← Chapters

ငါတို့ရဲ့ ဧကရာဇ်သားတော်ကို ဘယ်သူက ပြစ်ပေးရဲတာလဲ…

Vol. 4 Ch. 44

ငါတို့ရဲ့ ဧကရာဇ်သားတော်ကို ဘယ်သူက ပြစ်ပေးရဲတာလဲ…

Vol. 4 Ch. 44

တစ်ခဏမျှတော့ ရှေ့ပိုင်းစွန့်ပစ်နယ်မြေတစ်ခွင်၌ အသံမျိုးစုံ ထွက်ပေါ်လာ၏။ သို့သော်လည်း အများစုမှာ စုရွှမ်အတွက် နောင်တရစကားများသာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လျှို့ဝှက်နယ်မြေတစ်ခုအတွင်း သတ်ဖြတ်ခံရခြင်းက ထိုလူ၏ အင်အား မလုံလောက်ကြောင်းကိုသာ ညွှန်ပြနေသည်။

လူသတ်သမားက မည်သူဖြစ်သည်ကို အမှန်တကယ် လိုက်လံစုံစမ်းမည့်သူမှာ အလွန်ပင် ရှားပါး၏။

သို့သော်လည်း လူတိုင်းကို အံ့အားသင့်စေသည်မှာ နတ်ဘုရားဂိုဏ်းကြီးနှစ်ခုနှင့် ထိုက်ရွှမ်ဂိုဏ်းတို့က ဤလက်စားချေခြင်းကို မဟာမိတ်ဖွဲ့ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဤမျှ ကြီးကျယ်ခမ်းနားသော ပြင်ဆင်မှုများကြောင့် အင်အားစုများစွာမှာ တာယန်မြင့်မြတ်နယ်မြေသို့ ဆွဲဆောင်ခံလိုက်ရ၏။

သူတို့က ဤပြဇတ်ကို ကြည့်ရှုလိုကြပြီး ဤအငြင်းပွားမှု၏ နောက်ဆုံးရလဒ်ကို သိမြင်လိုကြသည်။

ယောင်ကွမ်းမြင့်မြတ်နယ်မြေ။

“မြင့်မြတ်သခင်… ကျွန်တော်မျိုးမက လျှို့ဝှက်နည်းစနစ်တစ်ခု သုံးပြီး စုရွှမ်ရဲ့ အနာဂတ်ကို ကြည့်ခဲ့ပါတယ်… သူက အဓိပတိ ဖြစ်တည်မှုတစ်ခုပါ… မဟာဧကရာဇ်ထက် အများကြီး သာလွန်တဲ့သူပါ…”

ယောင်ကွမ်းမြင့်မြတ်သူတော်စင်မက သူမ၏ အပြစ်ကင်းစင်သော မျက်နှာနှင့် တောက်ပသော မြင့်မြတ်အလင်းတန်းများ ဖြာထွက်နေလျက်နှင့် ယောင်ကွမ်းမြင့်မြတ်သခင်ကို လေးနက်တည်ကြည်စွာ ပြောလိုက်၏။

“ဘာ… မင်းက လျှို့ဝှက်နည်းစနစ်သုံးပြီး စုရွှမ်ရဲ့ အနာဂတ်ကို ကြည့်ခဲ့တယ်ဟုတ်လာယ… ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ… ထျန်းကျီအဘိုးကြီးက စုရွှမ်အကြောင်း တွက်ချက်ဖို့ ကြိုးစားရင်းနဲ့ သေဆုံးသွားတယ်လို့ ဆိုတယ်…”

ယောင်ကွမ်းမြင့်မြတ်သခင်မှာ အနည်းငယ် သံသယဝင်သွားသည်။

“မြင့်မြတ်သခင်… တပည့်က ငယ်စဉ်တုန်းက အမွေအနှစ်တစ်ခု ရခဲ့ဖူးပါတယ်… အဲဒါက တန်ပြန်အထိုးနှက်မှု တချို့ကို ချေဖျက်ပေးနိုင်လို့ ပြဿနာကြီးကြီးမားမား မရှိခဲ့ပါဘူး…”

ယောင်ကွမ်းမြင့်မြတ်သူတော်စင်မက ပြတ်သားသော လေသံဖြင့် ညင်သာစွာ ဆို၏။

“ဒါဆို မင်းပြောတာ အမှန်ပဲလား”

“လုံးဝ အမှန်ပါပဲ မြင့်မြတ်သခင်… ကျွန်မတို့သာ အခု တာယန်မြင့်မြတ်နယ်မြေကို ကူညီခဲ့ရင် အနာဂတ်မှာ ကျွန်မတို့ မြင့်မြတ်နယ်မြေ မကျဆင်းသွားအောင် အနည်းဆုံးတော့ အာမခံနိုင်ပါလိမ့်မယ်…”

“ဒီလိုဆိုရင် မင်းနဲ့အတူ လိုက်ကြည့်ရတာပေါ့…”

“အင်း…”

ယောင်ကွမ်းမြင့်မြတ်သူတော်စင်မက ခေါင်းညိတ်၍ သူမမျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာ၏။

သူမက စုရွှမ်ကို အမှန်တကယ်ပင် အထင်ကြီး လေးစားမိသည်။

ထိုလေးစားမှုက ကိုးကွယ်မှုမှ ပေါက်ဖွားလာခြင်း ဖြစ်၏။

၎င်းက ဖြူစင်ခြင်း မရှိနိုင်ပေ။ သို့သော်လည်း ထိုစိတ်က အမှန်တကယ်ပင် ရှိနေသည်။

“စုရွှမ်… ဒီတစ်ခါတော့ မင်း ငါ့ရဲ့ကျေးဇူးကို သေချာပေါက် မှတ်မိမှာပါနော်…”

...

ကျီဖူမြင့်မြတ်နယ်မြေ၊ ဓားခန်းမနှင့် အခြား ဧကရာဇ်မျိုးနွယ် သုံးခုမှာ ကိုးခေါင်းခြင်္သေ့လက်ထဲတွင် သေဆုံးသွားသော သူတို့၏ ဧကရာဇ်သားတော်အတွက် ဝမ်းနည်းပူဆွေးနေဆဲ ဖြစ်သည့် ချန်မိသားစုမှလွဲ၍ အားလုံးက တာယန်မြင့်မြတ်နယ်မြေဘက်သို့ အပြေးအလွှား သွားနေကြသည်။

ဤမျှ အရေးပါသော ဖြစ်ရပ်ကြီးကြောင့် ဤအဓိက အင်အားစုများမှာ မပျက်မကွက် ရှိနေရန် မဖြစ်နိုင်တော့ချေ။

မည်သို့ပင်ဖြစ်စေ ဤသည်က အခွင့်အရေးကောင်းတစ်ခု ဖြစ်၏။

သူတို့အနေဖြင့် ၎င်းမှ အကျိုးအမြတ်အချို့ ရရှိနိုင်ကောင်း ရရှိနိုင်ပေလိမ့်မည်။

ဤသတင်းမှာ မယုံနိုင်လောက်အောင်ပင် သက်ရောက်မှု ပြင်းထန်ပြီး ရှေ့ပိုင်းစွန့်ပစ်နယ်မြေတစ်ခွင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားကာ မြောက်ပိုင်းဒေသသို့ပင် ရောက်ရှိသွား၏။

မြောက်ပိုင်းဒေသ စုမိသားစု။

“ယွင်ထျန်… ရွှမ်အာ ဒုက္ခရောက်နေပြီ”

ကျန်းယွဲ့က စုယွင်ထျန်ကို ထိုသတင်းအား အရေးတကြီး အကြောင်းကြားလိုက်သည်။

“ဘာ… ရှေ့ပိုင်းစွန့်ပစ်နယ်မြေက နတ်ဘုရားဂိုဏ်း နှစ်ခုနဲ့ ထိုက်ရွှမ်ဂိုဏ်းက ရွှမ်အာကိုလက်စားချေဖို့ တာယန်မြင့်မြတ်နယ်မြေကို သွားနေကြတယ်ဟုတ်လား… ရွှမ်အာက သူတို့ရဲ့ မျိုးဆက်သစ်တွေကို လျှို့ဝှက်နယ်မြေမှာ သတ်လိုက်လို့လား”

ဟမ်…

ဤစကားကို ကြားသောအခါ စုယွင်ထျန်း၏ မျက်နှာက တစ်မုဟုတ်ချင်း မည်းမှောင်သွားပြီး နေရာတစ်ခုလုံးမှာ အေးခဲသွားသကဲ့သို့ ဖြစ်သွား၏။

“ဟက်… အသုံးမကျတဲ့ အဘိုးကြီးတွေ… သူတို့က တောတွင်းဥပဒေသကို နားမလည်ကြဘူး”

“ဒါပေမဲ့ သူတို့က ရှေ့ပိုင်းစွန့်ပစ်နယ်မြေက နတ်ဘုရားဂိုဏ်းကြီးနှစ်ခုလေ… တိုက်ပွဲ ဖြစ်ပွားခဲ့ရင် ငါတို့တောင်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်မှာ မဟုတ်ဘူး…”

“မြန်မြန်လုပ်… မြန်မြန် ဆယ့်ရှစ်ယောက်မြောက် ဘိုးဘေးကြီးကို ကြွလာဖို့ ပင့်ဖိတ်လိုက်… သူက ရွှမ်အာကို အချစ်ဆုံးပဲ… သူ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး…”

စုယွင်ထျန်း စကားပြောလိုက်စဉ် သူ့မျက်လုံးများမှ ထက်ရှသော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

ဆယ့်ရှစ်ယောက်မြောက် ဘိုးဘေးကြီးသည် လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က တာအိုနန်းတော်အဆင့်တွင် ပြိုက်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သူသာ ထွက်လာလျှင် အရာအားလုံးကို ဖြေရှင်းနိုင်လိမ့်မည်။

ဆယ့်ရှစ်ယောက်မြောက် ဘိုးဘေးကြီးက ပုံမှန်အားဖြင့် မည်သည့်အရာကိုမျှ ဂရုမစိုက်သော်လည်း စုရွှမ် ဒုက္ခရောက်နေကြောင်းကိုသာ ပြောလိုက်ပါက သူ သေချာပေါက် လှုပ်ရှားပေလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်းပင် သုံးမိနစ်အကြာ၌ ခေါင်းလောင်းသံကြီးကဲ့သို့သော အသံတစ်ခုက မြောက်ပိုင်းဒေသ တစ်ခုလုံးသို့ ပဲ့တင်ထပ်သွား၏။

“စုမိသားစု တပည့်တွေ… ငါနဲ့အတူ ရှေ့ပိုင်းစွန့်ပစ်နယ်မြေကို လိုက်ခဲ့ကြ”

...

ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်။

“ရိုလီ… တစ်ခုခု ဖြစ်သွားပြီ…”

လမ့်ရိုလီ ကျင့်ကြံနေစဉ်တွင် ရုတ်တရက် စိုးရိမ်ပူပန်သော အသံတစ်ခုက သူမနားထဲသို့ ထွက်ပေါ်လာသည်။

“နန်းတော်သခင်… ဘာဖြစ်လို့လဲ”

လမ့်ရိုလီက တည်ငြိမ်သော လေသံဖြင့် ဆို၏။

“စုရွှမ်… စုရွှမ် သူ ဒုက္ခရောက်နေပြီ…”

“စုရွှမ်… သူ ဘာဖြစ်လို့လဲ…”

လမ့်ရိုလီ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူမ၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးကာ မသိစိတ်ဖြင့်ပင် ပို၍ တည်ကြည်လေးနက်လာ၏။

“ရှေ့ပိုင်းစွန့်ပစ်နယ်မြေက ဘူထျန်းဂိုဏ်းနဲ့ ကျဲ့ထျန်းဂိုဏ်း နတ်ဘုရားဂိုဏ်းကြီး နှစ်ခုက ထိုက်ရွှမ်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ပြီး စုရွှမ်ကို လက်စားချေဖို့ တာယန်မြင့်မြတ်နယ်မြေကို သွားနေကြတယ်…”

“ဘာလဲ… စုရွှမ်ကို လက်စားချေဖို့လား… စုရွှမ်က ဘာအပြစ် လုပ်ခဲ့လို့လဲ…”

လမ့်ရိုလီ၏ မျက်နှာက ပြောင်းလဲသွားလျက်နှင့် မေးလိုက်၏။

ဤသတင်းကို ကြားသောအခါ လမ့်ရိုလီ၏ နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားပြီး သူမမျက်နှာပေါ်၌ ရှားပါးလှသော ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။

“လျှို့ဝှက်နယ်မြေကိစ္စကြောင့်လား”

လမ့်ရိုလီက အခြေအနေကို သဘောပေါက်၍ တိုက်ရိုက် မေးလိုက်၏။

“ဟုတ်တယ် ဟုတ်တယ်… ရိုလီ… မင်း ဘယ်လို သိတာလဲ”

လင်ဝမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး အနည်းငယ် ရှုပ်ထွေးသွားသည်။

သူမက ဘာမှ မပြောရသေးဘဲနှင့် လမ့်ရိုလီက မည်သို့ သိရှိသွားသနည်း။

လမ့်ရိုလီကလည်း အဓိပတိ လျှို့ဝှက်နယ်မြေတွင် ဖြစ်ပျက်ခဲ့သည်များကို မြင်တွေ့ခဲ့ခြင်း ဖြစ်နိုင်သည်လား။

“နန်းတော်သခင်… ကျွန်မ ရှေ့ပိုင်းစွန့်ပစ်နယ်မြေကို သွားဖို့ လိုတယ်…”

ဤစကားကို ချန်ထားခဲ့ပြီးနောက် လမ့်ရိုလီ၏ ပုံရိပ်မှာ သူမနေရာမှ ချက်ချင်း ပျောက်ကွယ်သွား၏။

“အမ်… ရိုလီ… ငါ့ကို စောင့်ဦးလေ”

...

တာယန်မြင့်မြတ်နယ်မြေ။

မြူများဖြင့် ဖုံးလွှမ်းပြီး ဝိညာဉ်စွမ်းအင် ကြွယ်ဝသော တာယန်မြင့်မြတ်နယ်မြေမှာ ယခုအခါ ဆူညံပွက်လောရိုက်လျက် ရှိနေ၏။

ဤသည်မှာ သူတို့လည်း ထိုသတင်းကို လက်ခံရရှိခဲ့သောကြောင့် ဖြစ်သည်။

နတ်ဘုရားဂိုဏ်း နှစ်ခုနှင့် ထိုက်ရွှမ်ဂိုဏ်းမှ လူများက သူတို့၏ မြင့်မြတ်သားတော်ကို လက်စားချေရန် ရောက်လာကြပြီ ဖြစ်သည်။

“ဟမ်… ဘူထျန်းဂိုဏ်းချုပ်က ဒီလို စဉ်းစားလိမ့်မယ်လို့ ငါ မထင်ထားဘူး… သူ့ရဲ့ မျိုးဆက်သစ် သေဆုံးသွားတော့ လူသတ်သမားကို တွက်ချက်ဖို့ ထျန်းကျီခန်းမကိုတောင် သွားခဲ့တယ်… ဒါက အရည်အချင်းမရှိလို့ဖြစ်တာ မဟုတ်ဘူးလား… ဘာကို လိုက်စုံစမ်းနေစရာ လိုသေးလို့လဲ…”

“အာ… သူတို့က သတင်းဖြန့်တဲ့သူတွေပဲ… ငါတို့တောင် အမှန်တရားကို မသိဘူး… သူတို့က ထျန်းကျီအဘိုးကြီးကို သတ်ပြီး ငါတို့ မြင့်မြတ်နယ်မြေကို တိုက်ခိုက်ဖို့ အကြောင်းပြချက်တစ်ခု လုပ်ကြံဖန်တီးတာပဲဖစ်ရမယ်”

“ဒါ… ဒါပေမဲ့ ငါတို့ရဲ့ မြင့်မြတ်သားတော်က လင်းတိနဲ့ တခြားသူတွေကို သတ်ခဲ့တယ်ဆိုတာကို ငါ ပိုပြီး ယုံကြည်ချင်တယ်… ဒါက ငါတို့ရဲ့ မြင့်မြတ်သားတော် ဘယ်လောက် အံ့မခန်း ဖြစ်ကြောင်း သက်သေပြနေတာပဲ မဟုတ်ဘူး… သူတစ်ယောက်တည်းက ရှေ့ပိုင်းစွန့်ပစ်နယ်မြေ ကောင်းကင်ပါရမီရှင်စာရင်းက ထိပ်တန်း ပါရမီရှင် သုံးယောက်ကို သတ်ခဲ့တာ…”

“ငါတို့ရဲ့ မြင့်မြတ်သားတော် တကယ် အံ့မခန်းပဲ… ဒါပေမဲ့ အဓိက အင်အားစု သုံးခု တစ်ပြိုင်နက် လာတာနဲ့ဆိုရင် ငါတို့ မြင့်မြတ်နယ်မြေက သူတို့ကို ရင်ဆိုင်ဖို့ တကယ် အခက်အခဲ ရှိနိုင်တယ်…”

“...”

တာယန်မြင့်မြတ်နယ်မြေ၏ ရင်ပြင်တွင် ထိုသို့သော အသံများ ပဲ့တင်ထပ်နေ၏။ သူတို့၏ အဓိပ္ပာယ်မှာ တစ်ခုတည်းဖြစ်ပြီး စုရွှမ်ကို ထောက်ခံသော်လည်း စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။

တာယန်ခန်းမဆောင်အတွင်း။

တာယန်မြင့်မြတ်သခင်က သူ့မျက်နှာပေါ်တွင် လေးနက်ပြီး အနည်းငယ် စိုးရိမ်သော အမူအရာနှင့် ရှေ့သို့လျှောက်နေ၏။

ဘူထျန်းဂိုဏ်း၏ ဂိုဏ်းချုပ်က ထျန်းကျီခန်းမသို့ သွားပြီး ထျန်းကျီအဘိုးကြီးအား စုရွှမ်အကြောင်း တွက်ချက်ခိုင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

ဤသည်မှာ မျှတစွာ မကစားခြင်းပင် ဖြစ်သည်။

“စုရွှမ်… ဒီတစ်ခါတော့ ငါတို့ မြင့်မြတ်နယ်မြေ ဒုက္ခရောက်သွားပြီနဲ့ တူတယ်…”

တာယန်မြင့်မြတ်သခင်၏ မျက်နှာက လေးနက်နေပြီး သူက ခါးသီးသော အပြုံးကို အားတင်း ပြုံးလိုက်၏။

“မြင့်မြတ်သခင်… တကယ်လို့ တခြားနည်းလမ်း မရှိတော့ဘူးဆိုရင် ကျွန်တော် မြင့်မြတ်နယ်မြေကနေ ထွက်သွားပါ့မယ်… သူတို့က ကျွန်တော့်ကို ရှာနေတာပါ… တာယန်နဲ့ ဘာမှမဆိုင်ပါဘူး…”

စုရွှမ်၏ မျက်နှာက တည်ငြိမ်နေလျက် ဆိုလိုက်၏။

ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၏ ကောင်းကင်ပါရမီရှင်များက သူ့ကို သစ္စာမဖောက်ခဲ့သော်လည်း ဘူထျန်းဂိုဏ်းချုပ်က သူ့ကို စုံစမ်းစစ်ဆေးခဲ့သည်ကို သူလည်း မမျှော်လင့်ထားခဲ့ပါ။

သူတစ်ယောက်တည်းက လင်းတိနှင့် အခြားနှစ်ဦးကို သတ်ခဲ့သည်ဟု စွပ်စွဲနေကြသော ထိုလူများကိုမူ စုရွှမ်က ငြင်းဆိုလိုခြင်း မရှိချေ။

လမ့်ရိုလီ ဤကိစ္စတွင် မပါဝင်ခြင်းမှာ ကောင်းသော အရာ ဖြစ်သည်။

သူ့အတွက်မူ သူ ဂရုမစိုက်ချေ။

ဧကရာဇ်မျိုးနွယ်စု မိသားစုက သူ့နောက်တွင် ရှိနေသဖြင့် နတ်ဘုရားဂိုဏ်း နှစ်ခု သို့မဟုတ် ထိုထိုက်ရွှမ်ဂိုဏ်း၏ လက်စားချေခြင်းကို သူ မကြောက်ရွံ့ပါ။

မည်သို့ပင်ဖြစ်စေ ဆယ့်ရှစ်ယောက်မြောက် ဘိုးဘေးကြီး တစ်ဦးတည်းကပင် ရှေ့ပိုင်းစွန့်ပစ်နယ်မြေ တစ်ခုလုံးကို ဖိနှိမ်နိုင်၏။

သို့သော်လည်း သူက တာယန်မြင့်မြတ်နယ်မြေကို ဒုက္ခမပေးနိုင်ပါ။

ဤနေရာတွင် ဆယ်နှစ်ကျော် နေထိုင်ခဲ့ပြီးနောက် သူက ဤနေရာကို သံယောဇဉ် ဖြစ်လာခဲ့သည်။

ထို့ကြောင့် တာယန်မြင့်မြတ်နယ်မြေ သူကြောင့် ပျက်စီးသွားသည်ကို သူ မြင်တွေ့မလို့ချေ။

All Chapters