် အလေးချိန်ရှိသော အရာဝတ္ထုတစ်ခုကို ရွှေ့ပြောင်းရန်ပင် အလွန်အားစိုက်ခဲ့ရသော်လည်း ယခုမူ မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထမ်းတင်ထားနိုင်ပြီ ဖြစ်သည်။

ဤစွမ်းရည် တိုးတက်မှုနှုန်းမှာ သူ့ထက်ပင် ပို၍ မြန်ဆန်နေပေသည်။

ဤသည်မှာ ပုံမှန်လေ့ကျင့်၍ရလာသောအစွမ်းမဟုတ်ဘဲ သေရေးရှင်ရေးအခြေအနေမှ ပေါက်ဖွားလာသော စိတ်ခံစားမှု ပေါက်ကွဲထွက်ခြင်းတစ်ရပ်သာ ဖြစ်သည်ဟု ပြော၍ရသည်။ သို့သော် တစ်ကြိမ်တစ်ခါ ဖြစ်ပေါ်ဖူးသွားပြီဖြစ်၍ နောင်တွင် အဆက်မပြတ် လေ့ကျင့်သွားပါက တစ်နေ့နေ့တွင် ဤအဆင့်သို့ အမှန်တကယ် တက်လှမ်းနိုင်ပေလိမ့်မည်။

ထိုအခိုက်တွင် လေထဲ၌ ရပ်တည်နေသော ဝမ်ရှီရှီ၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး စိတ်စွမ်းအင်စက်ကွင်းမှာလည်း တည်ငြိမ်မှု ပျက်ယွင်းသွား၏။ နောက်တစ်ခဏ၌ သူမသည် ကောင်းကင်ယံမှ ပြုတ်ကျလာလေသည်။

သူမ၏ မျက်လုံးများက စုံမှိတ်ထားပြီး မျက်နှာမှာ ဖယောင်းကဲ့သို့ ဖြူဖွေးလျက်ရှိရာ သတိလစ်သွားပြီဖြစ်ကြောင်း ထင်ရှားလှ၏။

လော်ယွမ်က သူမ၏ အခြေအနေကို အစောကြီးကတည်းက အာရုံစိုက်နေခဲ့သည်။ သူမ ရေထဲသို့ မကျမီမှာပင် သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်၏။ သူ၏ ပြင်းထန်သော လှုပ်ရှားမှုကြောင့် ပင်လယ်ရေတို့သည် မီတာပေါင်းများစွာ မြင့်တက်သွားပြီး သူက လေးမှ လွတ်သော မြားတစ်စင်းပမာ ရှေ့သို့ အရှိန်ပြင်းစွာ တိုးထွက်သွားကာ သူမ ရေထဲသို့ မကျမီမှာပင် အလျင်အမြန် ဖမ်းယူပွေ့ချီလိုက်သည်။

သူသည် ရေထဲ၌ အချိန်ကြာမြင့်စွာ မနေဝံ့ဘဲ ဝမ်ရှီရှီကို ပွေ့ချီကာ ဧရာမဖွတ်ကြီးရှိရာသို့ ကူးခတ်သွားသည်။

ဟွမ်ကျားဟွေက စိုးရိမ်တကြီး ဖြင့်စောင့်ဆိုင်းနေသည်။ လော်ယွမ် အနားသို့ ရောက်သည်နှင့် သူမက လော်ယွမ်ကို အလျင်အမြန် ဆွဲတင်လိုက်၏။

"သူဘယ်လိုနေသေးလဲ"

လော်ယွမ်က ဝမ်ရှီရှီကို ဂရုတစိုက် ချထားလိုက်ပြီး သတိလစ်နေသော ချောင်လင်းကို ကြည့်ကာ မေးလိုက်သည်။

ချောင်လင်းသည် ဧရာမဖွတ်ကြီး၏ ကျောပေါ်၌ မလှုပ်မယှက် လဲလျောင်းနေပြီး ပတ်ဝန်းကျင်မှ လူများမှာ တစ်စုံတစ်ခုကို ကြောက်ရွံ့နေသည့်အလား သူမနှင့် ခပ်ခွာခွာရှိနေကြသည်။

"ခုနက မျက်လုံးတစ်ချက် ဖွင့်လာပြီး ဗိုက်နာတယ်လို့ အော်တယ်… ခဏနေတော့ သတိလစ်သွားပြန်ရော…" ဟု ဟွမ်ကျားဟွေက စိုးရိမ်စွာဖြင့် ဆို၏။

"အားလုံးဖယ်ကြ… ငါကြည့်မယ်"

သူက နှောင့်နှေးမနေတော့ဘဲ အလျင်အမြန် လျှောက်သွားလိုက်သည်။

သူ၏ မျက်နှာမှာ တည်ကြည်နေပြီး ရင်ထဲ၌ မကောင်းသော နိမိတ်တစ်ခုကို ခံစားနေရ၏။ လောကကြီး ဖောက်ပြန်ပြောင်းလဲသွားသည့် အချိန်မှစ၍ သန့်ရှင်းသော ရေအရင်းအမြစ်ဟူ၍ မရှိတော့ချေ။ ကြည်လင်နေသော ရေကန်တစ်ခုပင် ဖြစ်လင့်ကစား ရေထဲ၌ မျက်စိဖြင့် မမြင်နိုင်သော ပိုးမွှားငယ်များ သို့မဟုတ် ကပ်ပါးဥပေါင်းများစွာ ရှိနေနိုင်သည်။ အကယ်၍ တိုက်ရိုက်သောက်သုံးမိပါက ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် ဘာမျှမခြားပေ။

သူက ချောင်လင်း၏ အင်္ကျီအောက်စကို အလျင်အမြန် ဖြေလိုက်ရာ သူမ၏ နူးညံ့သော အသားအရေ ပေါ်ထွက်လာသည်။ သူမ၏ ဝမ်းဗိုက်သည် တလိမ့်လိမ့် လှုပ်ရှားနေပြီး အတွင်း၌ တစ်စုံတစ်ခုက လူးလွန့်နေသည့်အလား ရှိနေ၏။

လော်ယွမ်က သူ၏အာရုံခံစွမ်းအင်ဖြင့် အတွင်းမှ အခြေအနေကို ခံစားကြည့်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်သည်။ ထူးဆန်းသော အသက်စွမ်းအင်စက်ကွင်းတစ်ခုက သူ၏ အာရုံခံစွမ်းအင် ထိုးဖောက်ဝင်ရောက်ခြင်းကို တားဆီးထားရာ ဘာကိုမျှ မမြင်ရချေ။

ချောင်လင်း၏ မျက်နှာက တဖြည်းဖြည်း ဖြူဖျော့လာပြီး ခန္ဓာကိုယ်မှာလည်း ပုံမှန်မဟုတ်ဘဲ တက်နေသည်ကို မြင်သောအခါ သူက ဆက်လက်၍ မနှောင့်နှေးဝံ့တော့ဘဲ သူမ၏ ဝမ်းဗိုက်ကို ဖိနှိပ်ကာ အတွင်းမှ ပင်လယ်ရေများကို ထွက်ကျလာစေရန် ကြိုးစားလိုက်သည်။ သို့သော် အဆိုးရွားဆုံး အခြေအနေက ဖြစ်ပေါ်လာခဲ့သည်။

သူက အားစိုက်လိုက်သည်နှင့် သူမသည် နာကျင်မှုကြောင့် ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်ပြီး နှုတ်ခမ်းကို ဟကာ သွေးတစ်လုတ်ကို အားကုန်အန်ထုတ်လိုက်ရာ မျက်နှာပေါ်၌ အဖျားတက်နေသူကဲ့သို့ နီရဲသွားတော့သည်။

အန်ထုတ်လိုက်သော သွေးထဲ၌ သံကောင်ကဲ့သို့သော ပိုးလောင်းငယ်ပေါင်းများစွာက လူးလွန့်နေကြသည်ကို မြင်သောအခါ အားလုံးကြက်သိမ်းမွေးညင်းများထသွားပြီး နောက်သို့ ဆုတ်သွားကြသည်။

လော်ယွမ်က ထိုသွေးအိုင်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ အသက်ရှင်နိုင်တော့မည် မဟုတ်ကြောင်း နားလည်လိုက်သည်။

သူက ကျန်းမာတောက်ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီးနောက် ဖြည်းညင်းစွာ ပြန်လည်ဖြေလျှော့လိုက်သည်။ အကယ်၍ ဝမ်းဗိုက်ကို ခွဲစိတ်လိုက်ပါက ယခုကဲ့သို့သော အခြေအနေမျိုး၌ ပို၍ လျင်မြန်စွာ သေဆုံးသွားနိုင်ပေသည်။

သူ၏ နဖူးပေါ်၌ ချွေးစေးများ တဖြည်းဖြည်း စို့တက်လာသည်။

"ဘာနည်းလမ်းမှ မရှိတော့ဘူးလား" ဟု ဟွမ်ကျားဟွေက တုန်လှုပ်စွာ မေးလိုက်သည်။ "ရှင့်ရဲ့ဓားနဲ့ အသက်စွမ်းအင်ထည့်သွင်းပေးလိုက်ရင်ရော"

လော်ယွမ်က လေးလံစွာ ခေါင်းခါလိုက်ပြီး…

"အဲ့လိုလုပ်ရင် သူနည်းနည်းပိုကြာကြာခံတာပဲရှိမှာ ရလဒ်ကပြောင်းမှာမဟုတ်ဘူး… သူဒဏ်ပိုခံရတာမျိုးတောင်ဖြစ်သွားနိုင်တယ်… ငါစဉ်းစားပါဦးမယ် နင်ကဝမ်ရှီရှီကိုသွားကြည့်လိုက်… သူရေငန်တွေသောက်မိသေးလားလို့"

ဟွမ်ကျားဟွေက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ရင်ထဲ၌ မွန်းကြပ်စွာဖြင့် ဝမ်ရှီရှီထံသို့ လှည့်ထွက်သွားသည်။

ဝမ်ရှီရှီကို ဝမ်ရှကွမ်က ပြုစုစောင့်ရှောက်နေခဲ့ပြီးဖြစ်သည်။ သူမ ရောက်လာသည်ကို မြင်သောအခါ ဝမ်ရှကွမ်က အားတင်းပြုံးကာ အသံတိုးတိုးဖြင့်

"ကျွန်မစစ်ဆေးပြီးပြီ… တော်သေးတယ်သူဘာမှမဖြစ်ဘူး သူ့နှုတ်ခမ်းမှာရေငန်တွေ စိုမသွားဘူး… သူဒီတိုင်းသတိလစ်နေတာ"

ချန်ရှန်းဖုံ၌လည်း မည်သည့်လက္ခဏာမျှ မပြသည်ကို မြင်သောအခါ ဟွမ်ကျားဟွေ အနည်းငယ် သက်ပြင်းချနိုင်သွားသည်။ အနည်းဆုံးတော့ ထိုနှစ်ယောက် ဘေးကင်းသေး၏။

ချောင်လင်း၏ ခန္ဓာကိုယ်က မကြာခဏ ထူးဆန်းစွာ တွန့်လိမ်နေသည်ကို ကြည့်ရင်း လော်ယွမ်၏ စိတ်ထဲ၌ မွမ်းကျပ်လာပြီး ဧရာမဖွတ်ကြီး၏ ကျောကုန်းကို အားဖြင့် ရိုက်ချလိုက်သည်။

ဧရာမဖွတ်ကြီးက နာကျင်စွာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ် တစ်ချက် ယိမ်းထိုးသွား၏။

သူက လက်ကို မြှောက်လိုက်စဉ် ရုတ်တရက် ဉာဏ်အလင်းရသကဲ့သို့ ဖြစ်သွားသည်။

စိတ်စွမ်းအား…။ ခန္ဓာကိုယ်အတွင်းမှ ကပ်ပါးကောင်များကို သတ်နိုင်ပြီး လူကို မထိခိုက်စေမည့် အရာတစ်ခုခု ရှိပါက ၎င်းမှာ "စိတ်စွမ်းအား" သာ ဖြစ်ရမည်။ စိတ်စွမ်းအား၏ နက်နဲအံ့ဖွယ်ဖြစ်မှုမှာ စိတ်၏အလိုအတိုင်း လိုက်ပါပြောင်းလဲနိုင်ခြင်းပင် ဖြစ်သည်။ ရန်သူကို သတ်ဖြတ်သည့်အခါ စိတ်စွမ်းအားသည် တိုက်ခိုက်နိုင်စွမ်းကို တိုးပွားစေပြီး တိုက်ခိုက်ခံရသည့်အခါ၌မူ ခံစစ်အင်အားကို တိုးပွားစေသည်။

၎င်းက အလင်းဖြစ်နိုင်သလို အပူလည်း ဖြစ်နိုင်သည်။ စိတ်စွမ်းအားသည် မည်သည့်ပုံစံဖြင့်မဆို တည်ရှိနိုင်ပြီး ၎င်းမှာ လူ့ခန္ဓာကိုယ်၏ အနက်နဲဆုံး စွမ်းအားပင် ဖြစ်သည်။

အကျိုးသက်ရောက်မှု ရှိမရှိကို သူ မသိသော်လည်း ဤသို့သော အခြေအနေ၌ နောက်ဆုံးနည်းလမ်းအဖြစ် ကြိုးစားကြည့်ရုံသာ ရှိတော့သည်။

လော်ယွမ် မျက်လုံးကို ခေတ္တမျှ မှိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်ရာ လက်ပေါ်၌ နေ့ခင်းဘက်တွင်ပင် ထင်ရှားစွာ မြင်နိုင်သော အလင်းရောင်ဖျော့ဖျော့တစ်လွှာ ပေါ်ထွက်လာသည်။ သူက တက်နေသော ချောင်လင်းကို ကြည့်ကာ လက်ကို သူမ၏ ဝမ်းဗိုက်ပေါ်သို့ ဖြည်းညင်းစွာ ဖိချလိုက်သည်။

ထိတွေ့လိုက်သည်နှင့် မမြင်နိုင်သော လှိုင်းတစ်ခုက သူမ၏ တစ်ကိုယ်လုံးကို လျင်မြန်စွာ ဖြတ်သန်းသွားသည်။ သူမ၏ ခန္ဓာကိုယ်က ချက်ချင်း တောင့်တင်းသွားပြီး မလှုပ်မယှက် ဖြစ်သွားသော်လည်း မူလက နာကျင်မှုကြောင့် ရှုံ့မဲ့နေသော မျက်နှာက အနည်းငယ် ပြေလျော့သွား၏။

လော်ယွမ်က စိတ်စွမ်းအားကို ဖြန့်ကျက်ကာ သူမ၏ ဝမ်းဗိုက်ကို စမ်းကြည့်လိုက်သည်။ ယခုအခါ ဝမ်းဗိုက်သည် ငြိမ်သက်သွားပြီး ယခင်ကကဲ့သို့ တစ်စုံတစ်ခု လူးလွန့်နေသော ခံစားမှုမျိုး မရှိတော့ချေ။ ထို့အပြင် နောက်ဆုံး စီးကျလာသော သွေးထဲမှ ကပ်ပါးကောင်များမှာလည်း မလှုပ်မရပ်ဖြစ်သွားကြသည်။

သူမ၏ ခန္ဓာကိုယ်ကို သူ ထပ်မံစစ်ဆေးကြည့်လိုက်ရာ နှလုံးခုန်နှုန်းမှာ အလွန်မမှန်ဘဲ အသက်ရှူနှုန်းမှာလည်း အလွန်မြန်ဆန်နေပြီး ပါးစပ်မှ သွေးများက မရပ်မနား စီးကျနေသည်မှာ ကိုယ်တွင်း၌ သွေးထွက်လွန်နေပြီဖြစ်ကြောင်း ထင်ရှားလှ၏။

သူမ၏ လက်ရှိအခြေအနေမှာ အလွန်အန္တရာယ်များလှသည်။ ကပ်ပါးကောင်များက သူမ၏ အစာအိမ်ကို ပေါက်ထွက်အောင် ဖောက်ထွင်းသွားခဲ့ပြီးဖြစ်ရာ အတွင်းကလီစာများ၏ အခြေအနေမှာလည်း ကောင်းမွန်မည် မဟုတ်တော့ချေ။

ဟော်တုံက စိတ်မကောင်းစွာ ခေါင်းခါလိုက်သည်။ လော်ယွမ်၏ လက်ပေါ်မှ အလင်းရောင်မှာ မည်သည်ဖြစ်သည်ကို သူ မသိသော်လည်း ဤသို့သော ဒဏ်ရာမျိုးက ကမ္ဘာမပျက်မီကပင်လျှင် ကယ်တင်ရန်မဖြစ်နိုင်တော့ကြောင်း သူ ကောင်းစွာ နားလည်သည်။

"လော်ယွမ်…" ဟွမ်ကျားဟွေက မနေနိုင်ဘဲ ခေါ်လိုက်သည်။

လော်ယွမ်က မကြားဟန်ဖြင့် လက်ကို ထပ်မံမြှောက်လိုက်ရာ အလင်းရောင်များ ထပ်မံထွက်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်၌ စိတ်စွမ်းအားမှ ပုံပေါ်လာသော အလင်းမှာ အနည်းငယ် ပြောင်းလဲနေပြီး တိမ်တိုက်၊ မြူခိုးများကဲ့သို့ ခံစားရကာ သူ၏ လက်ဖဝါးထဲ၌ ပုံသဏ္ဌာန်အမျိုးမျိုးသို့ အဆက်မပြတ်ပြောင်းလဲနေသည်။

ထို့နောက် သူက အလင်းရောင်နှင့်အတူ လက်ဖဝါးကို သူမ၏ ဝမ်းဗိုက်ပေါ်သို့ ညင်သာစွာ ဖိကပ်လိုက်သည်။

ဤတစ်ကြိမ် ခံစားရမှုသည် ယခင်တစ်ကြိမ်နှင့် လုံးဝ ကွဲပြားခြားနားကြောင်း လော်ယွမ် သတိပြုမိလိုက်သည်။ ယခင်တစ်ကြိမ်မှာ တိုက်ခိုက်မှုပုံစံဖြင့် ကြမ်းတမ်းစွာ ဖျက်ဆီးခြင်းဖြစ်၍ အသက်စွမ်းအင်စက်ကွင်းကို သူ မခံစားမိခဲ့ချေ။ သို့သော် ဤတစ်ကြိမ်၌မူ ခုခံမှုကို အပြည့်အဝ ခံစားနေရသည်။

လူ့ခန္ဓာကိုယ်၏ ခုခံကာကွယ်ရေးစက်ကွင်းသည် ပျက်စီးလွယ်သော ပူဖောင်းတစ်လုံးနှင့် တူ၏။ အပ်တစ်ချောင်းဖြင့် ညင်သာစွာ ထိုးလိုက်ရုံဖြင့် ပေါက်ကွဲသွားနိုင်သော်လည်း ပူဖောင်းထဲသို့ ရေကို စိမ့်ဝင်စေရန်မှာမူ အလွန်တရာ ခက်ခဲလှပေသည်။

သို့သော်လည်း လော်ယွမ်၏ စိတ်စွမ်းအားက ချောင်လင်းထက် များစွာ အားကောင်းသောကြောင့် သူမ၏ ခန္ဓာကိုယ်က အပြည့်အဝ မတားဆီးနိုင်ခဲ့ချေ။ သို့သော် စိတ်စွမ်းအားကုန်ဆုံးနှုန်းမှာ အလွန်မြင့်မားပြီး အကျိုးသက်ရောက်မှုမှာလည်း မျှော်လင့်ထားသလောက် မရရှိခဲ့ပေ။

စက္ကန့်ပိုင်းမျှအတွင်း သူ၏ စိတ်စွမ်းအား လေးပုံတစ်ပုံ ကုန်ဆုံးသွားခဲ့သည်။ တိုက်ပွဲဝင်နေချိန်၌ပင် သူ၏ စိတ်စွမ်းအားက ခုနစ်စက္ကန့်၊ ရှစ်စက္ကန့်အထိ ကြာရှည်ခံနိုင်သည်။ ထို့အပြင် ၎င်းက စိတ်စွမ်းအားဖြင့် တိုက်ခိုက်ခြင်းနှင့် ခုခံကာကွယ်ခြင်း နှစ်ခုပေါင်း၏ အချိန်ကိုတွက်ချက်ထားခြင်းဖြစ်သည်။ အကယ်၍ စိတ်စွမ်းအားကို စုစည်းထားရုံသာဆိုလျှင် တစ်နာရီကျော်အထိပင် ထိန်းထားနိုင်သည်။

အမှန်တကယ်တွင် ၎င်းကိုအသုံးမပြုပါက စိတ်စွမ်းအား၏ ကုန်ဆုံးမှုမှာ အလွန်နည်းပါးပြီး သုညဟုပင် ဆိုနိုင်သည်။

နှစ်စက္ကန့်အကြာတွင် လော်ယွမ်က ရပ်တန့်လိုက်သည်။ ယခုအချိန်က ဘေးကင်းသော အချိန်မဟုတ်သေးဘဲ စိတ်စွမ်းအားကို အများအပြား အသုံးပြုလိုက်ပါက သူ့အပေါ် သက်ရောက်မှု ကြီးမားနိုင်ပေသည်။ ၎င်းက တိုက်ခိုက်ရေးစွမ်းရည်ကို တစ်စိတ်တစ်ပိုင်းထိခိုက်နေနိုင်ပြီး အဓိက သက်ရောက်မှုမှာ တိုက်ပွဲဝင်စဉ် စိတ်အခြေအနေအပေါ်၌ ဖြစ်သည်။

သူက ချောင်လင်းကို ကြည့်လိုက်ရာ အတွင်းသွေးယိုစီးမှုမှာ အနည်းငယ် ရပ်တန့်သွားပြီး အခြေအနေ ပိုမဆိုးလာအောင် ယာယီ ထိန်းထားနိုင်ရုံသာ ရှိသည်။ အကယ်၍ အချိန်တိုအတွင်း ကုသမှု မရရှိပါက အသက်အန္တရာယ် ရှိနေဆဲပင် ဖြစ်သည်။

လော်ယွမ်က လက်ခါလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ ယခုအခါ ဧရာမဖွတ်ကြီးက မြစ်လယ်ကို ဖြတ်ကျော်လာခဲ့ပြီဖြစ်၍ ရေမှာ တဖြည်းဖြည်း တိမ်လာပြီး တစ်ဖက်ကမ်းကို လှမ်းမြင်နေရပြီ ဖြစ်သည်။

ဆယ့်ငါးမိနစ်ခန့် ကြာလျှင် တစ်ဖက်ကမ်းသို့ ရောက်ရှိမည်ဖြစ်ပြီး ထိုအခါမှ နည်းလမ်းရှာရပေတော့မည်။

ကျန်းမာတောက်ဓား၏ အသက်စွမ်းအင် စုပ်ယူနိုင်စွမ်း ရှိနေသဖြင့် အခြေအနေ ဆိုးရွားသွားလျှင်တောင် သူ၏ စိတ်စွမ်းအား ပြန်လည်ပြည့်ဝလာသည်အထိတော့ အချိန်ဆွဲထားနိုင်ပေမည်။

ချောင်လင်း၏ အခြေအနေ တိုးတက်လာသည်ကို လူတိုင်း မျက်မြင်ကိုယ်တွေ့ဖြစ်ရာ အားလုံး၏ ရင်ထဲ၌ တုန်လှုပ်သွားကြသည်။ လော်ယွမ်၏ စိတ်စွမ်းအားပြသမှုကို မြင်ဖူးသော ဟွမ်ကျားဟွေမှလွဲ၍ ကျန်လူများမှာ လော်ယွမ်၏ ကုသနည်းကို နားမလည်နိုင်ဖြစ်နေသလို ကြောက်ရွံ့လေးစားစိတ်လည်း ဖြစ်ပေါ်နေကြသည်။

"ခေါင်းဆောင်ယွမ်… ခုနကဟာက အတွင်းအားလား…" ဟော်တုံသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် အရဲစွန့်ကာ မေးလိုက်သည်။ ဤမေးခွန်းကို သူ မေးချင်နေသည်မှာ အလွန်ကြာပြီဖြစ်ပြီး ယခုတစ်ကြိမ်၌မူ သူ မထိန်းနိုင်တော့ချေ။

မေးခွန်းထုတ်ရုံသာမက မျှော်လင့်ချက်လည်း ပါဝင်နေပေသည်။

၎င်းက ဒဏ္ဍာရီလာ အတွင်းအား ဖြစ်နေပါက သင်ကြားပေးနိုင်လျှင် ဤကမ္ဘာပျက်ကပ်ကာလ၌ ပြိုင်ဘက်ကင်း မဖြစ်နိုင်လျှင်ပင် မိမိ၏စွမ်းအားကို ကြီးမားစွာ တိုးမြှင့်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ကို ကာကွယ်နိုင်ပေလိမ့်မည်။

လော်ယွမ်က လူတိုင်း၏ မျက်ဝန်းထဲမှ တောက်ပသော အရောင်များကို မြင်လိုက်ရသည်။ ဟွမ်ကျားဟွေက နှုတ်ခမ်းစေ့၍ ပြုံးနေသည်မှလွဲ၍ ကျိုးယလီပင်လျှင် စိတ်ဝင်တစား ကြည့်နေသည်ကို တွေ့ရရာ အတွင်းအား၏ ဆွဲဆောင်မှုမှာ မည်မျှကြီးမားသည်ကို ခန့်မှန်းနိုင်ပေသည်။

သူက မရယ်ဘဲ မနေနိုင်ဘဲ ခေါင်းခါကာ ရှင်းပြလိုက်သည်။

"အတွင်းအားဆိုတဲ့အရာမျိုးက လောကမှာတကယ်မရှိပါဘူး… အနည်းဆုံးတော့အပြင်မှာ ဘယ်သူမှမမြင်ဖူးဘူး… အခုအစွမ်းကဘာမှထူးထူးဆန်းဆန်းမဟုတ်ဘူး… စိတ်စွမ်းအားရဲ့ အစွမ်းသတ္တိတစ်မျိုးပဲ… ခင်ဗျားတို့စိတ်စွမ်းအားကို စုစည်းနိုင်တဲ့အခါကျရင် နားလည်သွားလိမ့်မယ်"

လော်ယွမ်က လူတိုင်း မယုံကြည်ဟန်ရှိသည်ကို မြင်သောအခါ ဆက်လက်မရှင်းပြတော့ချေ။ အမှန်တကယ်လည်း ရှင်းပြရန် ခက်ခဲလှသည်။ စိတ်စွမ်းအားမှ ပေါ်ထွက်လာသော အလင်းရောင်ကို မြင်သူတိုင်းက အတွင်းအားဟု ထင်မှတ်ကြမည်သာ ဖြစ်သည်။

လော်ယွမ်သည် တစ်ခါတစ်ရံ၌ အတွင်းအားဆိုသည်မှာ လူတို့၏ အဆက်မပြတ် ကိုယ့်ကိုယ်ကိုယ် မှားယွင်းရိုက်သွင်းပေးမှုကြောင့် စိတ်စွမ်းအား စုစည်းမိရာမှ ဖြစ်ပေါ်လာသော စိတ်ကူးယဉ် အရာတစ်ခုသာ ဖြစ်လေသလောဟုပင် သံသယဝင်မိသည်။

(သူပြောတာက အတွင်းအားဆိုတာကို ကိုယ်ကအရမ်းယုံထားလို့ စိတ်ကစုစည်းသွားပြီး ကိုယ်ယုံကြည်ထားတဲ့အတိုင်း စိတ်စွမ်းအားကနေ ဖန်တီးပေးလိုက်တာတဲ့။ အရင်းစစ်လိုက်ရင် အတွင်းအားဆိုတာ တကယ်မရှိပဲ စိတ်စွမ်းအားကနေသာ မိမိရဲ့ယုံကြည်မှုကြောင့် ဖြစ်ပေါ်လာတဲ့ပုံရိပ်ယောင်တစ်ခုလို့ပြောတာပါ။ အတွင်းအားက တစ်ကယ်မရှိပေမယ့် စိတ်စွမ်းအားကနေ ဖွဲ့စည်းလာတဲ့အားကတော့ တစ်ကယ်အစွမ်းထက်ထက်အသုံးပြုလို့ရတဲ့ပုံပါပဲ။ လူတွေကအဲ့တာကိုစိတ်စွမ်းအားကနေဖြစ်လာမှန်းမသိကြပဲ လေ့ကျင့်မှုကြောင့် ကိုယ်ထဲက ပေါ်ထွက်လာတဲ့ အတွင်းအားလို့ပဲသတ်မှတ်ထားကြတာ)

သူက စိတ်မချနိုင်ဘဲ ဝမ်ရှီရှီကို ထပ်မံစစ်ဆေးကြည့်ရာ စိတ်စွမ်းအင် လွန်ကဲစွာ အသုံးပြုမှုကြောင့် သတိလစ်သွားခြင်းသာ ဖြစ်ကြောင်း တွေ့ရှိရသည်။ လော်ယွမ်က သူမကို နှိုးရန် မကြိုးစားဘဲ ဆက်လက်အိပ်စက်စေလိုက်သည်။

ဆက်လက်၍ လော်ယွမ်က ပတ်ဝန်းကျင်အခြေအနေကို သေချာအာရုံစိုက်ထားပြီး လမ်းခရီးကို အန္တရာယ်မရှိဘဲ ဖြတ်ကျော်နိုင်ခဲ့သည်။ ဆယ့်ငါးမိနစ်ခန့်အကြာတွင် ဧရာမဖွတ်ကြီးက မြစ်ကို အောင်မြင်စွာ ဖြတ်ကူးနိုင်ခဲ့သည်။

ယခုအခါ ပင်လယ်ကူးတံတား၏ တစ်ဖက်ကမ်းနှင့် ငါးကီလိုမီတာ၊ ခြောက်ကီလိုမီတာခန့်သာ ကွာဝေးတော့ရာ လူတိုင်း၏ ဖိစီးတင်းကျပ်နေသော မျက်နှာများပေါ်၌ နောက်ဆုံးတွင် ပေါ့ပါးသွားသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

လော်ယွမ်၏ တိုက်တွန်းမှုကြောင့် ဧရာမဖွတ်ကြီး၏ ခြေလှမ်းများမှာ ပို၍ မြန်ဆန်လာပြီး ညမမှောင်မီမှာပင် တစ်ဖက်ကမ်းရှိ ခံတပ်စခန်းသို့ ရောက်ရှိသွားကြတော့သည်။

ဆက်ရန်…

အပိုင်း(၁၄၇)မျိုးရိုးဗီဇပြိုကွဲခြင်း

ဤကာကွယ်ရေးစခန်းမှာ ယခင်ကတွေ့ခဲ့ရသော တစ်ခုနှင့် တစ်ပုံစံတည်းဖြစ်သည်။

သို့သော် အတွင်းသို့ ဝင်လိုက်သည်နှင့် လော်ယွမ်က သတိကြီးစွာထားလိုက်ပြီး လူတိုင်းကို ရပ်တန့်ရန် လက်ပြလိုက်သည်။ အမှန်တကယ်တွင် သူ မပြောလျှင်ပင် မည်သူမျှ အတွင်းသို့ မဝင်ရဲကြပေ။

အတွင်းထဲတွင် နေရာတိုင်း၌ ပင့်ကူမျှင်များဖြင့် ပြည့်နှက်နေပြီး ထောင့်များနှင့် ကျဉ်းမြောင်းသောနေရာများတွင်မူ ပင့်ကူမျှင်များမှာ အလွန်သိပ်သည်းကာ ဖြူဖွေးနေသည်။ ထိုအထဲတွင် ပင့်ကူမျှင်များဖြင့် တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားသော ပိုးတုံးလုံးပုံစံ အရာဝတ္ထု ဒါဇင်ပေါင်းများစွာရှိပြီး အချို့မှာ ပုံစံအရ လူဖြစ်သည်မှာ ထင်ရှားသည်။

လော်ယွမ်က မြေပြင်ပေါ်မှ ပင့်ကူမျှင်ကို စမ်းနင်းကြည့်လိုက်ရာ ဤပင့်ကူမျှင်များမှာ အလွန်အမင်း စေးကပ်သည်ကို တွေ့ရှိလိုက်ရသည်။ ခြေထောက်ဖြင့်နင်းမိပါက သာမန်လူတစ်ယောက်၏ခွန်အားဖြင့် ရုန်းကန်၍ မလွတ်မြောက်နိုင်ပေ။ ဤသည်မှာ ခြေထောက်တစ်ခုတည်းသာဖြစ်သည်။ အကယ်၍ ခန္ဓာကိုယ်ပါ ကပ်ငြိသွားပါက သူပင်လျှင် ရုန်းထွက်နိုင်ဖို့ မသေချာပေ။

မဆင်မခြင်ဝင်သွားပါက သူပင်လျှင် အတွင်းထဲတွင် အသက်ဆုံးရှုံးသွားနိုင်သည်။ သူက ခန်းမကျယ်ကြီးမှ အလျင်အမြန် ပြန်ထွက်လိုက်သည်။

ထို့နောက် ဧရာမဖွတ်ကြီးကို ဆင့်ခေါ်လိုက်သည်။

ဆင့်ကဲပြောင်းလဲပြီးနောက်ပိုင်း ဧရာမဖွတ်ကြီးမှာ အတော်လေး ဉာဏ်ကောင်းလာသည်ဟု ဆိုရပေမည်။ သူတစ်ပါး၏ အမူအရာနှင့် စကားကို အကဲခတ်နိုင်စွမ်းကဲ့သို့သော ဉာဏ်ရည်ကို ထင်ဟပ်စေသည့် စွမ်းရည်ပင် ပေါ်ပေါက်လာခဲ့သည်။ ထို့အပြင် မကြာခဏ လေ့ကျင့်ပေးမှုကြောင့် ယခုအခါတွင် ၎င်းက စကားလုံးနှစ်လုံးပါသော အမိန့်များကို အကြမ်းဖျင်းနားလည်နိုင်ပြီဖြစ်သည်။

ဥပမာ "မီးမှုတ်"

ဧရာမဖွတ်ကြီးက နားလည်သလို နားမလည်သလိုဖြင့် ခေါင်းကိုခါယမ်းလိုက်သည်။ နောက်တစ်ခဏတွင် ၎င်း၏ပါးစပ်မှာ ဟသွားပြီး အလွန်ပြင်းထန်သော တွန်းကန်အားပါသည့် မီးတောက်တစ်ခု ၎င်း၏ပါးစပ်မှ ထွက်ပေါ်လာကာ ခန်းမကျယ်ကြီးတစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွားသည်။

"ဝုန်းးးးးး" ဗုံးတစ်လုံးပေါက်ကွဲသွားသကဲ့သို့ပင် ကာကွယ်ရေးစခန်းတစ်ခုလုံး တုန်ခါသွားပြီး မီးတောက်များမှာ သေနတ်ပစ်ပေါက်များမှ နှစ်မီတာကျော်ရှည်သော မီးလျှံများအဖြစ်သို့ပင် ပြန်ထိုးထွက်လာသည်။

အမှန်တကယ်တွင် ဧရာမဖွတ်ကြီးမှာ ''မိဝါ'' ကဲ့သို့ မီးဓာတ်သန္ဓေပြောင်းသတ္တဝါတစ်ကောင်မဟုတ်ပေ။ ၎င်းမှုတ်ထုတ်သည်မှာ မီးမဟုတ်ဘဲ ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားသည့် လေနှင့်ထိတွေ့သည်နှင့် တောက်လောင်သော ဓာတ်ငွေ့တစ်မျိုးဖြစ်သည်။ ဓာတ်ငွေ့အများအပြားကို ဤကဲ့သို့ အတော်အသင့်လေလုံသော ကာကွယ်ရေးစခန်းထဲသို့ မှုတ်သွင်းလိုက်သောအခါ ဖြစ်ပေါ်လာသည့်အာနိသင်မှာ အပြင်ဘက်နှင့် လုံးဝမနှိုင်းယှဉ်နိုင်ပေ။ ဤအချက်ကို လော်ယွမ်ပင် ကြိုတင်မခန့်မှန်းနိုင်ခဲ့ပေ။

ဆက်လက်၍ မီးတောက်များမှာ အပေါ်တွင်ပုံထားသော ကျည်ဆန်များကို ပေါက်ကွဲစေခဲ့ပြီး ဒုတိယအကြိမ်ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့သည်။ ကံကောင်းသည်မှာ အပေါ်တွင်ပုံထားသော ကျည်ဆန်များက မများလှသောကြောင့် ပေါက်ကွဲမှုပြင်းအားမှာ မကြီးမားခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ပါက အတွင်းထဲတွင် ရှိနိုင်သော ဒုံးကျည်များကိုပါ ပေါက်ကွဲစေခဲ့မည်ဆိုလျှင် ကာကွယ်ရေးစခန်းတစ်ခုလုံးပင် ပွင့်ထွက်သွားဖွယ်ရှိသည်။

သို့သော် ဤမျှနှင့်ပင် လော်ယွမ်က အလွန်ထိတ်လန့်နေပြီဖြစ်သည်။

"အူး…ဝါး…" မရေမတွက်နိုင်သော မွေးကင်းစကလေးငယ်များ၏ စူးရှသောအော်သံများကဲ့သို့သော အသံများ ဆူညံစွာထွက်ပေါ်လာပြီး လူကိုကြက်သိမ်းမွေးညင်းများထသွားစေသည်။ ထိုအချိန်မှာပင် မီးတောက်များဖုံးလွှမ်းနေသော သန္ဓေပြောင်းပင့်ကူအချို့က ထိတ်လန့်တကြားဖြင့် တံခါးဝသို့ ထွက်ပြေးလာကြရာ ဧရာမဖွတ်ကြီး၏ ခြေနှစ်ချောင်းဖြင့် နင်းခြေခြင်းခံလိုက်ရသည်။ လွတ်မြောက်သွားသော တစ်ကောင်ကိုမူ လော်ယွမ်က ချက်ချင်းပင် နှစ်ပိုင်းပိုင်းဖြတ်ပစ်လိုက်သည်။

တစ်မိနစ်အကြာတွင် ဆူညံသံများ ရပ်တန့်သွားပြီး ခန်းမကျယ်ကြီးထဲတွင် ၆ပေကျော်နက်သော ချိုင့်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ အတွင်းထဲမှ အစိမ်းရောင်မီးခိုးငွေ့များ တလူလူထွက်နေပြီး အပူချိန်အလွန်မြင့်မားနေသည်။

မူလက ဖြူဖွေးနေသော ပင့်ကူမျှင်များမှာ လောင်ကျွမ်းကုန်ပြီဖြစ်ပြီး သန္ဓေပြောင်းသတ္တဝါနှင့် လူတို့၏ အရိုးပုံအချို့မှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေကာ မည်သူ့အရိုးဖြစ်သည်ကိုပင် မခွဲခြားနိုင်တော့ပေ။

ပတ်ဝန်းကျင်တစ်ခုလုံး မီးလောင်ကျွမ်း၍ မည်းနက်နေပြီး ရုံးသုံးစားပွဲအချို့နှင့် တံခါးမကြီးမှာမူ လောင်ကျွမ်းနေဆဲဖြစ်သည်။ ပရိုတိန်းဓာတ်လောင်ကျွမ်းသည့် အနံ့ဆိုးမှာ အတွင်းထဲမှ ထွက်ပေါ်နေသည်။ ထွက်မပြေးနိုင်ခဲ့သော ပင့်ကူတစ်ဒါဇင်ခန့်မှာ တစ်ကိုယ်လုံးမည်းနက်ကာ မြေပြင်ပေါ်တွင် ကောက်ကွေးနေကြပြီး ခန္ဓာကိုယ်များမှာ မီးသွေးတုံးနီးပါးဖြစ်နေပြီဖြစ်သည်။ သို့သော် အားကောင်းသော ရှင်သန်နိုင်စွမ်းကြောင့် ၎င်းတို့က တစ်ခဏအတွင်း မသေနိုင်ဘဲ အဆက်မပြတ် ရုန်းကန်နေကြသည်။

မူလက လော်ယွမ် ၎င်းတို့ကို လုံးဝအဆုံးသတ်ပေးရန် စဉ်းစားခဲ့သော်လည်း အတွေးတစ်ချက်ဝင်လာပြီး ရပ်တန့်လိုက်သည်။

ချောင်လင်းက ယခုအချိန်အထိ အသက်အန္တရာယ်စိုးရိမ်ရဆဲဖြစ်သည်။ ဤသန္ဓေပြောင်းပင့်ကူများက အသက်စွမ်းအင်ထောက်ပံ့ပေးမည့် ကုန်ကြမ်းများပင် မဟုတ်တုံလော။ ဤသို့ဆိုလျှင်သူ၏အားအင်များစွာကို ချွေတာနိုင်လိမ့်မည်။

ပထမထပ်သာမက ကာကွယ်ရေးစခန်းတစ်ခုလုံးနီးပါး တစ်ခုမကျန် လောင်ကျွမ်းသွားသည်။ လော်ယွမ် အပေါ်အောက် သေချာစွာ တစ်ကြိမ်စစ်ဆေးကြည့်လိုက်ရာ အလွန်ရှင်းလင်းနေသည်ကို တွေ့ရှိလိုက်ရသည်။ ရိက္ခာများပင် မီးလောင်ကျွမ်း၍ မည်းနက်ကုန်သည်။ သို့သော် ကံကောင်းသည်မှာ မြေအောက်ခန်းက သံတံခါးဖြင့်ပိတ်ထားသောကြောင့် မူလအတိုင်း ကျန်ရှိနေခဲ့သည်။

လော်ယွမ်က ဓားဖြင့်တစ်ချက်ခုတ်ကာ မြေအောက်ခန်းကို ဖွင့်လိုက်ရာ အတွင်းထဲတွင် အခန်းအပြည့် လက်နက်များဖြင့် ပြည့်နှက်နေသည်။

ပုံးလိုက်ထည့်ထားသော စက်သေနတ်ကျည်ဆန်များမှာ ဂိုဒေါင်ထဲတွင် တောင်လိုပုံနေသည်။ အပြင်ဘက်တွင်ပင် လော်ယွမ်က ပုံးတစ်ရာကျော်ကို မြင်တွေ့ခဲ့ရပြီး အတွင်းပိုင်းပါထည့်တွက်လျှင် ပုံးသုံးရာပင်မကဟု ခန့်မှန်းမိသည်။ ကျည်ဆန်များသာမက သာမန်ရိုင်ဖယ်ကျည်ဆန်များလည်း မနည်းလှဘဲ တစ်ဒါဇင်ခန့်ရှိသည်။ ထို့အပြင် မော်ဒယ်အမျိုးမျိုးရှိသော လက်ပစ်ဗုံးများ၊ လောင်ချာများနှင့် ဒုံးကျည်ရာပေါင်းများစွာပါသော ပုံးဒါဇင်ပေါင်းများစွာလည်း ရှိသေးသည်။ ထို့အပြင် တစ်ဖက်မှလက်နက်စင်ပေါ်တွင် စက်သေနတ်ခုနစ်လက်၊ အကြီးစားစနိုက်ပါရိုင်ဖယ်ငါးလက်နှင့် ရိုင်ဖယ်တစ်ဒါဇင်ခန့်ကိုလည်း ချထားသေးသည်။ ဤမျှများပြားသော လက်နက်များနှင့် စစ်ပွဲငယ်တစ်ပွဲကိုပင် ဆင်နွှဲနိုင်သည်။

ထိုအချိန်တွင် အခြားသူများက ချောင်လင်းနှင့် ဝမ်ရှီရှီကို ပွေ့ချီကာ သတိကြီးစွာဖြင့် ရောက်ရှိလာကြသည်။ တောင်လိုပုံနေသော ဤလက်နက်များကိုမြင်လျှင် မျက်လုံးပြူး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သာမန်လူတစ်ယောက်အနေဖြင့် ဤကဲ့သို့သော မြင်ကွင်းမျိုးကို အဘယ်မှာ မြင်ဖူးမည်နည်း။ ယခင်က ဤနေရာနှင့် ပုံစံတူနီးပါးဖြစ်သော မြေအောက်လက်နက်တိုက်ကို တွေ့ဖူးသော်လည်း ထိုလက်နက်တိုက်မှာ ရွှေ့ပြောင်းပြီးဖြစ်သောကြောင့် ဒုံးကျည်များမှလွဲ၍ အရာအားလုံး ဟာလာဟင်းလင်းဖြစ်နေခဲ့သည်။ ယခုကဲ့သို့ မြေအောက်ဂိုဒေါင်တစ်ခုလုံး ပြည့်ကျပ်နေသည်နှင့် မည်သို့မျှ မနှိုင်းယှဉ်နိုင်ပေ။

"ခွေးမသားတွေ… အဲ့ဒီစခန်းကလူတွေ လက်နတ်တွေ ဘယ်လောက်တောင် သယ်ထုတ်ထားတာလဲ" လင်းရှောင်ကျီက ကျိန်ဆဲလိုက်သည်။

ဟော်တုံမှာ မနေနိုင်တော့ဘဲ လက်နက်စင်ရှေ့သို့ လျှောက်သွားကာ အကြီးစားစနိုက်ပါရိုင်ဖယ်ကို ခဏကိုင်ကြည့်လိုက် ရိုင်ဖယ်ကို ကစားကြည့်လိုက်ဖြင့် စိတ်လှုပ်ရှားစွာ

"ငါ့အထင်တော့ အရင်ခံတပ်က ဒီလောက်မများလောက်ဘူး… ဒီခံတပ်က လက်နတ်တွေဖြည့်တင်းပြီးကာစဖြစ်တဲ့ပုံပဲ… မဟုတ်ရင်ခုလိုတစ်ခန်းလုံးပြည့်နေမှာ မဟုတ်ဘူး… ဘာတွေဖြစ်ခဲ့လို့ အကုန်ဆုတ်ပြေးကြတာလဲတော့မသိဘူး"

ဟော်တုံ လျှောက်သွားသည်ကိုမြင်လျှင် အခြားသူများလည်း မနေနိုင်တော့ဘဲ လက်နက်စင်ရှေ့တွင် တစ်ခုပြီးတစ်ခု ရွေးချယ်ကိုင်တွယ်ကြည့်နေကြပြီး မျက်နှာများမှာ ထူးဆန်းသော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ကမ္ဘာပျက်ကာလမှ လူသားများအတွက် လက်နက်လိုအပ်ချက်မှာ ပုံမှန်မဟုတ်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ သေနတ်တစ်လက်မှာ သာမန်လူတစ်ဦးကို ချက်ချင်းပင် ကြောက်ရွံ့လေးစားဖွယ်ဖြစ်သွားစေနိုင်ပြီး လူတိုင်းအတွက် ကြီးမားသော ဆွဲဆောင်မှုတစ်ခုဖြစ်သည်။

"လော်ယွမ်… ဒီထပ်ကြာနေရင် မီမှာမဟုတ်တော့ဘူး" ဟွမ်ကျားဟွေက မြေပြင်ပေါ်တွင် လဲလျောင်းနေသော ချောင်လင်း၏မျက်နှာမှာ တဖြည်းဖြည်း ပိုမိုဆိုးရွားလာသည်ကို ကြည့်ရင်း သတိပေးလိုက်သည်။

ဤမျှအချိန်ကြာအောင် နှောင့်နှေးခဲ့သောကြောင့် သူမ၏ထွက်သက်မှာ ပိုးမျှင်တစ်မျှင်ကဲ့သို့သာ ရှိတော့ပြီး မျက်နှာမှာ ဖယောင်းကဲ့သို့ ဖြူဖျော့နေသည်။ အကယ်၍ ချက်ချင်းမကုသပါက သေဆုံးသွားဖွယ်ရှိသည်။

"အားလုံးသေနတ်တွေကို ဒီတိုင်းခဏထားလိုက်ဦး… နောက်အချိန်တွေအများကြီး ရှိသေးတယ်" လော်ယွမ်၏စိတ်မှာ တည်ကြည်သွားပြီး ချက်ချင်းပင် "အားလုံးဒီကအမြန်ထွက်ပြီး အခန်းတစ်ခန်းကိုရှင်းပေး… ငါချောင်လင်းကို အခုချက်ချင်းကုပေးမှဖြစ်မယ်"

လက်နတ်ခန်းက နေရာတိုင်းတွင် ကျည်ဆန်များဖြင့် ပြည့်နှက်နေပြီး မီးပွားတစ်စမျှပင် ပြင်းထန်သောပေါက်ကွဲမှုကို ဖြစ်စေနိုင်သဖြင့် ဤနေရာတွင်ဆက်နေခြင်းက အလွန်အန္တရာယ်များသည်။

လော်ယွမ်က ချောင်လင်းကို တစ်ခါတည်းပွေ့ချီလိုက်ပြီး မြေအောက်ခန်းမှထွက်ကာ ဒုတိယထပ်မှ မီးလောင်၍ပုံပျက်နေသော တံခါးတစ်ချပ်ကို ကန်ဖွင့်လိုက်ပြီး သူမကို မြေပြင်ပေါ်သို့ သတိဖြင့်ချထားလိုက်သည်။ ထို့နောက် သူက ပထမထပ်သို့ ပြန်သွားပြီး အကြီးဆုံးသန္ဓေပြောင်းပင့်ကူ၏ ခြေလက်အင်္ဂါအားလုံးကို ဖြတ်တောက်လိုက်ကာ အခန်းထဲသို့ လျင်မြန်စွာ သယ်ဆောင်လာခဲ့သည်။

လူတိုင်းက နောက်သို့ဆုတ်သွားကြသည်။ သန္ဓေပြောင်းပင့်ကူ၏ပုံစံမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ကျောဘက်တွင် ရုပ်ကြွင်းတစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်လူမျက်နှာတစ်ခု ရှိနေသည်။ ထိုလူမျက်နှာ၏ မျက်နှာအစိတ်ပိုင်းများမှာ အတော်ထင်ရှားပြီး အသက်ဝင်လှကာ ပါးစပ်ထဲတွင် ကိုက်ခဲထားသော ချွန်ထက်သည့်သွားများကိုပင် ရှင်းလင်းစွာ မြင်တွေ့နေရသည်။ လူမျက်နှာတစ်ခုလုံးမှာ မျက်လုံးများမှိတ်ထားပြီး ရှုံ့မဲ့နေကာ အလွန်နာကျင်နေဟန်တူသည်။

မူလက လူတိုင်းမှာ ဤသည်ကို အင်အားကြီးသားကောင်များကို ခြောက်လှန့်လှည့်စားရန်သပ်သပ်ဟုသာ ထင်ခဲ့ကြသည်။ ဤကဲ့သို့သော ဖြစ်စဉ်မျိုးမှာ ကမ္ဘာမပျက်မီက သဘာဝလောကတွင် ရှားပါးခြင်းမရှိပေ။ သို့သော် လော်ယွမ်က ဓားဖြင့် ၎င်း၏ကိုယ်ထဲသို့ ထိုးစိုက်လိုက်ချိန်တွင် ထိုလူမျက်နှာ၏မေးရိုးမှာ ရုတ်တရက် ဟသွားပြီး ခွေးစွယ်များကဲ့သို့ ချွန်ထက်နေသော သွားများကို ဖော်ပြလိုက်သည်။ ထိုအချိန်မှာပင် ကြက်သီးထဖွယ်ကောင်းသော ကလေးငယ်တစ်ဦး၏အော်သံက အခန်းထဲတွင် ထွက်ပေါ်လာသည်။

သွေးကဲ့သို့နီရဲသော မျက်လုံးများလည်း ပွင့်လာပြီး အကြည့်များမှာ မုန်းတီးမှုများ၊ နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။ လူတိုင်းမှာ ကြည့်ရင်း ခေါင်းနပမ်းကြီးသွားပြီး စိတ်မှာလည်း တစ်ခဏအတွင်း ငရဲဘုံသို့ ရောက်ရှိသွားသကဲ့သို့ခံစားလိုက်ရသည်။

လော်ယွမ်က လေးနက်သောအသံဖြင့် "ဟမ့်" ဟု တစ်ချက်အော်လိုက်သည်။ သူ၏အသံထဲတွင် စိတ်စွမ်းအားအနည်းငယ်ပါဝင်နေသဖြင့် လူတိုင်းမှာ တစ်ကိုယ်လုံးတုန်ခါသွားပြီး လျင်မြန်စွာ သတိပြန်ဝင်လာကြကာ အချင်းချင်း ထိတ်လန့်စွာ ကြည့်ရှုလိုက်ကြသည်။

ဤဖြစ်စဉ်မျိုးကို လော်ယွမ်မှာ ယခင်က ခန်းမကျယ်ကြီးထဲတွင် တစ်ကြိမ်တွေ့ဖူးပြီးဖြစ်သောကြောင့် ထူးဆန်းသည်ဟု မထင်တော့ပေ။ ဤပင့်ကူမှာ ခံတပ်ရှိပင့်ကူများထဲတွင် အကြီးဆုံးဖြစ်ပြီး ကိုယ်မှာ မီတာအနည်းငယ်သာရှိသော်လည်း အဆင့်မှာမူ အပြာရောင်အဆင့်ဖြစ်သည်။

၎င်း၏စွမ်းရည်မှာ အလွန်ထူးခြားပြီး လူကို ထင်ယောင်ထင်မှားဖြစ်စေသည်။ ထိုအစွမ်းက ယခင်ကကြုံခဲ့ရသော တစ္ဆေထနောင်းပင်နှင့် ဆင်တူသော်လည်း ကံဆိုးသည်မှာ ပင်ကိုယ်သဘာဝအရ ရက်စက်ကြမ်းတမ်းသော ဧရာမဖွတ်ကြီးနှင့် ကြုံလိုက်ရခြင်းဖြစ်သည်။ မီးတစ်ချက်မှုတ်ထုတ်ရုံဖြင့် ၎င်းတို့ကခုခံနိုင်စွမ်းမရှိဘဲ တစ်ခါတည်း သေပွဲဝင်သွားလုနီးပါးဖြစ်သွားခဲ့သည်။

သို့သော် မည်သည့်မစ်ရှင်အသိပေးချက်မျှတော့ မရှိပေ။ အပြာရောင်အဆင့်များက ယခုအခါတွင် စနစ်၏တုံ့ပြန်မှုကို မဖြစ်ပေါ်စေနိုင်တော့ပေ။ သူ၏စွမ်းအား လျင်မြန်စွာတိုးတက်လာသည်နှင့်အမျှ နောက်ပိုင်းတွင် အဆင့်တက်ရန် ပို၍ခက်ခဲလာမည်ဟု အဓိပ္ပာယ်ရသည်။

ဓားသွားမှာ သန္ဓေပြောင်းပင့်ကူ၏ကိုယ်ထဲသို့ ထိုးစိုက်လိုက်သည်နှင့် သိသာစွာခံစားနိုင်သော ပူလောင်သည့်စွမ်းအင်တစ်ခု ဓားရိုးမှ ထွက်ပေါ်လာသည်။ ဤစွမ်းအင်မှာ ယခင်က အပြာနုရောင်အဆင့် အပင်ကြီးထက် များစွာပိုမိုကြီးမားပြီး အာနိသင်မှာလည်း ပိုမိုထင်ရှားသည်။ လော်ယွမ်ပင်လျှင် စိတ်မှာ လန်းဆန်းသွားပြီး ခန္ဓာကိုယ်၏ပင်ပန်းနွမ်းနယ်မှုမှာ လုံးဝပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။

သူက မဆိုင်းမတွဘဲ ဓားရိုးကို ချောင်လင်း၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

အစပိုင်းတွင် သူမ၏ခန္ဓာကိုယ်မှာ မည်သို့မျှတုံ့ပြန်ခြင်းမရှိသော်လည်း မိနစ်အနည်းငယ်အကြာတွင် သူမ၏ ဖယောင်းကဲ့သို့ဖြူဖျော့နေသော မျက်နှာပေါ်တွင် တဖြည်းဖြည်း အသက်ဝင်လာပြီးနောက် အနည်းငယ်နီရဲလာသည်။

ဆက်လက်၍ မျက်နှာသာမက ခန္ဓာကိုယ်ပါ တဖြည်းဖြည်း နီရဲလာပြီး အသက်ရှူမှာ ပို၍မြန်ဆန်လာသည်။ ပင်လယ်ရေဖြင့်စိုစွတ်နေသော ဆံပင်များမှာပင် ရေနွေးငွေ့များ ထွက်ပေါ်လာပြီး အပူချိန်မြင့်မားနေသည်။

အပြာရောင်အဆင့်၏ အသက်စွမ်းအင်မှာ သာမန်လူတစ်ယောက်အတွက် အလွန်ကြီးမားလှသည်။ ဤသန္ဓေပြောင်းပင့်ကူမှာ သေလုဆဲဆဲဖြစ်နေလျှင်ပင် ချောင်လင်းအနေဖြင့် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ဟွမ်ကျားဟွေက သူမ၏ခေါင်းကို စမ်းကြည့်လိုက်ပြီး လက်ကိုချက်ခြင်းပြန်ရုတ်လိုက်ကာ အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။ သူမ၏နဖူးမှာ ယခုအချိန်တွင် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ပူလောင်နေပြီး အပူချိန်မှာ ၁၂၀၊ ၁၃၀ဒီဂရီခန့်ပင် ရှိနေသည်။ သူမက စိုးရိမ်တကြီးဖြင့် "သူ ဒီလိုဖြစ်တာ ဘာမှမဖြစ်ပါဘူးနော်"

လော်ယွမ်က ခေါင်းခါယမ်းလိုက်သည်။ သူလည်း ဤသို့ဆက်ဖြစ်နေပါက ပြဿနာရှိမည်လောဟု မသိပေ။ ယုတ္တိကျကျပြောရလျှင် သူမစုပ်ယူသည်မှာ အသက်စွမ်းအင်များသာဖြစ်သောကြောင့် ဘာမှမဖြစ်သင့်ပေ။ သို့သော် သတိထားသည့်အနေဖြင့် သူက စွမ်းအင်ပို့လွှတ်မှုကို ရပ်တန့်လိုက်သည်။

စွမ်းအင်ရင်းမြစ်မရှိတော့သောအခါ ချောင်လင်း၏ခန္ဓာကိုယ်အပူချိန်မှာ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာပြီး အသက်ရှူမှာလည်း လျင်မြန်စွာ တည်ငြိမ်သွားသည်။ မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေသေးသည်မှလွဲ၍ ယခင်နှင့်နှိုင်းယှဉ်လျှင် အများကြီးကောင်းမွန်သွားပြီဖြစ်သည်။

ထိုအချိန်တွင် လော်ယွမ်မှာ ထိုသန္ဓေပြောင်းပင့်ကူကို လှမ်းကြည့်လိုက်သည်။ အသက်စွမ်းအင်ထုတ်ယူမှုကြောင့် ဤသန္ဓေပြောင်းပင့်ကူမှာ လုံးဝသေဆုံးသွားပြီဖြစ်သည်။ သို့သော် သူ၏အာရုံကိုဖမ်းစားသည်မှာ သန္ဓေပြောင်းပင့်ကူမဟုတ်ဘဲ ၎င်း၏ကိုယ်ပေါ်မှ ဓားရှည်ကြီးထိုးစိုက်ထားသော ဒဏ်ရာဖြစ်သည်။

ယခုအချိန်တွင် ဒဏ်ရာ၌ စက်ဆုပ်ဖွယ်ကောင်းသော အဝါရောင်သန်းနေသည့် ပြည်ပုပ်ရည်များစွာ ထွက်ပေါ်နေပြီး ဒဏ်ရာအနီးမှ အရိုးခွံမှာလည်း တိုက်စားခံထားရသည့် လက္ခဏာများရှိနေကာ မူလတောက်ပမှုမှာ လုံးဝပျောက်ဆုံးနေပြီဖြစ်သည်။

လော်ယွမ်၏စိတ်ထဲတွင် အနည်းငယ် စပ်စုချင်စိတ်ဖြစ်ပေါ်လာသည်။ ဓားပြားဖြင့် ခေါက်ကြည့်လိုက်ရာ အရေးကြီးသောအရာတစ်ခုခု ဆုံးရှုံးသွားသကဲ့သို့ မူလကမာကျောသော အရိုးခွံမှာ ယခုအခါ အလွန်ကွဲလွယ်နေပြီး အနည်းငယ်အားစိုက်၍ခေါက်ရုံဖြင့် အပေါက်တစ်ခုဖြစ်သွားသည်။

သူက ဆက်လက်၍ အကြိမ်အနည်းငယ်ခေါက်လိုက်ရာ အပေါက်မှာ လျင်မြန်စွာ ကျယ်ပြန့်လာပြီး အတွင်းမှ ပုပ်သိုးနေသောအသားများကို မြင်တွေ့လိုက်ရသည်။ သူက သစ်ကိုင်းတစ်ချောင်းဖြင့် အတွင်းထဲသို့ထည့်၍ မွှေကြည့်လိုက်ရာ အသားအားလုံးမှာ မာကျောမှုပျောက်ဆုံးနေပြီး ခဏလေးမွှေရုံဖြင့် ပြည်ပုပ်သွေးတစ်အိုင်အဖြစ်သို့ ပြောင်းလဲသွားမည့် လက္ခဏာရှိနေသည်။

သူ ရုတ်တရက် စကားလုံးတစ်လုံးကို စဉ်းစားမိလိုက်သည်။ "မျိုးရိုးဗီဇ ပြိုကွဲတာ"

လော်ယွမ်မှာ ဤသို့ဖြစ်စဉ်မျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။ ယခင်က သစ်ပင်ကြီးမှာ ကိုယ်ထည်ကြီးမားပြီး မြေအောက်တွင် သိပ်သည်းသော အမြစ်များဖြင့် စိုက်ထူထားသောကြောင့် စွမ်းအင်များကို အဆက်မပြတ် ဖြည့်တင်းနိုင်သည်။ ရက်ပေါင်းများစွာ စုပ်ယူခဲ့သော်လည်း ၎င်း၏အသက်စွမ်းအင်ကို မကုန်ဆုံးစေခဲ့ပေ။ ထွက်ခွာလာချိန်တွင် သစ်ရွက်များမှာ အဝါရောင်သန်းနေရုံသာဖြစ်ပြီး မျိုးရိုးဗီဇ ပြိုကွဲခြင်းဖြစ်စဉ်မှာမူ ပေါ်ပေါက်ခဲ့ခြင်းမရှိပေ။

ဆက်ရန်…

အပိုင်း(၁၄၈)ရေသံ

လော်ယွမ်က လုံးဝဆွေးမြေ့သွားသော အရိုးခွံအပိုင်းအစတစ်ခုကို ကြည့်ရင်း တိတ်တဆိတ် အမျိုးအမည်ခွဲခြားအစွမ်းကို အသုံးပြုလိုက်သည်။

အမည် - အမည်မသိ ထုံးကျောက်ဓာတ်

ရှားပါးမှုအဆင့် - မီးခိုးရောင်

အလေးချိန် - ၁.၅ ကီလိုဂရမ်

သုံးသပ်ချက် - ဤသည်မှာ သာမန်တွေ့ရလေ့ရှိသော သတ္တုတစ်မျိုးဖြစ်ပြီး အရေးပါသော ဆောက်လုပ်ရေးကုန်ကြမ်းတစ်ခု ဖြစ်သည်။

ဤသို့ အလွန်အမင်း ထူးဆန်းသော သုံးသပ်ချက်ကြောင့် လော်ယွမ်သည် အေးစက်သောလေကို ရှူသွင်းလိုက်မိသည်။အရိုးခွံ၏အဆင့်က အပြာရောင်အဆင့်မှ မီးခိုးရောင်အဆင့်သို့ ကျဆင်းသွားရုံသာမက မူလသက်ရှိဒြပ်ပေါင်းမှာပင် သက်မဲ့ဒြပ်ပေါင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"သက်စုပ်အစွမ်း" က ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု လော်ယွမ် လုံးဝ မထင်ထားခဲ့ပေ။ သူ၏အတွက် "သက်စုပ်အစွမ်း" က တန်ဖိုးရှိသော စွမ်းရည်တစ်ခုမျှသာ ဖြစ်သော်လည်း သန္ဓေပြောင်းသတ္တဝါများအတွက်မူ အလွန်အမင်း ဆိုးရွားလှသော တိုက်ခိုက်မှုတစ်ခုပင် ဖြစ်သည်။

သို့သော် ဤတိုက်ခိုက်မှုမျိုးက သူ့အတွက် များစွာ အထောက်အကူမဖြစ်လှပေ။ ဤစွမ်းရည်၏ အသက်စွမ်းအင်စုပ်ယူနှုန်းမှာ မမြန်ဆန်သည့်အပြင် သူတိုက်ခိုက်သည့်ပုံစံမှာလည်း အမြန်တိုက်၍ အမြန်အနိုင်ယူကာ တစ်ချက်တည်းဖြင့် ပွဲဖြတ်ခြင်းကိုသာဦးတည်သောကြောင့် အချိန်အများစုတွင် အသက်စွမ်းအင် များများစားစား မစုပ်ယူနိုင်မီမှာပင် သန္ဓေပြောင်းသတ္တဝါမှာ သေဆုံးသွားလေ့ရှိသည်။

----------------------------------

မိုးအုံ့နေသောနေ့များတွင် မိုးချုပ်မြန်တတ်သည်။ သူတို့အဖွဲ့ ညစာကို စောစောစားခဲ့ကြပြီး ညနေငါးနာရီမထိုးမီမှာပင် ကောင်းကင်မှာ မှောင်မည်းလာခဲ့သည်။ ထိုအချိန်အတွင်း ချောင်လင်း သတိပြန်လည်လာခဲ့၏။ သူမက အလွန်အားနည်းနေသေးသော်လည်း မတ်တပ်ရပ်၍ ဖြည်းညင်းစွာ လမ်းလျှောက်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူမ၏စိတ်မှာ အလွန်လှုပ်ရှားနေပြီး လော်ယွမ်အား အထပ်ထပ်အခါခါ ကျေးဇူးတင်စကားဆိုလေသည်။ လော်ယွမ်သာ တားမထားပါက သူမသည် ဒူးထောက်တော့မည့်သဘောပင်ရှိသည်။ ဤတစ်ကြိမ်တွင် သူမက သေမင်းလက်မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး ထိုသို့ အသက်တစ်ချောင်းကို ပြန်လည်ရရှိခဲ့ခြင်းမှာ လော်ယွမ်၏ကျေးဇူးကြောင့်သာ ဖြစ်သည်။

ထိုမြင်ကွင်းသည် အားလုံး၏စိတ်ကို အနည်းငယ် လှုပ်ခတ်သွားစေသည်။

ညမအိပ်မီ လော်ယွမ်က ချောင်လင်းအား အသက်စွမ်းအင်ကို နောက်တစ်ကြိမ် စုပ်ယူစေလိုက်ရာ သူမ၏အခြေအနေမှာ သိသိသာသာ ကောင်းမွန်လာပြီး အစားပင် စားနိုင်ပြီဖြစ်သည်။

ညက တဖြည်းဖြည်း နက်လာသည်။

ကျိုးယလီသည် ဟိုလှိမ့်ဒီလှိမ့်ဖြင့် အိပ်မပျော်နိုင်ဖြစ်နေသည်။ ခံတပ်တံခါးမကြီးမှာ မီးလောင်ကျွမ်းထားသောကြောင့် ဟောင်းလောင်းပွင့်နေကာ အပြင်မှ တိုးညှင်းသော လှုပ်ရှားသံများ ကြားရတိုင်း သူမသည် ကြောက်လန့်တကြား တိတ်ဆိတ်သွားရသည်။ အမှောင်ထုကို ထိုးဖောက်၍ မျက်လုံးတစ်စုံက ဤနေရာကို အေးစက်စွာ စိုက်ကြည့်နေသကဲ့သို့ သူမအမြဲတမ်းခံစားနေရသည်။

မူလကတည်းက သူမ အပေါ့သွားချင်စိတ် အနည်းငယ်ရှိနေသော်လည်း စိတ်တင်းထားခဲ့ပြီး ကြာလာသောအခါ မအောင့်နိုင်တော့ပေ။ သူမ၏ ခြေထောက်နှစ်ချောင်းကို မနေမနား လိမ်ယှက်နေမိသည်။

မိဝါလည်း ဘယ်ရောက်နေမှန်းမသိ။ ယခင်က အိပ်သည့်အခါတိုင်း မိဝါက သူမ၏တံခါးဝတွင် လှဲအိပ်နေတတ်ရာ ဘာကိုမှ စိုးရိမ်စရာမလိုခဲ့ပေ။ သို့သော် ဤတစ်ကြိမ်တွင်မူ မိဝါက အနီးအနားတွင် ရှိမနေသည်မှာ ထင်ရှားလှသည်။

အမှောင်ထဲတွင် သူမ ထထိုင်လိုက်ပြီး အနီးတွင် လှဲအိပ်နေသော လော်ယွမ်ကို ကြည့်လိုက်သည်။ သူက ဓားရှည်ကိုပိုက်ကာ အိပ်မောကျလျက်ရှိပြီး ဟောက်သံများမှာ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်နေသည်။

"တကယ့်အသေကောင်လိုပဲ... စိတ်ချလက်ချအိပ်နိုင်တယ်" ဟု သူမက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

သူမသည် ကြောက်စိတ်ကို အတင်းချုပ်တည်းကာ မတ်တပ်ထရပ်လိုက်ပြီး ဟောင်းလောင်းပွင့်နေသော တံခါးဝကို ကြည့်လိုက်သည်။ တံခါးဝမှ ကြောက်မက်ဖွယ် သန္ဓေပြောင်းသတ္တဝါကြီးတစ်ကောင် ရုတ်တရက် ခုန်ထွက်လာနိုင်သည်ဟု ထင်မှတ်မိ၍ သူမက အကြည့်ကို အလျင်အမြန် ပြန်ရွှေ့လိုက်ြ့ပီး မျက်နှာမှာ ဖြူဖျော့သွားသည်။

"ဒီမှာလည်းမှောင်မဲနေတာပဲ... ဘယ်သူမှလည်းမြင်မှာမဟုတ်ပါဘူး... အရှက်ကွဲရင်လည်း ကွဲပါစေတော့" ဟု စိတ်ထဲမှ တိတ်တဆိတ် ပြောလိုက်သည်။ သူမ၏သတ္တိဖြင့် အပြင်သို့ သွားရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။ သူမက အခန်းထောင့်ကို ကြည့်လိုက်ပြီး ခြေဖျားထောက်ကာ သွားလိုက်သည်။ ပြင်းထန်သော ဆီးသွားချင်စိတ်ကြောင့် သူမ မည်သို့မျှ မအောင့်နိုင်တော့ပေ။ ဘောင်းဘီကို ဆွဲချွတ်ရန် ပြင်လိုက်စဉ် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာရာ သူမသည် ကြောက်လန့်၍ ဘောင်းဘီထဲတွင် ဆီးများပင် ထွက်ကျလုနီးပါး ဖြစ်သွားသည်။

"ဒီလောက်ညဉ့်နက်နေပြီကို နင်ဘယ်သွားမလို့လဲ" ဟု လော်ယွမ်က ခပ်တိုးတိုး မေးလိုက်သည်။ အန္တရာယ်များသော ကမ္ဘာပျက်ကပ်ထဲတွင် အချိန်ကြာမြင့်စွာ ရုန်းကန်ခဲ့ရသောကြောင့် သူကအလွန်အအိပ်ဆတ်ပြီး အသေးငယ်ဆုံး လှုပ်ရှားမှုရှိလျှင်ပင် ချက်ချင်း နိုးလာတတ်သည်။

လော်ယွမ်၏အသံမှန်း သိလိုက်ရသောအခါ ကျိုးယလီက သက်ပြင်းတစ်ချက်ချလိုက်နိုင်ပြီးနောက် ရှက်သွေးဖြာကာ မျက်နှာတစ်ခုလုံး ပူထူသွားသည်။ "ရှင်နဲ့ ဘာဆိုင်လို့လဲ" ဟု သူမက တွန့်ဆုတ်စွာ ပြန်ပြောသည်။

အမှောင်ထဲတွင် လော်ယွမ်က သူမ၏ ခြေထောက်နှစ်ချောင်း မနေမနား လှုပ်ယှက်နေသည်ကို မြင်သောအခါ ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားပြီး ရယ်ချင်စိတ်ကို ထိန်းကာ "အပြင်မှာပဲသွားလိုက်... အထဲမှာဆိုအနံ့ကောင်းမှာမဟုတ်ဘူး... နောက်ခါကိစ္စရှိရင်ငါ့ကိုနှိုးလိုက်လို့ရပါတယ်" ဟု ဆိုလိုက်သည်။

ကျိုးယလီမှာ အလွယ်တကူရှက်တတ်သူဖြစ်ရာ မျက်နှာမှာ ချက်ချင်းပင် နီရဲတက်လာပြီး မြေကြီးထဲတွင် အပေါက်သာရှိပါက ချက်ချင်း တိုးဝင်သွားချင်စိတ် ပေါက်သွားသည်။ သို့သော် နှုတ်မှမူ "ရှင့်... ရှင့်ကိုဘယ်သူက ဒီမှာသွားမယ်လို့ ပြောနေလို့လဲ" ဟု ခေါင်းမာစွာ ပြန်ပြောနေသေးသည်။

လော်ယွမ်က သူမ၏ အလျှော့မပေးလိုသော စကားကို ဂရုမစိုက်ဘဲ ထရပ်ကာ အပြင်သို့ ထွက်သွားသည်။ ကျိုးယလီက ခေတ္တမျှ တွေဝေပြီးနောက် အံကြိတ်ကာ နောက်မှ လိုက်သွားသည်။

နှစ်ယောက်သား တစ်ယောက်ရှေ့ တစ်ယောက်နောက်ဖြင့် ပထမထပ်သို့ ဆင်းလာခဲ့ကြသည်။

"ရှင့်နောက်နည်းနည်းဆုတ်နေ" ဟု ကျိုးယလီက အေးစက်စွာ ဆိုသည်။

လော်ယွမ်က သမ်းဝေလိုက်ပြီး စကားအတိုင်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပေးလိုက်သည်။

ကျိုးယလီက ဘောင်းဘီကိုဆွဲကိုင်ရင်း နောက်သို့ တစ်ချက်ပြန်လှည့်ကြည့်လိုက်သည်။ ဤနေရာက မှောင်မည်းနေပြီး အလင်းရောင် တစ်စိုးတစ်စိမျှ မရှိပေ။ လော်ယွမ်လည်း ဘယ်ဆီသို့ နောက်ဆုတ်သွားသည်မသိ။ သူမ၏စိတ်ထဲတွင် ကြောက်စိတ်ဝင်လာပြီး "လော်ယွမ်... နည်းနည်း ရှေ့ပြန်တိုးခဲ့" ဟု တုန်ယင်စွာ ဆိုလိုက်သည်။

လော်ယွမ်က ခြေလှမ်းအနည်းငယ် ရှေ့သို့ ပြန်တိုးလာခဲ့ရသည်။ ကျိုးယလီက လော်ယွမ်၏ မသဲမကွဲပုံရိပ်ကို မြင်လိုက်ရပြီး သူမနှင့် ခြေလှမ်းအနည်းငယ်သာ ကွာတော့သည်ကို တွေ့မှ စိတ်အနည်းငယ် အေးသွားသည်။ ဒီလောက်မှောင်နေတာ သူလည်း ဘာမှမြင်ရမှာမဟုတ်ဟု တွေးလိုက်သည်။ ထိုသို့တွေးမိသောအခါ သူမသည် မအောင့်နိုင်တော့ဘဲ ဘောင်းဘီကို ချွတ်ချလိုက်ရာ ဝေါခနဲ ရေစီးသံများ ထွက်ပေါ်လာသည်။

သူမက ညင်သာစွာ သက်ပြင်းချလိုက်ပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး က လော်ယွမ်၏ စူးရှသော အကြည့်အောက်သို့ လုံးဝရောက်ရှိနေပြီဖြစ်ကြောင်းကို သတိမထားမိခဲ့ပေ။

လော်ယွမ်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် လူသားတို့၏ ကန့်သတ်ချက်ကို ကျော်လွန်နေပြီဖြစ်သောကြောင့် အလင်းရောင်မှိန်မှိန်တွင် မြင်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။ သာမန်လူတစ်ယောက်၏မျက်လုံးထဲတွင် လုံးဝမှောင်မိုက်နေသော်လည်း သူ၏အမြင်တွင်မူ အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။

ဆီးနှင်းကဲ့သို့ ဖြူဖွေးသော တင်ပါးက လော်ယွမ်၏ ရင်ကို တဒိန်းဒိန်း ခုန်သွားစေသည်။

အပြင်ထွက်လာကတည်းက ဟွမ်ကျားဟွေနှင့် အတူနေရန် အခွင့်အရေးမရခဲ့ဘဲ ရက်ပေါင်းများစွာ ချုပ်တည်းခဲ့ရသည်။ ထို့အပြင် ပြင်းထန်သော သွေးသားဆန္ဒကြောင့် သူ၏ရမ္မက်မှာ သာမန်လူများထက် ပိုမိုပြင်းပြနေသည်။ ယခုကဲ့သို့ ဆွဲဆောင်မှုရှိသော မြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏အသက်ရှူသံများမှာ ပြင်းထန်လာတော့သည်။

ကျိုးယလီက အပေါ့သွားပြီး၍ ဘောင်းဘီပင် ပြန်မဝတ်ရသေးမီမှာပင် လော်ယွမ်က သူမ၏နောက်မှ သိုင်းဖက်လိုက်သည်။ သူမက ကြောက်လန့်၍ အော်ဟစ်မိတော့မလို ဖြစ်သွားသော်လည်း လော်ယွမ်မှန်း သိလိုက်သောအခါ ရုန်းကန်ရင်း ဒေါသတကြီးဖြင့် "ရှင် ဘာလုပ်တာလဲ... လွှတ်နော် မဟုတ်ရင် အော်လိုက်မှာ" ဟု ဆိုသည်။

သူမက အသံကိုနှိမ့်ကာ တိုးတိုးပြောလိုက်ရာ အခြားသူများကို မကြားစေချင်သည်မှာ ထင်ရှားလှသည်။

"နင်အော်ချင်ရင်အော်ပေါ့... နင်ကငါ့မိန်းမမှန်း အားလုံးသိတာပဲ" ဟု လော်ယွမ်က သူမ၏ခန္ဓာကိုယ်ကို ရှေ့သို့လှည့်လိုက်ရင်း လူမိုက်ဆန်ဆန် ဆိုလိုက်သည်။

"လူယုတ်မာ... ကျွန်မတို့နှစ်ယောက် ဘာမှမဆိုင်တော့ဘူး" ဟု ကျိုးယလီက မျက်နှာလွှဲရင်း ဒေါသတကြီး ဆိုသည်။ "ကျွန်မကို လာမထိနဲ့... ဖယ်"

သူမက လော်ယွမ်ကို လွယ်လွယ်ကူကူ ခွင့်လွှတ်မည်မဟုတ်ပေ။ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး နောင်တရသည့်စိတ် တစ်စိုးတစ်စိမျှမရှိသည့်အပြင် တောင်းပန်စကားတစ်ခွန်းပင် ကောင်းကောင်းမွန်မွန် မဆိုခဲ့ပေ။ ထို့အပြင် ပါးစပ်က သူမကို ကြိုက်သည်ဟု ပြောနေသော်လည်း အခြားမိန်းမများနှင့်လည်း မရှင်းမရှင်း ဖြစ်နေသည်။ ဟို ဟွမ်ကျားဟွေဆိုသူမှာ အလွန် သံသယဖြစ်စရာကောင်းသည်။

သို့သော် စကားပင် မဆုံးသေး လော်ယွမ်၏ နှုတ်ခမ်းများက သူမ၏နှုတ်ခမ်းများကို အတင်းအကျပ် ပိတ်ဆို့လိုက်သည်။

ကျိုးယလီကသူ့၏လျှာကို လက်မခံပဲ သွားကိုတင်းတင်းစေ့ထားပြီး လက်ကိုအောက်သို့ရွှေ့ကာ လော်ယွမ်နောက်ဆုတ်သွားရန် သူ့၏ခါးကို ဆွဲဆိတ်လိုက်သည်။ သို့သော်ကံမကောင်းစွာဖြင့်ပင် သူ့၏အရေခွံမှာ အလွန်ထူထဲပြီး သူမသားရေပြားကို ဆိတ်နေရသကဲ့သို့ရှိနေသဖြင့် အတန်ကြာဆိတ်ပြီးနောက် ဆက်လက်၍မဆိတ်နိုင်တော့ပေ။

သူမကအလွန်အမင်း ဒေါသထွက်သွားပြီး လက်နှစ်ဖက်ဖြင့် လော်ယွမ်၏ရင်ဘက်ကို စောင့်တွန်းလိုက်သည်။ သို့သော်သူမ၏ မဖြစ်စလောက် အားအင်လေးဖြင့် အချည်းအနှီးသာပင်ဖြစ်သည်။

"လူယုတ်မာ လွှတ်စမ်း... မဟုတ်ရင်ကျွန်မရှင့်ကို ကိုက်ပစ်မယ်" နောက်ဆုံးတွင် ကျိုးယလီ ရုန်းထွက်နိုင်သွားပြီး သူမ၏သွားများဖြင့် လော်ယွမ်ကို ခြိမ်းခြောက်လိုက်သည်။ သူမ၏ရင်ဘက်ကမူ နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး အသက်ရှူနှုန်းအလွန်မြန်ဆန်နေသည်။

ထိုကဲ့သို့အချည်းအနှီးဖြစ်သော ခြိမ်းခြောက်မှုမျိုးကို လော်ယွမ်ကလစ်လျူရှုထားလိုက်သည်။

ထိုအချိန်တွင် သူမ၏ဆံပင်များမှာ ရှုပ်ပွနေပြီး လှပသော မျက်နှာလေးမှာလည်း နီမြန်းနေကာ ထိုမြင်ကွင်းက လော်ယွမ်ကို ပို၍အသက်ရှူနှုန်းမြန်လာစေသည်။ နောက်တခဏတွင် သူ့၏လက်က ကျွမ်းကျင်စွာဖြင့် သူမ၏အဝတ်များထဲသို့ဝင်ရောက်သွားပြီး ပြင်းထန်သော ခံစားချက်က သူမကို လွှမ်းမိုးသွားကာ ရုန်းကန်ရန်မေ့လျော့သွားတော့သည်။

----------------------------------------------

"အဲ့တာရှင့်ကြောင့်ပဲ... ကျွန်မတို့အသံတွေကို အားလုံးကြားကုန်ကြလောက်ပြီ... ကျွန်မ နောက်နေ့ ဘယ်လို မျက်နှာပြရတော့မှာလဲ" ဟု ကျိုးယလီသည် အချိန်အတော်ကြာမှ သတိပြန်ဝင်လာပြီး ဒေါသသံဖြင့် ဆိုသည်။

"ကြားတော့လည်း ဘာဖြစ်လဲ... ငါတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို လူတိုင်းသိပြီးသားပဲ"

လော်ယွမ်လည်း အခြေအနေမကောင်းမှန်း သိလိုက်သည်။ ခုနက လှုပ်ရှားမှုများကြောင့် အပေါ်ထပ်မှလူများ ကြားပြီးဖြစ်မည်မှာ သေချာသည်။ သို့သော် ယခုအချိန်တွင် ထိုအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ကျိုးယလီကို အရင်ဆုံး ချော့မော့ရဦးမည်။

"လူယုတ်မာ... လူယုတ်မာ... ရှင်အတင်းအကျပ်လုပ်လို့ ဖြစ်ရတာ... ရဲသာရှိသေးရင် ကျွန်မ ရှင့်ကို တိုင်ချက်ဖွင့်ပြီးပြီ" ဟု ကျိုးယလီက ဒေါသတကြီး ဆိုသည်။ နောက်တစ်နေ့တွင် လူတိုင်း၏ ထူးဆန်းသော အကြည့်များကို တွေးမိတိုင်း သူမသည် ဒေါသထွက်မဆုံး ဖြစ်နေသည်။

သူမက အောက်ပိုင်းကို စမ်းလိုက်ပြီး "ဘောင်းဘီတွေလည်း ညစ်ပတ်ကုန်ပြီ... ဒီလိုအမှောင်ကြီးထဲမှာ ကျွန်မဘယ်လိုလုပ်ရတော့မှာလဲ" ဟု ဆိုသည်။

"လောလောဆယ် အတွင်းခံဘောင်းဘီနဲ့ပဲ သုတ်လိုက်... ငါမနက်ကျမှ ရေနွေးကြိုပေးမယ်" လော်ယွမ်က ခြောက်ကပ်ကပ် ရယ်ရင်း ဆိုသည်။

ဤနည်းလမ်းသာရှိတော့သည်။ ကျိုးယလီက အတွင်းခံဘောင်းဘီကို ချွတ်ကာ သေသေချာချာ သုတ်လိုက်ပြီး လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် နှစ်ယောက်သား သူခိုးများကဲ့သို့ ခိုးကြောင်ခိုးဝှက်ဖြင့် ဒုတိယထပ်ရှိ အခန်းသို့ ပြန်တက်လာခဲ့ကြသည်။

အခန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ လူများမှာ အိပ်ချင်ယောင်ဆောင်နေသည်လား၊ တကယ်အိပ်ပျော်နေသည်လား မသိနိုင်ပေ။ သို့သော် ဟွမ်ကျားဟွေမှာမူ လုံးဝအိပ်မပျော်သေးကြောင်း လော်ယွမ်သိသည်။ သူမ၏ မျက်တောင်များမှာ အဆက်မပြတ် တုန်ခါနေပြီး အသက်ရှူသံမှာလည်း မမှန်မကန်ဖြစ်နေရာ သူမ၏စိတ်မှာ အလွန်လှုပ်ရှားနေကြောင်း ထင်ရှားလှသည်။

လော်ယွမ်၏စိတ်ထဲတွင် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ကျိုးယလီ ခြေဖျားထောက်ကာ လှဲအိပ်လိုက်သည်ကို မြင်သောအခါ သူက ဟွမ်ကျားဟွေထံသို့ သွားရန် ပြင်လိုက်သည်။

ထိုစဉ် အပြင်ဘက်မှ ဝေါခနဲ ရေသံကို ခပ်သဲ့သဲ့ကြားလိုက်ရသည်။ တဖြည်းဖြည်းနှင့် အသံမှာ ပိုမိုကျယ်လောင်လာပြီး ဤနေရာဘက်သို့ ချဉ်းကပ်လာနေပုံရသည်။ ကာကွယ်ရေးစခန်းအပြင်ဘက်မှ ဧရာမဖွတ်ကြီးသည်လည်း အန္တရာယ်အငွေ့အသက်ကို ရလိုက်သည့်အလား မကြာမကြာ ဟိန်းဟောက်သံများ ပြုနေသည်။

လော်ယွမ်၏စိတ်မှာ ထိတ်ခနဲဖြစ်သွားပြီး ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

ဟွမ်ကျားဟွေက ဧရာမဖွတ်ကြီး၏ သတိပေးသံကို ကြားသောအခါ စိတ်မအေးနိုင်ဖြစ်လာပြီး သဝန်တိုဖို့တောင်အားမရှိတော့ဘဲ ထထိုင်လိုက်သည်။ "အပြင်မှာ တစ်ခုခုရှိနေသလိုပဲ"

"မင်းတို့ဒီမှာနေခဲ့ဦး... ငါအရင်သွားကြည့်လိုက်မယ်... ဒါပေမဲ့မအိပ်နဲ့ဦးနော်... အရေးအကြောင်းဆို အမြန်လှုပ်ရှားလို့ရအောင်လို့" ဟု လော်ယွမ်က စဉ်းစားပြီးနောက် ဆိုလိုက်သည်။ ရေသံက ဤနေရာနှင့် အတော်ဝေးသေးရာ ခဏတာအတွင်း သူတို့ကိုအန္တရာယ်ပေးနိုင်ဦးမည် မဟုတ်ပေ။

"ရှင် ဂရုစိုက်နော်" ဟု ဟွမ်ကျားဟွေက ဆိုသည်။

လော်ယွမ်က ခေါင်းညိတ်ပြပြီး ဓားရှည်ကိုယူကာ အခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားသည်။

ဧရာမဖွတ်ကြီးက နေရာတွင်ပင် ဟိုလျှောက်ဒီလျှောက်လုပ်နေပြီး နှာခေါင်းပေါက်များမှ မီးခိုးငွေ့များကို မကြာမကြာ မှုတ်ထုတ်နေကာ အလွန်စိတ်မငြိမ်မသက်ဖြစ်နေပုံရသည်။ လော်ယွမ်က ပင်လယ်ကူးတံတားအောက်သို့ လှမ်းကြည့်လိုက်ရာ ဤသည်မှာ ရေကြီးခြင်းမဟုတ်ဘဲ သန္ဓေပြောင်းသတ္တဝါတစ်ကောင် ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။ သူ ခေတ္တမျှစဉ်းစားပြီးနောက် ဧရာမဖွတ်ကြီးကို နေရာတွင်ပင် ထားခဲ့ကာ တစ်ယောက်တည်း သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဧရာမဖွတ်ကြီးက ကြမ်းကြုတ်ပြီး တိုက်ခိုက်လိုစိတ်ပြင်းပြသူဖြစ်သည်။ သူ့ကို ဤမျှစိတ်မငြိမ်မသက်ဖြစ်စေနိုင်သည်မှာ သူ့ထက် များစွာအားကောင်းသော သတ္တဝါသာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် ဤတစ်ကြိမ်တွင် သူက အခြေအနေကို သွားရောက်လေ့လာရန်သာဖြစ်ပြီး တိုက်ခိုက်ရန်မဟုတ်ပေ။ ဖွတ်ကြီးကဲ့သို့အလွန်ကြီးမားသော ပစ်မှတ်ကို ခေါ်ဆောင်သွားပါက အကျိုးမရှိသည့်အပြင် မလိုအပ်သော အန္တရာယ်များကိုပါ ဖြစ်စေနိုင်သည်။

လော်ယွမ်က ထိုဧရာမသတ္တဝါကြီးကို ဆွဲဆောင်မိမည်စိုး၍ ဖွတ်ကြီးကို အသံတိတ်စေပြီးနောက် ပင်လယ်ကူးတံတားဘက်သို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။

ဆက်ရန်...

All Chapters