သက်မဲ့ဓားသိုင်းကျမ်းလား? ဘာမှလည်းမဟုတ်ဘူး!
Vol. 86 Ch. 1285
ချူးယွင်ဖန်းး၏လက်သီးချက်သည် ကောင်းကင်ကို ထိုးဖောက်ပြီး သက်တံ့တစ်စင်းအဖြစ် ပြောင်းလဲသွားကာ ဘိုးဘေးဝူရှန်း၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားသည်။ ဘိုးဘေးဝူရှန်းတစ်ယောက် မခုခံလိုက်နိုင်ပေ။ အင့်ခနဲတစ်ချက်သာထွက်လိုက်နိုင်ပြီးနောက်၌ သွေးများအန်ထွက်လာသည်။ လူတစ်ကိုယ်လုံးက ပျံထွက်သွားပြီး မြို့တစ်ဝက်စာလောက်ထိ လွင့်စင်သွား၏။ ထိုအခါမှသာ အားလုံးလည်း သက်ပြင်းချနိုင်ကြပေသည်။ နှစ်ဖက်လုံး၏ကြောက်စရာကောင်းသောတိုက်ခိုက်မှုများသည် ထိုက်တောင်တစ်လုံးစာဖိခံထားရသောဖိအားမျိုးကို ဖြစ်ပေါ်စေသည်။ တစ်ယောက်ယောက်က မိမိတို့ကို လည်ပင်းညှစ်ထားပြီး အသက်မရှူနိုင်အောင် လုပ်ထားသည်နှင့်တူသည်။
"ကြောက်စရာကောင်းလိုက်တာ။"
ပထမဆုံးစကားဟလာသည့်သူက ဘိုးဘေးဝူရှန်းနှင့်အတူပါလာသော ခြေလှမ်းတစ်ဝက်ရွှေအမတေတစ်ယောက်သာဖြစ်သည်။ အကြောက်တရားက ထိုသူ၏မျက်လုံးထဲတွင် အရောင်ဟပ်သွားသည်။ မျက်စိဖြင့်သာမမြင်ရလျှင် ဘိုးဘေးဝူရှန်းကဲ့သို့ကျွမ်းကျင်သူကြီးက ချူးယွင်ဖန်းးကဲသို့ လူငယ်လေးထံမှ ရိုက်ခံရသည်ကို ယုံမိမည်မဟုတ်ပေ။
အားလုံး၏စိတ်ထဲ၌ အတွေးတစ်ခုသာ ပေါ်လာသည်။
ပြိုင်ဘက်ကင်းသူ.....
ချူးယွင်ဖန်းးသည် ရွှေရောင်လက်သီးချက်ကြောင့် တစ်ကိုယ်လုံးရွှေရောင်ဖြာထွက်နေသဖြင့် စစ်နတ်ဘုရားနှင့် တူပေသည်။ သူတစ်ဦးတည်းဖြင့်ပင် အားလုံးကို ဖိနှိပ်ထားရန် လုံလောက်၏။ ကျန်းလင်နှင့်အခြားသူများကမူ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ယင်နေကြ၏။ ကိုယ်တိုင်မျက်စိဖြင့်သာမမြင်လျှင် ယုံမည်မဟုတ်ပေ။
ချူးယွင်ဖန်းးက အားကောင်းလွန်းလှ၏။
နောက်ဆုံးတွင် ချူးယွင်ဖန်းးက အဘယ့်ကြောင့် ထိုသို့အစီအစဉ်မျိုး ဆွဲရသည်ကို နားလည်သွားကြသည်။ အစတွင် အားလုံးက ရောက်လာမည့်နန်းတွင်းကိုယ်ရံတော်ကိုသာ မျှော်လင့်ချက်ထားထားခဲ့ကြသည်။ ထို့ကြောင့် နန်းတွင်းကိုယ်ရံတော်ပေါ်မလာသောအခါ၌ ပျာယာခတ်သွားကြ၏။
သို့သော်လည်းချူယွင်ဖန်းသည် နန်းတွင်းကိုယ်ရံတော်၏အကူအညီကို ထည့်မတွက်ခဲ့ပေ။ ချူးယွင်ဖန်းးအတွက်မူ အယုံကြည်စိတ်အချရဆုံးသူမှာ မိမိကိုယ်တိုင်သာ ဖြစ်သည်။ ဘိုးဘေးဝူရှန်းက သွေးများအန်ထွက်လာပြီးချက်ချင်းပင် ပြန်ကောင်းသွားသည်။ ကြောက်စရာကောင်းလှသည့်အားဖြင့် တိုက်ခိုက်ခံရသည့်ခံစားချက်က ဖြည်းဖြည်းချင်းလျှော့ကျသွားသည်။
"မင်းမှာ ဒီလိုစွမ်းအားမျိုးရှိတယ်ပေါ့လေ။ ဘာလို့ဒီလောက်မာနကြီးနေတာလဲ အံ့ဩစရာမရှိတော့ပါဘူး။"
ဘိုးဘေးဝူရှန်းက အော်ပြောလိုက်သည်။
ထိုသူက ကြင်နာတတ်သည့်သူမျိုး မဟုတ်ပေ။ ထိုသူ၏မျက်လုံးက ရုတ်တရက်ဆိုသလိုပင် ပြူးကျယ်သွားသည်။ ချက်ချင်းဆိုသလိုပင်လက်ထား၌ ကိုင်ထားသော ကြေးစိမ်းဓားက သူနှင့်ပေါင်းစပ်သွားတော့သည်။ ရုတ်တရက်ဆန်စွာပင် ခန္ဓာကိုယ်ပေါ်မှ ဓားအလင်းက ကောင်းကင်၌ လင်းထိန်သွားသည်။ အငွေ့အသက်က ယခင်ကထက် အားကောင်းလာသည်။
"သက်မဲ့ဓားသိုင်းကျမ်း...."
ဘိုးဘေးဝူရှန်းက အော်ပြောလိုက်၏။ ချူးယွင်ဖန်းးက ရင်ဆိုင်ရခက်ခဲသည်ကို နားလည်သည်။ ထို့ကြောင့် အဆုံးအစမဲ့ကျမ်းကို ထုတ်သုံးလိုက်ရခြင်းဖြစ်၏။
"မင်းခန္ဓာကိုယ်က အားကောင်းလိုက်တာ။ အပိုင်းပိုင်းဖြစ်အောင်ဖြတ်ပစ်ရမယ်။"
ဘိုးဘေးဝူရှန်းက ယုတ်မာသောအပြုံးမျိုးပြုံးရင်းဖြင့် ပြောလိုက်သည်။ ချူးယွင်ဖန်းး၏အကြည့်တို့က ရွှေရောင်အလင်းဖြင့် ဖျပ်ခနဲတောက်ပသွားသည်။ ချက်ချင်းပင် ဘိုးဘေးဝူရှန်း၏ကျင့်စဉ်အားလုံးကို မြင်သွားသည်။
"ကျုပ်သိပြီ။"
ချူးယွင်ဖန်းးက ခေါင်းညိတ်ပြလိုက်၏။
ဘိုးဘေးဝူရှန်းသည် ၎င်းဘာသာ အားကောင်းသောဓားဖြင့်ပေါင်းစပ်လိုက်သည်ကို အတပ်ပြောနိုင်သည်။ တစ်ပြိုင်နက်တည်းပင် ခန္ဓာကိုယ်က မှော်ဆန်သောအဆင့်ထိ ဝင်သွားပြီး အားပြင်းပြင်းဖြင့်ပင် ခန္ဓာကိုယ်က အဆပေါင်းများစွာ အားကောင်းလာသည်။ အမှန်ပင် အံ့ဩစရာကောင်းသောအကြံဖြစ်၏။
သို့သော်လည်း ချူးယွင်ဖန်းးက စိတ်မပူပေ။ နတ်ဘုရားကျင့်စဉ်တိုက်ပွဲစာအုပ်၌ မှတ်တမ်းတင်ထားသောကျင့်စဉ်အချို့နှင့်ဆင်တူသည်။ ထိုစာအုပ်ထဲမှကျင့်စဉ်များနှင့် နှိုင်းယှဉ်လျှင် ဘိုးဘေးဝူရှန်း၏ကျင့်စဉ်များက ကလေးကစားစရာသာသာပင် ဖြစ်၏။ အချိန်ကန့်သတ်ချက်လည်း ရှိသည်။
အစစ်အမှန်ပေါင်းစပ်ခြင်းကျင့်စဉ်သည် တစ်နှစ်ပတ်လုံးကျင့်ကြံရပြီး တဖြည်းဖြည်းဖြင့် ခန္ဓာကိုယ်က ပိုအားကောင်းလာပြီး နောက်ဆုံးတွင် မထိုးဖောက်နိုင်သောအဆင့်မျိုး ဖြစ်သွားသည်။ ဘိုးဘေးဝူရှန်းသည် သူ၏သက်မဲ့ဓားသိုင်းကျမ်းဖြင့် မိမိကို လာယှဉ်နေသည်ကို မြင်ရသဖြင့် ခေါင်းခါလိုက်မိသည်။
"ငါ့ရဲ့ သက်မဲ့ဓားသိုင်းကျမ်းအောက်မှာ ဂုဏ်ရှိရှိနဲ့သေလိုက်တော့။"
ဘိုးဘေးဝူရှန်းက အေးစက်စွာ ပြောလိုက်သည်။ သက်မဲ့ဓားသိုင်းကျမ်းဖြင့် ပေါင်းစပ်ပြီးနောက်တွင် သူ၏ယုံကြည်ချက်က အဆမတန်မြင့်တက်သွားဟန်တူ၏။
ဘိုးဘေးဝူရှန်းပတ်ချာလည်မှစွမ်းအားများက ပိုမြင့်တက်လာပြီး ဘေးပတ်ချာလည်၌ ဓားပိုင်နက်တစ်ခုဖြစ်ပေါ်လာသည်။
"အဲ့ဒါပေါ်လာပြီ။ အဲ့ဒါ သက်မဲ့ဓားသိုင်းပဲ။ အပြင်နယ်မြေတွေမှာ ဒီသက်မဲ့ဓားသိုင်းကြောင့်လူဘယ်လောက်ထိခိုက်ခဲ့ရလဲ ဘယ်သူသိနိုင်မှာလဲ။"
ဘိုးဘေးဝူရှန်းဖြင့် အတူပါလာသောကျွမ်းကျင်သူများက ကြောက်လန့်တကြားဖြင့် ပြောလိုက်မိကြသည်။ ထိုသူများအားလုံးက ထိုဓားသိုင်းကိုမှတ်မိသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည်လည်း ဓားသိုင်း၏ဒဏ်ကိုခံစားခဲ့ဖူးသောကြောင့်ဖြစ်ကာ ကြီးမားသောဆုံးရှုံးမှုကြီးကို ခံစားခဲ့ရသည်ဟုပင် ဆိုနိုင်မည်။
ထို့ကြောင့်သာမဟုတ်လျှင် ဘိုးဘေးဝူရှန်းနောက်လိုက်လာပြီး ခုန်းလုံကို တိုက်ခိုက်မည်လည်းမဟုတ်ပေ။ ခုန်းလုံမှတစ်ယောက်ကိုမှ ရှင်လျက်မထားဘဲ အကုန်သုတ်သင်ပစ်လိုက်ခြင်းက တဝေဖြင့် ရန်ဘက်ဖြစ်သွားမည်ကို အားလုံးသိထားကြသည်။ ဘိုးဘေးဝူရှန်းက မကြောက်လျှင်ပင် ဘိုးဘေးဝူရှန်းကဲ့သို့ ကျင့်စဉ်မျိုးက မရှိသောကြောင့် ထိုသူများကမူ ကြောက်ကြ၏။
"နှစ်ပေါင်းများစွာကြာတဲ့အထိ သက်မဲ့ဓားဂိုဏ်းထဲကဘယ်သူမှ ဒီဒဏ္ဍာရီလာသက်မဲ့ဓားကျမ်းကို အောင်မြင်အောင်ကျင့်ကြ့နိုင်တယ်လို့ မရှိခဲ့ဖူးဘူး။"
ချူးယောင်ဝေ့က မယုံကြည်နိုင်သောအကြည့်မျိုးဖြင့်ကြည့်ကာ ပြောလိုက်မိသည်။
ဘိုးဘေးဝူရှန်းကလွဲလျှင် သူသည် သက်မဲ့ဓားဂိုဏ်းအကြောင်းကို အသိဆုံးသူဖြစ်သည်။ တဝေ့တိုင်းပြည်က သက်မဲ့ဓားဂိုဏ်းကို သုတ်သင်ပစ်ခဲ့စဉ်က သက်မဲ့ဓားဂိုဏ်း၏မှတ်တမ်းများနှင့် ရှေးဟောင်းစာအုပ်များစွာသည် တဝေလက်ထဲသို့ရောက်သွားသဖြင့် သက်မဲ့ဓားဂိုဏ်း၏အံ့ဩဖွယ်ရာများနှင့် ရင်းနှီးခဲ့သည်။ သက်မဲ့ဓားဂိုဏ်း၏အားအကောင်းဆုံးကျင့်စဉ်မှာ သက်မဲ့ဓားသိုင်းကျမ်းဖြစ်သည်ကို သိထားသည်။ သို့သော်လည်း ပထမဆုံးဘိုးဘေးကလွဲ၍ ထိုအရာကို ကျွမ်းကျင်တက်မြောက်သွားသူဟု မရှိပေ။ သက်မဲ့ဓားသိုင်းကျမ်းက ဂိုဏ်း၏အစွမ်းထက်ဆုံးဓားသိုင်းတစ်မျိုးဖြစ်သော်လည်း မည်သူမှမသင်နိုင်သောကြောင့် ကွယ်ပျောက်ရမည့်အခြေအနေသို့ ကျရောက်သွားသည်။
အားလုံးက ဘိုးဘေးဝူရှန်း၏အသွင်အပြင်ကို ကြည့်ပြီး တုန်လှုပ်ခြောက်ခြားသွားကြသည်။ ခန္ဓာကိုယ်ပေါ်မှဓားအလင်းက ကြောက်စရာကောင်းလွန်းလှသည်။
ဘုန်း....
ချက်ချင်းဆိုသလိုပင် ဘိုးဘေးဝူရှန်းက လှုပ်ရှားလာသည်။ လက်သီးတစ်ချက်ကို ပစ်ခွင်းလိုက်၏။ လက်သီးချက်သာ ဖြစ်သော်လည်း ဓားနှင့်ပေါင်းစပ်ထားသောကြောင့် ဓားအလင်းအဖြစ်ပြောင်းသွားသည်။ လက်သီးချက်နှင့်ကန်ချက်တိုင်းက ဓားအလင်းတန်းအဖြစ် ပြောင်းသွားသည်။ လက်သီးချက်က ချူးယွင်ဖန်းး၏ရင်ဘတ်ဆီသို့ တည့်တည့်ကြီးဝင်သွားပြီး လေထဲ၌ပင် ဖောက်ခွဲပစ်ချင်ဟန်ရသည်။
"သက်မဲ့ဓားသိုင်းကျမ်းလား?"
ချူးယွင်ဖန်းးက ဝင်လာသောလက်သီးချက်ကို သာမန်ကာလျှံကာမျှပင် ကြည့်လိုက်သည်။ လက်ကိုဝှေ့ယမ်းပြလိုက်ပြီး လက်သီးချက်ဆီသို့ ဦးတည်ထွက်သွားသည်။
"မင်းက ငါတိုက်ခိုက်တာကို ဒီလောက်လေးနဲ့တားနိုင်မယ်ထင်နေတာလား။ တော်တော်ကို အောက်ခြေလွတ်တဲ့ကောင်...."
ဘိုးဘေးဝူရှန်းက အော်ပြောလိုက်ပြီး မြေကြီးပေါ်သို့ ဆင်းသက်သွားကာ ချက်ချင်းပင် ချူးယွင်ဖန်းးရှေ့သို့ ရောက်လာသည်။
"အောက်ခြေလွတ်နေတာက ခင်ဗျားကြီးပဲ။"
ချူးယွင်ဖန်းးကမူ မထုံတတ်သေးဖြင့် ခနဲ့လိုက်ပြီး ထိုလက်သီးချက်ကို သာမန်ကာလျှံကာပင် တားလိုက်၏။
"သက်မဲ့ဓားသိုင်းက တကယ်ကောင်းတဲ့သိုင်းကျမ်းပဲ။ ဒါပေမဲ့လို့ ခင်ဗျားက အထွတ်အထိပ်ထိရောက်အောင် မကျင့်နိုင်တာကတော့ သနားစရာပဲ။"