← Chapters

သူကလည်းအမှိုက် ခင်ဗျားလည်းအမှိုက်ပဲ

Vol. 86 Ch. 1281

သူကလည်းအမှိုက် ခင်ဗျားလည်းအမှိုက်ပဲ

Vol. 86 Ch. 1281

ဘိုးဘေးဝူရှန်းပြောလိုက်သည်မှာ မိမိတို့၏ဝှက်ဖဲဖြစ်နေသဖြင့် အားလုံးအမူအရာအနည်းငယ်မျှပြောင်းသွားသည်။ တော်ဝင်မိသားစု၏ ကိုယ်ရံတော်တစ်ဦးတည်းကသာ ဘိုးဘေးဝူရှန်းကို တိုက်ခိုက်နိုင်လိမ့်မည်။ သို့သော်လည်း ဘိုးဘေးဝူရှန်းက ထိုအကြောင်းကို ပြောလာပြီး ရောက်လာသင့်သူကလည်း ယခုထက်ထိ ရောက်မလာသေးပေ။ ထို့အစား ဘိုးဘေးဝူရှန်းသာ ရောက်လာလေသည်။ ထိုရလဒ်၏နောက်ကွယ်မှ အကြောင်းတရားသည် အားလုံးကို ကြောက်လန့်တကြားဖြစ်သွားစေရန်အတွက် လုံလောက်ပေသည်။ ဖြစ်နိုင်သည်မှာ နန်းတွင်းကိုယ်ရံတော်မှာ ကြားဖြတ်တိုက်ခိုက်ခံလိုက်ရခြင်းသာ ဖြစ်ပေလိမ့်မည်။ သေလားရှင်လား မသေချာသဖြင့် အချိန်မီ‌ရောက်လာရန်ကလည်း မဖြစ်နိုင်တော့ပေ။ မြို့ကို ကာကွယ်ပေးမည့် အမတေတစ်ယောက်မရှိလျှင် ခုန်းလုံတစ်ခုလုံးသည်လည်း ဘိုးဘေးဝူရှန်းနှင့် သူ၏လက်အောက်ငယ်သားများလက်ချက်ဖြင့် အမှုန့်ဖြစ်‌တော့မည်မှာ သေချာသလောက်နီးပါးပင်။

ထိုအကြောင်းက ကြောက်စရာကောင်းသောအပိုင်းသာ ဖြစ်၏။

ထိုမတိုင်ခင်က ဘိုးဘေးဝူရှန်းသည် ခုန်းလုံသို့ ထင်ရာစိုင်းပြီး မတိုက်ခိုက်ရဲလောက်ပါဟု မှတ်ယူထားသဖြင့် အတော််အတန်စိတ်အေးနေကြသည်။ ဘိုးဘေးဝူရှန်းတစ်ယောက်က နည်းလမ်းရှာတွေ့သွားပြီးပြီဟု ဘယ်သူက ထင်မည်နည်း။

"အဲ့လိုဆို ဒါကလည်း ခင်ဗျားရဲ့အစီအစဉ်တစ်စိတ်တစ်ပိုင်းပဲပေါ့။"

ချူးယောင်ဝေ့က အံကြိတ်ပြီး ပြောလိုက်သည်။

"အမှန်ပဲ။ မင်းက ငါ့နောက်ကျောကို ဓားနဲ့ထိုးဖို့ လုပ်နေတာမလား။ ကောင်လေး အင်အားဆိုတာ ဘာလဲမင်းသိလား။ မင်းရဲ့အစီအစဉ်တွေကလေ ရှိခိုးကောင်လေးကနေ စစ်ရထားကို တားဖို့ကြိုးစားနေသလိုမျိုးပဲ။"

ဘိုးဘေးဝူရှန်းက လှောင်ပြောင်ရယ်မောလိုက်သည်။

"ချူးယောင်ဝေ့က ဒီလူအများကြီးထဲမှာမှ မိသားစုနှစ်ခုကြားထဲက ရန်ငြှိုးကို ရှင်းဖို့ မင်းကို ငါအရင်သတ်မယ်။ အခြားသူတွေကိုတော့ ပြီးမှအကုန်သတ်မယ်။"

ဘိုးဘေးဝူရှန်းက အော်ပြောလိုက်လေသည်။

သူ၏မျက်လုံးထဲ၌ ချူးယောင်ဝေ့တစ်ဦးတည်းကိုသာ မြင်မိသည်။ ချူးယောင်ဝေ့က အင်အားကြီးနေခြင်းကြောင့်မဟုတ်ဘဲ မိမိတို့နှစ်ယောက်ကြားမှ ရန်ငြှိုးရန်စကြောင့်သာ ဖြစ်သည်။ အခြားသူများကိုမူ တစ်ချက်လေးပင် ဂရုမစိုက်ပေ။

မိမိကဲ့သို့ အမတေတစ်ယောက်အနေဖြင့် ပါရမီရှင်ဟုခေါ်သောသူများကိုလည်း ဂရုစိုက်စရာမလိုပေ။ ချူးယွင်ဖန်းးအကြောင်းကို ယွီဝမ်ချန်ဆီမှ ကြားဖူးထားသော်လည်း ပါရမီရှင်နှင့် စွမ်းအားကြီးပုဂ္ဂိုလ်ဆိုသည်က လုံးဝပင်တန်းညှိ၍မရနိုင်သည့် အရာနှစ်ခု ဖြစ်သည်။ ပါရမီရှင်ဟုခေါ်သောသူဘယ်လောက်များများကို သတ်ပြီးခဲ့သည်ကိုပင် မရေတွက်နိုင်တော့ပေ။ ထို့ကြောင့် ထိုလူများသာ နောက်ထပ်တစ်လှမ်း မတက်လှမ်းနိုင်လျှင် ငယ်ငယ်ရွယ်ရွယ်ဖြင့် သေကြရမည်သာ ဖြစ်သည်။

"ဘိုးဘေးဝူရှန်း ဒီကိစ္စကို ခင်ဗျားကိုယ်တိုင် လုပ်စရာမလိုပါဘူး။ ကျုပ်တို့နဲ့ထားခဲ့ပါ။ ချူးယွင်ဖန်းးကို အခြားသူတွေက ချီးကျူးနေကြတာမလား။ သူဘယ်လောက်စွမ်းလဲသိချင်မိသား။"

ထိုအချိန်၌ အရပ်ရှည်ရှည်၊ ဗလတောင့်တောင့်ဖြင့်လူကြီးက ကြောက်စရာကောင်းသည့်အမူအရာမျိုးဖြင့် ပြောလိုက်သည်။ သူသည် တဝေ၏ရိုးရာဝတ်စုံနှင့်မတူသည့် ထူးခြားသောဝတ်စုံကို ဝတ်ဆင်ထားသည်။ အကြည့်တို့က အေးစက်လှသည်။ ချူးယွင်ဖန်းးကိုလည်း မိမိ၏သားကောင်သဖွယ် ကြည့်နေသည်။ သွားပေါ်အောင်ရီနေသည့်ပုံစံကလည်း ကြောက်စရာကောင်းလှသည်။

"ကောင်းပြီ။ မင်းက စမ်းချင်တယ်ဆိုမှတော့ မင်းနဲ့ထားခဲ့လိုက်မယ်။ အစက ငါက သူ့ကို မသတ်ခင် ဆယ်ရက်ဆယ်ညလောက် နှိပ်စက်မလို့ပဲ။ ဒါပေမဲ့ မင်းဆီပဲ အပ်ခဲ့ပြီ။"

ဘိုးဘေးဝူရှန်းက လှောင်ရယ်သံဖြင့် ဆိုလိုက်သည်။

"ကျင်ကျန်းဟန်စစ်သည်တော်များလား။"

ချူးယွင်ဖန်းးက ခန္ဓာကိုယ်ထွားကြိုင်းလှသောလူကြီးကို ကြည့်၍ ပြောလိုက်သည်။ ထိုသူ၏ခန္ဓာကိုယ်၌ မကောင်းဆိုးဝါးဆန်လှအငွေ့အသက်က ပြင်းထန်နေသည်ကို ချူးယွင်ဖန်းးမြင်နိုင်သည်။ လူသတ်သမား၏အငွေ့အသက်မျိုးပင် ဖြစ်သည်။ ကျင်ကျန်းဟန်ရှိအပြင်ဘက်နယ်မြေများတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကိစ္စက အချိန်မရွေးဖြစ်နိုင်သည်။ အထူးသဖြင့် ကျင်ကျန်းဟန်၌ဖြစ်ပြီး ထိုနေရာမှ မျိုးနွယ်စုလေးများသည် ဘာမှမဟုတ်သည့်အတိုင်း အလွယ်လေးဖျက်ဆီးခံနိုင်၏။

"ဟုတ်သားပဲ။ မင်းက တဝေကလူတွေထဲက ပါရမီရှင်မလား။ ငါကလည်း မင်းလိုမျိူး လူငယ်ပါရမီရှင်တွေကို သတ်ရတာကို ကြိုက်တာ။"

ကျင်ကျန်းဟန်စစ်သည်တော်က အံကြိတ်၍ ဆိုလိုက်ပြန်သည်။

"ခင်ဗျားက ကိုယ့်ဘာသာ အထင်ကြီးလွန်းနေတာပဲ။"

ချူးယွင်ဖန်းးက ပြန်ပြီးခနဲ့လိုက်သည်။

"ယွီဝမ်ချန်တောင် ကျုပ်ကိုမတားနိုင်တာမြင်တယ်မလား။ ခင်ဗျားက တားနိုင်မှာတဲ့လား။"

တစ်ဖက်သူက လှောင်ရယ်လိုက်ပြီး ပြန်ပက်လိုက်သည်။

"ငါ့ကို ယွီဝမ်ချန်လိုအမှိုက်မျိုးနဲ့ လာမယှဉ်နဲ့။ ယွီဝမ်ချန်နှစ်ယောက်ရှိရင်တောင်မှ ငါ့အတွက်ပြိုင်ဘက်မဟုတ်ဘူး။"

"သူကအမှိုက်လို့ ခင်ဗျားပြောလိုက်တာနော်။"

ချူးယွင်ဖန်းးက ပြောပြီးသည်နှင့် ရုတ်တရက်ဆိုသလိုပင် ရှိနေသည့်နေရာမှ ဖျပ်ခနဲပျောက်သွားသည်။ ကျင်ကျန်းဟန်စစ်သည်တော်၏အမြင်အာရုံသည် ဝေဝါးစပြုလာပြီး ချူးယွင်ဖန်းးပျောက်သွားသည်ကို သိလိုက်သည်။ ပြန်ပေါ်လာသောအခါ၌မူ စစ်သည်တော်ရှေ့တွင် ရောက်နှင့်နေပြီဖြစ်သည်။ စစ်သည်တော်က အားကုန်အော်ပြီး နတ်စွမ်းအားကို ထုတ်င ကြောက်စရာကောင်းသောတိုက်ပွဲစွမ်းအားအဖြစ်သို့ ကူးပြောင်းသွားစေသည်။ သို့သော်လည်း ပွက်ပွက်ဆူနေသောတိုက်ပွဲစွမ်းအားက ချူးယွင်ဖန်းး၏ခြေလှမ်းများကို မရပ်တံ့နိုင်ရှာပေ။ ချူးယွင်ဖန်းးက သူ၏လက်ချောင်းလေးကို ဓားအသွင်သုံးပြီး ကောင်းကင်မှပျံဝဲလာသည်။ စစ်သည်တော်ဆီမှထွက်လာသော တိုက်ပွဲစွမ်းအားသည် ဖြတ်တောက်ခံလိုက်ရပြီး ကျင်ကျန်းဟန်စစ်သည်တော်သည် ဘာမှမတုံ့ပြန်နိုင်ခင်တွင်ပင် ခေါင်းဖြတ်ခံလိုက်ရတော့၏။

ဖြစ်ပျက်သမျှက မြန်ဆန်လွန်းလှသည်။ စက္ကန့်ဝက်လေးအတွင်း မည်သူမှမတုံ့ပြန်နိုင်ခင်တွင်ပင် ချူးယွင်ဖန်းးသည် ကျင်ကျန်းဟန်စစ်သည်တော်ကို သတ်နှင့်ပြီးဖြစ်သည်။

"ခင်ဗျားမှန်တယ်။ ယွီဝမ်ချန်က အမှိုက်ပဲ။ ခင်ဗျားလည်း သူ့လိုအမှိုက်ပဲ။"

ချူးယွင်ဖန်းးကမူ သူသတ်လိုက်သည်မှာ ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်မဟုတ်ဘဲ လမ်းပေါ်မှပုရွက်ဆိတ်လေးတစ်ကောင်ကို သတ်လိုက်သကဲ့သို့ သာမန်ကာလျှံကာပုံစံဖြင့် ပြောနေသည်။

"မြတ်စွာဘုရား...."

ခပ်လှမ်းလှမ်းရှိ မြိုအရှင်စံအိမ်ထံမှ အသံခပ်သဲ့သဲ့ ထွက်ပေါ်လာသည်။ အသံပိုင်ရှင်ကမူ ခုန်းလုံ၏မြို့အရှင်ပင် ဖြစ်ပေသည်။ သက်လတ်ပိုင်းအရွယ်ရှိသောမြို့အရှင်သည် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားပြီး ထိုမြင်ကွင်းကို မြင်သောအခါတွင် အာမေဋိတ်သံပြုမိသွားရှာသည်။

"ဒုတိယမြောက်တစ်ယောက်ပဲ။"

ထိုသူသည် ချူးယွင်ဖန်းးသတ်ခဲ့သော ဒုတိယမြောက် ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်ပင် ဖြစ်သည်။

မြို့အရှင်က ချူးယွင်ဖန်းးကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ချူးယွင်ဖန်းးတစ်ယောက် ဝမ်ဟွမ်ဖြင့်တိုက်ခိုက်ကာ တမန်တော်များကို သတ်ခဲ့စဉ်က ခပ်လှမ်းလှမ်းမှနေ၍ မြင်ဖူးသည်။ ထိုအခါက သူ၏အင်အားမှာ အံ့ဩစရာကောင်းလှသော်လည်း ယခုလက်ရှိအင်အားက များစွာသာလွန်နေသည်။

ထိုစဉ်က ချူးယွင်ဖန်းးသည် တမန်တော်များကို အစမှအဆုံးထိ စွမ်းစွမ်းတမံချေမှုန်းပစ်နိုင်ခဲ့သည်။ သို့သော်လည်း ယခုကဲ့သို့ ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်ကို သာမန်ကာလျှံကာသတ်ပစ်ခြင်းမျိုး မဟုတ်ပေ။ အထူးသဖြင့် ဘိုးဘေးဝူရှန်း၏နောက်လိုက်များကိုပင် ဖြစ်သည်။ တစ်ယောက်မှ သူ့ထက်အားနည်းသူဟူ၍ မရှိပေ။ ကျွမ်းကျင်သည့်ဆရာကြီးများစွာ စုထားခြင်းဖြစ်ပြီး ကပ်ဘေးကြီးဟုပင် ခေါ်ဆိုနိုင်သည်။ သို့သော်လည်း ချူးယွင်ဖန်းးအတွက်မူ ထိုသူများက ဘာမှမဟုတ်သည့်အလားပင် ဖြစ်သည်။ မြို့အရှင်သာမက ကျန်းလင်နှင့် အခြားသူများလည်း မျက်လုံးအပြူးသားဖြင့် အံ့ဩနေမိသည်။ ချူးယွင်ဖန်းးတစ်ယောက်ကမူ မနေ့ကထက် ပိုပြီး ကြောက်စရာကောင်းလာသည်။ စကားဖြင့်ဆိုရလျှင် ချူးယွင်ဖန်းးသည် ယခင်က သူ၏စွမ်းအားဖြင့် အသားမကျခဲ့သေးပေ။ ယခုတွင်မူ အင်အားအစစ်အမှန်ကို ထုတ်ပြနေပြီသာ ဖြစ်သည်။

"ချူးယွင်ဖန်းး မင်းက တကယ်ပဲ သာ့ကူလာကို သတ်ရဲတယ်ပေါ့လေ...."

ထိုအချိန်တွင် ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်အုပ်စုထဲမှ သေသွားသောသာ့ကူလာသို့ ဝတ်စားထားသော လေးငါးခြောက်ယောက်ခန့် ရှေ့သို့ ထွက်လာသည်။ ကြောက်စရာကောင်းလှသောအငွေ့အသက်က ကောင်းကင်တစ်ခွင်၌ ပျံ့လွင့်နေပြီး မြို့တစ်ခုလုံးကို လွှမ်းမိုးထားသည်။ မိမိတို့သည် ရှေးဟောင်းတိုက်ပွဲမြေပြင်တစ်ခုသို့ ရောက်နေသည့်အလားပင် ဖြစ်၏။

ထိုသူများသည် အချင်းချင်းဆက်ဆံရေးမကောင်းကြသော်လည်း ချူးယွင်ဖန်းးက ကျင်ကျန်းဟန်စစ်သည်တော်ကို သတ်လိုက်သည်ကို မြင်ရသောအခါ၌ ချက်ချင်းပင် ဒေါသတကြီးဖြင့် ထွက်လာကြသည်။

"ပျင်းစရာကောင်းအောင်ကို သူက အားနည်းလွန်းနေတာ။ ကျင်ကျန်းဟန်စစ်သည်တော်တွေအားလုံးက အဲ့လိုပဲ အားနည်းကြတယ်လား။ ဘာလို့ ခင်ဗျားတို့အားလုံး တူတူမတိုက်ကြတာလဲ။"

ချူးယွင်ဖန်းးတစ်ယောက်ကမူ လှောင်ပြုံးလေးဖြင့် ခနဲ့လိုက်ပြန်၏။

All Chapters