← Chapters

ရှေးဟောင်းခြေရာခံကျင့်စဉ်

Vol. 86 Ch. 1277

ရှေးဟောင်းခြေရာခံကျင့်စဉ်

Vol. 86 Ch. 1277

ယွီဝမ်ချန်ထွက်ပြေးသွားခြင်းက အိမ်တော်ရှိအကြီးအကဲများကို သတိပေးသကဲ့သို့ဖြစ်သွားသည်။ အထူးသဖြင့် ချူးယောင်ဝေ့ပင် ဖြစ်သည်။ ထိုသတင်းကို ကြားသည်နှင့် ချူးယောင်ဝေ့ မျက်နှာက အတော််အတန်ပျက်သွားသည်။ ယွီဝမ်ချန်က မိမိတို့၏အစီအစဉ်ကိုသိနေသည်ကို စဉ်းစားမိကာ ကြောက်စရာကောင်းသောနောက်ဆက်တွဲကို စဉ်းစားမိသွားသည်။ မိမိကို ကူညီပေးရန် ယွီဝမ်ချန်ကို ဖိတ်ခဲ့သော်လည်း ယခုတွင်မူ သူ၏တည်ရှိမှုက မိမိတို့၏အစီအစဉ်အတွက် အားနည်းချက်ကြီးဖြစ်သွားလေပြီ။

ချူးယွင်ဖန်းးက ယွီဝမ်ချန်ကို သင်ခန်းစာကောင်းကောင်းပေးခဲ့သည်။ မိမိတို့တို့ကို အငြှိုးထားပြီး ချူးယောင်ဝေ့၏ရန်သူကိုသာ အစီအစဉ်ကို သွားပြောလိုက်ပါလျှင် နောက်ဆက်တွဲက စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။ ထိုအစီအစဉ်ကို နှစ်ပေါင်းများစွာကြာအောင် ဆွဲထားရခြင်းဖြစ်ကာ ကံမကောင်းလျှင် ကျရှုံးပေတော့မည်။ တစ်ဖက်သူကလည်း သတိထားမိသွားပြီး ပို၍ပြင်းထန်သောလက်စားချေခြင်းမျိုးကို ဆွဲဆောင်သလိုဖြစ်သွားပေမည်။

ထိုသို့စဉ်းစားမိပြီး ချူးယောင်ဝေ့၏မျက်နှာက နောင်တဖြင့် ဖျော့တော့သွားသည်။ ယခင်က ချူးယွင်ဖန်းးက ယွီဝမ်ချန်ကို စော်ကားမိပြီးဖြစ်သဖြင့် ဖမ်းထားလိုက်သည်က ပို‌ကောင်းသည်ကို အကြံပေးခဲ့သည်။ အနည်းဆုံးတွင် ကိစ္စမပြီးခင်တွင် ယွီဝမ်ချန်ကို ဖမ်းထားသည်က ကောင်းကြောင်း ပြောခဲ့သည်။ သို့သော်လည်း ကိစ္စများမရှုပ်ထွေးစေချင်သောကြောင့် ထိုသို့မလုပ်ခဲ့ပေ။ အိပ်ရာနိုးသည့်အခါမှသာ ယွီဝမ်ချန်ကို သွားတောင်းပန်မည်ဟု လုပ်ထားသည်။ မိမိက ချူးယွင်ဖန်းးမဟုတ်ပေ။

ချူးယွင်ဖန်းးကမူ ယွီဝမ်ချန်ကို မကြိုက်သဖြင့် သေအောင်ထိရိုက်ခဲ့သည်။ သို့သော်လည်း ယွီဝမ်ချန်က ရှင်ဘုရင်တစ်ပါးကဲ့သို့ ပြန်ဆုတ်သွားစေသည်။ အစတွင် ချူးယွင်ဖန်းးကို မစော်ကားစေသော်လည်း ယခုတွင်မူ ချူးယွင်ဖန်းးစိတ်ပူသည်များက အမှန်ဖြစ်လာပေသည်။ သူသည် ယွီဝမ်ချန်ကို စော်ကားပြီးဖြစ်သဖြင့် သတ်ပစ်ရတော့မည်သာ ဖြစ်သည်။

ချူးယွင်ဖန်းးရှိစဉ်အခါက ယွီဝမ်ချန်ကို သတ်ပစ်ချင်ခဲ့မိသည်။

သို့သော်လည်း ယခုတွင်မူ ချူးယောင်ဝေ့ဘက်မှ ရှင်းပြခွင့်မရလိုက်ခင်တွင်ပင် ယွီဝမ်ချန်က ထွက်ပြေးသွားတော့သည်။ သူက အငြှိုးထားပြီး လက်စားချေတော့မည်မှာ သေချာသည်။ ချက်ချင်းဆိုသလိုပင် ချူးယောင်ဝေ့က ချူးယွင်ဖန်းးနှင့် အခြားသူများကို ခေါ်လိုက်သည်။

"သူထွက်ပြေးလိမ့်မယ်လို့ မထင်ထားဘူး။ ငါ့ကို ရှင်းပြဖို့အခွင့်အရေးလေး‌တောင်မပေးဘူး။"

ချူးယွင်ဖန်းးက အံကြိတ်၍ ပြောလိုက်သည်။

အခြားသူများလည်း မျက်နှာအမူအရာပြောင်းသွားကြသည်။ မိမိတို့သည် ရွှေအမတေတစ်ယောက်ကို ဝိုင်းပြီး သတ်လိုက်သည်မှာ ထိုသို့မလုပ်လျှင် သေရမည်ဖြစ်သောကြောင့်သာ ဖြစ်သည်။ အိမ်တော်ကလည်း တန်ရာတန်ကြေးကြီးကြီးပေးထားသည်ဟုသော အချက်အပြင် နောက်ဆုံးတွင် ထွက်သွားနိုင်တောမ့ည်ဖြစ်သည်။ စိတ်ထဲတွင်မူ ထိုကိစ္စကို လွန်စွာမှစောင့်ထိန်းထားရမည်ဟု မှတ်ယူထားကြသည်။ ထိုကျွမ်းကျင်သူများက တိတ်တဆိတ်ဖြင့်လျှို့ဝှက်ချက်အဖြစ် ရောက်လာကြသည်ကို အိမ်တော်မှသူများများစားစားက သိမထားပေ။ ရွှေအမတေအသက်ရှင်နေဆဲဖြစ်သည်ဟုသောသတင်းများသာ ထွက်သွားလျှင် ရွှေအမတေလက်စားလာချေသောအခါ၌ မိမိတို့စီးပွားရေးတစ်ခုလုံး အမြစ်ဖြုတ်ခံရမည်သာဖြစ်သည်။

ထိုသို့စဉ်းစားမိကာ အမူအရာများပျက်ယွင်းသွားကြသည်။ ထိုသို့သာ တကယ်ဖြစ်လာပါလျှင် နောက်ဆက်တွဲကိစ္စများက စိတ်ကူး၍ပင် မရနိုင်ပေ။

"ငါတို့ဘယ်လိုလုပ်ကြမလဲ။"

ကျန်းလင်က အသံတိုးတိုးဖြင့် ညည်းတွားလိုက်သည်။

အားလုံး၏အမူအရာက ပျက်နေသော်လည်း ယခုမှနောက်ပြန်ဆုတ်သည်ကလည်း နောက်ကျနေပြီဖြစ်သည်ကို သိ‌သောကြောင့် မည်သူမှနောက်ဆုတ်ရန် မပြောကြပေ။ ယွီဝမ်ချန်ကသာ လျှို့ဝှက်ချက်ကို မသိလျှင် မိမိတို့လည်း ယခုတွင်မှ ဆုတ်ရန် မလိုပေ။ သို့သော်လည်း သို့သော်လည်း ယွီဝမ်ချန်သာဆုတ်လျှင် မိမိတို့လည်းဆုတ်ရမည်သာ ဖြစ်၏။ ရွှေအမတေကြောင့် အားလုံးသည် အဓိကရာဇဝတ်သားများ ဖြစ်လာကြသည်။ မိမိတို့သာ ထိုသို့ဖြစ်လျှင် သာမန်နတ်အဆင့်တစ်ယောက်က မိမိတို့ကို လုပ်ကြံရဲပါလျှင် နတ်မိသားစုသုတ်သင်ခံရသည်မှာလည်း အသေးအမွှားကိစ္စသာ ဖြစ်လာပေမည်။ အမှန်တွင် ထိုသို့သောကိစ္စမျိုးက ယခင်က မဖြစ်ခဲ့ဖူးပေ။

"အခုမှ သူ့ကိုသတ်ဖို့ကလည်း နောက်ကျသွားပြီ။"

ယွီရွှမ်‌ဖေးက စိတ်ဆိုးဆိုးဖြင့် ပြောလိုက်သည်။ ကိစ္စများက ထိုသို့ဖြစ်လာလိမ့်မည်ဟု မည်သည့်အခါမှမတွေးထားခဲ့ဖူးပေ။ မျှော်လင့်ထားသည်နှင့် တခြားစီဖြစ်နေလေသည်။

အားလုံး၏စိတ်အခြေအနေက အဆင်မပြေလှပေ။ မိုးပြိုကာ မြေကြီး ဟက်တက်ကွဲသွားသည်ဟု ခံစားနေမိသည်။ စိတ်သည်လည်း ပြာမှုန်သာသာ သာဖြစ်၏။ အားလုံးတွေးနေကြသည်။ ယွီဝမ်ချန်၏သစ္စာဖောက်မှုကြောင့် ထိုသို့ဖြစ်လာမည်ဟု မည်သူက ထင်ထားမှာလဲ။

အားလုံးက ထိုလူနောက်သို့ လိုက်ချင်သော်လည်း ယွီဝမ်ချန် ဘယ်သွားသည်ကို မည်သူမှမသိကြပေ။ သူပြေးသွားသည်မှာ အနည်းငယ်မျှကြာပြီဖြစ်သည်။ ခြေလှမ်းတစ်ဝက်ရတစ်ဝက်ရွှေအမတေအဆင့်အတွက် ထိုအချိန်ဖြင့်ဆိုလျှင် ဝေးဝေးသို့ပြေးရန် လုံလောက်နေပြီ။ အားလုံးက ချူးယွင်ဖန်းးကို လှည့်ကြည့်လိုက်ကြသည်။ ထိုကိစ္စက ချူးယွင်ဖန်းးထံမှစခဲ့ခြင်းဖြစ်သည်။ အမှန်တွင် မည်သူမှ သူ့ကို သွား၍မစိန်ခေါ်ရဲပေ။ ချူးယွင်ဖန်းးကသာ သာမန်ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်တစ်ယောက်ဖြစ်လျှင် ကျိန်ဆဲပြီးသည်မှာ ကြာပြီဖြစ်သည်။ သို့သော်လည်း ထိုသူက မိမိတို့ကို အလွယ်လေးအနိုင်ယူထားနိုင်သူ ဖြစ်သဖြင့် ငြိမ်နေရသည်။

"ဘာတွေအလျင်လိုနေတာလဲ။ ဒါကိုကြည့်ကြည့်။"

ချူးယွင်ဖန်းးက မထုံတတ်သေးဖြင့် ပြောလိုက်၏။

ချူးယွင်ဖန်းးကပြောလိုက်သည်နှင့် ချိတ်စည်းတစ်ခုပေါ်လာသည်။ ရုတ်တရက်ပင် လေထဲ၌ ပြင်းထန်သောစွမ်းအားအတက်အကျတစ်မျိုးဖြင့် ပုံတစ်ပုံပေါ်လာသည်။ အားလုံးက ပုံထဲမှလူကိုကြည့်လိုက်သည်။ ယွီဝမ်ချန်ပင် ဖြစ်လေသည်။

ယွီဝမ်ချန်သည် အလင်းထဲတွင်ရပ်ကာ အံ့ဩစရာကောင်းသောနှုန်းဖြင့် ခပ်လှမ်းလှမ်းသို့ ထွက်ပြေးသွားသည်။ ဖူးယောင်နေသောမျက်နှာက လွန်စွာကြောက်စရာကောင်းလှသည်။ တစ်ခုခုကို ညည်းတွားနေသော်လည်း သူဘာပြောနေသည်ကို မည်သူမှမသိပေ။

သို့သော်လည်း သူ၏ လွန်စွာကြောက်စရာကောင်းသောအပြုအမူအရ အားလုံးက ခန့်မှန်းမိပြီးဖြစ်သည်။ ချူးယွင်ဖန်းးကို ကျိန်ဆဲနေခြင်းသာဖြစ်ရပေမည်။ မိမိတို့ထံသို့ ရွှေအမတေအဆင့်ပင် ခေါ်လာနိုင်သည်။ သို့သော်လည်း ချူးယွင်ဖန်းးက ယွီဝမ်ချန်ကို ခြေရာခံနိုင်သည်ကို သိလိုက်ရသဖြင့် အံ့ဩသွားကြသည်။ ထိုနည်းလမ်းက နတ်စွမ်းအားအဆင့်ထက် သာလွန်နေပေသည်။ ရွှေအမတေအဆင့်ပင်လျှင် ထိုသို့မလုပ်နိုင်ပေ။

အဘယ့်ကြောင့်ဆိုသော် ထိုအရာသည် ကိုယ်ခံပညာကျင့်စဉ်တစ်ခုမဟုတ်ဘဲ မန္တာန်ဖြစ်နေသောကြောင့်သာ ဖြစ်၏။ သို့သော်လည်း လောကကြီးက ပြောင်းလဲနေသည်နှင့်အမျှ ထိုမန္တာန်ကလည်း ပျောက်ဆုံးသွားရသည်။ ရှေးဟောင်းစာအုပ်များထဲ၌ မှတ်တမ်းရှိသည်ကိုသာ မြင်ဖူးကြသည်။ ယခုတွင်မူ ချူးယွင်ဖန်းးက ထိုမန္တာန်ကို သုံးနိုင်သည်ကို မြင်ရသဖြင့် ၎င်းကို ကြည့်သောအကြည့်များက ပြောင်းသွားကြသည်။ ချူးယွင်ဖန်းးတွင် စွမ်းအားကြီးသောမျိုးရိုးဆက်ခံမှုရှိသည်ဟုသောမှန်းဆချက် မှန်းဆချက်သက်သက်မဟုတ်တော့ပေ။

စွမ်းအားကြီးသောသူများက ကံကောင်းလွန်းသောကျင့်စဉ်မျိုးဖြင့် ကျင့်ကြံသည်ဟု ပြောကြသော်လည်း ထိုသို့ခြေရာခံနိုင်သည့်မန္တာန်မျိုးသည် မိမိဘာသာကျင့်ကြံ၍ရနိုင်သည့်အရာမျိုးမဟုတ်ပေ။ အားကြီးသောအမွေဆက်ခံခြင်းကြောင့်သာ ကျင့်ကြံနိုင်ခြင်းဖြစ်၏။ ယခုတစ်ခေါက်တွင် မိမိတို့ခန့်မှန်းသည်က မှန်သွားသည်။ သို့သော်လည်း မိမိတို့က ရိုးအလွန်းလှသည်။ ချူးယွင်ဖန်းးရထားသည်မှာ သာမန်အမွေဆက်ခံခြင်းမျိုးမဟုတ်ပေ။ ရှေးဟောင်းအထွတ်အထိပ်ကျင့်ကြံခြင်းအတွင်းရှိ ထိပ်တန်းတစ်ယောက်ထံမှ အမွေဆက်ခံထားခြင်းမျိုးသာ ဖြစ်၏။

ထိုအကြောင်းသာပေါက်ကြားသွားလျှင် ကြီးမားသောအုတ်အော်သောင်းနင်းခြင်းမျိုး ဖြစ်သွားနိုင်သည်။ ချူးယွင်ဖန်းးသုံးခဲ့သည်မှာ ရှေးဟောင်းခြေရာခံသည့်ကျင့်စဉ်ဖြစ်သည်။ ရှေးဟောင်းအထိတ်အထိပ်ကျင့်ကြံရာတွင်ပင် မိမိတို့က အထွတ်အထိပ်ကာလကပင် ကောင်းမွန်သောအမွေဆက်ခံခြင်းရှိသည့်ဂိုဏ်းအချို့သည်သာ ထိပ်တန်းခြေရာခံကျင့်စဉ်ကို သုံးနိုင်ကြသည်။

ယခင်ကမူ ယွီဝမ်ချန်ကို စိတ်ပူနေခဲ့သည်။ ချူးယောင်ဝေ့ကသာ ချူးယွင်ဖန်းး၏အကြံပေးချက်ကို ငြင်းခဲ့သော်လည်း ချူးယွင်ဖန်းးက ယွီဝမ်ချန်ခန္ဓာကိုယ်ပေါ်၌ ဝိညာဉ်အမှတ်ချန်ထားခဲ့သည်။ ထိုကြောင့်သာ သူ့ကို ခြေရာခံနိုင်ခြင်းဖြစ်သည်။ အားလုံး၏မျက်နှာက ဝမ်းပန်းတသာဖြင့် ရွှင်ပျသွားကြပြီး အကြည့်တို့သည်လည်း သတ်ဖြတ်လိုသောအငွေ့အသက်မျိုးဖြင့် ပြည့်နှက်သွားလေသည်။

All Chapters