ဘိုးဘေးဝူရှန်းကို ရိုက်သတ်ပစ်ခြင်း
Vol. 86 Ch. 1286
ချူးယွင်ဖန်းးက ကြည့်ပင်ကြည့်မဘဲဖြင့်ပင် ဘိုးဘေးဝူရှန်း၏လက်သီးချက်ကို တားလိုက်သည်။
"မဖြစ်နိုင်တာ။"
ဘိုးဘေးဝူရှန်းတစ်ယောက် အံ့ဩတုန်လှုပ်သွားသည်။
"စွမ်းအားအကောင်းဆုံးလက်နက်တွေတောင်မှ ငါ့လက်သီးချက်ကြောင့် တစ်စစီဖြစ်ရသေးတာ။ မင်းက ဘယ်လိုလုပ် တားနိုင်ရတာလဲ။"
မျက်ဝန်းထဲ၌ မယုံကြည်နိုင်မှုတို့ ပေါက်ဖွားလာသည်။ အပြင်ဘက်နယ်မြေများတွင် အားကောင်းသောခြေလှမ်းတစ်ဝက်ရွှေအမတေများစွာသည် သူ၏လက်ချက်ဖြင့် များစွာထိခိုက်ဆုံးရှုံးခဲ့ရသည်။ မိမိတို့လက်နက်က အရေးသာသည်ဟု ထင်နေကြေသောကျွမ်းကျင်သူများသည် သက်မဲ့ဓားသိုင်းဖြင့် ရင်ဆိုင်ရသည့်အခါ၌ အမြဲလိုလိုပင် အရေးနိမ့်သွားတတ်သည်။ အားလုံးက လေထဲတွင် ပေါက်ကွဲသွားရသည်ချည်းသာဖြစ်၏။
သို့သော်လည်း သက်မဲ့ဓားသိုင်းသည် ချူးယွင်ဖန်းးဖြင့် တွေ့သည့်အခါ၌မူ အရေးမသာတော့ပေ။
"မင်းခန္ဓာကိုယ်က ဘယ်လိုလုပ် အဲ့လောက်အားကောင်းနေရတာလဲ။"
ဘိုးဘေးဝူရှန်းက ချူးယွင်ဖန်းးကို ချူးယွင်ဖန်းးကို မယုံကြည်နိုင်စွာဖြင့် ကြည့်ကာ မေးလိုက်မိသည်။ ချူးယွင်ဖန်းး၏ခန္ဓာကိုယ်က ဝိညာဉ်လက်နက်များထက်ပင် သာလွန်နေသည်။ သက်မဲ့ဓားသိုင်း၏အဆုံးအစမဲ့ကျင့်စဉ်ကို ချပြခဲ့သော်လည်း ထိပ်တန်းမှော်လက်နက်အဆင့်သို့ ရောက်ရုံမျှသာ ဖြစ်သည်။ ထိုတစ်ခုနှင့်ပင် ကြောက်စရာကောင်းလှနေပြီဖြစ်သည်။ ယခင်နှစ်များတွင် လုပ်ခဲ့သမျှသည် အရာအားလုံးကို အောင်နိုင်ရန် ဖြစ်၏။
ဘိုးဘေးဝူရှန်းသည် ယခင်က ထိုသို့ပြိုင်ဘက်မျိုးဖြင့် တစ်ခါမှမရင်ဆိုင်ခဲ့ဖူးပေ။ အားအကောင်းဆုံးခန္ဓာကိုယ်စွမ်းအားကျင့်ကြံသူများသည်ပင် မိမိဖြင့်ခန္ဓာကိုယ်စွမ်မးအားချင်းယှဉ်နိုင်သည်။ သို့သော်လည်း ချူးယွင်ဖန်းး၏အနေအထားက မိမိနားလည်ထားသည်ထက် ကျော်လွန်သွားသည်။ ချူးယွင်ဖန်းးက မကောင်းဆိုးဝါးတစ်ကောင်သာ ဖြစ်သည်။ သူသည် ခန္ဓာကိုယ်ကိုပါ ဝိညာဉ်လက်နက်တစ်ခုအဆင့်ထိရောက်အောင် ကျင့်ကြံထားသည်။ မဟုတ်သေးပေ။ သာမန်ဝိညာဉ်လက်နက်ထက်ပင်သာသော အဆင့်မျိုးထိရောက်အောင် ကျင့်ကြံထားခြင်း ဖြစ်၏။
ဘိုးဘေးဝူရှန်းက မေးချင်မိသည်။
"မင်းက မကောင်းဆိုးဝါးလား။"
ဘိုးဘေးဝူရှန်းက အမှန်ပင် မေးချင်မိလာသည်။
"မင်းကမကောင်းဆိုးဝါးလား။"
ဒါက တကယ်တိုက်နေတာရောဟုတ်လား။ ရူးလောက်စရာပဲ။
ချူးယွင်ဖန်းးက မိမိ၏အင်အားအပြည့်တိုက်ခိုက်မှုကို အသာလေးခုခံလိုက်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ချူးယွင်ဖန်းးကတစ်ခါသာ တိုက်ရသေးသော်လည်း အသက်တစ်ဝက်ပါသွားသည်ဟု ထင်ရ၏။ ပြန်ပင်မတိုက်လိုက်နိုင်ပေ။ နှစ်ဖက်သည် အဆင့်တူသောအခြေအနေမျိုးမဟုတ်ပေ။
"ဒီလှည့်ကွက်လေးလောက်နဲ့။"
ချူးယွင်ဖန်းးက ခနဲ့လိုက်၏။
ဘိုးဘေးဝူရှန်း၏တိုက်ခိုက်မှုကို ပိတ်ပြီးနောက်၌ ရှေ့သို့ ခြေလှမ်းတစ်လှမ်းတိုးပြီး အစစ်အမှန်စွမ်းအားကို ပြသရန် ပြင်လိုက်သည်။ ကြောက်စရာကောင်းလှသောအငွေ့အသက်က တစ်မြို့လုံးကို လွှမ်းခြုံသွားတော့သည်။ ချူးယွင်ဖန်းး၏စွမ်းအားက နောက်တစ်ဆင့်သို့ ထပ်တက်သွားသည်ကို အားလုံးမြင်လိုက်ရသည်။ ဘိုးဘေးဝူရှန်းတစ်ယောက်မှာမူ မိမိပေါ်သို့ နတ်စွမ်းအားများပြည့်နေသောတောင်တစ်လုံး ဖိနှိပ်လာသကဲ့သို့ ခံစားမိ၏။ အငွေ့အသက်မျှဖြင့် ထိုမျှထိကြောက်စရာကောင်းသောသူရှိမည်ဟု မထင်ခဲ့ပေ။
"မင်းရဲ့တိုက်ပွဲစွမ်းအားက ရွှေအမတေအဆင့်ကိုမရောက်သေးဘူး။"
ဘိုးဘေးဝူရှန်းက ရုတ်တရက်ပင် ပြန်တုံ့ပြန်လိုက်၏။ သရဲကိုမြင်လိုက်ရသကဲ့သို့ပင် ကျောချမ်းသွားရသည်။
"အမှန်ပဲ။ ဒါပေမဲ့လို့ အခုမှသိတော့ နောက်ကျသွားပြီပေါ့။"
ချူးယွင်ဖန်းးက ခနဲ့လိုက်ပြန်၏။
မှန်ပေသည်။ စောနက ချူးယွင်ဖန်းးသည် အင်အားအစစ်အမှန်ကို ဖုံးကွယ်ထားခြင်းဖြစ်သည်။ ဘိုးဘေးဝူရှန်းက သူနှင့်တိုက်နိုင်မည်ဟု ထင်အောင် ဖန်တီးပေးလိုက်ခြင်းဖြစ်သည်။ ချူးယွင်ဖန်းး၏အစစ်အမှန်အင်အားကို ယခုမှသာထုတ်ပြလိုက်သည်။ ထိုအင်အားကြောင့် ဘိုးဘေးဝူရှန်းတစ်ယောက် နေရာတွင် ဒူးထောက်မတတ်ဖြစ်သွားသည်။ အသက်ပင်မရှူနိုင်တော့ပေ။ ချူးယွင်ဖန်းးက အငွေ့အသက်တစ်ခုတည်းဖြင့် ကောင်းကင်မှ ဝိညာဉ်စွမ်းအားအားလုံးကို ပိတ်ထားလိုက်သည်။
ထိုအခါမှသာ မိမိသည် ပျားတူအသိုက်ကို ပြဿနာသွားရှာမိပြီဟု သိလိုက်ရသည်။ အလယ်အလတ်အမတေမဲ့အဆင့်သို့ရောက်နှင့်ပြီးသော ကြောက်စရာကောင်းလှသည့်မကောင်းဆိုးဝါးတစ်ကောင်က ခုန်းလုံကို စောင့်ကြပ်ပေးနေခြင်းဖြစ်သည်။ သို့သော်လည်း ချူးယွင်ဖန်းးက သာမန်ခြေလှမ်းတစ်ဝက်ရွှေအမတေတစ်ယောက်သာဖြစ်သည်ဟု ထင်ခဲ့ကာ အလေးမထားခဲ့ပေ။
"ဘယ်လိုလုပ်ပြီး အဲ့လောက် ကြောက်စရာကောင်းနေရတာလဲ။ ငါကတော့ အဆုံးထိတိုက်မှာပဲ။"
ဘိုးဘေးဝူရှန်းက အော်ဟစ်လိုက်ရင်းဖြင့် မိမိဆီသို့ ဝင်လာသောချူးယွင်ဖန်းးထံသို့လက်သီးတစ်ချက် ပစ်ထိုးလိုက်သည်။ လက်သီးအားက ကြောက်စရာကောင်းသောဓားအလင်းအဖြစ် ပြောင်းသွားပြီး ချူးယွင်ဖန်းး၏ခန္ဓာကိုယ်ကို အပိုင်းပိုင်း ပိုင်းပစ်လိုက်သည်။
"မင်းမှာ ဝိညာဉ်လက်နက်လိုမျိုးအင်အားရှိရင်တောင်မှ မင်းသေကိုသေရမယ်။"
ချူးယွင်ဖန်းးကစိတ်ပျက်လက်ပျက်ဖြစ်နေသောဘိုးဘေးဝူရှန်းကို ကြည့်လိုက်ပြီး လှောင်ပြောင်ရယ်မောလိုက်သည်။ သူသည် ကောင်းကင်ပေါ်မှဆင်းသက်လာပြီးလက်ဖဝါးကြီးဖြင့် ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းပင် ရန်သူ၏ဓားအလင်းသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး လေထဲတွင်ပင် ပေါက်ကွဲထွက်သွားလေသည်။ ချူးယွင်ဖန်းးကို မည်သို့မှထိခိုက်မှုမရှိစေပေ။ ထို့နောက်တွင် ချူးယွင်ဖန်းး၏ရိုက်ချက်အရှိန်ကြောင့် ဘိုးဘေးဝူရှန်းလွင့်စင်သွားသည်။
ဘုန်း....
ဘိုးဘေးဝူရှန်းက အလန့်တကြားဖြင့် အော်ဟစ်လိုက်၏။ တောင်ကြီးတစ်လုံးဖြင့် ရိုက်မိသကဲ့သို့ လွင့်ပျံသွားသည်။ မြို့တစ်ဝက်စာထိလွင့်စင်ထွက်သွားကာ သူ့လူများချထားသည့်အရံအတားသည်ပင် အက်သွားရသည်။ အစက ထိုအရံအတားသည် ခုန်းလုံမှလူများထွက်မသွားနိုင်အောင် တားထားရန်ဖြစ်သော်လည်း ယခုတွင် မိမိဘာသာ သေရန်ထောင်ချောက်ဆင်ထားမိသလိုဖြစ်သွားရသည်။ အားလုံးက ဘိုးဘေးဝူရှန်း၏ခန္ဓာကိုယ်မှ သွေးစက်လက်ကျနေသည့်မြင်ကွင်းကို ကြည့်ကာ အသက်ရှူရန်ပင် မေ့သွားကြသည်။ အစက မဖျက်ဆီးနိုင်ဟုဆိုရမည်ဖြစ်သော သက်မဲ့ဓားသိုင်းကို ချူးယွင်ဖန်းးက ရိုက်ချနိုင်လိုက်ရုံသာမက ခန္ဓာကိုယ်၌ပင် အက်ရာများထင်လာစေသည်။ တစ်လက်မချင်း အက်ကွဲလာပြီး သွေးများပန်းထွက်လာ၏။ ချူးယွင်ဖန်းး၏ရိုက်ချက်လေးတစ်ချက်ကြောင့်ဖြစ်သွားရခြင်း ဖြစ်သည်။
"ဒါက ချူးယွင်ဖန်းးရဲ့ အစစ်အမှန်အင်အားလား။ စောနက ငါတို့မြင်လိုက်ရတာက အပေါ်ယံပဲပေါ့"
"ကြောက်ဖို့ကောင်းလိုက်တာ။ သူ့ကို လောကတစ်ခွင်ထိပ်တန်းစာရင်းထဲမှာ ထည့်ရတော့မယ်။"
"အားကောင်းလွန်းတယ်။ ဘိုးဘေးဝူရှန်းတောင်မှ ပြန်မတိုက်နိုင်တော့ဘူး။"
ကျွမ်းကျင်သူများကို ထိုမြင်ကွင်းကို ကြည့်ကာ မှတ်ချက်မျိုးစုံပေးနေကြသည်။ ဘိုးဘေးဝူရှန်းနှင့်တူပါလာသော ခြေလှမ်းတစ်ဝက်ရွှေအမတေများသည်လည်း သရဲမြင်လိုက်ရသကဲ့သို့ လန့်ဖျပ်သွားကြသည်။ အားလုံးသည် ချူးယွင်ဖန်းးကို သေမလောက်ကြောက်သွားကြ၏။
ကွာဟချက်က ကြီးမားလွန်းလှသည်။
ဘိုးဘေးဝူရှန်း၏စကားကို ပြန်စဉ်းစားမိလိုက်ကြသည်။ ဘိုးဘေးဝူရှန်းသည် ရွှေအမတေအဆင့်သို့ဝင်သည်မှာ မကြာသေးသော်လည်း ချူးယွင်ဖန်းးကမူ သူ့ထက်ပင် ကြောက်စရာကောင်းနေသေး၏။ ချူးယွင်ဖန်းးသည် ကနဦးလေဟာနယ်အဆင့်သာဖြစ်သော်လည်း သူ၏ အလယ်တလတ်လေဟာနယ်အဆင့်ကို ကနဦးအဆင့်သို့ဖြစ်အောင် ဖိနှိပ်ထားသည်။
ထိုသည်က နေ့ဘက်မှာ သရဲတွေ့လိုက်သည်နှင့် အတူတူပဲမဟုတ်လား။
ချူးယွင်ဖန်းးတစ်ယောက် မိခင်ဝမ်းကတည်းက ကျင့်ကြံလာလျှင်ပင် ထိုအဆင့်ထိကြောက်စရာကောင်းနေသည်မှာ မဖြစ်နိုင်ပေ။ ဘိုးဘေးဝူရှန်းက ချူးယွင်ဖန်းးကြောင့် ပေါက်ကွဲထွက်သွား၏။ ခန္ဓာကိုယ်မှဆဲလ်များစွာ ပေါက်ထွက်ကုန်ကာ ရှုပ်ထွေးသွားရသည်။ ချက်ချင်းပင် ထွက်ပြေးရန် ဆုံးဖြတ်လိုက်လေတော့၏။
ဘိုးဘေးဝူရှန်းသည် ယခုတစ်ခေါက်တွင် ပျားအုံကို တုတ်နှင့်ထိုးမိခြင်းဖြစ်သည်။ မည်သို့နေရဲတော့မည်နည်း။
"ခင်ဗျားက ထွက်ပြေးချင်တာလား။ အဲ့လောက်လွယ်မနေဘူး။ ဘာလို့ မနေတော့တာလဲ။"
ချူးယွင်ဖန်းး၏လက်ကြီးက ချက်ချင်းပင် ထွက်လာသည်။ ချက်ချင်းဆိုသလိုပင် ကောင်းကင်ကို တိမ်တိုက်တစ်ခုကဖုံးအုပ်သွားသည်။ မရေမတွက်နိုင်သောဝိညာဉ်စွမ်းအားများစွာသည် အတူတကွငွေ့ရည်ဖွဲ့သွားသည်။ ထိုသို့နည်းလမ်းမျိုးက မွေးရာပါပါရမီရှင်ကို သာမန်ဟုထင်ရစေသော်လည်းချူးယွင်ဖန်းး၏လက်က အဆုံးအစမဲ့စွမ်းအားမျိုးဖြင့် မယှဉ်နိုင်သောအားတစ်မျိုးကို ပြသနေခြင်းဖြစ်သည်။
ဘုန်း....
ဘိုးဘေးဝူရှန်းတစ်ယောက် လက်ဝါးဖြင့် ထပ်ရိုက်ခံလိုက်ရပြန်သည်။ သို့သော်လည်း ယခုတစ်ခေါက်တွင် ကံမကောင်းတော့ပေ။ ချူးယွင်ဖန်းးက ယခုတစ်ခေါက်၌ အစွမ်းကုန်အားသုံးလိုက်သောကြောင့် ဖြစ်၏။ တစ်ချက်တည်းဖြင့်ပင် ဘိုးဘေးဝူရှန်းတစ်ယောက် အပိုင်းပိုင်းပြတ်သွားပြီး ပေါက်ကွဲထွက်သွားကာ သွေးမိုးများ ရွာကျလာလေ၏။