ကြီးမားသော ပေါက်ကွဲမှုတစ်ခု
Vol. 7 Ch. 81
အမှန်အတိုင်းပြောရရင်...
လော့ထျန် ဒေါသထွက်နေသည်။
နှစ်တစ်ထောင်ဖုတ်ကောင်ဘုရင်ကို ရှောင်ဖို့အတွက် သူ့အရင်က ရုပ်ရှင်တွေကို အတုယူပြီး ကြိုးစားခဲ့တာဟာ ဘယ်လောက်တောင် တုံးအတဲ့ အပြုအမူဖြစ်ခဲ့လဲ။ ဒါပေမဲ့ ဒီမိစ္ဆာကြီးက သူ့ကို ပြန်ပြီး အတုယူကာ ကစားသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့မိပေ။ ဒီအတွက် လော့ထျန်အဖို့ အကြီးအကျယ် ရှက်ရွံ့ခဲ့ရသည်။
ပြီးတော့ အဲဒီမိစ္ဆာကြီးက သူ့နောက်ကို ဆက်တိုက်လိုက်ခဲ့သည်။
နောက်ဆုံးတော့ ရွေးချယ်စရာမရှိဘဲ ရေတံခွန်ပေါ်ကနေ ခုန်ချခဲ့ရသည်။ ကံကောင်းလို့သာ ရေနစ်ပြီး မသေခဲ့ခြင်းဖြစ်၏။
နှစ်တစ်ထောင်ဖုတ်ကောင်ဘုရင်ကြောင့် သူလုံးဝဒေါသထွက်ခဲ့သည်။
ဒါ့ကြောင့် သူ စတင်လှုပ်ရှားလိုက်သည်နှင့် လော့ထျန်က သူ့ရဲ့ အအားအကောင်းဆုံး သိုင်းပညာနှစ်ခုကို ချက်ချင်းအသက်သွင်းလိုက်သည်။ ထို့နောက် ဒေါသတကြီးပေါက်ကွဲ၍ "ဘယ်ကောင်က အတင့်ရဲတာလဲ ဆက်လုပ်လိုက်စမ်းပါ၊ ဒီအဖေရှေ့မှာ ထပ်ပြီး ပြလိုက်စမ်းပါ" အော်ပြောလိုက်သည်။
ရွှေထုကို ဖြိုခွဲသည့် ခြင်္သေ့ ကျားဟိန်းသံ
ဤသည်မှာ ခဏတာမျှ မူးဝေစေသော အသံ တိုက်ခိုက်မှုဖြစ်ချေသည်။
မူးဝေစေသော ကြာချိန်သည် သိုင်းပညာ၏ အဆင့်ပေါ်မူတည်၍ တိုးလာလိမ့်မည်။
ဤသိုင်းပညာသည် အခြားသော သိုင်းပညာများနှင့် တွဲဖက်လုပ်ဆောင်နိုင်၏။
ရွှေထုကို ဖြိုခွဲသည့် ခြင်္သေ့ ကျားဟိန်းသံကို အသက်သွင်းလိုက်ပြီးနောက် နှစ်တစ်ထောင်ဖုတ်ကောင်ဘုရင်သည် မူးဝေသောအခြေအနေသို့ ရောက်ရှိသွားသည်။ လော့ထျန်သည် တွန့်ဆုတ်မနေဘဲ ဒေါသတကြီးအော်ဟစ်၍ ဒေါသထွက်နေသော မိုးကြိုးနွားသိုး၏ အအားအကောင်းဆုံး တိုက်ခိုက်မှုဖြစ်သည့် အဆက်မပြတ်မိုးခြိမ်းသံကို ဆက်လက်သုံးစွဲလိုက်သည်။
ဖုတ်ကောင်များသည် မည်သည့်တိုက်ခိုက်မှုကို အကြောက်ဆုံးဖြစ်ပါသနည်း။
လျှပ်စစ်စွမ်းအင်ပါသော တိုက်ခိုက်မှုများဖြစ်၏
မည်သည့် ဗီဒီယိုဂိမ်းတွင်မဆို သေဆုံးပြီးသားနှင့် ပတ်သက်သော မိစ္ဆာများသာဆိုလျှင် ၎င်းတို့၏ ရန်သူတော်သည် လျှပ်စစ်နှင့်သက်ဆိုင်သော တိုက်ခိုက်မှုများ ဖြစ်သည်။
အဆက်မပြတ်မိုးခြိမ်းသံ၏ နက်နဲ စွမ်းအင်
သုံးစွဲမှုသည် အလွန်ကြီးမားသော်လည်း လော့ထျန်က ဂရုမစိုက်ပေ၊ အဘယ်ကြောင့်ဆိုသော် သူလုပ်ချင်သည်မှာ ၎င်းကို သတ်ပစ်ရန်သာဖြစ်၏။
"ဒုန်း..."
"ဒုန်း..."
"ဒုန်း..."
အဆက်မပြတ်မိုးခြိမ်းသံသည် ဆယ်ကီလိုမီတာကျော်အထိ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားပြီး၊ ငှက်များနှင့် သားရဲတိရစ္ဆာန်အုပ်များကို ထိတ်လန့်
စေ၍ ထွက်ပြေးစေခဲ့သည်။
ထိုလျှပ်စီးမုန်တိုင်း၏ အလယ်ဗဟိုတွင် လော့ထျန်က ပျော်ရွှင်စွာ ရယ်မောနေချေသည်။ "ဟားဟားဟား... ဒါက အရမ်းမိုက်တယ် ဒါဟာ ဒေါသထွက်နေသော မိုးကြိုးနွားသိုးရဲ့ သိုင်းပညာပဲ"
"အလွန်အားကြီးတယ်... အရမ်းကြိုက်တယ် ဟားဟားဟား..."
လျှပ်စီးမုန်တိုင်းအလယ်၌...
နှစ်တစ်ထောင်ဖုတ်ကောင်ဘုရင်သည် သာမန်လူသားတစ်ဦး လျှပ်စီးပစ်ခံရသကဲ့သို့ ဖြစ်နေသည်။ ၎င်း၏ လက်များသည် တုန်လှုပ်နေပြီး၊ ခန္ဓာကိုယ်သည် မီးခိုးအနည်းငယ် ထွက်ပေါ်လာကာ မည်းနက်စပြုလာသည်။ ၎င်း၏ မျက်လုံးခြောက်လုံးအနက် သုံးလုံးသည် လျှပ်စီးထိမှန်ပြီး အမြင်အာရုံကွယ်သွားကာ တောက်ပသော အနီရောင်သွေးများ စိမ့်ထွက်လာသည်။ ၎င်း၏ မျက်နှာအမူအရာသည် ရှက်ရွံ့မှုရောနှောနေသော ရုပ်ဆိုးအကျည်းတန်သည့်ပုံစံသို့ ပိုမိုပြောင်းလဲသွားသည်။
"ဒီလိုနေ့မျိုး မင်းအတွက်လည်း ရောက်လာရတာပဲ"
"အရင်တုန်းက မင်းက ဒီအဖေကို ချောက်ကမ်းပါးပေါ်ကနေ လိုက်ခဲ့တယ်၊ ဒါကြောင့် အခုက ငါ့အလှည့် လက်စားချေဖို့ပဲ" လော့ထျန်၏ မျက်နှာတွင် မာနနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော အမူအရာရှိ၏။
အဆက်မပြတ်မိုးခြိမ်းသံများ ကျဆင်းပြီးသည်နှင့် တပြိုင်နက် လော့ထျန်က "ဝတုတ်လေရေ၊ ငါတို့လက်စားချေဖို့ အချိန်ရောက်ပြီ" အော်ပြောလိုက်သည်။
ဖုန်းလေက "ဒီမအေဘေး" အော်ဟစ်လိုက်သည်၊ အဘယ်ကြောင့်ဆိုသော် သူသည် နောက်ထပ်မစောင့်နိုင်တော့သောကြောင့်ဖြစ်၏။
သူသည် သူ၏ တန်ဓားကို မြှောက်ကိုင်လိုက်ပြီး ခြေထောက်ဆောင့်နင်းလိုက်သည်။ ထို့နောက် မြေထွန်စက်နှင့် ဆင်တူစွာ နှစ်တစ်ထောင်ဖုတ်ကောင်ဘုရင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
ထိုအချိန်မှာပင်...
လော့ထျန်သည် သူ၏ လက်သီးများကို အောက်သို့ချကာ အလျင်အမြန်ပြေးသွားသည်။ သူ၏ ခန္ဓာကိုယ်သည် လေထဲတွင် လွင့်ပျံနေသော အရိပ်
တစ်ခုနှင့်တူနေပြီး၊ သူသည် ဘယ်နေရာတွင်ရှိသည်ကို မည်သူမျှ မပြောနိုင်သော မှင်စာအရိပ်အယောင်တစ်ခုကို ဖန်တီးလိုက်သည်။
"လျှပ်စီးကျားလက်သီး"
"မင်းကို အပိုင်းပိုင်းခုတ်ပစ်မယ်"
သူတို့နှစ်ဦးသည် တစ်ချိန်တည်း တိုက်ခိုက်ခဲ့ကြသည်။
ဤအခိုက်အတန့်သည် "အားနည်းနေလျှင် သတ်ပစ်လိုက်ပါ" ဟူသော စကားနှင့်တူနေ၏။
နှစ်တစ်ထောင်ဖုတ်ကောင်ဘုရင်သည် သိုင်းပညာနှစ်ခုဖြင့် မူးဝေသွားခဲ့ရသည်၊ ထို့ကြောင့် တုံ့ပြန်ရန် အချိန်မရှိသည်မှာ သေချာချေသည်။ ဤလူနှစ်ယောက်သည် ရက်အနည်းငယ်အတွင်း ဤမျှမြန်မြန် တိူးတက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ပေ။
"ဖြန်း"
"ဒုန်း"
ကြီးမားသော တန်ဓားသည် နှစ်တစ်ထောင်ဖုတ်ကောင်ဘုရင်၏ ခေါင်းထိပ်ကို ပစ်မှတ်ထားကာ ခုတ်ချလိုက်သည်။
ဤဓားသည် အရင်က ဓားမဟုတ်ပေ။
၎င်း၏ ခွန်အားသည်လည်း အရင်က ခွန်အားမဟုတ်ချေ။
သံမဏိအရိုးများပင် ဤဓားဖြင့် ခုတ်ချခံရပါက ကြေမွသွားလိမ့်မည်။
သို့သော်...
နှစ်တစ်ထောင်ဖုတ်ကောင်ဘုရင်၏ ခေါင်းပေါ်တွင် သွေးအနည်းငယ် စိမ့်ထွက်လာကာ အနည်းငယ်သာ ဖြတ်ရာထင်သွားသည်။ ဤဒဏ်ရာသည် ၎င်းအတွက် ဘာမှမပြောပလောက်သည့် ဒဏ်ရာဟု ယူဆနိုင်၏။
လျစ်လျူရှုသော အပြုံး
ဤသို့သော ခံနိုင်ရည်မျိုး...
စိတ်ကူးထဲမှာပင် မရှိနိုင်ပေ
နှစ်တစ်ထောင်ဖုတ်ကောင်ဘုရင်သည် နာကျင်မှုပနည်းငယ်ပင် မခံစားရပေ။ နာကျင်မှုဆိုသည်မှာ ဘာလဲ နာကျင်မှုအာရုံခံကိရိယာများက ၎င်း၏ ဦးနှောက်သို့ အချက်ပြမှုများ ပေးပို့ရန်မရှိသောကြောင့် ၎င်းသည် ထိုသဘောတရားကိုပင် နားမလည်ချေ။
လော့ထျန်၏ ရင်ထဲတွင် စိုးရိမ်သွားသော်လည်း သူ၏ လက်သီးတစ်စုံက ဆက်လက်၍ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ထိုတိုက်ခိုက်မှုသည် နှစ်တစ်ထောင်ဖုတ်ကောင်ဘုရင်၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ချိုးလိုက်သည်။
"ဘုန်း"
လက်လေးချောင်းစာ အရာနှစ်ခုသည် နှစ်တစ်ထောင်ဖုတ်ကောင်ဘုရင်၏ ရင်ဘတ်ပေါ်တွင် စွဲသွားသော်လည်း၊ ၎င်းသည် အနောက်သို့ ခြေလှမ်းနှစ်လှမ်းသာ ပေါ့ပေါ့ပါးပါး ဆုတ်သွားသည်။
၎င်း၏ ကျန်ရှိနေသော မျက်လုံးသုံးလုံးက သူတို့အား ကြည့်လိုက်ပြီး သွေးစွန်းနေသော နှုတ်ခမ်းများက ပြုံးလိုက်သည်။ ၎င်းသည် မထီမဲ့မြင် ပြုံးနေခြင်းဖြစ်ပြီး "ဒါပဲလား မင်းတို့မှာရှိတဲ့ ခွန်အား အရမ်းအားနည်းတယ်၊ လုံးဝ အားနည်းလွန်းတယ်" ဟူ၍ ပြောနေသကဲ့သို့ ဖြစ်၏။
ဒီအရာက တကယ်တမ်း ပြုံးနေတာဖြစ်သည်။
သူတို့သည် နတ်ဆိုးသားရဲတစ်ကောင်၏ လှောင်ပြောင်ခြင်းကို ခံနေရချေသည်။
လော့ထျန်၏ ရင်ထဲမှ ဒေါသသည် ပေါက်ကွဲလာပြီး "ဝတုတ်လေ၊ ရှောင်လိုက် ငါ ဒီကောင်ကို တစ်ယောက်တည်း ရင်ဆိုင်မယ်" အော်ပြောလိုက်သည်။
ဖုန်းလေသည် လန့်သွားသော်လည်း ဆက်လက်၍ "ခေါင်းဆောင်၊ ဒီကောင်က လျှပ်စစ်ကို ကြောက်တယ်လေ။ ကျွန်တော် လုပ်ပေးရမလား..."
"မလိုဘူး"
"ဒီကောင်က ငါ့ကို လှောင် ရဲတယ်ပေါ့ ငါ သူ့ရဲ့ ဝိညာဉ်ကို ထာဝရ ပျောက်ကွယ်သွားတာကို လိုချင်
တယ်"
ဖုန်းလေသည် သတိမထားမိဘဲ ဒေါသထွက်နေသော မိုးကြိုးနွားသိုး၏ နတ်ဆိုးအနှစ်ကို မြိုချခဲ့ပြီးဖြစ်၍ သူ၏ တိုက်ခိုက်မှုများသည် လျှပ်စီးများ ပါနေလိမ့်မည်။
သူ၏ အဆင့်တိုးလာသည်နှင့်အမျှ လျှပ်စီးတိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်စွမ်းရှိသည်မှာ ထင်ရှားသည်။
လော့ထျန်သည် ဖုန်းလေ၏ ခေါင်းပြောင်နောက်ဘက်ရှိ ကြောက်မက်ဖွယ်ကောင်းသော ဆေးမင်ကြောင်သည် တရုတ်နတ်ဘုရားများအတွက် မိုးကြိုးနတ်၊ လျှပ်စီးနတ်ဘုရား ဖြစ်နိုင်သည်ဟု အနည်းငယ် သံသယရှိခဲ့သည်။
နှစ်တစ်ထောင်ဖုတ်ကောင်ဘုရင်၏ မျက်လုံးသုံးလုံးသည် ပြောင်းလဲသွားပြီး ၎င်း၏ အပြုံးသည် ပျောက်ကွယ်သွားသည်။
၎င်း၏ ခန္ဓာကိုယ်သည် အနီရောင်စွမ်းအင် လှိုင်းတစ်ခုဖြင့် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
သတ်ဖြတ်လိုသော အငွေ့အသက်
နှိုင်းယှဉ်၍မရနိုင်သော ပြင်းထန်သည့် သတ်ဖြတ်လိုသော အငွေ့အသက်ဖြစ်၏
၎င်းသည် တောင်သောင်းချီတို့ ဖိချနေသကဲ့သို့ ဖြစ်ပြီး လော့ထျန်၏ စိတ်ဝိညာဉ်ကို အလွန်အမင်း မသက်မသာဖြစ်စေသည်။ ချက်ချင်းဆိုသလိုပင် သူ၏ မျက်လုံးများ၊ နားစည်များ၊ သတိပင်လယ်နှင့် အတွင်းအင်္ဂါများအားလုံး သွေးများဖြင့် ရောင်ရမ်းလာသည်။
ဤအတိုင်းဆက်သွားပါက သူ၏ ခန္ဓာကိုယ်ရှိ အပေါက်များအားလုံးမှ သွေးများထွက်လာဖွယ်ရှိချေသည်။
နှစ်တစ်ထောင်ဖုတ်ကောင်ဘုရင်သည် ဤအရာအားလုံးကို ဟာသတစ်ခုလို သဘောထားကာ မထီမဲ့မြင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ၎င်းသည် "မင်းလို ပုရွက်ဆိတ်လေးက ငါနဲ့ တိုက်ချင်တာလား သေချင်နေတာပဲ" ဟူ၍ ပြောနေသကဲ့သို့ လူသားအား အပြည့်အဝ မထီမဲ့မြင်ပြုနေ၏။
"ဟာကွာ"
လော့ထျန်က ကောင်းကင်သို့ အော်ဟစ်လိုက်သည်– "အဆင့် (၂) ကြမ်းတမ်းခြင်း"
"အဆက်မပြတ်မိုးခြိမ်းသံ"
"အဆက်မပြတ်မိုးခြိမ်းသံ"
"အဆက်မပြတ်မိုးခြိမ်းသံ"
စွမ်းရည်၏ ကြာချိန်ပြန်လည်ပြည့်သည်နှင့် တပြိုင်နက် လော့ထျန်သည် သိုင်းပညာကို တစ်ခုပြီးတစ်ခု ဆက်တိုက်အသက်သွင်းနေလိမ့်သည်။ တစ်မိနစ်ပင် မကြာမီ အဆက်မပြတ်မိုးခြိမ်းသံများစွာသည် တစ်ခုပြီးတစ်ခု ထပ်လျက်ရှိသည်။
လော့ထျန်သည် ယခုအချိန်တွင် အရူးတစ်ယောက်နှင့်တူနေသည်။
လော့ထျန်သည် ယခုအချိန်တွင် အရူးတစ်ယောက်
ဖြစ်နေသည်။ သူသည် သတ်ပစ်ရန်အတွက် မည်သည့်အရာကိုမဆို လုပ်မည့် အဆိုးဆုံးအဆင့်ရှိသော အရူးဖြစ်၏။
သတ်ဖြတ်လိုသော အငွေ့အသက်ဖြင့် ဖိနှိပ်ခံရခြင်းသည် အလွန်မသက်မသာဖြစ်ခဲ့သည်။
ထိုစုပြုံနေသော ခံစားချက်ကို မထုတ်လွှတ်ပါက သူသည် သေသွားမှာ သေချာသည်။
အစပိုင်းတွင်...
နှစ်တစ်ထောင်ဖုတ်ကောင်ဘုရင်၏ မျက်လုံးများတွင် ပြောင်းလဲမှုနှင့် ထိုလှောင်ပြောင်သောအပြုံးက "ငါ ဒီမှာ ဘာမှမလုပ်ဘဲနဲ့ ရပ်နေရုံပဲ၊ ဒါပေမဲ့ မင်းက ဒီအဖေကို သတ်လို့မရသေးဘူး" ဟူသော အဓိပ္ပာယ်သက်ရောက်သော အမူအရာကို ပြသခဲ့သည်။
ယခုမူ ထိတ်လန့်သည့် လက္ခဏာများ စတင်ပြသနေချေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အဖြူရောင်မီးခိုးများ ထွက်ပေါ်နေပြီး၊ ထူထဲသော လျှပ်စီးတိုင်များက ၎င်း၏ ခန္ဓာကိုယ်ကို ထိမှန်နေသောကြောင့် မီးလောင်ထားသော အသားစများသည် လွင့်စင်ကုန်ကြသည်။
နောက်ဆုံးတွင် ၎င်း၏ ခန္ဓာကိုယ်သည် ကွေးကောက်သွားပြီဖြစ်သည်။ မျက်လုံးခြောက်လုံးစလုံး လျှပ်စီးထိမှန်၍ မှိတ်သွားပြီး၊ မျက်နှာတစ်ခုလုံး သွေးစိမ်းများ ဖုံးလွှမ်းနေသည်။ ၎င်း၏ မျက်နှားးအမူအရာသည် မထီမဲ့မြင်ပြုသည့် ပုံစံမရှိတော့ဘဲ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ဖြင့် အစားထိုးသွားပြီဖြစ်၏။
"မအေဘေး"
"ဒီအဖေက မင်း ဒါကို ကျော်လွှားနိုင်မလားဆိုတာ ကြည့်ချင်တယ်"
"ငါ့အတွက် သေလိုက်စမ်း"
"အဆက်မပြတ်မိုးခြိမ်းသံ"
လော့ထျန်သည် တစ်ဖန်ပြန်၍ အော်ဟစ်လိုက်သည်။ သူ၏ ဦးခေါင်းထက်တွင် မည်းနက်သော မိုးတိမ်များ စုဝေးလာပြီး ပြင်းထန်သော မိုးခြိမ်းသံများသည် ကောင်းကင်ကို ဖြတ်၍ မြည်ဟည်းလာပြီးနောက် လျှပ်စီးများသည် တစ်ဖန်ပြန်၍ ရွာကျလာသည်။
"ငါ့အတွက်သေလိုက်"
"ဒုန်း"
"ဒုန်း"
နှစ်တစ်ထောင်ဖုတ်ကောင်ဘုရင်သည် အရိုးအပိုင်းအစပင် မကျန်အောင် လျှပ်စီးထိမှန်ခဲ့သည်။ ၎င်းသည် ဘေးဆိုးတစ်ခုကို မရှောင်ရှားနိုင်သကဲ့သို့ဖြစ်ပြီး ၎င်း၏ ဝိညာဉ်သည် ယခုအခါ ပျောက်ကွယ်သွားပြီဖြစ်သည်။ ထိုအချိန်တွင် လော့ထျန်၏ စိတ်ထဲ၌ ကြာမြင့်စွာစောင့်မျှော်ခဲ့ရသော သတိပေးသံ ထွက်ပေါ်လာသည်။
လော့ထျန်၏ စိတ်ဝိညာဉ်သည် နောက်ဆုံးတွင် ဖြေလျှော့သွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ချွေးများ ရွှဲနစ်နေပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူသည် အသက်ရှူ၍ သူ၏ စိတ်ကို ငြိမ်သက်စေရင်း ရလဒ်များကို စောင့်ဆိုင်းနေခဲ့သည်။
ဤအချိန်၌...
လော့ထျန်၏ နှလုံးသားသည် ငြိမ်သက်သွားသည်။ ၎င်းသည် ငြိမ်းချမ်းသော ငြိမ်သက်ခြင်းမဟုတ်ဘဲ စိတ်လှုပ်ရှားမှုမတိုင်မီ ငြိမ်သက်ခြင်းဖြစ်၏။
သူသည် သူ၏ စိတ်ထဲ၌ "ပေါက်ကွဲ၊ ပေါက်ကွဲ၊ ကောင်းမွန်တဲ့ ဆုလာဘ်တစ်ခု ရှိကိုရှိရမယ်။ မရှိဘူးဆိုရင် ငါ အကြီးအကျယ် ဆုံးရှုံးသွားလိမ့်မယ်" ပြောနေသည်။
"အကြီးအကျယ် ပေါက်ကွဲပါစေ"
"ဆရာမ ဆိုလာအွိုင်၊ ဆရာမ ယူအီဟာတာနို၊ ဆရာမ မာရီယာအိုဇာဝါ၊¹ မင်းတို့အားလုံး ငါ့ကိုခမ်းနားတဲ့ ဆုလာဘ်နဲ့ ကောင်းချီးပေးရမယ်"
ဒီဇာတ်လမ်းအပိုင်းလေးက စိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ ထင်ပါသလား။ လော့ထျန် ဘယ်လိုဆုလာဘ်တွေရရှိသွားမလဲဆိုတာ သိချင်သေးပါသလား