← Chapters

ထွက်ပြေးခြင်း

Vol. 23 Ch. 345

ထွက်ပြေးခြင်း

Vol. 23 Ch. 345

ထို့နောက် သူ၏ ဆက်သွယ်ရေး ကိရိယာကို ဆွဲလိုက်သည်။

“ဟေး...ကလေးမ အဲဒီမှာ ဘယ်လိုလဲ”

“ဟူးးး ဟူးးး ဝှစ်..... ပြီးခါနီးပြီ ငါးမိနစ်ပဲ...” ကီကီ၏ အသံသည် ဆက်သွယ်ရေးကိရိယာထဲရှိ ဆူညံနေသော နှင်းမုန်တိုင်းကြားမှ အက်ရှစွာ ထွက်ပေါ်လာသည်။

လူအုပ်ထဲတွင် ယုဟန်သည် ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေသည်။ သူ၏ အစောပိုင်း မဟာဗျူဟာများသည် မည်မျှရိုးသားကြောင်း—စာရွက်ပေါ်မှ အစီအစဉ်များ သက်သက်ဖြစ်ကြောင်း သူ ယခုမှ သဘောပေါက်သွားသည်။ သူတို့ မထွက်ခွာရသေးမီ နှင်းထဲရှိ သတ္တဝါများသည် ၎င်းတို့၏ လှုပ်ရှားမှုကို ခံစားခဲ့ရပြီးဖြစ်သည်။ အဖွဲ့အမျိုးမျိုး ခွဲခြင်းက ကွာခြားမှု မရှိခဲ့ပေ။ မွန်းစတားများက သူတို့ကို ဘယ်လိုပဲဖြစ်ဖြစ် အမဲလိုက်ကြမည်မှာ အသေချာပင်၊၊ ရေခဲချောက်ထဲမှ လမ်းကြောင်းကို ယူခြင်းကရော...ဒါက လုံးဝ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းပဲ ဖြစ်လိမ့်မယ်။

“ဒီသတ္တဝါတွေက လူသားတွေရဲ့ အတွေးတွေကို တကယ် ခံစားနိုင်တာလား... ဒါမှမဟုတ် သူတို့က ငါတို့ရဲ့ အနံ့ကို ခြေရာခံတာလား” ကြောက်မက်ဖွယ်အတွေးတစ်ခုသည် ယုဟန်၏ စိတ်ထဲတွင် လက်ခနဲ ပေါ်လာသည်။ သူသည် သက်ပြင်းတစ်ချက်နှင့်အတူ လျင်မြန်စွာ ပယ်ချလိုက်ပြီး ဧရိယာကို စစ်ဆေးလိုက်သည်—ထို့နောက် သူ၏ အမူအရာသည် မည်းမှောင်သွားသည်။

တစ်စုံတစ်ယောက် ပျောက်ဆုံးနေသည်။

မျက်မှောင်ကြုတ်လိုက်ပြီး ယုဟန် တဲအပြင်ဘက်သို့ အပြေး ထွက်သွားသည်။

အပြင်ဘက်တွင် လက်နက်ကိုင် တပ်ဖွဲ့များနှင့် ယာဉ်တန်းအဖွဲ့ဝင်များသည် ထောက်ပံ့ရေးပစ္စည်းများကို ဆက်လက် တင်နေကြသည်။ ယာဉ်အချို့သည် အင်ဂျင်များကို စတင်ထားပြီး အကာကွယ်မျဉ်း၏ နောက်ဘက်တွင် ပုံစံဖွဲ့နေကြသည်။

ယုဟန် ထိတ်လန့်စွာဖြင့် ဧရိယာတစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်သည်၊၊ ထို့နောက် ယူနစ် ၀၁ တည်ရှိရာ ကမ်းပါး၏ အစွန်တွင် ရင်းနှီးသောပုံသဏ္ဍာန်တစ်ခုကို သူ တွေ့လိုက်သည်။

လူအုပ်ကို တွန်းဖြတ်ပြီး သူအရှေ့သို့ အပြေးသွားလိုက်သည်။

“မင်း ဒီမှာဘာလုပ်နေတာလဲ။ ငါတို့ ထွက်နေကြပြီ—ထရပ်ကားထဲ ဝင်... မင်း အခု ဆေးသွင်းကုသမှုကို ရပ်လို့မရဘူး”

ကမ်းပါးအစွန်တွင် ရပ်နေသော လူသည် ချန်ဝေမှ လွဲ၍ အခြားသူမဟုတ်ပေ။

စစ်ကုတ်အင်္ကျီ ဝတ်ဆင်ထားပြီး သူသည် ခါးသီးသော လေပြင်းထဲတွင် လှုပ်ရှားမှု မရှိဘဲ ရပ်နေပြီး ဖန်ကူ- ယူနစ် ၀၁ မီကာကြီး၏ မြင့်မားသော ဦးခေါင်းကို ငေးကြည့်နေသည်။ နာနိုကြွေ မျက်နှာဖုံးသည် ကွဲအက်လျက် ပွင့်နေပြီး သံမဏိဘီလူးကြီး၏ တိုက်ပွဲဒဏ်ခံရသော ဝမ်းနည်းဖွယ်ရာပုံကို ထပ်ပေါင်းပေးသည်။ နှင်းသည် ၎င်း၏ မီတာရာချီမြင့်သော ဘောင်အပေါ်တွင် စုပုံနေသည်။

“ငါ့အစ်ကို သေတုန်းက ငါတို့ အာရုံကြောပေါင်းစည်း စနစ်ကနေ ဆက်သွယ်နေတုန်းပဲ။ ငါ သူ့ရဲ့ နာကျင်မှု အားလုံးကို ငါ့ရဲ့ ကိုယ်ပိုင်နာကျင်မှုလို ခံစားခဲ့ရတယ်။ တစ်နည်းနည်းနဲ့ ငါက တစ်ကြိမ်သေခဲ့ပြီးပြီ... ဒါကြောင့် ဒီနာကျင်မှုက ငါ့အတွက် ဘာမှ အဓိပ္ပာယ်မရှိဘူး”

ယုဟန် သူ၏ မေးရိုးများကို တင်းကျပ်စွာ ဖိကြိတ်လိုက်သည်။ “မင်းက အဆင့် ၅ ပေါင်းစည်းအညွှန်းကိန်းရှိတဲ့ မီကာ ပိုင်းလော့ပဲ... တစ်ချိန်က အဖြူရောင်ဧကရာဇ် လေကြောင်းအာကာသတပ်ဖွဲ့ရဲ့ ပိုင်းလော့ ဖြစ်ခဲ့ဖူးတယ်။ မင်းက S-Class အဆင့် ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ကို တကယ့်တိုက်ပွဲမှာ တိုက်ခိုက်ခဲ့တဲ့ အင်ပါယာပရောဂျက် ပိုင်းလော့ ပထမဆုံး အသုတ်ထဲမှာ ပါဝင်ခဲ့တယ်။ ဒါက အောင်မြင်တဲ့ စမ်းသပ်မှု ဖြစ်ခဲ့တယ်—ဖီးနစ်က ပိုပြီး အားကောင်းတဲ့ ပိုပြီး အဆင့်မြင့်တဲ့ အင်ပါယာအဆင့် မီကာတွေကို တည်ဆောက်ဖို့ ဆက်လက် လုပ်ဆောင်နေဆဲပဲ”

ယုဟန် အသက်ပြင်းပြင်းရှူသွင်းပြီး ဆက်ပြောသည်၊၊

“မင်း ဒီမှာသေချင်တယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ မင်းက တကယ်လက်စားချေချင်တယ်ဆိုရင် မီကာအသစ်ထဲ ဝင်ပြီး ပြန်တိုက်ခိုက်ပါ”

ထိုနောက် သူသည် သူ၏ ကုတ်အင်္ကျီထဲသို့ လက်နှိုက်ပြီး သေးငယ်သောအရာတစ်ခုကို ဆွဲထုတ်ကာ ချန်ဝေကို ကမ်းပေးလိုက်သည်၊၊

ချန်ဝေသည် မျက်မှောင်ကြုတ်လိုက်သည်။ “ဒါ ဘာလဲ”

ယုဟန်က သူ၏ လက်ဖဝါးကို ဖွင့်လိုက်သည်။

သူ၏ လက်ထဲတွင် သွေးစွန်းနေသော ဖီးနစ်အမှတ်သားတံဆိပ်တစ်ခု ရှိနေသည်။ ၎င်းတွင် နာမည် သက်သေခံ နံပါတ်နှင့် အဖွဲ့အမှတ်စဥ်သတ်မှတ်ချက်ကို ထွင်းထားသည်။

ဒါက ချန်လီရဲ့ တံဆိပ်ပဲ။

“လင်းရှန် ငါ့ကို ပေးခဲ့တာ” ယုဟန်က ရှင်းပြသည်။

“သူ ဆက်သွယ်ရေးတံတား ချိတ်ဆက်မှုစနစ်ကို တပ်ဆင်နေတုန်း ပိုင်းလော့ခန်းထဲမှာ ရှာတွေ့ခဲ့တာတဲ့”

ချန်ဝေ၏ မျက်ဝန်းများသည် တံဆိပ်ကို မြင်သည်နှင့် ပြင်းထန်စွာ တုန်လှုပ်သွားသည်၊၊ သူသည် သွားများကို တင်းကြပ်စွာ ကြိတ်ထားပြီး သူ၏ မျက်နှာသည် ဖိနှိပ်ထားသော ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသည်။

တစ်ခဏ အကြာတွင် သူသည် တံဆိပ်ကို စကားတစ်လုံးမှ မပြောဘဲ ဆွဲယူလိုက်ပြီး သူ၏ ကိုယ်ကို လှည့်ကာ ယာဉ်တန်းဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။

“ငါ လက်နက်ကြီးထရပ်ကားနဲ့ လိုက်မယ်”

“လက်နက်ကြီးထရပ်ကားလား” ယုဟန်က ဖျောင်းဖျလိုက်သည်။

“မင်းက ဆေးသွင်းကုသမှု လိုသေးတယ်”

“ဆေးသွင်းတာက ငါ့ရဲ့ အော်တိုအမြောက်ကို လည်ပတ်တာကို အနှောင့်အယှက် ပေးတယ်”

—

ဟူးးးးး—

ကွပ်ကဲရေးတဲကို ရှင်းလင်းထားသည်။ ယာဉ်တစ်ရာကျော်သည် လူသုံးရာနီးပါးကို သယ်ဆောင်ထားပြီး အခု လုံးဝ စုစည်းထားပြီး ဖြစ်သည်။

လင်းရှန်နှင့် ကီကီတို့သည် သူ အချိန်မီ ပြုပြင်ခဲ့သော သူတို့၏ ဝင်ရိုးစွန်းယာဉ်သို့ ပြန်ရောက်နေကြသည်။

သူ တံခါးကို ဖွင့်လိုက်သောအခါ သူ တောင့်တင်းသွားသည်။

တစ်စုံတစ်ယောက်က ယာဉ်မောင်းထိုင်ခုံတွင် ရှိနှင့်နေပြီ။

နဂါးတောင် (၁) မှ ရှောင်ချင်းသည် စတီယာရင်ကို ဆုပ်ကိုင်ထားပြီး လင်းရှန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ အမူအရာသည် လျစ်လျူရှုထားသည်။

ခရီးသည်ထိုင်ခုံတွင် ကီကီက ပြုံးပြီး လက်ဝှေ့ယမ်းပြလိုက်သည်။

“ဟလို~ ထွက်ဖို့ အသင့်ပဲလား”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။ “ဒါက ဘယ်လိုတွေလဲ”

ဘယ်သူမှ ပြန်မဖြေခင် နန်ကျင်းက အဝေးမှ ချဉ်းကပ်လာပြီး, “ကပ္ပတိန်လင်း....ရှောင်ချင်းကို ရှင့်အတွက် မောင်းခိုင်းလိုက်ပါ။ သူမက ကျွမ်းကျင်တဲ့ ယာဉ်မောင်းတစ်ယောက်ပါ၊၊ ပြီးတော့ ရှင်က အမိန့်ပေးနေရမှာ.... အရာအားလုံးကို ရှင်က တစ်ချိန်တည်းမှာ မကိုင်တွယ်နိုင်မှာကို ကျွန်မတို့ စိုးရိမ်တယ်”

လင်းရှန် ချက်ချင်း နားလည်သွားပြီး ပြန်၍ ငြင်းခုန်ခြင်း မရှိပေ။ သူသည် နန်ကျင်းအား ခေါင်းညိတ်ပြပြီး ရှောင်ချင်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် နောက်ဘက်တွင် ဝင်ထိုင်လိုက်သည်။

“ကီကီ ရထားက ဘယ်လိုလဲ”

“သူတို့ အဆင်သင့် ဖြစ်နေသင့်တယ်” လင်းရှန်က ပြန်ဖြေသည်။

“ရှားရှားက ဆယ်လီကို တွဲ ၁၂ ထဲကို ရွှေ့လိုက်ပြီ—သူမက မီးနတ်ဘုရားစက်ရုပ်ကြီးကို ခေါင်မိုးပေါ်က အမြောက်အဖြစ် သုံးဖို့ စီစဉ်နေတယ်”

ကီကီသည် သူမ၏ နှာခေါင်းကို ပွတ်လိုက်သည်။

“ဟမ့်... အဲဒီ ကောင်မလေးက အတော်လေး မဆင်မခြင်ဖြစ်လာတယ်”

“ရိုးရိုးသားသား ပြောရရင် ဒါက ကောင်းတဲ့အကြံပဲ။ ဒီနည်းလမ်းနဲ့ မီးနတ်ဘုရားစက်ရုပ်က ရွေ့လျားနေတုန်းမှာတောင် ပစ်အားကို ပေးနိုင်တယ်”

ကီကီ စဉ်းစားရင်း သူမ၏ နှုတ်ခမ်းကို စေ့ထားပြီးမှ ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် ဒါလည်း အဓိပ္ပာယ်ရှိတာပဲ”

“ငါတို့ ထွက်ကြလား” ရှောင်ချင်းက အေးစက်သော လေသံဖြင့် မေးသည်။ သူမ၏ လေသံသည် အလွန်ထက်ရှနေကာ ကားထဲရှိ အပူချိန်ကို ကျဆင်းစေသည်၊၊

လင်းရှန်သည် ပြတင်းပေါက်မှန်ကို ချလိုက်ပြီး အပြင်ဘက်ရှိ မုန်တိုင်းကို အကဲခတ်လိုက်သည်။ အစောပိုင်း နာရီဝက်လောက်က ပြင်းထန်ခဲ့သောနှင်းမုန်တိုင်းသည် ယခု သိသိသာသာ အားနည်းသွားပြီဖြစ်သည်။

“ကောင်းကင်ကတောင် ငါတို့ကို ကူညီနေပုံရတယ်”

ဒုန်း...

မြေပြင်သည် တစ်ကြိမ် ထပ်မံ၍ တုန်ခါလာသည်။ အဝေးမှ နှင်းထုထဲရှိ ပေါက်ကွဲမှုများ၏ အသံကို ကြားနိုင်သည်—ရေခဲအောက်တွင် ပုန်းအောင်းနေသော မွန်းစတားများ စတင်လှုပ်ရှားနေကြလေပြီ၊၊

“ညီလေးလင်း...မင်း အချက်ပြတာကို ငါတို့ စောင့်နေတယ်”

ဖွဲ့စည်းပုံ၏ ရှေ့ဆုံးတွင် လျှပ်စစ်ဆွဲငင်အင်ဂျင်ဖြင့် တပ်ဆင်ထားသော ရှီတိယွမ်၏ မြေပြင်သုံးအမျိုးအစား ရထားသည် ဟိန်းသံပေးလျက် အသက်ဝင်နေပြီဖြစ်သည်။ ယာဉ်တန်းတစ်ခုလုံးသည် ထွက်ပြေးရန် အသင့်ဖြစ်နေသော ပုံစံဖြင့် နေရာယူထားသည်။

ဗြီးးးးး—

အင်ဂျင်အားလုံးသည် တစ်ပြိုင်နက် ကျယ်လောင်စွာ မြည်ဟည်းလာသည်။

“ငါတို့ အားလုံး အဆင်သင့်ပဲ”

“နှင်းတွေ ရှင်းနေပြီ...ဟားဟားဟား”

“ဟုတ်တယ်....အလင်းကလည်း ပိုပြီး တောက်လာနေပြီ”

ညာဘက် နံဘေးမှ စွန်းကိုင်၏ အသံသည် ဆက်သွယ်ရေးကိရိယာမှ တစ်ဆင့် ရောက်လာသည်။

“လူတွေ အားလုံးတက်ပြီး အဆင်သင့်ဖြစ်နေပြီ”

လင်းရှန် ခေါင်းညိတ်လိုက်ပြီး သူ၏ အကြည့်သည် ရှေ့ရှိ နှင်းဖုံးနေသော တိုက်ပွဲမြေပြင်—နှင်းတစ္ဆေများ၏ အေးခဲနေသော တောင်ပုံရာပုံ အလောင်းများဖြင့် ပြည့်နှက်နေသော နေရာဘက်သို့ စိုက်ကြည့်ရင်း ပြတ်သားလာသည်၊၊

သူသည် သူ၏ ဆက်သွယ်ရေးကိရိယာကို မြှောက်လိုက်သည်။

“ယူနစ် အားလုံး သွားကြမယ်”

ဝူးးးးးးးး

ထို အခိုက်အတန့်တွင် ကြီးမားသော ယာဉ်အစီးတစ်ရာကျော်သည် မြေကြီးကို တုန်ခါစေသော အင်ဂျင်သံကို ထုတ်လွှတ်လိုက်သည်။

အမျိုးစားပေါင်းစုံ နှင်းတောသုံး ယာဥ်များသည် ကြီးမားသော နှင်းထုများကို ထိုးခွဲကာ နှင်းမုန်တိုင်းထဲသို့ သံမဏိယန္တရားကြီးတစ်ခုအလား ဖွဲ့စည်းပုံကို ထိန်းကာ ရှေ့သို့ တိုးဝင်သွားသည်။

“ရှေ့ကို ချီတတ်ကြမယ်”

ရှီတိယွမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

တစ်ခဏ အတွင်းတွင် သံချပ်ကာယာဉ်တန်းသည် အေးခဲနေသော မြေရိုင်းလွင်ပြင်ကို မုန်တိုင်းတစ်ခုအလား တိုက်ခိုက်ပြီး ၎င်းတို့၏ အဆက်မပြတ် ချီတတ်မှုအောက်တွင် ရေခဲနေသောအလောင်းများကို ကြေမွစေသည်။

“ပုံစံကို ထိန်းထားကြ—မတိုက်မိစေနဲ့။ အစ်ကိုရှီ ဘာပဲဖြစ်ဖြစ် ရထားကို မရပ်လိုက်ပါနဲ့” လင်းရှန်၏ အသံသည် ဆက်သွယ်ရေး ကိရိယာမှ တစ်ဆင့် မြည်ဟည်းလာသည်။

“စိတ်အေးအေးထားပါ.... မင်း ငါ့ကို ရပ်ခိုင်းမှ ရပ်မှာပါ...သောက်ကျိုးနဲ တောင်ကြီးတစ်လုံး ရှိရင်တောင် ငါ မရပ်ဘူး....ဟားဟားဟား”

ယာဉ်တန်းသည် ချောက်ကမ်းပါးလမ်းတစ်လျှောက် ရှေ့သို့ တိုးဝင်သွားစဉ် ကြီးမားသော ပုံရိပ်များသည် နှင်းထဲမှ ပေါက်ကွဲပြီး ပေါ်လာသည်—ရာနှင့်ချီ.... ထို့နောက် ထောင်နှင့်ချီသော နှင်းတစ္ဆေများသည် ၎င်းတို့ဆီသို့ ဝိုင်းအုံလာကြသည်။

“ပစ်ကြ”

ဒက် ဒက် ဒက် ဒက်

ဘန်း ဘန်း ဝုန်း ဝုန်း အုန်း

စက်သေနတ်များနဲ့ အမြောက်စင်များမှ ကျယ်လောင်သော ပစ်ခတ်သံများ ထွက်ပေါ်လာသည်။ ကျည်ခွံများသည် မိုးသီးမိုးပေါက်ကဲ့သို့ နှင်းမြေပြင်ပေါ်သို့ ရွာကျနေသည်။

ရှင်သန်ရေးအတွက် တိုက်ပွဲစတင်ခဲ့ပြီဖြစ်သည်။

All Chapters