← Chapters

အဘိုးကြီးထျန်းကျီက စုရွှမ် သေဆုံးပြီဟု ကောက်ချက်ချခြင်း

Vol. 4 Ch. 43

အဘိုးကြီးထျန်းကျီက စုရွှမ် သေဆုံးပြီဟု ကောက်ချက်ချခြင်း

Vol. 4 Ch. 43

စနစ်၏ အသံက နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာ၏။ “လက်ထပ်ပြီး ဆယ်ရက်မြောက်နေ့တွင် ဆုလာဘ်အဖြစ် နတ်ဆင်ချုပ်နှောင်ဖိနှိမ်ခြင်းသိုင်းကို ချီးမြှင့်သည်။ ချီစွမ်းအင်ဖြင့် စွမ်းအားကို ဆွဲယူ၍ ဝိညာဉ်ဖြင့် ဆင်ပုံရိပ်ဖွဲ့ကာ လှုပ်ရှားမှုတိုင်းတွင် ဆင်ကြီးတစ်ကောင်၏ အားအင်ကို ရရှိ၏။ လူတစ်ဦး၏ ခန္ဓာကိုယ်ကို အမှုန်အမွှားပေါင်း သန်း ၈၄၀ ဖြင့် ဖွဲ့စည်းထား၏။ သူတို့၏ စွမ်းရည်များကို နိုးကြားစေနိုင်လျှင် အမှုန်အမွှားတိုင်းက ဆင်ကြီးတစ်ကောင်၏ အားအင်ကို ပိုင်ဆိုင်လိမ့်မည်။ အပြည့်အဝ နိုးကြားလာသောအခါ နတ်ဆင်တစ်ကောင်နှင့် ယှဉ်နိုင်ပြီး မြစ်နှင့်ပင်လယ်များကို မှောက်လှန်နိုင်ကာ ကြယ်များကို နှင်းချနိုင်ပြီး လကို ဆွတ်ခူး၍ နေကို မျိုချနိုင်သည်မှာ အတွေးတစ်ချက်မျှဖြင့် ဖြစ်နိုင်၏။”

……

နောက်တစ်နေ့တွင်လည်း စနစ်၏ အသိပေးသံ ထွက်ပေါ်လာ၏။ “လက်ထပ်ပြီး တစ်ဆယ့်တစ်ရက်မြောက်နေ့တွင် ဆုလာဘ်အဖြစ် အစစ်အမှန်နဂါးသွေးကို ချီးမြှင့်သည်။”

……

ထို့နောက် တတိယနေ့၌လည်း စနစ်၏ အသိပေးသံက ထွက်ပေါ်လာပြန်သည်။ “လက်ထပ်ပြီး တစ်ဆယ့်နှစ်ရက်မြောက်နေ့တွင် ဆုလာဘ်အဖြစ် လျှပ်တပျက်ပြေးလွှားခြင်းလျှို့ဝှက်သိုင်းကို ချီးမြှင့်သည်။ အဆုံးစွန်သော အမြန်နှုန်း၊ ကမ္ဘာပေါ်တွင် အမြန်ဆုံး အလျင်ကို ပိုင်ဆိုင်ပြီး ကောင်းကင်ဘုံကိုးခုသို့ ခုန်ပျံ၍ မြေအောက်လောကကိုးခုကို ဖြတ်သန်းနိုင်သည်။ ကောင်းကင်အောက် မည်သည့်နေရာကိုမဆို ရောက်နိုင်သည်။ အဆုံးအစွန်းထိ ကျင့်ကြံပြီးလျှင် အချိန်၏ နိယာမကိုပင် ထိတွေ့နိုင်၏။”

အချိန်က လျင်မြန်စွာ ကုန်လွန်သွားသည်။

မျက်စိတစ်မှိတ်အတွင်း သုံးရက် ကုန်ဆုံးသွား၏။

ဤသုံးရက်အတွင်း စုရွှမ်က စနစ်၏ရက်ရောလှသော ဆုလာဘ်များစွာကို လက်ခံရရှိခဲ့သည်။ သူက စုရွှမ် အရေးတကြီး လိုအပ်နေသော ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို ရရှိရုံသာမက ခန္ဓာကိုယ်သန့်စင်ခြင်းအတွက် အလွန်အဖိုးတန်သော ပစ္စည်းဖြစ်သည့် အစစ်အမှန်နဂါးသွေးကိုပါ ရရှိခဲ့သည်။

ထို့အပြင် တတိယနေ့တွင် စုရွှမ်က ရှေးဟောင်းလျှို့ဝှက်သိုင်းကိုးရပ်ထဲမှ တခုဖြစ်သော လျှပ်တပျက်ပြေးလွှားခြင်းလျှို့ဝှက်သိုင်းကိုလည်း ရရှိခဲ့သည်။

ဤဆုလာဘ်များက စုရွှမ်၏ ခွန်အားကို ပို၍ တိုးမြင့်စေသည်။

မြင့်မြတ်နယ်မြေ တားမြစ်နယ်မြေအတွင်း၌ ဖြစ်သည်။ စုရွှမ် ထလာသောအခါ သူ၏ အရေပြားမှာ တောက်ပသော ရွှေရောင်အလင်းဖြင့် လင်းလက်နေပြီး အင်းကွက်များဖြင့် ရစ်ပတ်နေသည်။

“အစစ်အမှန်နဂါးသွေးနဲ့ ခန္ဓာကိုယ်ကို သန့်စင်ပြီးတဲ့နောက် နတ်ဆင်ချုပ်နှောင်ဖိနှိပ်ခြင်းသိုင်းနဲ့ ပေါင်းစပ်လိုက်ရင် ငါ့ရုပ်ခန္ဓာက အခု ရှေးဟောင်းသန့်စင်ခန္ဓာ ဒါမှမဟုတ် ကောင်းကင်ရှင်သခင်ခန္ဓာထက် မနိမ့်ကျလောက်တော့ဘူး…”

စုရွှမ်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာပြီး ရေရွတ်လိုက်၏။

စုရွှမ်၏ အတွေးတစ်ချက်ဖြင့် သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အဝေးရှိ မိုးကုတ်စက်ဝိုင်းဆီသို့ ရောက်သွားသည်။

“ဒါတင်မကသေးဘူး… လျှပ်တပျက်ပြေးလွှားခြင်းလျှို့ဝှက်သိုင်းရဲ့ အားဖြည့်မှုလည်း ရှိသေးတယ်…”

“အခု လူငယ်မျိုးဆက်ကို ထားလိုက်ဦး… စီနီယာတဲ့ မျိုးဆက်ဖြစ်တော့ရော ဘာဖြစ်လဲ…”

“ဘုရင်အဆင့်အောက်မှာတော့ ငါ တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းနေပြီ”

စုရွှမ်က အလွန် ယုံကြည်မှုရှိနေ၏။ သုံးရက်အကြာနှင့် နှိုင်းယှဉ်လျှင် သူက သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့၏။

အပြင်ဘက်၌ ဖြစ်သည်။

ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၊ ထျန်းကျီခန်းမ။

“ဘူထျန်းဂိုဏ်းချုပ်… အရင်တုန်းက ခင်ဗျားကို နိမိတ်ဖတ်ခွင့် သုံးကြိမ် ပေးမယ်လို့ ကတိပေးခဲ့တယ်… အခု တစ်ကြိမ်ပဲ ကျန်တော့တယ်… ခင်ဗျား အဲဒါကို သုံးမှာ သေချာလား…”

မုတ်ဆိတ်ဖြူနှင့် အဘိုးကြီးတစ်ဦးက ဝတ်ရုံဖြူကို ဆင်မြန်းထားပြီး လောကီနှင့်မဆိုင်သော အသွင်အပြင်နှင့် နက်ရှိုင်းစွာ နားလည်ရခက်သော အရှိန်အဝါဖြင့် ပြုံး၍ ပြောလိုက်သည်။

“သေချာတယ်… တောက်ရီက သိပ်တော်တာ… သူက မိစ္ဆာတစ်ကောင်လက်ထဲမှာ သေသွားတာ မဖြစ်နိုင်ဘူး… တစ်ယောက်ယောက်က သူ့ကို သတ်သွားတာပဲ ဖြစ်ရမယ်… ငါ အဲဒီလူကို ရှာပြီး တောက်ရီအတွက် လက်စားချေရမယ်…”

ဘူထျန်းဂိုဏ်းချုပ် ထျန်းရီက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

ထျန်းကျီခန်းမမှာ ရှေ့ပိုင်းစွန့်ပစ်နယ်မြေတစ်ခုလုံးတွင် အလျှို့ဝှက်ဆုံး အဖွဲ့အစည်း ဖြစ်သည်။

၎င်းကို တည်ထောင်သူမှာ သူ့ရှေ့မှ အဘိုးကြီးဖြစ်ပြီး သူက ကံကြမ္မာ၏ နိယာမ အနည်းငယ်ကို ဆုပ်ကိုင်ထားနိုင်ကာ ကောင်းကင်၏ လျှို့ဝှက်ချက်များကို ချောင်းကြည့်နိုင်သည်။

သူက ကောင်းကင်အောက်မှ အရာအားလုံးကို သိ၏။ လောကကြီးက သူ့ကို ထျန်းကျီအဘိုးကြီးဟု ရိုသေလေးစားကြ၏။

ထိုနေ့ရက်များတွင် ထျန်းကျီအဘိုးကြီးမှာ ရှေ့ပိုင်းစွန့်ပစ်နယ်မြေတစ်ခုလုံးတွင် လူအများဆုံး ရှာဖွေခံရသော ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ လူတိုင်းနီးပါးက သူ့ကို ကောင်းကင်၏ လျှို့ဝှက်ချက်များ ဟောပြောပေးရန် လိုလားခဲ့ကြသည်။

သို့သော် ကောင်းကင်၏ လျှို့ဝှက်ချက်များမှာ ကံကြမ္မာနှင့် ပတ်သက်နေသဖြင့် အလွန်အကျွံ ဖော်ထုတ်ပါက တန်ပြန်အကျိုးသက်ရောက်မှု အချို့ကို ခံစားရမည်မှာ မလွဲဧကန်ပင်။

ထို့ကြောင့် အသက်ကြီးလာသောအခါ ထျန်းကျီအဘိုးကြီးမှာ တဖြည်းဖြည်း အနားယူသွားပြီး ဤဝန်ဆောင်မှုကို ပယ်ဖျက်ကာ လူများကို နိမိတ်ဖတ် ပေးခြင်း မပြုတော့ချေ။

အကယ်၍သာ ဘူထျန်းဂိုဏ်းချုပ်က ထျန်းကျီအဘိုးကြီးအပေါ် အရင်က ကျေးဇူးပြုခဲ့ဖူးခြင်း မရှိပါက သူက သူ့ကို တွေ့ဆုံနိုင်မည်ပင် မဟုတ်ချေ။

ထျန်းကျီအဘိုးကြီးက သူ့ကို ကောင်းကင်၏ လျှို့ဝှက်ချက်များ ဟောပြောပေးရန် ဆိုလျှင်မူ ပို၍ပင် မဖြစ်နိုင်ပေ။

“ကောင်းပြီလေ… ခင်ဗျား ဆုံးဖြတ်ပြီးမှတော့ ဒီအဘိုးကြီးက ခင်ဗျားအတွက် နောက်ဆုံးတစ်ကြိမ် ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ချောင်းကြည့်ပေးလိုက်မယ်…”

ထျန်းကျီအဘိုးကြီးက ညင်သာစွာ ပြောလိုက်သည်။

သူက လူများအတွက် နိမိတ်ဖတ်ရာတွင် အတော်လေး ယုံကြည်မှုရှိပြီး တန်ပြန်သက်ရောက်မှုကလည်း သိပ်မပြင်းထန်လှပေ။

“စလိုက်ပါ…” ဟု ဘူထျန်းဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်၏။

ချက်ချင်းပင် ထျန်းကျီအဘိုးကြီးက လက်သင်္ကေတ ဖွဲ့စည်းလိုက်ပြီး အမတအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ လေဟာနယ်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွာခဲ့းသည်။

တစ်ခဏမျှ ထိုလေဟာနယ်တွင် လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသောရုန်းအမျိုးမျိုးက ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်၍ ရစ်ပတ်နေကြသည်။

ဤအခိုက်အတန့်တွင် ခန်းမကြီးထဲမှ လူတိုင်းနီးပါးမှာ အသက်ရှူအောင့်ထားကြပြီး ထျန်းကျီအဘိုးကြီး၏ နိမိတ်ဖတ်ခြင်းကို အနှောင့်အယှက်ဖြစ်မည် စိုးသဖြင့် အသံတစ်စက်မျှ မထွက်ကြချေ။

“ဝေါ့”

ရုတ်တရက် ထျန်းကျီအဘိုးကြီးက သွေးတစ်လုတ်ကို ပြင်းထန်စွာ အန်ထုတ်လိုက်၏။

ချက်ချင်းပင် ထျန်းကျီအဘိုးကြီးက သူ၏နိမိတ်ဖတ် ခြင်းကို လျင်မြန်စွာ ရပ်တန့်လိုက်ပြီး သူ၏ မျက်နှာမှာ မယုံနိုင်လောက်အောင် ဖြူဖျော့ကာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

“ဘာဖြစ်တာလဲ… ထျန်းကျီအဘိုးကြီး… ခင်ဗျား ဘာဖြစ်တာလဲ…”

ဘူထျန်းဂိုဏ်းချုပ်မှာ ရုတ်တရက် စိုးရိမ်လာသည်။

သူက ဒီအဘိုးကြီးကို တောက်ရီ၏ လူသတ်သမားကို နိမိတ်ဖတ်ခိုင်းရုံသာ ဖြစ်သည်။ သူ သူ့ကိုယ်သူ နိမိတ်ဖတ်ရင်း သေသွားတာတော့ မဟုတ်နိုင်ဘူး မဟုတ်လား။

“ဒီလောက် ကြောက်စရာကောင်းတဲ့ တန်ပြန်သက်ရောက်မှု… ဘာလို့လဲ… မဖြစ်သင့်ဘူးလေ…”

ထျန်းကျီအဘိုးကြီးမှာ တုန်လှုပ်နေသော အမူအရာ ဖြစ်နေ၏။

သူ လုံးဝ အိုမင်းသွားလို့ လူသတ်သမားတစ်ယောက်ကိုပင် နိမိတ်မဖတ်နိုင်တော့တာလား။ သူက စိတ်မကျေမနပ်ဖြစ်၍ နောက်တစ်ကြိမ် ထပ်စလိုက်သည်။

“ဝေါ့!”

ချက်ချင်းပင် ထျန်းကျီအဘိုးကြီးသည် သွေးတစ်လုတ် ထပ်အန်လိုက်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားကာ သူ၏ အသက်စွမ်းအားမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

“ဆရာ…”

အောက်တွင် ထျန်းကျီအဘိုးကြီး၏ တပည့်မှာ ဆက်ထိုင်မနေနိုင်တော့ဘဲ ထျန်းကျီအဘိုးကြီး၏ ဘေးသို့ အပြေးအလွှားသွားကာ သူ့ကို စိုးရိမ်တကြီး ထူပေးရင်း မျက်နှာမှာ ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

“ဆရာ… ဘာဖြစ်တာလဲ…”

ထျန်းကျီအဘိုးကြီး၏ အသက်စွမ်းအားမှာ လျင်မြန်စွာ ဆက်လက် ပျောက်ကွယ်နေပြီး သူ၏ အရှိန်အဝါမှာ ပို၍ အားနည်းလာရာ မီးငြိမ်းတော့မည့် ဆီမီးခွက်တစ်ခုကဲ့သို့ ရှိနေ၏။

“တာယန်… မြင့်မြတ်နယ်မြေ…”

ထျန်းကျီအဘိုးကြီးက စကားအနည်းငယ်ကို ထစ်ထစ်ငေါ့ငေါ့ ပြောပြီးနောက် သူ၏ အသက်စွမ်းအားမှာ လုံးဝ ပျောက်ကွယ်သွားသည်။

“ဆရာ”

တစ်ခဏအတွင်း ထျန်းကျီအဘိုးကြီး၏ တပည့်က ထျန်းကျီအဘိုးကြီး၏ အလောင်းကို တင်းကျပ်စွာ ပွေ့ဖက်၍ မျက်ရည်များ စီးကျလာပြီး မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“တာယန်မြင့်မြတ်နယ်မြေ… ဟားဟားဟား… နောက်ဆုံးတော့ ငါ သိပြီ…”

“တာယန်မြင့်မြတ်နယ်မြေ… တာယန်မြင့်မြတ်သားတော်… ငါ့လက်စားချေမှုကို စောင့်နေလိုက်”

ထျန်းရီ၏ ရူးသွပ်သော ရယ်မောသံက ထျန်းကျီခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

......

မကြာမီပင် ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှာ လှိုင်းထန်လာခဲ့သည်။

ထျန်းကျီခန်းမမှ ထျန်းကျီအဘိုးကြီးမှ သေဆုံးသွားခဲ့သည်။

ဘူထျန်းဂိုဏ်းက ကျဲ့ထျန်းဂိုဏ်းနှင့် ထိုက်ရွှမ်ဂိုဏ်းတို့နှင့် ပူးပေါင်း၍ လူတစ်အုပ်ကို ဦးဆောင်ကာ တာယန်မြင့်မြတ်နယ်မြေဆီသို့ အလျင်အမြန် ချီတက်သွား၏။

ဤသည်မှာ ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။

သတင်းက ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၏ ထောင့်တိုင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး အင်အားစုများစွာ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

မကြာမီပင် ဘူထျန်းဂိုဏ်း၊ ကျဲ့ထျန်းဂိုဏ်းနှင့် ထိုက်ရွှမ်ဂိုဏ်းတို့က သတင်းများ ထုတ်ပြန်လိုက်ရာ ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ လူတိုင်းမှာ အကြောင်းရင်းကို သိရှိသွားကြသည်။

ထျန်းကျီခန်းမမှ ထျန်းကျီအဘိုးကြီး၏ ဗဟောချက်အရ ဘူထျန်းဂိုဏ်း၊ ကျဲ့ထျန်းဂိုဏ်းနှင့် တာအိုရွှမ်နယ်မြေတို့၏ မျိုးဆက်သစ်များကို သတ်ဖြတ်ခဲ့သူမှာ တာယန်မြင့်မြတ်နယ်မြေ၏ မြင့်မြတ်သားတော် ဖြစ်သည်ဟု သိရ၏။

“ဟင်း… ရှေ့ပိုင်းစွန့်ပစ်နယ်မြေရဲ့ ထိပ်သီး ပါရမီရှင် လင်းတိနဲ့ နတ်ဘုရားဂိုဏ်းကြီး နှစ်ခုရဲ့ မျိုးဆက်သစ်တွေ ကျဆုံးတဲ့သတင်းကို ကြားတုန်းက တစ်ခုခုတော့ မှားနေပြီလို့ သိပေမယ့် သူတို့ကို သတ်တဲ့သူက တာယန်မြင့်မြတ်သားတော် ဖြစ်လိမ့်မယ်လို့ ဘယ်တော့မှ မထင်ခဲ့ဘူး… သူက ဘယ်တုန်းက အဲဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားကို ရသွားတာလဲ…”

“ရှေ့ပိုင်းစွန့်ပစ်နယ်မြေ ပါရမီရှင် စာရင်းမှာပါတဲ့ ပါရမီရှင် သုံးယောက်ကို တစ်ယောက်တည်းနဲ့ သတ်နိုင်တာကို ကြည့်ရင် သူက တကယ့်ကို ထွန်းတောက်လာတဲ့ ကြယ်တစ်ပွင့်ပဲလို့ ပြောရမှာပဲ”

“အံ့ဩစရာကောင်းလောက်အောင် ပါရမီထူးချွန်တဲ့ တာယန်မြင့်မြတ်သားတော်ကလည်း ကျဆုံးဖို့ ကံပါလာတာလား…”

“ဘာလဲ… လူသတ်မှုအတွက် အသက်တစ်ချောင်းနဲ့ ပြန်မပေးသင့်ဘူးလား…”

“ဟားဟား လျှို့ဝှက်နယ်မြေတစ်ခုထဲမှာ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းဆိုတဲ့ နိယာမမျိုး ရှိလို့လား… တစ်ယောက်ယောက်ကို မကြိုက်တာက အကြောင်းပြချက် မလုံလောက်ဘူးလား… တာယန်မြင့်မြတ်သားတော်က အံ့ဩစရာကောင်းလောက်အောင် ပါရမီထူးချွန်ပြီး ရှေ့ပိုင်းစွန့်ပစ်နယ်မြေက ကောင်းကင်ပါရမီရှင်အားလုံးကို ချေမှုန်းနိုင်ခဲ့ပေမယ့် ဘူထျန်းဂိုဏ်းချုပ်က နောက်ကျောကို အဲလိုလူမျိုး ဖြစ်လိမ့်မယ်လို့ ဘယ်တော့မှ မထင်ခဲ့ဘူး… သူက တကယ်ကြီး ထျန်းကျီအဘိုးကြီးကို ရှာပြီး သူ့ကိုနိမိတ်ဖတ်ခိုင်းလိုက်တယ်”

“ဟုတ်တယ်… တကယ်ကို နှမြောစရာပဲ… ဒီလို အခြေအနေမျိုးနဲ့ဆိုရင် တာယန်မြင့်မြတ်နယ်မြေက တာယန်မြင့်မြတ်သားတော်ကို ကာကွယ်ပေးချင်ရင်တောင်မှ အဲဒီလိုလုပ်ဖို့ စွမ်းအားရှိမှာ မဟုတ်တော့ဘူး…”

“......”

All Chapters