မင်းရဲလို့လာ လော့ထျန်
Vol. 8 Ch. 92
“ဘီလူးအသွင်ပြောင်းလဲတာလား”
“သူက တကယ်ပဲ နတ်ဆိုးမျိုးနွယ်စုဝင်လား”
ပရိသတ်ထဲမှ အုတ်အော်သောင်းနင်း အကြီးအကျယ် ဆူညံသွား၏။
မည်သူတစ်ဦးတစ်ယောက်မှ သူတို့၏ မျက်စိရှေ့မှ မြင်ကွင်းကို မယုံနိုင်ခဲ့ပေ။ လွန်ခဲ့သည့် နှစ်တစ်သောင်းခန့်က နတ်ဆိုးမျိုးနွယ်စု၏ ဘုရင် စတင်ခဲ့သော ကြီးမားသည့် စစ်ပွဲပြီးနောက် ရှုံးနိမ့်သွားသော နတ်ဆိုးမျိုးနွယ်စုအားလုံးသည် တောင်နက်ကြီးများအတွင်းသို့ နက်ရှိုင်းစွာ ပုန်းအောင်းခဲ့ကြ၏။
နှစ်တစ်သောင်းကြာပြီးနောက်တွင် သာမန်လူအများစုသည် နတ်ဆိုးမျိုးနွယ်စုအကြောင်းကို စာအုပ်များထဲတွင်သာ ဖတ်ဖူးပြီးကိုယ်တိုင် မြင်ဖူးသူ မရှိခဲ့ကြပေ။
ဖုန်းလေ၏ လက်မောင်းများသည် ငါးကြေးခွံများနှင့်တူပြီး ဒဏ္ဍာရီလာ နဂါးတစ်ကောင်၏ အကြေးခွံများနှင့်လည်း တူသော သွေးရောင် အကြေးခွံများ ဖုံးလွှမ်းနေ၏။ ဤအရောင်သည် အကြေးခွံတစ်ခုစီကြားမှ စိမ့်ထွက်လာပုံရသည့် သွေးအသစ်များကြောင့် ဖြစ်သည်ဟု ထင်ရ၏။ သူ၏ လက်ချောင်းများက လက်သည်းချွန်များ ဖြစ်သွားပြီး ထိုလက်သည်းချွန်များ၏ ထိပ်တွင် အာကာသ ကွဲအက်ကြောင်းများပင် ရှိနေ၏။
ဤသို့သော စွမ်းအားမျိုးမှာ…
အလွန်ပင် အားကြီးလွန်းလှပေ၏။
ဖုန်းလေ၏ ကိုယ်နေဟန်ထားသည် စင်အောက်မှ ဆူညံသံများကိုမကြားသည့် ဒေါသထွက်နေသည့် ခြင်္သေ့တစ်ကောင်နှင့် တူနေ၏။ သူ၏ သွေးရောင် မျက်လုံးနှစ်လုံးသည် ချန်ကျုံးကို စိုက်ကြည့်နေပြီး အေးစက်စွာ ပြောလိုက်သည်– “အခုတော့ ငါ့အလှည့်ပဲမဟုတ်လား”
လော့ထျန်၏ နှလုံးသားသည် ဝမ်းမြောက်မှုဖြင့် ပြည့်နှက်နေ၏။
ဤ ဝတုတ်လေသည် သာမန်လူမဟုတ်သည်ကို သူသိခဲ့၏။ ထိုသွေးရောင် အကြေးခွံများကို မြင်လိုက်ရသောအခါ လော့ထျန်က စိတ်ထဲမှ ပြောလိုက်သည်။ “ဘီလူးအသွင်ပြောင်းလဲတာလား။ အဲ့လောက်တော့ ရိုးရိုးလေး မဟုတ်ဘူးလို့ ထင်တယ်”
ထိုသွေးရောင် အကြေးခွံများသည် သူ့ကို အလွန်ထူးခြားသည့် ခံစားချက်ကို ပေးနေ၏။
၎င်းသည် သာမန် ဘီလူးအသွင်ပြောင်းလဲခြင်းကဲ့သို့ ရိုးရှင်းပုံမပေါ်ပေ။ လော့ထျန်က ဖုန်းလေ၏ ခွန်အားသည် ပုံမှန် ဘီလူးအသွင်ပြောင်းလဲခြင်းထက် ပို၍ အစွမ်းထက်သည်ဟု ခံစားရ၏။
အန်ချွင်းချွင်း၏ မျက်သူငယ်အိမ်များ ကျယ်လာပြီး မျက်လုံးများက အံ့အားသင့်မှုကို ပြသနေ၏။ ကြောက်ရွံ့ခြင်း အငွေ့အသက်ကို သူ၏ အသံထဲတွင် ကြားရပြီး “သွေးနတ်ဘုရားလား” တိုးတိုးလေး ပြောလိုက်၏။
သူ၏ အသံသည် အလွန်တိုးသောကြောင့် အပြင်လူများ မကြားနိုင်ခဲ့ချေ။
လီရွှယ်အာသည် အံ့ဩသွားသော်လည်း လူတိုင်းထဲတွင် ထိတ်လန့်မှုအနည်းငယ်သာ ရှိ၏။ သူ၏ မျက်နှာအမူအရာသည် တည်ငြိမ်နေပြီး ဖျော့တော့စွာ ပြုံးလိုက်သည်– “ဝတုတ်လေက တကယ်ကို တော်တော် အစွမ်းထက်တာပဲ”
စင်ပေါ်တွင်မူ...
ချန်ကျုံး၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မျက်လုံးများကို ကျဉ်းလိုက်၏။ ထို့နောက် သူက အေးစက်စွာ ပြောလိုက်သည်– “ဒီလို တောင်ပေါ်မြို့လေးမှာ နတ်ဆိုးမျိုးနွယ်ဝင်တစ်
ယောက် ပုန်းနေမယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး”
“အဲဒါလည်း ကောင်းပါတယ်။”
“ဒီနေ့ ငါက ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို အကောင်အထည်ဖော်မယ်”
ချက်ခြင်းပင်…
ချန်ကျုံးသည် စင်၏ အလယ်ဗဟိုသို့ ပြန်လျှောက်သွားပြီး ခါးမှ ဓားကို ဆွဲထုတ်လိုက်၏။ ဓားထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်နေရာတစ်ဝိုက်တွင် ဓားသံ မြည်ဟီးလာသည်ကို ကြားရ၏။
“အွမ်မ်မ်…”
ဓား၏ စွမ်းအင် သည် လေဆင်နှာမောင်းတစ်ခု ဖန်တီးကာ တဟုန်ထိုး တိုက်ခတ်လာ၏။
ချန်ကျုံးသည် ဓားစွမ်းအင်များ ဝန်းရံထားသော လေဆင်နှာမောင်း၏ အလယ်ဗဟိုတွင် ရပ်နေ၏။ ထက်ရှသည့် ဓားစွမ်းအင်များသည် သူ၏ အသက်ရှူခြင်းနှင့်အတူ စည်းချက်ညီစွာ လှုပ်ရှားနေပြီး သူ၏ ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသကဲ့သို့ပင် ဖြစ်၏။
ကျူးချန်ဖုန်းသည် လျှို့ဝှက်စွာ အံ့ဩသွားပြီး စိတ်ထဲမှ ပြောလိုက်သည်– “ချန်ကျုံးရဲ့ ကောင်းကင်ဘုံကြယ်ဓားကျင့်စဉ်က ဒီအဆင့်အထိ ရောက်နေမယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ ဖုန်းလေရဲ့ ဘီလူးအသွင်ပြောင်းလဲမှု မရှိခဲ့ရင် သူ ဒါကို ထုတ်ပြမှာ မဟုတ်ဘူးထင်တယ်”
ကျူးယောင်ကျုံးသည် စိုးရိမ်သော မျက်လုံးဖြင့် ကျူးချန်ဖုန်းကို ကြည့်လိုက်၏။
ကျူးချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်သည်– “စိတ်မပူပါနဲ့ ဦးလေး၊ ဝတုတ်လေက အပြည့်အဝ ဘီလူးအသွင်ပြောင်းနိုင်ခဲ့ရင်တောင် သူ ချန်ကျုံးကို မနိုင်သေးပါဘူး။ လော့မျိုးနွယ်စုရဲ့ မျိုးနွယ်စုအိမ်တော်က ခေါင်းဆောင်တွေနဲ့ လူငယ်တွေအားလုံးကို ကန်ထုတ်ဖို့ပဲ ပြင်ဆင်ထားလိုက်ပါ”
ကျူးယောင်ကျုံး၏ နှုတ်ခမ်းများသည် စိတ်ငြိမ်ဆေးပြားကို စားထားသကဲ့သို့ အပြုံးတစ်ခုအဖြစ်သို့ တစ်ဖန် ကွေးညွှတ်သွား၏။ ထို့နောက် သူက မလိုမုန်းထား ပြုံးလျက် စင်ပေါ်ကို ဆက်လက်ကြည့်နေခဲ့၏။
စင်၏ အလယ်ဗဟိုတွင်မူ...
ဖုန်းလေ၏ လက်မောင်းများသည် မြေပြင်ကို ထိလုနီးပါး ဖြစ်နေပြီး သူ၏ လက်သည်းများက အပြာရောင် ကျောက်ပြားကြမ်းပြင်ပေါ်တွင် မြင်သာသော အစင်းကြောင်းများကို ခြစ်မိထား၏။ သူသည် လေနှင့်ဝန်းရံထားသော ချန်ကျုံးကို စိုက်ကြည့်ပြီး “လာစမ်း” ဟိန်းဟောက်လိုက်၏။
သူ၏ အသံ မပျောက်သွားမီပင်…
ချန်ကျုံးက သူ၏ ဓားကို ထိုးလိုက်ပြီး ဓားစွမ်းအင်သည် ပို၍ပင် ပြင်းထန်လာ၏။ “သေလိုက်”
“ကောင်းကင်ဘုံကြယ်ဓားကျင့်စဉ်…”
“ကြယ်တာရာများက ဓားများစွာကို အလင်းပေးသည်”
“ဒုန်း”
ချန်ကျုံးကို ဝန်းရံထားသော ဓားစွမ်းအင်အားလုံးသည် ကောင်းကင်သို့ အလျင်အမြန် တက်သွားသည့် ကြီးမားသော ဓားတစ်ချောင်းအဖြစ် ပေါင်းစည်းသွား၏။ ကောင်းကင်သည် မှောင်မိုက်သွားပြီး ရုတ်တရက် ကြယ်များ၏ တောက်ပမှုကို မြင်လိုက်ရ၏။
ကြယ်ရောင်အောက်တွင် ဓားပေါင်းများစွာ ဆင်းသက်လာမည်
“ခုတ်”
“ရွှီး၊ ရွှီး၊ ရွှီး”
မရေမတွက်နိုင်သော မြှားများသည် ဖုန်းလေဆီသို့ တည့်တည့်ချိန်ရွယ်ကာ ကျဆင်းလာသကဲ့သို့ ဖြစ်၏။ ထို့နောက် သူ၏ လက်မောင်းများက လေထဲတွင် ဝှေ့ယမ်းကာ ပစ်ထုတ်လိုက်၏။
“ဘန်း”
သတ္တုစုတ်ဖြဲသံများကို ကြားလိုက်ရ၏။ ဖုန်းလေ၏ လက်မောင်းများ၏ အရှိန်သည် အလွန်မြန်သည် မဟုတ်ပေ။ ထို့ကြောင့် ဓားစွမ်းအင်များစွာသည် သူ့ခန္ဓာကိုယ်၏ ကျန်အပိုင်းများကို လှီးဖြတ်သွားနိုင်ခဲ့၏။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ဖုန်းလေ၏ ခန္ဓာကိုယ်သည် သွေးများ စိုရွှဲသွားပြီး သူ၏ ပုံရိပ်ကို ပိုမို ကြောက်မက်ဖွယ်ကောင်းအောင် ဖြစ်စေခဲ့၏။
အစပိုင်းတွင် ဖုန်းလေသည် ဓားစွမ်းအင်အချို့ကို ပိတ်ဆို့ရန် သူ၏ လက်မောင်းများကို အသုံးပြုခဲ့၏။ သို့သော် နောက်ဆုံးတွင် သူသည် ထပ်ပြီး ဂရုမစိုက်တော့ဘဲ ၎င်းတို့ကို တည့်တည့်ခံကာ ချန်ကျုံးဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားတော့၏။
မရေမတွက်နိုင်သော ဓားများ မိုးရွာသကဲ့သို့ ကျလာသောအခါ နာကျင်မှုသည် အပိုင်းပိုင်းဖြတ်ခံရခြင်းနှင့် ဆင်တူပေ၏။
ဤနာကျင်မှုသည် မည်မျှ ပြင်းထန်ပါသနည်း။ ဖုန်းလေသည် မျက်မှောင်ပင် မကြုတ်ခဲ့ဘဲ သူ၏ မျက်လုံးများက ချန်ကျုံး၏ ပုံရိပ်ကိုသာ မြင်နေရ၏။ သူသည် လက်ရှိ ခံစားနေရသော ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို လုံးဝ ဂရုမစိုက်သကဲ့သို့ပင် ဖြစ်၏။
မင်း မသေသေးဘူးလား။
မင်းက လူရော ဟုတ်သေးရဲ့လား။
မင်းက နတ်ဆိုးမျိုးနွယ်စုက ဖြစ်ရင်တောင် ဒီလောက်ထိတော့ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးထင်ပါ၏။
ပရိသတ်သည် လက်တွေ့အားဖြင့် ကြောက်လန့်တကြား ဖြစ်နေကြ၏။
ချန်ကျုံး၏ မျက်ခုံးများက တွန့်ချိုးသွားပြီး သူ၏ နှလုံးသားက အန္တရာယ်၏ အရိပ်အယောင်ကို စတင်ခံစားလာရ၏။ ဤသို့ ခံစားရခြင်းမှာ သူ၏ ပထမဆုံးအကြိမ် ဖြစ်သောကြောင့် သူ အလွန် ဒေါသထွက်သွားခဲ့၏။ ဖုန်းလေသည် သူ့ထံမှ သုံးမီတာအကွာတွင်သာ ရှိနေသည်ကို မြင်သောအခါ သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဓားဖြင့် တိုက်ရိုက် ထိုးလိုက်၏။
ထိုထိုးချက်သည် ဖုန်းလေ၏ အသက်တံခါးသွေးပုပ်ပေါက် (အစာအိမ်နေရာ) ရှိ အရေးကြီးသည့်နေရာသို့ တည့်တည့်သွား၏။
ဤဓားထိုးချက်သည် လော့ထျန်၏ လေအရိပ်ခြေလှမ်းများထက်ပင် ပို၍ အလွန်မြန်ဆန်လှ၏။
ထိုအရေးကြီးသည့်နေရာကို ဓားဖြင့်ထိုးမိပါက နတ်ဘုရားများပင်လျှင် သင်ကို ကယ်တင်နိုင်မည် မဟုတ်ချေ။
ဖုန်းလေသည် လက်မောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ရုတ်တရက် ရပ်တန့်သွား၏။ သူ၏ မျက်လုံးများသည် အလွန် စိတ်လှုပ်ရှားပုံရပြီး အစက်တစ်နေရာကို စိုက်ကြည့်နေ၏။ ထို့နောက် သူက ပြုံးလိုက်သည်– “မင်း နောက်ဆုံးတော့ လာပြီပဲ”
သူ၏ လက်မောင်းများသည် အလွန်လေးလံနေ၏။
ဖုန်းလေသည် ၎င်းတို့ကို မနိုင်လုနီးပါး ဖြစ်နေသည်အထိ လေးလံ၏။
ဤသည်မှာ သူ အရှိန်အဟုန်ပြင်းစွာ မလှုပ်ရှားနိုင်ခဲ့ခြင်း၏ အကြောင်းရင်း ဖြစ်၏။
သို့သော် သူ၏ လက်မောင်းများအတွင်း၌ ပါရှိသော စွမ်းအားမှာ အလွန် ပြင်းထန်ပြီး ထိန်းချုပ်မရလုနီးပါး ဖြစ်နေခဲ့၏။
သူသည် ထိုစွမ်းအားကို တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်စေရန် စီစဉ်ခဲ့သော်လည်း ပစ်မှတ်သည် အနီးနားတွင် ရှိရပေမည်။
အခွင့်အရေး ရောက်လာခဲ့လေပြီ။
ဖုန်းလေသည် ကာကွယ်ရန် ကြိုးပမ်းခြင်းမရှိဘဲ ခုန်ထွက်လာခဲ့၏။
ဓားသည် သူ၏ အရေးကြီးသည့်နေရာကို ဦးတည်ထားသော်လည်း ဖုန်းလေက ဖွင့်ထားသော လက်မောင်းများဖြင့် ကြိုဆိုလိုက်၏။
လာခဲ့ပါ။ မင်းကို ထိုးဖို့ ဒီအဖေ ခွင့်ပြုလိုက်မယ်
ချန်ကျုံးက အတွင်းစိတ်ထဲမှ အေးစက်စွာ ရယ်မောလိုက်သည်– “တောသားကတော့ တောသားပါပဲ။ အသက်တံခါးသွေးပုပ်ပေါက်ဆိုတာ လူတစ်ယောက်ရဲ့ အားအနည်းဆုံးနေရာမှန်း မင်းမသိဘူးလား။ မင်းက နတ်ဆိုးမျိုးနွယ်စုက ဖြစ်နေရင်တောင် မင်းအတွက်ကတော့ အတူတူပဲ”
“ သေလိုက်တော့ ဟေ့ကောင်”
ဖုန်းလေ၏ လက်မောင်းများ နောက်ဆုံးတွင် လှုပ်ရှားသွား၏။ သို့သော် သူက ချန်ကျုံး၏ ဓားကို ပိတ်ဆို့ခြင်း မပြုဘဲ တိုက်ရိုက် ခံယူလိုက်ခြင်းသာ ဖြစ်၏။
“အွမ်မ်မ်”
ဓားသည် ဖုန်းလေ၏ အသက်တံခါးသွေးပုပ်ပေါက်သို့ ထိုးသွင်းလိုက်ပြီး သွေးအနည်းငယ် ထွက်လာ၏။ သို့သော် ချန်ကျုံး၏ ဓားသည် တစ်စင်တီမီတာ၏ တစ်ဝက်အောက်သာ ဖောက်ထွင်းဝင်ရောက်နိုင်ပြီး ပိုမိုအတွင်းသို့ မဝင်နိုင်ခဲ့ပေ။ တစ်စုံတစ်ရာက ၎င်းကို ညှပ်ထားပြီး အတွင်းသို့ မဝင်ရောက်စေရန် တားဆီးထားသကဲ့သို့ပင် ဖြစ်၏။
ဤအချိန်တွင် ဖုန်းလေသည် ပြုံးလိုက်ပြီး သူ၏ သွေးစွန်းနေသောသွားများကို ဖော်ပြခဲ့၏။ ဤသည်မှာ သူ၏ မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်မျိုး ဖြစ်ပေ၏။
သူ၏ လက်မောင်းများ လှုပ်ရှားလာ၏။
ထက်ရှသော လက်သည်းချွန်များသည် လျှပ်စီးကြောင်းပမာ လျင်မြန်စွာ ဖြတ်သန်းသွား၏။
“ရွှီး၊ ရွှီး၊ ရွှီး…”
သူ၏ လက်မောင်းများအတွင်းရှိ ပေါက်ကွဲတတ်သော စွမ်းအားသည် လျှပ်တစ်ပြတ်အတွင်း ထွက်
ပေါ်လာ၏။ တိုက်ခိုက်မှု အပြီး ချန်ကျုံး၏ ရင်ဘတ်ပေါ်သို့ ဗုံးကြဲသကဲ့သို့ ရောက်ရှိလာပြီး လက်သီးတစ်ချက်စီတိုင်းသည် ကောင်းကင်ကို တုန်လှုပ်စေသော မိုးခြိမ်းသံနှင့်တူ၏။ ဤသို့သော စွမ်းအားမျိုးနှင့် ဤသို့သော မြင်ကွင်းမျိုးမှာ အလွန်တရာ အံ့ဩထိတ်လန့်စရာ ကောင်းလွန်းလှချေ၏။
ရိုက်ခတ်မှုတိုင်းသည် ပရိသတ်များ၏ စိတ်ထဲကိုပါ ထိုးနှက်နေသကဲ့သို့ ခံစားရ၏။
ပရိသတ်သည် အံ့အားသင့်ကာ ငြိမ်သက်သွား၏။
ကျူးချန်ဖုန်းသည် အံ့အားသင့်ကာ ငြိမ်သက်သွား၏။
ကျူးယောင်ကျုံးနှင့် ကျူးမျိုးနွယ်စုဝင်များသည်လည်း အံ့အားသင့်ကာ ငြိမ်သက်သွားခဲ့၏။
ချန်ကျုံးသည် မိုးတိမ်ဂိုဏ်း၏ အပြင်စည်း တပည့်များထဲတွင် အဆင့်ဆယ်နေရာတွင် ရှိသူ ဖြစ်သော်လည်း သူသည် အသက်ရှူရပ်လုနီးပါး ဖြစ်ကာ ပြန်လည်တိုက်ခိုက်နိုင်ခြင်း လုံးဝ မရှိတော့သည်အထိ အရိုက်ခံခဲ့ရ၏။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စ ဖြစ်၏။
အသက်တံခါးသွေးပုပ်ပေါက်ကို ဓားနဲ့ အထိုးခံရပေမဲ့ သူ မသေခဲ့ပေ။ ထို့အပြင် သူသည် ထိုသို့သော အစွမ်းထက်သည့် ခွန်အားဖြင့် ပေါက်ကွဲထွက်ခဲ့သေး၏။ ပစ္စုပ္ပန်တွင် ရှိနေသူ အားလုံးထဲတွင် ဖုန်းလေသာလျှင် ဤကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိပေလိမ့်မည်။
“ဘန်း”
“ဘန်း”
လက်တစ်ဖက်က ချန်ကျုံးကို တင်းတင်းဆုပ်ကိုင်ထားစဉ် ဖုန်းလေ၏ နောက်လက်တစ်ဖက်က သူ့ကို လက်သီးများဖြင့် အဆက်မပြတ် ဗုံးကြဲနေ၏။ ထိုစွမ်းအား ထွက်ပေါ်လာခြင်းနှင့်အတူ သူ၏ လက်မောင်းများပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော အကြေးခွံများမှာ တဖြည်းဖြည်း ပိုမို နည်းလာခဲ့၏။
နောက်ဆုံး လက်သီးချက်
“ဘန်း”
ထိုလက်သီးချက်သည် ချန်ကျုံး၏ ရင်ဘတ်ပိုင်းကို ဖောက်ထွင်းသွားခဲ့၏။ မြင်ကွင်းသည် အလွန်တရာ သွေးထွက်သံယို ဖြစ်နေပြီး သွေးအသစ်များနှင့် အတွင်းအင်္ဂါအမျိုးမျိုး စတင်လျှောထွက်လာ၏။ ထိုအချိန်တွင် ဖုန်းလေသည် ချန်ကျုံး၏ အဝတ်များကို ဆုပ်ကိုင်ပြီး စင်ပေါ်မှ ပစ်ချလိုက်၏။
ထိုသူသည် လော့ထျန်၏ ခြေထောက်အောက်သို့ ကျသွားခဲ့၏။
“ခေါင်းဆောင်အတွက်ပါ”
သေလုမြောပါးအခြေအနေတွင် ချန်ကျုံးသည် လော့ထျန်၏ အေးစက်သော အကြည့်ကို ကြည့်ပြီး ပြောလိုက်သည်– “မ၊ မ၊ မသတ်ပါနဲ့။ ကျုပ်၊ ကျုပ်၊ ကျုပ်ရဲ့ ဦးလေးက မိုးတိမ်ဂိုဏ်းက ခေါင်းဆောင်ပါ။ ခင်ဗျား ကျုပ်ကို သတ်ရင် ခင်ဗျားတို့ အားလုံးပါ သေရလိမ့်မယ်…”
လော့ထျန်သည် မတ်တပ်ရပ်ပြီး ချန်ကျုံး၏ ခေါင်းပေါ်သို့ နင်းလိုက်၏။ ထို့နောက် သူက ကျူးချန်ဖုန်းကို ကြည့်ပြီး အေးစက်စွာ ပြုံးလိုက်သည်လေ။
ကျူးချန်ဖုန်းသည် မကောင်းဆိုးဝါးကဲ့သို့ စူးစူးဝါးဝါး ကြည့်ပြီး လော့ထျန်ကို လက်ညှိုးထိုးကာ အော်
လိုက်သည်။ “လော့ထျန်၊ မင်း အတင့်ရဲလှချည်
လား”
လော့ထျန်၏ နှုတ်ခမ်းများ ကွေးညွှတ်လာပြီး ပြုံးလိုက်၏။
ထို့နောက်တွင်…
သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုစိတ် မြင့်တက်လာပြီး မိစ္ဆာသွေးသံချပ်ကာ က စိတ်လှုပ်ရှားစွာဖြင့် ငတ်မွတ်နေသော အော်သံကို ထုတ်လွှတ်လိုက်၏။