ရွှေအမတေအဆင့်အားကောင်းသောရန်သူတစ်ဦးရောက်ရှိလာခြင်း
Vol. 86 Ch. 1278
အမှန်တွင် ထိုသူများက ယွီဝမ်ချန်ကို အထင်မကြီးကြပေ။ ယခင်က ပတ်သက်ဆက်ဆံရေးက မည်သို့ပင် ဖြစ်ခဲ့ပါစေ ယွီဝမ်ချန်ကသာ မိမိတို့ကို အန္တရာယ်ဆီသို့ တွန်းပို့ရဲလာကာ အသက်ကိုအန္တရာယ်ရှိစေလျှင် ယွီဝမ်ချန်ကို အရှင်ထားကြမည်မဟုတ်ပေ။
မိမိတို့သေရသည်ထက် ယွီဝမ်ချန်ကို သေခိုင်းသည်က ပိုကောင်းသည်ဟု အားလုံးတွေးထားကြသည်။
"ငါတို့က သူ့ကို ရှာနိုင်ပြီဆိုမှတော့ သူ့ဘယ်မှာလဲဆိုတာ ငါတို့ကိုပြောပါ။ သူလွတ်မှာမဟုတ်ဘူး။"
ကျန်းလင်က နှာခေါင်းရှုတ်ကာ ဆိုလိုက်သည်။
သူသည် လက်ထဲမှာတူကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။ မိမိသည် ရွှေအမတေတစ်ယောက်ဖြင့် မရင်ဆိုင်နိုင်သော်လည်း ယွီဝမ်ချန်ကိုမူ ရင်ဆိုင်နိုင်သည်ထက်ပင် ပိုသည်။ ထို့အပြင် ထိုသူကို သတ်ချင်နေသောသူများလည်း များစွာရှိသောကြောင့် ယွီဝမ်ချန်က သေမှာသာအေးပေမည်။
ကျွမ်းကျင်သူများစွာ စုစည်းနေကြခြင်းဖြင့်သဖြင့် တဝေတိုင်းပြည်၏နန်းတွင်းညီလာခံသည်ပင် မတူညီသောအမြင်ပင် ကြည့်မိပေလိမ့်မည်။ ချူးယောင်ဝေ့သည် အနှစ်နှစ်ဆယ်ကျော်မျှ ပြင်ဆင်လာခဲ့ရပြီး နောက်ဆုံးမချိတ်ဆက်နိုင်ခင်တွင် တစ်ကမ္ဘာလုံးမှ ကျွမ်းကျင်သူများဖြင့် ရင်ဆိုင်ခဲ့ရသည်။
"ဟုတ်တယ်။ သူက ငါတို့ကို သစ္စာဖောက်ချင်နေတယ်ဆိုမှတော့ နောက်ဆက်တွဲကို လက်ခံဖို့ ပြင်ဆင်ထားရမှာပေါ့။"
မိန်းကလေးရွှေ့က လှောင်ရယ်လိုက်ပြီး မည်သူကိုမှ ဆွဲဆောင်ရန်ကြိုးစားနေခြင်းမဟုတ်ပေ။
"အဲ့လိုဆိုမှတော့ လုပ်လိုက်ကြတာပေါ့။"
ချူးယောင်ဝေ့က အံကြိတ်၍ ပြောလိုက်သည်။
ယွီဝမ်ချန်သာ အောင်မြင်သွားလျှင် နှစ်ပေါင်းများစွာပြင်ဆင်ထားခဲ့ခြင်းက ညတွင်းချင်း အချည်းနှီးဖြစ်သွားပေမည်။ ချူးမျိုနွယ်လည်း ပျက်သုဉ်းရပေမည်။ ထိုကိစ္စက ကြောက်စရာအကောင်းဆုံးကိစ္စပင် ဖြစ်သည်။
"ကောင်းပြီ။ စိတ်မလှုပ်ရှားကြပါနဲ့။"
ချူးယွင်ဖန်းးက အသာပြောလိုက်သည်။
"အစက အစီအစဉ်က အဲ့လူကို လှည့်စားဖို့မလား။ ဒါက အခွင့်အရေးကောင်းပဲမဟုတ်လား။"
ချူးယွင်ဖန်းး၏စကားကြောင့် အားလုံး၏မျက်လုံးအကြည့်တို့က တောက်ပသွားသည်။ အားလုံးက ကြည့်လိုက်မိကြသည်။ ချူးယွင်ဖန်းးတွင် ထိုသို့အစီအစဉ်မျိုး ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
"ကျွန်တော့်အတွက် သူ့ကို သတ်ဖို့ အသေးအမွှားကိစ္စလေးပါ။"
ချူးယွင်ဖန်းးက ဆက်ပြောလိုက်သည်။
ချူးယွင်ဖန်းး၏စကားကို နားထောင်ရလျှင် ခံစားချက်တစ်မျိုးတည်းသာရသည်။ လွန်စွာမာနကြီးသောသူဖြစ်သည်ဟုသော ခံစားချက်မျိုးပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယွီဝမ်ချန်သည် တဝေတိုင်းပြည်ကို တုန်လှုပ်စေသောနာမည်မျိုး ဖြစ်သည်။ သို့သော်လည်း ချူးယွင်ဖန်းး၏စကားတွင်မူ ပုရွက်ဆိတ်တစ်ကောင်သာသာပင် ဖြစ်နေသည်။ သို့သော်လည်း ထိုသို့ပြောသည်ကို မည်သူကမှ မှားနေသည်ဟု မထင်ပေ။ အဘယ့်ကြောင့်ဆိုသော် ချူးယွင်ဖန်းးက လေကြီးလေကျယ်ပြောနေခြင်းမဟုတ်သောကြောင့်ပင်။ သူသည် အမှန်တရားကို ပြောနေခြင်းသာ ဖြစ်၏။
"အဲ့လူကို သတ်ဖို့က မခက်ပါဘူး။ သူ့ကိုသာ ရှာတွေ့ရင် သူ့ကို မြှားခေါ်ဖို့ပဲလိုမယ်။"
ချူးယွင်ဖန်းးက အသာပြောလိုက်သည်။
ချူးယောင်ဝေ့က ခေတ္တမျှစဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။
"ကောင်းပြီ။ ဒါက တကယ်ကိုကောင်းတဲ့အခွင့်အရေးပဲ. အဲ့လူက ဒီညရောက်လာရင်တော့ သေချာပေါက်အသေပဲ။"
"သူက ဂရုမစိုက်ဘဲ ငါတို့ဂိုဏ်းကို တိုက်ခိုက်မယ်ဆိုရင်ရော။"
ယွီရွှမ်ဖေးက ရုတ်တရက် မေးလာသည်။
ဖြစ်နိုင်ချေရှိသဖြင့် အားလုံး၏အမူအရာက အနည်းငယ်ပြောင်းသွားသည်။ မိမိတို့သည် ဒီနေရာတွင် မလွတ်နိုင်သောကွန်ရက်မျိုး ချထား၍ရသည်။ သို့သော်လည်း သူရောက်မလာလျှင် အားလုံးက အလဟဿဖြစ်သွားမည်။
"သူလာမှာ။ အဲ့လိုဖြစ်စေချင်တာမလို့ ယွီဝမ်ချန်ကို လွှတ်ပေးလိုက်တာ။"
ချူးယွင်ဖန်းးက ရပ်လိုက်ပြီးမှ ဆက်ပြော၏။
"ယွီဝမ်ချန်က ရွှေအမတေအဆင့်ကို ကျွန်တော်တို့ အစီအစဉ်ကို ပြောလိမ့်မယ်။ အဲ့လိုဆို သူ့ကိုရင်ဆိုင်ဖို့အတွက် တော်ဝင်မိသားစုကို ဖိတ်ခေါ်ထားတယ်ဆိုတာကို သူသိသွားလိမ့်မယ်။ ခင်ဗျားသာ သူဆိုရင် ကိစ္စကိုမရှင်းနိုင်ခင်မှာ ကျွန်တော်တို့ကို သတ်မလား မဟုတ်ရင် နန်းတွင်းမိသားစုက သူ့ကိုသတ်မဲ့အချိန်ထိစောင့်နေမလား။"
အားလုံးက ချူးယွင်ဖန်းး၏စကားကို နားထောင်ရင်းဖြင့် ချက်ချင်းပင် သူဆိုလိုချင်သည်ကို နားလည်သွားကြသည်။ မိမိတို့သာဆိုလျှင် သတ်ရန်သာ ရွေးပေမည်။ ထိုသို့လုပ်သည်ကသာ ပြဿနာကိုဖြေရှင်းသည့်အကောင်းဆုံးနည်းလမ်း ဖြစ်၏။
"အဲ့လိုဆို အဲ့လူက မကြာခင်လာမှာပဲ။"
ချူးယွင်ဖန်းးက ပြောလိုက်သည်။
"ဒီလိုဆိုရင် ဘယ်သူ့ကိုရင်ဆိုင်ဖို့ စီစဉ်ထားလဲဆိုတာကို သိသင့်ပြီလို့ထင်တာပဲ။ ဟုတ်တယ်မလား။"
ချူးယွင်ဖန်းးက ချူးယောင်ဝေ့ကို ကြည့်ကာ ပြောလိုက်သည်။
ချူးယောင်ဝေ့က ခေတ္တမျှရပ်လိုက်ပြီး ပြောလိုက်၏။
"ဒီလိုဖြစ်လာပြီဆိုမှတော့ ပြောပြရတော့မှာပဲ။ အဲ့လူကို ဘိုးဘေးဝူရှန်းလို့ ခေါ်တယ်။ အစကတော့ သူက တဝေမှာရှိတဲ့ သက်မဲ့ဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ပဲ။ နောက်ကျ သက်မဲ့ဓားဂိုဏ်းက ကျင်ကျန်းဟန်တိုင်းပြည်နဲ့ပေါင်းကြံပြီး ပုန်ကန်ချင်လာတယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့က သက်သေရှာတွေ့သွားလို့ သူ့ကို ဖျက်ဆီးချင်နေတာ။ ပြီးတော့ သူကသိသွားပြီး ရွှေအမတေတစ်ယောက်ဖြစ်သွားတယ်။"
"သက်မဲ့ဓားဂိုဏ်း....ငါမှတ်မိပြီ။ အဲ့လိုဂိုဏ်းမျိုးရှိခဲ့တယ်။ ဒါပေမဲ့လို့ အတော်လေးကြာပြီမဟုတ်လား။"
ယွီရွှမ်းဖေးက ဆိုလိုက်သည်။
"ငါမှတ်မိသလောက်ဆိုရင် ငါ့အဖေတို့မျိုးဆက်လက်ထပ်တုန်းပဲ။ သက်မဲ့ဓားဂိုဏ်းကငါတို့နဲ့အပြိုင် နာမည်ကြီးတယ်။ နောက်ကျ သူတို့တွေ ညတွင်းချင်းပင် သုတ်သင်ခံလိုက်ရတယ်။"
"မင်းမသိတာပဲ သာမန်ပါပဲ။ သူလွတ်သွားပြီတော့ အပြင်ဘက်နယ်မြေတွေဆီထွက်ပြေးသွားပြီး တဝေမှာမလှုပ်ရှားတော့ဘူး။"
ချူးယောင်ဝေ့က ဆိုလိုက်၏။
အားလုံးက သိသွားပြီး ခေါင်းညိတ်ပြလိုက်ကြသည်။ သို့သော်လည်း အားလုံး၏မျက်ဝန်းအိမ်ထဲ၌ မနာလိုသည့်အရိပ်အယောင်မျိုး ရှိနေသည်။ ရွှေအမတေအဆင့်သို့ဝင်ရောက်နိုင်ခြင်းသည် အခွင့်အရေးကြီးသာ ဖြစ်၏။
ဂိုဏ်းတစ်ဂိုဏ်းတွင် တစ်ယောက်ယောက်ကသာ ရွှေအမတေအဆင့်သို့ ရောက်သွားပါလျှင် ဂိုဏ်းကို ပြန်တည်ထောင်ရန်က ဘာမှဟုတ်သည့်ကိစ္စ မဟုတ်တော့ပေ။
သို့သော်လည်း နှစ်ဖက်ကြား၌ ပြန်လည်သင့်မြတ်သည်ဟု မကြားမိကြပေ။ ချူးမျိုးနွယ်သည် သက်မဲ့ဓားဂိုဏ်းကို အမြစ်ဖြုတ်ခဲ့ပြီး ရှေးဘိုးဘေးဝူရှန်းက မျိုးသုဉ်းသည်အထိ ချူးမျိုးနွယ်ဝင်များကို သတ်ခဲ့သည်။ အဆုံးသတ်တွင် တစ်ယောက်တည်းသာ အသက်ရှင်ကျန်ခဲ့သည်။
"ဒီလိုဆိုမှတော့ အားလုံး ပြန်ပြီး ပြင်ဆင်သင့်ပြီ။ တကယ့်တိုက်ခိုက်မှုက မကြာခင်ရောက်လာမှာပဲ စိုးရတယ်။"
ယွီရွှမ်ဖေးက ဆိုလိုက်၏။
ချူးယွင်ဖန်းးက ထွက်လာပြီးနောက်တွင် သူ၏ခြံဝန်းလေးဆီသို့ ပြန်လာသည်။ သို့သော်လည်း အိမ်တော်မှ ထွက်မသွားပေ။ နောက်ဆုံးတိုက်ပွဲက အိမ်တော်တွင်ဖြစ်မည်ကို သိနေသောကြောင့် ဖြစ်၏။
အခြားသူများအတွက်မူ ထိုတိုက်ပွဲသည် ထိုက်တောင်ကဲ့သို့ဖိအားမျိုးကို ဖြစ်စေသည်။ သို့သော်လည်း ချူးယွင်ဖန်းးအတွက်မူ ဘာမှမဟုတ်ပေ။ သူ၏အင်အားက ရွှေအမတေအဆင့်သို့ ဝင်သွားပြီးဖြစ်သောကြောင့်ပင်။ သူသည် ရွှေအမတေအဆင့်တွင်ရှိသောသူကိုပင် သတ်နိုင်ခဲ့သည်။
ယခုတွင်မူ အင်အားက ယခင်ကထက် ဆယ်ဆမက အားကောင်းလာသည်။ ယှဉ်ပင်မယှဉ်နိုင်ပေ။
သို့သော်လည်း ထိုပြင်ဆင်ခြင်းများအားလုံးသည် ချူးမျိုးနွယ်၏ထိပ်တန်းအဖွဲ့ဝင်များကို ရည်ရွယ်ထားခြင်းသာ ဖြစ်သည်။ သာမန်သူများအနေဖြင့် ဖြစ်နေသည်များကို မသိရှာပေ။
ညက တိတ်ဆိတ်လွန်းလှသည်။ နောက်တစ်နေ့မနက်သို့ ရောက်သောအခါတွင် ချူးဟုန်ချိုင်က ချူးယွင်ဖန်းး၏ခြံဝန်းလေးထဲသို့ ဝင်လာသည်။
ချူးမျိုးနွယ်တစ်ခုလုံးတွင် ချူးယွင်ဖန်းး၏ခြံဝန်းလေးသည်သာ ထူးခြားစွာပြုပြင်မွမ်းမံထားလေသည်။ ချူးယွင်ဖန်းး၏လမ်းညွှန်မှုအောက်တွင် ပေါကြွယ်ဝလှသော ဝိညာဉ်စွမ်းအားများစွာ ရှိနေသည်။ ချူးယွင်ဖန်းးက စွမ်းအားကို သိုလှောင်ပြီးနောက်တွင် ချူးဟုန်ချိုင်က ထိုနေရာသို့ လာလေ့ကျင့်တတ်သည်။
ချူးဟုန်ချိုင်သည် နတ်စွမ်းအားအဆင့်သို့ တက်လှမ်းပြီးနောက်တွင် ပြဿနာများစွာဖြင့် ရင်ဆိုင်နေရသည်။ ချူးယွင်ဖန်းးအတွက်မူ ထိုပြဿနာများက အလွယ်တကူပင် ဖြေရှင်းနိုင်သည်။ ဘာမှမဟုတ်ပေ။
အချိန်တိုအတွင်းပင် ချူးဟုန်ချိုင်သည် နတ်စွမ်းအားအဆင့် ပထမဆုံးအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည်။ သူ၏အသက်ဖြင့် အားနည်းသည်ဟု မဆိုသာပေ။ ရုတ်တရက်ဆိုသလိုပင် ချူးယွင်ဖန်းးက သူ့ကို ညွှန်ကြားထားသည့်အတိုင်း ကောင်းကင်၌ ပြင်းထန်လှသော စွမ်းအားအတက်အကျတစ်ခု ဖြစ်လာခဲ့သည်။ ထို့နောက်တွင်မူ ချူးမျိုးနွယ်စုအထက်၌ ဆယ်ယောက်ထက်မကသော အုပ်စုတစ်စုပေါ်လာလေတော့သည်။
တစ်ယောက်ချင်းစီက ကောင်းကင်နှင့်မြေကြီးကိုပင် ဖီဆန်နိုင်သည့် ကြောက်စရာကောင်းသောစွမ်းအားမျိုး ပိုင်ဆိုင်ထားသည်။ လူတစ်ယောက်သည် ခုန်းလုံတစ်ခုလုံးကိုပင် ဖိနှိပ်နိုင်ပေသည်။