← Chapters

အဆုံးသတ် သို့မဟုတ် နောက်တစ်ဆင့်တိုးတက်ခြင်း

Vol. 86 Ch. 1287

အဆုံးသတ် သို့မဟုတ် နောက်တစ်ဆင့်တိုးတက်ခြင်း

Vol. 86 Ch. 1287

တိုက်ကွက်အနည်းငယ်အတွင်းပင် ချူးယွင်ဖန်းးက ဘိုးဘေးဝူရှန်းကို လေထဲတွင် ပေါက်ကွဲထွက်သွားအောင်လုပ်ကာ သွေးမိုးအဖြစ် ပြောင်းပေးလိုက်သည်။ ဘိုးဘေးဝူရှန်း၏အလောင်းက ပြန့်ကျဲမသွားခင်တွင်ပင် လက်ကြီးက ဖမ်းယူလိုက်ပြန်သည်။ ထို့နောက်တွင် တောတောင်မြစ်ချောင်းပုံပန်းချီထဲသို့ ဝင်သွားပြီး ဗြဟ္မသစ်ပင်ထဲသို့ စီးဆင်းသွားသည်။ ဗြဟ္မသစ်ပင်ကို ရေလောင်းပေးရန်အတွက် မြေဩဇာအဖြစ်သုံးလိုက်သည့် ဒုတိယမြောက်ရွှေအမတေပင် ဖြစ်သည်။

ဗြဟ္မသစ်ပင်၌ လက်သီးဆုပ်အရွယ်အစားရှိသစ်သီးက ဖြည်းဖြည်းချင်း အရွယ်အစားပေါ်လာသည်။ ရွှေအမတေခန္ဓာကိုယ်ထဲတွင် လွန်စွာကြောက်စရာကောင်းသောစွမ်းအားတစ်မျိုး ရှိသည်။ အဖွဲ့အစည်းထဲ၌ ထိုသို့ခန္ဓာကိုယ်မျိုးသာ ရနိုင်လျှင် မရေမတွက်နိုင်သောသိပ္ပံပညာရှင်များ ငေးမောကြရပေလိမ့်မည်။ ရွှေအမတေအဆင့်၏အံ့ဩဆန်းကြယ်မှုကို ခွဲခြမ်းစိတ်ဖြာရန် အင်တာနက်ပေါ်၌လည်း ခေတ်မီသည့်ပစ္စည်းမျိုးစုံ စုပုံလာပေလိမ့်မည်။ အစိတ်အပိုင်းတစ်ခုလောက်သာ ခွဲခြမ်းစိတ်ဖြာခွင့်ရကြလျျင် အဖွဲ့အစည်း၏သိုင်းပညာတိုးတက်လာရန်အတွက် တိုင်းတာမရသောအကျိုးကျေးဇူးကြီး ရပေလိမ့်မည်။ ထိုကိစ္စသည် ဝိညာဉ်နယ်မြေအတွင်းရှိအုပ်စုများ မယှဉ်နိုင်သောအရာမျိုးပင် ဖြစ်၏။ မတူညီသောစနစ်နှစ်ခုသာ ဖြစ်ပေမည်။

"သေစမ်း ပြေးကြတော့...."

ထိုအချိန်၌ ဘိုးဘေးဝူရှန်းနောက်သို့လိုက်လာကြသောကျွမ်းကျင်သူများသည် ထွက်ပြေးရန် ကြိုးစားလိုက်ကြသော်လည်း နောက်ကျသွားချေပြီ။ ချူးယွင်ဖန်းးက ထိုမျှထိ မြန်လိမ့်မည်ဟု မျှော်လင့်မထားမိပေ။ ဘိုးဘေးဝူရှန်းသည် မည်မျှပင် ကြောက်စရာကောင်းသောတည်ရှိမှုမျိုးဖြစ်သော်လည်း ချူးယွင်ဖန်းးဖြင့်စာလျှင် ဘာမှမဟုတ်ပေ။ ဘိုးဘေးဝူရှန်းသာ ဆက်ပြီးတောင့်မခံထားနိုင်သည်ကို သိလျှင် အစောကတည်းကပင် ထွက်ပြေးကြမည်သာ ဖြစ်သည်။ ဘိုးဘေးဝူရှန်းမည်သို့ပင်ဖြစ်ဖြစ် မိမိတို့နှင့် မဆိုင်ပေ။

သို့သော်လည်း ဘိုးဘေးဝူရှန်းသည် နှစ်ကွက်သုံးကွက်လောက်ဖြင့် အသတ်ခံရမယ်လို့ ဘယ်သူက ထင်မိမှာလဲ?

သူသည် ချူးယွင်ဖန်းးအတွက် ပြိုင်ဘက်အဆင့်မဟုတ်ပေ။ အားလုံးသည် ကျောထဲတွင် ချမ်းစိမ့်သွား၏။

"အခုမှ ပြေးဖို့စဉ်းစားရင်တော့ နောက်ကျသွားပြီ။"

ချူးယွင်ဖန်းးက လှောင်ရယ်လိုက်ပြီး လက်ဝါးဖြင့် ရိုက်ချလိုက်ကာ ခြေလှမ်းတစ်ဝက်ရွှေအမတေတစ်ယောက်သည် ပေါက်ကွဲထွက်သွားရလေသည်။ ထိုသူ၏အသွေးနှင့်အသားများကို ဆုပ်ကိုင်လိုက်ပြီး တောတောင်မြစ်ချောင်းပန်းချီကားထဲသို့ ပို့ကာ ဗြဟ္မသစ်ပင်ဆီသို့ ပိုပေးလိုက်၏။ ထိုမြင်ကွင်းကို မြင်သောအခါတွင် ကျန်သောခြေလှမ်းတစ်ဝက်ရွှေအမတေများ မနေရဲကြတော့ပေ။ အရပ်မျက်နှာပေါင်းစုံသို့ အမြန်ပင် ထွက်ပြေးသွားကြသည်။ သို့သော်လည်း သူတို့၏အမြန်နှုန်းက ချူးယွင်ဖန်းးအတွက် ပြိုင်ဘက်မဟုတ်ပေ။ ချူးယွင်ဖန်းးက ဖမ်းမိသည်နှင့် လက်ဝါးဖြင့်ရိုက်ချင်ရိုက်သည် မဟုတ်လျှင် သတ်ပစ်ချင်သတ်ပစ်လိုက်သည်။ ထိုသို့ကြောက်စရာကောင်းသောတည်ရှိမှုမျိုးကို မည်သူမှ ခုခံနိုင်မည်မဟုတ်ကြပေ။

ခဏအတွင်း၌ပင် အပြင်ဘက်နယ်မြေမှ ထိပ်တန်းကျွမ်းကျင်သူအားလုံးကို ချူးယွင်ဖန်းးက လက်တစ်ဖက်တည်းဖြင့် ရှင်းပစ်လိုက်သည်။ ဝိညာဉ်နယ်မြေတွင် သိုင်းပညာကသာ အရေးကြီးဆုံးဖြစ်သည်။ အစစ်အမှန်အားကောင်းလှသောကျွမ်းကျင်သူတစ်ဦးသည် အရပ်မျက်နှာအနှံ့အပြားကို ဖိနှိပ်ထားနိုင်သည်။ အရေအတွက်ဆိုသည်က အ‌ရေးမပါလှပေ။

ထိုအခါမှသာ ခုန်းလုံမှလူများလည်း စိတ်အေးရတော့၏။ ဘိုးဘေးဝူရှန်းက မိမိတို့အားလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း ချူးယွင်ဖန်းးက အသက်အန္တရာယ်မှ ကယ်တင်ပေးခဲ့သည်။ သို့သော်လည်း နတ်စွမ်းအားအဆင့်အားကောင်းသူများအတွက်မူ ချူးယွင်ဖန်းး၏တည်ရှိမှုက ရင်ဘတ်ပေါ်သို့ တောင်ကြီးတစ်လုံးဖိထားသည်နှင့် တူလှ၏။ ချူးယွင်ဖန်းးက မြို့တစ်မြို့လုံးကို သုတ်သင်ပစ်မည့် ဘိုး‌ဘေးဝူရှန်းလောက် မရက်စက်ပါသော်လည်း အားလုံးအတွက် အန္တရာယ်များသောခံစားချက်မျိုးကို ပေးစွမ်းနိုင်သေးသည်။

"သူက အားကောင်းလိုက်တာ။"

ထိုအချိန်၌ မြို့ဝန်းအန်း‌ကောမိသားစုသည်လည်း ကြောင်အမ်းနေမိကြသည်။ ကောင်းကင်ထက်မှ ချူးယွင်ဖန်းးကို အံ့ဩတုန်လှုပ်စွာဖြင့် ကြည့်နေမိကြသည်။ ကိုယ်တိုင်မြင်ရ၍သာမဟုတ်လျှင် ချူးယွင်ဖန်းးက ထိုမျှအားကောင်းသည်ကို ယုံမည်မဟုတ်ပေ။

"သူဘယ်လိုများ လေ့ကျင့်ခဲ့တာလဲ။ ဘယ်လိုပဲကြည့်ကြည့် အစစ်မဟုတ်သလိုပဲ။"

အန်းကျန့်ကော်တစ်ယောက်ကမူ မယုံကြည်နိုင်ဖြစ်နေပေသည်။ ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်သို့ဝင်ပြီးစဖြစ်သော သူ၏တိုက်ပွဲစွမ်းအားကပင် မိမိကို ရှိသမျှအားကုန်သွားစေခဲ့သည်။ ယခုဆိုလျှင် ဆိုဖွယ်ရာမရှိပေ။ ချူးယွင်ဖန်းးက ရွှေအမတေအဆင့်သို့ ရောက်နေပြီ။ ဘိုးဘေးဝူရှန်းကပင် သူ၏ပြိုင်ဘက်မဟုတ်တော့ပေ။

"ကောင်းကင်ဘုံကစေလွှတ်လိုက်တဲ့ ပါရမီရှင်ပဲ။ သူဘယ်ဂိုဏ်းကနေများ အမွေဆက်ခံလာတာလဲ။ ဒါက သတင်းကောင်းတော့ဟုတ်မနေဘူး။"

အန်းကျန့်ကော်က စိုးရိမ်မိသောအမူအရာမျိုးဖြင့် ဆိုလိုက်သည်။ သူ့ဘဝက၌ လောကမျိုးစုံကို မြင်ဖူးခဲ့ပြီးသားဖြစ်သည်။ အညတရအဆင့်က တစ်ခါတစ်ရံ၌မူ မကောင်းသည့်ကိစ္စမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့်ပူ မျှချေကိုပင် ပျက်စီးစေနိုင်သည့် မကောင်းဆိုးဝါးတစ်ကောင် ပေါ်ထွက်လာခြင်းကာ သာမန်သူများကို နားလည်နိုင်စွမ်းကို ဖိနှိပ်ထားလိုက်ပြီး သွေးမုန်တိုင်းပါ အဖော်အဖြစ် လိုက်ပါလာတော့မည်ဖြစ်၏။

လက်ရှိတဝေအတွက် ထိုကိစ္စမှာ သတင်းကောင်းလား သတင်းဆိုးလားဆိုသည်ကို မပြောနိုင်သေးပေ။

"ဒီတစ်ခေါက်တော့ ခေါင်းကိုက်ရမှာ သမီးတို့မဟုတ်တော့ဘူး။ ချူးယွင်ဖန်းးက နန်းတွင်းညီလာခံတစ်ခုလုံးကို သတိပေးလိုက်သလို ဖြစ်သွားမှာပဲ စိုးမိတယ်။"

အန့်ရှို့ရှို့က စိုးရိမ်တကြီးဖြင့် ဆိုလိုက်၏။

"ဘာဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဒီလိုပါရမီရှင်မျိုးနဲ့ ရင်းနှီးတာက ဘာအန္တရာယ်မှမရှိဘူး။"

အန်းကျန့်ကော်က တစ်ချက်တွေးကာ ပြောလိုက်၏။

"ချူးမျိုးနွယ်စုက ဒီတစ်ခေါက်တော့ သူ့တို့ဘာသာနာမည်ကောင်းခံတော့မယ်။ ရေထဲကနေ အစစ်အမှန်နဂါးပေါ်လာပြီဆိုပြီးတော့လေ။"

အန်းကျန့်ကော်ကို ထိုစကားကို ပြောရင်းဖြင့်ပင် မျက်လုံးထဲ၌ မနာလိုမှုက ဝင်းလက်သွားသည်။ အစက မိမိ၏အဆင့်အတန်းသည် ကျုံးရှင်းမြို့ဝန် ချူးယောင်ဝေ့ဖြင့် အတူတူဖြစ်သည်။ သို့သော်လည်း ချူးမျိုးနွယ်စု၌ ချူးယွင်ဖန်းးကဲ့သို့ နောက်ခံမျိုးရှိသွားသည်က တဝေကို ကြိုးချည်မိပြီးသား ဖြစ်ပေတော့မည်။

တဝေတွင်နေထိုင်သူတစ်ယောက်အေနဖြင့် တဝေ၏နည်းဗျူဟာများကို ကောင်းစွာသိထားသည်။ ချူးယွင်ဖန်းးကသာ တဝေဖြင့် ပူးပေါင်းရန် ဆန္ဒရှိလျှင် အနည်းဆုံးအဆင့်အနေဖြင့် မြို့စားမင်း ဖြစ်နိုင်သည်။ ထို့နောက်တွင် ဆက်၍နာမည်ကောင်းခံပါလျှင် စီရင်စုအရှင် မဟုတ်လျှင်လည်း အိမ်ရှေ့စံထိပင် ဖြစ်သွားနိုင်သည်။

ရှေးယခင်ကာလများမှစ၍ ထိုသို့အခြေအနေမျိုးက သာမန်မျှသာဖြစ်သည်။ ချူးယွင်ဖန်းးသည် အခြားသောရွှေအမတေများဖြင့် မတူပေ။ သူက ငယ်ရွယ်ပြီး ထိုသို့သောတိုက်ပွဲစွမ်းအားမျိုးဖြင့်ဆိုလျှင် အသက်အရွယ်နှင့်မလိုက်အောင် ကြောက်စရာကောင်းလှသည်။

ထိုအချိန်တွင် အိမ်တော်၏ဥယျာဉ်ထဲတွင်ရှိသော ချူးယောင်ဝေတစ်ယောက်ကမူ တုန်ယင်နေရှာသည်။ ကြောက်နေသောကြောင့်မဟုတ်ဘဲ စိတ်လှုပ်ရှားလွန်းသောကြောင့်သာ ဖြစ်၏။ နောက်ဆုံးတွင် ကျားမျက်လုံးကဲ့သို့ မျက်ရည်များက အထိန်းအကွပ်မရှိ စီးကျလာသည်။ နှစ်ပေါင်းများစွာတိုင်အောင် ဘိုးဘေးဝူရှန်းကို ဖျက်စီးရန် အစီအစဉ်ဆွဲခဲ့ပြီး ယခုတွင်မူ မိမိ၏ဆန္ဒပြည့်သွားရပြီဖြစ်သည်။ ဘိုးဘေးဝူရှန်းနှင့် အခြားသူများ အသက်ပေးလိုက်ရသောကြောင့်လည်း ဖြစ်၏။ ဖြစ်စဉ်က ရှုပ်ထွေးလှသော်လည်း နောက်ဆုံးရလဒ်ကမူ ကျေနပ်စရာကောင်းလှ၏။

မျိုးဆက်သုံးဆက်တိုင် လက်စားချေခြင်းက နောက်ဆုံးတွင် ပြီးမြောက်သွားလေပြီ။

မကြာခင်တွင်ပင် မျက်ရည်စများကို သုတ်ပစ်ပြီး ကောင်းကင်ပေါ်သို့ တက်လာသည်။ ဘိုးဘေးဝူရှန်းက ချူးယွင်ဖန်းးလက်ချက်ဖြင့် သေရလိမ့်မည်ဟု တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။ မူလအစီအစဉ်တွင် ချူးယွင်ဖန်းးပင် မပါပေ။ ချူးမျိုးနွယ်စု၏ရန်သူတော်ကို ချူးမျိုးနွယ်ဝင်ကပင် သုတ်သင်ပစ်လိုက်ခြင်း ဖြစ်၏။

ဒါက ကောင်းကင်ဘုံရဲ့ဆန္ဒများလား?

ရုတ်ချည်းဆိုသလိုပင် အားလုံးသက်ပြင်းချနိုင်သည်မှမကြာခင်တွင်ပင် ကောင်းကင်၌ စွမ်းအင်အတက်အကျများ ဖြစ်ပေါ်လာသည်။

"တစ်ယောက်ယောက်က ဒီကို ပို့ဆောင်နေတာပဲ။"

အားလုံး၏အမူအရာက အနည်းငယ်မျှ ပြောင်းလဲသွားသည်။ ယခင်က ဘိုးဘေးဝူရှန်းက သယ်ယူပို့ဆောင်ရေးမန္တာန်ဖြင့် ရောက်လာခြင်းဖြစ်သည်။ ယခုတွင်လည်း တစ်ယောက်ယောက် ထိုလှည့်ကွက်ကို ထပ်သုံးနေပြန်လေသည်။

All Chapters