← Chapters

ဓားရိုင်း၏ တန်ခိုးအာဏာ ပြသခြင်း

Vol. 8 Ch. 96

ဓားရိုင်း၏ တန်ခိုးအာဏာ ပြသခြင်း

Vol. 8 Ch. 96

အဲဒါ ဓားပဲ၊ အရမ်းကြီးတဲ့ ဓားကြီး

ပိဿာချိန် တစ်ထောင့်ရှစ်ရာ လေးတဲ့ ဓားတစ်ချောင်း။

သွေးတွေစွန်းနေပြီး သွေးရောင်လွှမ်းနေတဲ့ အင်မတန် အားကြီးလှတဲ့ ဓားတစ်ချောင်း

ဒီအချိန်မှာတော့ မြို့လယ်ရင်ပြင် တစ်ခုလုံးဟာ တိတ်ဆိတ်ငြိမ်သက်လို့ သွားခဲ့ပြီ။ အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်နေ၏။

လူပေါင်း တစ်ထောင်ကျော် ၏ မျက်လုံးပေါင်းများစွာသည် လော့ထျန် ကို စိုက်ကြည့်ရင်း ကြောက်နေကြ၏။

လူတိုင်းသည် ဓားအမျိုးမျိုးကို မြင်ဖူးကြသော်လည်း ဤမျှကြီးမားသော ဓားကို တစ်ခါမှ မမြင်ဖူးကြပေ။ ၎င်းသည် အလွန်အားကြီးပြီး သွေးများစွန်းနေသော ဓားဖြစ်သဖြင့် မြင်ရုံနှင့် တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှ၏။

ဤ တုန်လှုပ်မှုမျိုးသည် လူတစ်ဦး၏ စိတ်ဝိညာဉ်ဆီသို့ တိုက်ရိုက်ရောက်ရှိသွားသည်။ တစ်ချိန်တည်းမှာပင် မဖော်ပြနိုင်သော ကြောက်ရွံ့မှုတစ်ခုသည် လူများအတွင်း၌ ဖြစ်ပေါ်လာကာ ၎င်းတို့အား ကြောက်ရွံ့စေခဲ့၏။

သွေးစုပ်ဓားရိုင်း ။ လောကတစ်ခုလုံးကို အဆုံးသတ်နိုင်ပြီး သက်ရှိအားလုံးကို သတ်ဖြတ်နိုင်သည့် ဓား

ပေါ်ထွက်လာသည်နှင့် ချက်ချင်းပင် လူသန်းပေါင်းများစွာကို သတ်ဖြတ်ထားသည့် အငွေ့အသက်များကို ထုတ်လွှတ်လိုက်၏။ ဤ သတ်ဖြတ်လိုစိတ် သည် အလွန်အားကောင်းနေပြီး လော့ထျန် ၏ သတ်ဖြတ်လိုစိတ် နတ်ဆိုးအနှစ် နှင့် ပေါင်းစပ်လိုက်သောအခါ ၎င်းတို့ နှစ်ခု၏ ပဲ့တင်ရိုက်ခတ်မှုသည် ဓားရိုင်း ၏ သတ်ဖြတ်လိုစိတ်ကို အမြင့်ဆုံး အဆင့်သို့ ရောက်ရှိစေခဲ့ပြီ။

လော့ထျန် ၏ နှုတ်ခမ်းများ၌ အေးစက်သော အပြုံးတစ်ခု ခဏတာမျှ ပေါ်လာသည်။

သွေးစုပ်ဓားရိုင်း က ရယ်ပြီး ပြောလိုက်သည်။ “ဒီ အဘိုးကြီး ပေါ်လာတာနဲ့ လူတိုင်း ဒူးထောက်နေကြပြီပဲ”

လော့ထျန် က စိတ်ထဲမှ ပြန်ပြောလိုက်သည်။ “စကားတွေ မပြောနဲ့တော့၊ အဲဒီကောင်လေးကို အရင် ရှင်းပစ်ရအောင်။”

သွေးစုပ်ဓားရိုင်း က တုံ့ပြန်သည်။ “သူ့လောက်လေးကလား လွယ်ပါတယ်”

ချက်ချင်းပင်…

သွေးတွေဖုံးနေသည့် ဓားသည် ရုတ်တရက် “အုံ…” ဟူသော အသံကို ပေးလာပြီး လော့ထျန် သည် သူ ၏ လက်ကို အောက်သို့ ချလိုက်သည်။ ထို့နောက် သူသည် ရှေ့သို့ တစ်လှမ်းချင်း စတင် လှမ်းလာရာ မြေပြင်၌ ခြေရာနက်များကို ထားရစ်ခဲ့၏။

ပိဿာချိန် တစ်ထောင့်ရှစ်ရာလေးသော ဓားကို နောက်တွင် ဆွဲ၍ သွားရာ မြေပြင်ရှိ နေရာတိုင်းမှ ကျယ်လောင်စွာ အော်မြည်သံများ ထွက်ပေါ်လာသည်။

ဤသည်ကို မြင်သောအခါ လော့ထျန် သည် သူ ၏ အရင်ဘဝက ဂိမ်းတစ်ခု ဖြစ်သည့် ဒဏ္ဍာရီထဲကသူရဲကောင်းများမှ ဇာတ်ကောင် တစ်ဦး ဖြစ်သော ထရင်ဒါမီယာ ကို သတိရသွားခဲ့၏။

ဂိမ်းထဲမှ ထရင်ဒါမီယာ ကိုင်ဆောင်သည့် ဓားသည် ဓားရိုင်း နှင့် အလွန်ဆင်တူ၏။ ယခုအခါ လော့ထျန် က ဓားကို နောက်သို့ ဆွဲ၍ သွားနေသည့် ပုံစံသည် ၎င်း ဓားကို မနိုင်မနင်း ဖြစ်နေသော ဂိမ်းဇာတ်ကောင် အတိုင်းပင် ဖြစ်နေ၏။

ဒီလို ခံစားချက်မျိုးက အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းလှသည်

ကျူးချန်ဖုန်း ၏ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း ထိတ်လန့်သည့် အရိပ်အယောင် မပြပေ။ လော့ထျန် သည် ဓားကြီးကို ဆွဲ၍ တစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို ကြည့်ပြီးနောက် သူက အေးစက်စွာ လှောင်ပြောင် ပြောဆိုလိုက်သည်။ “အဲဒီ ပိတ်ဆို့ထားတဲ့ သွေးပုပ်ပေါက်တစ်ဆယ့်ရှစ်နေရာကို ဘယ်လို ဖောက်ထွက်နိုင်ခဲ့လဲ ငါ မသိဘူး။ ဒါပေမဲ့ မင်းကို နောက်ထပ် တစ်စက္ကန့်တောင် အသက်ရှင်ခွင့် ပေးမှာ မဟုတ်ဘူး”

ကျူးချန်ဖုန်း သည် လော့ထျန် ကို အစောပိုင်းက တစ်ခ့တည်း မသတ်ပစ်ခဲ့သည်မှာ ချင်ထျန်းယောင် ထံသို့ လော့ထျန် ကို အပ်နှံလို၍ ဖြစ်၏။

သို့သော် ယခုအခါ သူသည် သူ ၏ စိတ်ကို ပြောင်းလိုက်ပြီ။

ကျူးချန်ဖုန်း ၏ မျက်နှာ အမူအရာသည် တင်းမာသွားပြီး သူ ၏ လက်သည် လေထဲ၌ ဆုပ်ကိုင် လိုက်၏။ အားကောင်းသော နက်နဲ စွမ်းအင်

သည် သူ ၏ နတ်ဆိုးအနှစ်မှ စတင် ထွက်ပေါ်လာပြီး သူ ၏ ခန္ဓာကိုယ်အရှိန်အဝါသည် သိသိသာသာ ပြောင်းလဲသွားခဲ့၏။

လျှပ်စီး လက်သကဲ့သို့…

လေဟာနယ်ထဲမှ ပေါ်လာသကဲ့သို့ ကြီးမားသော လက်တစ်ဖက်သည် ပုံဖော်လာပြီး ဖိအားပေး၍ ဆင်းသက် လာခဲ့၏။

၎င်းသည် နက်နဲ စွမ်းအင်သက်သက်ဖြင့် သိပ်သည်းအောင် ပြုလုပ်ထားသော တိုက်ခိုက်မှု တစ်ခု ဖြစ်သည်။ ၎င်း ၏ အားသည် ပြင်းထန်ပြီး၊ စွမ်းအင်သည် အားကောင်းကာ၊ ရင်ပြင်ပေါ်ရှိ လူတိုင်း ၏ စိတ်ကိုပင် ကြေမွသွားစေလုနီးပါး ဖြစ်ခဲ့၏။

စွမ်းအင်ကြောင့် ဖြစ်ပေါ်လာသည့် လေပြင်းများက နေရာတိုင်းကို တိုက်ခတ်သွားသည်။

နက်နဲ စွမ်းအင်ဖြင့် ပြုလုပ်ထားသော ဤ တိုက်ခိုက်မှုသည် အလွန် အစွမ်းထက်သဖြင့် အဆင့်

နိမ့် စွမ်းအင်ကျင့်ကြံသူ အချို့တို့သည် ခန္ဓာကိုယ် ၏ အပေါက်များ အားလုံးမှ သွေးများ ထွက်ကျသည်အထိ အားပြင်းစွာ ဖိနှိပ်ခြင်း ခံလိုက်ရ၏။

“သတိထားပါ ခေါင်းဆောင်”

“အစ်ကိုကြီး လော့ထျန်…”

“အစ်ကိုကြီး…”

ထို အခိုက်အတန့်တွင် လော့မျိုးနွယ်စုရှိ လူတိုင်းသည် လော့ထျန် ၏ ဘေးကင်းရေးအတွက် စိုးရိမ်ခဲ့ကြ၏။ သူတို့ ၏ နှလုံးသားများ သည် လည်ချောင်းဝသို့ ရောက်နေသကဲ့သို့ ခံစားရပြီး သူတို့သည် သူ ၏ ခေါင်းပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော လက်ဖဝါးကို စောင့်ကြည့်နေကြ၏။

“ချန်ဖုန်း၊ မြန်မြန် သတ်လိုက်”

“သူ့ကို သတ်”

“သူ ဘယ်အချိန်ထိ မာန ထောင်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့။”

ကျူးယောင်ကျုံး သည် လော့ထျန် ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အန္တရာယ်ရှိသည့် အငွေ့အသက်ကို ခံစားမိ၏။ ယနေ့ လော့ထျန် မသေပါက ကျောက်စိမ်းတောင် မြို့ကို လွှမ်းမိုးရန် မဖြစ်နိုင်တော့ဟု သူ့စိတ်ထဲ၌ မကောင်းသော ခံစားချက် ရှိခဲ့၏။

လော့ထျန် သည် လော့မျိုးနွယ်စု ၏ အားကိုးရာ တိုင် ဖြစ်သည်။ သူသာ ဤနေရာ၌ သေဆုံးသွားပါက လော့မျိုးနွယ်စု တစ်ခုလုံးသည် ပြိုလဲသွားပေလိမ့်မည်။

ဤ အချိန် ဝန်းကျင်မှာပင်…

လော့မျိုးနွယ်စု တပည့်များ အားလုံးသည် သူတို့ ၏ သွေးများ မီးတောက်နေသကဲ့သို့ ဖြစ်လာပြီး သူတို့ ၏ တိုက်ခိုက်ရေး စွမ်းအားများ အလျှင်အမြန် မြင့်တက်လာ၏။ ထို့နောက် သူတို့သည် အော်ဟစ်လိုက်သည်။ “ညီအစ်ကိုတို့၊ သတ်ကြ”

“သတ်”

တိုက်ပွဲအတွင်း ခဏတာ ငြိမ်သက်မှုသည် တစ်ဖန် ရှုပ်ထွေးသော စစ်မြေပြင်သို့ ပြန်လည်ရောက်ရှိခဲ့၏။ လက်ရှိ ကျူးမျိုးနွယ်စု တပည့်များသည် မည်သည့် အချိန်မဆို ပြိုကျမည့် အရိပ်အယောင်များကို ပြသနေသောကြောင့် ဝိုင်းရံမှုကို ဆက်လက် ထိန်းထားနိုင်ခြင်း မရှိပုံ ရချေ။

လီရွှယ်အာ သည် အန်ချွင်းချွင်း ကို ဖက်ထားပြီး သူမ ၏ မျက်လုံးများသည် ငြိမ်သက်နေပုံရသည်။ သူမသည် စင်မြင့်ကို စိုက်ကြည့်ရင်း မလှုပ်မယှက် ရပ်နေပြီး သူမ ၏ စိတ်ထဲ၌ ဆုတောင်းနေခဲ့၏။ “ကောင်းကင်ဘုံက ကျွန်မအစ်ကိုကြီး လော့ထျန် ကို ကာကွယ်ပေးပါစေ…”

အန်ချွင်းချွင်း သည် သူမ ၏ လက်များကို ယှဉ်ကာ ဆုပ်ကိုင်ထားပြီး တင်းမာသော မျက်နှာထားဖြင့် သူ့ ကိုယ်သူ တိုးတိုးလေး ပြောနေခဲ့၏။ “အဘိုး၊ အစ်ကိုကြီးကို ကာကွယ်ပေးပါ…”

ပရိသတ် အုပ်စုကြားမှ…

လန်ဟန်ရွှမ်း ၏ အေးစက်သော မျက်လုံးများက အံ့အားသင့်မှု အနည်းငယ်ကို ပြသနေပြီးနောက် မျှော်လင့်ချက် အရိပ်အမြွက်တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် သူမ သူ့ကိုယ်သူ ပြောလိုက်သည်။ “လော့ထျန်၊ မင်း အံ့ဖွယ် စရာတစ်ခုကို ဖန်တီးနိုင်မလား”

တိုက်ခိုက်ရေး ကွင်းထဲ၌ လော့ထျန် သည် သေဆုံးလိမ့်မည်ဟု သူမ ထင်ခဲ့သော်လည်း သူသည် အသက်ရှင် ကျန်ရစ်ခဲ့၏။

သူမသည် လော့ထျန် ၏ ကံကောင်းခြင်းကြောင့်သာ ဖြစ်သည်ဟု ခံစားခဲ့ရ၏။

သူမသည် လော့ထျန် ကို မနှစ်သက်သော်လည်း သူမ ၏ နှလုံးသား အတွင်း၌ ကြီးမားသော မျှော်လင့်ချက် အရိပ်အမြွက်တစ်ခု ရှိနေပုံရ၏။ အံ့ဖွယ်စရာ တစ်ခုခု ပေါ်လာလိမ့်မည် ဟူသော ကြီးမားသည့် မျှော်လင့်ချက်ပင် ဖြစ်၏။

စင်မြင့်ပေါ်မှာ။

လေနှင့် တိမ်များ ရုတ်ရုတ်သဲသဲ ဖြစ်နေပြီး အားကြီးသော စွမ်းအင်သည် လော့ထျန် ၏ ခေါင်းဆီသို့ ပြင်းထန်စွာ ဖိနှိပ်နေခဲ့၏။

လော့ထျန် သည် ရပ်တန့်မှုမရှိဘဲ ထရင်ဒါမီယာ ၏ ပုံရိပ်ကဲ့သို့ ဖြည်းညင်းစွာ ဆက်လျှောက်နေခဲ့၏။ သူ ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် သွေးရောင် တောက်နေပြီး သွေးစုပ်ဓားရိုင်း ကို ဆွဲ၍ ကျူးချန်ဖုန်း ဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားနေသည်။

“ဖိချလိုက်”

ကျူးချန်ဖုန်း ၏ မျက်လုံးများ ပြောင်းလဲသွားပြီး လေထဲမှ လက်ဖဝါးသည် ချက်ချင်း စတင် ဆင်းသက် လာခဲ့၏။

လော့ထျန် ၏ ခေါင်းပေါ်ရှိ ကြီးမားသော လက်ဖဝါးသည် ရိုက်ချ လာခဲ့ချေပြီ။

“ဘုန်း၊ ဘုန်း၊ ဘုန်း…”

ကောင်းကင်ကို ထိုးဖောက်သည့် မိုးခြိမ်းသံ နှင့် ဆင်တူသော ကျယ်လောင်သည့် အသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ ၎င်းသည် လော့ထျန် ၏ စိတ်၊ သတိ ပင်လယ်နှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပေါ်သို့ လေးလံသော ထိုးနှက်ချက်တစ်ခု မိုးရွာချနေသကဲ့သို့ ဖြစ်နေ၏။

သို့သော်…

လော့ထျန် သည် အရာအားလုံးကို လုံးဝ လျစ်လျူရှုထားခဲ့သည်။ သူသည် သူ ၏ ခန္ဓာကိုယ်ကို ဖိစီးနေသော နာကျင်မှုကို ဂရုမစိုက်ဘဲ မည်သည့် ခံစားမှုမှ မရှိသည့် ပုံပေါ်နေခဲ့၏။

ဒီ အခိုက်အတန့်မှာ…

လော့ထျန် သည် ထရင်ဒါမီယာ၏ မသေနိုင်သော ကြမ်းတမ်းခြင်း ကို အသက်သွင်းထားပြီး ငါးစက္ကန့်ကြာ သေခြင်းမှ ကင်းလွတ်နေသည်နှင့် ဆင်

တူ၏။ ဤ စွမ်းရည်သာ အသက်ဝင်နေပါက သူသည် နာကျင်မှုကို ခံစားရဦးမည်လား

ဟုတ်တယ်

ဒီနာကျင်မှုကတော်တော်ပြင်းတယ်။

လော့ထျန် သည် သူ ၏ စိတ်ထဲ၌ ဆဲဆိုနေခဲ့၏။ “မအေဘေး စောက်သုံးမကျတဲ့ ဓားရိုင်း ဒါက မင်း ခန္ဓာကိုယ် မဟုတ်ဘူး မဟုတ်လား၊ ငါ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခု ပျောက်သွားရင် ငါ မင်းကို သတ်ပစ်မယ်”

သွေးစုပ်ဓားရိုင်း က ရူးသွပ်စွာ စတင်ရယ်မော လိုက်သည်။ “ဟားဟားဟား… ကောင်လေး၊ မင်း ဒီ နာကျင်မှု လေးကိုတောင် မခံနိုင်ဘူးလား ကမ္ဘာ့ အာဏာအရှိဆုံး ဓားရဲ့ သတ်ဖြတ်ရေး လမ်းကြောင်းကို မင်း ဘယ်လို လိုက်လျှောက်မှာလဲ”

လော့ထျန် က ပြန်ဖြေသည်။ “ဒီလိုမျိုး ညှင်းပန်းနှိပ်စက်မှုကို ခံစားရတဲ့ လမ်းကြောင်းမျိုး ရှိသလား မင်းက ဒီလို ဆင်းရဲဒုက္ခမျိုးကို ခံစားရတာ ကြိုက်တဲ့ ညှဉ်းပန်ူနှိပ်စက်သူလား”

လော့ထျန် ၏ သတိသည် သွေးစုပ်ဓားရိုင်း ၏ သတ်ဖြတ်ရေး လောကသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူသည် နာကျင်မှုကို ခံစားနေရဆဲ ဖြစ်သည်။ သို့သော် သူ ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် မည်သည့် အတားအဆီးမျှ မရှိဘဲ သူ ၏ ခြေလှမ်းသည် ၎င်း ၏ အရှိန်ကို ထိန်းထားနိုင်ခဲ့၏။

သူသည် တစ်လှမ်းချင်း ရှေ့သို့ ဆက်လျှောက်သွားသည်။

ယခင်ကထက် သွေးထွက်သံယို ပိုများနေပုံရသည့် ကြီးမားသော ဓားကြီးကို ဆွဲ၍ လော့ထျန် ၏ မျက်လုံးများကလည်း အနီရောင် အလင်းကို ထုတ်လွှတ်နေခဲ့၏။

သတ်ဖြတ်လိုစိတ် သည် ဤ အချိန်တွင် လုံးဝ ပေါက်ထွက်လာခဲ့၏။

လော့ထျန် သည် ကျူးချန်ဖုန်း မှ သုံးမီတာသာ ဝေးတော့သည့် အခါ အလွန် ရက်စက်သော အသံသည် သူ ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်လာခဲ့သည်။ “မင်းသေဖို့ အချိန်တန်ပြီ”

၎င်းသည် သေမင်း ပေါ်လာပြီး သင် ၏ သေဆုံးခြင်းကို ကြေညာသကဲ့သို့ ဖြစ်၏။

ဤသည်မှာ အလွန် အင်မတန် အားကြီးလှ၏

ကျူးချန်ဖုန်း ၏ မျက်နှာ အမူအရာသည် အနည်းငယ်သာ ပြောင်းလဲသွားပြီး သူသည် သူ ၏ အမူအရာကို ထိန်းသိမ်းထားသည်။ ထို့နောက် သူက အေးစက်စွာ ပြုံးပြီး ပြောလိုက်သည်။ “မင်း အသုံးမကျတဲ့ အမှိုက်၊ မင်း ငါ့ကို တစ်ယောက်တည်း အားနဲ့ သတ်ချင်တယ်တဲ့လား…”

သူ စကား မဆုံးမီ…

လော့ထျန် ၏ လက်များ တုန်လှုပ်လာပြီး ပြင်းထန်သော အားတစ်ခုသည် ရုတ်တရက် ပေါက်ကွဲ ထွက်လာ၏။ တစ်ချိန်တည်းမှာပင် သူသည် သူ ၏ နှလုံးသားထဲ၌ အော်ဟစ်လိုက်သည်။ “အဆင့် ၂ကြမ်းတမ်းခြင်း”

သူ ၏ ခွန်အားသည် လေးဆ တိုးလာခဲ့ချေပြီ။

သွေးစုပ်ဓားရိုင်း သည် ဤ အရာကို အံ့အားသင့်သွားပြီး ရယ်မော လိုက်သည်။ “ဟေ့ ကောင်လေး၊ ဒါ ဘယ်လို သိုင်းပညာလဲ ငါ့ စွမ်းအားတွေတောင် သိသိသာသာ မြှင့်လိုက်သလို ဖြစ်သွားတယ်။ ဒါ အရမ်း ကောင်းတာပဲ၊ ဒီလို အားကောင်းတဲ့ ခွန်အားမျိုးကို ငါ မခံစားရတာ တော်တော်ကြာနေပြီ၊ ဟားဟားဟား…”

သွေးစုပ်ဓားရိုင်း က ဤသို့ ပြောနေစဉ်…

လော့ထျန် ၏ ညာဘက်လက် တစ်ခုလုံး၌ သွေးကြောစိမ်းများ ထွက်ပေါ်လာသည်။ ကင်းခြေများ ကွေးထားသကဲ့သို့ သူသည် ကောင်းကင်သို့ အော်ဟစ်ပြီး တစ်ထောင့်ရှစ်ရာပိဿာလေးသော ဓားကို သူ ၏ ခေါင်းပေါ်သို့ မြှောက်တင်လိုက်သည်။ ထို့နောက် သူသည် ကျူးချန်ဖုန်း ၏ ခေါင်းကို တည့်တည့် ဖြတ်ချလိုက်၏။

“ဘုန်း”

ဓားသည် ဖြတ်ချလိုက်သည်။

ဓား၌ သတ်ဖြတ်ရေး လောက ၏ ကြမ်းတမ်းသော အရှိန်အဝါ၊ သတ်ဖြတ်လိုစိတ် နှင့် လော့ထျန် ၏ နှလုံးသား အတွင်းရှိ ကြမ်းတမ်းခြင်း အားလုံး ပါဝင်နေခဲ့၏။

“ဆက်ပြီး မာန ထောင်လွှားနေလိုက်ပါ”

“ဆက်ပြီး တောဆန်စွာ လုပ်နေလိုက်ပါ”

“မာန ဆက်ထောင်လွှားပါ၊ တောဆန်စွာ ဆက်လုပ်ပါ၊ ဒီ အဖေ့ကို ဆက်ပြီး မထီမဲ့မြင် ပြနေလိုက်”

ဓားသည် ပြင်းထန်စွာ ဖြတ်ချလိုက်သည်။

ကျူးချန်ဖုန်း သည် သူ ၏ ဓားဖြင့် ကာကွယ်ခဲ့သော်လည်း သူ ၏ ဓားသည် ချက်ချင်းပင် နှစ်ပိုင်း ပြတ်သွားခဲ့၏။

နောက်ထပ် ဓား တစ်ချက် ဖြတ်ချ လာသောအခါ ကျူးချန်ဖုန်း သည် သူ ၏ လက်ဖဝါး နှစ်ဖက်ကို ပေါင်းပြီး ဓားကို ဆုပ်ကိုင်ထားခဲ့၏။ ဓားကို ထိလိုက်ရုံဖြင့် သူ ၏ စိတ်သည် အဆုံးမဲ့သော ချောက်ထဲသို့ ပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

သူ ၏ ခန္ဓာကိုယ် နစ်မြုပ်သွားပြီး မြေပြင်ပေါ် ဒူးထောက် လိုက်ရ၏။

နောက်ထပ် ခုတ်ချက်၊ နောက်ထပ် ခုတ်ချက်၊ နောက်ထပ် ခုတ်ချက်…

ကျူးချန်ဖုန်း သည် လက်တုံ့ပြန်ရန် ခွန်အား မရှိဘဲ ဦးနှောက်မပါသူ တစ်ဦးကဲ့သို့ တိုက်ရိုက် ရိုက်နှက် ခံခဲ့ရချေပြီ။

ထိုအချိန်တွင် လော့ထျန် သည် ပို၍ စိတ်လှုပ်ရှား လာခဲ့သည်…

ဒီ တိုက်ပွဲ ရလဒ် ဘယ်လို ဖြစ်လာမယ်လို့ ထင်လဲ

All Chapters