← Chapters

ပိတ်မိခြင်း

Vol. 23 Ch. 338

ပိတ်မိခြင်း

Vol. 23 Ch. 338

“သူ့အစ်ကိုကရော ဘယ်ရောက်သွားတာလဲ”

စွန်းကိုင်သည် ၎င်းတို့နောက်မှ ရေခဲချောက်ကြီးဘက်သို့ တစ်ချက်မျှ ကြည့်လိုက်၏။

“သူက နောက်ဆုံးနေ့မှာ ငါတို့ကို ကာဗာပေးရင်း အောက်မှာပဲ သေသွားခဲ့တာ။ ယူနစ် ၀၁ ရဲ့ ဦးခေါင်းမှာရှိတဲ့ နာနိုကြွေပြတင်းပေါက်က အပေါက်ကို တွေ့လား။ သူ့အစ်ကို ချန်လီက ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ရဲ့ တစ်ကိုက်တည်းနဲ့ ဆွဲထုတ်ခံလိုက်ရတာ...နောက်ဆုံးမှာတော့ ချန်ဝေတစ်ယောက်တည်းပဲ ဒီ မီကာကို မောင်းပြီး ကျန်တဲ့ ငါတို့ကို ကာကွယ်ပေးခဲ့တာပဲ”

ထိုသို့ပြောပြီးနောက် သူသည် လင်းရှန်အား အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်၏။

“အဲဒီလူရဲ့ စိတ်က အမြဲတမ်းဒီလိုပဲ ဘယ်သူ့ကိုမှ မျက်နှာချိုမသွေးဘူး...အထူးသဖြင့် စွမ်းအားရှင်တွေကိုဆို ပိုပြီး အငြိုးတေးထားတယ်၊၊ ကမ္ဘာပျက်ကပ်နေ့ပြီးနောက်မှာ သူ့မိသားစုတစ်ခုလုံးကို စွမ်းအားရှင်တွေရဲ့ ဓားပြယာဉ်တန်းတစ်ခုက သတ်ဖြတ်ခဲ့တယ်လို့ ကြားရတယ်။ အခုတော့ သူ့အစ်ကိုပါ ဆုံးရှုံးသွားပြီ အဲဒီအပြင် ယူနစ် ၀၁ ရဲ့ အာရုံခံပေါင်းစည်းစနစ်နဲ့ တိုက်ရိုက်ချိတ်ဆက်ခဲ့ရတဲ့ စိတ်ဖိစီးမှုတွေကြောင့် သူက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို အတော်ဆိုးဆိုးဝါးဝါး ရခဲ့တယ်။ ဒါကြောင့် မင်းက စိတ်ထဲ မထားပါနဲ့။ မင်းတို့က အသက်စွန့်ပြီး လာကူညီတာကို သူက အဲဒီလို ပြုမူခဲ့တာကြောင့်... သူ့ကိုယ်စား ငါ မင်းကို တောင်းပန်ပါတယ်”

လင်းရှန်သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ သက်ပြင်းချလိုက်၏။ “ဒီလောက် ယဥ်ကျေးမှု လုပ်ဖို့ မလိုပါဘူး ခေါင်းဆောင်စွန်း။ ကျုပ်တို့က တကယ်တမ်းလည်း အကူအညီ သိပ်မပေးနိုင်ခဲ့ပါဘူး။ တခြားနည်းလမ်းတစ်ခုကို စဉ်းစားရတော့မယ် ထင်တယ်”

“အာရုံခံပေါင်းစည်းစနစ်နဲ့ မီကာကြီးကို တစ်ယောက်တည်း မောင်းတာလား” ကီကီ အံ့အားသင့်သွားသည်။

“ပြီးတော့ သူ အသက်ရှင်ခဲ့တယ်”

“သူ့မှာ ကံကောင်းမှုတစ်ခုပဲ ရှိတယ် ထင်တယ်...” စွန်းကိုင်က ခေါင်းငြိမ့်လိုက်သည်။

ကီကီသည် သူ့ဘက်သို့ လှည့်လိုက်သည်။

“ဟုတ်သားပဲ... ‌ခေါင်းဆောင်ယုရဲ့ အဖွဲ့မှာ ထွက်ပြေးဖို့ အစီအစဉ်ရှိတယ်လို့ မပြောဘူးလား။ ဘာလဲ...သူတို့ စီလန်မြို့ရဲ့ ကယ်ဆယ်ရေးကိုပဲ စောင့်နေတာတော့ မဟုတ်ပါဘူးနော်”

ထိုအချိန်တွင် ရှီတိယွမ်က စကားစပြောလိုက်သည်။

“သူတို့က ဒီမီကာကြီးကို သုံးပြီး မွန်းစတားတွေကို ဆွဲဆောင်ဖို့ အချက်ပြတစ်မျိုး ပေးပို့စေဖို့ စီစဉ်နေပုံရတယ်။ ပြီးရင် အဲဒီအနက်ရောင်ပိုးကောင်ကြီးကို ဖယ်ရှားပစ်နိုင်မလား ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေပြီး ငါတို့ ထွက်ပြေးဖို့ အခွင့်အရေးရမလားဆိုတာ ကြည့်ဖို့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်စေချင်ပုံရတယ်။ ဒါပေမဲ့ အသေးစိတ်တော့ မသိရသေးဘူး။ မင်းတို့ မရောက်ခင်ကတည်းက သူတို့မှာ ဒီလို ကြမ်းတမ်းတဲ့ စိတ်ကူးတစ်ခု ရှိခဲ့တယ်”

“ကွမ်တမ်အစက်ပြောက် နာနိုအစုအဝေးတွေ” စွန်းကိုင်က ထပ်ဖြည့်ပြောသည်။

“ယူနစ် ၀၁ က မူလက စမ်းသပ်နေတဲ့အရာတစ်ခုပဲ—မွန်းစတားတွေကို သွေးဆောင်ဖို့ ရည်ရွယ်တဲ့ စက်ကိရိယာတစ်ခုပေါ့။ ထင်ရတာက ဒီနာနိုအမှုန်တွေဟာ မွန်းစတားအသိုက်ထဲက ‘မိခင်ကွမ်တမ်ထောင်ချောက်’ လို့ ခေါ်တဲ့အရာတစ်ခုနဲ့ ကွမ်တမ်ရှုပ်ထွေးနေတဲ့ အခြေအနေကို ဝင်ရောက်နိုင်တယ် ဒါမှမဟုတ် အဲလိုမျိုး တစ်ခုခုပေါ့။ ဒါက ငါ နားလည်နိုင်ဖို့ အရမ်းရှုပ်ထွေးလွန်းတယ်”

လင်းရှန်သည် သူ့ကို စိုက်ကြည့်နေပြီး စဉ်းစားလိုက်သည်- ခဗျားက အခြေခံသဘောတရား အကုန်လုံးကို ရှင်းပြပြီးမှ နားမလည်ဘူးလို့ ပြောနေတာလား။

“ဒါပေမဲ့ တခြားအစီအစဉ်တစ်ခု ရှိသေးတယ်” စွန်းကိုင်က ဆက်ပြောသည်။

“ချန်ဝေက အကြံပြုခဲ့တာ။ သူရော၊ သူ့အစ်ကိုရောက အဆင့် (၅) ပေါင်းစည်းထိန်းချုပ်မှု ပိုင်းလော့တွေပဲ။ အခု သူ့အစ်ကို မရှိတော့ပေမဲ့ အဖွဲ့ထဲမှာ အဆင့် (၃) ပိုင်းလော့ တစ်ယောက် ရှိသေးတယ်။ ချန်ဝေက အဲဒီလူကို ခေါ်ပြီး ယူနစ် ၀၁ ကို အတင်းအကျပ် ပြန်လည်စတင်ပြီး ငါတို့ အားလုံးအတွက် လမ်းရှင်းပေးဖို့ လုပ်ချင်နေတယ်”

“ကယ်ဆယ်ရေး စောင့်နေတာကတော့...” သူ ခေါင်းခါလိုက်သည်။

“ဆက်သွယ်ရေးစနစ် မရှိပဲ.... ဒီနှင်းမုန်တိုင်းက လမ်းကြောင်းတွေကို တွက်ဆလို့ မဖြစ်နိုင်အောင် လုပ်နေတဲ့အတွက် ပျံသန်းနိုင်တဲ့စွမ်းအားရှင်တစ်ယောက်တောင် စီလန်မြို့ကို ရောက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒါက အရန်အစီအစဉ် တစ်ခုပဲ။ ငါတို့ရဲ့ အဓိကမျှော်လင့်ချက်က ကိုယ့်အားကိုယ်ကိုးပြီး ထွက်ပြေးဖို့ပဲ”

လင်းရှန် ခေါင်းညိတ်လိုက်သည်။ “ကယ်ဆယ်ရေးကိုပဲ စောင့်နေလို့ မရဘူး။ ဒီချောက်ကြီးထဲမှာ ထူးဆန်းသည့် သတ္တဝါတွေ ပြည့်နေတယ်—အကူအညီလာရင်တောင်မှ မလွယ်လှဘူး”

သို့သော် ကီကီက အရေးကြီးသောအရာတစ်ခုကို သတိထားမိလိုက်သည်။ သူမ စွန်းကိုင်ဘက်သို့ လှည့်လိုက်သည်။

“မီကာကို ပြန်လည်စတင်မယ်...ဆိုလိုတာက... သူက အလုပ်လုပ်နေတုန်းပဲလား”

စွန်းကိုင် ရုတ်တရက် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ “နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေကို ငါတကယ် မသိဘူး။ ဒါပေမဲ့ သူတို့က ဒီအစီအစဉ်ကို အကြံပြုနေတယ်ဆိုရင်တော့... ဖြစ်နိုင်ချေရှိတယ် ထင်တယ်”

သူသည် စကားလမ်းကြောင်းကို အမြန်ပြောင်းလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ စကားဆက်ပြောကြဦး...ငါ ကင်းထောက်အခြေအနေကို သွားပြီး အစီရင်ခံရဦးမယ်” ထိုသို့ပြောပြီးနောက် သူ လှည့်ထွက်သွားလေသည်။

“သောက်ကျိုးနဲ... အဲဒီအရာက ပြန်စလို့ ရသေးတယ်ပေါ့” ရှီတိယွမ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မိုးထိုးနေသော သံမဏိဘီလူးကြီးဘက်သို့ လှည့်ကာ သဘောပေါက်သွားဟန်ရသည်။

“အဲဒီလောက် မလွယ်ကူလောက်ဘူး” လင်းရှန်က ပြောသည်။

“ဥပမာ- ဒီလိုသာဆိုရင် ဒါက အစီအစဉ် (A) ဖြစ်နေမှာ—မီကာကို ကိုယ့်ဘာသာ ဖျက်ဆီးတာမျိုး မဟုတ်ဘူး”

ရှီတိယွမ် ပါးစပ်ဟလိုက်သော်လည်း အချိန်အတော်ကြာအောင် ဘာမှ မပြောနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူသည် လေးလံသော သက်ပြင်းကို ချကာ အဆုံးမဲ့တိုက်ခတ်နေသော နှင်းမုန်တိုင်းကို မော့ကြည့်လိုက်သည်။

“ဖာ့ခ်... ရှုပ်ထွေးလိုက်တာ။ နဂါးတောင် (၁) က စီလန်မြို့ကို ရောက်သွားရင် ငါ ဒီမှာသေရင်တောင်မှ နောင်တရစရာမရှိဘူး ထင်ခဲ့တာ... ဒါပေမဲ့ အခုတော့ ငါတို့ အတူတူပဲ ဒီသောက်ငရဲမှာ ပိတ်မိနေတုန်းပဲ။ လခွမ်း...ဒီလိုမှန်း သိခဲ့ရင် ငါ လာမှာ မဟုတ်ဘူး”

လင်းရှန်သည် သူ့ကို ကြည့်လိုက်သည်။

“ခဗျားက ဘယ်လိုပဲဖြစ်ဖြစ် လာမှာပါပဲ.... ခဗျားက ရက်စက်ပြီး ကိုယ်ကျိုးကြည့်တဲ့သူမျိုး မဟုတ်ပါဘူး”

“ဟုတ်တယ်” ကီကီက ပြုံးစစဖြင့် ထပ်ပေါင်းပြောသည်။

“ယူပေအာကာသဆိပ်မှာတုန်းက အဲဒီဖက်ဒရေးရှင်းက တေလာဆိုတဲ့ မိန်းမက ကျွန်မတို့ ရှင်သန်သူတွေကို သေနတ်နဲ့ ပစ်ခတ်တော့မယ့် အချိန်မှာ ဘာတွေဖြစ်နေမှန်းတောင် မသိဘဲ ရှင်က တားဖို့ ခုန်ဝင်လာခဲ့တာမဟုတ်လား။ ရှီ ဝန်ခံလိုက်စမ်းပါ—ရှင်က လူကောင်းတစ်ယောက်ပဲ”

“လူကောင်းတစ်ယောက်တဲ့လား...” ရှီတိယွမ်သည် ခါးသီးစွာ ရေရွတ်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

“သေစမ်း...ကံဆိုးတာက ငါ ဒီမှာလူအများကြီးအတွက် တာဝန်ရှိနေတယ်—ငါ ဘာလုပ်ရမှာလဲ”

“တစ်ခုခု စဉ်းစားကြတာပေါ့။ ရှီ...ကျုပ် ကီကီကို ခေါ်ပြီး မီကာကို အရင် သွားကြည့်လိုက်မယ်”

“ကောင်းပြီ။” ရှီတိယွမ် လှည့်ထွက်သွားသည်။

“သွားကြည့်လိုက်...ငါ ရှေ့တန်းကို သွားစစ်ဆေးလိုက်ဦးမယ်။ ညမရောက်ခင် အစီအစဉ်ကို ပြန်သုံးသပ်ဖို့ ငါတို့ ပြန်ဆုံကြမယ်”

“ကောင်းပြီလေ”

ထို့နောက် လင်းရှန်သည် ကီကီကို ဦးဆောင်ပြီး ကြီးမားလှသော မီကာဘက်သို့ ဦးတည်သွားသည်။

ဤအချိန်တွင် စတားဖလိ့တပ်သားများ သို့မဟုတ် အလုပ်ရှုပ်နေသောအင်ဂျင်နီယာများထဲမှ တစ်ဦးတစ်ယောက်မှ ၎င်းတို့ကို မတားဆီးကြပေ—အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် အခုချိန်တွင် အန္တရာယ်ကို အတူတကွ ရင်ဆိုင်နေရသောကြောင့် ဖြစ်သည်။ ထို့အပြင် အနီးကပ် လာရောက်ကြည့်ရှုရန် မီကာဘက်သို့ ချဉ်းကပ်လာသော စူးစမ်းလိုစိတ်ရှိသည့် ရှင်သန်သူများမှာ သူတို့နှစ်ဦးတည်း မဟုတ်ပေ။

သူတို့သည် ယူနစ် ၀၁၏ လက်မောင်းနားသို့ လမ်းလျှောက်လာစဉ်, ကီကီသည် သူမ၏ လက်ကို ဆန့်ထုတ်ကာ စိတ်စွမ်းအင်ဖြင့် ကြီးမားသော စွမ်းအင်အကာကွယ်တစ်ခုကို ဖန်တီးလိုက်ပြီး သူတို့ကို လေပြင်းနှင့် နှင်းများမှ ကာကွယ်ပေးလိုက်သည်။ ၎င်းတို့သည် သတ္တုပြားများ၏ ရှုပ်ထွေးလှပသော ယန္တရားအနုပညာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။

“လူသားမျိုးနွယ်မှာ ဒီလိုစွမ်းရည်ကောင်းတဲ့ လက်နက်နဲ့... ဒီလိုယဉ်ကျေးမှုအဆင့်တန်းနဲ့…. ဘာလို့ အမှောင်ထုထဲက ဒီသတ္တဝါတွေကို ငါတို့ ရှုံးနိမ့်ခဲ့ရတာလဲ”

All Chapters