← Chapters

လက်ယာအရှင်ကိုခုံခံခြင်း

Vol. 86 Ch. 1288

လက်ယာအရှင်ကိုခုံခံခြင်း

Vol. 86 Ch. 1288

အစပိုင်းတွင် ခုန်းလုံကဲ့သို့သော အရေးပါသောမြို့တစ်မြို့က အနီးအနားလေဟာနယ်ကို တိုက်ရိုက်ပိတ်ပစ်နိုင်မည့် အခင်းအကျင်းမျိုး အစီအရင်မျိုး အားလုံးရှိသည်။ မိုင်ရာချီအချင်းဝက်အတွင်းကို ပိတ်လိုက်လျှင်ပင် မည်သူမှ တိုက်ရိုက်ရောက်လာနိုင်မည်မဟုတ်ပေ။ အခြေအနေကိုအခွင့်ကောင်းယူခြင်းမှ အားလုံးကို တားဆီးထားသည်။ သို့သော်လည်း ဘိုးဘေးဝူရှန်းက မြို့ဝန်ကျုံးရှင်းအိမ်တော်သို့ ထူးဆန်းစွာဖြင့် ရောက်လာပြီး ခုန်းလုံ၌ ထိုသို့အရံအစီအရင်မျိုးစုံကိုလည်း ထားသွားသည်။ ထို့ကြောင့်ပင် အားလုံးသတိလွတ်သွားကြခြင်းဖြစ်သည်။ ထို့ကြောင့် ယခုတွင် ထွက်ပေါက်မပိတ်ခင်တွင် တစ်စုံတစ်ယောက်က ထွက်ပေါက်ကို အခွင့်ကောင်းယူပြီး ဝင်လာခြင်းသာ ဖြစ်၏။ ကောင်းကင်၌ ပုံရိပ်တစ်ခုပေါ်လာသည်။ တဖြည်းဖြည်းဖြင့် ထင်ရှားစွာပေါ်လာ၏။

"ကျင်ကျန်းဟန်ကစစ်သည်တော်တွေကို ဘယ်သူသတ်ရဲတာလဲ။"

ကြောက်စရာကောင်းလှသောအော်သံကြောင့် အားလုံး၏အမူအရာက ပြောင်းလဲသွားသည်။ ရောက်လာသောသူတွင်မကောင်းသောရည်ရွယ်ချက်ရှိသည်ကို သိလိုက်ရသည်။ ထိုသူသည်လည်း ကျင်ကျန်းဟန်စစ်သည်တော်တစ်ယောက်ပင် ဖြစ်၏။

ချက်ချင်းဆိုသလိုပင် အဆုံးအစမဲ့အငွေ့အသက်တစ်ခုက မြို့ကို လွှမ်းခြုံသွားသည်။ ဘိုးဘေးဝူရှန်းထက်ပင် ထိုသူက အဆပေါင်းများစွာအားကောင်းလှသည်။ အားလုံးကိုသုတ်သင်ပစ်မည်ဟုသော ဘိုးဘေးဝူရှန်း၏အငွေ့အသက်က ထိုသူနှင့်စာလျှင် ဘာမှမဟုတ်ပေ။

"ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ရောက်လာတာပဲ။"

ခုန်းလုံက ကျွမ်းကျင်သူများက စွမ်းအားကွာခြားချက်ကို ချက်ချင်းပြောနိုင်သည်။ ကျင်ကျန်းဟန်မှထိုးကျွမ်းကျင်သူက များစွာကြောက်စရာကောင်းလှပြီး စွမ်းအားကလည်းအန္တရာယ်များလှသည်။ ဘိုးဘေးဝူရှန်းထက်လည်း များစွာအားကောင်းနေသည်။

အားလုံးက ချူးယွင်ဖန်းးကို လှည့်ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် အားလုံး၏တစ်ခုတည်းသောမျှော်လင့်ချက်မှာ ချူးယွင်ဖန်းးတစ်ဦးတည်းသာ ဖြစ်သည်။ သို့သော်လည်း ချူးယွင်ဖန်းးကမူ လွန်စွာတည်ငြိမ်နေ၏။

အလယ်အလတ်အဆင့်အမတေမဲ့အဆင့်လား?

မဟုတ်သေးဘူး။ ဒီလောက်ကြောက်စရာကောင်းတဲ့တည်ရှိမှုမျိုးက နှောင်းပိုင်းအဆင့်မဟုတ်ဘဲ ထိပ်ဆုံးအဆင့်‌တောင် ဖြစ်နိုင်လောက်တယ်....

ချူးယွင်ဖန်းးသာ အောင်မြင်စွာဖြင့် ရွှေအမတေအဆင့်သို့ ဝင်နိုင်ပါလျှင် ထိုသူနှင့် ယှဉ်နိုင်ဦးမည်။ သို့သော်လည်း ယခုတွင်မူ ထိုမျှထိကြောက်စရာကောင်းသောသူအတွက် ပြိုင်ဘက်ဟုတ်မနေပေ။ ချူးယွင်ဖန်းးက ထိုတည်ရှိမှုကို ချက်ချင်းနားလည်သွားသည်။ တဝေတွင်ဖြစ်စေ အပြင်ဘက်နယ်မြေများတွင်ဖြစ်စေ ထိုသို့သူမျိုးကသာ အတော်ဆုံးဖြစ်ပေမည်။

ထိုသူ၏ပုံရိပ်က ဖြည်းဖြည်းချင်း ဖြင့်ရုပ်လုံးပေါ်လာပြီး မြို့အရှင်က ချက်ချင်းပင် မည်သူဆိုသည်ကို သိလိုက်သည်။

"ဒါက ကျင်ကျန်းဟန်တိုင်းပြည်ရဲ့ လက်ယာအရှင်ပဲ။"

ခုန်းလုံမှကျွမ်းကျင်သူများ အံ့ဩတုန်လှုပ်သွားကြရသည်။ အများစုက ကျင်ကျန်းဟန်သို့ မရောက်ဖူးကြသော်လည်း ကျင်ကျန်းဟန်မှစနစ်များဖြင့် ရင်းနှီးကြ၏။ ကျင်ကျန်းဟန်တစ်ခုလုံး၌ ကျင်ကျန်းဟန်၏ မဟာခန်းသည် အမြင့်ဆုံးရာထူးဖြစ်သည်။ မဟာခန်းအောက်တွင် လက်ဝဲအရှင်ရှိသည်။ ယေဘုယျဆိုရလျှင် လက်ဝဲအရှင်က ကျင်ကျန်းဟန်၏အိမ်ရှေ့စံဖြစ်ပြီး အနာဂတ်မဟာခန်းပင် ဖြစ်သည်။ လက်ယာအရှင်က လက်ဝဲအရှင်နေရာကို ဆက်ခံသူဖြစ်ပြီး ပုလ္လင်နေရာအတွက် အားကောင်းသောပြိုင်ဘက်တစ်ဦးပင် ဖြစ်၏။

ကျင်ကျန်းဟန်တစ်ခုလုံး၌ လက်ယာအရှင်သည် တတိယမြောက်အရေးကြီးဆုံးသောပုဂ္ဂိုလ်ဖြစ်သည်။ တဝေနှင့်မတူသည်မှာ ကျင်ကျန်းဟန်မှအဆင့်မြင့်အများစုသည် ထိပ်တန်းသိုင်းပညာရှင်နှင့်ဆရာကြီးများဖြစ်သည်။ မဟုတ်လျှင် ကျင်ကျန်းဟန်ရှိ ရက်စက်လှသောအာဏာလုပွဲက တဝေထက်ပင် ပို၍ရက်စက်ပေလိမ့်မည်။ လက်အောက်ငယ်သားများက ရာထူးကြီးသူထံရှုံးရသည်ကာ သဘာဝသာဖြစ်သည်။ မိမိတို့သာ အားမကောင်းပါလျှင် အချိန်မရွေးပင် လက်အောက်ငယ်သားထံ၌ သေသွားနိုင်သည်။ ထို့ကြောင့် ကျင်ကျန်းဟန်၏ လက်ယာအရှင်ကို ထိပ်တန်းကျင်ကျန်းဟန်စစ်သည်တော်အဖြစ် ယူဆနိုင်ပေသည်။ ဘိုးဘေးဝူရှန်းက အားကောင်းလှသော်လည်း လက်ယာအရှင်နှင့်စာလျှင် ကလေးသာသာ သာဖြစ်သည်။ ညာလက်ရုံးအရှင်တစ်ယောက်ပေါ်လာသည်မဆိုထားနှင့် တဝေနယ်စပ်၌ သူ၏အရိပ်အယောင်ကိုမှတွေ့ရလျှင် နယ်စပ်မှကျွမ်းကျင်သူများသည် ရန်သူကြီးဖြင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ကြောက်ဒူးတုန်သွားကြသည်။

ယခုတွင်မူ ထိုသူက ခုန်းလုံထဲသို့ ချိုးဖျက်ဝင်ရောက်လာလေ၏။

လက်ယာအရှင်မည်သူဆိုသည်ကို သိထားကြသောသူအားလုံးသည် စိတ်ပျက်အားငယ်သွားမိသည်။ ယခင်က ချူးယွင်ဖန်းးက ဘိုးဘေးဝူရှန်းကို ရင်ဆိုင်နိုင်သော်လည်း ယခုတွင်မူ ကျင်ကျန်းဟန်၏လက်ယာအရှင် ကိုယ်တိုင်‌ရောက်လာသဖြင့် ချူးယွင်ဖန်းးအတွက် ပြိုင်ဘက်မဟုတ်နိုင်တော့ပေ။

"ကျုပ်တို့ သူ့ကို ဒီနေရာကို ရောက်လာမှာကို လွှတ်ထားလို့မရဘူး။"

ချူးယွင်ဖန်းး၏အကြည့်တို့က တောက်ပသွားပြန်သည်။ လက်ယာအရှင်က ထိုနေရာသို့ ရောက်ခါနီးအခါတွင်ပင် စလှုပ်ရှားတော့သည်။

"ယမမင်းလက်သီးချက်..."

ချူးယွင်ဖန်းးနောက်ကွယ်တွင် ရွှေရောင်ယမမင်းပုံပေါ်လာပြီး ရှိသမျှအားများကို လွှင့်ထုတ်လိုက်သည်။ ဘိုးဘေးဝူရှန်းဖြင့် ရင်ဆိုင်ရစဉ်အခါက ထိုသို့ အင်အားအပြည့်ထုတ်မသုံးခဲ့ပေ။ စွမ်းအားပြည့်ထုတ်မသုံးသည်မှာ ဘိုးဘေးဝူရှန်း၏ သူ၏ပြိုင်ဘက်မဟုတ်သောကြောင့်သာ ဖြစ်သည်။ သို့သော်လည်း လက်ရှိပြိုင်ဘက်ကမူ ချူးယွင်ဖန်းးအတွက်လည်း ယုံကြည်ချက်မရှိတော့ပေ။ အပြင်ဘက်နယ်မြေမှ လက်ယာအရှင်ဖြင့် ဆုံရလျှင် ချူးယွင်ဖန်းးက လှည့်ထွက်ကာ ထွက်ပြေးရမည်သာဖြစ်သည်။

လက်ယာအရှင်က ကြောက်စရာကောင်းလွန်းလှ၏။

ဘုန်း....

ထိုလက်သီးချက်က လက်ယာအရှင်ပေါ်သို့ ကျရောက်သွားသည်။ အပြည့်အဝပေါ်လာစဖြစ်သောသူသည် အနည်းငယ်မျှ အံ့ဩတုန်လှုပ်သွားသည့်ဟန် ပေါ်သည်။ မျက်နှာချင်းဆိုင်ရသောအခြေအနေမျိုးဖြစ်ပါလျှင် ထိုသို့တိုက်ခိုက်မှုလောက်ဖြင့် မိမိကမဖြုံပေ။

သို့သော် ယခုတွင်မူ မိမိက သယ်ယူပို့ဆောင်ဆဲသာဖြစ်သဖြင့် သေစေနိုင်သောတိုက်ခိုက်မှုဖြစ်လာနိုင်သည်။ ထိုအခြေအနေမျိုးဖြင့် ရင်ဆိုင်ရသောအခါ၌ လက်ယာအရှင်သည် ချက်ချင်းပင် ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။ နောက်တွင် သယ်ယူပို့ဆောင်ရေးဝင်ပေါက်တစ်ခုပေါ်လာပြီး ချက်ချင်းပင် ပြန်ဆုတ်သွားတော့သည်။ ထိုတိုက်ခိုက်မှုဖြင့် ခေါင်းဆိုင်မိလျှင် ဒဏ်ရာအပြင်းအထန်ရမည်က သေချာ၏။

ချူးယွင်ဖန်းးက အခွင့်အရေးကို စောင့်နေခြင်းသာ ဖြစ်သည်။ နောက်ထပ်အရိပ်လက်သီးချက်က ကောင်းကင်၌ ထွက်ပေါ်လာသည်။ ချူးယွင်ဖန်းးသည် ရွှေရောင် ဂဠုန်ငှက်အဖြစ်ပြောင်းသွားပြီး ချက်ချင်းပင် ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။

မြန်မြန်

မြန်မြန်

မြန်မြန်

ချူးယွင်ဖန်းး၏အရှိန်က မြန်လွန်းလှသည်။ ချက်ချင်းဆိုသလိုပင် သယ်ယူပို့ဆောင်ရေးဝင်ပေါက်ဆီသို့ ရောက်သွားသည်။ လက်သီးချက်က မူလကတည်ငြိမ်နေသောသယ်ယူပို့ဆောင်ရေးဝင်ပေါက်ကို ဖြတ်ရိုက်သကဲ့သို့ ဖြစ်သွားသဖြင့် ဝင်ပေါက်တစ်ခုလုံး ပျက်စီးတော့မလိုဖြစ်သွားရသည်။ လက်ယာအရှင်က ချက်ချင်းပင် ပျက်စီးလုနီးပါးဖြစ်သွားသော သယ်ယူပို့ဆောင်ရေးဝင်‌ပေါက်ဆီသို့ ဝင်သွားသည်။ သူ၏ကျင့်ကြံခြင်းဖြင့်ဆိုလျှင် လေဟာနယ်၏စွမ်းအားကြောင့် နှစ်ပိုင်းပြတ်ထွက်သွားနိုင်သည်။ လက်ယာအရှင်က စောစီးစွာ ပြန်ဆုတ်သွားသောကြောင့်သာ ဖြစ်သည်။ အချိန်မီသာ ပြန်မဆုတ်နိုင်ပါလျှင် ချူးယွင်ဖန်းးတိုက်ခိုက်သည်ကို ခံရကာ ဝင်ပေါက်ထဲ၌ သေသွားပေလိမ့်မည်။ သယ်ယူပို့ဆောင်ရေးဝင်ပေါက်ကဲ့သို့ နေရာမျိုး၌ ကျင့်စဉ်က ဧကရာဇ်အဆင့်သို့ ရောက်လျှင် ချက်ချင်းပင် နောက်ထပ်ဝင်ပေါက်တစ်ခုကို ချက်ချင်းတည်ဆောက်နိုင်လျှင်တောင်မှ သေခြင်းတရားဖြင့်သာ အဆုံးသတ်သွားပေလိမ့်မည်။

"မင်းကိုဒီတိုင်းမထားဘူးကွ...."

လက်ယာအရှင်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ ဒေါသတကြီးအော်ဟစ်သံက အားလုံးကို ကျောထဲထိချမ်းစိမ့်သွားစေသည်။ သို့‌သော်လည်း မကြာခင်တွင်ပင် ထိုအသံက ပျောက်ကွယ်သွားတော့သည်။ အားလုံးလည်း ဝင်ပေါက်ပျက်စီးသွားသည်ကို တွေ့ရသောအခါမှသာ သက်ပြင်းချနိုင်ကြတော့၏ စောနကခံစားချက်က မိမိတို့ကို စိတ်ပျက်အောင်လုပ်လိုက်နိုင်သည်။ လက်ယာအရှင်တစ်ယောက်ဖြင့်ပင် ခုန်းလုံတစ်ခုလုံးကို သုတ်သင်ပစ်လိုက်နိုင်သည်။ ကံကောင်းစွာဖြင့် ချူးယွင်ဖန်းးက မှန်ကန်သောဆုံးဖြတ်ချက်ချလိုက်နိုင်သဖြင့် သက်သာရာရသွားသည်။ မဟုတ်လျှင် နောက်ဆက်တွဲကိစ္စများက မတွေးဝံ့စရာပင် ဖြစ်၏။

All Chapters