← Chapters

ဟုတ်တယ်၊ ငါသတ်ခဲ့တယ်၊ ဘာဖြစ်လဲ။

Vol. 4 Ch. 46

ဟုတ်တယ်၊ ငါသတ်ခဲ့တယ်၊ ဘာဖြစ်လဲ။

Vol. 4 Ch. 46

ထိုအခိုက်တွင် ဒေါသတကြီး ဟိန်းသံတစ်ခုက ေလဟာနယ်ကို ဖြတ်၍ ထွက်ပေါ်လာပြီး အရာအားလုံးကို ချေမှုန်းနိုင်စွမ်းရှိသော အလင်းတန်းတစ်ခုက တစ်ခဏအတွင်း ရောက်ရှိလာသည်။

မျက်စိတစ်မှိတ်အတွင်း တိုက်ခိုက်နေသော အကြီးအကဲမှာ ထိုအလင်းတန်းကြောင့် တိုက်ရိုက် ချေမှုန်းခံလိုက်ရ၏။

ချမ်းသွမ့်အဆင့်ထိပ်ဆုံးအဆင့်ရှိသူတစ်ဦးမှာ ချက်ချင်းပင် ချေမှုန်းခံလိုက်ရသည်။

လဟာနယ်ထဲတွင် မြင့်မြတ်နယ်မြေ၏ မြင့်မြတ်သခင်၊ အကြီးအကဲများ၊ တပည့်တစ်စုနှင့် စုရွှမ်တို့ ပေါ်ထွက်လာကြသည်။

ထင်ရှားစွာပင် ခုနက အလင်းတန်းမှာ စုရွှမ်၏ လက်ချက် ဖြစ်၏။

ချမ်းသွမ့်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် စုရွှမ်၏ ကောင်းကင်ဘေးဒဏ်အလင်းတန်း၏ စွမ်းအားမှာလည်း သိသာစွာ မြင့်တက်လာပြီး ချမ်းသွမ့်အဆင့်ထိပ်ဆုံးအဆင့်ရှိသူတစ်ဦးကို လွယ်ကူစွာ ချေမှုန်းနိုင်လာခဲ့သည်။

ရှီး

အဓိက အင်အားစု သုံးခုထဲတွင် အကြီးအကဲများနှင့် ငယ်ရွယ်သော ကောင်းကင်ပါရမီရှင်အချို့မှာ စုရွှမ်၏ လုပ်ရပ်ကြောင့် မှင်တက်သွားကြသည်။

လူတိုင်းမှာ အသက်ရှူမှားသွားကြပြီး သူတို့၏ မျက်လုံးများမှာ မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။

စုရွှမ်က ဤမျှငယ်ရွယ်သော မျိုးဆက်သစ်တစ်ဦး ဖြစ်လျက်နှင့် ချမ်းသွမ့်အဆင့်ထိပ်ဆုံးအဆင့်ရှိ အကြီးအကဲတစ်ဦးကို ချေမှုန်းနိုင်စွမ်း ရှိသည်တဲ့လား။

ဒါက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ။

သူက ရှေ့ပိုင်းစွန့်ပစ်နယ်မြေရဲ့ ကောင်းကင်ပါရမီရှင်တွေကို ငါးကြော်စားများဟု သဘောထားနေတာလား။

“ဒီခွန်အား… သူပဲ… မြင့်မြတ်သားတော်ကို သတ်တဲ့တာ သူပဲ ဖြစ်ရမယ်”

ဘူထျန်းဂိုဏ်းမှ အကြီးအကဲတစ်ဦးက အေးစက်သော အသံဖြင့် ဆို၏။

“ဒီခွန်အားနဲ့ဆို နျဲချန်းကို သတ်နိုင်တာ အံ့ဩစရာ မရှိပါဘူး… ဒါပေမဲ့ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းပဲ… ဒီနေ့ မင်း အသက်ရှင်ခွင့် ရမှာ မဟုတ်ဘူး”

ကျဲ့ထျန်းဂိုဏ်းချုပ် ချန်းဟယ်၏ မျက်လုံးများမှာ ရေခဲတမျှ အေးစက်နေပြီး သူ့လေသံမှာ တင်းမာနေလျက် စုရွှမ်ကို အရှင်လတ်လတ် ဝါးမျိုလိုနေ၏။

အမှန်တကယ်တွင် နျဲချန်းကို စုရွှမ်က သတ်ခဲ့ခြင်း ဟုတ်မဟုတ် သူ မသေချာချေ။

သို့သော်လည်း ဘူထျန်းဂိုဏ်းချုပ် ထျန်ရိက သူတို့ တာယန်ကို ပူးပေါင်းတိုက်ခိုက်ပါက တစ်စုံတစ်ခု ရရှိလိမ့်မည်ဟု သူ့အား ပြောခဲ့သည်။

မဟုတ်ပါက သူတို့၏ မျိုးဆက်သစ် သေဆုံးသွားလျှင် သေဆုံးသွားသည်သာဖြစ်၏။

သူ ရောက်လာပြီ ဖြစ်သောကြောင့် ထိုသို့ မဟုတ်သည့်တိုင်အောင် ထိုသို့ ဖြစ်စေရမည်။

“လင်းတိ မွေးရာပါ သူတော်စင်တစ်ပါး၊ ပင်ကိုယ်ဗဟုသုတ ကြွယ်ဝပြီး နိယာမအားလုံးကို ကျွမ်းကျင်တယ်… ရှေ့ပိုင်းစွန့်ပစ်နယ်မြေက မျိုးဆက်သစ်တွေထဲမှာ ဘယ်သူက သူ့ကို သတ်နိုင်မလဲလို့ ငါ တွေးနေခဲ့တာ… ဒီတာယန်မြင့်မြတ်သားတော် ဖြစ်နေတာကိုး…”

ထိုက်ရွှမ်ဂိုဏ်း၏ ဂိုဏ်းသခင် လျိုရူဖုန်းမှာ ချန်းဟယ်နှင့် အတူတူပင် ဖြစ်သည်။

သူ၏ မျိုးဆက်သစ်ကို တာယန်မြင့်မြတ်သားတော်က သတ်ခဲ့ခြင်း ဟုတ်မဟုတ် သူလည်း အတည်မပြုနိုင်ချေ။

သို့သော်လည်း အကျိုးအမြတ်များ ရှိနေသောကြောင့် သူ လိုက်ပါလာခြင်း ဖြစ်သည်။

ယခုအခါ စုရွှမ်၏ ခွန်အားကို မြင်တွေ့ရသောအခါ လျိုရူဖုန်းမှာ အနည်းငယ် ပို၍ ယုံကြည်မှု ရှိလာ၏။

မူလက ရှေ့ပိုင်းစွန့်ပစ်နယ်မြေကို ကြည့်လိုက်သောအခါ ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ မျိုးဆက်သစ်များထဲတွင် လင်းတိကို သတ်နိုင်မည့်သူ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ဟု သူ လုံးဝ မယုံကြည်ခဲ့ချေ။

သို့သော်လည်း ယခု စုရွှမ်ကို မြင်တွေ့ပြီးနောက် သူ ယုံကြည်သွားသည်။

ဤမျှ ငယ်ငယ်ရွယ်ရွယ်လျက်နှင့် ချမ်းသွမ့်အဆင့်ထိပ်ဆုံးအဆင့်ရှိသူတစ်ဦးကို ခွေးတစ်ကောင် သတ်သကဲ့သို့ သတ်ဖြတ်နိုင်နေ၏။ လင်သခင်ကို သတ်ခြင်းမှာ ကြက်တစ်ကောင် သတ်ခြင်းနှင့် တူညီလိမ့်မည် မဟုတ်လား။

“တာယန်မြင့်မြတ်သားတော်… ရိုးရိုးသားသား ဝန်ခံစမ်း… မင်း ငါတို့ဂိုဏ်းရဲ့ မြင့်မြတ်သားတော်ကို သတ်ခဲ့တာလား”

“ပြောစမ်း… မင်း လင်းတိကို သတ်ခဲ့တာလား”

“မင်း ငါ့ရဲ့ မျိုးဆက်သစ် နျဲချန်းကို သတ်ရဲတယ်ပေါ့… အကျိုးဆက်ကို မင်း မသိဘူးလား”

အဓိက အင်အားစု သုံးခုမှ အင်အားအကြီးဆုံး ပုဂ္ဂိုလ်များက စုရွှမ်ကို ပူးတွဲ စွပ်စွဲကြသည်။

“ဟုတ်တယ်… ငါသတ်ခဲ့တယ်… မင်းတို့ရဲ့ ပါရမီရှင် မျိုးဆက်သစ်လို့ ခေါ်တဲ့သူတွေအားလုံးက အမှိုက်တွေပဲ… သူတို့က ငါ့ရဲ့ တိုက်ကွက်တစ်ကွက်တောင် မခံနိုင်ကြဘူး”

စုရွှမ်၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး သူက တာယန်မြင့်မြတ်နယ်မြေ၏ တောင်တံခါးအပြင်ဘက်မှ လူအုပ်ကို ဖြည်းညင်းစွာ ကြည့်ရှု၍ မထီမဲ့မြင် ဆိုလိုက်၏။ သူ့လေသံတွင် စိတ်ခံစားမှု တစ်စုံတစ်ရာမျှ မပါဝင်ချေ။

သူ့အတွက်မူ လင်းတိနှင့် အခြားသူများကို သတ်ခြင်းမှာ ကြက်တစ်ကောင် သတ်ခြင်းနှင့် ခြားနားမှုမရှိသကဲ့သို့ ဖြစ်နေ၏။

ဟမ်

စုရွှမ်၏ စကားများက ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားပြီး အဓိက အင်အားစု သုံးခုမှ လူများမှာ သူတို့ နားကြားမှားသွားသလားဟု တွေးတောမိကြသည်။

သူတို့က စုရွှမ် သေသည်အထိ ငြင်းဆိုလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း သူက အံ့ဩစရာကောင်းလောက်အောင်ပင် အပြစ်ကို တိုက်ရိုက် ဝန်ခံလိုက်၏။

ဤယုတ္တိမတန်သော အပြုအမူကြောင့် အဓိက အင်အားစု သုံးခုမှ လူများမှာ သူတို့၏ ဘဝကို သံသယဝင်သွားကြသည်။

သို့သော်လည်း သူတို့မှာ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး သူတို့၏ မျက်လုံးများမှာ စိတ်အားထက်သန်မှုများဖြင့် တောက်ပလာ၏။

“ဟားဟားဟား… တာယန်မြင့်မြတ်သားတော်… မင်းကိုယ်တိုင် ဝန်ခံပြီးမှတော့ ပြောကြရအောင်… ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ”

“ဖြေရှင်းမယ်… ဘာကို ဖြေရှင်းရမှာလဲ… မင်းတို့ရဲ့ မျိုးဆက်သစ်တွေက အမှိုက်တွေလိုပဲ ငါ့လက်ချက်နဲ့ ချေမှုန်းခံလိုက်ရတာ… ဘယ်သူ့ကို အပြစ်တင်လို့ ရမလဲ”

စုရွှမ်က အေးစက်သော လေသံဖြင့် ဆို၏။

“မင်း…”

သူတို့ဂိုဏ်း၏ မျိုးဆက်သစ်များကို အဆက်မပြတ် အထင်သေးစွာ ပြောဆိုခံရပြီး အရှက်ခွဲခံရသည်ကို ကြားသောအခါ အဓိက အင်အားစု သုံးခုမှာ မနေနိုင်တော့ဘဲ ဒေါသမှ ရှက်ရွံ့ခြင်းသို့ ကူးပြောင်းသွားသော လက္ခဏာများ ပြသလာကြသည်။

“တာယန်မြင့်မြတ်သားတော်… မင်းမှာ ခွန်အားနည်းနည်း ရှိတာနဲ့ မာနထောင်လွှားလို့ ရတယ်လို့ မထင်နဲ့… ငါ ပြောပြမယ်… ဒီလောကမှာ မင်းထက် အများကြီး ပိုတော်တဲ့ ကောင်းကင်ပါရမီရှင်တွေ ရှိတယ်…”

ကျဲ့ထျန်းဂိုဏ်းမှ အကြီးအကဲတစ်ဦးက ဒေါသများ ပြည့်နှက်နေသော အသံဖြင့်ပြောလိုက်၏။

သူက စုရွှမ်ကို အလွန် မကျေမနပ် ဖြစ်နေကြောင်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်၏။

သို့သော်လည်း စုရွှမ်က အခြားသူများ၏ ဤကဲ့သို့ ငြင်းဆန်ပြီး သူ့ကို မအနိုင်ယူနိုင်သော အခြေအနေကို မြင်တွေ့ရသည်ကို အတိအကျပင် နှစ်သက်၏။

“ရှေ့ပိုင်းစွန့်ပစ်နယ်မြေက အဓိက အင်အားစုတွေကို ကြည့်လိုက်စမ်းပါ… ငါ စုရွှမ်ထက် ဘယ်သူက ပိုတော်နိုင်မှာလဲ… တစ်ယောက် ရှာပြစမ်းပါ… မင်း ရှာတွေ့ရင် ငါ ချက်ချင်း ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်… စကားတစ်ခွန်းမှ ထပ်မပြောဘူး”

စုရွှမ်က တင်းမာပြီး အလွန်အေးစက်သော လေသံဖြင့် ထပ်မံ ဆိုလိုက်၏။ ထိုလေသံက လူတစ်ဦး၏ ဦးနှောက်သို့ တိုက်ရိုက် အေးစိမ့်သွားစေသည်။

ရှီး…

စုရွှမ်၏ စကားများက နေရာတစ်ခုလုံးကို နီးပါး ခဲသွားစေသည်။

တစ်ခဏအတွင်း လူတိုင်းမှာ မှင်တက်သွားကြ၏။

စုရွှမ်မှာ အလွန်ပင် ယုံကြည်မှု ရှိလွန်းသည်။

ဤကဲ့သို့သော ယုံကြည်မှုမျိုးက လူတစ်ဦး၏ ဦးရေပြားကို ထုံကျဉ်သွားစေသည်။

ထို့ပြင် သူတို့ကို အဒေါသထွက်ဆုံးဖြစ်စေသည့်အရာမှာ သူတို့က စုရွှမ်၏ စကားများကို ငြင်းဆိုရန်အတွက် စုရွှမ်ထက် ပိုတော်သော ကောင်းကင်ပါရမီရှင်တစ်ဦးကို အမှန်တကယ်ပင် ရှာမတွေ့ခြင်းပင်…

“တာယန်မြင့်မြတ်သားတော်… မင်းကို ဒီလိုစကားတွေ ပြောရဲအောင် ဘယ်သူက သတ္တိပေးထားတာလဲ… ငါ မင်းနဲ့ ယှဉ်ပြိုင်မယ်”

ရုတ်တရက် ဘူထျန်းဂိုဏ်းမှ အနည်းငယ် အသက်ကြီးသော တပည့်တစ်ဦးက စုရွှမ်ကို စိန်ခေါ်ရင်း ဆိုလိုက်၏။

ချက်ချင်းပင် လူတိုင်းမှာ စကားပြောနေသော တပည့်ထံသို့ ဆွဲဆောင်ခံလိုက်ရပြီး သူတို့၏ အကြည့်များမှာ သူ့ထံသို့ ရောက်သွား၏။

သူ့ကို မြင်သောအခါ နေရာတစ်ခုလုံးမှာ ဆူညံပွက်လောရိုက်သွားသည်။

“အိုး ငါ့ဘုရား… ဘူထျန်းဂိုဏ်း… မင်းတို့ ရှက်တတ်သေးရဲ့လား… ငါတို့ သူတော်စင်သားတော်က ဒီနှစ်မှ တစ်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတယ်… မင်းတို့ရဲ့ ဒီလူက အနည်းဆုံး ခြောက်ဆယ်တော့ ရှိရမယ် မဟုတ်လား… မင်းတို့က အဲ့ဒီအရွယ် လူတစ်ယောက်ကို ငါတို့ မြင့်မြတ်သားတော် နဲ့ နှိုင်းယှဉ်နေတာ… မရှက်ဘူးလား”

“ဟုတ်တယ်… ငါ့အမြင်မှာတော့ ဘူထျန်းဂိုဏ်းမှာ ဘယ်သူမှ မရှိတော့ဘူး… ငါတို့ မြင့်မြတ်သားတော် ရှေ့မှာ သူတို့အားလုံးက အမှိုက်တွေပဲ… တစ်ယောက်မှ ပြစရာ မရှိဘူး…”

“ဟားဟား… အမှိုက်သရိုက်နေရာက အမှိုက်သရိုက် တပည့်တွေကိုပဲ မွေးထုတ်ပေးနိုင်မှာပေါ့ မဟုတ်ဘူးလား”

ချက်ချင်းပင် တာယန်မြင့်မြတ်နယ်မြေ၏ တပည့်များကလည်း ဘူထျန်းဂိုဏ်းကို ရက်စက်စွာပင် စကားလုံးများဖြင့် တိုက်ခိုက်ကြသည်။

ဤအရာက ဘူထျန်းဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များ၏ မျက်နှာများကို ချက်ချင်းပင် မယုံနိုင်လောက်အောင် တင်းမာပြီး ရုပ်ဆိုးသွားစေကာ သူတို့ ခွေးချေးစားမိသကဲ့သို့ ဖြစ်သွား၏။

“ငါ မေးခွန်းတစ်ခုပဲ မေးမယ်… တာယန်မြင့်မြတ်သားတော်… မင်း လက်ခံရဲလား… မရဲရင် ပါးစပ်ပိတ်ထား… တခြားကိစ္စတွေအတွက် မင်းရဲ့ အပိုစကားတွေနဲ့ ငါ့ကို အနှောင့်အယှက် မပေးနဲ့”

ခြောက်ဆယ်နှစ်အရွယ်ရှိသော ဘူထျန်းဂိုဏ်း တပည့်က အေးစက်သော အသံဖြင့် ထပ်မံ ဆိုလိုက်၏။ သူ့အသံမှာ ရှင်းလင်းစွာပင် ဒေါသထွက်နေသည်။

“ရဲတာပေါ့… ဘာကို မရဲရမှာလဲ… မင်းလို အမှိုက်နဲ့ ရင်ဆိုင်ဖို့ အများဆုံး တိုက်ကွက်တစ်ကွက်ပဲ လိုတယ်”

စုရွှမ်၏ မျက်နှာပေါ်တွင် ကစားလိုသော အမူအရာတစ်ခု ပေါ်လာ၏။

ဤလူနှင့် တိုက်ခိုက်ခြင်းက အချိန်ဆွဲနိုင်ရုံသာမက သူ့အား လူတစ်ဦး ထပ်သတ်ခွင့်လည်း ပေးမည် ဖြစ်သည်။

ဤသည်မှာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်း မဟုတ်လော။ ဘာမကောင်းတာ ရှိမည်သည်း။

“ဟားဟားဟား… ဒီနေ့ တာယန်မြင့်မြတ်နယ်မြေက တကယ်ကို သက်ဝင်လှုပ်ရှားနေတာပဲ…”

“အပြေးအလွှားနဲ့ နောက်ဆုံးတော့ ရောက်လာပြီ…”

ထိုအခိုက်တွင် ရုတ်တရက် မမျှော်လင့်ထားသော အသံအချို့ ထွက်ပေါ်လာ၏။

လူတိုင်းမှာ လှည့်ကြည့်လိုက်သောအခါ လဟာနယ်ထဲတွင် တစ်ဦးပြီးတစ်ဦး ပုံရိပ်များ ရောက်ရှိလာသည်ကိုသာ မြင်တွေ့လိုက်ရသည်။

ယောင်ကွမ်းမြင့်မြတ်သခင်၊ ကျီဖူမြင့်မြတ်သခင်၊ ဓားခန်းမ သခင်၊ ကျန်းမိသားစု၊ ယဲ့မိသားစု၊ ပိုင်မိသားစု ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၏ ထိပ်တန်း အင်အားစုများနှင့် ပထမတန်းစား အင်အားစုအချို့ သူတို့အားလုံး ရောက်လာကြပြီ ဖြစ်သည်။

All Chapters