မြေခွေးမျိုးနွယ် မိန်းကလေးတစ်ဦးကို ပြန်လည်ပေါ်လာခြင်း
Vol. 7 Ch. 77
စိတ်ကို တစ်ခုတည်းမှာပဲ အာရုံစိုက်ထားသည့်အတွက် လျှို့ဝှက်ဆန်းကြယ်သည့်လူနှင့် သဘာဝတရားကြားက သဟဇာတဖြစ်ခြင်းဆိုသည့်ဒဏ္ဍာရီဆန်တဲ့နေရာကို ရောက်သွားခဲ့သည်။
တကယ်ပဲ ဒီနေရာက အံ့ဩစရာကောင်းတယ်။
ဆေးလုံးတွေကိုဖန်တီးတာဖြစ်ဖြစ်၊ လက်နက်တွေဖန်တီးတာပဲဖြစ်ဖြစ်၊ သိုင်းပညာကို ကျင့်ကြံချင်တာပဲဖြစ်ဖြစ် ဒီလော့မျိုးနေရာကိုရောက်ပြီဆိုရင် တိုးတက်ဖို့အတွက် အထောက်အကူရစေတယ်။
ဒါပေမဲ့ ဒီလော့မျိုးဉာဏ်အလင်းပွင့်တဲ့နေရာက စိတ်ပိုင်းဆိုင်ရာနဲ့ နက်နဲစွမ်းအင်တွေကို အများကြီးသုံးစွဲရတဲ့အတွက် အားနည်းသူတွေအတွက် မကိုင်တွယ်နိုင်ပေ။
လော့ထျန်က ဉာဏ်အလင်းပွင့်တာ အခုမှပြီးဆုံးသွားပြီး သူ့ခန္ဓာကိုယ်က ပြိုလဲကျသွားသလိုခံစားရသည်။ အားအင်တွေက လုံးဝမကျန်တော့ဘဲ နာရီအနည်းငယ်ကြာမှသာ ပြန်ကောင်းလာနိုင်မည်။
ဒီလိုအချိန်မှာ သားရဲရဲ့ခြေသံတွေ ရုတ်တရက်ပေါ်လာခြင်းက သူ့ဘဝကို တခြားသူလက်ထဲပေးလိုက်ရတော့မည်ဟုဆိုလိုသည်။
ခြေသံတွေက ကျယ်လောင်ပြီး သေခြင်းတရား၏ အငွေ့အသက်ကို ဆောင်လာသည်။ သေချာသည်မှာ ဒီသားရဲက အနည်းဆုံးအဆင့် ၃ သို့မဟုတ် ထိုထက်မက မြင့်မားသည်။
နှစ်ထောင်ဖုတ်ကောင်ဘုရင်ဖြစ်နိုင်လား။
လော့ထျန်ရင်ထဲ နာကျင်သွားပြီး သူ့ခန္ဓာကိုယ်က လုံးဝမလှုပ်ရှားနိုင်အောင်ဖြစ်သွားသည်။ ထို့နောက် စိတ်ပျက်အားငယ်စွာပြောလိုက်သည်– “အိုး…ကောင်းကင်ဘုံရယ် ငါ့ကို သေတဲ့အထိ လုပ်နေတာလား”
ရုတ်တရက်…
လော့ထျန်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်– “ဝတုတ်လေ၊ မြန်မြန်ထစမ်း”
နှစ်ထောင်ကျော်ရှိပြီဖြစ်တဲ့ဖုတ်ကောင်ဘုရင်ပဲဖြစ်ဖြစ်၊ အဆင့် ၂ သားရဲပဲဖြစ်ဖြစ် လော့ထျန် မတိုက်နိုင်တော့ပေ။ဖုန်းလေကိုသာ အားကိုးရန်သာရှိတော့သည်။
ဖုန်းလေရဲ့ လက်ရှိအင်အားက နက်နဲတပည့်အဆင့် ၉ ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းတဲ့စွမ်းအားတွေနဲ့ဆိုရင် သူက အဆင့် ၄ သားရဲနဲ့ ကြုံရင်ပင် စိုးရိမ်စရာမရှိပေ။
ဟောက်သံများရပ်သွားသည်။
သစ်ပင်တစ်ပင်အောက်တွင်အိပ်နေသည့် ဖုန်းလေ၏မျက်လုံးများက ဒေါသတကြီးပွင့်လာပြီး ကြောက်မက်ဖွယ်သားရဲတစ်ကောင်ကဲ့သို့ ခုန်ထလာသည်။
သူဘယ်လောက်ပဲနှစ်နှစ်ခြိုက်ခြိုက်အိပ်ပါစေ သို့မဟုတ် သတိမေ့နေပါစေ လော့ထျန်၏အော်သံကိုကြားသည်နှင့် ချက်ချင်းနိုးသည်။
သို့သော်…
ဒီအရူးက လမ်းကြောင်းမှားပြီး ပြေးသွားသည်။
အရေးကြီးတဲ့အချိန်တွင် ဒီလူက မှားတဲ့လမ်းကြောင်းကို ပြေးသွားခဲ့သည်။ ဒီကိစ္စက...
လော့ထျန်၏ရင်ထဲမှ သွေးများထွက်လာတော့မည်ဟု ခံစားရသည်။
“ဘန်း၊ ဘန်း၊ ဘန်း...”
ခြေသံ၏အသံများက ပိုမိုနီးကပ်လာသည်။ လော့ထျန်၏ ပင်ပန်းနွမ်းနယ်နေသောခန္ဓာကိုယ်၌ စွမ်းအားမကျန်တော့ပေ။ သူက မှောင်မိုက်နေသည့်တောအုပ်ကိုကြည့်ပြီး သူ့ကိုယ်သူညည်းတွားလိုက်သည်– “ဒီတစ်ခါတော့ ငါတကယ်အဆုံးသတ်ရတော့မယ်ထင်တယ်”
“ကြွက်၊ ပေါက်...”
သစ်ပင်ကြီးနှစ်ပင်က လဲကျသွားပြီး အရိုးခေါင်းဖြူတစ်လုံး ထွက်လာသည်။
မျက်လုံးတွေက အနက်ရောင်အပေါက်တွေလိုဖြစ်ပြီး ငရဲမှလာသောသေခြင်းတရား၏ အငွေ့အသက်နှင့်အတူ နဂါးနှုတ်ခမ်းမွှေးနှစ်ချောင်းက လေတိုက်နှုန်းဖြင့် လှုပ်ခါနေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် သားရဲသွေးများဖုံးလွှမ်းနေသည်။
ဒါက လော့ထျန်ရဲ့ သံရုပ်သေးဖြစ်တဲ့ သရဲနဂါးပင်။
“မင်း၊ ငါ့ကို လာခြောက်နေတာလာ”
လော့ထျန်က နှလုံးရောဂါရတော့မလိုဖြစ်သွားသည်။ သူက အစွမ်းထက်တဲ့သားရဲတစ်ကောင်လို့ ထင်ခဲ့ပေမဲ့ သူ့ရဲ့သံရုပ်သေးဖြစ်နေတာကို မထင်ထားခဲ့ပေ။ ဒါပေမဲ့ ဘာလို့သရဲနဂါးက ရုတ်တရက် ဒီနေရာကို ပြန်လာခဲ့တာလဲ။
သူ့ကို ပြန်လာဖို့ တစ်ခါမှအမိန့်မပေးခဲ့ပေ။
ထူးဆန်းတယ်။
အရမ်းကိုထူးဆန်းတယ်
သရဲနဂါးက လော့ထျန်၏ အရုပ်ဖြစ်၏။ သူ့ရဲ့လုပ်ဆောင်မှုတွေကို လော့ထျန်က အပြည့်အဝထိန်းချုပ်ထားသည်။ ဒါကြောင့် သူက သရဲနဂါးကို အမိန့်မပေးမိဘဲ ဘယ်လိုလုပ်သူ့ဘာသာသူ ပြန်လာနိုင်မှာလဲ။
သရဲနဂါးက ပိုမိုနီးကပ်လာသည်။ သူ့ရဲ့မျက်လုံးနက်တွေက စိုးရိမ်နေသလို လော့ထျန်ကိုကြည့်နေသည်။
လော့ထျန်က သူ့ရဲ့မျက်နှာအမူအရာကိုမြင်လိုက်တော့စိတ်အေးသွားပြီး အရင်လို စိုးရိမ်စိတ်မရှိတော့ပေ။
သူလုပ်ခဲ့တာအားလုံးက သူ့ကိုယ်ပိုင်စိတ်နဲ့ လုပ်ခဲ့သလော့မျိုးပဲ။
ဖြစ်နိုင်မလား...
လော့ထျန်က ထိတ်လန့်သွားသည်။ သရဲနဂါးကို ဖန်တီးနေချိန်တွင် သူက သူ့ရဲ့စိတ်ကို ထည့်သွင်းဖို့ကြိုးစားခဲ့တာကို သတိရလိုက်သည်၊ ဒါက အောင်မြင်ခဲ့တာလား။
သရဲနဂါးက လော့ထျန်ကို ခံစားမိနိုင်စွမ်းရှိသည်။ လော့ထျန်၏ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်လာပြီး သူ့ရဲ့စိတ်ဓာတ်က အလွန်ပင်ပန်းလာချိန်တွင် သရဲနဂါးက သူအန္တရာယ်ရှိနေပြီလို့ တွေးခဲ့တာဖြစ်နိုင်လို့ ချက်ချင်းပြန်လာခဲ့တာလား။
လော့ထျန်က မသေချာသေးပေ။ ဒါပေမဲ့ သူက သရဲနဂါးနဲ့ Optimus Prime တို့ကြားမှာ ကြီးမားတဲ့ကွာခြားချက်ရှိနေတာကို ခံစားရသည်။
လော့ထျန်က သူ့ခေါင်းကိုမြှင့်လိုက်ပြီး ခပ်ဖြည်းဖြည်းပြုံးလိုက်သည်– “ညီလေး၊ မင်း ငါ့အတွက် စိတ်ပူနေလို့ ပြန်လာခဲ့တာလား”
သရဲနဂါးက ပုံမှန်အတိုင်းကြည့်နေပြီး လှုပ်ရှားခြင်းမရှိပေ။ သူကဘာမှမကြားသလော့မျိုး၊ ဒါမှမဟုတ် လော့ထျန်ပြောတာကို နားမလည်တာမျိုးဖြစ်နေသည်။
လော့ထျန်က သရဲနဂါးကို အပေါ်အောက်သေချာကြည့်လိုက်ပြီး ခါးခါးသီးသီးပြုံးလိုက်သည်။ ထို့နောက် သူ့ကိုယ်သူပြောလိုက်သည်– “ငါ အတွေးလွန်နေပြီးထင်တယ်”
“ခေါင်းဆောင်၊ ကျွန်တော်ပြန်လာပြီ” ဖုန်းလေက အော်ပြောလိုက်သည်။
သူ့ရဲ့ကိုယ်ကြီးက ကောင်းကင်မှဆင်းသက်လာပြီး လော့ထျန်၏ရှေ့တွင် မြေပြင်ပေါ်ကို လေးပင်စွာဆင်းသက်လာသည်။ ကြီးမားတဲ့သရဲနဂါးကိုမြင်တော့ သူက ကြောက်လန့်ပြီး သတိလစ်မတတ်ဖြစ်သွားသည်။
နဖူးပြင်တွင် ချွေးများပြည့်နေပြီး ဖုန်းလေက တုန်ရီနေသောအသံဖြင့်မေးလိုက်သည်– “ခေါင်းဆောင်...ခေါင်းဆောင်...ခေါင်းဆောင်၊ ဒီဟာက ဘယ်လိုသားရဲမျိုးလဲ”
သားရဲအရိုးများဖြင့်ပြုလုပ်ထားသော ကိုယ်ခန္ဓာနှင့် ကြောက်မက်ဖွယ်ကောင်းသောမျက်နှာ၊ သေခြင်းတရား၏ အငွေ့အသက်နှင့်အတူ သရဲနဂါး၏ပုံရိပ်က လူတစ်ယောက်၏ဝိဉာဉ်ကိုပင် ထွက်ပြေးစေမည့် ခံစားချက်ကိုပေးသည်။ ဘယ်သူမဆို သူ့ကိုမြင်ရင် ကြောက်ရွံ့လာမည်။
လော့ထျန်က ဝတုတ်လေကိုစိုက်ကြည့်ပြီး သူ့ကို ကန်လိုက်သည်။ “မင်းပြန်လာတာကို စောင့်နေရင် ငါအခုသေနေလောက်ပြီ”
ဖုန်းလေက ခေါင်းကုတ်ရင်း အရူးတစ်ယောက်လို ပြုံးလိုက်သည်။ ထို့နောက် တောင်းပန်လိုက်သည်– “အဲ...ကျွန်တော်က လမ်းမှားကို ပြေးမိသွားတာပါ”
လော့ထျန်က သက်ပြင်းချပြီးပြောလိုက်သည်– “ငါလက်လျှော့လိုက်ပြီ၊ ဆယ်မီတာလောက်ပဲကွာတာကိ မင်းက လမ်းပါမှားသေတယ်လား”
ဖုန်းလေက အရူးတစ်ယောက်လိုပြုံးနေဆဲပင်။ “ခေါင်းဆောင်၊ ဒီဟာက ဘယ်လိုသားရဲမျိုးလဲဆိုတာ ဘာလို့ကျွန်တော့်ကို မပြောသေးတာလဲ။ ကျွန်တော်ဘယ်
နေရာကကြည့်ကြည့် ဒီကောင်က ကျွန်တော့်ကိ ကြက်သီးတောင်ထနေရပြီး သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အရိုးတွေနဲ့ ဘယ်လိုလုပ်ထားတာလဲ။ ဒီသားရဲက မြောက်ဘက်က အစွန်းရောက်ယင်နေရာက လာတာလား။”
ထျန်ရွှမ်းနယ်မြေ၏မြောက်ဘက်တွင် သေမင်းနိုင်ငံကဲ့သို့ နေရာတစ်ခုရှိ၏။
အဲဒါက နယ်မြေ၏ထိပ်တန်းတားမြစ်ထားသောနေရာဆယ်ခုတွင် ပထမအဆင့်ဖြစ်ပြီး လူသားများ တစ်ခါမှခြေမချနိုင်သော တစ်ခုတည်းသောနေရာဖြစ်၏။
မြောက်ဘက်ရှိ အစွန်းရောက်ယင်နေရာများတွင် သေသွားတဲ့သူများ၏ဝိညာဉ်များပြည့်နေသည်– လူသားများက သေလွန်သူများဖြစ်ပြီး သားရဲများကလည်း သေလွန်သူများဖြစ်၏။ ထိုနေရာတွင်နေထိုင်သူများက အလွန်အစွမ်းထက်၏။ သူတို့၏တိုက်ခိုက်နိုင်စွမ်းပဲဖြစ်ဖြစ်၊ သူတို့လေ့ကျင့်ထားသောသိုင်းပညာပဲဖြစ်ဖြစ်၊ သူတို့က လူသားတွေထက် အများကြီးပိုပြီး သန်မာသည်။
ကောလာဟလတစ်ခုရှိသည်မှာ…
မြောက်ဘက်ရှိ အစွန်းရောက်ယင်နေရာများက ငရဲနှင့် ချိတ်ဆက်ထားသည်ဟူ၏။
ဖုန်းလေက သရဲနဂါးသည် မြောက်ဘက်မှ အစွန်းရောက်ယင်နေရာမှဖြစ်သည်ဟု ယူဆရခြင်းအကြောင်းရင်းမှာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အရိုးများဖြင့်ပြုလုပ်ထားပြီး သေခြင်းတရား၏အငွေ့အသက်ကို သယ်ဆောင်လာသောကြောင့်ပင်။
လော့ထျန်က ဝတုတ်လေကိုမျက်လုံးလှန်ကြည့်ပြီးပြောလိုက်သည်– “ဒါက ငါ့ရဲ့ လက်အောက်ခံစစ်သည်အသစ်၊ သရဲနဂါးလို့ခေါ်တယ်”
“လက်အောက်ခံစစ်သည်အသစ်လား”
“သရဲနဂါးလား”
ဖုန်းလေက ကြီးမားတဲ့သရဲနဂါးကို အံ့ဩတကြီးစိုက်ကြည့်နေသည်။ ထို့နောက် လှည့်ပြီး သူ့ရဲ့မျက်လုံးတွေက ကြည်ညိုလေးစားမှုအပြည့်နှင့်ပြောလိုက်သည်– “ခေါင်းဆောင်၊ ခေါင်းဆောင်က အရမ်းကိုသန်မာတာပဲ။ ကျွန်တော်သာကောင်မလေးဆိုရင် ခေါင်းဆောင်ရဲ့အစွမ်းအစကြောင့် သေစေနိုင်တဲ့အထိ ချစ်မိသွားမှာပဲ ပြီးတော့ ပိုအချစ်ခံရဖို့အတွက် ပြန်ရှင်လာမှာ”
“ထွက်သွားစမ်း”
“မင်းသာကောင်မလေးဆိုရင် မင်းကိုပစိဖိတ်သမုဒ္ဒရာအထိ ရောက်အောင်ကန်ပစ်လိုက်မှာ” လော့ထျန်က ဒေါသတကြီးဟန်ဆောင်ပြီးပြောလိုက်သည်။ ပေါင် ၂၅၀ (၃၃၀ ပေါင်) ရှိတဲ့ကောင်မလေးတစ်ယောက်က သူ့ကိုသေတဲ့အထိချစ်နေတာမျိုးကို သူစိတ်ကူးထဲတောင် မထည့်ချင်ပေ။
“ဟမ်”
ဖုန်းလေက သရဲနဂါးဆီပြေးသွားပြီး ဧရိယာတစ်ခုကို စစ်ဆေးလိုက်သည်။ “ဟေး ခေါင်းဆောင်၊ ဒါဘာလဲ”
လော့ထျန်က ကြည့်လိုက်ပြီး ခဏတာတွေဝေသွားသည်။
ဖုန်းလေက ဒီအကြောင်းကို မပြောခဲ့ရင် သူက သရဲနဂါးရဲ့ကျောပေါ်က ဒီအရာလေးကို လွဲချော်သွားနိုင်သည်။ သူမက ကြောင်ကလေးတစ်ကောင်လို ကွေးနေသည်။
သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ဆံပင်နှစ်ဖက်က ကျစ်ဆံမြီးနှစ်ခုထုံးထားပြီး မျက်တောင်ရှည်များရှိသည်။ သူမရဲ့လက်ဆုပ်
လေးတွေက ပန်းရောင် ကျောက်လေးတွေနှင့်တူသည်။ သူမရဲ့ပုံရိပ်က အနောက်တိုင်းကြွေရုပ်လေးတွေနှင့်တူသည်။
သို့သော်…
ကြွေရုပ်က သူမလောက်လှပမည်မဟုတ်ပေ။
သူမ၏ခန္ဓာကိုယ်မှထွက်လာသောအငွေ့အသက်က တခြားမိန်းကလေးတွေနဲ့ မတူပေ။ အဆုံးမရှိသောဆွဲဆောင်မှုယူဆောင်လာပေးသည့် အငွေ့အသက်တစ်ခုပင်။
သူမက ဆယ်နှစ်ထက်မပိုပေ။ သို့သော် သူမ၏အိပ်ငိုက်နေသည့်ပုံက အလွန်ဆွဲဆောင်မှုရှိပြီး စိတ်ဝင်စားဖွယ်ကောင်းသည်။
လော့ထျန်က သူမကိုကြည့်လိုက်ရုံနှင့် သူ့ရဲ့နှလုံးခုန်သွားသည်။ လီရွှယ်အာဆီကနေ ဒီလော့မျိုးခံစားချက်မျိုးကို သူတစ်ခါမှမရခဲ့ဖူးတဲ့အတွက် ဒါက ထူးဆန်းလွန်းတယ်။
ဆယ်နှစ်အရွယ်မိစ္ဆာမလေးက ဒီလော့မျိုးဖြစ်နေပြီဆိုရင် နှစ်အနည်းငယ်အတွင်း နိုင်ငံတော်ကိုပြိုလဲစေနိုင်တဲ့ စူပါအလှပဂေးတစ်ယောက်ဖြစ်လာမှာလား။
“ခေါင်းဆောင် ကြည့်ပါဦး၊ သူမ... သူမ...သူမမှာ အမြီးရှိပုံရတယ်”
ဖုန်းလေက မိစ္ဆာမလေးကို အကြိမ်အနည်းငယ်စိုက်ကြည့်ခဲ့သော်လည်း သူမဆီကနေ ဘာဆွဲဆောင်မှုမျိုးမှ မခံစားရပေ။ အဆင့် ၁ သားရဲက သူ့ကို ပိုပြီးစိတ်ဝင်စားဖို့ကောင်းစေနိုင်သည်။
လော့ထျန်က မတ်တပ်ရပ်လိုက်ပြီး သေချာကြည့်သည်။ တကယ်ပဲမှန်နေ၏။
သူမရဲ့အဖြူရောင်ဝတ်စုံအောက်တွင် အဖြူရောင်အမြီးသေးသေးလေးတစ်ခု ထွက်နေသည်။ အရောင်က ဆီးနှင်းလိုဖြူပြီး အလွန်ချောမွေ့၏။ ဆံပင်တစ်ချောင်းစီကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ သူမက ဆံပင်ပျော့ဆေးသုံးထားသလိုပင်။
ဖုန်းလေရဲ့စကားတွေက အရမ်းကျယ်လောင်လွန်းလို့လား၊ ဒါမှမဟုတ် သူမက သဘာဝအတိုင်းနိုးလာတာလားဆိုတာ မသိပေ။
သူမ၏မျက်လုံးများက ပျင်းရိစွာပွင့်လာပြီး လော့ထျန်ကိုကြည့်လိုက်သည်။ သူမက အကြိမ်အနည်းငယ်မျက်တောင်ခတ်လိုက်ပြီး ထိတ်လန့်တကြားမတ်တပ်ရပ်လိုက်သည်။
“အာ... အားးးးး...”
သူမ မတ်တပ်ရပ်နေချိန်မှာ ခြေထောက်က မညီမညာဖြစ်ပြီး သရဲနဂါးရဲ့ကျောပေါ်ကနေ ရုတ်တရက်ပြုတ်ကျသွားသည်။
မိစ္ဆာမလေးက အလျင်အမြန်ပြန်ထပြီး လက်သီးကိုဆုပ်လိုက်သည်။ ထို့နောက် မျက်နှာမဲ့လိုက်ပြီး လော့ထျန်ကို ဒေါသတကြီးစိုက်ကြည့်သည်။ အသက်ရှူမဝသလိုဖြစ်ပြီး “မ...မ...မလာနဲ့၊ မလာနဲ့၊ မင်းလာရင် ငါ...ငါ...ငါ မင်းကို ရိုက်ပစ်မှာ”
သူမက အလွန်ချစ်စရာကောင်းသည်။
လုံးဝကို ရင်ထဲကအူယားလောက်အောင် ချစ်စရာကောင်းလွန်း၏။
လော့ထျန်က ပြုံးပြီး သူ့စိတ်ထဲပြောလိုက်သည်– “မြေခွေးမျိုးနွယ်က မိန်းကလေးလား။ ဒါက အရမ်းကို အံ့ဩစရာကောင်းတာပဲ”