ယွီဝမ်ချန်ကိုချက်ချင်းသတ်ပစ်လိုက်ပြီ
Vol. 86 Ch. 1280
ချက်ချင်းဆိုသလိုပင် ချူးယောင်ဝေ့သည် မိမိကို ကြီးမားလာသောလက်ကြီးဖြင့် ဖိချခံလိုက်ရသကဲ့သို့ အားမျိုးကိုခံစားမိပြီး မိမိကို အမှုန့်ချေပစ်ချင်ဟန်ပေါ်သည်။
အမတေများက လွန်စွာကြောက်စရာကောင်းလှသည်။
အပြည့်အဝပြင်ဆင်ထားသော်လည်း မိမိသည် အမတေအဆင့်ကို အထင်သေးမိသည်ဟု ခံစားရသည်။ ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်သည် အမတေတစ်ယောက်၏ကျင့်စဉ်အချို့ကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း အင်အားကမူ အမတေအဆင့်နှင့်မယှဉ်နိုင်ပေ။ နတ်စွမ်းအားသုံးနိုင်ခြင်းတွင် အားသာသည်က သာမန်နတ်စွမ်းအားများထက် ပိုသည်။ သို့သော်လည်း အမတေအဆင့်ကမူ အမတေအဆင့်သာ ဖြစ်သည်။ သာမန်သူများနှင့် လုံးဝမယှဉ်နိုင်ပေ။
ထိုဖိအားတစ်ခုတည်းသည်ပင် ချူးယောင်ဝေ့အတွက် လုံလောက်နေပြီဖြစ်ကာ အသက်မရှင်နိုင်သလောက်နီးပါး ဖြစ်သွားရသည်။ ခန္ဓာကိုယ်ထဲမှ ကြွက်သားများအားလုံး ပြိုပျက်တော့မည်ဟု ခံစားနေရသည်။
'ဘယ်လိုလုပ် အဲ့လောက်ကြောက်စရာကောင်းရတာလဲ။'
ချူးယောင်ဝေ့တစ်ယောက်မှာ အသက်ပင်မရှူနိုင်ရှာတော့ပေ။ ထိုအချိန်တွင် အိမ်တော်မှ အားကောင်းသောအငွေ့အသက်များ ထွက်ပေါ်လာသည်။ ကျန်းလင်၊ ယွီရွှမ်ဖေး၊ ဖုဝမ်ထိုက်နှင့် မိန်းကလေးရွှေ့ကျီတို့ပင် ဖြစ်သည်။
အရေးကြီးသောအချိန်၌ လေးဦးသား လှုပ်ရှားလာကြသည်။ သူတို့၏ ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်ကိုသုံး၍ ချူးယောင်ဝေ့ကို ကယ်တင်ရန် ကြိုးပမ်းကြသည်။ မိမိတို့သည် အမတေအဆင့်နှင့် အလှမ်းဝေးသေးသော်လည်း ပြန်မတိုက်နိုင်သောချူးယောင်ဝေ့ထက်စာလျှင် တော်သေး၏။ ချူးယောင်ဝေ့ကို ကယ်တင်ပေးပြီးနောက်၌ သူလည်း စိတ်သက်သာရာရသွား၏။ သို့သော်လည်း အမူအရာက အတော််အတန်ပျက်ယွင်းနေရှာသည်။ ကျန်းလင်နှင့် အခြားသုံးယောက်က ကောင်းကင်သို့ ပျံသန်းလာကြပြီး ခပ်လှမ်းလှမ်းမှလူအချို့ဖြင့် ရင်ဆိုင်ရန် ပြင်လိုက်သည်။
မျက်နှာများကမူ ပြာနှမ်းနေကြသည်။ မိမိတို့စီစဉ်ထားသည်ထက် ပို၍ဆိုးသောမြင်ကွင်းမျိုး ဖြစ်နေသောကြောင့်သာ ဖြစ်၏။ မူလအစီအစဉ်က တော်ဝင်မိသားစု၏ကိုယ်ရံတော်ရောက်လာလျှင် ဘိုးဘေးဝူရှန်းကို သတ်ပစ်မည်ဟု စီစဉ်ထားကြသည်။ သို့သော်လည်း ထိုကိုယ်ရံတော်က ရောက်မလာမည်ကို မည်သူသိမည်နည်း။ သို့သော်လည်း ဘိုးဘေးဝူရှန်းသာ ရောက်လာ၏။
ထို့အပြင် ခြေလှမ်းတစ်ဝက်အမတေဆယ်ယောက်ကိုပါ ခေါ်လာသေးသည်။ မိမိတို့အုပ်စုထက် အားနည်းသောသူဟု၍ တစ်ယောက်မှမရှိပေ။ အရေအတွက်ကလည်း မိမိတို့လေးယောက်ထက များပြီး တစ်ဦးချင်းစီက အဆင့်တူကျွမ်းကျင်သူများစွာဖြင့် ရင်ဆိုင်ရမည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။ ထိုသူတို့က မိမိတို့အတွက် ပြိုင်ဘက်မဟုတ်ပေ။
ဘိုးဘေးဝူရှန်းကိုပါ ထည့်ပေါင်းလိုက်လျှင် ခုခံနိုင်စရာအကြောင်းမရှိတော့ပေ။ အခြေအနေက သေခြင်းတရားဆီသို့ ဦးတည်နေသည်မှာ သေချာနေလေပြီ။
ထိုလူအုပ်ထဲတွင် ယွီဝမ်ချန်ကို မြင်ရသည်မှာမူ မအံ့ဩတော့ပေ။ မိမိတို့ခန့်မှန်းထားသည့်အတိုင်း ယွီဝမ်ချန်က ဘိုးဘေးဝူရှန်းဖြင့် သွားပူးပေါင်းသည်။
"ယွီဝမ်ချန် မင်းက ငါတို့ကို သစ္စာဖောက်ရဲတယ်ပေါ့လေ။ တဝေကို သစ္စာဖောက်တယ်။ မင်းတို့တစ်မိသားစုလုံးအသေပဲ။"
ချူးယောင်ဝေ့က အော်ပြောလိုက်သည်။
"ဟားဟားဟား မြို့ထဲကသူအားလုံးကို သတ်နိုင်မှတော့ ငါသစ္စာဖောက်တာ ဘယ်သူကသိတော့မှာလဲ"
ယွီဝမ်ချန်က လှောင်ရယ်လိုက်သည်။
"အဲ့ဒါအပြင် မင်းသိတယ်ဆိုရင်တောင်မှ မင်းဘာတတ်နိုင်မှာမလို့လဲ။ ငါတို့က ကျင်ကျန်းဟန်ကိုဝင်မယ်။ ယွိဝမ်မိသားစုအင်အားနဲ့ဆိုရင် ငါတို့အဲ့မှာကောင်းကောင်းနေနိုင်တာပဲ။ မင်းတို့တွေက ငါ့ကို အနိုင်ကျင့်မယ်ပေါ့လေ။ ဟုတ်လား...အခုတော့ မင်းတို့အားလုံးသေပြီသာမှတ်...."
ယွီဝမ်ချန်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ ရက်စက်ကြမ်းကြုတ်လှသောအသွင်သို့ ပြောင်းသွားပြီး ချူးယွင်ဖန်းးထံ၌ ရှုံးသွားကာ အစော်ကားခံရသည်ကို ပြန်အမှတ်ရသွားသည်။ ယခုတွင်မူ လွန်စွာမှ ပျော်စရာကောင်းလှပြီဖြစ်၏။
"ချူးယွင်ဖန်းးဘယ်မှာလဲ။ သူက ဘာလို့ ထွက်မလာတာလဲ။ သူကြောက်နေတာလား။"
"အသံတွေဆူညံလိုက်တာ။"
ရုတ်တရက်ဆိုသလိုပင် ရှင်းလင်းသောအသံတစ်သံကို ကြားလိုက်ရသည်။ ဓားအလင်းတန်းတစ်ခုက ကောင်းကင်၌ ဖြတ်ကျော်သွားကာ ချက်ချင်းပင် ယွီဝမ်ချန်မျက်နှာကို ထိမှန်သွားသည်။
ဘုန်း...
ယွီဝမ်ချန်၏ခေါင်းက ပေါက်ကွဲထွက်သွားလေသည်။ ခပ်လှမ်းလှမ်းမှကြည့်လျှင် ဖရဲသီးပေါက်ထွက်သွားသည်နှင့်တူသည်။ ခန္ဓာကိုယ်ကမူ တုံ့ပြန်နိုင်ခြင်းမရှိဘဲ ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။ ဖြစ်ပျက်သည်များက မြန်ဆန်လွန်းလှသဖြင့် မည်သူမှ တုံ့ပြန်ရန်အချိန်မရလိုက်ပေ။ ကျန်းလင်နှင့်အခြားသူများသည်ပင် ယွီဝမ်ချန်ကို မုန်းကြသော်လည်း အားလုံးရှေ့၌ ယွီဝမ်ချန်ကို သတ်ပစ်ရန်မှာမဖြစ်နိုင်ဟု သိထားကြသည်။ ယခုတွင်မူ အံ့ဩဆန်းကြယ်လွန်းလှ၏။ ယခုတွင် တစ်စုံတစ်ယောက်က မိမိတို့ရှေ့၌ပင် ထိုကိစ္စကို လုပ်ပစ်လိုက်သည်။ တစ်ကွက်တည်းဖြင့်ပင် ဓားအလင်းက လွန်စွာအားကောင်းသောယွီဝမ်ချန်ကို သတ်ပစ်နိုင်သည်။
"ဘယ်သူလုပ်တာလဲ။"
ဘိုးဘေးဝူရှန်းပင် အမူအရာပြောင်းသွားသည်။ တစ်စုံတစ်ယောက်က မိမိရှေ့၌ပင်လူသတ်သွားသည်။ မိမိမျက်နှာကိုလာရိုက်၍စော်ကားလိုက်သည်နှင့်အတူတူပင် ဖြစ်၏။ မိမိဘာသာဂုဏ်မောက်ကာ ခုန်းလုံမှအားလုံးကို သုတ်သင်ချင်နေသ်ည။ ယခုတွင်မူ တစ်ယောက်ယောက်က မိမိရှေ့၌ပင် မိမိလက်အောက်ငယ်သားတစ်ယောက်ကို သတ်သွားလေသည်။
ယွီဝမ်ချန်က ဘိုးဘေးဝူရှန်းထံတွင် ဝန်ခံရန် ဖိအားပေးခံခဲ့ရသည်။ ခြေလှမ်းတစ်ဝက်အမတေတစ်ယောက်ကို သုတ်သင်ရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်လှပေ။ အားလုံးသည် ရည်ရွယ်ချက်ရှိကြသည်။ ထိုသူများကိုသုတ်သင်ရန်က မလွယ်လှပေ။
"ချူးယွင်ဖန်းး..."
ကျန်းလင်က အော်လိုက်သည်။ မည်သူတိုက်ခိုက်သွားသည်ကို ကျန်းလင်က သိသည်။
ယခုအချိန်၌ ချူးယွင်ဖန်းးကလွဲ၍ ဘယ်သူ့မှာများ ထိုသို့လှုပ်ရှားရန် အင်အားရှိမှာလဲ။
အခြားသူများကလည်း ချူးယွင်ဖန်းးကိုသာ စဉ်းစားမိကြသည်။ ယခင်က သူ၏အင်အားကို ကြောက်ခဲ့ရသည်။ ယခုတွင်မူ ချူးယွင်ဖန်းးနှင့် အတူရှိနေလျှင် မိမိတို့လုံခြုံလေပြီ။ ချက်ချင်းဆိုသလိုပင် ပုံရိပ်တစ်ခုက အိမ်တော်အပြင်သို့ ပျံထွက်လာသည်။ ချူးယွင်ဖန်းးပင် ဖြစ်လေသည်။
"မင်းက ချူးယွင်ဖန်းးလား။"
ဘိုးဘေးဝူရှန်းက အံကြိတ်ပြီး ချူးယွင်ဖန်းးကို ကြည့်လိုက်သည်။ ထိုကလေးက မထီမဲ့မြင်နိုင်လှသည်ကို ဝန်ခံရပေမည်။ ယွီဝမ်ချန်က ချူးယွင်ဖန်းးအကြောင်းကို ယခင်က ပြောထားခဲ့ဖူးသော်လည်း မိမိက အလေးအနက်မထားခဲ့ပေ။ ယွီဝမ်ချန်စကားအရဆိုလျှင် ချူးယွင်ဖန်းးက လွန်စွာအားကောင်းသည်။ မဟုတ်လျှင် သူရှုံးမည်မဟုတ်ပေ။ သို့သော်လည်း ယွီဝမ်ချန်ကကိစ္စများစွာကို ဖုံးကွယ်ထားခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် ချူးယွင်ဖန်းးထံ၌ နှစ်ကွက်သုံးကွက်ဖြင့် ရှုံးလာသည်ကို ထုတ်မပြောခဲ့ပေ။ ထို့ကြောင့် သူ၏စကားကို ဘိုးဘေးဝူရှန်းက အဖက်မလုပ်ခဲ့ခြင်းသာ ဖြစ်သည်။
ယွီဝမ်ချန်က ချူးယွင်ဖန်းး၏အင်အားကို ချဲ့ကားပြောခဲ့သည်ဟုသာ ဘိုးဘေးဝူရှန်းက တွေးလိုက်မိပြီး စဉ်းစားရမည့်သူမဟုတ်ဟု ထင်လိုက်မိသည်။ အခြားသောခြေလှမ်းတစ်ဝက်အမတေများကလည်း ထိုသို့ပင် တွေးလိုက်လေသည်။ သို့သော်လည်း ချူးယွင်ဖန်းးက မိမိတို့ဆုံသည့်အချိန်၌ပင် ယွီဝမ်ချန်ကို စသတ်မည်ဟု မထင်ထားခဲ့ပေ။
"အမှန်ပဲ။ ကျုပ်က ချူးယွင်ဖန်းးပဲ။"
ချူးယွင်ဖန်းးက ဘိုးဘေးဝူရှန်းကို မထုံတတ်သေးဖြင့်ကြည့်လိုက်သည်။ သူသည် ထိုသို့သောသူမျိုးကို အမုန်းဆုံး ဖြစ်၏။ ထိုသူသည် တိုင်းပြည်မှလူများစွာကို သတ်ခဲ့သည်။ ဝိညာဉ်နယ်မြေတွင်ပင် သူ၏အငြှိုးများက ပျောက်ကွယ်သွားမည်မဟုတ်ပေ။
"ကောင်စုတ်လေး မင်းက ငါ့လမ်းကိုလာပိတ်ပြီး လူတောင်သတ်လိုက်သေးတယ်ပေါ့။ ငါမင်းကို သတ်မယ်။ မင်းကို ဆယ်ရက်ဆယ်ညလောက်နှိပ်စက်ပြီး သတ်ပေးပါတော့လို့ အသနားခံရအောင်လုပ်ပစ်မယ်။"
ဘိုးဘေးဝူရှန်းက အော်ပြောလိုက်သည်။
"ခင်ဗျားက ကျုပ်ကို နှိပ်စက်ချင်နေတယ်ပေါ့လေ။ ဒါပေမဲ့ ခင်ဗျား ကျုပ်ကို ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ ခင်ဗျားကို ကျုပ်က သတ်မှာမလို့ပဲ။"
ချူးယွင်ဖန်းးက မထုံတတ်သေးဖြင့် ဆိုလိုက်၏။ ဘိုးဘေးဝူရှန်း၏စကားကို စိတ်ထဲထည့်သည့်ပုံမပေါ်ပေ။
"ငါ့ကိုသတ်မယ်ပေါ့။ မင်းကလား..."
ဘိုးဘေးဝူရှန်းက လှောင်ပြောင်ရယ်မောလိုက်သည်။
"မင်းတို့ကောင်တွေက နန်းတွင်းကိုယ်ရံတော် ရောက်လာပြီး မင်းတို့ကို လာကယ်မှာကို စောင့်နေတဲ့ပုံပဲ။ အဲ့အကြောင်းတော့ မစဉ်းစားနဲ့တော့။ သူရောက်လာမှာမဟုတ်ဘူး။"