← Chapters

ညွှန်ကြားပြသမှုကြောင့်ဝမ်းသာနေကြသော ခြေလှမ်းတစ်ဝက်ရွှေအမတေများ

Vol. 86 Ch. 1289

ညွှန်ကြားပြသမှုကြောင့်ဝမ်းသာနေကြသော ခြေလှမ်းတစ်ဝက်ရွှေအမတေများ

Vol. 86 Ch. 1289

လက်ယာအရှင်သည် ချူးယွင်ဖန်းး၏လက်သီးချက်ကြောင့် ပြန်ဆုတ်သွားသဖြင့် တစ်မြို့လုံးကို လွှမ်းခြုံထား‌သော ကြောက်စရာကောင်းသည့်အငွေ့အသက်ကလည်း နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။ မြို့ထဲမှကျွမ်းကျင်သူများလည်း ထိုအခါမှသာ ငရဲမှလွတ်မြောက်လာသကဲ့သို့ သက်ပြင်းချနိုင်ကြတော့၏။ ထို့နောက်တွင်မူ အားလုံးသည် တုန်လှုပ်ကာ ဒေါသထွက်လာမိကြသည်။ တဝေ၏အရေးကြီးသောမြို့တစ်မြို့အနေဖြင့် ခုန်းလုံသည် တစ်ခါမှထိုမျှထိ ဆိုးဆိုးဝါးဝါးအခြေအနေသို့ မကျရောက်ခဲ့ဖူးပေ။ စိတ်နှလုံးထဲ၌ အကြောက်တရားတို့က ကိန်းအောင်းနေဆဲဖြစ်သည်။ ကြောက်စရာကောင်းသောတည်ရှိမှုက မြို့ထဲသို့ ရောက်လာပါလျှင် မည်မျှထိထိတ်လန့်စရာကောင်းသောမြင်ကွင်းမျိုး ဖြစ်လာမည်ကို စိတ်ကူးပင်မယဉ်ဝံ့ပါပေ။

'ကျုံးရှင်းမြို့ဝန်ရဲ့အိမ်တော်ကတော့ အမြင့်ကိုတက်တော့မှာ သေချာပေါက်ပဲ'

အားလုံး၏စိတ်ထဲ၌ ထိုအတွေးတစ်ခုကလည်း ပေါ်လာသည်။ ချူးယွင်ဖန်းး၏တည်ရှိမှုက ကျုံးရှင်းမြို့ဝန်အိမ်တော်၌ အရင်က တစ်ခါမှပင် မရှိခဲ့ဖူးသောတည်ရှိမှုမျိုး ဖြစ်သည်။

ဝိညာဉ်လောက၌ ရွှေအမတေတစ်ယောက်သည် လွန်ကဲအဆင့်စစ်တပ်ကို ဦးဆောင်နိုင်သည်။ အနှေးနှင့်အမြန်ဆိုသကဲ့သို့ပင် ကျုံးရှင်းမြို့ဝန်သည်လည်း ခြေတစ်ချက်ဆောင့်ရုံဖြင့် တဝေကို ငလျင်လှုပ်သွားစေမည့်အင်အားမျိုး ရှိလာပေလိမ့်မည်။ တိုက်ပွဲကအဆုံးသတ်သို့ ရောက်လာပြီ။ သို့သော်လည်း အုတ်အော်သောင်းနင်းဖြစ်ခြင်းကမူ ယခုမှစတင်၏။

ချူးယောင်ဝေ့၊ ကျန်းလင်၊ ယွီရွှမ်းဖေး၊ ဖုဝမ်ထိုက်၊ မိန်းကလေးရွှေ့ကျီနှင့် ချူးယွင်ဖန်းးတို့သည် အိမ်တော်ရှိ လျှို့ဝှက်ဥယျာဉ်ထဲ၌ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ ထိုသူများထဲတွင် ချူးယွင်ဖန်းးက အငယ်ဆုံးဖြစ်သော်လည်း ထိပ်ဆုံးခုံတွင် ထိုင်နေသည်။

စောနကပြသလိုက်သောအင်အားမျိုးဖြင့်ဆိုလျှင် မည်သူမျှ မိမိကို သာမန်အငယ်တစ်ယောက်ကဲ့သို့ ဆက်ဆံရဲကြတော့မည်မဟုတ်ပေ။ ကျန်းလင်နှင့် အခြားသူများသည် ချူးယွင်ဖန်းးကို မျက်နှာလိုမျက်နှာအမူအရာဖြင့် ကြည့်လိုက်ကြ၏။ ထိုအချိန်တွင် သူတို့သည် ချူးယွင်ဖန်းးကို မသိမ်းသွင်းရဲတော့ပေ။

"ယွင်ဖန်း မင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ ငါတို့မိသားစုရဲ့နှစ်ချို့အောင်ဖြစ်တည်နေတဲ့ရန်ငြှိုးတွေက နောက်ဆုံးတော့အဆုံးသတ်သွားခဲ့ပြီ။"

ချူးယောင်ဝေ့က လက်ထဲမှခွက်ကို မြှောက်ပြီး သောက်လိုက်ရင်းဖြင့် ချူးယွင်ဖန်းးပြန်ပြောမည်ကို စောင့်နေသည်။

"ဘာမှမဟုတ်ပါဘူး။ အသေးအဖွဲလေးပါ။"

ချူးယွင်ဖန်းးက ပြောလိုက်၏။

ချူးယောင်ဝေ့က ချူးယွင်ဖန်းးကို ကျေးဇူးတင်နေဟန်အမူအရာမျိုးဖြင့် ကြည့်လိုက်သည်။ အမှန်တွင် ချူးယွင်ဖန်းးသာမရှိလျှင် ဘိုးဘေးဝူရှန်းကို သတ်နိုင်မည့်အခွင့်အရေးက လွန်စွာနည်းပါးသည်ကို သေချာသိသည်။ မဖြစ်နိုင်ဟုပင် ဆိုရပေမည်။ ထိုအချိန်မှ ချူးယွင်ဖန်းးက အဘယ့်ကြောင့် နောက်တစ်လထပ်မ‌စောင့်တော့ဟု ပြောရသည်ကို နားလည်သွားတော့သည်။ သူ၏အင်အားက ယခုလအတွင်း၌ပင် သိသိသာသာ ပြောင်းလဲလာသောကြောင့် ဖြစ်၏။ မိမိသည် ပြန်မတိုက်ဘဲ စောင့်နေခဲ့သည်ကိုသာ ဝမ်းသာမိသည်။ မဟုတ်လျှင် ကိစ္စများက ယခုလောက် ပြီးပြည့်စုံနေမည်မဟုတ်ပေ။

"မင်းအင်အားက ဒီလောက်အထင်ကြီးစရာကောင်းနေမယ်လို့ မထင်ထားခဲ့ဘူး သခင်လေးချူး။ မင်းဆရာက ခုဘယ်မှာလဲသိချင်မိသား။ မင်းလိုတပည့်မျိုးကို မွေးထုတ်ပေးနိုင်မှတော့ သူကလည်းစွမ်းအားကြီးမှာ သေချာပေါက်ပဲ။"

မိန်းကလေးရွှေ့ကျီက ချူးယွင်ဖန်းးကို ပြုံး၍ ပြောလိုက်သည်။ သူမ၏အကြည့်တို့က ဆွဲဆောင်မြှုူဆွယ်နေသောအကြည့်မျိုးဖြစ်သော်လည်း ချူးယွင်ဖန်းးက လျစ်လျူရှုထား၏။ သူမ၏စကားလုံးများက အားလုံး၏သိချင်စိတ်ကို နှိုးဆွပေးလိုက်သည်နှင့်တူသည်။ အားလုံးက ချူးယွင်ဖန်းး၏ဆရာကို စိတ်ဝင်စားသွားကြသည်။

ချူးယွင်ဖန်းးက စွန်းဝူခုံးလိုမျိုး ကျောက်တုံးထဲထွက်လာတာတော့ မဟုတ်နိုင်ဘူးမလား?

ထိုမျှထိအားကောင်းသောကျင့်စဉ်မျိုးကို ပိုင်ဆိုင်ထားသည်က အကြောင်းရင်းရှိပေလိမ့်မည်။ ထိုသူများသိချင်သည်ကလည်း ထိုကိစ္စသာဖြစ်၏။ ထိုကိစ္စကို သိပ်ဂရုမစိုက်သောချူးယောင်ဝေ့ကပင် ချူးယွင်ဖန်းးထံ အကြည့်ရောက်သွားသည်။

ချူးယွင်ဖန်းးက ချက်ချင်းမဖြေပေ။ မိမိ၏အင်အားသည်ပေါ်သွားလျှင် ထိုအင်အားကို အခွင့်ကောင်းယူမည့်သူများရှိလာမည်ကို သိထားသည်။ သို့သော်လည်း မိမိ၌ ဆရာဟူ၍ ရှိမနေပေ။ ရှိလျှင်လည်း ရှေးဟောင်းအထွတ်အထိပ်ကျင့်စဉ်မှ အဂ္ဂရိတ်ဧကရာဇ်သာ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ထိုကိစ္စက မရှိတော့သည်မှာကြာလှပြီဖြစ်၏။

"ကျွန်တော်က အခန့်သင့်လို့ ကံကောင်းသွားပြီး အခုထိကျင့်ကြံလာခဲ့တာပါ။ ဘယ်သူ့ဆီကမှ ဘာလမ်းညွှန်မှုမျိုးမှ မရဖူးပါဘူး။"

ချူးယွင်ဖန်းးက ဖြေပေးလိုက်သည်။

စကားများက ရည်ရွယ်ချက်ရှိလှသော်လည်း မည်သူကမှ ယုံမည်တော့မဟုတ်ပေ။ ထိုသို့အဆင့်ထိ တစ်ယောက်တည်းကျင့်ကြံလာသည်ကလည်း မဖြစ်နိုင်ပေ။ ဤလောကရှိ သိုင်းပညာကျင့်ကြံခြင်းသည် ခြွင်းချက်မရှိ အားကောင်းသောအမွေဆက်ခံခြင်းတစ်မျိုး လိုအပ်သည်။ ကျင့်ကြံရာတွင် နှုတ်ဖြင့် လက်ဆင့်ကမ်းလာသောလျှို့ဝှက်ချက်မျိုးစုံရသည်။ ကိုယ်တိုင်သင်ကြားပေးခြင်းမခံရလျှင် လျှို့ဝှက်သိုင်းကျမ်းပေးလျှင် မိမိဘာသာ နားလည်မည်မဟုတ်ပေ။ လျှို့ဝှက်သိုင်းကျမ်းဆိုသည်ကလည်း လျှို့ဝှက်စကားလုံးမျိုးစုံဖြင့် ပြည့်နှက်နေသော်လည်း မည်သူကမှ ထိုအဓိပ္ပာယ်ကို မရှင်းပြလျှင် သေသည်အထိပင် နားလည်မည်မဟုတ်ပေ။

ချူးယွင်ဖန်းး၏အဆင့်ထိုရောက်အောင် နောက်ခံမရှိဘဲ မည်သို့ကျင့်ကြံနိုင်မည်နည်း။

သို့သော်လည်း ဆက်ပြီးမပြောလိုသည်ကို မြင်နေရသဖြင့် မည်သူမှမမေးရဲကြပေ။ သို့တိုင် အားလုံး၏စိတ်ထဲ၌ မျိုးစုံခန့်မှန်းနေကြလေသည်။ လောက၌ နာမည်ကြီးသောဂိုဏ်းအများစုနှင့် သီးသန့်ဆန်သောဂိုဏ်းများသည်ပင် သံသယဝင်ခံရတတ်သည်။ မိမိတို့သည် တဝေ၏ထိပ်တန်းများဖြစ်ကြပြီး သာမန်သူထက် ပို၍သိထားကြသည်။

စားသောက်ပြီးနောက်တွင် အားလုံးက ချူးယွင်ဖန်းးကို ကျေးဇူးတင်ကြောင်း ပြောကြသည်။ ယခုတစ်ခေါက်၌ ကျန်းလင်နှင့် အခြားသူများက သူ့ကို တန်းတူကဲ့သို့ မဆက်ဆံရဲတော့ပေ။ မိမိဘာသာ အငယ်အဆင့်သို့ နှိမ့်ချထားကြသည်။

ကျင့်ကြံရေးလမ်းစဉ်တွင် ထိပ်ဆုံးအဆင့်သို့ရောက်သောမည်သူမဆို အမြဲတမ်းထိပ်ဆုံးကသာ နေရာယူကြသည်။ ရွှေအမတေတစ်ယောက်ဖြင့် ဆုံရန်က မလွယ်လှပေ။ စားသောက်ပြီးနောက်တွင် မိန်းကလေးရွှေ့ကျီက ချူးယွင်ဖန်းးကို မေးခွန်းတချို့မေးနေသည်။ ကျင့်ကြံရာ၌ ကြုံတွေ့ရသည့်ပြဿနာများအကြောင်းပင် ဖြစ်သည်။ မိန်းကလေးရွှေ့ကျီက ထိုသို့မေးသည်ကို မြင်ကြသဖြင့် အခြားသောခြေလှမ်းတစ်ဝက်ရွှေအမတေများကလည်း ချူးယွင်ဖန်းးကို ကျင့်ကြံရာ၌ မိမိတို့ကြုံရသည့်ပြဿနာများအကြောင်းကို မေးကြလေသည်။

မိမိတို့အတွက် ထိုပြဿနာများကြောင့် ဒုက္ခရောက်သည်မှာ အတော်လေးကြာပြီဖြစ်သော်လည်း ချူးယွင်ဖန်းးအတွက်မူ ဘာမှမဟုတ်ပေ။ ၎င်းတို့ကြုံနေရသောပြဿနာများသည် ချူးယွင်ဖန်းးအတွက်မူ မျက်လုံးရှေ့၌ကွယ်နေသောသစ်ရွက်လေးသာသာ သာဖြစ်သည်။ သိုင်းပညာကိုနားလည်တတ်မြောက်ထားခြင်းက သာမန်သူများစိတ်ကူးနိုင်သည်ထက် သာလွန်သည်။ အစိတ်အပိုင်းအားလုံးကို နားမလည်လျှင်ပင် အဂ္ဂရိတ်ဧကရာဇ်၏မှတ်ဉာဏ်အကူအညိဖြင့် ထိုပြဿနာများကို ကူညီဖြေရှင်းပေးသည်က ကိစ္စအသေးအမွှားလောက်သာ ဖြစ်၏။

မိန်းကလေးရွှေ့ကျီနှင့် အခြားသူများသည် ခေါင်းငုံ့ထားကြပြီး ချူးယွင်ဖန်းးက ထိုသူများကို လမ်းညွှန်ပြသရသည်ကို စိတ်ထဲတွင်မထားပေ။ ထို့နောက်တွင် မိန်းကလေးရွှေ့ကျီနှင့်အခြားသူများသည် ချူးယွင်ဖန်းးကထိုပြဿနာများကို ဖြေရှင်းပေးနိုင်သည်ကို တွေ့သဖြင့် အံ့ဩသွားကြသည်။ မိမိတို့ရင်ဆိုင်နေရသောပြဿနာများက တစ်နှင့်တစ်ပေါင်းလျှင်နှစ်ရသည်ဟုသောမေးခွန်းကဲ့သို့ပင် ရိုးရှင်းနေသည်။ အစက အဖြေအားလုံးရလိမ့်မည်ဟု ထင်မထားကြပေ။ ရွှေအမတေများသည်လည်း အားလုံးကို နားမလည်နိုင်ပေ။ အားလုံး၏ကျင့်ကြံရေးလမ်းစဉ်က မတူညီဘဲ ချူးယွင်ဖန်းးဖြေနိုင်မဖြေနိုင်ကလည်း မသေချာပေ။ သို့သော်လည်း အခွင့်အရေးကောင်းကို လက်လွှတ်မခံချင်သောကြောင့် မေးကြည့်ကြခြင်းဖြစ်၏။ ပြဿနာအများစုကို တစ်ဆင့်တည်းဖြင့် ဖြေရှင်းနိုင်သော်လည်း ထိုတစ်ဆင့်ကို မသိနေကြသဖြင့် အခက်တွေ့နေကြသည်။ သို့သော်လည်း ထို့ကြောင့် ချူးယွင်ဖန်းးကို လျှော့မတွက်ရဲပေ။ သူ၏လမ်းညွှန်မှုသာမရှိလျှင် အဆင့်‌လေးတစ်ဆင့်ဖြစ်လျှင်ပင် နားလည်နိုင်ရန်နှစ်ချီအချိန်ယူရပေမည်။

ထို့အပြင် အားလုံးက ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်ကြ၏။ ထိုသို့ဖြေရှင်းနည်းက နည်းလမ်းမျိုးစုံကိုသုံးရသည်ထက် ခက်သည်ကို နားလည်ထားကြသည်။ သူ၏သိုင်းပညာကို သိကျွမ်းနားလည်မှုကမူ တုန်လှုပ်ခြောက်ခြားစရာပင် ဖြစ်၏။ တဖြည်းဖြည်းဖြင့် ချူးယောင်ဝေ့စီစဉ်ပေးသော ကျေးဇူးတင်ညစာစားပွဲသည် ချူးယွင်ဖန်းး၏စာသင်ခန်းဖြစ်လာသည်။ လူတစ်ယောက်ရောက်လာပြီး အားလုံး၏မေးခွန်းကို မနှောင့်မယှက်ချင်းအထိပင် ဖြစ်၏။

All Chapters