ဖန်ကူ
Vol. 23 Ch. 339
လင်းရှန်သည် မီကာ၏ အေးစက်နေသော သံချပ်ကာ လက်ချောင်းပေါ်တွင် သူ၏ လက်ကို တင်ထားရင်း ရေရွတ်လိုက်သည်။
“စက်ပစ္စည်းတွေရဲ့ ဆွဲဆောင်မှုက.... လူကို ယစ်မူးစေတယ်”
ထိုအချိန်တွင် လင်းရှန်၏ ယန္တရားနှလုံးသားသည် နောက်ဆုံးတွင် အသက်ဝင်လာတော့သည်၊၊
ဘုန်းးးး
ယန္တရားနှလုံးသား၏ စွမ်းအားသည် နှင်းမုန်တိုင်းထဲရှိ သံမဏိဘီလူးကြီးနှင့် ချိတ်ဆက်မိသည့် အခိုက်အတန့်တွင် ဒရာကာမာ ရေခဲချောက်နက်၏ အောက်ခြေနှင့် အလွန်အေးစက်သော လေဆင်နှာမောင်းသည် ကောင်းကင်ယံတစ်လျှောက်တွင် မမြင်နိုင်သော တုန်ခါမှုတစ်ခု ပဲ့တင်သံပေးလာခဲ့သည်။
လင်းရှန်သည် ပုံကြမ်းများကို စကင်ဖတ်ရန် အချိန် မဖြုန်းတော့ပေ—သူသည် ဤမျှကြီးမားသော မီကာတစ်ခုလုံးကို ခွဲခြမ်းစိတ်ဖြာရန် အချိန်မရှိကြောင်း သိသည်။ ယင်းအစား သူသည် ယန္တရားနှလုံးသားကို ယူနစ် ၀၁ တစ်လျှောက် ဖြန့်ကျက်လိုက်ပြီး စကင်ဖတ်ခြင်း အပြည့်အစုံကို အစားထိုးရန် သူ၏ ကိုယ်ပိုင် အာရုံခံစားမှုကို အသုံးပြုကာ စက်တစ်ခုလုံးကို ဖုံးအုပ်ရန် ကြိုးစားလိုက်သည်။
ထိုသို့လုပ်ခြင်းသည် စက်ကိရိယာကြီးကို အချိန်တိုအတွင်းနှင့် အနည်းဆုံး စွမ်းအင်သုံးစွဲမှုဖြင့် ခံစားနိုင်စေခဲ့သည်။ သူ၏ ယန္တရားအာရုံခံခြင်းမှတစ်ဆင့် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက် အပြည့်အစုံကို မလုပ်ဆောင်ဘဲ ၎င်း၏ ပြဿနာများကို သူနားလည်နိုင်ခဲ့သည်။
တဝီဝီမြည်သံတစ်ခု လေထဲတွင် ပြည့်နှက်သွားသည်—သူ၏ အသိစိတ်သည် နတ်ဘုရားအာရုံတစ်ခုအလား စီးဆင်းသွားပြီး လက်ကောက်ဝတ်အောက်တွင် ဝှက်ထားသော ခေါက်နိုင်သော ကြိမ်နှုန်းမြင့် ဓါးလွှစက်ကို ဖြတ်၍ ပလာစမာ အမြောက်နောက်မှ ခြောက်တိုင်ပါသောစွမ်းအင်မြင့်လျှပ်ကူးပစ္စည်းများနောက် တလျှောက်လိုက်ပါသွားပြီး မျက်နှာပြင်များစွာပါသော ကိုယ်ထည်အဆစ်များကို ကျော်တက်၍ ရင်ဘတ်ရှိ နီယိုဘီယမ်-တိုက်တေနီယမ် စူပါလျှပ်ကူးဓာတ်ပေါင်းဖိုအူတိုင်ထဲသို့ ရောက်သွားပြီး နောက်ဆုံးတွင် ဒူးအဆစ်များရှိ သံလိုက် ဂီယာသေတ္တာထဲသို့ နစ်မြုပ်သွားခဲ့သည်။
ခဏတာမျှပင် အချိန်သည် သူ့ကိုယ်သူ အရည်ပုံစံအဖြစ် ခေါက်သိမ်းသွားခဲ့ပုံရသည်—သူသည် ဟိုက်ဒရောလစ် ပစ္စတင်များသည် လေးဘက်မြင်နေရာတွင် မိုဘီယပ်စ်ကွင်းများကို ပုံကြမ်းဆွဲနေသည်ကို မြင်ခဲ့ရပြီး နာနိုများ၏ ပွတ်တိုက်မှုတိုင်းသည် အပြိုင်စကြာဝဠာကို မွေးဖွားခြင်းနှင့် တူနေသည်။
သူ၏ စိတ်ထဲတွင် ယူနစ် ၀၁ သည် ရေခဲချောက်၏ သဘာဝအလင်းရောင်အောက်၌ ၎င်း၏ ပြည့်စုံပြီး မပျက်စီးသေးသော ပုံစံဖြင့် ရပ်တည်နေသည်။
“ဟူးး...”
အေးစက်နေသော လေကို အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လင်းရှန်၏ စကင်ဖတ်ခြင်းသည် အာရုံကြောပေါင်းစည်းမှု ထိန်းချုပ်ခန်းကို လျင်မြန်စွာ ဖြတ်သွားပြီး နောက်ဆုံးတွင် မီကာ၏ တရားဝင် သတ်မှတ်ထားသည့် နာမည်ကို သူတွေ့ရှိခဲ့သည်-
ဖန်ကူ…
(မှတ်ချက်-ကောင်းကင်နှင့် မြေကြီးကို ပိုင်းခြားခဲ့သည့် နတ်ဘုရားတစ်ပါး)
ထိုအခိုက်အတန့်တွင် ကြီးကျယ်ခမ်းနားပြီး မဟာပထဝီမြေကြီး တုန်ခါသွားသည့်အလား ကြောက်ရွံ့မှုခံစားချက်သည် သူ၏ ရင်ဘက်ထဲတွင် ပြည့်လျှံလာခဲ့သည်။
ကီကီသည် သူမ၏ စွမ်းအားဖြင့် ဆက်လက်ကာကွယ်ပေးနေစဉ် လင်းရှန် မျက်လုံးဖွင့်လိုက်သည်ကို တွေ့လိုက်ရာ သူမ မအော်ဘဲ မနေနိုင်တော့ပေ၊၊ “ဒီလောက် မြန်တာ… ဘာဖြစ်သွားတာလဲ”
လင်းရှန်က လေးနက်စွာ ပြန်ဖြေသည်၊၊
“ပင်မဖွဲ့စည်းပုံက ဘယ်ဘက်လက်မောင်းနဲ့ နာနိုကြွေပြတင်းပေါက်က အပေါက်ကလွဲလို့ ပုံမှန်ပါပဲ။ ဒါပေမဲ့... အဲဒီဆုတ်ဖြဲမှုဒဏ်ရာက မူလထိန်းချုပ်မှုစနစ်ကို ပျက်စီးစေနိုင်တယ်။ ဒါက ကြီးမားတဲ့ ပြဿနာဖြစ်နိုင်တယ်”
“ရှင်ပြောချင်တာ ဉာဏ်ရည်တုစနစ်က ပျက်သွားတာလား” ကီကီသည် မျက်မှောင်ကြုတ်လိုက်သည်။
လင်းရှန် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်, အဲဒါက သတင်းဆိုးပဲ...”
….
နန်ကျင်းသည် ခေါင်းငုံ့ကာ သူမကိုယ်သူမ စစ်ဆေးပြီး မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ “ကပ္ပတိန်လင်း ဘာပြောလဲ။ သူက ယန္တရားစွမ်းအားရှင်ပဲ—သူ့မှာ ဖြေရှင်းချက် ရှိလား”
“ဟဲဟဲ”
ရှီတိယွမ်သည် ရုတ်တရက် ထရပ်လိုက်သည်။
“ဟုတ်ပါတယ်, သူ့မှာ ဖြေရှင်းချက် ရှိတာပေါ့…အဲဒီလူက လူပေါင်းတစ်သောင်းကျော်ကို ကယ်တင်ခဲ့တာ—ဒီလို သေးငယ်တဲ့ အခက်အခဲက သူ့ကို ရပ်တန့်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့...”
သူ စကားရပ်သွားပြီး, နန်ကျင်းကို လေးနက်စွာ ကြည့်လိုက်သည်။
“နဂါးတောင် (၁) က ဒီ နှင်းမုန်တိုင်းကို ဖောက်ထွက်နိုင်မလားဆိုတာ သူ့အပေါ်မှာ မူတည်နိုင်တယ်။ ဒါကြောင့် ဒီည ဘာပဲဖြစ်လာပါစေ… လင်းကို အပြင်ကို ဘေးကင်းစွာ ရောက်သွားဖို့ ငါတို့ သေချာလုပ်ရမယ်။ ရထားနှစ်စီးစလုံးက လူတွေအတွက် သူအသက်ရှင်ဖို့ လိုအပ်တယ်”
“မင်းတို့ အားလုံး သဘောပေါက်ကြရဲ့လား”
သူ၏ ပြတ်သားသော အကြည့်သည် စုဝေးနေသော တိုက်ခိုက်ရေးသမားများအားလုံးကို စိုက်ကြည့်လိုက်သည်။ ကျန်သူများသည် တောင့်တင်းသွားကြပြီး ၎င်းတို့၏ မျက်နှာအမူယာများ လေးနက်သွားကာ တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်ကြသည်။
မုန်တိုင်းထဲတွင် လင်းရှန်သည် ယူနစ် ၀၁—ဖန်ကူ အောက်၌ တစ်ယောက်တည်း ရပ်နေပြီး ၎င်း၏ ကြီးမားသော နျူကလီးယားစွမ်းအင်သုံး တာဘိုင်အင်ဂျင်ကို ငေးကြည့်နေသည်။ ပတ်ပတ်လည်ရှိ အအေးဓာတ်ကို တွန်းထုတ်နေသည့် ၎င်းမှ ပြင်းထန်သော အပူဓာတ်ကို သူခံစားနိုင်လေသည်။ စွမ်းအင်၏ ဝဲပျံနေသော လေပွေသည် သူ့ကို တစ်ကိုယ်လုံး ဝါးမျိုသွားနိုင်သလို ထင်ရသည်။
“ကောင်လေးတွေ ပြဿနာရှိလို့လား။ ပိတ်မိနေတာလား”
စူးရှသောအသံတစ်ခုသည် လေထုကို ဖြတ်၍ ထွက်ပေါ်လာသည်။ လင်းရှန် လှည့်ကြည့်လိုက်သောအခါ သားနားသော သားမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားသည့် ချီလီသည် သူ့ကို စိတ်ဝင်တစား စောင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
လင်းရှန်သည် သူ့နောက်ကို တစ်ချက်ကြည့်လိုက်ပြီး ချီလီကို ပြန်ကြည့်ကာ အံ့သြသွားသည်။
“ခဗျားက မြန်လှချည်လား။ ဘယ်တုန်းက ကျုပ်နောက်ကို ရောက်လာတာလဲ”
“ခုလေးတင်ပဲ”
ချီလီ၏ ထက်ရှသော မျက်လုံးများသည် လင်းရှန်အပေါ် ကျရောက်သွားပြီးမှ ယူနစ် ၀၁ ဘက်သို့ ရွှေ့သွားသည်။
“လူတိုင်းက ဒီသတ္တုအပိုင်းအစကြီးက ငါတို့ ဒီက ထွက်ဖို့ တစ်ခုတည်းသော လက်မှတ်လို့ ထင်နေကြတယ်။ မင်းလည်း သူတို့ထဲက တစ်ယောက်လား”
“ဒါက သဘာဝကျတဲ့ အတွေးတစ်ခုပဲ” လင်းရှန်က ပြန်ဖြေသည်။
“ဒီလို ကြီးမားတဲ့ လက်နက်က ခဗျားရဲ့ အနောက်မှာ ရှိနေရင် ဘယ်သူမဆို သူ့ရဲ့ အရိပ်အောက်မှာ ခိုလှုံချင်ကြမှာပဲ”
“ခိုလှုံတယ်....ဟူးး... ငါ ဒီမှာ အေးလို့ သေတော့မှာပဲ”
ချီလီသည် သူ၏ အင်္ကျီကို ပိုတင်းအောင် ဆွဲလိုက်ပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ငြင်းလို့မရတာတစ်ခုက ဒီလောက်ကြာအောင် အသက်လုထွက်ပြေးနေခဲ့ရတဲ့ အချိန်တွေမှာ...ရွံစရာကောင်းတဲ့ သတ္တဝါတွေကို တကယ်တမ်း တုံ့ဆိုင်းသွားအောင် လုပ်နိုင်ခဲ့တဲ့ လူသားတွေ ဖန်တီးခဲ့တဲ့ လက်နက်ထဲမှာ ဒါက ပထမဆုံးပဲ။ ဒီအင်ပါယာပရောဂျက်က... လူသားမျိုးနွယ်က ဒီလောက်ထိ သေးငယ်တာ မဟုတ်ဘူးလို့ ရှင်သန်သူတွေ ဖြစ်တဲ့ ငါတို့လိုလူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုကို ပေးခဲ့တယ်”
လင်းရှန်က တည့်တိုး ပြန်ဖြေသည်၊၊
“အမှောင် အမှတ်အသားအကြောင်း ခဗျားဘာသိထားလဲ”
ချီလီသည် ရှုပ်ထွေးသွားသောအမူယာဖြင့် ဆက်ပြောရန် စောင့်နေသည်။
“ထူးဆန်းတဲ့ သတ္တဝါတွေမှာ ဆက်သွယ်တဲ့ နည်းလမ်းတစ်ခု ရှိတယ်—ပြောရရင်တော့ အမဲလိုက်တဲ့ ဘာသာစကားတစ်ခုပေါ့။ သူတို့က မမြင်နိုင်တဲ့ အချက်ပြတစ်ခုနဲ့ သားကောင်ကို အမှတ်အသား လုပ်နိုင်ပြီး သားကောင်တွေကို အမှောင်ထုထဲမှာ အချက်ပြမီးတွေအဖြစ် ပြောင်းလဲပစ်နိုင်တယ်။ အမှတ်အသားလုပ်ခံရတာနဲ့ အနီးအနားရှိလူတွေက မလွဲမသွေ အမဲလိုက်ခံရမှာပဲ”
“စိတ်ဝင်စားစရာပဲ”
ချီလီ အတွေးနက်သွားသည်၊၊
“ဒါဆို ဒီသတ္တဝါတွေက တကယ်တော့ အတော်လေး ပူးပေါင်းဆောင်ရွက်တတ်တာပေါ့”
“အင်း” လင်းရှန် အံ့အားသင့်သွားသည်။ တစ်စုံတစ်ယောက်က ထိုအသေးစိတ်အချက်လက်ကို ပထမဆုံးအကြိမ် အာရုံစိုက်ခဲ့ခြင်းဖြစ်ပြီး သူသည် မသိစိတ်အရ ဆွေးနွေးမှုတွင် ပါဝင်မိသွားသည်။
“ဒါက ခဗျားရဲ့ ပထမဆုံး တုံ့ပြန်မှုလား”
ချီလီ၏ အကြည့်တွင် ဝင့်ကြွားသော အငွေ့သက်များ ပါဝင်လာပြီး သူသည် အမှတ်ရသလိုမျိုး လေသံဖြင့် ပြောလိုက်သည်။ “ကမ္ဘာပျက်ကပ်မတိုင်ခင်တုန်းက ငါ့ရဲ့ အကြီးမားဆုံး ဝါသနာတွေက စျေးဝယ်တာနဲ့ အမဲလိုက်တာပဲ…လိုင်စင်ရကျွမ်းကျင်တဲ့ မုဆိုးတစ်ယောက်အနေနဲ့ ငါ့မှာစည်းမျဉ်းတစ်ခု ရှိတယ်—ငါ့ရဲ့ ပစ်မှတ်တွေကို တခြားမုဆိုးတွေ ယူသွားခွင့်ကို ငါ ဘယ်တော့မှ မပေးဘူး”
“ဘာလို့လဲ” လင်းရှန်က မေးသည်။