အခန်း (၃၃၃)
Vol. 23 Ch. 333
“အစ်ကိုရှီ ဘာတွေဖြစ်နေတာလဲ” လင်းရှန်က မေးလိုက်သည်။
ရှီတိယွမ်သည် သူ၏ မျက်မှောင်ကြုတ်သွားပြီး သက်ပြင်းချလိုက်သည်။
“ညီလေးလင်းရေ၊ မင်းတို့ကို နောက်ထပ် ဒုက္ခတစ်ခုထဲ ဆွဲခေါ်မိလို့ စိတ်မကောင်းပါဘူး။ ငါတို့ ဒီမှာ နှစ်ရက်ကြာ ပိတ်မိနေခဲ့ပြီး လူအများကြီးလည်း ဆုံးရှုံးခဲ့ရတယ်”
“ဖီးနစ်က အင်အားဖြည့်တင်းဖို့ မလာရင် ငါတို့အားလုံး ဒုက္ခရောက်မှာ သေချာတယ်”
“အစ်မနန် ကပ္ပတိန်လင်း” ဝက်ဝံက ရှင်းပြလိုက်သည်၊၊
သူ၏ သိုးမွှေးကုတ်အင်္ကျီက သူ၏ ကိုယ်လုံးအထည်ကို မနည်း ထိန်းထားရပုံပင်၊၊
“ငါတို့ အရေးပေါ် အချက်ပြကို တုံ့ပြန်ခဲ့ကြတာ။ ဒါပေမဲ့ ဒီရောက်တော့ ငရဲပြည်ဖြစ်နေတာပဲ”
“ဒီမှာ ဖီးနစ်က ဒီဧရာမစက်ရုပ်ကြီးကို လျှို့ဝှက်စမ်းသပ်နေတာလို့ သိရတယ်”
“ဒါပေမဲ့ ဆိုးဆိုးရွားရွား မှားယွင်းသွားခဲ့တယ်။ သူတို့ရဲ့ လက်နက်ကိုင်တပ်စုတစ်ခုလုံးနဲ့ သယ်ယူပို့ဆောင်ရေးအဖွဲ့ပါ သုတ်သင်ခံလိုက်ရတယ်”
“ငါတို့ ရောက်လာတဲ့အချိန်မှာ အစ်ကိုချီတို့ အဖွဲ့က တစ်ညလုံး တိုက်ခိုက်နေကြတယ်”
“ဒီနေရာက သေမင်းထောင်ချောက်ပဲ”
“တစ်ခါ ဝင်လိုက်တာနဲ့… ပြန်ထွက်လို့ မရတော့ဘူး”
လင်းရှန်၏ မျက်နှာမှာ မဲမှောင်သွား၏။
“ဒါဆို ပြောချင်တာက… ကျုပ်တို့က ခဗျားတို့ကို ကယ်ဖို့ လာခဲ့ပေမဲ့ အခု ကျုပ်တို့က ကယ်ဆယ်ဖို့ လိုအပ်နေတဲ့သူတွေ ဖြစ်သွားပြီပေါ့”
လူတိုင်း တိတ်ဆိတ်သွားကြ၏။
အခြေအနေက မျှော်လင့်ထားသည်ထက် ပိုဆိုးနေသည်။
နန်ကျင်းက လင်းရှန်ဘက်သို့ လှည့်ကာ သူမ၏ အသံက စိတ်ဓာတ်ကျနေ၏။
“ငါတို့မှာ သုံးနာရီပဲ အချိန်ရှိတယ်။ ရထားနှစ်စီးက ဆက်ပြီးထွက်ခွာရဦးမယ်”
ဝက်ဝံက သက်ပြင်းချလိုက်သည်။
“မင်းတို့ ဖီးနစ်ရဲ့ စစ်ကူတပ်ကို ခေါ်လာလိမ့်မယ်လို့ ငါတို့ တကယ် ထင်ခဲ့တာ…”
ကီကီက ရုတ်တရက် စကားပြောလာသည်။
“ဒါဆို ကျွန်မတို့ လမ်းလွှဲတဲ့ အစီအစဉ် လုပ်ရင်ကော ဘယ်လိုလဲ”
“ယာဉ်တစ်စီးကို တွင်းနက်ပိုးကောင်ကြီးကို သွေးဆောင်ဖို့ လွှတ်လိုက်ပြီး ကျန်တဲ့လူတွေ အကုန်လုံး ထွက်ပြေးကြမယ်”
ရှီတိယွမ် ညည်းတွားလိုက်သည်။
“ငါတို့ ကြိုးစားပြီးပြီ။ အဆင်မပြေဘူး”
“အဲ့ဒီသတ္တဝါတွေက ငါတို့ အနံ့ကို အာရုံခံနိုင်တယ်”
လင်းရှန်၏ မျက်ခုံးများ တွန့်ချိုးသွား၏။
“…အနံ့”
လင်းရှန် ချက်ချင်း နားလည်သွား၏။ အမှောင် အမှတ်သား ဖြစ်သည်။
နှင်းထဲတွင် ပုန်းအောင်းနေသော သတ္တဝါများသည် နေ့ခင်းဘက်တွင်ပင် မှတ်သားခံထားရသည့် သားကောင်ကို ခြေရာခံနိုင်ကြသည်။
ဆိုလိုသည်မှာ သူနှင့် ကီကီတို့ နှစ်ဦးစလုံးသည် အဆင့်မြင့် အမှတ်သားကို ရထားပြီး ဖြစ်သည်။
ထိုဧရာမအနက်ရောင်သတ္တဝါကြီးမှာ မည်သည့် အဆင့်ရှိစေကာမူ ဤနေရာရှိ လူတိုင်းကို မှတ်သားထားဖွယ် ရှိသည်။
“ဒါတော့ မဖြစ်နိုင်ဘူး” ကီကီက ကန့်ကွက်လိုက်သည်။
“အဲ့ဒီကောင်နဲ့ ကျွန်မတို့ ခုနကပဲ တွေ့လာတာ အတော်ကြောက်စရာကောင်းတယ်”
“နေဦး တကယ်ကြီးလား”
ချီလီက မျက်ခုံးပင့်လိုက်ပြီး သံသယဖြင့် သူတို့ကို ကြည့်လိုက်သည်။
“မင်းတို့ ယာဉ်နှစ်စီးက အဲ့ဒီသတ္တဝါရဲ့ ပါးစပ်ကနေ ဘယ်လို ထွက်ပြေးလာတာလဲ”
ကီကီ ပခုံးတွန့်ပြလိုက်သည်။ “ဒီလိုပဲ ပြေးလာတာပေါ့”
နန်ကျင်းက ထပ်ပြောသည်။ “အတော်လေး နီးကပ်ခဲ့တာ။ လင်းရှန်နဲ့ သူ့အဖွဲ့ ဝင်မပါရင် ငါတို့ လွတ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခု ငါတို့ ပြန်ပြေးဖို့ ကြိုးစားရင်တော့ လုံးဝ မလွတ်နိုင်ဘူး။ ပိုဆိုးတာက ရထားဆီကို တိုက်ရိုက် ခေါ်သွားသလို ဖြစ်သွားမယ်....အာ့လိုဆို အကုန် ပျက်စီးသွားမှာပဲ”
“အတိအကျပဲ”
လင်းရှန် ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ ထွက်ပြေးရုံသက်သက်သာ မဟုတ်တော့ပေ။
မြေအောက် ပိုးကောင်ကြီးကို ဖယ်ရှားနိုင်ခြင်း သို့မဟုတ် သတ်နိုင်ခြင်း မရှိပါက အနန္တရထား မှောက်သွားနိုင်သည်။
ဤပြဿနာကို သူနှင့်အတူ ပြန်ပါသွားခွင့် မပြုနိုင်ပေ။
“နောက်ထပ် အစီအစဉ်တစ်ခု လိုမယ်ထင်တယ်”
“တစ်ခုတည်းသော အစီအစဉ်က စီလန်မြို့က ဖီးနစ်ရဲ့ အင်အားဖြည့်တင်းမှုကို စောင့်ဖို့ပဲ” ရှီတိယွမ်သည် သူတို့နောက်ရှိ ဧရာမ လူသားပုံသဏ္ဌာန် စက်ရုပ်ကြီးဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
“ဒါမှမဟုတ် ဒီကောင်ကြီးမှာ ကျန်နေတဲ့ စွမ်းအားတစ်စုံတစ်ရာ ရှိနေဖို့ပဲ ဆုတောင်းရမယ်။ ငါတို့ကို ဒီကနေ ထွက်သွားဖို့ လုံလောက်မယ့် စွမ်းအားပေါ့”
“ဆိုလိုတာက….ဘာလဲ အဲဒီစက်ရုပ်ကြီး လုံးဝ အလုပ်မလုပ်နိုင်တော့ဘူးလား” နန်ကျင်းက မေးလိုက်သည်။
“သေနေတာ ကြာပြီ” ဝက်ဝံက ပြန်ဖြေသည်။
“ကပ္ပတိန်ယွမ်က ပိုးကောင်ကြီးကို ကြောက်အောင် ပြဖို့လောက်ပဲ ခုနက ဖွင့်ခဲ့တာ။ တကယ်တမ်းကျတော့လား။ မတ်တပ်တောင် မရပ်နိုင်ဘူး”
“ခဏလေး”
ရှီတိယွမ်သည် ရုတ်တရက် အလင်းရောင် ရသွားပြီး မျက်လုံးပြူးကာ လင်းရှန်ဘက်သို့ လှည့်လိုက်သည်။
“လခွီး… ငါ ဘယ်လိုလုပ် မေ့နေရတာလဲ။ လင်းရှန် မင်းက ယန္တရားစွမ်းရည်ရှိတဲ့သူလေ”
သူသည် သူ၏ နဖူးကို ရိုက်လိုက်ပြီးနောက် လင်းရှန်၏ ပခုံးကို ဆုပ်ကိုင်လိုက်သည်။
“လာ…မင်းကို ကပ္ပတိန်ယုနဲ့ မိတ်ဆက်ပေးမယ်။ သူက အင်ပါယာစီမံကိန်းကို တာဝန်ယူထားတာ။ သူ မင်းကို စိတ်ဝင်စားမှာ သေချာတယ်”
လင်းရှန်က ချက်ချင်း တားလိုက်သည်။
“အစ်ကိုရှီ အဲဒီကောင်ကို ကျုပ် ပြုပြင်နိုင်မယ်လို့ တကယ် ထင်နေတာလား။ အထင်ကြီးလွန်းနေပြီ”
“နေဦး၊ မင်းက ယန္တရားအမျိုးအစား စွမ်းအားရှင် မဟုတ်ဘူးလား” ရှီတိယွမ်က ရှုပ်ထွေးနေပုံရသည်။
“ဟုတ်တယ်၊ ဒါပေမဲ့ ယန္တရားနတ်ဘုရား မဟုတ်ဘူး” ကီကီက ဖြတ်ပြောလိုက်သည်။
“အဲဒီ ယန္တရားကြီးက တန်ပေါင်း ထောင်နဲ့ချီတယ်။ တစ်ညတည်းနဲ့ ပြင်လို့ရတဲ့အရာ မဟုတ်ဘူး”
ကီကီ ပြောတာ မှန်သည်။
ဒီစက်ရုပ်ကြီးက အရမ်းကို ကြီးမားလွန်းတယ်။
ပြဿနာက ပြုပြင်ရုံ သက်သက် မဟုတ်ဘူး။
စကင်ဖတ်ဖို့လည်း မဟုတ်ဘူး။
ပစ္စည်းလိုအပ်တဲ့ ပြဿနာလည်း ရှိသေးတယ်။
ဒီစက်ကြီးက သတ္တုစပ် သံချပ်ကာ၊ စူပါကာဗွန် သတ္တုစပ်တွေနဲ့ နာနို-ကြွေထည် သံချပ်ပြားတွေကို သုံးထားဖွယ်ရှိတယ်။ ဒါတွေအားလုံးက အဆင့်မြင့် ပစ္စည်းတွေပဲ။
လင်းရှန်မှာ အဲဒီလို ပစ္စည်းမျိုး ဘာမှ မရှိဘူး။
တစ်ချက်ကြည့်လိုက်ရုံနဲ့ အူတိုင်ဖွဲ့စည်းပုံက အကောင်းပကတိ ရှိနေသေးပေမဲ့ ၎င်းရဲ့ ဘယ်ဘက်လက်မောင်းကတော့ ပြဲထွက်နေတယ်။
အဲဒါတစ်ခုတည်း ပြင်ဖို့ကပဲ ကြီးမားတဲ့ အလုပ်ကြီး ဖြစ်လိမ့်မယ်။
ရှီတိယွမ်သည် လင်းရှန်ကို စိုက်ကြည့်နေပြီး လင်းရှန်က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်။ ကျုပ်မှာ ယန္တရားစွမ်းရည်တွေ ရှိပေမဲ့… အရင်ဆုံး စစ်ဆေးကြည့်ဖို့ လိုတယ်”
“အဟမ်း၊ စိတ်မပူပါနဲ့” ရှီတိယွမ်က လက်ကာပြလိုက်သည်။
“ရိုးရိုးသားသား ပြောရရင် ငါတို့ ပိတ်မိနေတာပဲ။ ပြီးတော့ ငါ ကပ္ပတိန်ယုကို မင်းအကြောင်း ပြောပြပြီးပြီ”
“ငါတို့ အတူတူ နောက်ထပ် အစီအစဉ်တစ်ခု စဉ်းစားလို့ရတာပေါ့”
ထို့နောက် ရှီတိယွမ်သည် ချီလီဘက်သို့ လှည့်လိုက်သည်။
“ချီ၊ ငါ လင်းရှန်ကို ကပ္ပတိန်ယုနဲ့ တွေ့ဖို့ ခေါ်သွားမယ်။ မင်း လိုက်မလား”
“ငါတော့ မလိုက်တော့ဘူး” ချီလီ၏ အကြည့်များမှာ လင်းရှန်အပေါ်တွင် ရစ်ဝဲနေပြီးနောက် သူက နှာခေါင်းရှုံ့လိုက်သည်။
“ငါ အဲ့ဒီမိန်းမကို မကြိုက်ဘူး၊ ရေခဲလိုပဲ အေးတိအေးစက်နဲ့….နှင်းတစ္ဆေတွေ ပြန်လာရင် စောင့်ကြည့်ဖို့ ဒီမှာပဲ နေခဲ့မယ်”
“ဟားဟား…ကောင်းတဲ့ဘက်က ကြည့်လိုက်ပါ။ အနည်းဆုံးတော့ ငါတို့ဘက်မှာ စွမ်းအားရှင်တွေ ပိုများလာတာပေါ့”
ရှီတိယွမ်သည် စိတ်ဓာတ်ကို မြှင့်တင်ရန် ကြိုးစားလိုက်သည်။
“အဲ့ဒီ စိတ်စွမ်းအင်ရှိတဲ့ ကောင်မလေးလား။ သူမ ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါတို့ အားလုံး မြင်ခဲ့ရတယ်၊၊ သူမနဲ့ လင်းရှန်နဲ့ဆိုရင် ငါတို့ ဒီကနေ တကယ် လွတ်မြောက်နိုင်မှာ သေချာသလောက်ပဲ”
ကျန်သူများ ခပ်လေးလေး ခေါင်းညိတ်လိုက်ကြသည်။
ကီကီ၏ စွမ်းဆောင်ရည်သည် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
ဤနေရာတွင် စွမ်းအားရှင် ဆယ်ဂဏန်းခန့် ရှိပြီး အားလုံးက သန်မာကြသော်လည်း ကီကီနှင့် အားဖေးတို့တွင် ကြီးမားသောဧရိယာအဆင့် ထိခိုက်ပျက်စီးစေနိုင်သော စွမ်းရည်များ ရှိသည်။
ထိုအချက်တစ်ခုတည်းကပင် အသက်ရှင်ကျန်ရစ်သူများအား ကြီးမားသော စိတ်ဓာတ်ခွန်အားကို ပေးခဲ့သည်။
ထို့နောက် ယာဉ်တန်းအဖွဲ့ဝင်များမှာ နွေးထွေးရန်အတွက် ၎င်းတို့၏ ယာဉ်များဆီသို့ ပြန်သွားကြသည်။