အခန်း (၃၃၅)
Vol. 23 Ch. 335
အမှန်တရား ပြောရရင် သူ ဒီကို ရောက်လာကတည်းက သူ့ခေါင်းက စတင်ကိုက်နေပြီ ဖြစ်သည်။ သူနှင့် ကီကီ၏ ပေါ့ပါးသောလှုပ်ရှားနိုင်စွမ်းဖြင့် ကင်းထောက်ရန် မူလက စီစဉ်ခဲ့သော်လည်း ယင်းအစား သေမင်းထောင်ချောက်ထဲသို့ တည့်တည့်လျှောက်ဝင်သွားခဲ့သည်။
တရားမျှတစွာ ပြောရရင် ကီကီ၏ စွမ်းရည်များက သူတို့ကို လေထဲမှ ထွက်ပြေးဖို့ ခွင့်ပြုနိုင်လေသည်။ ဂျိုကာယာဉ်တန်းမှ ပျံသန်းနိုင်စွမ်းရှိသူ စွမ်းအားရှင်က အရင်က ဝိုင်းရံထားခြင်းကို ဖောက်ထွက်နိုင်ခဲ့ဖူးသည်ဟု ကြားသည်၊၊ သူတို့လည်း လုပ်နိုင်စွမ်း ရှိလောက်သည်။
သို့သော် ထိုအတွေးကို ခဏ ဘေးဖယ်ထားလိုက်သည်။ ရှီတိယွမ်နှင့် ဖီးနစ်မှ လူများ ဒီမှာ ရှိနေပြီး လင်းရှန်သည် သူတို့ကို ပစ်ပယ်မည့်သူ အမျိုးအစား မဟုတ်ပေ။
ထို့အပြင် သူတို့ လုပ်ဆောင်နေသည့် အင်ပါယာစီမံကိန်းကို သူ အလွန်စိတ်ဝင်စားနေသည်။ သူ၏ စိတ်ထဲတွင် ထွက်လမ်းဖောက်ရန် ဖြစ်နိုင်သော နည်းလမ်းများကို စတင် စဉ်းစားနေပြီ ဖြစ်သည်။
မမျှော်လင့်ဘဲ အင်အားဖြည့်တင်းမှု
“ကပ္ပတိန် ရှီ”
စတာ့ဖလိ့ စစ်သင်္ဘောအကြီးတန်းအရာရှိ ယူနီဖောင်းနှင့် စွမ်းအားသုံး သံချပ်ကာ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် နှင်းများ ဖုံးလွှမ်းနေသည့် စစ်သားတစ်စုနှင့်အတူ သူတို့ဆီသို့ ပြေးလာသည်။
“မွန်းစတားအုပ်ကြီး ထပ်ပြီးတိုက်ခိုက်လာတာလား။ သုံးနာရီပဲ ရှိသေးတယ်”
“အို... တပ်မှူးစွန်း” ရှီတိယွမ်က နှုတ်ဆက်လိုက်သည်။
“ခင်ဗျား ပြန်ရောက်လာပြီလား။ စိတ်မပူပါနဲ့၊ ဒီတစ်ခါတော့ ကျုပ်တို့ ထိန်းထားနိုင်ခဲ့တယ်၊ လူလည်း မဆုံးရှုံးခဲ့ဘူး”
တပ်မှူးစွန်းကိုင်သည် အင်ပါယာပရောဂျက်၏ လက်နက်ကိုင်အစောင့်အရှောက်တပ်ခေါင်းဆောင်ဖြစ်သည်။ လွန်ခဲ့သောနှစ်နာရီအကြာက သူသည် ထွက်ပေါက်လမ်းကြောင်းများကို ကင်းထောက်ရန်အတွက် ရေခဲချိုင့်ဝှမ်းထဲသို့ တပ်ခွဲတစ်စုကို ခေါ်ဆောင်သွားခဲ့သည်။ သို့သော် နှင်းတစ္ဆေအုပ်ကြီးသည် အလစ်တိုက်ခိုက်ခဲ့ရာ ကြီးမားသော နှင်းပြိုမှုတစ်ခုကြောင့် စွန်းကိုင်နှင့် သူ၏ လူများသည် ရေခဲဂူတစ်ခုအတွင်း ခိုလှုံခဲ့ကြပြီးနောက် နောက်ဆုံးတွင် ပြန်ရောက်လာခဲ့ကြသည်။
စွန်းကိုင်သည် ကာကွယ်ရေး နယ်နိမိတ်ကို စူးစိုက်ကြည့်ပြီး သက်ပြင်းချလိုက်သည်။
“ဟူး ငါတို့ ကံကောင်းတယ်။ ကပ္ပတိန်ရှီ၊ ခင်ဗျားသာ မရှိရင် ဒါက ငါတို့ရဲ့ တာဝန်ဖြစ်သင့်တာ…”
“ထားလိုက်ပါတော့ တရားသေမှတ်ထားစရာ မလိုပါဘူး” ရှီတိယွမ်က လက်ဝှေ့ယမ်းပြလိုက်သည်။
“ခင်ဗျားတို့ ယူနစ်က အကြီးအကျယ် ဆုံးရှုံးမှုတွေ ရှိပြီးသားပါ။ ကျုပ်တို့က ခင်ဗျားတို့ကို ကူညီဖို့ လာခဲ့တာပဲ”
စွန်းကိုင် ခေါင်းညိတ်လိုက်သော်လည်း ရင်းနှီးမှုမရှိသော မျက်နှာနှစ်ခုကို လျင်မြန်စွာ သတိထားမိလိုက်သည်။ သူ၏ မျက်လုံးများ မျှော်လင့်ချက်ဖြင့် လင်းလက်သွား၏။
“စီလန်မြို့က တပ်ကူတွေလား”
“ကျုပ်တို့က စီလန်မြို့က မဟုတ်ပါဘူး”
လင်းရှန်က တည့်တိုးပြောလိုက်သည်။
ရှီတိယွမ် လည်ချောင်းရှင်းလိုက်သည်။
“ဒီနှစ်ယောက်က ကျုပ်ရဲ့ မိတ်ဆွေဟောင်းတွေပါ။ သူတို့ လာကူညီတာပါ”
စွန်းကိုင်၏ စိတ်လှုပ်ရှားမှုများ မှေးမှိန်သွားသည်။ သူသည် လင်းရှန်နှင့် ကီကီကို ကြည့်ရင်း စိတ်ပျက်အားငယ်မှု အရိပ်အယောင် ပေါ်လာသည်။
“သြော်… နားလည်ပြီ။ ဒါတောင်မှ မင်းတို့က အသက်ကို စွန့်ပြီး ငါတို့ကို လာကူညီတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခုတော့ မင်းတို့လည်း ငါတို့နဲ့အတူ ပိတ်မိသွားပြီ။ စိတ်မကောင်းပါဘူး…”
“တောင်းပန်ဖို့ မလိုပါဘူး” လင်းရှန် ပြန်ဖြေလိုက်သည်။
“ကျုပ်တို့ အားလုံး အတူတူပါပဲ...ထွက်ပေါက်ရှာဖို့ပဲ စဉ်းစားရအောင်”
“အတိအကျပဲ” ကီကီက ထပ်ဖြည့်လိုက်သည်။
“ဘယ်သူက ဒီလိုဖြစ်လာမယ်လို့ ခန့်မှန်းနိုင်မှာလဲ”
ရှီတိယွမ် လက်ခုပ်တီးလိုက်သည်။
“အဲဒါ စိတ်ဓာတ်ပဲ... ပြီးတော့ နားထောင်ပါဦး၊၊ လင်းရှန်နဲ့ ကီကီတို့က အင်အားကြီးမားတဲ့ စွမ်းအားရှင်တွေပါ။ ဒါက ကျုပ်တို့မှာ ရွေးချယ်စရာတွေ ပိုများလာတယ်လို့ ဆိုလိုတယ်။ စကားမစပ် ခေါင်းဆောင်ယွမ် ဘယ်မှာလဲ။ သူနဲ့ အဆင့်မြင့် ပါရမီရှင်တစ်ချို့ကို မိတ်ဆက်ပေးဖို့ လိုတယ်”
“စွမ်းအားရှင်တွေလား”
စွန်းကိုင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“သူမက ကီကီ...စိတ်စွမ်းအင်အမျိုးစား စွမ်းအားရှင်ပဲ။ သူ ပျံနိုင်တယ်၊ ပြီးတော့ စိတ်စွမ်းအားကလည်း အံ့မခန်းပဲ။ သူ မွန်းစတားလှိုင်းတစ်ခုလုံးကို သူတစ်ယောက်ထဲ သုတ်သင်ပစ်လိုက်တာ.... သူမက လက်နက်ကြီး ဆယ်လက်လောက် ရှိတယ်....သြော်... ငါက သူမရဲ့ ကိုယ်အလေးချိန်ကို ပြောနေတာ မဟုတ်ဘူးနော်...ဟားဟားဟား”
ကီကီ၏ မျက်နှာအမူအရာ လှုပ်ယမ်းသွားသည်။
ဒီမကောင်းတဲ့လူကြီး…
ရှီတိယွမ်က ဆက်ပြောသည်။ လင်းရှန်ကို လက်ညှိုးထိုးပြလိုက်သည်။
“ပြီးတော့ ငါ့ညီလေးလင်းက ယန္တရားစွမ်းအားရှင်ပဲ...သူက စက်တွေ ပြုပြင်နိုင်တယ်....ဘယ်လောက် မိုက်လိုက်သလဲ။ မင်းတို့ အင်ပါယာပရောဂျက်က ကျွမ်းကျင်သူလိုအပ်တယ်ဆိုရင် ဟိုမှာရှိတဲ့ စက်ကြီးကိုတောင် သူ ပြုပြင်နိုင်ချေ ရှိတယ်။ အဲဒီအခါကျရင် ငါတို့ ထိုးဖောက်ထွက်သွားလို့ ရပြီ”
စွန်းကိုင်၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားသည်။
“ယန္တရားစွမ်းရည်”
ဒါက ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ ရှီတိယွမ်က လင်းရှန်က စက်များ ပြုပြင်နိုင်သည်ဟု ပြောလိုက်သည့်အခိုက်အတန့်တွင် စွန်းကိုင်၏ အမူအရာပြောင်းလဲသွားကာ စိတ်ဝင်တစား ဖြစ်လာသည်။
သို့သော် လင်းရှန်က ချဲ့ကားပြောဆိုမှု မလွန်ခင် အလျင်အမြန် ဖြတ်ပြောလိုက်သည်။
“ခဏလေး အစ်ကိုရှီ။ ဒီလောက် ကြီးတဲ့ စက်ကို ကျုပ် သေချာပေါက်ပြုပြင်နိုင်တယ်လို့ တစ်ခါမှ မပြောခဲ့ဘူး။ အရင်ဆုံး စစ်ဆေးဖို့ လိုတယ်”
လင်းရှန်၏ လက်တွေ့ကျသော တုံ့ပြန်မှုက စွန်းကိုင်ကို သူ့အသိစိတ်ဆီသို့ ပြန်ရောက်စေသည်။ သူ၏ ခဏတာ မျှော်လင့်ချက် မှေးမှိန်သွားပြီး သူသည် လင်းရှန်ကို ဂရုတစိုက် အကဲခတ်လိုက်ပြီးနောက်
“ဒီလိုဆိုရင် ခေါင်းဆောင်ယုကို အနှောင့်အယှက် ပေးစရာ မလိုပါဘူး။ သူတို့ ရွှေ့ပြောင်းရေး အစီအစဉ်ကို လုပ်ဆောင်နေကြပြီး ယူနစ် ၀၁ ရဲ့ စနစ်ခွဲ တစ်ချို့ကို ပြန်လည် ပြုပြင်ဖို့ ကြိုးစားနေကြတယ်။ နေမဝင်ခင် ရေခဲချိုင့်ဝှမ်းထဲကို နောက်ထပ် အဖွဲ့တစ်ခုကို ခေါ်သွားဖို့ စီစဉ်နေတယ်”
“ဟေ့၊ ဟေ့၊ ခဏလေး” ရှီတိယွမ်က ဖြတ်ပြောလိုက်သည်။
“ကျုပ် ခင်ဗျားကို ခုနက ပြောလိုက်တယ် မဟုတ်လား။ လင်းရှန်က ယန္တရားစွမ်းအားရှင်… ခင်ဗျားတို့ ပြုပြင်ဖို့ လိုအပ်ရင် သူ ကူညီနိုင်တယ်”
လင်းရှန်သည် စွန်းကိုင်ဘက်သို့ လှည့်လိုက်ပြီး သူ၏ တုံ့ဆိုင်းမှုကို ချက်ချင်း နားလည်လိုက်သည်။ “လျှို့ဝှက်ချက်ကြောင့်လား”
အင်ပါယာပရောဂျက်သည် ဖီးနစ်၏ ထိပ်တန်းလျှို့ဝှက်အစီအစဉ်တစ်ခု ဖြစ်သည်။ အသေးစိတ် အချက်အလက်များစွာကို လူသိရှင်ကြား ဖြစ်နေပြီ ဖြစ်သော်လည်း စက်ရုပ်ကြီး၏ အဓိက ယန္တရားများမှာ လျှို့ဝှက်ချက်အဖြစ် ဆက်လက် တည်ရှိနေမည်မှာ သေချာသည်။ ဖီးနစ်၏ ရန်သူများမှာ အမှောင်ဒီရေများအပြင်ကို ကန့်သတ်ထားခြင်း မရှိသည်ကို ထောက်ရှုပါက လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ကျင့်သုံးခြင်းမှာ သဘာဝကျပေသည်။
သို့သော် စွန်းကိုင်၏ နောက်စကားများက လျှို့ဝှက်ချက်သည် အဓိက ပြဿနာမဟုတ်ကြောင်း လင်းရှန်ကို နားလည်စေခဲ့သည်။
စွန်းကိုင်၏ အကြည့်က အဖွဲ့ကို ဝေ့ဝဲသွားသည်။ သူ သက်ပြင်းချလိုက်ပြီး “အဲဒါ တစ်စိတ်တစ်ပိုင်းပါပဲ။ ဒါပေမဲ့ ပိုကြီးတဲ့ ပြဿနာက ခင်ဗျားတို့ သူတို့နဲ့ ကောင်းကောင်း စကားပြောဖို့တောင် အခွင့်အရေး ရမှာ မဟုတ်ဘူး”
“ဘယ်လို..ဘာလို့လဲ” ကီကီ မျက်မှောင်ကြုတ်လိုက်သည်။
စွန်းကိုင်သည် သူ၏ သံချပ်ကာပေါ်မှ နှင်းများကို ခါထုတ်လိုက်ပြီး ရှင်းပြသည်။
“ဒါသာ ညလမ်းလျှောက်သူအဖွဲ့စည်းဖြစ်ခဲ့ရင် သူတို့က မင်းရဲ့ စွမ်းရည်တွေကို အရမ်းစိတ်ဝင်စားလိမ့်မယ်။ ဒါပေမဲ့ အင်ပါယာပရောဂျက်ကတော့ လုံးဝဆန့်ကျင်ဘက်ပဲ။ ဖီးနစ်က ဒီပရောဂျက်ကို တည်ထောင်ခဲ့တာက လူသားတွေရဲ့ ရှင်သန်မှုဟာ နည်းပညာဆိုင်ရာတိုးတက်မှုတွေအပေါ်မှာ မူတည်တယ်၊ စွမ်းရည်တွေ မဟုတ်ဘူးလို့ တင်းတင်းကျပ်ကျပ် ယုံကြည်တဲ့ လူတချို့ကြောင့်ပဲ”
“နေဦး တကယ်ကြီးလား” ကီကီ တုန်လှုပ်သွားသည်။
“ဖီးနစ်မှာတောင် ပြည်တွင်းရေး ပဋိပက္ခတွေ ရှိသေးတာလား။ ရယ်စရာပဲ”
“ပဋိပက္ခ မဟုတ်ပါဘူး” စွန်းကိုင် ပြင်ပေးလိုက်သည်။
“ဖီးနစ်ရဲ့ အဆုံးစွန်ပန်းတိုင်က လူသားယဉ်ကျေးမှု ရှင်သန်မှုကို သေချာစေဖို့ပဲ။ ဌာနတိုင်းက အဲဒီပန်းတိုင်ကို လိုက်နာကြတယ်။ ညလမ်းလျှောက်သူတွေက စွမ်းရည်တွေနဲ့ အမှောင်ကျုးကျော်မှုကို သုတေသနလုပ်တယ်။ အင်ပါယာပရောဂျက်က စက်ရုပ်တွေနဲ့ စစ်ရေးအဆင့်လက်နက်တွေကို အာရုံစိုက်တယ်။ အဖွဲ့နှစ်ဖွဲ့က တိုက်ရိုက် ပဋိပက္ခမရှိဘဲ သီးခြားလည်ပတ်ကြတယ်။ တကယ်တော့ သူတို့က ဒီလိုမစ်ရှင်မျိုးမှာ ပူးပေါင်းဆောင်ရွက်ကြတယ်၊၊ ညလမ်းလျှောက်သူအဖွဲ့တစ်ခုကို ငါတို့ကို ကာကွယ်ဖို့ တာဝန်ပေးထားတာ၊ ဒါပေမဲ့… သူတို့အားလုံးကျဆုံးသွားခဲ့ပြီ”