← Chapters

ယွီဝမ်ချန်ထွက်ပြေးလေပြီ

Vol. 86 Ch. 1276

ယွီဝမ်ချန်ထွက်ပြေးလေပြီ

Vol. 86 Ch. 1276

တိုက်ပွဲက အမြန်ဆုံးနှုန်းဖြင့် အဆုံးသတ်သွားလေသည်။ ထိုသူများကို နာမည်ကြီးသူများဟု မှတ်ယူခဲ့သော်လည်း ယခုတွင်မူ အားလုံးသည် ချူးယွင်ဖန်းးလက်ချက်ဖြင့် အဆုံးသတ်သွားပြီဖြစ်၏။ ယခုအချိန်၌ ချူးယွင်ဖန်းးအပြင် အခြားရပ်နိုင်ဆဲဖြစ်သောသူတစ်ဦးမှာ ဝမ်ကျန့်ရှီပင် ဖြစ်သည်။

ဝမ်ကျန့်ရှီ၏မျက်ဝန်းအိမ်တို့က အနည်းငယ်မျှ ကျုံ့နေပြီး နှလုံးခုန်နှုန်းကလည်း နှလုံးတစ်ခုလုံးအပြင်ဘက်သို့ ခုန်ထွက်လာမတတ် မြန်နေသည်။ ချူယွင်ဖန်းက ဆရာဖြစ်သူ ဖုဝမ်ထိုက်က သူ့အတွက်ပြိုင်ဘက်မဟုတ်ဟု ယခင်က ပြောခဲ့ဖူးသော်လည်း ယခုတွင်မှထိုကိစ္စကို အမှတ်ရလာသည်။ တမန်တော်များကို သတ်ခဲ့သောကြောင့် ချူးယွင်ဖန်းးက မိမိကို အနည်းငယ်မျှအထင်ကြီးသောကြောင့်သာမဟုတ်လျှင် ထိုသို့ဖြစ်မည်မဟုတ်ပေ။ သူသည် ရယ်စရာကောင်းလှသည့်စကားများကို ယုံမည်မဟုတ်ပေ။

သို့သော်လည်း ချူးယွင်ဖန်းက နတ်စွမ်းအားကိုပြသပြီး ဆရာကြီးအများစုကို နှိမ်နင်းပြီးနောက်တွင်တောင်မှ အနည်းငယ်မျှချဲ့ကားပြောခဲ့ခြင်းမဟုတ်သည်ကို သိလိုက်ရသည်။ အမှန်တွင် သမာသမတ်ကျကျပင် ပြောခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ချူးယွင်ဖန်းးသည် တမန်တော်များကို တိုက်ခိုက်ခဲ့စဉ်က ပို၍ပင် ကြောက်စရာကောင်းလာသည်။ ချူးယွင်ဖန်းးက ထိုသူများကို သတ်ခဲ့စဉ်အခါက အစမှအဆုံးထိ ထိုသူများကို နှိမ်နင်းခဲ့ပြီး ပြန်တိုက်၍မရအောင်လုပ်ထားသည်။ သို့သော်လည်း ခြေလှမ်းတစ်ဝက်ရွှေရွှေအမတေအဆင့်ကိုမူ အလွယ်တကူအနိုင်ယူနိုင်ခဲ့ခြင်းမဟုတ်ပေ။

ထိုခံစားချက်ကို သိုင်းပညာအဆင့်သတ်မှတ်ချက်များဖြင့် ဖော်ပြနိုင်သည်။ပြောရမည်ဆိုလျှင် လေးလံသောအရာများကိုပင် ပေါ့ပါးသောအရာများကဲ့သို့ မနိုင်ကြသည်။ အရာအားလုံးက ချူးယွင်ဖန်းး၏ထိန်းချုပ်မှုအောက်တွင်သာ ရှိသည်။ အခြားသူများက သူ၏ခြေထောက်၌ ခစားရသည်။ ကန်ခံလိုက်ရလျှင် ချက်ချင်းမထနိုင်ကြသည်မှာ ချူးယွင်ဖန်းးကိုကြည့်၍ များစွာတုန်လှုပ်သွားသောကြောင့်ဖြစ်၏။ ချူးယွင်ဖန်းးက ထိုသူတို့ကို မသတ်ပေ။ ထိုသူများသည် ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာအပြင်းအထန်ရသွားကြပြီးဖြစ်သဖြင့် ပြန်ကောင်းရန် ခဏအချိန်ယူရသည်။

"ငါရှုံးပြီ။ မင်းက တကယ်ကို မင်းရဲ့ဂုဏ်သတင်းအတိုင်း အားကြီးတာပဲ။မဟုတ်သေးဘူး လွန်ခဲ့တဲ့ရက်ပိုင်းက ကြားထားတဲ့ကောလာဟလထက်တောင်မှ ပိုပြီးတောင်အားကောင်းသေးတယ်။"

ပထမဆုံးပြောလိုက်သူက ယွီရွှမ်ဖေးပင် ဖြစ်၏။ သူသည် ချူးယွင်ဖန်းးကို ပြောလိုက်ခြင်းသာ ဖြစ်သည်။ ယခင်ကမူ ချူးယွင်ဖန်းးကို ထင်ပေါ်လွန်းသောကြောင့် အပြစ်တင်ခဲ့ဖူးသော်လည်း ယခုတွင်မူ ထိုသို့အတွေးမျိုး မရှိတော့ပေ။

ချူးယွင်ဖန်းး၏အင်အားက သူ၏စိတ်နှလုံးထဲတွင် စွဲထင်သွားပေသည်။

"ဟားဟားဟားဟား ကောင်းလိုက်တာ။ ကောင်းလိုက်တာ။"

ဖုဝမ်ထိုက်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

တစ်ကွက်တည်းဖြင့် ရှုံးသွားသည်က အခြားသူများအတွက် ရှက်စရာကောင်းလှသော်လည်း သူ့အတွက်မူ ရှားရှားပါးပါးအခွင့်အရေးဖြစ်သည်။ ချူးယွင်ဖန်းးက သူ့ကို ကြောက်စရာကောင်းသောအဆင့်ကို ချပြလိုက်ခြင်းဖြစ်သည်။

"သခင်လေးချူး ခုလိုမျိုး သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကိစ္စတွေပြီးသွားရင် ရှင် ရေခူနန်းတော်ကို လာဖို့အားလား သိချင်ပါတယ်။"

မိန်းကလေးရွှေ့ကျီက သူမရှုံးသည်ကို စိတ်ထဲမထားဘဲ ချူးယန်ဖန်းကို ပြုံး၍ မေးလိုက်သည်။

ကျန်းလင်၏အမူအရာက အနည်းငယ်မျှ ပြောင်းသွားသည်။ အချိန်တိုအတွင်းပင် ပွဲနှစ်ပွဲဆက်တိုက် ရှုံးသွားသော်လည်း ထိုသူတို့ကို ဘာမှမပြောပေ။ အထူးသဖြင့် ဒုတိယပြိုင်ပွဲတွင်ချူးယွင်ဖန်းးက အင်အားဖြင့် မိမိကို အပြတ်ချေမှုန်းပစ်ခဲ့သည်။

ချူးယွင်ဖန်းးကမူ ပြုံးသာနေပြီး ဘာမှမပြောပေ။ သူက ထိုသူများကို ကြည့်လိုက်ပြီး ခေါင်းခါပြလိုက်မိသည်။ ထိုသူများသည် ချူးယောင်ဝေ့က ရွှေအမတေရန်သူကို သတ်ရန်အတွက် စုဆောင်းထားသူများသာ ဖြစ်သည်။

ချူးယွင်ဖန်းးစိတ်ပျက်သွားမိသည်။ ထိုသူများသည် မိမိဒဏ်ရာရစဉ်ကထက ပိုဆိုးနေကြသည်။ ထိုသူများက ရွှေအမတေအဆင့်တစ်ယောက်ကို မည်သို့ယှဉ်နိုင်မှာတဲ့လဲ။ ခေတ္တမျှကြာပြီးနောက်တွင် ချူးယောင်ဝေ့ ရောက်လာသည်။ သို့သော်လည်း တိုက်ပွဲကပြီးသွားနှင့်ပြီဖြစ်မည်ဟု မျှော်လင့်မထားမိပေ။

သတင်းရသည်နှင့် ချက်ချင်းပင် အပြေးအလွှားရောက်လာခဲ့ခြင်း ဖြစ်သည်။ အချိန်မဖြုန်းခဲ့သော်လည်း အချိန်မီရောက်လာခြင်းမဟုတ်ပေ။ ပွဲကပြီးသွားလေပြီ။

ချူးယောင်ဝေ့က မြင်ကွင်းကို တုန်လှုပ်ခြောက်ခြားစွာဖြင့် ကြည့်နေမိသည်။ ထိုသူများကို ချူးယွင်ဖန်းးက အနိုင်ယူလိုက်သည်ကို မြင်ရသည်မှာ မိမိအတွက်မခက်ခဲလှပေ။ ချူးယွင်ဖန်းးကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ ချူးယွင်ဖန်းး၏စကားများကို နားထဲတွင် ပြန်ကြားယောင်လာသည်။ ထိုအခါက တစ်တိုင်းပြည်လုံးတွင် မိမိကဲ့သို့လူမျိုးကို လိုက်ရှာနိုင်ရန်မှာ မဖြစ်နိုင်ဟု ပြောသွားခဲ့သည်။ ချူးယွင်ဖန်းးက လေကျယ်ခဲ့သည်ဟုသာ ထင်ခဲ့မိသည်။ သို့သော်လည်း ယခု၌မူ ချူးယွင်ဖန်းးက လေကျယ်နေခြင်းမဟုတ်ဘဲ အမှန်ပင် လက်တွေ့ပြလိုက်ခြင်း ဖြစ်၏။

မကြာခင်ပင် ဝမ်ကျန့်ရှီက ဖြစ်ပျက်သမျှကို ချူးယောင်ဝေ့ကို ပြန်ပြောပြသည်။ ချူးယောင်ဝေ့က ချက်ချင်းပင် ခါးသက်သောအပြုံးမျိုး ပြုံးလိုက်သည်။ အထူးသဖြင့် ချူးယွင်ဖန်းက ယွီဝမ်ချောင်းကို သတိမေ့အောင်ရိုက်လိုက်သည်ကို မြင်လိုက်ရသောအခါတွင် ဖြစ်၏။

ချူးယွင်ဖန်းးကို သွားမရှာခင်တွင် အားလုံးကို အခြေချအောင်လုပ်ခဲ့သည်။ နှစ်ဦးသား လျှို့ဝှက်ခန်းသို့သွားပြီး ထိုင်ကြသည်။

"မင်းကို သူတို့နဲ့တွေ့ပြီး သူတို့နဲ့ သိသွားစေချင်တာ။ ကိစ္စတွေက ဒီလိုမျိုးဖြစ်သွားလိမ့်မယ်လို့ မထင်ထားဘူး။"

ချူးယွင်ဖန်းးက ပြုံးကာ ပြောလိုက်သည်။

"သူတို့အားလုံးက အောက်ခြေလွတ်နေတဲ့သူ။ သူတို့မာနကို ရိုက်မချိုးနိုင်ဘူးဆိုရင် ဘယ်လိုလုပ် သူတို့ကို ရိုးသားအောင် လုပ်နိုင်မှာလဲ။"

ချူးယောင်ဝေ့က ချူးယွင်ဖန်းးကို ကြည့်ကာ အနည်းငယ်မျှ စိတ်အားငယ်သွားမိသည်။ မာနအကြောင်း ပြောလာလျှင် မိမိရှေ့ကသခင်လေးက အမှန်ပင် မာနကြီးသောသူမျိုး ဖြစ်သည်။ သူသည် ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်၌ မာနမကြီးသော်လည်း ချူးယွင်ဖန်းး၏အသွေးအသားထဲမှ မာနကြီးမှုကို မြင်ထားဖူးပြီးဖြစ်သည်။ ချူးယောင်ဝေ့၏ စိတ်အားငယ်သွားသောမျက်နှာကို မြင်လိုက်ရသည့်အခါ၌ သူစဉ်းစားနေသည်ကို ချူးယွင်ဖန်းးက သိလိုက်သည်။ ပြုံး၍ ပြောလိုက်လေ၏။

"အဲ့လူတွေကို ရွှေအမတေအဆင့်နဲ့ ရင်ဆိုင်ဖို့ ရှာထားတယ်လို့တော့ မပြောနဲ့နော်။ မဖြစ်နိုင်ဘူးလို့ ပြောလိုက်မယ်။"

ချူးယောင်ဝေ့က ဆုံးဖြတ်ချက်ချထားသောအပြုံးမျိုးဖြင့် ပြောလိုက်၏။

"ငါသိပါတယ်။ ဒါပေမဲ့လို့ သူတို့က ငါ့ရဲ့ တကယ့်ဝှက်ဖဲမဟုတ်သေးဘူး။ ငါ့ရဲ့ဝှက်ဖဲကလည်း ရွှေအမတေအဆင့်ပဲ။"

ချူးယွင်ဖန်းးသည် ချူးယောင်ဝေ့၌ ရွှေအမတေအဆင့်ဝှက်ဖဲရှိသည်ကို သိလိုက်သည်။ ချူးယောင်ဝေ့က လက်စားချေချင်သော်လည်း မတုံးအပေ။ ရွှေအမတေအဆင့်ကို ခြေလှမ်းတစ်ဝက်တစ်ဝက်ရွှေအမတေအဆင့်ဖြင့် ရင်ဆိုင်ခိုင်းလျှင် ရူးမိုက်ရာကျပေမည်။

"ဒီလိုဖြစ်ပြီးမှတော့ မင်းကို ပြောလို့ ဘာအန္တရာယ်မှမရှိပါဘူး။ ဒီတစ်ခေါက် တိုက်ခိုက်တဲ့ကျွမ်းကျင်သူက တော်ဝင်မိသားစုရဲ့ကျွမ်းကျင်သူတစ်ယောက်ပဲ။ ငါတို့ရဲ့ဘိုးဘေးတွေက နန်းတွင်းညီလာခံအတွက်နဲ့ ဒီလိုမျိုးကိစ္စမှာပါနေရတာ။ အဲ့ဒါကြောင့်မလို့ နန်းမြို့တော်ကို သွားခဲ့တုန်းက မင်းကြီးကို ငါတို့ကို ကူညီပေးဖို့ ကျွမ်းကျင်သူတစ်ယောက်ကို တောင်းဆိုခဲ့လိုက်တယ်။"

ချူးယောင်ဝေ့ကအံကြိတ်၍ ပြောလိုက်၏။

"ဒီတစ်ခေါက်တော့ တစ်ချက်တည်းနဲ့ အဲ့လူကို မိပြီပဲ။ ငါ့မိသားစုအသက်ပေါင်းများစွာအတွက် ပြန်လက်စားချေမယ်။"

"အဲ့လိုဆိုရင် ငါဘာမှမပြောတော့ဘူး။ မင်းအစီအစဉ်စချင်တဲ့အခါကျရင် ငါ့ကိုအကြောင်းကြားလိုက်ပါ။"

ချူးယွင်ဖန်းးက ပြောလိုက်၏။

ချူးယွင်ဖန်းးသည် မိမိ၏အင်အားများ ပြန်ကောင်းလာကြောင်း သေချာသည်။ တစ်ဖက်သူက မည်သို့ပင်ဖြစ်စေ မိမိက ကြောက်စရာမလိုပေ။

ကိစ္စများကို ရှင်းပြီးနောက်တွင် ချူးယွင်ဖန်းးက ချူးယောင်ဝေ့ကို နှုတ်ဆက်လိုက်သည်။ သို့သော်လည်း ကိစ္စက ထိုနေရာ၌ပင် မပြီးသေးပေ။ မကြာခင်ပင် ချူးယွင်ဖန်းးနားထဲသို့ သတင်းတစ်ခု ရောက်လာတော့သည်။

ယွီဝမ်ချန် ထွက်ပြေးသွားလေပြီ။

နိုးနိုးချင်းပင် ပျောက်သွားခြင်းဖြစ်၏။

ထိုကိစ္စမှာ ပျက်စီးကြောင်းဖြစ်တော့မည်ကို အားလုံးသိလိုက်ပေသည်။

All Chapters