မဟာဗျူဟာ ၄
Vol. 23 Ch. 343
သံသယရှိခဲ့သော စွန်းကိုင်ပင်လျှင် ယခု အံ့အားသင့်စွာဖြင့် လင်းရှန်ကို ကြည့်နေသည်။ သူ၏ အသက်ရှူနှုန်းသည် မြန်လာပြီး သူသည် အစီအစဉ်ကို အပြည့်ဝတွက်ချက်နေသည်၊၊ အဖွဲ့တစ်ခုလုံး ထွက်ပြေးမှု၊ မြေမျက်နှာသွင်ပြင်၊ ရာသီဥတုနှင့် နေရောင်ခြည်အတွက် ထည့်သွင်းစဉ်းစားခြင်း...ပို၍ အရေးကြီးသည်မှာ ၎င်းသည် သူတို့၏ အကြီးဆုံးပြဿနာ—စစ်ကူမရှိခြင်းကို ဖြေရှင်းပေးသည်။
ဘယ်အစီအစဉ်မှ အပြစ်အနာဆာကင်းတာ မဟုတ်ဘူး… ဒါပေမဲ့ ဒါကတော့ သံသယမရှိဘဲ သူတို့ ရှင်သန်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ။
တဲထဲရှိ လေထုသည် ပြောင်းလဲသွားခဲ့သည်။ အစောပိုင်းက လူတိုင်းကို လေးလံစေခဲ့သော တင်းမာမှုနှင့် စိတ်ပျက်မှုများ ပျောက်ကွယ်သွားပြီး ပြင်းပြသော ဆုံးဖြတ်ချက်ဖြင့် အစားထိုးလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်ပြန်ပေါ်လာခဲ့သည်၊၊
အပြင်ဘက်တွင် ဒရာကာမာ ရေခဲချောက်နက်သည် ပြင်းထန်သောလေများဖြင့် အော်ဟစ်နေသည်။ နှင်းပွင့်များသည် လေထဲတွင် ပြင်းထန်စွာ ကခုန်နေကြသည်။
ထိုကျယ်ပြန့်ပြီး အေးခဲနေသော မြေလွင်ပြင်ထဲတွင်—မီတာအနည်းငယ်တိုင်း၌—မီးခိုးရောင် အချက်ပြတိုင်များက ခိုင်မာစွာ ရပ်တည်နေကြပြီး ၎င်းတို့၏ အစိမ်းရောင် မီးများသည် အဖြူရောင် ရေနက်ထဲရှိ အီလက်ထရွန်နစ် မီးပြတိုက်များကဲ့သို့ ခုန်နေကြသည်။
၎င်းတို့သည် တည်ငြိမ်စွာ တဖျပ်ဖျပ် လင်းနေကြပြီး လျှို့ဝှက်အချက်ပြမှု၏ စည်းချက်—မုန်တိုင်းထဲရှိ နှလုံးခုန်သံ…တိတ်ဆိတ်သော တိုက်ပွဲခေါ်သံကို သယ်ဆောင်နေကြသည်။
ဟူး—ဟူး...
အေးခဲနေသော နှင်းမုန်တိုင်းသည် မိုးကုပ်စက်ဝိုင်းကို မီးခိုးရောင်အုံ့မှိုင်းမှုအဖြစ် ပြောင်းလဲစေခဲ့သည်။ အပူချိန်သည် မူလကပင် အနှုတ် ၅၅ ဒီဂရီအထိ ကျဆင်းနေခဲ့ပြီး ဖြစ်သည်။ ပါလ်မားမြက်ခင်းပြင်၏ မြောက်ဘက်ရထားလမ်းပေါ်တွင် ကြီးမားသော ရထားနှစ်စီးသည် တစ်စီးနှင့်တစ်စီး ချိတ်ဆက်လျက် နှင်းဖုံးသော လွင်ပြင်တစ်လျှောက် နှစ်ကီလိုမီတာရှည်သော သံမဏိနဂါးကြီးကဲ့သို့ ဆန့်တန်းလျက်ရှိသည်။
ဒေါသထွက်နေသော လေနှင့် နှင်းတို့သည် ရေခဲပန်းဆွဲများအဖြစ် ဖြစ်ပေါ်လာပြီး ရထား၏ အတွင်းနှင့် အပြင် အပူချိန်ကွာဟမှုကြောင့် အားဖြည့်ထားသော မှန်များကို ထူထဲသော နှင်းများဖုံးလွှမ်းထားသည်၊၊
ခရစ်—
နဂါးတောင် (၁) ၏ ဗဟိုလူနေတွဲ အတွင်းတွင် ကလေးငယ်တစ်ဦးသည် သူ၏ လက်ကို ဆန့်ထုတ်ကာ ပြတင်းပေါက်မှ နှင်းများကို သုတ်လိုက်သည်။ အပူပေးထားသောနေရာတွင် နေသောကြောင့် နီမြန်းနေသော သူ၏ မျက်နှာလေးသည် မှန်နှင့် ကပ်လျက်ရှိပြီး သံချပ်ကာဇကာကွက်များမှ တဆင့် အပြင်ဘက်ရှိ ကျယ်ပြန့်သော နှင်းဖုံးလွင်ပြင်ကို စူးစမ်းလိုစိတ်ဖြင့် ငေးကြည့်နေသည်။ သို့သော် သူ များများစားစား မမြင်ရသေးမီ လူကြီးတစ်ဦးက သူ့ကို ဆွဲထုတ်လိုက်သည်။
“ဒီကိုလာ။ အခုကစပြီး ပင်းပင်းနဲ့ ရှောင်တုံနဲ့အတူတူလုံခြုံရေးဗီဒို အတွင်းမှာပဲ ဝင်နေရမယ်။ အရင်ကလိုပဲ—မငိုရဘူး၊ မအော်ရဘူး။ လူကြီးတစ်ယောက်က ဗီဒိုကို ဖွင့်မှာကို မင်းတို့ အတွင်းမှာ စောင့်နေရမယ်။ ကြားလား”
သွယ်လျသော အမျိုးသမီးတစ်ဦးသည် ကြီးမားသော ရိုင်ဖယ်သေနတ်ကို သူမ၏ ကျောဘက်တွင် လွယ်ထားပြီး, ကလေးငယ်အား ထူထဲသော ဂွမ်းကပ်အင်္ကျီဖြင့် အမြန်ဝတ်ပေးကာ ဘီစကစ်တစ်ထုပ်ကို သူ၏ လက်ထဲသို့ ထိုးထည့်လိုက်သည်။
“ဆာရင် ဒါကိုစားနေနော်”
ကလေးငယ်သည် နာခံစွာ ခေါင်းညိတ်လိုက်ပြီး တွဲအတွင်းရှိ အထူးဒီဇိုင်းပြုလုပ်ထားသော လုံခြုံရေးဗီဒိုထဲသို့ အလျင်အမြန်ဝင်သွားသည်။ တွဲများစွာတွင် ဤကဲ့သို့ အခန်းများရှိပြီး အများဆုံး တစ်ချိန်တည်းမှာ ကလေးဆယ်ဦးခန့်ကို ထည့်ထားနိုင်သည်။
ကလန် ကလန် ကလန်—ဘန်း ဘန်း ဘန်း
နဂါးတောင် (၁) ၏ အတွင်းတွင် ရထားတစ်စီးလုံးသည် လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ လူများသည် အရေးပေါ် ရွေ့လျားနေကြပြီး အသံတိုးတိုးဖြင့်ပြောနေကြသော်လည်း ၎င်းတို့၏ လက်များနှင့် ခြေထောက်များသည် အလုပ်လုပ်နေခြင်းမှ ဘယ်တော့မှ မရပ်တန့်နေပေ။ လူကြီးတိုင်းသည် သေနတ်ကို ကိုင်ထားပြီး ထောက်ပံ့ရေးပစ္စည်းများနှင့် ကျည်ဆန်သေတ္တာများကို လှည်းများမှ တစ်ဆင့် စင်္ကြံများအောက်သို့ သယ်ယူနေကြသည်။
“တိုက်ခိုက်နိုင်သူ မဟုတ်တဲ့ လူတွေ အားလုံး…သတ်မှတ်ထားတဲ့ လူနေတွဲကို ပြန်သွားကြပါ။ ကျန်တဲ့သူအားလုံး…ရထားအပြည့် ကာကွယ်ရေး နည်းစနစ်ကို လိုက်နာကြပါ”
တွဲတိုင်းတွင် ခေါင်းဆောင်များသည် အမိန့်များကို အလျင်အမြန် ဆက်တိုက် ထုတ်ပြန်နေကြသည်။ ဒီလိုလေ့ကျင့်မှုမျိုးက သူတို့ နေ့စဉ် လေ့ကျင့်ခဲ့သည့် အရာဖြစ်သည်—ဘေးကင်းတဲ့ အချိန်တွေမှာတောင်မှ—နဂါးတောင် (၁) သည် ၎င်း၏ ကြောက်မက်ဖွယ်တိုက်ခိုက်နိုင်စွမ်းနှင့် ရှင်သန်နိုင်မှုနှုန်းကို ထိန်းသိမ်းနိုင်ဖို့ သေချာစေရန် ဖြစ်သည်။ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များမှလွဲ၍ လူတိုင်းသည် စစ်သည်များဖြစ်ကြသည်။ တာဝန်များကို ခွဲဝေထားပြီး ပူးပေါင်းဆောင်ရွက်မှုသည် ချောမွေ့ကာ ထိရောက်သော ညှိနှိုင်းမှုအတွက် တွဲတိုင်းတွင် ကိုယ်ပိုင်ဦးစီးမှူးများ ရှိကြသည်။
တွဲ ငါးတွဲတိုင်းတွင် ကြီးမားသော ပစ်ခတ်နိုင်စွမ်းနှင့် ထောက်ပံ့ရေးသိုလှောင်မှုများဖြင့် တပ်ဆင်ထားသော လက်နက်စခန်းတစ်ခု ရှိပြီး တိုက်ခိုက်မှုအတွင်း လျင်မြန်သော ဖြည့်တင်းမှုကို ခွင့်ပြုထားသည်။
သို့သော် ဒီတစ်ကြိမ်တွင် ရထားတစ်စီးလုံးသည် ကြီးမားသော ဖိအားအောက်၌ ရှိနေသည်။
လုံးဝအကြောင်းပြချက်မရှိခြင်း မဟုတ်ပေ—လင်းရှန်က လုယောင်ဆီကို ပေးပို့ခဲ့တဲ့ ထောက်လှမ်းရေးအချက်အလက်များအရ သူတို့သည် ယာဇီကန်ကနေ ယူလီယာစတိုင်းတောင်များအထိ နှင်းတစ္ဆေများ၏ စွမ်းအားအပြည့်အဝကို ရင်ဆိုင်ရတော့ပေမည်၊၊ ပြီးတော့ ရထားကို ဆွဲမှောက်နိုင်တဲ့ မြေအောက်က မွန်းစတားကြီးတစ်ကောင်ကိုပါ ရင်ဆိုင်ရနိုင်ပေသည်။
ဖီးနစ်တပ်ဖွဲ့များတောင် အမြစ်ပြတ် ချေမှုန်းခံရလုနီးပါး ဖြစ်ခဲ့သည်။ လာမညိ့ တိုက်ပွဲက အသက်လုရုန်းကန်ရမယ့် တိုက်ပွဲဖြစ်မယ်ဆိုတာ ရှင်းနေပေသည်။ သူတို့က ရှီတိယွမ်နဲ့ လင်းရှန်ရဲ့ ပင်မတပ်ဖွဲ့နဲ့ အောင်မြင်စွာ ပေါင်းစည်းနိုင်မလား—ပြီးတော့ နောက်ဆုံးမှာ စီလန်မြို့ကို အသက်ရှင်လျက် ရောက်နိုင်မလားဆိုသည်က သူတို့၏ ပြင်ဆင်မှုတွေအပေါ် လုံးဝ မူတည်နေပေသည်။
“အစားအစာတွေကို ကြိုတင် ဖြန့်ဝေထားကြ။ နောက်ကျရင် စားဖို့ အချိန် ရှိမှာ မဟုတ်ဘူး”
“မီးလျှံပစ်စက်တွေနဲ့ ရေခဲဖယ်ရှားရေးပစ္စည်းတွေ အားလုံးကို ရှေ့တွဲတွေဆီ ရွှေ့ကြပါ။ တွဲ ၂၄ ကနေ ၄၆ အထိ အပူရှိန်ကို ၁၀% တိုးပါ။ လှုပ်ရှားမှုဇုန်တွေမှာ လုံလောက်တဲ့ အောက်ဆီဂျင် သိပ်သည်းဆကို သေချာလုပ်ကြ”
“ကျည်ဆန်တွေရောပဲ”
လုယောင်၏ မျက်နှာသည် တင်းမာနေပြီး သူ၏ အဖွဲ့နှင့်အတူ တွဲများကြားတွင် လျင်မြန်စွာ ရွေ့လျားနေသည်။
နဂါးတောင် (၁) ပေါ်ရှိ လေထုသည် နီးကပ်လာသော တိုက်ပွဲကြောင့် လေးလံမှုဖြင့် ထူထဲနေသည်။ တွဲတိုင်းသည် ကာကွယ်ရေးများကို အားဖြည့်နေသော လှုပ်ရှားမှုများ ဖြစ်နေသည်။
“ငါတို့ရဲ့ လက်နက်ကြီးပစ်ခတ်နိုင်တဲ့ သိုလှောင်မှုတွေက လုံလောက်ပါတယ်၊၊ ဒါပေမဲ့ ဒီ တိုက်ပွဲက တစ်ညလုံး ကြာရင် ကျွန်တော်တို့...”
“တွဲဆက်တွေကို ပိုင်းခြားကြ” လုယောင်က လမ်းလျှောက်ရင်း အမိန့်ပေးနေသည်။
“အမြောက်ကြီးတွေကို အရေးကြီးတဲ့ အဆင့်မြင့် ထူးဆန်းတဲ့ သတ္တဝါတွေ ဒါမှမဟုတ် ကြီးမားတဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင်ဖို့ပဲ သုံးပါ။ ကျန်တဲ့သူတွေ… ငါတို့က သံချပ်ကာအကာကွယ်ယူပြီး တိုက်ခိုက်မယ်။ ခြောက်နာရီ ဆက်တိုက် ပစ်နိုင်ဖို့ နည်းလမ်းမရှိဘူး။ စွမ်းအားရှင်တွေနဲ့ အားဖြည့်သူတွေဟာ တင်းကျပ်တဲ့ပုံစံနဲ့ တိုက်ခိုက်မှုတွေကို ဖြန့်ကျက်ရမယ်၊၊ လက်နက်ကြီးတွေရဲ့ ပစ်အားကို အရင်သုံး—ပြီးရင် ရန်သူနီးလာတာနဲ့ စွမ်းအားရှင်တွေက အနီးကပ် တိုက်ပွဲဆင်နွှဲရမယ်”
“ဒါ့အပြင် တုံးဇီ ၊ ဝမ်ကျုံး၊ ကျွမ်းယွဲ့၊ ယုလျန်ရှင်း၊ ဇူအန်းရန်နဲ့ မန်မန်—အဲဒီရှေ့တန်း တိုက်ခိုက်ရေးသမားခြောက်ဦး—မင်းတို့ရဲ့ စွမ်းအားဝတ်စုံတွေကို စစ်ဆေးပြီး အရန်ဘက်ထရီတွေ သေချာပြင်ဆင်ထားကြ…၊၊ နှင်းမုန်တိုင်းက ဒီညပြင်းထန်တယ်၊၊ ဒါကြောင့် ခေါင်မိုးပေါ်က တိုက်ပွဲတွေအတွက် အပို အပူချိန် ထိန်းညှိပေးတဲ့ အစိတ်ပိုင်းတွေကို ပြင်ဆင်ထားကြ”
“နားလည်ပါပြီ ခေါင်းဆောင်လု”
ရှီတိယွမ်နှင့် နန်ကျင်းတို့ မရှိတဲ့အတွက် လုယောင်သည် နဂါးတောင် (၁) ရဲ့ တတိယခေါင်းဆောင်ဖြစ်သည်။ ရှီတိယွမ်နှင့် လင်းရှန်တို့ထံမှ ထောက်လှမ်းရေးအချက်အလက်များကို လက်ခံရရှိသည်နဲ့ သူသည် ချက်ချင်း မဟာဗျူဟာကို စတင်ခဲ့သည်။
“ဒါ့အပြင်—တွဲအားလုံးမှာ Arc လှိုင်းကြိမ်နှုန်း ဖိအားပေး ထုတ်လွှင့်စက်တွေ ရှိမရှိ စစ်ဆေးပါ”