← Chapters

အခန်း (၅၃၆)

Vol. 36 Ch. 536

အခန်း (၅၃၆)

Vol. 36 Ch. 536

ဟွာရှားနိုင်ငံက အမြောက်ဖောက်သံနှင့်အတူ နောက်ထပ်အမျိုးသားနေ့ကို ကြိုဆိုလိုက်လေရာ နှစ်သစ်ကူးနှင့် အလားသဏ္ဌာန်တူလှသော ပျော်ရွှင်မြူးတူးနေသည့် အငွေ့အသက်များ ပြည့်နှက်သွားလေသည်။

"ဒီတော့ အဲဒီဗိုလ်ချုပ်တွေကို ဖိတ်လိုက်တာက သက်သက်ထောင်ချောက်ဆင်တာပေါ့လေ"

"ငါတို့နိုင်ငံရဲ့ပိုင်နက်နားမှာ လှည့်ပတ်နေရဲတဲ့အတွက် သူတို့ကို သတိပေးရုံသက်သက်ပါ"

ကျန်းမုန့်လောင်က သူ့ကိုယ်ပိုင်ဂျက်လေယာဉ်၏ထိုင်ခုံပေါ်သို့ မှီချလိုက်၏။

"တကယ်လို့ ငါသာ သူတို့ကိုမဆုံးမဘူးဆိုရင် ငါ့မျိုးရိုးကလည်း ကျန်းမဟုတ်တော့ဘူး"

"နင်ကတော့"

လုရီယောင်က ကျန်းမုန့်လောင်၏နဖူးကို လက်ညှိုးဖြင့် ထိုးလိုက်သည်။

"နိုင်ငံအချင်းချင်းကြားက ဆက်ဆံရေးကိုလည်း ထည့်စဉ်းစားဦးမှပေါ့။ တအားအကျည်းတန်အောင်တော့ မလုပ်ပါနဲ့"

"တကယ်တော့ သိပ်စဉ်းစားနေစရာမလိုပါဘူး"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ တကယ်သာ စစ်ဖြစ်ကြရင် ပြည်သူတွေပဲ ထိခိုက်နစ်နာမှာ"

လုရီယောင်က ပြောလိုက်လေသည်။

"မဟုတ်ဘူး။ မဟုတ်ဘူး"

ကျန်းမုန့်လောင်ကတော့ ခေါင်းတခါခါ။

"ဘယ်လိုအခြေအနေမျိုးမှာ စစ်ဖြစ်တတ်လဲဆိုတာသိလား။ အနိုင်ရနိုင်ခြေရှိမှ စစ်ဖြစ်ကြတာ။ သူတို့မှာ နိုင်နိုင်ခြေမရှိဘူးဆိုတာကိုသိရက်နဲ့ တိုက်ခိုက်ဦးမယ်ဆိုရင်တော့ ငတုံးတွေမို့လို့ပဲ"

"ဒီနေ့ ငါတို့ဟွာရှားလူမျိုးတွေနဲ့ သူတို့ကြားက ကွာခြားချက်က သေးသေးလေးမဟုတ်တော့ဘူးဆိုတာကို သူတို့သိအောင်ပြမယ်။ တကယ်လို့ တိုက်ပွဲတစ်ခုဖြစ်လာခဲ့ရင်လည်း သူတို့ကသာ ငါတို့ကြောင့် ပျက်စီးရမှာ။ အကြွင်းမဲ့အင်အားကွာဟမှုရှိနေရင် နည်းဗျူဟာဆိုတာက သုံးစားမရဘူး"

...

"ဟေး.. ဒါက မင်းချစ်သူလား"

မစ္စတာရှင်းနှင့် အခြားလူများက သူ့အား လေဆိပ်တွင် စောင့်နေကြသည်။ ထိုဗိုလ်ချုပ်များမှာလည်း အနားတွင် မတ်တတ်ရပ်နေကြသည်။

"ဟုတ်ပါတယ်"

ကျန်းမုန့်လောင် ပြုံးလိုက်သည်။

"သူ့နာမည်က လုရီယောင်တဲ့"

"နှမြောစရာပဲ"

ဗိုလ်ချုပ်ချင်းက သက်ပြင်းချလိုက်လေသည်။

"ငါ့မှာ မြေးမလေးတစ်ယောက်ရှိတယ်လို့ တွေးနေတာ"

"ဟားဟားဟားဟား"

အနားရှိ ဗိုလ်ချုပ်အားလုံးလည်း ရယ်လိုက်မိကြသည်။

"မုန့်လောင်သာ စင်ဂယ်ဆိုရင် ကျုပ်တို့တော့ ခင်ဗျားနဲ့ အကြိတ်အနယ်ပြိုင်ရတော့မှာပဲ။ ဘယ်သူ့မှာများ မြေးမလေးတစ်ယောက်လောက် မရှိလို့လဲ"

"ဟမ့်!"

ဗိုလ်ချုပ်ချင်းက ရုတ်ခြည်းဆိုသလို ပျော်ရွှင်မြူးတူးစွာ ပြုံးလိုက်လေသည်။

"မုန့်လောင်.. မင်း ရည်းစားနောက်တစ်ယောက်လောက် ထပ်လိုချင်လား"

ကျန်းမုန့်လောင် : "ကျွန်တော် တစ်နှစ်စာလောက် လန့်သွားတယ်.."

...

"သူတို့ရောက်လာပြီ"

မစ္စတာရှင်းက မိုးပေါ်ရှိ အထူးနိုင်ငံတကာလေယာဉ်တစ်စင်းကို လက်ညှိုးထိုးပြလိုက်သည်။

"သွားကြစို့။ ငါတို့ဧည့်သည်တွေကို သွားကြိုရအောင်"

မီဒီယာများ ဝန်းရံထားသည့်ကြားက ဗိုလ်ချုပ်အာသာ၊ ဗိုလ်ချုပ်ပေ့ချီနှင့် ဗိုလ်ချုပ်ကင်တို့က လေယာဉ်ပေါ်မှ ဆင်းလာလေသည်။ သူတို့နှင့်အတူ လက်နက်ပညာရှင်တချို့နှင့် လုံခြုံရေးအသင်းတစ်သင်းကိုလည်း ခေါ်လာခဲ့သည်။

သူတို့က ပတ်ပတ်လည်ရှိ မီဒီယာများကို သဘာဝဆန်သောအပြုံးများ ဆင်မြန်းရင်း လက်ပြနှုတ်ဆက်နေကြသည်။

"မစ္စတာကျိုး.. သူတို့ ဘယ်လောက်တောင်ပြုံးနေလိုက်သလဲဆိုတာ ကြည့်စမ်းပါဦး"

"အခု သူတို့ ပြုံးလေလေ ခဏနေရင် ဆိုးဆိုးဝါးဝါးငိုရလေလေပဲ"

"ဟဲဟဲဟဲ…"

...

"ဟမ်? ထူးဆန်းလိုက်တာ။ ဒီနှစ် အမျိုးသားနေ့မှာ နိုင်ငံခြားသားတွေက ဘာလို့ပါနေရတာလဲ"

ဤဗိုလ်ချုပ်များ ပေါ်လာသောအခါ တီဗီတွင် စစ်ရေးပြအခမ်းအနားကြည့်ရန် ပြင်ဆင်နေကြသူများက စူးစမ်းလိုသောအမူအရာများ ပြသလာကြသည်။

"မနေ့တုန်းက သတင်းထဲမှာ ဒီနှစ်အတွက် ကိုင်ဘွန်နိုင်ငံ၊ အမေရိကန်နိုင်ငံနဲ့ ချင်းချိုးနိုင်ငံက ဗိုလ်ချုပ်တွေကို ငါတို့ရဲ့စစ်ရေးပြပွဲကိုကြည့်ဖို့ ဖိတ်ထားတယ်လို့ ကြေညာထားတယ်မလား"

"ကြည့်စမ်း။ အဲဒါက ဥက္ကဋ္ဌကျန်းမဟုတ်လား"

"သူက ဘာလို့ ဒီကိုရောက်နေတာလဲ။ သူ့ဘေးမှာရပ်နေတာ မစ္စတာကျိုးမလား။ ပြီးတော့ မစ္စတာရှင်းရောပဲ။ သူ့နောက်ခံ သိပ်ကြောက်ဖို့ကောင်းတာပဲနော်"

"ကြည့်လိုက်ကြဦး။ ဥက္ကဋ္ဌကျန်းက ကြက်သီးထချင်စရာကောင်းအောင် ပြုံးနေတယ်ဟ"

"လျှို့ဝှက်ကြံစည်မှုတစ်ခုခုတော့ ရှိရမယ်"

...

"ကြိုဆိုပါတယ် အားလုံးပဲ.. ကျုပ်တို့ဟွာရှားနိုင်ငံကိုလာရောက်ပြီး စစ်ရေးပြအခမ်းအနားကြည့်ပေးတာကို ကြိုဆိုပါတယ်"

မစ္စတာရှင်းနှင့် ဗိုလ်ချုပ်များက တစ်ယောက်ပြီးတစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ဟားဟားဟား… ဒီနေ့ အရမ်းခမ်းနားတဲ့မြင်ကွင်းတစ်ခုကို မြင်ရဖို့ မျှော်လင့်ထားတာနော်။ ကျုပ်တို့ကို စိတ်ပျက်အောင်မလုပ်ဖို့တော့ မျှော်လင့်ပါတယ်"

"ဒါပေါ့ဗျာ။ ဒါပေါ့"

မစ္စတာရှင်းနှင့် အခြားလူများက ကြည့်ရှုရာစင်မြင့်ထက်သို့ ဧည့်သည်များကို ခေါ်ဆောင်သွားသည်။

"စစ်ရေးပြပွဲ စတင်ပါပြီ"

အပြစ်ဆိုစရာမရှိသော ဟွာရှားတပ်ဖွဲ့များက စည်းချက်ညီသောခြေလှမ်းများဖြင့် ချီတက်လာကြသည်။

လူတိုင်း၏လှုပ်ရှားမှုက အပြစ်အနာကင်းကင်း ညီညွတ်နေကြ၏။ နှစ်စဉ်နှစ်တိုင်း စစ်ရေးပြအခမ်းအနားအတွက် စစ်သားများမှာ လေ့ကျင့်မှုများကို အကြိမ်ကြိမ်အခါခါလုပ်ဆောင်ခဲ့ရသည်။ နိုင်ငံတချို့၏ စည်းကမ်းမရှိသော တပ်ဖွဲ့များနှင့်တော့ လုံးဝမတူချေ။

ဟွာရှားနိုင်ငံ၏ ကလေးအမြောက်အများကလည်း ဤမြင်ကွင်းကို ကြည့်ရှုနေကြလေရာ ဂုဏ်ယူဝမ်းမြောက်မှုကြောင့် မျက်ရည်များကိုပင် ထိန်းမထားနိုင်ကြပေ။

"အုန်း!"

ပြီးပြည့်စုံစွာ ချိန်ညှိထားသော ကျန်း-၃၀တိုက်လေယာဉ်တစ်တန်းက ကောင်းကင်ထက်သို့ ဖြတ်သန်းပျံတက်သွားပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော သက်တံ့တစ်ခုကို ဖန်တီးလိုက်သည်။

"ဒီတော့ ဒါက မင်းတို့နိုင်ငံရဲ့နောက်ဆုံးပေါ်တိုက်လေယာဉ်လား"

အာသာက ကျန်း၂၀တိုက်လေယာဉ်ကိုကြည့်ရင်း မေးလိုက်၏။ ဆိုးတော့မဆိုးလှပေ။ သို့သော် အလွန်ဆုံးရှိလှ NK2နှင့် ယှဉ်နိုင်ရုံလောက်သာဖြစ်ပြီး ကျန်း-၂၀ကိုအခြေခံပြီး ပြုပြင်မွမ်းမံထားခြင်းမျိုး ဖြစ်နိုင်၏။ သိသာထင်ရှားလှသော အောင်မြင်မှုတစ်ခုတော့ မဟုတ်ပေ။

"ဗိုလ်ချုပ်အာသာ.. အကဲဖြတ်စောဖို့မလိုပါဘူး။ ဒါတွေက ရှေ့ပြေးမော်ဒယ်တွေပဲရှိပါသေးတယ်"

ကျန်းမုန့်လောင်က စကားပြောစက်တစ်ခုကိုထုတ်၍ အပြုံးလေးဖြင့် ပြောလိုက်၏။

"လုံယင်-၁အမျိုးအစား တိုက်လေယာဉ်တွေ စစ်ဆေးဖို့အသင့်ပြင်ကြ"

သူ့စကားအဆုံးမှာပင် ငွေမင်ရောင်တိုက်လေယာဉ်သုံးစင်းက သူတို့မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

"ဒါ..ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

အာသာနှင့် အခြားလူများမှာ လျှပ်တစ်ပြက်အတွင်း အဆမတန်မျက်လုံးပြူးသွားရသည်။ ဤလေယာဉ်များက ပျံသန်းနေရုံသာမက လေထဲမှ ရုတ်တရက်ကြီးပေါ်လာခြင်းဖြစ်ကြောင်း ကျိန်းသေသည်။

အမြင်အာရုံသက်ရောက်မှုက ထိုအပေါ်တွင်အုပ်ထားသော ကိုယ်ပျောက်ဝတ်ရုံကို ရုတ်တရက်ဆွဲမလိုက်သည့်အလား စကားလုံးနှင့်ပင် ဖော်ပြ၍မရနိုင်လောက်အောင် ထိတ်လန့်စေသည်။

"အမလေး! ငါ ဘာမြင်လိုက်ရတာလဲ"

"ဒါက… ရုတ်တရက်ကြီးပေါ်လာတာမလား"

"မဖြစ်နိုင်တာ။ ဒါကမှ ပျောက်ကြားတိုက်လေယာဉ်လို့ခေါ်တာကွ။ လုံးဝကိုမမြင်ရတာ"

"နေဦး။ ဒီလေယာဉ်တွေက လေထဲမှာ ဘယ်လိုဝဲနေတာလဲ။ တွန်းကန်အားစနစ်က ဘယ်မှာလဲ။ အိတ်ဇောပိုက်တွေက ဘယ်မှာလဲ"

...

"ဒါက..ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

စစ်ရေးကိရိယာများအကြောင်း တစ်သက်လုံးလေ့လာခဲ့သော လက်နက်ပညာရှင်သုံးယောက်မှာ ယခုလိုအဓိပ္ပာယ်မရှိလှသော မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။

ပျောက်ကြားလေယာဉ်ဟု ခေါ်တွင်နေကြခြင်းမှာ တကယ်ကိုယ်ပျောက်နေတာမျိုး မဟုတ်ပေ။ အီလက်ထရောနစ်ကိရိယာများ၏ စစ်ဆေးမှုကို ရှောင်ရှားရန်အတွက် အထူးသုတ်ဆေးများကို သုံးထားခြင်းပင်။ သို့သော် ဤတိုက်လေယာဉ်သုံးစင်းကတော့ အမှန်တကယ်ကိုယ်ပျောက်နေခဲ့သည်။

"ဪ..ဒါက အလင်းပိုင်းဆိုင်ရာကိုယ်ယောင်ဖျောက်မှုအဆင့်ပဲရှိသေးတယ်"

ကျန်းမုန့်လောင် တဟားဟားရယ်လိုက်မိသည်။

"လှည့်ကွက်လေးနည်းနည်းလုပ်ထားတာပါ။ အံ့ဩနေစရာမလိုပါဘူး"

"အလင်းဆိုင်ရာကိုယ်ယောင်ဖျောက်မှုလား

ဤနည်းပညာမှာ စစ်ဘက်ဆိုင်ရာသုတေသနတစ်ခုသက်သက်မဟုတ်ချေ။ နယ်ပယ်အသီးသီးမှ ပညာရှင်အမြောက်အများက ဤအရာကို စူးစမ်းလေ့လာနေကြသော်ငြား ယနေ့အချိန်အထိ သိသာထင်ရှားသော ရလဒ်များကိုတော့ မထုတ်နိုင်သေးပေ။

"ဒီလေယာဉ်က ဘယ်လိုပျံနေတာလဲ။ ဘာတွန်းကန်အားကိရိယာမှလည်း မရှိဘူး။ မီးတောက်လည်းမရှိဘူး။ အသံတောင်မထွက်ဘူး"

"စွမ်းအင်အရင်းအမြစ်က နျူကလီးယားပေါင်းစည်းဓာတ်ပေါင်းဖိုလေ။ ဒီတော့ အချိန်အကြာကြီးလည်ပတ်နိုင်ဖို့အတွက် တခြားစွမ်းအင်အရင်းအမြစ်တွေကို မလိုဘူးပေါ့"

ကျန်းမုန့်လောင်လည်း ရှင်းပြလိုက်သည်။

"ပြီးတော့ တွန်းကန်အားအတွက်တော့ ကျွန်တော်တို့က ဆွဲငင်အားဆန့်ကျင်ရေးစနစ်ကို သုံးထားတာ။ ဪ ပြီးတော့ ဒါက ဉာဏ်ရည်တုနဲ့ အပြည့်အဝထိန်းချုပ်ထားတာမို့ လူသားလေယာဉ်မှူးလည်း မလိုဘူး။ ဒါက ဟွာရှားနိုင်ငံရဲ့နောက်ဆုံးပေါ်ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်ပါပဲ။ ဘယ်လိုထင်လဲ"

"ထိန်းချုပ်နိုင်တဲ့ပေါင်းစည်းနျူကလီးယား.. ဆွဲငင်အားဆန့်ကျင်ရေးစနစ်…ဉာဏ်ရည်တုနဲ့မောင်းနှင်တာ.."

သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်များနှင့် ဝတ္ထုတွေထဲမှာသာရှိသော ဤစကားလုံးများက ထိုလက်နက်ပညာရှင်များ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာလေရာ သူတို့ခမျာ ကြက်သေသေကုန်ကြသည်။

"ဖြန်း!"

လီကျန်းရီဟုခေါ်သော လက်နက်ပညာရှင်က သူ့ပါးသူရိုက်ချလိုက်သည်။

"ငါအိပ်မက်မက်နေတာမဟုတ်ဘူးဆိုတာ ယုံတောင်မယုံနိုင်ဘူး…"

တိုက်လေယာဉ်သုံးစင်းက ဆူညံသံလုံးဝမထွက်ဘဲ အလင်းဆိုင်ရာကိုယ်ယောင်ဖျောက်စနစ်ဖြင့် ကောင်းကင်ထက်၌ သရဲတစ္ဆေများအလား ဝဲပျံနေချေသည်။ ထိုလေယာဉ်များကို ရေဒါဖြင့်လည်း ခြေရာခံ၍မရနိုင်ပေ။

"ဒီလိုတိုက်လေယာဉ်သုံးစင်းသာ ငါတို့နိုင်ငံထဲကို ဝင်လာပြီး သမ္မတအိမ်တော်ကို ဗုံးကြဲပြီး ထွက်သွားရင်တောင် ဘယ်သူလုပ်သွားမှန်း ငါတို့သိမှာမဟုတ်ဘူး"

ဗိုလ်ချုပ်အာသာ၏ရင်ထဲဝယ် အေးစိမ့်သွားရလေသည်။ ထိုအတွေးကတင် ကြောက်ဖို့ကောင်းနေလေပြီ။

မျက်စိနှင့်လည်း မမြင်ရသလို ရေဒါနှင့်လည်း ခြေရာမခံနိုင်သည့် ဤတိုက်လေယာဉ်သုံးစင်းနှင့် ရင်ဆိုင်ရချိန်မျိုးမှာ သူတို့၏တည်နေရာကိုတောင် မသိရပါဘဲ သင့်ကို ဗုံးကြဲသွားနိုင်သည့် ရန်သူတစ်ယောက်ကို မည်သို့ရင်ဆိုင်နိုင်မည်နည်း။

"မစ္စတာကျန်းက ဒါတွေအားလုံးကို ဖန်တီးထုတ်လုပ်ခဲ့တာလား"

လူအုပ်ကြီးက ကျန်းမုန့်လောင်ကို ကြည့်လိုက်မိကြသည်။

"နည်းနည်းပါးပါးကလိထားတာပါ"

ကျန်းမုန့်လောင်ကလည်း ပြန်ဖြေသည်။

"တော်တော်တော့ အချိန်ယူလိုက်ရတယ်။ သုံးလတိတိပဲ"

"သုံးလလား"

ထိုဗိုလ်ချုပ်သုံးယောက်၏အမူအရာမှာ အပုပ်အသိုးတစ်ခုခုကို စားလိုက်ရသည့်အလားပင်။

သူက ဒီအရာကို သုံးလတည်းနှင့် သုတေသနလုပ်နိုင်ခဲ့တာတောင် မကျေမနပ်ဖြစ်ပြနေသေးတယ်ပေါ့? သုံးလမပြောနဲ့.. အချိန်သုံးနှစ်ပေးရင်တောင် သူတို့ ဒီလိုရလဒ်မျိုးထွက်လာအောင် လုပ်နိုင်မှာမဟုတ်ဘူး…

နည်းနည်းပါးပါးကလိကြည့်တာတဲ့လား။ ဤသည်မှာ ကလိကြည့်ရုံဖြင့် ထုတ်လုပ်နိုင်သော နည်းပညာမျိုးလား။

နျူကလီးယားဖြိုခွဲမှုကိုတောင် သူတို့ ကောင်းကောင်းမလုပ်နိုင်သေးပေ။ ထိန်းချုပ်နိုင်သည့် ပေါင်းစပ်နျူကလီးယားဆိုသည်မှာ အကောင်အထည်ဖော်ဖို့ခက်လှသောအရာပင်။ ကျန်းမုန့်လောင်က ဂြိုလ်သားတစ်ယောက်များ ဖြစ်နေမလားဟုပင် သူတို့ သံသယဝင်နေမိပြီဖြစ်၏။

"သိပ်မိုက်တာပဲ"

စာဖြင့်ရှင်းပြထားခြင်းမျိုး မရှိသော်လည်း ဗီဒီယိုမှတစ်ဆင့် အင်အားကြီးမားလှသော သက်ရောက်မှုကို ကြည့်ရှုသူများ ခံစားမိကြသည်။ ဤသည်မှာ သူတို့၏ဟွာရှားနိုင်ငံပင်။

"အဲဒီနိုင်ငံခြားသားဗိုလ်ချုပ်တွေကို ကြည့်လိုက်ကြဦး။ သူတို့အပြုံးတွေက ဘယ်လောက်တောင်ကိုးရိုးကားရားနိုင်လိုက်သလဲ"

"အဲဒါကို ပြုံးတယ်လို့တောင် သတ်မှတ်လို့ရလို့လား။ သူတို့က ငိုနေတာပါ"

"သူတို့အတွက်တော့ တော်တော်ဝမ်းနည်းစရာပဲ။ မိနစ်ပိုင်းလောက်ပဲရှိတဲ့ ဒီထိတ်လန့်မှုကို ကျော်လွှားဖို့အတွက် သူတို့ တစ်သက်လုံးအချိန်ယူရနိုင်တယ်"

*****************

All Chapters