လမ်းလျှောက်ရင်းနဲ့တစ်ယောက်ပြီးတစ်ယောက်ကိုအေးဆေးလိုက်သတ်နေတယ်
Vol. 86 Ch. 1282
ချူးယွင်ဖန်းး၏စကားဆုံးသည်နှင့် တစ်မြို့လုံးတိတ်ဆိတ်ငြိမ်သက်သွားသည်။ အားလုံးသည် ကောင်းကင်ထက်တွင် ဝဲနေသောချူးယွင်ဖန်းးကို ကြောင်၍ငေးကြည့်နေမိကြသည်။ လူများစွာ၏စိတ်ထဲတွင် လွှမ်းမိုးသွားသောခံစားချက်မျိုးကို ခံစားလိုက်ကြရသည်။ ချူးယွင်ဖန်းးတစ်ယောက်က မိမိတို့ပြောချင်သော်လည်း မပြောရဲသောစကားများကို ပြောပေးလိုက်ခြင်းဖြစ်သည်။ ကျင်ကျန်းဟန်က ဘာလဲဆိုသည်ကို မသိကြသော်လည်း ထိုသူများက တိုင်းတစ်ပါးမျိုးနွယ်စုများဖြစ်သည်ကိုသာ သေချာပေါက်သိထားကြသည်။ ဘိုးဘေးဝူရှန်းက တစ်မြို့လုံးကို သုတ်သင်ပစ်မည်ဟု ကြေညာခဲ့စဉ်အခါက လွန်စွာပင် ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရပေသည်။ သို့သော်လည်း နတ်ဘုရားကဲ့သို့သော ဘိုးဘေးဝူရှန်းနှင့် အခြားသူများဖြင့် ရင်ဆိုင်ရသည့်အခါတွင် အားလုံးသည် ခုခံရန် စွမ်းအားမဲ့နေကြပြီး သုတ်သင်ခြင်းသာခံကြရပေမည်။ ယခုတွင်မူ ချူးယွင်ဖန်းးက အချိန်မဖြုန်းဘဲ ဦးအောင် စလှုပ်ရှားကာ သတ်တော့သည်။
လွန်စွာမှ ကျေနပ်အားရစရာကောင်းလှပေသည်။
ကျင်ကျန်းဟန်စစ်သည်တော်များက ဒေါသထွက်နေကြသည်။ ချူးယွင်ဖန်းးက မိမိတို့ကို အထင်သေးသည့်စကားမျိုး ပြောလာသည်။ ထိုသူများသည် စိတ်ရှည်သည်းခံသည့်သူများ မဟုတ်သည့်အလောက် သတ်ဖြတ်လိုစိတ်ကလည်း အပြည့်ပင် ဖြစ်ကြ၏။ လူများသည် ခုခံရန် အရည်အချင်းမရှိသောကြောင့်သာ ဖြစ်၏။ မိမိတို့ရှေ့၌ သွေးချောင်းစီးမည့်မြင်ကွင်းမျိုး ပေါ်လာတော့မည်ကို သိထားကြဖသြင့် ထိုထဲတွင်သာ နစ်မြုပ်နေကြပြီး ပြန်လည်မခုခံနိုင်ကြပေ။
ဘိုးဘေးဝူရှန်း၏မျက်နှာက ယခင်ကထပင် ပို၍ပျက်ယွင်းသွားသည်။ မိမိသည် အတော်ကြာအောင် စကားများနေသော်လည်း ချူးယွင်ဖန်းးကမူ နှစ်ယောက်ကို သတ်ပစ်ခဲ့သည်။ အထူးသဖြင့် ကျင်ကျန်းဟန်စစ်သည်တော် သာ့ကူလာပင် ဖြစ်သည်။ ယွီဝမ်ချန် သေသွားသည်က ကိစ္စကြီးမဟုတ်သော်လည်း သာ့ကူလာကဲ့သို့ ကျင်ကျန်းဟန်မှအားကြီးသောမျိုးနွယ်စုဝင်တစ်ယောက် သေသွားသည်ကမူ ကိစ္စရှိပေသည်။ ထိုအကြောင်းကို စဉ်းစားမိပြီး ဘိုးဘေးဝူရှန်းတစ်ယောက် ပို၍ပင် မျက်နှာပျက်လာမိ၏။
"လူများများရှိတာလည်း သုံးစားမရဘူးပဲ။ ယဉ်ကျေးမှုမရှိတဲ့လူရိုင်းသာသာတွေပဲ။"
ချူးယွင်ဖန်းးက လှောင်ပြောင်ရယ်မောလိုက်ပြီး ကျင်ကျန်းဟန်စစ်သည်တော်များကို ကြည့်လိုက်သည်။
"မင်းတော့ အသေပဲသာမှတ်...."
ကျင်ကျန်းဟန်စစ်သည်တော်များက ချက်ချင်းဆိုသလိုပင် ပူးပေါင်းတိုက်ခိုက်ကြလေတော့သည်။ သူတို့သည် နေရာပေါင်းစုံ၌ နှစ်ပေါင်းများစွာ တိုက်ခိုက်လာကြသူများ ဖြစ်သည်။ သူတို့၏တိုက်ခိုက်ပုံသည် တိုက်ပွဲဝင်သည့်အစီအရင်ပုံစံမျိုးပင် ဖြစ်သည်။
ပူးပေါင်းတိုက်ခိုက်ကြသည့်အခါတွင် သူတို့သည် စစ်တပ်၏ပေါင်းတိုက်သည့်ပုံစံနှင့် ဆင်တူသောပုံစံမျိုးဖြင့် တိုက်ခိုက်ကြလေသည်။ တူတူပေါင်းစည်း၍ဖြစ်ပေါ်လာသောအင်အားက သာမန်ခြေလှမ်းတစ်ဝက်ရွှေအမတေများထက် သာသည်။ မည်သူမှမယှဉ်ရဲကြပေ။
"သတိထား။"
ချူးယောင်ဝေ့က ကြောက်စရာကောင်းသည့်အားကို ခံစားမိသဖြင့် သတိပေးလိုက်လေသည်။
ကောင်းကင်၌မူ ထိုစစ်သည်တော်များက ကောင်းကင်ကို တိုက်ပွဲမြေပြင်အဖြစ် ပြောင်းလဲလိုက်ကြသည်။ တိုက်ပွဲမြေပြင်ဖြစ်သော ကောင်းကင်ပေါ်၌ ကြီးမားလှသည့်လူရိုင်းအသွင်တစ်ခုပေါ်လာပြီး ထိုလူရိုင်းကြီးက ခုန်းလုံံ၏အစီအရင်တစ်ခုလုံးကို ဖိနှိပ်တော့မည်ဟန်တူသည်။
ဘုန်း
လူရိုင်းကြီးက ချူးယွင်ဖန်းရှိရာသို့ သူ၏တင်းပုတ်ကြီးဖြင့် လွှဲရိုက်လိုက်သည်။ ကောင်းကင်တစ်ခုလုံးက တင်းပုတ်ချက်အောက်၌ ဖိန့်ဖိန့်တုန်သွားရသည်။
တစ်ဖက်တွင်မူ ချူးယွင်ဖန်းက တုတ်တုတ်မျှပင်မလှုပ်ပေ။ ထိုတင်းပုတ်ကြီးကို မဖြုန်သည့်အလားပင်။ တင်းပုတ်ကြီးဖြင့်ချူးယွင်ဖန်း၏ခန္ဓာကိုယ်တို့ ဆုံသွားသည့်အခိုက်အတန့်တွင် သတ္တုကွဲအက်သွားသံ ထွက်ပေါ်လာသည်။ ကျယ်လောင်လှသောအသံကြီးက ခုန်းလုံတစ်ခွင်လုံး၌ ပျံ့နှံ့သွားသည်။ အားလုံးက ချူးယွင်ဖန်းးတစ်ယောက် တုတ်တုန်မျှမလှုပ်သည်ကိုကြည့်ကာ အံ့ဩနေကြသည်။
"လှည့်ကွက်လေးတစ်ခုပဲကိုး။"
ချူးယွင်ဖန်းးက လေထဲသို့လက်ညှိုးညွှန်လိုက်သည့်အခါ၌ ချက်ချင်းဆိုသလိုပင် ဓားအလင်းတန်းသည် လက်ညှိုးထိပ်မှ ထွက်ပေါ်လာပြီး ချက်ချင်းပင်လူရိုင်းကြီး၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။
ဘုန်း
ပုံရိပ်ယောင်လူရိုင်းကြီးကချက်ချင်းပင် လေထဲ၌ ပေါက်ကွဲထွက်သွားလေသည်။
ဘုန်း.....
ကျင်ကျန်းဟန်စစ်သည်တော်များသည်လည်း မူလနေရာသို့ ပြန်ဆုတ်သွားကြပြီး ပါးစပ်မှ သွေးများအန်ထွက်လာလေသည်။ မိမိတို့ဖန်တီးထားသောပုံရိပ်ယောင်သည် ချူးယွင်ဖန်းး၏တစ်ကွက်တည်းဖြင့် ပျက်စီးသွားသည်။ မျက်ဝန်းအကြည့်တို့က မယုံကြည်ခြင်းများစွာဖြင့် ပြည့်နှက်နေပြီး ချူးယွင်ဖန်းးက ထိုမျှထိစွမ်းနိုင်လိမ့်မည်ဟုလည်း မျှော်လင့်မထားခဲ့ကြပေ။
ကြောက်ဖွယ်ကောင်းလှပေသည်။
စိတ်ထဲတွင် အတွေးတစ်ခုသာ ဝင်လာသည်။ ချူးယွင်ဖန်းးဆိုသောကလေးက ကြောက်စရာကောင်းလှသည်။ ထိုကလေးကို မနိုင်နိုင်ဟု တွေးလိုက်မိကြသည်။ ထိုခံစားချက်မျိုးက ရွှေအမတေတစ်ယောက်ကို ရင်ဆိုင်ရသည့်အခါမှသာ ပေါ်လာသည့်ခံစားချက်မျိုး ဖြစ်သည်။
အချို့သူများက အချင်းချင်း အပြန်အလှန်ကြည့်လိုက်ကြသည်။ ရုတ်ချည်းဆိုသလိုပင် ထိုသူများထဲမှတစ်ယောက်က အော်ပြောလိုက်၏။
"သေတဲ့အထိတိုက်ကြမယ်။ သွေးကျိန်စာသုံးပြီး သူ့ကိုသတ်ရအောင်။"
ထိုသူများက အော်လိုက်သောသူဘာစဉ်းစားနေသည်ကို ချက်ချင်းနားလည်သွားသည်။ သွေးကျိန်စာဆိုသည်မှာ မိမိတို့မွေးရပ်မြေ၌ ကြောက်စရာအကောင်းဆုံးသောကျိန်စာတစ်မျိုးဖြစ်သည်။ သုံးလိုက်လျှင် လူသားကိုသာမက နတ်ဘုရားကိုပါ ဖျက်စီးနိုင်စွမ်းရှိသည်။ သို့သော်လည်း တစ်ခါသုံးလိုက်သည်နှင့် တန်ကြေးကြီးကြီးမားမား ပြန်လည်ပေးဆပ်ရမည်။ မိမိတို့ကို ချူးယွင်ဖန်းးက ထိုအတိုင်းအတာအထိ ဖိအားမပေးလျှင် မိမိတို့လည်း သုံးရန်မလိုပေ။
ထိုသူများ၏ခန္ဓာကိုယ်မှ သွေးကဲ့သို့ အနီရောင်အလင်းတန်းများ ထွက်လာသည်။ ထိုသူများ၏ ရှိရင်းစွဲကြောက်စရာကောင်းလှသည့် တိုက်ပွဲစွမ်းအားသည် ချက်ချင်းဆိုသလိုပင် အဆပေါင်းများစွာ မြင့်တက်သွားသည်။ တစ်ဦးတစ်ယောက်ချင်းစီက တမန်တော်များထက်ပင် လျော့သည်ဟု မရှိကြပေ။ အမှန်တွင် တမန်တော်များထက်ပင် အားကောင်းကြသေး၏။ထိုသူများ၏အင်အားက ပေါင်းစည်းသွားပြီး တိုက်ခိုက်မှုမျိုးစုံသည် သွေးနီရောင်စွမ်းအားအဖြစ် ပြောင်းလဲသွားကာ ချူးယွင်ဖန်းးထံသို့ စွမ်းအားစီးကြောင်းအဖြစ် ဦးတည်သွားလေသည်။
"ကိုယ့်ဘာသာကို အထင်ကြီးနေကြတာပဲ။"
ချူးယွင်ဖန်းးက မထုံတတ်သေးပင် ပြောနေပြန်သည်။ ထို့နောက်တွင် လက်ဆန့်ထုတ်ပြီး စွမ်းအားစီးကြောင်းကို ဖမ်းဆုပ်ကာ တစ်စစီဖြစ်အောင် ချေမွပစ်သည်။
"မဖြစ်နိုင်တာ...."
မိမိတို့၏တိုက်ခိုက်မှုက ချူးယွင်ဖန်းးအတွက် ဘာမှမဟုတ်သည့်အတိုင်း ဖြစ်နေလိမ့်မည်ဟု ထိုသူများ မထင်ထားမိပေ။ ထိုအချိန်တွင် ချူးယွင်ဖန်းးသည် ထိုသူများထဲမှတစ်ယောက်ရှေ့တွင် ပေါ်လာပြီး လက်ချောင်းကို ဓားအဖြစ်သုံးကာ ထိုသူ၏ခေါင်းကို ဖြတ်၍ ကန်ထည့်လိုက်သည်။ လုပ်ဆောင်ချက်က ရိုးရှင်းသည်။ ချူးယွင်ဖန်းးသည် ထိုအဆင့်ကို ပေါ့ပေါ့ပါးပါးပင် လုပ်ဆောင်သွားခြင်းဖြစ်သည်။ တစ်ယောက်သတ်ပြီး ရပ်မသွားဘဲ အခြားတစ်ယောက်ကို သွားသတ်သည်။ လှုပ်ရှားမှုများကလည်း မသေမျိုးနတ်ဘုရားတစ်ပါး ကောင်းကင်၌ လမ်းလျှောက်ထွက်နေသည့်အတိုင်းပင် ဖြစ်သည်။ ထိုအကွက်သည် ကောင်းကင်ဘုံးကိုးဘုံနတ်အဆင့်ပြောင်းလဲခြင်းဟု ခေါ်သည်။ ယခင်က ချူးယွင်ဖန်းးသည် ထိုကျင့်စဉ်၏ ပြောင်းလဲမှုအချို့ကိုသာ ထုတ်ပြနိုင်ခဲ့သည်။ ထိုကျင့်စဉ်ကိုအသုံးပြုသူသည် မြင့်မားသောလိုအပ်ချက်ရှိရန် လိုအပ်သောကြောင့်ပင် ဖြစ်၏။ သို့သော်လည်း ယခုတွင်မူ မတူတော့ပေ။ ချူးယွင်ဖန်းးသည် ထိုကျင့်စဉ်ကို အပြည့်အဝအသုံးချနိုင်လာသည်။ အစဦးနှင့် လုံးဝကွဲပြားနေ၏။ အေးဆေးသက်သာစွာလျှောက်လာရင်းဖြင့် နောက်တစ်ယောက်ရှေ့တွင် ပေါ်လာသည်။
ရွှက်....
နောက်ထပ်ဓားအလင်းတန်းတစ်ခုက ဖျပ်ခနဲလင်းလက်သွားပြီး ချက်ချင်းဆိုသလိုပင် ကျင်ကျန်းဟန်၏နောက်ထပ် ခြေလှမ်းတစ်ဝက်အမနောက်တစ်ယောက်ကို ထပ်သတ်ပစ်လိုက်သည်။
"သေစမ်း တော်တော့...."
ထိုအချိန်တွင် ဘိုးဘေးဝူရှန်းလည်း ဆက်၍သည်းမခံနိုင်တော့ပေ။ ချူးယွင်ဖန်းးကိုသာ စိတ်ရှိတိုင်းသတ်ခွင့်ပေးထားပါလျှင် ကြောက်စရာကောင်းသောနောက်ဆက်တွဲများ ဖြစ်လာနိုင်သည်။
နောင်တွင် ကျင်ကျန်းဟန်၌ မိမိက ဘယ်မျက်နှာကို သွားပြရမှာလဲ?
ဘိုးဘေးဝူရှန်းက ချက်ချင်းပင် ချူးယွင်ဖန်းးရှေ့သို့ ရောက်လာပြီး ချူးယွင်ဖန်းးကို တိုက်ခိုက်လိုက်သော်လည်း ထိုတိုက်ခိုက်မှုက ချူးယွင်ဖန်းး၏အရိပ်ကိုသာ တိုက်ခိုက်မိသွားသည်။ အဘယ့်ကြောင့်ဆိုသော် ချူးယွင်ဖန်းး၏ခန္ဓာကိုယ်အစစ်က နောက်ထပ်ကျင်ကျန်းဟန်စစ်သည်တော်တစ်ဦးရှေ့တွင် ရောက်နှင့်နေပြီးဖြစ်ပြီး ခေါင်းပင်ဖြတ်လိုက်လေသည်။ အသက်တစ်ချက်ရှူစာအတွင်း၌ပင် ချူးယွင်ဖန်းးက စစ်သည်တော်နှစ်ယောက်ကို သတ်ပစ်သည်။ ချက်ချင်းပင် ကျန်သောစစ်သည်တော်များ ဆုတ်သွားကြတော့၏။ မိမိတို့သည် တုံးကြသည်ဆိုသောငြားလည်း အခြေအနေကို ရှင်းလင်းစွာ နားလည်နိုင်သည်။ မိမိတို့သည် ချူးယွင်ဖန်းးကို လျှော့တွက်ခဲ့မိသည်။
"မင်းတို့က ဆုတ်ချင်ကြတာလား။ နောက်ကျသွားပြီကွ...."