အံ့ဩတုန်လှုပ်သွားရသောနန်းတွင်းကိုယ်ရံတော်
Vol. 86 Ch. 1290
စားသောက်ပွဲသင်ခန်းစာသည် နန်းတွင်းကိုယ်ရံတော်ရောက်လာပြီဟု အစေခံကလာပြောသောအခါတွင် ရပ်တံ့သွားကြသည်။ အားလုံး၏စိတ်က တုန်ယင်သွားရှာသည်။ အထူးသဖြင့် မိန်းကလေးရွှေ့ကျီပင် ဖြစ်ကာ ချူးယွင်ဖန်းးကို တွန့်ဆုတ်စွာဖြင့် ကြည့်လိုက်သည်။ မသိသူဆိုလျှင် သူမ၏ချစ်သူကို ကြည့်နေသည်ဟု ထင်ကြပေမည်။ သို့သော်လည်း အခြားသူများလည်း ထိုသို့ခံစားရပေသည်။ တစ်သက်လျှင်တစ်ခါသာရသောအခွင့်အရေးမျိုး ဖြစ်သည်။ ချူးယွင်ဖန်းးက အချိန်တိုအတွင်းတွင် စကားနည်းနည်းသာညွှန်ကြားသော်လည်း မိမိတို့နှစ်ဆယ်ချီကျင့်ကြံသည်နှင့် ညီမျှသည်။ အားလုံးက မသေမျိုးများ မဟုတ်ကြပေ။ ကျင့်ကြံခြင်း၌ အချို့ယွင်းဆုံးသောအရာက အရင်းအမြစ်လည်းမဟုတ်ဘဲ အမွေဆက်ခံခြင်းလည်းမဟုတ်ဘဲ အချိန်သာ ဖြစ်၏။
သို့သော်လည်း မငြင်းဝံ့ကြပေ။ အခြားသူဆိုလျှင်လည်း ချက်ချင်းပင် လူလွှတ်ကာ ပြန်ပို့ခိုင်းလိုက်မည်သာဖြစ်၏။ သို့သော်လည်း ရောက်လာသည့်သူက နန်းတွင်းကိုယ်ရံတော်ဖြစ်နေသည်။ ချူးယောင်ဝေ့ဖိတ်ကြားထားသောနန်းတွင်းကိုယ်ရံတော် ပေါ်လာသောအခါတွင် အားလုံးက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြန်သည်။
"မြန်မြန် သူ့ကို အထဲဖိတ်လိုက်ပါ။ မဟုတ်ရင် ငါသွားခေါ်လိုက်မယ်။"
ချူးယောင်ဝေ့က အမြန်ပင် ဖြေကြားလိုက်၏။ ထိုနန်းတွင်းကိုယ်ရံတော်ကို ခေါ်ယူရန် အချိန်မည်မျှကြာခဲ့သည်ကို မမှတ်မိတော့ပေ။ တန်ဖိုးကြီးကြီးပေးပြီးမှ ခေါ်ထားရခြင်းဖြစ်သည်။ အဆုံးတွင်မူ အကျိုးမရှိသော်လည်း လျစ်လျူမရှုထားရဲပေ။ ချူးယောင်ဝေ့၏လမ်းညွှန်မှုဖြင့် အနက်ရောင်ဝတ်စုံဝတ်ထားသောလူကြီးတစ်ယောက် ရောက်လာသည်။ အားလုံးက ထ၍ ကြိုဆိုပေးလိုက်ကြသည်။
"မင်းပါ့လား အရှင်ခူ။"
"နှုတ်ဆက်ပါတယ် အရှင်ခူ။"
"ကျန်းမာပါစ အရှင်ခူ..."
ကျန်းလင်၊ မိန်းကလေးရွှေ့ကျီနှင့် အခြားသူများက ချက်ချင်းပင် နှုတ်ဆက်လိုက်ကြသည်။ အားလုံး၏အကြည့်၌ ထိတ်ပျာမှု အရောင်လက်သွားသည်။ ချူးယွင်ဖန်းးကထိုလူကြီးကို ဖိတ်ကြားမည်ဟု မျှော်လင့်မထားမိပေ။ အရှင်ခူသည် ထိုမျိုးဆက်မှမဟုတ်ပေ။ သို့တိုင် ယခင်မျိုးဆက်၏ ဒဏ္ဍာရီတစ်ခုဟု ဆိုနိုင်သည်။ တဝေတွင်မိမိဘာသာလမ်းဖောက်ပြီး နာမည်ရအောင်လုပ်ခဲ့သောသူများရှိလျှင် အရှင်ခူသည် တဝေ၏ထိပ်တန်းထဲမှတစ်ယောက်ဖြစ်သည်။ သူ၏ကျော်ကြားမှုက မိမိတို့ထက်သာသည်။ နောက်တွင် ရွှေအမတေအဆင့်သို့ဝင်ပြီးဖြစ်ကာ မျိုးဆက်တစ်ဆက်၏အရှင်ဖြစ်လာသည်။ နောက်တွင် သူသည် တဝေနှင့်ပေါင်းပြီးနန်းတွင်းကိုယ်ရံတော် ဖြစ်လာခဲ့သည်။ သူက လှုပ်ရှားခဲသည်။ သို့သော်လည်း လှုပ်ရှားသည့်အခါတိုင်း ကိစ္စကြီးတစ်ခုဖြစ်သွားတတ်သည်။ နန်းတွင်းကိုယ်ရံတော်ကို ဖိတ်ကြားနိုင်သည်က သာမန်လူမဖြစ်နိုင်ပေ။ ချူးယောင်ဝေ့က ထိုသို့လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်မထားကြပေ။
သို့သော်လည်း ဖုဝမ်ထိုက်၏အကြည့်က နားလည်သွားဟန်ပြသည်။ အခြားသူများနှင့်စာလျှင် သူသည် မြို့ဝန်ကျုံးရှင်း၏အိမ်တော်ဖြင့် လေးနက်သောဆက်ဆံရေးမျိုး ရှိသည်။ ယခင်မြို့ဝန်သည်လည်း အရှင်ခူထံမှအကူအညီယူဖူးသည်ကို ကြားထားသည်။ မဟုတ်လျှင် ရွှေအမတေတစ်ယောက်ဖြင့်ရင်ဆိုင်ရန် လူရှာရသည်က ခက်ခဲလှသည်။ နှစ်ယောက်လုံးက ရွှေအမတေများဖြစ်လျှင်ပင် အခြားသောရွှေအမတေဖြင့် ရင်ဆိုင်ခိုင်းရန်ကာ သာမန်မျှမဟုတ်ပေ။ မြွေကိုသတ်ရန် ရှုံးနိမ့်ပါလျှင် အဆုံးမရှိသောဒုက္ခသာရောက်ကြပေမည်။ ထိပ်တန်းတစ်ယောက်ကို ငွေဖြင့်ခန့်ထားနိုင်ခြင်းမျိုးသာမကပေ။
အရှင်ခူဝင်လာသည်နှင့် အခြားသူများကို ဂရုမစိုက်ဘဲ ထိပ်ဆုံးတွင်ထိုင်နေသောချူးယွင်ဖန်းးကို တောက်ပသောမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
"အရှင်ခူ....ဒါက...."
ချူးယောင်ဝေ့က ရှေ့ထွက်လာပြီး ပြောလိုက်သည်။
"ချူးယွင်ဖန်းးမလား။ ငါဒီကိုလာတဲ့လမ်းမှာကြားထားတယ်။"
အရှင်ခူက ချူးယွင်ဖန်းးကိုကြည့်ကာ သက်ပြင်းချလိုက်၏။
"သူရဲကောင်းတွေဆိုတာ လူငယ်တွေကနေ မွေးဖွားလာတာပဲ။ ဒီလိူလူငယ်သူရဲကောင်းလေးတစ်ယောက် တဝေမှာပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"
"အရှင်ခူ ကျွန်တော့်ကိ မြှောက်ပင့်နေတာပဲ။"
ချူးယွင်ဖန်းးက လက်နှစ်ဖက်ဖြင့်အရိုအသေပေးကာ ဆိုလိုက်၏။
အရှင်ခူက လက်ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်၏။
"ငါက မင်းကို မြှောက်ပင့်နေတာမဟုတ်ဘူး။ မင်းအဲ့လောက်ထိနှိမ့်ချစရာမလိုပါဘူး။ ယောင်ဝေ့က ငါ့ကို ဘိုးဘေးဝူရှန်းကို တိုက်ဖို့တောင်းဆိုလာတယ်။ သူ့ကို မင်းသတ်သွားလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။"
"ဒီလိုပြောမှ ငါရှက်တောင်ရှက်မိတယ်။ ဒီကိုလာတဲ့လမ်းမှာ အစီအရင်အခင်းအကျင်းတစ်ခုနဲ့ တားခံရတယ်။ နေ့တစ်ဝက်လောက် တားခံလိုက်ရတယ်ဆိုပေမဲ့ မင်းက ဒီကိစ္စကို ပြောင်းပြန်မလှန်နိုင်ရင် ဘိုးဘေးဝူရှန်းရဲ့အစီအစဉ်က အောင်မြင်သွားမှာပဲ။"
အရှင်ခူက ပြောလိုက်သည်။ထိုအခါမှသာ အားလုံးလည်း အရှင်ခူအချိန်မီရောက်မလာနိုင်သည်ကို သဘောပေါက်သွားကြသည်။ ဘိုးဘေးဝူရှန်းက ကြိုပြီး အစီအရင်ချထားခဲ့ခြင်းဖြစ်နိုင်သည်။ အရှင်ခူကို ဘာမှမလုပ်နိုင်သော်လည်း အချိန်ဆွဲထားရန်အတွက် လုံလောက်သည်။ ရွှေအမတေတစ်ယောက်အတွက် အချိန်ခဏလေးအတွင်း၌ တစ်မြို့လုံးကို သုတ်သင်ပစ်ရန်က လုံလောက်ပေသည်။ ချူးယွင်ဖန်းးသာ မကယ်နိုင်ခဲ့လျှင် တစ်မြို့လုံးမည်သို့ဖြစ်နေမည်မှာ မတွေးရဲစရာပင် ဖြစ်၏။ သို့သော်လည်း အရှင်ခူက တမင်သက်သက်မလာခြင်းမဟုတ်သည်ကို သိလိုက်ရသောအခါ၌ စိတ်သက်သာရာရသွားကြသည်။ မဟုတ်လျှင် မသေမျိုးများကြား၌ နောက်ထပ်ကြောက်စရာကောင်းသောတိုက်ပွဲကြီး ပေါ်လာနိုင်သည်။
"ဘာမှမှမဟုတ်တာ။"
ချူးယွင်ဖန်းးက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။
အရှင်ခူက ချူးယွင်ဖန်းးကို ကြည့်လိုက်ပြီး ကျယ်လောင်စွာအော်ရယ်လိုက်မိ၏။
"ဘိုးဘေးဝူရှန်းသာ ဒီစကားကို ကြားရင် ဒေါသထွက်လို့ သေသွားလောက်တယ်။ အခြားတစ်ယောက်က ပြောရင် အောက်ခြေလွတ်နေတယ်ဆိုပြီး ထင်မိမှာ။ ဒါပေမဲ့ မင်းပြောတာကတော့ အမှန်ပဲ။"
အရှင်ခူသည် မလာခင်တွင် အကြောင်းစုံသိပြီးပုံပေါ်သည်။ ထို့ကြောင့် ချူးယွင်ဖန်းးကို နားလည်နေခြင်းဖြစ်၏။ အမှန်တွင် သူသည် တုန်လှုပ်စရာကောင်းလှသည်။ ထိုနေရာသို့ ရောက်သောအခါ၌ ချူးယွင်ဖန်းးက ဘိုးဘေးဝူရှန်းကိုသတ်ပြီးဖြစ်သည်က ပို၍ပင် ထိတ်လန့်စရာကောင်းပေသည်။ ဘိုးဘေးဝူရှန်းက အမတေမဲ့အဆင့်သို့ ဝင်စဖြစ်ပြီး မိမိထက်အဆင့်နောက်ကျသည်။ ဘိုးဘေးဝူရှန်းနှင့်စာလျှင် သူလည်းသိပ်မသာလှပေ။ ထို့ကြောင့် ထိုကိစ္စကို ဦးစွာမစလိုခြင်းသာဖြစ်၏။ ဘိုးဘေးဝူရှန်းကို သတ်နိုင်မည်ဟု ယုံကြည်ချက်လည်း အပြည့်အဝမရှိခဲ့ပေ။ ရွှေအမတေတစ်ယောက်ကိုသတ်လိုက်ခြင်းက အဆုံးမရှိသောဒုက္ခမျိုးလည်း ဖြစ်လာစေနိုင်သည်။
ချူးယောင်ဝေ့ကသာ မိမိထံစာပို့ပြီး သက်ရှည်ဆေးလုံးဖြင့်လဲလှယ်ကာ အကူအညီတောင်းခဲ့လျှင် ထိုအရှုပ်ထုပ်ကြားသို့ ဝင်ပါမိမည်မဟုတ်ပေ။
လူငယ်တစ်ယောက်အတွက်မူ ကိစ္စမရှိသော်လည်း အသက်အရွယ်ရပြီဖြစ်သောမိမိအတွက်ကမူ သက်ရှည်ဆေးက နှစ်နှစ်ဆယ်သက်တမ်းထိ ပိုအသက်ရှင်နိုင်ဖြင့် လွန်စွာအရေးပါလှသည်။ ဘိုးဘေးဝူရှန်းဖြင့် တိုက်ခိုက်ရန်က ထိုက်တန်ခဲ့ခြင်းဖြစ်သည်။သို့သော်လည်း အစီအရင်ကိုဖျက်ပြီး အပြေးလာသောအခါ၌ ချူးယွင်ဖန်းးက ဘိုးဘေးဝူရှန်းကို သတ်လိုက်သည်ကို သိလိုက်ရသည်။ ထို့ကြောင့် များစွာတုန်လှုပ်သွားခဲ့ရသည်။ မိမိဖြင့်တိုက်ခိုက်လျှင်ပင် ဒဏ်ရာအပြင်းအထန်ရရုံလောက်သာဖြစ်နိုင်သည်။ ဒဏ်ရာအပြင်းအထန်ရခြင်းနှင့်သတ်နိုင်ခြင်းက မတူခြားနားသောကိစ္စနှစ်ခုဖြစ်သည်။
ချူးယွင်ဖန်းးက ထိုသို့လုပ်နိုင်ခဲ့ရုံသာမက မိမိရထားသောသတင်းအရဆိုလျှင် အလွယ်လေးပင်သတ်ပစ်နိုင်ခဲ့သည်ကို သိထားသည်။ ထိုတိုက်ပွဲက ခက်ခဲကြမ်းတမ်းသောတိုက်ပွဲမဟုတ်ခဲ့ပေ။ တိုက်ပွဲအတွင်း၌ ဘိုးဘေးဝူရှန်းသည် အမတေမဲ့အဆင့်ကိုပင် ဖိနှိပ်ထားသော ချူးယွင်ဖန်းး၏အစစ်အမှန်တိုက်ပွဲစွမ်းအားကို မြင်ခဲ့ရသည်။ ထို့ကြောင့်ပင်လျှင် များစွာ တုန်လှုပ်သွားရခြင်းဖြစ်သည်။ အစကတည်းကမှစ၍ သူသည် ချူးယွင်ဖန်းးကို လုံးဝလျှော့မတွက်ခဲ့ပါပေ။