တစ်မြို့လုံးထိတ်လန့်သွားရလေပြီ
Vol. 86 Ch. 1283
ချူးယွင်ဖန်းးသည် ထိုစကားကို စိတ်အေးလက်အေးဖြင့်သာ ပြောလိုက်သော်လည်း အပြုအမူကမူ မြန်ဆန်လွန်းလှသည်။ သာမန်သူ၏မျက်လုံးထဲတွင် သူ၏လှုပ်ရှားပုံများက မြန်ဆန်နေသည့်ပုံမပေါက်ဘဲ ပျင်းရိလေးတွဲနေပုံပေါက်သည်။ သို့သော်လည်း ထိုသိုလှုပ်ရှားမှုမျိုးဖြင့်ပြင် ခြေလှမ်းတစ်ဝက်ရွှေအမတေများကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်နေသည်။ ချက်ချင်းဆိုသလိုပင် တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရတော့သည်။ ကျန်ရှိသောကျင်ကျန်းဟန်စစ်သည်တော်များသည် ချက်ချင်းဆုတ်ကာ ထွက်ပြေးကြတော့သည်။ သို့သော်လည်း ချူးယွင်ဖန်းးလောက် မမြန်နိုင်ရှာပေ။ ချက်ချင်းပင် သူသည် ကောင်းကင်ကို ဖြတ်ကျော်ပျံဝဲလာပြီး ထိုသူများရှေ့သို့ ရောက်လာသည်။
ရွှက်.....
ကျင်ကျန်းဟန်စစ်သည်တော်တစ်ယောက်၏ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်သွားသည်။ မကြာခင်ပင် ချူးယွင်ဖန်းးက အခြားတစ်ယောက်ရှေ့တွင် ပေါ်လာသည်။ ဘိုးဘေးဝူရှန်းသည် နောက်မှလိုက်နေသော်လည်း ချူးယွင်ဖန်းး၏အရှိန်နှုန်းကိုလိုက်မမှီနိုင် ဖြစ်နေသည်။ ချူးယွင်ဖန်းးက ကျင်ကျန်းဟန်စစ်သည်တော်များကို တစ်ယောက်ပြီးတစ်ယောက် သတ်နေသည်ကိုသာ မြင်ရသည်။
"သေစမ်း ရပ်လိုက်တော့လို့....."
ဘိုးဘေးဝူရှန်းတစ်ယောက် အော်ဟစ်ပြီးတားနေသော်လည်း အသုံးမဝင်ပေ။ သူသည် ချူးယွင်ဖန်းးကို မတားနိုင်ပေ။ ချူးယွင်ဖန်းးလူသတ်နေသည်ကိုသာ ကြည့်နေရသည်။ ခဏအတွင်းပင် ချူးယွင်ဖန်းးက စစ်သည်တော်တစ်ဝက်ကို သတ်ပြီးဖြစ်လေသည်။ ထိုစစ်သည်တော်များသည် မျက်လုံးအပြူးသားဖြင့် သေသွားကြရသည်။ ထိုသူများတွင် လှပလှသောတဝေမြေတွင် အကြောင်းမဲ့လုယက်ပြီး မိမိတို့စိတ်ဆန္ဒများကို ကျေနပ်စေနိုင်လိမ့်မည်ဟု တွေးထားခဲ့ကြသည်။
ထိုနေရာ၌ သေရလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
ထို့အပြင် အားလုံးသည် ချူးယွင်ဖန်းးထံမှသတ်ခံလိုက်ရခြင်းဖြစ်သည်။ တစ်မြို့လုံးသည်လည်း တိတ်ဆိတ်ငြိမ်သက်နေသည်။ ကျွမ်းကျင်သူများကလည်း ချူးယွင်ဖန်းးကိုသာ မယုံကြည်နိုင်သောအကြည့်မျိုးဖြင့် မကောင်းဆိုးဝါးတစ်ကောင်ကို မြင်ရသည့်အလား ကြည့်နေကြသည်။ ချူးယွင်ဖန်းး၏အင်အားက ကြောက်ခမန်းလိလိပင်။ ဖိနှိပ်သည်ဟုသောအဆင့်ထက်ပိုပြီး ခြေလှမ်းတစ်ဝက်ရွှေအမတေတစ်ယောက်ကို ပုရွက်ဆိတ်တစ်ကောင်သာသာ သတ်ပစ်လိုက်သည်။ ထိုဖြစ်ရပ်က မိမိတို့ကို သူ၏အင်အားနှင့်နည်းလမ်းများသုံး၍ အနိုင်ယူခဲ့စဉ်ကထက် ပို၍တုန်လှုပ်စရာကောင်းလှသည်။ ပုံမှန်ဆိုလျှင် အကြောက်တရားကို ခံစားရမည်ဖြစ်သော်လည်း ယခုတွင်မူ ချူးယွင်ဖန်းးကို မိမိတို့၏မျှော်လင့်ချက်အဖြစ် မြင်လာကြသည်။
ဘိုးဘေးဝူရှန်းသည် ခုန်းလုံမှ အားလုံးကို သုတ်သင်ပစ်မည်ဟု ကြေညာခဲ့စဉ်က ထိုသူများသည် ချူးယွင်ဖန်းးကို ကယ်တင်ရှင်အဖြစ် မြင်ခဲ့မိသည်။ မြို့ဝန်အန်းကော်စံအိမ်၌ မြို့ဝန်အန်းကော်၊ အ န်းကျန့်ကော၊ အန်းရှို့ရှို့နှင့် လူတချို့သည် ချူးယွင်ဖန်းးတစ်ယောက် ကောင်းကင်၌လူသတ်နေသည်ကို မော့ကြည့်နေမိကြသည်။ အန်းကျန့်ကော်က ပြောလိုက်မိ၏။
"ဒါက ချူးယွင်ဖန်းးရဲ့ အင်အားအစစ်အမှန်လား။"
ချူးယွင်ဖန်းးဖြင့် မကြာသေးခင်က တိုက်ခိုက်ဖူးခဲ့သော်လည်း ချူးယွင်ဖန်းး၏အင်အားသည် အချိန်တိုအတွင်း၌ ထိုမျှထိခုန်တက်သွားလိမ့်မည်ဟု မထင်ထားပေ။ တစ်ခုတည်းသောဖြစ်နိုင်ချေမှာ ချူးယွင်ဖန်းးသည် နဂိုကတည်းက ထိုသို့အင်အားမျိုးရှိပြီး ဖုံးကွယ်ထားခြင်းသာ ဖြစ်ပေမည်။ ချူးယွင်ဖန်းးကို စိန်ခေါ်ပြီး ယှဉ်ပြိုင်ချင်သည့်အကြောင်းကို စဉ်းစားမိသောအခါ၌ ရယ်စရာကောင်းသောကိစ္စဟု တွေးလိုက်မိသည်။ ကျင်ကျန်းဟန်စစ်သည်တော်တစ်ဦးသည် မြို့ဝန်အန်းကော်စံအိမ်တစ်ခုလုံးကို သုတ်သင်ပစ်နိုင်သည်။ သို့သော်လည်း ချူးယွင်ဖန်းးဖြင့် ရင်ဆိုင်ရသောအခါ၌မူ ဘာမှမဟုတ်တော့ပေ။
"ဒီကလေးက သူ့အင်အားကို ဖုံးထားတာပဲ။ သူဒီလောက် ကြောက်စရာကောင်းတာ ဘယ်သူသိမှာလဲ။"
မြို့ဝန်အန်းကော်တစ်ယောက်မှ မယုံကြည်နိုင်ဖြစ်နေရသည်။ ထိုအချိန်တွင် အကြောက်တရားကိုလည်း ခံစားမိသည်။ ကံကောင်းစွာဖြင့် ယခင်က ချူးယွင်ဖန်းးကို မစော်ကားမိဘဲ အကြိုက်လိုက်ခဲ့သည်မှာ ကံကောင်းသည်ဟု တွေးလိုက်မိသည်။ ကံကောင်းသွားခြင်းသာ ဖြစ်သည်။
"အထူးသဖြင့် မင်း ရှို့ရှို့။ မင်းသူ့ဆီကနေသင်ယူဖို့ အခွင့်အရေးကောင်းပဲ။"
သမီးဖြစ်သူ အန်းရှို့ရှို့ကို ကြည့်ပြီး ပြောလိုက်သည်။ မည်သူမှ ထိုအဆင့်ထိရှိသောဆရာထံမှလမ်းပြမှုကို ရနိုင်ကြမည်မဟုတ်ပေ။ ချူးယွင်ဖန်းးအသက်ကိုကြည့်ပြီး သူ၏ကျင့်စဉ်ကိုလည်း အထင်မသေးရဲတော့ပေ။ ထိုအဆင့်သည် သာမန်သူများရောက်နိုင်သောအဆင့်မျိုး မဟုတ်ပေ။
"တကယ့်ယောက်ျားဆိုတာ အဲ့လိုမျိုး ဖြစ်နေရမှာ။"
အန်းရှို့ရှို့က အတော်ကြာပြီးမှ ပြောလိုက်သည်။
နောက်ဆုံးတွင်မူ ချူးယွင်ဖန်းးသည် အဘယ့်ကြောင့် မြို့ဝန်ကျုံးရှင်း၏ဆက်ခံသူနေရာဖြင့်နှင့်ပတ်သက်ပြီး အဖက်မလုပ်သည်ကို နားလည်သွားတော့သည်။ ချူးယွင်ဖန်းး၏ နတ်ဘုရားစွမ်းအားနှင့် နှိုင်းစာလျှင် ထိုနေရာက ဘာမှမဟုတ်တော့ပေ။ တဝေမှမျိုးရိုးစဉ်ဆက်သက်ဆင်းလာသူများကြားတွင် ထိုရာထူးကို ဆက်ခံခြင်းက အောင်မြင်မှုကြီးဟု ပြောလျှင် ရယ်စရာဖြစ်ပေလိမ့်မည်။
ကုန်ကုန်ပြောရလျှင် မြို့ဝန်၊ မြို့စားနှင့် ဘုရင်ပင်လျှင် ချူးယွင်ဖန်းးရှေ့၌ မောက်မာရဲမည်မဟုတ်တော့ပေ။ သူ့ကို ဂုဏ်သရေရှိဧည့်သည်တစ်ဦးအဖြစ် ဆက်ဆံရတော့မည်သာ ဖြစ်၏။ ချူးယွင်ဖန်းး၏အသက်အရွယ်၌ သူ၏အနာဂတ်ခရီးလမ်းက အကန့်အသတ်မဲ့ရှေ့ဆက်ရပေဦးမည်။ ထိုအရာကသာ အစစ်အမှန်အာဏာဖြစ်၏။ အာဏာဟုခေါ်သောအရာသည်လည်းချူးယွင်ဖန်းးရှေ့၌မူ ဘာမှမဟုတ်တော့ပေ။
"ချူးယွင်ဖန်းးက သူ့ရဲ့အင်အားကို ဖုံးထားတာပဲ။"
ထိုအချိန်၌ ဖုဝမ်ထိုက်သည် မိမိဘာသာ ပြောလိုက်မိ၏။ သူ့အပြင် ယွီရွှမ်ဖေးနှင့်အခြားသူများသည်လည်း စိတ်လှုပ်ရှားသွားကြသည်။ ချူးယွင်ဖန်းးက ပို၍အင်အားကြီးလေလေ မိမိတို့ အကယ်တင်ခံရမည့်အခွင့်အရေးက ပိုများလာလေလေပင် ဖြစ်သည်။
"အရင်တုန်းက သူဘာကိုမှဂရုမစိုက်တာလည်း အံ့ဩစရာမရှိတော့ပါဘူး။ ဘိုးဘေးဝူရှန်းကိုတောင်မှ သူက မဖြုံဘူးလေ။"
ယွီရွှမ်းဖေးက ဝမ်းပန်းတသာဖြင့် ပြောလိုက်လေသည်။
ချူးယွင်ဖန်းး၏အင်အားနှင့်ယုံကြည်ချက်ဖြင့်ဆိုလျှင် ဘိုးဘေးဝူရှန်းကို မနိုင်နိုင်လျှင်ပင် ဖယ်ရှားနိုင်သေးသည်။ သို့သော်လည်း ထိုသူများသည် ထိုမျှထိအားကောင်းသော်လည်း ရွှေအမတေအဆင့်သို့မဝင်သော ချူးယွင်ဖန်းးကို နားမလည်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ ချူးယွင်ဖန်းးက ရွှေအမတေအဆင့်ထိယှဉ်နိုင်သည့်နတ်စွမ်းအားမျိုးကို မထုတ်လွှတ်သေးပေ။ သို့သော်လည်း ရွှေအမတေအဆင့်သို့မရောက်ခင်တွင်ပင် ထိုမျှထိကြောက်စရာကောင်းနှင့်နေပြီဖြစ်သည်။
ချူးယွင်ဖန်းးက အားလုံး၏မျက်လုံးထဲမှ မြူကိုရှင်းပြီး လောကအသစ်တစ်ခုဆီသို့သွားနိုင်သည့်တံခါးကို ဖွင့်လှစ်ပေးလိုက်သည်ဟု ယွီရွှမ်ဖေးခံစားမိသည်။ သူသည် ရွှေအမတေအဆင့်သို့ မရောက်လျှင်ပင် အားကောင်းနေဆဲဖြစ်သည်။ သို့သော်လည်း ချက်ချင်းပင် ခါးသက်စွာ ပြုံးလိုက်မိ၏။ ချူးယွင်ဖန်းးသာမရှိလျှင် မိမိတို့အားလုံးသုတ်သင်ခံရမည်သာဖြစ်သည်။ မည်သူမှ ထိုသူကဲ့သို့ လုပ်နိုင်မည်မဟုတ်ပေ။
ထိုအချိန်တွင်မူ ချူးယွင်ဖန်းးက စစ်သည်တော်အားလုံးကိုသတ်ပြီးဖြစ်ကာ လမ်းတစ်ဝက်၌ ရပ်သွားသည်။ ထို့နောက်တွင် ဘိုးဘေးဝူရှန်းကို ကြည့်ပြီး ပြောလိုက်သည်။
"ဒါက ခင်ဗျားပူးပေါင်းချင်နေတဲ့ကျင်ကျန်းဟန်တိုင်းပြည်ရဲ့အင်အားလား။ ဘာမှလည်းမဟုတ်ဘူး။"
"သေစမ်း သေစမ်း သေစမ်း...."
ဘိုးဘေးဝူရှန်းသည် စိတ်တိုလွန်းသဖြင့် ထပ်ခါတလဲလဲအော်လိုက်မိ၏။ ဒေါသထွက်လွန်းသဖြင့် သွေးကြေများပင် ပေါက်ကွဲမတတ် ဖောင်းကာလာကာ နှလုံးကလည်း ကြမ်းတမ်းအားကောင်းစွာဖြင့် ဆူပွက်လာသည်။ ချူးယွင်ဖန်းးက သူ၏လူများက သူ့ရှေ့၌ပင် တစ်ယောက်ပြီးတစ်ယောက်လိုက်သတ်နေသည်ကို ကြည့်နေရသည်။ ထိုလုပ်ရပ်က မိမိ၏အင်္ကျီကော်လံကိုဆွဲပြီး ပါးကိုဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားရစေသည်။
"မင်းလိုကောင်စုတ်လေးက ကျင်ကျန်းဟန်ရဲ့အင်အားအစစ်အမှန်ကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ မင်းကို သတ်ပစ်မယ်ကွ..."