ဘိုးဘေးဝူရှန်းဒဏ်ရာရသွားပြီ
Vol. 86 Ch. 1284
ကျင်ကျန်းဟန်စစ်သည်တော်များသည် ချူးယွင်ဖန်းး၏ရက်စက်ကြမ်းကြုတ်လှသောသတ်ဖြတ်ခြင်းကို ကြည့်ကာ လွန်စွာမှ အလန့်တကြားဖြစ်သွားရသည်။ အထူးသဖြင့် ထိုသူတို့က အခြားသူများကို ဟင်းရွက်ကန်စွန်းသာသာသာသဘောထားပြီး စိတ်ရှိတိုင်းသတ်ဖြတ်တတ်သူများ ဖြစ်ကြသည်။ သို့သော်လည်း ယခုတွင်မူ ချူးယွင်ဖန်းးဖြင့် တွေ့လေပြီ။ ချူးယွင်ဖန်းး၏ရက်စက်ကြမ်းကြုတ်မှုက မိမိတို့စိတ်ကူးထားသည်ထက် ပို၍ကြောက်စရာကောင်းသည်။ ကြောက်စရာကောင်းလွန်း၍ တုန်ပင်တုန်သွားကြ၏။ လူသတ်သည့်အခါ၌ စိတ်ထဲမှပြုံးမိသောအပြုံးမျိုးဖြင့်လည်း လုံးဝမတူပေ။ ချူးယွင်ဖန်းးက လူသတ်သည့်အခါ၌ မျက်နှာထားက အေးတိအေးစက်နိုင်လှသော်လည်း ထိုသို့လုပ်လေလေ ပို၍ပင် ကြောက်စရာကောင်းလာလေလေ ဖြစ်၏။ ထို့နောက်တွင် ချူးယွင်ဖန်းး၏ပုံရိပ်သည် လေထဲ၌ ပုံရိပ်များစွာအဖြင့် ခွဲဖြာထွက်သွားသည်။ မုန်တိုင်းတစ္ဆေကိုးကောင်ပင် ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် ထိုပုံရိပ်များက ခြေလှမ်းတစ်ဝက်ရွှေအမတေစစ်သည်တော်များ ရှေ့သို့ ခုန်ပျံထွက်သွားကြသည်။
ရွှက်
ရွှက်
ရွှက်
ချူးယွင်ဖန်းးက လက်လေးတစ်ချောင်းတည်းကိုသာသုံးပြီး ထိုစစ်သည်တော်များကို လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့်ကန်လုပ်နေသည်။ ကျင်ကျန်းဟန်ကို လွှမ်းမိုးနိုင်ပြီး လူပေါင်းများစွာကို ကြောက်ဒူးတုန်စေခဲ့သည့် ထိုလူသတ်နတ်ဘုရားများသည် ချူးယွင်ဖန်းး၏တစ်ချက်ကိုပင် ခံနိုင်ရည်မရှိကြပေ။ ချူးယွင်ဖန်းး၏သတ်ဖြတ်နိုင်စွမ်းက ကြောက်စရာကောင်းလှသည်။ တမန်တော်များ ကျူးကျော်သည်ကနှင့်နှိုင်းစာလျှင် အတော်အတန်ခြားနားနေသည်။ လောကတစ်ခုစာမျှခြားနားသည်ဟုပင် ဆိုနိုင်ပေသည်။ ချူးယွင်ဖန်းးက ထိုခြေလှမ်းတစ်ဝက်ရွှေအမတေများကို အလွယ်လေးပင် သုတ်သင်လိုက်နိုင်သည်။ ချူးယွင်ဖန်းး၏သတ်ဖြတ်ခြင်းပြီးသွားသည်နှင့် တစ်မြို့လုံး အတိငြိမ်ကျသွားသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောကျွမ်းကျင်သူများကလည်း လုံးဝပင် ကြောင်အမ်း၍ ကြည့်နေမိကြသည်။
ကျန်းလင်နှင့်အခြားသူများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် အော်မိမတတ်ဖြစ်သွားရသည်။ ခဏလေးအတွင်းပင် ချူးယွင်ဖန်းးက ခြေလှမ်းတစ်ဝက်ရွှေအမတေတစ်ဝက်မကကို သုတ်သင်ပစ်လိုက်သည်။ ကျန်သောတစ်ဝက်က အရေအတွက်အားဖြင့် သာနေဆဲဖြစ်သော်လည်း ထိုသူများသည်လည်း ယခင်က လွှမ်းမိုးခံရခြင်းမျိုးကို မကြုံခဲ့ဖူးကြပေ။ ယခုဖြစ်ရပ်က ခဏလေးအတွင်းပင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
လူများစွာ၏စိတ်ထဲတွင် မယုံကြည်နိုင်လောက်သောအတွေးတစ်ခု ပေါ်လာသည်။ မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်းးက ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်သာဖြစ်သည်ကို မည်သို့မှ လက်မခံနိုင်တော့ပေ။ မိမိတို့အားလုံးကလည်း ခြေလှမ်းတစ်ဝက်ရွှေအမတေများဖြစ်ကြသောကြောင့် ထိုအဆင့်၏အကန့်အသတ်ကို ကောင်းစွာသိသည်။ ချူးယွင်ဖန်းးပြသလိုက်သော ကြောက်စရာကောင်းလှသည့်အင်အားသည် ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်ထက် သာပြီး သူသည် ရွှေအမတေအဆင့်သို့ ဝင်ရောက်နှင့်ပြီးသား ဖြစ်ပေမည်။ ထိုအကြောင်းကို စဉ်းစားမိလိုက်သဖြင့် အားလုံးက ချူးယွင်ဖန်းးကို မယုံကြည်နိုင်စွာဖြင့် ငေးမောနေမိကြသည်။
ချူးယောင်ဝေ့က ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါတွင် မျက်နှာက ချက်ချင်းဆိုသလိုပင် နီရဲသွားသည်။ စိတ်လှုပ်ရှားလွန်းသောကြောင့် တစ်ခွန်းမှပင် မဟနိုင်တော့ပေ။
ကျေနပ်စရာကောင်းတယ်....အရမ်းကို ကျေနပ်စရာကောင်းတယ်.....
အထူးဖြင့် ချူးယွင်ဖန်းးက ရန်သူများကို ဖရဲသီးလှီးသကဲ့သို့ အလွယ်လေးပင် သတ်ဖြတ်နေသည်ကို မြင်လိုက်ရသောအခါတွင်ဖြစ်ပြီး အော်ဟစ်ပစ်ချင်မိသည်။
"မင်း...."
ဘိုးဘေးဝူရှန်းတစ်ယောက်ကမူ စိတ်တိုလွန်းဖသြင့် ကြောက်စရာကောင်းသောမျက်လုံးအကြည့်ကြီးဖြင့် ကြည့်လိုက်သည်။
"ငါက ကန်းနေတာပဲ။ မင်းမှာ အဲ့လောက်စွမ်းအားရှိမယ်လို့ မထင်ခဲ့မိဘူး။"
ဘိုးဘေးဝူရှန်းသည်ပင် ချူးယွင်ဖန်းးကို မယုံကြည်နိုင်စရာကောင်းစွာဖြင့် ကြည့်နေမိသည်။ အားလုံးသည်လည်း ထိုသို့ပင်ဖြစ်သည်။ ချူးယွင်ဖန်းး၏အင်အားအစစ်အမှန်သည် မိမိတို့စိတ်ကူးထားသည်ထက် များစွာသာလွန်နေသည်ကို သိသွားကြသည်။
"ဒါပေမဲ့လို့ မင်းအင်အားကို မင်းဘယ်နေကရလာလဲဆိုတာကို ငါမသိဘူး။ မင်းအဆင့်နဲ့ တကယ့်ရွှေအမတေတစ်ယောက်ကို ယှဉ်နိုင်မယ်လို့ထင်လား။"
ဘိုးဘေးဝူရှန်းက အော်ဟစ်ပြောဆိုလိုက်သည်။
ချူးယွင်ဖန်းး၌ ရွှေအမတေတစ်ယောက်ပိုင်ဆိုင်ထားသော စွမ်းအားအတက်အကျမျိုးမရှိသည်ကို မြင်နိုင်သည်။ သူသည် တိုက်ပွဲစွမ်းအားက တစ်ဟုန်ထိုးတိုးမြင့်သွားပြီး ရွှေအမတေအဆင့်သို့ရောက်သွားသောသူမျိုး ဖြစ်ပေမည်။ ထိုသို့သည်မျိုးက ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်အတွက်ဆိုလျှင် လွန်စွာကြောက်စရာကောင်းလှမည်။ သို့သော်လည်း မိမိနှင့်တိုက်ခိုက်ရန်ကမူ မလုံလောက်ပေ။
"အဲ့လိုဆိုလည်း စမ်းကြည့်လေ။"
ချူးယွင်ဖန်းးက ခနဲ့ပြီး ပြန်ပြောလိုက်သည်။
ဘုန်း
ဘိုးဘေးဝူရှန်းတစ်ယောက် ပေါက်ကွဲထွက်မတတ် ဒေါသထွက်လာသည်။ ခန္ဓာကိုယ်ထဲမှစွမ်းအားများက ပွက်ပွက်ဆူနေပြီး ကြောက်စရာကောင်းလှသောမကောင်းဆိုးဝါးမီးတောက်အသွင်သို့ ပြောင်းသွားသည်။ ရွှေရောင်မီးတောက်များ တောက်လောင်နေသကဲ့သို့ ပြိုင်စံရှားစွမ်းအားနှင့်အငွေ့အသက်မျိုးကို ထုတ်ဖော်နေသည်။ သူသည် ရွှေအမတေစစ်စစ်ပင် ဖြစ်လေသည်။ သာမန်နတ်စွမ်းအားအဆင့်များကိုပင် ဖိန့်ဖိန့်တုန်အောင် ကြောက်သွားစေသောတည်ရှိမှုမျိုး ဖြစ်သည်။ သူသည် စကြာဝဠာကို ထိန်းချုပ်နိုင်ပြီး သာမန်သူများကို အထင်သေးနိုင်သည်။ အမှန်တကယ်လှုပ်ရှားပါလျှင် ကောင်းကင်နှင့်မြေကြီးကိုပင် တစ်စစီဖြစ်အောင်လုပ်နိုင်သောအစွမ်းရှိသူမျိုး ဖြစ်သည်။
"ဒီလိုဆိုမှတော့ ချူးယောင်ဝေ့ကိုမသတ်ခင် မင်းကိုအရင်သတ်ရတာပေါ့။"
ဘိုးဘေးဝူရှန်းက လေထဲမှနေပြီး ကြေးဓားတစ်လက်ကို ဆွဲယူလိုက်သည်။ ကြောက်စရာကောင်းလှသောဓား၏အလင်းတန်းများက အရပ်မျက်နှာအနှံ့ပျံ့နှံ့သွားသည်။ ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်မှ စွမ်းအားအငွေ့အသက်တို့က ပွက်ပွက်ဆူလာပြီး ကြီးမားလှသည့်ဓားအသွင်သို့ ပြောင်းသွားသည်။ ကြီးမားလျသောဓားကြီးဆီမှ မရေမတွက်နိုင်သောဓားအလင်းများ ထွက်ပေါ်လာသည်။ ကြောက်စရာကောင်းလှသည့် ဓားအလင်းသောင်းချီက တစ်ခုတည်းသောဓားအလင်းတန်းအဖြစ် ပေါင်းစည်းသွားပြီး ချူးယွင်ဖန်းးရှိရာသို့ အပြေးဝင်လာသည်။ ချူးယွင်ဖန်းးသည် ထိုအင်အားကို ချက်ချင်းခံစားမိသော်လည်း ထွက်လည်းမပြေးသကဲ့သို့ ရှောင်လည်းမရှောင်ပေ။ ကောင်းကင်ပေါ်မှ မိမိထံသို့ ဆိုက်ရာလာမည့်ဓားအလင်းတန်းကို မြင်နေရသည်။ လောကကြီးကိုဖျက်ဆီးပစ်တော့မည်ကဲ့သို့ ကြောက်စရာကောင်းလှသောလေကို ပိုင်းဖြတ်သံကိုလည်း ကြားနေရသည်။
ဝမ်ဟွမ်နှင့်နှိုင်းစာလျှင် ဘိုးဘေးဝူရှန်းက ပိုပြီးကြောက်စရာကောင်းလှသည်။ ဝမ်ဟွမ်ထက်လည်းအဆပေါင်းများစွာ အားကောင်းသည်။ နှစ်ယောက်လုံးက ဓားကျွမ်းကျင်သူများဖြစ်သော်လည်း ဘိုးဘေးဝူရှန်းက ဝမ်ဟွမ်ထက်ပို၍ခြေလှမ်းသွက်သည်။ ချူးယွင်ဖန်းးဘက်ကလည်း လှုပ်ရှားလိုက်သည်။ ချက်ချင်းပင် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး နောက်ဆုံးကာ ဗိုက်ကိုချိန်ပြီး တည့်တည့်ထိုးချပစ်သည်။ နောက်တွင် ချက်ချင်းပင် ကြီးမားသောအရှိန်အဟုန်တစ်ခု ပေါ်လာသည်။ ထိုရွှေရောင်တောက်တောက်အရှိန်အဟုန်သည် တစ်လောကလုံးကို တိုက်ပွဲမြေပြင်အဖြစ် ပြောင်းသွားစေသည်။
"ဒါက ဘာကျင့်စဉ်ပါလိမ့်။"
ချက်ချင်းဆိုသလိုပင် ပြန်မတိုက်နိုင်ခင်တွင်ပင် ဘိုးဘေးဝူရှန်း၏ ချူးယွင်ဖန်းး၏လက်သီးချက်ကို ခံစားမိသည်။ ထိုယမမင်းလက်သီးချက်က မိမိကျင့်သောအသက်မဲ့ဓားသိုင်းထက် ပို၍အားကောင်းသည်။
တတောက်ဆီသို့ ဦးတည်ထားသော်လည်း ထိပင်မထိနိုင်သည့်ပိုင်နက်မျိုးပင် ဖြစ်သည်။ ချူးယွင်ဖန်းး၏လက်သီးချက်ထွက်လာသည်နှင့် ဝင်လာသောဓားအလင်းက ထိုလက်သီးချက်ကြောင့် အစိတ်စိတ်အမွှာမွှာကွဲသွားသည်။ ချက်ချင်းဆိုသလိုပင် ချူးယွင်ဖန်းး၏အရှိန်အဟုန်က လျှော့ကျမသွားဘဲ သူ့ထံသို့ ပြေးဝင်လာ၏။ ဘိုးဘေးဝူရှန်းတစ်ယောက် ထိတ်ပျာသွားရသည်။ တွန့်ဆုတ်စွာဖြင့် နောက်ဆုတ်မိလိုက်သည်။
"မဖြစ်နိုင်ဘူး။ ဘယ်လိုလုပ် အဲ့လောက်အားကောင်းရတာလဲ။"
မိမိတွက်ချက်ထားခြင်း၌ ပြဿနာတစ်ခုခုရှိနေပြီဟု ဘိုးဘေးဝူရှန်း သိလိုက်သည်။ ချူးယွင်ဖန်းးသည် သူ၏အင်အားကို တိုးမြှင့်စေရန်အတွက် လျှို့ဝှက်သိုင်းကျမ်းမျိုးကို အားမကိုးတတ်ပေ။ ထိုသို့အားမျိုးကို ပိုင်ဆိုင်ထားခြင်းသာ ဖြစ်၏။ အမှန်တွင် သူ့ထက်ပင် ချူးယွင်ဖန်းးက ကြောက်စရာကောင်းနေသည်။
"ရေတွင်းထဲက မြူသာသာပဲ..."
ချူးယွင်ဖန်းးက ခနဲ့သောစကားကို ဆိုလိုက်သည်။ နောက်ကျောဘက်မှနေပြီး မိုးကြိးတောင်ပံများက ရုတ်တရက်ဖြန့်ကျက်ထွက်ပေါ်လာကာ ဘိုးဘေးဝူရှန်းရှေ့သို့ လျှပ်စီးအသွင်ဖြင့် ရောက်ရှိလာ၏။ ထို့နောက်တွင် လက်သီးချက်တစ်ချက်ကို ပစ်ထိုးလိုက်ပြီး ကောင်းကင်၌ အဖြူနှင့်အနီရောင်သွေးစက်များ ရောနှောကာ ပျံ့ကြဲသွားတော့သည်။ ကြီးမားလှသာကောင်းကင်ကြီးကိုပင် ဖောက်ထွက်သွားသည်ဟု ထင်ရလောက်အောင်အထိ ထိုလက်သီးချက်က ဘိုးဘေးဝူရှန်း၏ခန္ဓာကိုယ်ကို တစ်စစီပွင့်ထွက်သွားစေသည်။
ဘုန်း...
ဘိုးဘေးဝူရှန်းတစ်ယောက်ကမူ အင့်ခနဲအသံတစ်ချက်သာ ထွက်လိုက်နိုင်ပြီး ချက်ချင်းပင် လွင့်ထွက်သွားတော့၏။