← Chapters

မဟာဗျုဟာ ၅

Vol. 23 Ch. 344

မဟာဗျုဟာ ၅

Vol. 23 Ch. 344

“ရပြီ”

“နေဦး” လုယောင်က ရုတ်တရက် ရပ်လိုက်သည်။

“မြန်မြန်….အစ်ကိုရှီက ငါတို့ကို အရန် Arc လှိုင်းကြိမ်နှုန်း ဖိအားပေးထုတ်လွှင့်စက်သုံးခုကို အနန္တရထားဆီ ပို့ဖို့ ညွှန်ကြားခဲ့တယ်။ သူတို့က စွမ်းအင်အများကြီး စားနိုင်တယ်၊၊ ဒါပေမဲ့ ရထားပေါ် တက်ဖို့ ကြိုးစားနေတဲ့ နှင်းတစ္ဆေတွေကို ဆန့်ကျင်ရာမှာ အလွန်ထိရောက်တယ်—ကျည်ဆန်တွေထက် ပိုကောင်းတယ်”

သူ၏ လူတစ်ဦးက ခေါင်းညိတ်ပြီး ပို့ဆောင်မှုကို ပြင်ဆင်ရန် လှည့်သွားသည်။

—

တစ်ချိန်တည်းမှာပင် အနန္တရထား၏ တွဲ (၁၂) အတွင်း—

စွမ်းအားမြှင့်ဝတ်စုံ ဝတ်ဆင်ထားသော ချန်ဆီရွှမ်သည် ကာကွယ်ရေးပြင်ဆင်မှုများကို ကြီးကြပ်နေသည်။

“အခု ၁၅း၃၀ ရှိပြီ။ သူတို့ ၁၆း၀၀ မှာ ထွက်ဖို့ စီစဉ်ထားတယ်။ သူတို့ ငါတို့ဆီ ဖောက်ထွက်လာဖို့ တစ်နာရီလောက် ကြာလိမ့်မယ်၊၊ ဆိုလိုတာက ငါတို့မှာ ပြင်ဆင်ဖို့ တစ်နာရီခွဲလောက်ပဲ အချိန်ရှိတယ်”

သူမသည် မူလက 1130 CIWS အတွက် သီးသန့်ထားရှိသော ဓာတ်လှေကား အပေါက်ကို ညွှန်ပြပြီး တာလို့နှင့် လုချန်တို့ကို ပြောလိုက်သည်။

“မီးနတ်ဘုရား မီကာကို ဒီကို ရွှေ့ကြစို့။ ဒါကို အလွယ်တကူနေရာ ရွှေ့ပြောင်းလို့ မရပေမယ့်… ငါတို့ရဲ့ နောက်ဘက်ကို ကာကွယ်ဖို့အတွက် သူ့ရဲ့ ပစ်အားကို သုံးနိုင်တယ်။ မဟုတ်ရင် 1130 CIWS က ရေရှည်ထိန်းထားဖို့ ကျည်ဆန်အလုံအလောက် ရှိမှာ မဟုတ်ဘူး”

ရှားရှားသည် သူမ၏ လက်ကို ခါလိုက်သည်။

“ရွှေ့တာ ခက်လိမ့်မယ်။ အပေါက်က တွဲ ၁၁ မှာရှိတယ်။ ကျွန်မက မောင်းပြီး ခေါင်မိုးပေါ်တက်ပြီးတော့ တွဲ ၁၂ ထဲကို ခုန်ချမှ...”

မီးနတ်ဘုရား စက်ရုပ်သည် ကြီးမားလွန်းပြီး ရထားအတွင်း၌ မောင်းနှင်ရသည်မှာ ခက်ခဲလှသည်။ တွဲများကြားရှိ ကျဉ်းမြောင်းသောလမ်းများကြောင့် တိုက်ရိုက်နေရာရွှေ့ပြောင်းခြင်းကို မဖြစ်နိုင်သေလာက်ပင်၊၊

“အစ်မကီကီသာ ရှိရင် ကောင်းမယ်။ သူမ ဒါကို အလွယ်တကူ ကိုင်တွယ်နိုင်မှာပဲ”

“ငါတို့ လုပ်နိုင်ပါတယ်” ချန်ဆီရွှမ်က ပြန်ဖြေသည်။

“ရှားရှား၊ လင်းရှန် အသုံးအဆောင်တွဲမှာ တည်ဆောက်ထားတဲ့ ကိရိယာလှေကားကို သုံးပါ။ ဒီည နင်က တွဲ ၁၂ ကို စောင့်ရှောက်ဖို့ တာဝန်ယူရမယ်”

ရှားရှားသည် ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။

“ပြဿနာမရှိဘူး။ သေနတ်သမားဂိမ်း ကစားတာနဲ့ တူတူပဲ—ဆယ်လီ (သူမ၏ စက်ရုပ်ကြီး) မှာ ပိုပြီး အားကောင်းတဲ့ ပစ်ခတ်နိုင်စွမ်း ရှိတယ်ဆိုတာက လုံးဝအားသာတယ်”

“ငါလည်း ဒီမှာ ရှိနေမယ်”

ရှုချင်းက ထပ်ပြောပြီး စွမ်းအားမြှင့်ဝတ်စုံများနှင့် ချိတ်နိုင်သော ချိတ်ပါသောကြိုးကို ဆွဲထုတ်လိုက်သည်။

“ရထားအတွင်းကနေ ပစ်ခတ်တာက ကန့်သတ်မှုရှိတယ်။ လိုအပ်ရင် ငါက ဓာတ်လှေကားအပေါက်ကို သုံးပြီး ခေါင်မိုးပေါ်တက်ပြီး မီးတောက်ကို ကူညီမယ်”

“ငါတို့လည်း ကူညီမယ်” လုချန်နဲ့ မြောင်လုတို့သည် သူတို့ရဲ့ ထူထဲတဲ့ အအေးဒဏ်ခံဝတ်စုံများကို ဇစ်ပိတ်လိုက်ကြသည်။

“အစ်ကိုတာလို့နဲ့အတူ အလယ်ပိုင်းကို ထိန်းထားမယ်”

လုရှင်းချန်သည် ဘေးတွင် ရပ်နေပြီး စိတ်လှုပ်ရှားမှုဖြင့် တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။

“တကယ့် တိုက်ပွဲ လာတော့မယ် ဟုတ်လား...oh yeah”

သူ၏ ခေါင်းကို မော့ကာ ပြုံးလိုက်သည်။ “နှင်းမုန်တိုင်းအလယ်က တိုက်ပွဲလား။ ပျော်စရာကောင်းတော့မယ်”

“ရှင်းချန်” ချန်ဆီရွှမ်၏ အသံသည် လေးနက်သွားသည်။

“ငါတို့နဲ့ နဂါးတောင် (၁) ရဲ့ ချိတ်ဆက်နေရာကို စောင့်ကြည့်ပါ။ အဲဒီမှာ တစ်ခုခုဖြစ်သွားရင်, ရထား လမ်းချော်သွားနိုင်တယ်”

“ရပြီ။ ငါ့တာဝန်ထားလိုက်”

လုရှင်းချန်သည် သူ၏ မျက်လုံးများကို မှေးပြီး ယုံကြည်ချက်ဖြင့် ခေါင်းညိတ်လိုက်သည်။

တာလို့သည် ကြိုးကို ဆွဲယူပြီး တွဲ ၅ ဆီသို့ ပြန်သွားသည်။ “ကျည်ဆန်တွေနဲ့ချည်းပဲ ငါတို့ ကြာကြာ ခံမှာ မဟုတ်ဘူး။ ဒါက သိပ်မကြာခင်မှာ အနီးကပ်တိုက်ပွဲအဖြစ် ပြောင်းသွားလိမ့်မယ်”

ချန်ဆီရွှမ်၏ မျက်နှာအမူယာသည် တင်းမာသွားသည်။

“လင်းရှန်နဲ့ ငါ ဆွေးနွေးခဲ့ပြီးပြီ။ ငါတို ပြန်မဆုံခင် ရထားနှစ်စီးလုံး အရှိန်မြှင့်ထားဖို့ လိုအပ်တယ်။ ငါတို့က ရွေ့လျားမှုစွမ်းအားကို တည်ဆောက်ဖို့ လိုအပ်တယ်—အနည်းဆုံး တစ်နာရီကို ၈၀ ကီလိုမီတာ။ အချိန်ကိုက်လုပ်ဆောင်မှုက အရာအားလုံးရဲ့ သော့ချက်ပဲ”

သူမသည် လုရှင်းချန်ဘက်သို့ လှည့်လိုက်သည်။ “မီးတောက် နင်နဲ့ နဂါးတောင် (၁) က ဦးဆောင် တိုက်ခိုက်ရမယ်။ လင်းရှန်ရဲ့ အချက်ပြမှုကို စောင့်ပါ။ ငါတို့ သုံး ကီလိုမီတာထက် ပိုပြီး ဝေးသွားရင် အဆက်အသွယ် ပြတ်သွားပြီး ဒါက အန္တရာယ်ဖြစ်လာလိမ့်မယ်”

—

ဒရာကာမာ ရေခဲချိုင့်ဝှမ်း၌ ယူနစ် ၀၁ ကာကွယ်ရေးမျဉ်းအတွင်းတွင် လင်းရှန်၏ ဆက်သွယ်ရေးကိရိယာသည် တဖျပ်ဖျပ် လင်းနေသည်။ ချန်ဆီရွှမ်၏ အစီရင်ခံစာကို နားထောင်နေစဉ် သူ၏ တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားသည်။

“Arc လှိုင်းနှုန်း ဖိအားပေး ထုတ်လွှင့်စက်လား…ကောင်းတယ်။ အဲဒါကို တွဲသုံးခုမှာ တပ်ဆင်ပါ။ နောက်ဘက်မှာရှိတဲ့ ငါတို့ရဲ့ အင်ဂျင်နှစ်လုံးပါ Gemini 11R နျူကလီးယား လျှပ်စစ် စက်ခေါင်းကို သေချာကာကွယ်ရမယ်”

“ပြီးတော့ နောက်ထပ်တစ်ခု—ငါတို့ရဲ့ ယာဉ်တန်းက ရထားရဲ့ အမြန်နှုန်းနဲ့ မလိုက်နိုင်ဘူး။ သူတို့ နောက်ကျချန်ခဲ့ပြီး အများဆုံးပစ်အားနဲ့ ရင်ဆိုင်ရလိမ့်မယ်”

လင်းရှန်က ပြောလိုက်သည်။ “အဲဒီ အရာက ကျုပ်တို့ကို မြေအောက်ကနေ လိုက်လာရင် ရထားကို လုံးဝမှောက်ပစ်နိုင်တယ်။ ဒါကြောင့် ကျုပ်တို့ ရထားဆီမရောက်ခင် ဒါကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်သင့်တယ်လို့ ကျုပ် ထင်တယ်”

ရှီတိယွမ်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ နဂါးတောင် (၁) သည် လူတစ်ထောင်ကျော်ကို သယ်ဆောင်ထားသည်—ရထားကို ပိုးကောင်ကြီးတစ်ကောင်က မှောက်ပစ်လိုက်ရင် ဘယ်လိုကပ်ဆိုးမျိုးဆိုက်လာမည်မယ်ဆိုတာကို သူ ကောင်းကောင်းသိထားသည်။ ထိုသို့ ဖြစ်သွားရင် သူတို့သည် နှင်းတစ္ဆေတွေနဲ့ မိစ္ဆာကောင်များ၏ ဝါးမျိုခံရပြီး ပြင်းထန်နေသော နှင်းမုန်တိုင်း အလယ်မှာ ခုခံနိုင်ဖို့ အခွင့်အရေး လုံးဝ ပျောက်ဆုံးသွားလိမ့်မယ်။

“ဟုတ်တယ်။ ငါတို့ ဒီအရာကို နေ့အချိန်မှာ ဖိအားပေးဖို့ လိုတယ်။ ငါတို့ မလုပ်ဘူးဆိုရင် ညရောက်တာနဲ့ ဒါက ငါတို့ရဲ့ အကြီးမားဆုံး အိပ်မက်ဆိုးဖြစ်လိမ့်မယ်” ချီလီက လေးနက်သော အမူအရာဖြင့် ပြောသည်။

“စိတ်မပူပါနဲ့။ အဲဒီအရာက ပေါ်လာဖို့ သတ္တိရှိရင် ငါသေရင်တောင်မှ သူ့ရဲ့ အရေခွံကို တစ်ပိုင်းစီ ဆွဲဖြဲပစ်မယ်”

ရှီတိယွမ်သည် သူ၏ လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး သူ၏ မျက်လုံးများသည် ဖျော့တော့သော အနီရောင်သို့ ပြောင်းသွားသည်။ သူ၏ မျက်ဝန်းများသည် ကျားတစ်ကောင်ကဲ့သို့သော ရွှေရောင်ပြောင်းလဲသွားပြီး ကြီးမားသော အရှိန်ဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ တစ်စက္ကန့် အကြာတွင် သူ၏ မျက်လုံးများသည် ပုံမှန်အခြေ‌နေသို့ ပြန်ရောက်သွားသည်။

“အချိန်မရှိတော့ဘူး—ငါတို့ ဆယ်မိနစ်အတွင်း ထွက်မယ်”

စွန်းကိုင်က ပြောသည်။

“ငါတို့ရဲ့ အနီအောက်ရောင်ခြည်စနစ်က နှင်းလွင်ပြင်တွေမှာ သက်ရှိ သတိပေးချက်များ အများအပြားကို ရှာဖွေတွေ့ရှိခဲ့တယ်။ ဒီ သတ္တဝါတွေက ငါတို့ရဲ့ လှုပ်ရှားမှုတွေကို သတိထားမိပုံရတယ်။ ငါတို့ တုံ့ဆိုင်းမနေသင့်တော့ဘူး”

ဒုန်း။

သူ စကားဆုံးသည်နှင့် မြေပြင်တစ်လျှောက် ပြင်းထန်သော တုန်ခါမှုတစ်ခု မြည်ဟည်းလာသည်။ တဲမျက်နှာကျက်မှ ဆွဲထားသော မီးများသည် ယိမ်းနွဲ့ကာ လှုပ်ရှားသွားသည်၊၊ ပြင်ဆင်မှုများဖြင့် အလုပ်များနေသော တဲထဲရှိ လူတိုင်းသည် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။

တုန်ခါမှုများ ငြိမ်သွားသောအခါ လင်းရှန်က ပြတ်သားစွာ ရပ်လိုက်သည်။ “ကျုပ် ထင်တဲ့အတိုင်းပဲ... သူတို့က ကျုပ်တို့ ထွက်ပြေးဖို့ ကြိုးစားနေတာကို သိနေကြတယ်”

All Chapters