← Chapters

မဟာဗျုဟာ ၁

Vol. 23 Ch. 340

မဟာဗျုဟာ ၁

Vol. 23 Ch. 340

“မသိသာဘူးလား” ချီလီက ခပ်သဲ့သဲ့လေး ပြုံးလိုက်သည်။

“မုဆိုးတွေက အမဲလိုက်ခြင်းကို နှစ်သက်တာ ရလဒ်ကိုချည်းပဲ မဟုတ်ဘူး။ ငါးဖမ်းတာနဲ့ တူတယ်—ငါးဖမ်းသူတွေက ဖမ်းဆီးရတာကို စိတ်လှုပ်ရှားကြတယ်။ သူတို့က ငါးကို စားချင်ရုံသက်သက်ဆိုရင် စျေးကွက်မှာ ဝယ်ကြမှာပဲ။ အဲဒီအပြင်... ငါက အသားစားရတာတောင် မကြိုက်ဘူး”

“ငါးဖမ်းဝါသနာရှင်တွေက ငါးဖမ်းရတာကို နှစ်သက်ပြီး ငါးကို ကျွေးမွေးတာကို နှစ်သက်တယ်—ဒါပေမဲ့ ငါးမစားကြဘူး” လင်းရှန်က ရေရွတ်လိုက်ပြီး သူ မကြာခဏ ကျောင်းပျက်ပြီး ငါးဖမ်းသွားခဲ့သည့် တက္ကသိုလ်တက်စဉ်က အချိန်များကို သတိရလိုက်သည်။ သူ၌ ကိရိယာအားလုံးရှိပြီး ဟန်ကျပန်ကျ သွားခဲ့သော်လည်း အမြဲတမ်း လက်ဗလာဖြင့် ပြန်လာခဲ့သည်။ သူ၏ အဆောင်နေ သူငယ်ချင်းများက သူ့ကို အမြဲတမ်း နောက်ပြောင်ခဲ့ကြပြီး မကြာခဏဆိုသလို ငါးစားဖို့ သူ့ကို ဖိတ်ခေါ်ခဲ့ကြသည်။

“ဟဲဟဲဟဲ~” ချီလီက ရယ်မောလိုက်ပြီ ထပ်ပေါင်းပြောသည်၊၊

“မုဆိုးတွေက သူတို့ရဲ့ သားကောင်ကို ခွဲဝေမယူကြဘူး။ ဒါကြောင့် မင်းပြောတဲ့ ဒီ ‘အမှောင် အမှတ်အသား’ အယူဆက သူတို့ရဲ့ အမဲလိုက်ခြင်းကို အမှတ်အသားလုပ်တယ်လို့ မထင်ရဘူး”

သူ၏ လေသံသည် အေးစက်သွားသည်။

“ဒါက သေမိန့်ပေးတဲ့ စီရင်ချက်တစ်ခုလို့ ပိုပြီးတွေးလို့ရတယ်”

လင်းရှန်၏ မျက်နှာထားသည် လေးနက်လာသည်။ “ထူးဆန်းတဲ့ သတ္တဝါတွေက ကျုပ်တို့ကို စားရုံသက်သက် မဟုတ်ဘူး—သူတို့က ကျုပ်တို့ကို ဖျက်ဆီးပစ်ဖို့ လိုချင်တယ်လို့ ကျုပ် အရင်ထဲက တွေးနေခဲ့မိတယ်”

“ဒါကြောင့် ဒီဧရာမအနက်ရောင်ပိုးကောင်ကြီးက ဒီနေရာကို ချဉ်းကပ်ဖို့ ဘာလို့ တုံ့ဆိုင်းနေလဲလို့ ကျုပ်စိတ်ရှုပ်ထွေးခဲ့တယ်။ ကျုပ်တို့က ဒီသတ္တဝါတွေကို ကြောက်စိတ်မရှိဘူးလို့ အမြဲတမ်း မြင်ခဲ့ကြတာ…ဒါပေမဲ့ အခုတော့ သူတို့ထဲက တစ်ကောင်က တကယ်တမ်း တုံ့ဆိုင်းနေတာ… ယူနစ် ၀၁ က သူ့ရဲ့ မျိုးနွယ်ထဲက တစ်ကောင်ကို သတ်ပစ်လိုက်လို့လား”

ချီလီ မျက်မှောင်ကြုတ်လိုက်သည်။ “မွန်းစတားတွေမှာတောင် ရှင်သန်လိုစိတ်ဗီဇရှိတယ်။ ဒါက ပုံမှန်ပဲ”

လင်းရှန်သည် သူ့လက်များဖြင့် တစ်ခုခုကို ပြုလုပ်နေရင်း မြင့်မားသော မီကာကို မော့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေသည်၊၊

“ဖြစ်နိုင်တယ်”

ချီလီက သူ၏ လက်များကို ပိုက်ထားပြီး လင်းရှန်ကို စိုက်ကြည့်ပြီးနောက် ထွက်ခွာရန် လှည့်လိုက်သည်။

“လာ… ကပ္ပတိန်ယုက ယာဉ်တန်းခေါင်းဆောင်အားလုံးကို ခေါ်ယူပြီး ထွက်ပြေးဖို့ အစီအစဉ်ကို ဆွေးနွေးဖို့ အစည်းအဝေးခေါ်ထားတယ်။ မင်းတို့နှစ်ယောက်တည်းပဲ ရှိပေမယ့် မင်းတို့လည်း အဲဒီမှာ ရှိသင့်တယ်လို့ ငါ ထင်တယ်”

သူ ထွက်ခွာသွားပြီးနောက် လင်းရှန်သည် သူ၏ နာရီကို စစ်ဆေးလိုက်ပြီး သူ၏ မျက်နှာအမူယာသည် ပို၍ လေးနက်လာခဲ့သည်။

ထိုအချိန်တွင် ပိန်သွယ်သော အရိပ်တစ်ခုသည် မမြင်နိုင်သော စိတ်စွမ်းအင် အတားအဆီးဖြင့် ဖုံးအုပ်ထားပြီး နှင်းမုန်တိုင်းမှ ဆင်းသက်လာခဲ့သည်။ ကီကီ… သူမ၏ မျက်နှာလေးသည် အအေးဒဏ်ကြောင့် နီမြန်းနေသည်။

“ပြီးပြီ”

“သွားကြစို့။ အချိန်က ကုန်တာမြန်တယ်”

လင်းရှန် ခေါင်းညိတ်လိုက်သည်။ ၎င်းတို့နှစ်ဦးသည် ကွပ်ကဲရေးတဲဆီသို့ အမြန်ဦးတည်သွားကြသည်။

သူတို့ အတွင်းသို့ ဝင်သည်နှင့် နွေးထွေးမှုက သူတို့အပေါ် လွှမ်းခြုံသွားသည်။ တဲထဲတွင် လူများ ပြည့်နေသည်—ရှီတိယွမ်၊ နန်ကျင်း၊ ချီလီ၊ စွန်းကိုင်နှင့် အခြားယာဉ်တန်းခေါင်းဆောင်ငါးဦးအပြင် ယုဟန် ဦးဆောင်သော အင်ပါယာပရောဂျက်အဖွဲ့ဝင်များလည်း ရှိနေသည်။ စုစုပေါင်း လူသုံးဆယ်ကျော် စုဝေးနေကြပြီး လေထုက လေးလံနေသည်။

နှင်းတစ္ဆေများ၏ တိုက်ခိုက်မှုများသည် ပို၍ စိတ်လာသည်။ သူတို့သည် တစ်ညရှင်သန်နိုင်သော်လည်း နောက်တစ်ညတွင် ရှင်သန်နိုင်ပါ့မလား။

လူတိုင်း သိထားကြသည်—၎င်းတို့သည် ညမရောက်ခင် အစီစဥ်ဆွဲရပေမည်၊၊

လင်းရှန်နှင့် ကီကီ ဝင်လာသည်နှင့် မျက်လုံးအားလုံးသည် ၎င်းတို့ဘက်သို့ လှည့်လာသည်။ ရှီတိယွမ်နှင့် နန်ကျင်းသည် နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြပြီး ကပ္ပတိန်စွန်းကလည်း အကြည့်တစ်ချက်ဖြင့် သူတို့ကို အသိအမှတ်ပြုလိုက်သည်။ သူတို့သည် တိတ်ဆိတ်စွာ ထောင့်တစ်နေရာသို့ သွားရောက်ကြသည်။

လင်းရှန်၏ အကြည့်သည် ပိုင်းလော့ ချန်ဝေအပေါ် ကျရောက်သွားသည်။ သူသည် ယုဟန်၏ အနောက်ဘက် မလှမ်းမကမ်းရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ထူထဲသော စစ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူ၏ မျက်နှာသည် အေးစက်ပြီး တင်းမာနေပြီး သူ၏ လက်မောင်းကို အာရုံခံဝါယာကြိုးများနှင့် သွေးကြောထဲ ဆေးသွင်းပိုက်များဖြင့် ပတ်ထားကာ သူသည် ကုသမှု ခံယူနေကြောင်း ဖော်ပြနေသည်။

လူတိုင်းရောက်လာပြီးနောက် ယုဟန်သည် စွန်းကိုင်ကို ရှေ့သို့ ခေါ်ကာ အဖွင့်စကားပြောလိုက်သည်၊၊

“၁၅း၂၀ နာရီ ရှိပြီ။ ညမရောက်ခင် ၂ နာရီ ၄၀ မိနစ်ခန့် ၁၀ မိနစ်လောက်ပဲ အတိုးလျော့လုပ်ဖို့ပဲ ငါတို့မှာ အချိန်ရှိတယ်။ ငါတို့ ထွက်ပြေးဖို့ နည်းဗျူဟာကို အရေးတကြီးဆွေးနွေးဖို့အတွက် ခင်ဗျားတို့ကို ဒီမှာ စုစည်းထားတာပါ”

စွန်းကိုင်က ရှေ့သို့ တက်လာသည်။

“ခင်ဗျားတို့ အားလုံးက ငါတို့ကို ဒီအန္တရာယ်ကနေ လွတ်မြောက်အောင် ကူညီဖို့ လာခဲ့ကြတယ်၊၊ ဒါကြောင့် ငါက တစ်ခုလောက် ရှင်းရှင်းလင်းလင်း ပြောပါရစေ—ငါတို့ လက်နက်ကိုင်အဖွဲ့က ရွေးချယ်တဲ့ အစီအစဉ်တိုင်းမှာ ရှေ့တန်းကို ယူပါမယ်”

“ဟေး”

ရှီတိယွမ်သည် ချက်ချင်း ဖြတ်ပြောပြီး ရဲရင့်သော အမူအရာဖြင့် သူ၏ လက်ကို မြှောက်လိုက်သည်။

“အဲလိုလုပ်ဖို့ မလိုပါဘူး။ စည်းလုံးမှုက အရေးကြီးဆုံးပဲ။ ပြီးတော့ လက်တွေ့ကျကျ ပြောရအောင်—ကျုပ်ရဲ့ ရထားက သံချပ်ကာအထူဆုံးပဲ။ ဦးဆောင် တိုက်ခိုက်သင့်တာ ကျုပ်တို့ပဲ။ ကြီးမားတဲါသံချပ်ကာ ရှိရင် အဲဒါကို သုံးရမယ်။ ကျုပ်တို့ မိတ်ဆွေတွေကို တိုက်ခိုက်မှုရဲ့ ဒဏ်ကို ခံယူဖို့ ရှေ့ကို ပို့တာ အဓိပ္ပာယ်မရှိဘူး”

“မှန်တယ်…ငါ့ အသက်ကို စွန့်စားရတာ ပိုကောင်းတယ်”

“ငါတို့ကို သေမှာ ကြောက်နေတယ်လို့ မထင်ပါနဲ့”

အခြားယာဉ်တန်းခေါင်းဆောင်များကလည်း ထပ်ပြောသည်—သူတို့ထဲမှ တစ်ဦးတစ်ယောက်မှ ကိုယ်ကျိုးငဲ့သော သူရဲဘောကြောင်သူများ မဟုတ်ကြပေ။ လွန်ခဲ့သော နှစ်ရက်တာအတွင်း သူတို့သည် ရင်းနှီးခဲ့ကြပြီး ဤအခိုက်အတန့်တွင် သူတို့ထဲမှ တစ်ဦးတစ်ယောက်မှ တုံ့ဆိုင်းနေခြင်း မရှိခဲ့ပေ။

“အမှန်တကယ် အစီအစဉ်ကို အရင် အာရုံစိုက်ကြစို့”

ချီလီက လက်များကို ပိုက်ထားရင်း ဖြတ်ပြောသည်။

“ဒီလို အငြင်းပွားဖို့အတွက် အရမ်းစောလွန်းတယ်”

ယုဟန်သည် သူ၏ မျက်မှန်ကို ညှိပြီး လေးနက်စွာ ပြောသည်။

“ငါတို့မှာ အစီအစဉ်နှစ်ခုရှိတယ်—တစ်ခုက တိုက်ရိုက် ထွက်ပြေးဖို့ပဲ။ နောက်တစ်ခုက နေရာကို စွန့်လွှတ်ပြီး ရေခဲချောက်ထဲကနေ ဆုတ်ခွာဖို့...”

စွန်းကိုင်က ရှေ့သို့ တက်လာသည်။

“ငါတို့ ချောက်ကို သုံးကြိမ် ကင်းထောက်ခဲ့ပြီး ယာဇီကန်အနီးမှာရှိတဲ့ ဆင်ခြေလျှောတစ်ခု.... မြောက်ဘက်သို့ ဦးတည်နေတဲ့ ၃ ကီလိုမီတာရှည်တဲ့ ရေခဲဥမင်လိုဏ်ခေါင်းကို တွေ့ရှိခဲ့တယ်။ အဲဒီကနေ ငါတို့ ပတ်ပြီး သွားနိုင်တယ်။ ပြဿနာက... ငါတို့အကုန် ယာဉ်ကြီးတွေ အားလုံးကို စွန့်လွှတ်ပြီး ပေါ့ပါးတဲ့ နှင်းလျှောစီးယာဥ်တွေနဲ့ ထွက်ပြေးရလိမ့်မယ်”

ယုဟန်က ထပ်ပြောသည်၊၊ “အားသာချက်ကတော့ တိတ်တဆိတ်ထွက်ပြေးနိုင်ပြီး ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ တွေ့ဆုံနိုင်ခြေ အနည်းဆုံးပဲ။ အားနည်းချက်ကတော့ ငါတို့ ဒီဧရိယာကနေ ထွက်ခွာပြီးတာနဲ့ သူတို့နဲ့ ပြန်တွေ့နိုင်သေးတယ်”

“တိုက်ရိုက် ထွက်ပြေးဖို့ အစီအစဉ်ကရော” နန်ကျင်းက မေးလိုက်သည်။

ယုဟန်က စစ်သုံးစားပွဲပေါ်ရှိ သုံးဖက်မြင်ပုံရိပ်ကို ဖွင့်လိုက်သည်။

“အဲဒါက... ကွမ်တမ်ပဲ့တင်သံ မီးစက်နေရာပဲ”

ယုဟန် အေးစက်နေသော လက်ကို ခါချလိုက်ပြီး သူ၏ မျက်မှန်ကို ညှိလိုက်ပြီး ချန်ဝေဘက်လှည့်ပြောလိုက်သည်၊၊

“မင်းရဲ့ အစီအစဉ်ကို ငါစဉ်းစားပေးမှာ မဟုတ်ဘူးဆိုတာကို မင်းကို အကြိမ်များစွာ ပြောခဲ့ပြီးပြီ—နည်းပညာ စိုးရိမ်မှုတွေကြောင့် သက်သက်ပဲ။ ဒီ မီကာရဲ့ ပြဿနာတွေကို ငါ့ထက် ပိုသိတဲ့သူ မရှိဘူး။ မင်းတို့နှစ်ယောက်သာ တက်သွားရင်... မင်းတို့ရဲ့ အသက်တွေကို အချည်းနှီး ဆုံးရှုံးသွားရုံမကပဲ ကျုပ်တို့ရဲ့ အချိန်ကိုလည်း ဖြုန်းတီးရာ ရောက်လိမ့်မယ်”

ထို့နောက် တစ်စုံတစ်ယောက် ပြောလိုက်သည်။ “ရှင်—အရမ်း ပျော်မနေပါနဲ့ဦး။ ရှင့်ရဲ့ အစီအစဉ်က စာရွက်ပေါ်က အချည်းနှီး စကားလုံးတွေသက်သက်ပဲ”

လူတိုင်းက အငြင်းအခုံပြီးဆုံးသွားပြီဟု ထင်နေချိန်တွင် ကီကီက ရုတ်တရက် ယုဟန်ကို ထပြောလိုက်ရာ လူတိုင်း အံ့အားသင့်သွားသည်။

“ငါလား” ယုဟန်က အံ့သြစွာ မေးလိုက်သည်။

All Chapters