← Chapters

အရှင်၊ ဒီကောင်မလေး အမှားကို ဝန်ခံပါတယ်

Vol. 7 Ch. 83

အရှင်၊ ဒီကောင်မလေး အမှားကို ဝန်ခံပါတယ်

Vol. 7 Ch. 83

ကျောက်စိမ်းတောင်မြို့၊ လော့မျိုးနွယ်စုတွင် ဖြစ်သည်။

"ဆုံးမျိုးနွယ်စုအပေါ် ဖြစ်ပျက်ခဲ့တာတွေက အရမ်းကို လူမဆန်လွန်းတယ်"

"မျိုးရိုးနာမည် မပါတဲ့ တပည့်တွေကို မောင်းထုတ်လိုက်ပြီး၊ မထွက်သွားတဲ့သူတွေကိုတော့ ချက်ချင်း သတ်ပစ်လိုက်တယ်"

"ဆုံးမျိုးရိုးနာမည် ပါတဲ့ တပည့်တွေထဲက တစ်ယောက်မှ မလွတ်ခဲ့ဘူး၊ ပုခက်ထဲက ကလေးငယ်လေးတွေကိုတောင် မချန်ဘူး ကျူးချန်ဖုန်းဆိုတာက တကယ့်ကို ရက်စက်လွန်းတယ်၊ သူက သားရဲတစ်ကောင်ထက်တောင် နိမ့်ကျတယ်" လော့ခွန်းရှန်းက သွားကို ကြိတ်၍ ပြောဆိုလိုက်သည်။

အခန်းတစ်ခန်းအတွင်း၌။

ဆုံးယန်နန်နှင့် ဆုံးယန်ချွန်းတို့၏ မျက်နှာများသည် လုံးဝ ဖြူဖျော့နေသည်။ သူတို့၏ မျက်လုံးများမှာ မှိုင်း၍ အသက်မဲ့နေပြီး၊ သူတို့၏ နှလုံးသားများမှာ လုံးဝ သေဆုံးနေသောကြောင့် စကားတစ်ခွန်းပင် မပြောနိုင်ခဲ့ပေ။

သူတို့သည် ထိုသတ်ဖြတ်ပွဲ၏ မြင်ကွင်းကို တစ်သက်တာလုံး မေ့နိုင်တော့မည် မဟုတ်ပေ။

ဤနာကျင်မှုသည် သူတို့၏ နှလုံးသားကို ဖောက်ထွင်းခံရခြင်းထက်ပင် ပို၍ နာကျင်သည်၊ ၎င်းသည် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သော နာကျင်မှုဖြစ်၏။

သူတို့သည် အလွန်အမင်း နာကျင်နေသောကြောင့် ဘာမှ မပြောနိုင်ခဲ့ကြပေ။ သူတို့သည် ဝိညာဉ်မဲ့သော အခွံတစ်ခုသာ ကျန်ရစ်တော့သကဲ့သို့ ပုံပေါ်နေခဲ့သည်။

လော့ခွန်းရှန်းသည် မျက်မှောင်ကုပ်လိုက်သည်။ သူတို့အား နှစ်သိမ့်ပေးချင်သော်လည်း မည်သို့ စတင်ရမည်ကို အစပင် မဖော်နိုင်ခဲ့ပေ။

ကျောက်စိမ်းတောင်မြို့တွင် ရာစုနှစ်ပေါင်းများစွာ ထူထောင်ထားခဲ့သော ဆုံးမျိုးနွယ်စုသည် ရုတ်တရက် သတ်ဖြတ်ခံရပြီး သွေးသည် မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေခဲ့သည်၊ သူသည် သူတို့အား မည်သို့ နှစ်သိမ့်ပေးရမည်နည်း။ မည်သည့်စကားလုံးမျိုးကိုပင် သုံး၍ နှစ်သိမ့်ပေးနိုင်မည်နည်း။

လော့ခွန်းရှန်းသည် သက်ပြင်းအချို့ကို ချလိုက်ပြီးမှ "ဆုံးမျိုးနွယ်စု ခေါင်းဆောင်၊ သင်တို့နှစ်ဦး စိတ်သက်သာရာရသည်အထိ ဒီမှာနေပါ။ ကျွန်တော်တို့ လော့မျိုးနွယ်စုဝင် ရှိနေသေးသရွေ့၊ ကျွန်တော်တို့ အကောင်းဆုံး ကာကွယ်ပေးသွားပါ့မယ်" ပြောဆိုလိုက်သည်။

ထိုသို့ပြောပြီးနောက် လော့ခွန်းရှန်းသည် ထပ်မံ၍ သက်ပြင်းချလိုက်သည်၊ သူသည်လည်း သူတို့အတွက် ဝမ်းနည်းနေခဲ့သည်ပေ။ "သူတို့လို ကောင်းတဲ့မျိုးနွယ်စုက ဒီလိုပဲ ပျက်စီးသွားရတယ်၊ အင်း..."

ဆုံးမျိုးနွယ်စု ပျက်စီးသွားသည်နှင့် လော့ခွန်းရှန်းအပေါ် ဖိအားများ သိသိသာသာ တိုးလာခဲ့သည်။

သံသယဖြစ်ဖွယ်မရှိ...

သူတို့ ကျူးမျိုးနွယ်စု၏ နောက်ပစ်မှတ်သည် လော့မျိုးနွယ်စု ဖြစ်လာမှာ သေချာသည်။ လော့ခွန်းရှန်းသည် ရှောင်လွှဲမရသော ဘေးဆိုးရောက်လာခြင်းအတွက် လျှို့ဝှက်စွာ ပြင်ဆင်နေခဲ့သော်လည်း၊ သူသည် လော့ထျန် စောစောပြန်လာနိုင်ရန် တိတ်တဆိတ် မျှော်လင့်နေခဲ့သည်။ သူသည် ထိုဖိအားကို နောက်ထပ် မခံနိုင်တော့ချေ...

လော့မျိုးနွယ်စု၏ မျိုးရိုးနာမည် ပါသော၊ မပါသော တပည့်များစွာသည် အိမ်တော်မှ ထွက်ခွာသွားရန် ရွေးချယ်ခဲ့ကြသည်။ ဤရက်များအတွင်း ထွက်ခွာသွားသော တပည့်အရေအတွက်သည် တစ်ဒါဇင်ကျော်အထိ ရှိခဲ့သည်။ ဤအချိန်၌ ဘေးဆိုးတစ်ခုပြီးတစ်ခု ကျရောက်နေသည်ဟု ပြောဆိုနိုင်ပေသည်။

တစ်ညအတွင်းမှာပင် ကျူးမျိုးနွယ်စု၏ အင်အားစုများသည် ကျောက်စိမ်းတောင်မြို့တစ်ခုလုံးတွင် အင်အားအကြီးဆုံး မျိုးနွယ်စု ဖြစ်လာခဲ့သည်ဟု ပြောဆိုနိုင်သည်။ သူတို့နှင့် မဟာမိတ်ဖြစ်နေသော ကျိုးမျိုးနွယ်စုပင်လျှင် မလိုအပ်သော မည်သည့်လုပ်ဆောင်ချက်ကိုမျှ မလုပ်ဝံ့ခဲ့ကြပေ။

ကျောက်စိမ်းတောင်မြို့တစ်ခုလုံးသည် ကျူးမျိုးနွယ်စုကို ကြောက်ရွံ့နေကြသည်။

လက်ရှိ ကျူးမျိုးနွယ်စုသည် ကျောက်စိမ်းတောင်မြို့၏ အာဏာရှင်နှင့် တူနေသည်၊ မည်သူမဆို ဆူညံဝံ့ပါက ချက်ချင်း ဖျက်ဆီးခံရလိမ့်မည်

"လော့ခေါင်းဆောင်..."

လော့ခွန်းရှန်းသည် အခန်းထဲမှ ထွက်ခွာရန် ပြင်ဆင်နေစဉ် ဆုံးယန်ချွန်းက ရုတ်တရက် ထပြောလာသည်– "လော့ညီလေးက ဝိညာဉ်တောင်တန်းမှာ ရှိနေသေးတယ်၊ ဒါကြောင့် သူ့ကို တတ်နိုင်သမျှ အဝေးကို ပြေးဖို့ အမြန်လူလွှတ်ပြီး သတိပေးသင့်တယ်။ သူ အင်အား လုံလောက်စွာ မရမချင်း ကျောက်စိမ်းတောင်မြို့ကို မပြန်လာဖို့ ပြောပါ"

ဆုံးမျိုးနွယ်စုတွင် နက်နဲဆရာနယ်ပယ်မှ ကျွမ်းကျင်သူအရေအတွက်သည် မနည်းလှချေ။ အဓိက မျိုးနွယ်စုလေးခုထဲတွင် သူတို့သည် အများဆုံးရှိသည်ဟုပင် ပြောနိုင်သော်လည်း...

ကျူးချန်ဖုန်းနှင့် အခြား မိုးတိမ်ဂိုဏ်းမှ တပည့်နှစ်ဦး၏ ရှေ့တွင် သူတို့သည် ခုခံနိုင်စွမ်း လုံးဝမရှိခဲ့ပေ။ သူတို့သည် အခြေခံအားဖြင့် တစ်ချက်တည်းဖြင့် အနိုင်ယူခံခဲ့ရသည်– ချက်ချင်းသေခြင်းပင်ဖြစ်၏

နက်နဲဆရာ အဆင့် (၉) ရှိသော သူ၏ ခွန်အားဖြင့်ပင် ဆုံးယန်နန်သည် ကျူးချန်ဖုန်းကို ဆယ်ကွက်ပင် မပြည့်မီ အနိုင်ယူခံခဲ့ရသည်။ ထိုစဉ်က ကျူးချန်ဖုန်းသည် သူ၏ စွမ်းအားအားလုံးကိုပင် ထုတ်ပြခဲ့ခြင်း မရှိသေးသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ ခွန်အား မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ပြသနေသည်

ဆုံးမျိုးနွယ်စု ပျက်စီးသွားပြီ။ သာမန် မိုးနှင့်လေ ပင် တုန်ခါနေသော လော့မျိုးနွယ်စုသည် မည်သို့ ရှင်သန်နိုင်မည်နည်း။

လော့မျိုးနွယ်စု၏ ဖျက်ဆီးခံရခြင်းသည် စောသည်နှင့် နောက်ကျသည်သာ ရှိတော့မည်။

ဒါကြောင့် ဆုံးယန်ချွန်းသည် ထိုမျှ စိတ်ထိခိုက်နေသည့် အခြေအနေတွင် ရှိနေသော်လည်း လော့ထျန်အတွက် စိုးရိမ်နေခဲ့သည်။ လော့ထျန်သည် ဝိညာဉ်တောင်တန်းတွင် ရှိနေသေးသောကြောင့် လော့ခွန်းရှန်းအား သူ လုပ်ဆောင်သင့်သည့်အရာကို သတိပေးခဲ့ရချေသည်။

လော့ခွန်းရှန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ နှလုံးသားသည် ထိတ်လန့်သွားခဲ့သည်။

လော့ခွန်းရှန်း တုံ့ပြန်ရန် မစောင့်ဘဲ ဆုံးယန်နန်က စတင်ပြောဆိုလာသည်– "ခင်ဗျား လော့ထျန်ရဲ့ စိတ်ကို မသိဘူးလာ။ ကျောက်စိမ်းတောင်မြို့မှာ ဖြစ်ခဲ့တာအားလုံးကို သူ့ကို ပြောပြမယ်ဆိုရင် သူက ထွက်မပြေးဘဲ ချက်ချင်း ပြန်လာလိမ့်မယ်။ သူက အခု ကျင့်ကြံခြင်းရဲ့ အရေးကြီးတဲ့ အချိန်ရောက်နေတယ်၊ ဒါကြောင့် သူ့ကိုမပြောသင့်ဘူး"

ထိုသို့ပြောပြီးနောက် ဆုံးယန်နန်သည် ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်ပြီး "ငါ သူ့ကို ယုံတယ်" တိုးလျလျ ပြောဆိုလိုက်သည်။

သူတို့သုံးဦး၏ မျက်နှာများသည် စွန့်ပစ်ခံထားရသည့်ပုံ ပေါ်နေသည်။ သူတို့သည် ယခု ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်သို့ ကြည့်နေကြပြီး အဆုံးမဲ့သော မျှော်လင့်ချက်၏ အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။

သူတို့သည် လော့ထျန် ပြန်လာမည့်အချိန်ကို တိတ်တဆိတ် မျှော်လင့်နေကြ၏

လော့မျိုးနွယ်စု၊ သေးငယ်ပြီး လှပသည့် ခြံဝန်းတစ်ခုအတွင်း။

လီရွှယ်အာ၏ မျက်နှာသည် အနည်းငယ် ရုပ်ဆိုးနေပြီး ဒေါသတကြီးဖြင့် "သေးငယ်တဲ့ ကျူးမျိုးနွယ်စုလေးက ဒီလောက်တောင် ဆိုးဝါးနေပြီ၊ သူတို့က မြက်

ခုတ်သလို လူတွေကို သတ်နေကြတယ်"

အနက်ရောင်ဝတ်ရုံအောက်တွင် လန်ဟန်ရွှမ်၏ အသံသည် ရေခဲကဲ့သို့ အေးစက်နေသည်– "ဒီလောကမှာ သဘာဝစည်းမျဉ်းအတိုင်း ရှင်သန်ရတာပဲ၊ ဆုံးမျိုးနွယ်စုက လော့မျိုးနွယ်စုကို ပွင့်ပွင့်လင်းလင်း ထောက်ခံခဲ့တယ်။ ကျူးမျိုးနွယ်စုက သူတို့ရဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားခဲ့တာ၊ ဒါကြောင့် ကျူးချန်ဖုန်း ပြန်လာတာနဲ့ ဆုံးမျိုးနွယ်စု ဒုက္ခရောက်မယ်ဆိုတာ ငါ ကြိုမြင်ခဲ့တယ်။ ငါ မမျှော်လင့်ထားတာကတော့ ကျူးချန်ဖုန်းလို ငယ်ရွယ်တဲ့သူတစ်ယောက်မှာ လူသတ်ချင်စိတ် ဒီလောက်အထိ ရှိနေလိမ့်မယ်လို့ မထင်တာပဲ။ လူသတ်တာကို ကစားပွဲတစ်ခုလို သဘောထားတဲ့အတွက် သူက တော်တော်လေး ယုတ်မာတယ်"

လီရွှယ်အာက ထို့နောက် "အစ်မ ရွှမ်၊ ကျူးမျိုးနွယ်စုက လော့မျိုးနွယ်စုကို ဆက်ပြီး လိုက်လာလိမ့်မယ်လို့ ထင်

သလား" မေးမြန်းလိုက်သည်။

လန်ဟန်ရွှမ်က "အခုလောလောဆယ်တော့ မဖြစ်နိုင်ဘူး၊ မဟုတ်ရင် သူတို့ လှုပ်ရှားပြီးလောက်ပြီ။ ကျူးမျိုးနွယ်စုမှာ တစ်ယောက်ယောက်က လော့ထျန် မပြန်လာသေးဘူးလို့ သူတို့ကို ပြောထားပုံရတယ်"

"ကျူးမျိုးနွယ်စုက တစ်ခါတည်းနဲ့ အမြစ်ပါမကျန် ဖျက်ဆီးပစ်ဖို့ စီစဉ်နေတာ။ လော့ထျန် ပြန်လာတာနဲ့ ငါ စိုးရိမ်တယ်..."

"ဟွန့်"

"လော့ထျန်အစ်ကို ပြန်လာတာနဲ့ သူတို့ကို မြေပြင်ပေါ်လဲကျသွားတဲ့အထိ ရိုက်ပစ်လိမ့်မယ်" လီရွှယ်အာသည် လော့ထျန်ကို ယုံကြည်သောကြောင့် ယုံကြည်မှုအပြည့်ဖြင့် ဤစကားကို ပြောလိုက်သည်။

ဤသို့သော ယုံကြည်မှုမျိုးသည် လုံးဝ အကြောင်းမဲ့ဖြစ်သည်။ ကောင်းကင်ကြီး ပြိုကျလာသည့်တိုင်အောင် လီရွှယ်အာသည် လော့ထျန်က ကောင်းကင်ကို ပြန်လည် ထိန်းထားနိုင်မည်ဟု ယုံကြည်သည်ပေ

လန်ဟန်ရွှမ်က တစ်ချက် ပြုံးရယ်လိုက်သည်။

သူမ၏ ရယ်သံသည် အလွန်အေးစက်ပြီး၊ နှစ်တစ်ထောင်ကျော်ကြာ အေးခဲနေခဲ့သော ရေခဲတောင်နှင့် ဆင်တူနေသည်။ သူမ၏ ရယ်သံတွင် မထီမဲ့မြင်မှု များ နှင့်ပြည့်နှက်နေသည်– "သူလား တစ်လတိုတိုအတွင်း သူ ဘယ်လောက်တိုးတက်နိုင်မလဲ သူ နောက်အဆင့်ကို တက်နိုင်ရင်တောင် ကျူးချန်ဖုန်းရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး။ သူတို့ရဲ့ ကျင့်ကြံမှုအကြား ကွာခြားချက်က လုံးဝ မတူညီတဲ့ နယ်ပယ်တစ်ခုလိုပဲ"

"ဟွန့်"

လီရွှယ်အာသည် မပျော်မရွှင်ဖြစ်သွားသည်။

လူတွေက လော့ထျန်ကို မကောင်းပြောသည်ကို သူမ သဘောမကျပေ။ စဉ်းစားပြီးနောက် "အရင်တုန်းက အစ်မက လော့ထျန်အစ်ကိုဟာ ချော်ရည်ပုတ်ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလို့ ပြောခဲ့ပေမဲ့ သူ အနိုင်ရခဲ့တယ်။ အဲ့ဒါကြောင့် ကျွန်မ ကျောက်နက်တစ်ရာ ရခဲ့တယ်။ အခု အစ်မက လော့ထျန်အစ်ကိုက ကျူးချန်ဖုန်းရဲ့ ပြိုင်ဘက် မဟုတ်ဘူးလို့ ပြောပြန်ပြီ။ အစ်မ ရွှမ်၊ ကျွန်မတို့ ဒီအပေါ် အလောင်းအစား လုပ်သင့်လား" မေးလိုက်သည်။

လန်ဟန်ရွှမ်က အေးစက်စွာ ပြန်ဖြေသည်– "အရင်

တုန်းကတော့ ငါ့ရဲ့ ဆုံးဖြတ်ချက် မှားသွားခဲ့တာ သေချာတယ်။ ဒီတစ်ခါတော့ ငါ လုံးဝ မမှားဘူး– လော့ထျန်က ကျူးချန်ဖုန်းရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ဘူး"

လီရွှယ်အာသည် ယခု ပို၍ပင် မပျော်မရွှင်ဖြစ်သွားသည်။ သူမ၏ အသံသည် တစ်ဆင့် ပိုကျယ်လာပြီး "အစ်မ ရွှမ်၊ အစ်မက လော့ထျန်အစ်ကိုက အဲ့ဒီ ဝက်ခေါင်းဖုန်းရဲ့¹ ပြိုင်ဘက် မဟုတ်ဘူးလို့ ဆက်ပြောနေရင် ကျွန်မ စိတ်ဆိုးတော့မှာနော်။ ပြောပါ၊ အလောင်းအစားလုပ်ဖို့ ဆန္ဒရှိလား" ပြောလိုက်သည်။

လန်ဟန်ရွှမ်က "ဘာလောင်းကြေးလဲ"

လီရွှယ်အာက တဟီးဟီး ရယ်မောလိုက်သည်– "ကျွန်မသာ အနိုင်ရရင် အစ်မက အနက်ရောင်ဝတ်ရုံကို ချွတ်ပြီး လော့ထျန်အစ်ကိုကို တောင်းပန်ဖို့ ဦးညွှတ်ရမယ်။ ပြီးတော့ 'အရှင်၊ ဒီကောင်မလေး အမှားကို ဝန်ခံပါတယ်' လို့ ပြောရမယ်"

လန်ဟန်ရွှမ်၏ အသားအရေသည် လျှို့ဝှက်စွာ ပြောင်းလဲသွားပြီး သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားခဲ့သည်။ ထို့နောက် သူမက စိတ်ရှည်စွာဖြင့် "ဒါဆို ငါ အနိုင်ရရင်ကော" မေးလိုက်သည်။

တွန့်ဆုတ်မနေဘဲ လီရွှယ်အာက "ကျွန်မ ချက်ချင်း အစ်မနဲ့အတူ အိမ်ပြန်မယ်" ပြောဆိုလိုက်သည်။

လန်ဟန်ရွှမ်က ချက်ချင်း တုံ့ပြန်သည်– "သဘောတူပြီ ငါ လော့ထျန်ကို လုံးဝ ကယ်တင်မှာ မဟုတ်ဘူးလို့ ကြိုပြောထားလိုက်မယ်"

သူမသည် လော့ထျန်ကို မုန်းတီးသည်။

လော့ထျန်ကြောင့် လီရွှယ်အာသည် ကျောက်စိမ်းတောင်မြို့မှ ထွက်ခွာရန် ဝန်လေးနေခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လီရွှယ်အာ၏ အဆင့်အတန်းသည် လော့ထျန်အနေဖြင့် သူမကို မော်ကြည့်ရန်ပင် အရည်အချင်းမပြည့်မီသော အဆင့်တွင် ရှိနေသည်၊ သူသည် လီရွှယ်အာနှင့် လုံးဝ လိုက်ဖက်သူ မဟုတ်ချေ။

ကောင်းကင်မြို့တော်မှ မူရုန်ဝမ်ကျန့်သာလျှင် သူမနှင့် လိုက်ဖက်သူဖြစ်သည်

လီရွှယ်အာ၏ နှုတ်ခမ်းသေးသေးလေးက မဲ့သွားပြီး ဒေါသတကြီးဖြင့် "ကျွန်မရဲ့ လော့ထျန်အစ်ကိုက အစ်မ ကယ်တင်ဖို့ လိုအပ်မယ်ထင်လို့လား။ စောင့်ကြည့်နေလိုက်ပါ၊ ကျွန်မရဲ့ လော့ထျန်အစ်ကိုက ကျူးချန်ဖုန်းကို ပြန်မထနိုင်တဲ့အထိ ရိုက်နှက်ပစ်လိမ့်မယ်၊ ဟွန့်" ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက်...

လီရွှယ်အာသည် နောက်သို့ပင် လှည့်မကြည့်ဘဲ သူ၏ အခန်းထဲသို့ ဝင်သွားခဲ့သည်။ သူမ၏ အမူအရာသည် မာနကြီးပြီး အာဏာပါသော်လည်း အလွန်ချစ်စရာကောင်းနေသည်ပေ။

သူမ၏ အခန်းထဲသို့ ဝင်ပြီးနောက် လီရွှယ်အာသည် သူမ၏ လက်ချောင်းများကို ဆုပ်ကိုင်လိုက်ပြီး ဆုတောင်းသည်– "အဖေ၊ လော့ထျန်အစ်ကို ဒီအန္တရာယ်ကနေ ရှောင်ရှားနိုင်အောင် ကောင်းချီးပေးပါ"

အချိန်သည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း နှစ်ဆယ့်ကိုးရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့သည်။

ဤအတောအတွင်း ကျောက်စိမ်းတောင်မြို့၌ အလွန် တိတ်ဆိတ်နေခဲ့သည်။ မြို့ထဲတွင် အလွန်တိတ်ဆိတ်နေသောကြောင့် အချို့လူများ အသက်ရှူရ ခက်ခဲစေသည်အထိ ဖြစ်၏။

ဝိညာဉ်တောင်တန်း၏ စုဝေးရာနေရာ၌။

လော့ထျန်သည် ဤလေ့ကျင့်ရေးအတွက် ရွေးချယ်ခံရသော လော့မျိုးနွယ်စု တပည့် ဆယ်ယောက်ကို ကြည့်လိုက်သည်။ သူတို့အားလုံးသည် ယခင်ကနှင့်မတူဘဲ ပြောင်းလဲနေသည်ကို သတိထားမိလိုက်သောအခါ သူ စိတ်လှုပ်ရှားလာခဲ့သည်။

"သွားကြစို့၊ ကျောက်စိမ်းတောင်မြို့ကို ပြန်မယ်"

¹ – ကျူဟူသော မျိုးရိုးနာမည်သည် တရုတ်ဘာသာစကားတွင် ဝက်နှင့် အသံဆင်တူသောကြောင့် လီရွှယ်အာသည် ထိုအသံထွက်ကို အသုံးပြု၍ သူ့ကို ဝက်ခေါင်းဟု ခေါ်ဝေါ်ခြင်းဖြစ်၏။

လော့ထျန် ပြန်လာချိန်သည် အမှန်တကယ်ပဲ အန္တရာယ်မှ လွတ်မြောက်ရာလမ်း ဖြစ်လာပါ့မလား။

All Chapters