ခုန်းလုံကနေတစ်ယောက်မှရှင်လျက်ထွက်မသွားစေရဘူး
Vol. 86 Ch. 1279
ထိုကြောက်စရာကောင်းသောအားသည် ထိုက်တောင်ဖြင့် ဖိခံထားရသကဲသို့ ပြင်းထန်လှပြီး ချက်ချင်းဆိုသလိုပင် အိမ်တော်ထဲရှိ အစီအရင်များစွာက အသက်ဝင်လာတော့သည်။ ထိုလူတစ်အုပ်က မည်မျှပင် ထိတ်လန့်စရာကောင်းသည်ကို စိတ်ကူးကြည့်ရုံဖြင့် သိနိုင်သည်။ ချူးယွင်ဖန်းးက ချက်ချင်းပင် ချူးဟုန်ချိုင်ကို သင်ပေးနေသည်ကို ချက်ချင်းရပ်လိုက်ပြီး ပြောလိုက်သည်။
"လျှောက်ပြေးမနေနဲ့။"
ထိုသို့ပြောပြီးနောက်တွင် သူသည် အလင်းအလျင်ဖြင့် နေရာမှပျောက်သွားလေတော့သည်။
ကောင်းကင်ပေါ်၌ လူဆယ်ယောက်ထက်မနည်းသောအဖွဲ့သည် ချူးမျိုးနွယ်စုကို ဝိုင်းထားကြသည်။ တစ်ယောက်ချင်းစီ၏၏တည်ရှိမှုက ကြောက်စရာကောင်းလွန်းလှပြီး နတ်စွမ်းအားအဆင့်ကို လုံးဝပင်ဖိနှိပ်ထားနိုင်သည်။
ခြေလှမ်းတစ်ဝက် အမတေအဆင့်...
ထိုအချိန်တွင် အားလုံးက ထိုအကြောင်းကိုသာ တွေးမိနေကြသည်။ ချူးမျိုးနွယ်စုသည် အရင်ကကဲ့သို့ မာနမကြီးတော့ပေ။ အထူးသဖြင့် မရဏဂိုဏ်း၏တမန်တော်များ ရောက်လာသောအခါတွင် ခြေလှမ်းတဝက်အမတေအဆင့်များက မည်မျှကြောက်စရာကောင်းကြောင်း သင်ပေးထားပြီးသား ဖြစ်သည်။
တမန်တော်များက လွန်စွာ ကြောက်စရာကောင်းလှသည်။ ယခုတွင်မူ လူတစ်ဒါဇင်ကျော်ခန့်က ရုတ်တရက်ပေါ်လာသည်။ လူများစွာသည် စိတ်အားငယ်သွားရလေသည်။ ထိုသူများထဲမှ မည်သူမဆို ခုန်းလုံတစ်ခုလုံးကို ကိုင်လှုပ်နိုင်သည်။ မိမိတို့ပင် မဆိုထားနှင့် တဝေတိုင်းပြည်သည်ပင် တုန်လှုပ်သွားရသည်။
"ဘာလို့ အဲ့လောက်လူအများကြီးရောက်လာတာလဲ။"
"သူတို့ရောက်လာတာ ရည်ရွယ်ချက်ရှိမှာပေါ့။ ငါတို့အိမ်တော်က ဘာလို့ အဲ့လောက်အများကြီးကို ရန်စမိတာပါလိမ့်။"
"ကြောက်ဖို့ကောင်းလိုက်တာ။ လှုပ်တောင်မလှုပ်နိုင်တော့ဘူး။"
ချူးမျိုးနွယ်စုတစ်ခုလုံးသည် လောကြီးအဆုံးသတ်နှင့် ရင်ဆိုင်လိုက်ရသည်ဟု ခံစားလိုက်ရသည်။ လှုပ်ပင်မလှုပ်ရဲကြတော့ပေ။ ကောင်းကင်ထက်၌ လူအချို့ပေါ်လာပြီး ထိုလူအချို့၏အင်အားက တစ်မြို့လုံးကို ဖိနှိပ်နိုင်သည်အထိ ပြင်းထန်သည်။ ကြောက်စရာကောင်းလှသောဖိအားကို မြို့၏အစီအရင်တိုင်းက အာရုံခံမိသည်။
ဘယ်လိုလူမျိုးပါလိမ့်....
ထိုသူက အသက်ငါးဆယ်ခြောက်ဆယ်ခန့် ရှိမည်ဖြစ်သည်။ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကဖြူဖွေးနေသော်လည်း ချောမောသောမျက်နှာမျိုး ရှိသည်။ လူကိုယ်တိုင်က ရတနာဓားတစ်လက်ဖြင့် တူလှပြီး သာမန်သူများ စိတ်မကူးကြည့်နိုင်သည့် ကြောက်စရာကောင်းသည့်ဖိအားမျိုး ရှိနေသည်။
အခြားသူများနှင့် ယှဉ်လျှင် သူ၏အင်အားက လွန်စွာအားကောင်းနေသည်။ သူသည် အခြားသူများဖြင့် အဆင့်မတူသည်မှာ ထင်ရှားသည်။ အခြားသူများက အားကောင်းသော်လည်း ထိုသူနှင့်ယှဉ်လိုက်လျှင် ဘာမှမဟုတ်ပေ။ သူသည် ထိုကောင်းကင်ပေါ်၌ အုပ်ချုပ်သူတစ်ယောက်ကဲ့သို့ပင် ဖြစ်၏။
"အမတေပဲ။"
ထိုအချိန်၌ ခုန်းလုံမှကျွမ်းကျင်သူအားလုံးသည်မူ ထိုသူ၏အင်အားကို ခံစားနေမိသည်။ တစ်မြို့လုံးမှ အရံအတားအားလုံးကို ချက်ချင်းအသက်ဝင်လာစေသည့်သူမျိုးမှာ အမတေတစ်ယောက်သာ ဖြစ်နိုင်သည်။
လူများ၏အမူအရာက ပြောင်းသွားကြသည်။ ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်မဆိုထားနှင့် ဝမ်ဟွမ်နှင့်တမန်တော်များ၏ကျူးကျော်လာမှုကပင် ခုန်းလုံမှအားလုံးကို အလန့်တကြားဖြစ်သွားစေခဲ့သည်။ အမတေတစ်ယောက်သာဆိုလျှင် တစ်မြို့လုံး သုတ်သင်ခံရနိုင်သည်။
"ဘိုးဘေးဝူရှန်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ တဝေတိုင်းပြည်နဲ့ တိုက်ချင်နေတာလား။"
ယခုတစ်ကြိမ်တွင် မြို့အရှင်၏ဒေါသတကြီးအော်သံက မြို့အရှင်စံအိမ်ဆီမှ ထွက်ပေါ်လာသည်။
ဘိုးဘေးဝူရှန်းက မထီးလေးစားနိုင်လွန်းသည်။ သူသည် ခုန်းလုံကိုပင် တိုက်ခိုက်ရဲသည်။ ခုန်းလုံသာ ဖျက်ဆီးခံရလျှင် တဝေတိုင်းပြည်အတွက် သိသာထင်ရှားသောဆုံးရှုံးမှုကြီးဖြစ်ပေမည်။ ထိုသို့ဆိုလျှင် တဝေတစ်တိုင်းပြည်လုံးဒေါသထွက်စေရန် အကြောင်းလုံလောက်ပေသည်။
"ဟင်း နောက်ကျမှမင်းကို သတ်မယ်။"
ဘိုးဘေးဝူရှန်းက အေးစက်စွာ ပြောလိုက်သည်။ အခြားသူသာဆိုလျှင် တဝေတိုင်းပြည်ကို သေချာပေါက်သတိထားပေမည်။ တဝေ၌ ကျွမ်းကျင်သူများ ပေါလှ၏။ ကျွမ်းကျင်သူမည်မျှရှိသည်ကို မိမိတို့သာ သိနိုင်သည်။ အခြားသူများကို ရှုံးနိုင်သည့်ကျွမ်းကျင်သူများလည်းရှိသည်ဟု ဆိုရပေမည်။
တဝေ၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသောဂိုဏ်းဟု၍ မရှိပေ။ သို့သော်လည်း ကြောက်စရာမရှိပေ။ ဘိုးဘေးဝူရှန်းသည် ထိုနှစ်များအတွင်းတွင် အပြင်နယ်မြေတွင်မနေထိုင်ခဲ့ပေ။ သူ၏သက်မဲ့ဓားဂိုဏ်းသည်လည်း ဖျက်စီးခံလိုက်ရသည်မှာ ကြာပြီဖြစ်သည်။ သူကမူ မကြောက်တော့ပေ။
"တဝေတိုင်းပြည်ဖြစ်တော့ရော ဘာဖြစ်လဲ။ ငါ့ကို တစ်ခုခုလုပ်နိုင်မှာမလို့လား။ ဟားဟားဟားဟား...."
ဘိုးဘေးဝူရှန်းက လှောင်ရယ်လိုက်သည်။
"တစ်မြို့လုံးကို မသုတ်သင်ခင် အဆီအနှစ်သွေးနဲ့ ဝိညာဉ်တွေကို စုဆောင်းမယ်။ ပြီးမှ ဝိညာဉ်လက်နက်ဖြစ်အောင် သန့်စင်ပစ်မယ်။ ငါက ဘာလို့ တဝေမှာ နေနေရဦးမှာလဲ။ ကျင်ကျန်းဟန်တိုင်းပြည်ကိုသွားပြီး တောင်ဘက်က ကျင်ကျန်းဟန်ရဲ့ခြေလျင်တပ်နဲ့ပေါင်းလိုက်ရင် တဝေက အမြစ်ဖြုတ်ခံရမှာပဲ။"
ဘိုးဘေးဝူရှန်း၏စကားများကို ကြားသည့်အခါတွင် အားလုံးသည် ကျောရိုးထဲထိ စိမ့်တက်သွားကြကာ အချို့လူများဆိုလျှင် တစ်ကိုယ်လုံးတုန်ယင်သည်အထိ ဒေါသထွက်သွားကြသည်။ ဘိုးဘေးဝူရှန်းက ရက်စက်လွန်းလှသည်။ သူသည် ခုန်းလုံတစ်ခုလုံးကို သုတ်သင်ပြီး အသက်သန်းချီကို သူ၏ဝိညာဉ်လက်နက်အဖြစ် သန့်စင်ပစ်ရန် စိတ်ကူးနေသည်။
မိစ္ဆာလမ်းစဉ်မှ ရက်စက်သောကျင့်ကြံသူများသည်ပင် ထိုမျှထိရက်စက်သောလုပ်ရပ်မျိုးကိုလုပ်ရဲကြမည် မဟုတ်ပေ။ လုပ်ပါလျှင် တဝေထံမှ အဆုံးမရှိသောလက်စားချေခြင်းကို ခံရပေလိမ့်မည်။ သာမန်သူများက ထိုသို့မလုပ်ရဲသော်လည်း ဘိုးဘေးဝူရှန်းက ထိုသို့ပြောလျှင် မိမိတို့တတ်နိုင်သည်မှာ ဘာမှမရှိပေ။
"ဘိုးဘေးဝူရှန်း ခင်ဗျားလည်း တဝေကပဲ။ ဘယ်လိုလုပ် အကုန်လုံးကို ဒီလိုမျိုးလုပ်နိုင်ရတာလဲ။"
မြို့အရှင်က စံအိမ်ထဲမှနေ၍ လှမ်းအော်လိုက်သည်။
"ဟားဟားဟား တဝေက ငါ့တစ်ဂိုဏ်းလုံးကို မျိုးတုံးအောင်လုပ်ခဲ့တာ။ အခုကျမှ လူသားချင်းကိုယ်ချင်းစာဖို့ ငါကို လာပြောနေတာလား။"
ဘိုးဘေးဝူရှန်းက အံကြိတ်၍ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
"အဲ့နေ့တုန်းက ငါ့မိသားစုထဲက မရေမတွက်နိုင်တဲ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်။ ဒီနေ့တော့ ခုန်းလုံကနေ တစ်ယောက်မှရှင်လျက်ထွက်မသွားစေရဘူး။ သွေးချောင်းစီးစေရမယ်ကွ။"
"ထွက်သွားဖို့လည်းမစဉ်းစားနဲ့။ အချိန်ဆွဲဖို့လည်း မတွေးနဲ့။ ငါတို့က ဒီမှာ အရံအတားကို ချပြီးသွားပြီ။ ဘယ်သူမှ ဝင်လာလို့လည်းမရသလို ထွက်သွားလို့လည်းမရဘူး။"
ဘိုးဘေးဝူရှန်း၏စကားများက အားလုံးကို စိတ်ဓာတ်ကျသွားစေသည်။ သူသည် မိမိတို့ကို အသက်ရှင်နိုင်မည့်အခွင့်အရေးအနည်းငယ်မျှပင် မချန်ထားပေ။ ထိုအချိန်တွင် ဘိုးဘေးဝူရှန်း၏အကြည့်တို့က ချူးမျိုးနွယ်ဆီသို့ ရောက်သွားသည်။
"ချူးယောင်ဝေ့ ဘာလို့ ခုထိ ထွက်မလာသေးတာလဲ။ ထပ်ပြီး ငါ့ကို ကြံစည်ဦးမလို့လား။ အခု ငါရောက်လာပြီဆိုတော့ မင်း ငါ့ကို ဘယ်လိုသတ်မလဲ ကြည့်ရသေးတာပေါ့။ မင်း ဒီနေ့ ငါ့ကို မသတ်နိုင်ရင် မင်းတို့တစ်မျိုးနွယ်လုံးကို ကောင်းကင်ဘုံက ငါ့ရဲ့သက်မဲ့ဓားဂိုဏ်းအတွက် ယဇ်ပူဇော်ပစ်မယ်။"
"ဘိုးဘေးဝူရှန်း ခင်ဗျားက ကျင်ကျန်းဟန်နဲ့ပေါင်းပြီး ပုန်ကန်ဖို့ကြံစည်ခဲ့တာ။ တဝေတစ်ခုလုံးကို ဖရိုဖရဲဖြစ်အောင်လုပ်ခဲ့တာ။"
ထိုအချိန်တွင် လူတစ်ယောက်က ဖြည်းဖြည်းချင်းဖြင့် ပျံသန်းလာသည်။
ချူးယောင်ဝေ့မှလွဲ၍ မည်သူဖြစ်နိုင်မည်နည်း။
သို့သော်လည်း သူသည် ယခုအချိန်၌ လွန်စွာစိတ်ဆိုးနေသောအမူအရာပေါက်နေသည်။ ဘိုးဘေးဝူရှန်ရောက်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။ ပို၍မျှော်လင့်မထားသည်မှာ မိမိဖိတ်ထားခဲ့သည့် တော်ဝင်မိသားစု၏ကိုယ်ရံတော်သည် မနေ့ညက ရောက်မလာခဲ့ခြင်းပင် ဖြစ်၏။
"သတ္တိကြောင်နေတာပဲ။ အဲ့လူတွေဖြစ်တာ ငါနဲ့ဘာဆိုင်လို့လဲ။ အဲ့တုန်းက ချူးမျိုးနွယ်က ငါ့တစ်မိသားစုလုံးကို သတ်ခဲ့တာ။ ဒီနေ့တော့ မင်းတို့အားလုံး ဒီသွေးကြွေးကို ပြန်ဆပ်ရမယ်။"
ဘိုးဘေးဝူရှန်းက အော်ပြောလိုက်ပြီး ကြောက်စရာကောင်းလှသည့်အငွေ့အသက်တစ်ခုက သက်ဆင်းလာလေတော့၏။